← Chapters

ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံး

Vol. 73 Ch. 1014

ပင်လယ်ပိုင်းဖြတ်ခြင်းအံ့ဖွယ်ဆေးလုံး

Vol. 73 Ch. 1014

မန်ဟို၏ နတ်မီးတောက်အင်မော်တယ်အကြောစွမ်းအားတို့ဖြင့် ပေါက်ကွဲသွားသည့် အခိုက်အတန့်မှာပင် ဖန်ယန်ရှီသည် ဆေးနတ်ဂိုဏ်းတွင် ထိုင်နေပြီး သူ၏ မျက်နှာက ရိပ်ခနဲ ဖြစ်သွားသည်။ သူက ထရပ်ပြီး ပျောက်ကွယ်သွားကာ ဘိုးဘေးစံအိမ်ထဲရှိ ဖန်ရှုတောက်၏ဘေးတွင် ပေါ်လာသည်။

"အဲ့ဒီကောင်ကလေးက တာအိုနယ်ပယ်ရဲ့ သဘောတရားကို တကယ် နားလည်ထားတယ်။ သူ အဲ့ဒါကို သိတာ အရမ်းစောလွန်းသွားပြီ။ လုံလောက်တဲ့ ဗဟုသုတမရှိရင် အဲ့ဒါ ကောင်းတဲ့ အရာမဟုတ်ဘူး"

ဖန်ရှုတောက်မှာ ဤအခြင်းအရာကိုကြားလျှင် တအံ့တဩစိုက်ကြည့်လိုက်လေသည်။

"မင်း ဆိုလိုတာက…"

ဖန်ယန်ရှီသည် ဖန်ရှုတောက်ကို လှမ်းကြည့်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ "ငါ ဆိုလိုတာက သူ ပင်လယ်ပိုင်းဖြတ်ခြင်း အံ့ဖွယ်ဆေးလုံးကို ဖော်စပ်နိုင်တယ်လို့ ပြောတာ"

ဖန်ရှုတောက်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဘာလို့ သူ့ကို ဒီလောက် ခက်ခဲအောင် လုပ်နေရတာတုန်း" ဖန်ယန်ရှီက ခေါင်းတခါခါနှင့် ဆက်ပြော၏။ " အချစ်နဲ့ပတ်သက်တဲ့ အမှတ်တရတွေကပဲ ငါတို့ရဲ့ ကျင့်ကြံရေးခရီးကို လှပအောင် လုပ်ပေးနေတာလေ

"လီမျိုးနွယ်စုက သခင်လီရဲ့ မျိုးနွယ်စုရဲ့ အရန်မျိုးဆက်တစ်ခု" ဖန်ရှုတောက်က ပြန်တုံ့ပြန်သည်။ "ပြီးတော့ ကျီမျိုးနွယ်စု သူတို့ကို ၀မ်မျိုးနွယ်စုလိုမျိုး ဒီတိုင်းထားထားရတဲ့ အကြောင်းအရင်းက လီမျိုးနွယ်စုက န၀မတောင်ပင်လယ်မှာ အခြေစိုက်တာ မဟုတ်လို့ပဲ

"မျိုးနွယ်စုတစ်စုလုံးရဲ့ အကျိုးအမြတ်က လီမျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့တာနဲ့ ပက်သက်ရင် ဒုတိယပဲ။ အရေးကြီးက ဟိုအာကိုယ်တိုင်ဖြစ်တယ်။ ပြီးတော့ သူ တာအိုနယ်ပယ်ကို ရောက်တာတဲဘ အဲ့ဒီလိုလက်ထပ်ခဲ့တာက မယုံနိုင်စရာကောင်းတဲ့ အကျိုးအမြတ်တွေ ရစေလိမ့်မယ်

"သူက ငါ့သွေးဆက်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လေ။ ငါ ဘယ်လိုလုပ်ပြီး သူ့ကို စိတ်မပါတပါနဲ့ အရူးလုပ်ခိုင်းနေရမှာတုန်း"ဖန်ရှုတောက်က သက်ပြင်းချပြီးနောက် ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ ကျောက်စိမ်းပြားတစ်ပြားက သူ့လက်ထဲတွင် ပေါ်လာသည်။

"ဟိုအာ ဒေါသထွက်ရင် အဲ့ဒီဒေါသကိုပဲ ခံလိုက်မယ်" သူက မျက်လုံးထဲ၌ ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေလျက် နတ်ဘုရားစိတ်ဆန္ဒတစ်ချို့ကို ကျောက်စိမ်းထဲသို့ ပို့လွှတ်လိုက်သည်။

ဆေးဝါးတာအိုဌာနတွင် လူတိုင်း စောင့်ကြည့်နေစဉ် မန်ဟိုက ဆံပင်များ တလွင့်လွင့် ပျံ့လွင့်လျက် အ၀တ်စများ တဖတ်ဖတ် လှုပ်ခါနေလျက် ဆေးလုံးအိမ်တော်၏ ဒုတိယဘုံအရှေ့တွင် ရပ်နေသည်။ သူက အင်္ကျီလက်စကိုခါရင်း ဆေးပင်များအား လျင်မြန်စွာ ကိုင်းဆက်ပွားနေလေသည်။

သူသည် မတူညီသော မတူညီသော မျိုးကွဲ ၁၀၀၀အား ကိုင်းဆက်ဖို့အတွက် ဆေးပင် ၉၉ပင်အား အသုံးပြရမည်ဖြစ်သည်။ ၎င်းက ပင်လယ်ပိုင်းဖြတ်ခြင်း အံ့ဖွယ်ဆေးလုံးအား ဖော်စပ်ရန်အတွက် ပထမအဆင့်ပင်။

အာရုံစူးစိုက်နေသော အမူအရာအား သူ၏မျက်နှာပေါ်တွင် မြင်ရနိုင်ပြီး သူ၏မျက်လုံးများက နိမိတ်အလင်းတို့ဖြင့် တောက်ပနေ၏။ ပိုပို၍များပြားသော ဆေးပင်တို့က သူ၏ပတ်ပတ်လည်တွင် ပေါ်လာသည်။

၃၀၀၀။ ၇၀၀၀။ ၁၀၀၀၀။

ယင်းက အဆုံးသတ်မဟုတ်ပသေးပေ။ မန်ဟိုက လက်ကို မြှောက်ပြီး လက်ချောင်းတစ်ချောင်းအား ခါလိုက်ရာ ဆေးပင်အားလုံးကို ကွဲထွက်သွားစေပြီး ကိုင်းဆက်သစ်များအား စတင် ဖန်တီးတော့သည်။ ဆေးဖော်စပ်နည်း၏ လိုအပ်ချက်အတိုင်း သူသည် တစ်ပင်နှင့်တစ်ပင် သဟဇာတဖြစ်စေသော ဆေးပင်များကို ဆက်လက်ဖန်တီးနေ၏။

ဤကဲ့သို့ အရာမျိုး လုပ်ခြင်းက မယုံကြည်နိုင်ဖွယ်ရာကောင်းသော အပင်နှင့်အသီးအရွက်အသိ၊ ကြောက်မက်ဖွယ်ရာကောင်းသည်ဟုသာ ဖော်ပြနိုင်သောအသိမျိုးကို လိုအပ်လေသည်။ ၎င်းက ဆေးဝါးတာအိုဌာတစ်ခုလုံးတွင် ဆေးလုံးအကြီးအကဲသာ လုပ်နိုင်သောအရာဖြစ်သည်။

ဆေးဝါးတာအိုဌာနရှိ ဘယ်သူမှ အနားပင် မကပ်နိုင်ပေ။ အကြောင်းအရင်းက ထိုကဲ့သို့ အသိမျိုးကို ပိုင်ဆိုင်ဖို့အတွက် အနည်းဆုံး ဆေးပင် ၅၀၀၀၀၀ အား ခွဲခြမ်းစိတ်ဖြာရင်း ဆေးအိမ်တော်၏ အဋ္ဌမအဆင့်ကို အောင်ဖို့ လိုအပ်သည့်အတွက်ပင်။

ဆေးနတ်ဂိုဏ်းတွင်ပင် ဖန်ယန်ရှီသာလျှင် ထိုကဲ့သို့ အရာမျိုးကို လုပ်နိုင်စွမ်းရှိ၏။

အချိန်များကုန်လွန်သွားသည်။ မန်ဟို၏ လက်က အဆက်မပြတ်လှုပ်ရှားနေသည်နှင့်အမျှ သူ၏ ပတ်ပတ်လည်တွင် ကိုင်းဆက်ပွားထားသော ဆေးပင်များ ပေါ်လာသည်။

၂၀၀၀၀။ ၃၀၀၀၀။ ၄၀၀၀၀။

၎င်းက အံ့ဖွယ်ထူးကဲသော မြင်ကွင်းဖြစ်ပြီး ပတ်ပတ်လည်ရှိ ဖန်မျိုးနွယ်၀င်တိုင်းမှာ အံ့ဩတုန်လှုပ်နေကြလေသည်။ သူတို့သည် လူတစ်ယောက် ထိုကဲ့သို့ ပုံစံမျိုးဖြင့် ဆေးလုံးဖော်စပ်နေသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူတို့အတွက် ဤသည်မှာ ဆေးဖော်စပ်နေသော ကိစ္စလေးသာမဟုတ်။ ဤသည်က တာအိုဖြစ်သည်။

ဆေးဝါးတာအို။

ဆေးဝါးပညာရှင်အားလုံးတုန်လှုပ်နေပြီး ဆေးလုံးအကြီးအကဲက သူ၏ တောင်ထိပ်မှနေ၍ မမှိတ်မသုန် စောင့်ကြည့်နေသည်။

၅၀၀၀၀။ ၆၀၀၀၀။ ၇၀၀၀၀….

မန်ဟို၏လက်က လျင်မြန်သထက်မြန်မြန် လှုပ်ရှားလာပြီး နိမိတ်အလင်းက သူ၏မျက်လုံးထဲတွင် တဖျက်ဖျက် တောက်ပနေသည်။ သူ၏ အာရုံအလုံးစုံက ခွဲခြမ်းခြင်းနှင့် ကိုင်းဆက်ခြင်းပေါ်တွင်သာ အာရုံစူးစိုက်နေ၏။ အကန့်အသတ်မရှိသော အလင်းရောင်က ဖြာထွကိလာပြီး ပိုပို၍သာ တောက်ပလာလေသည်။

ဆေးပင်နှင့်အသီးအရွက်တို့၏ စူးရှသော သင်းရနံ့ ပျံ့လွင့်နေသည်။ ဆေးဝါးတာအိုဌာနတစ်ခုလုံး လွှမ်းခြုံသွားသည့်တိုင်အောင် အားကောင်းသထက် အားကောင်းလာ၏။ ၎င်းကို ရှူရှိုက်လိုက်ရသော ကျင့်ကြံသူအားလုံးမှာ စိတ်ကြည်လင်လန်းဆန်းသွားကြလေသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားခဲ့၏။ မကြာမီ တစ်ရက်ကြာသွားခဲ့လေပြီ။ မန်ဟိုက ဆေးပင်များကို ခွဲခြမ်းနေသေး၏။ ထိုဖြစ်စဉ်အတောအတွင်း သူက အမှားတစ်ခုလေးပင် မလုပ်ခဲ့ပေ။ သူ အမှားသာလုပ်ခဲ့လျှင် အပင်တစ်ပင်၏ လက္ခဏာတစ်ခုကို မျက်စိလျှမ်းသွားပြီး အခြားအပင်နှင့်အသီးအရွက်အားလုံး၏ ခွဲခြမ်းစိတ်ဖြာမှုအပေါ် သက်ရောက်မှုရှိနိုင်လေသည်။

၈၀၀၀၀။ ၉၀၀၀၀… ဒုတိယမြောက်နေ့တွင် မန်ဟို၏ လက်နှစ်ဖက်သည် ရုတ်တရက် ရွေ့လျားနေခြင်း ရပ်သွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူကား ဆေးပင် ၁၀၀၀၀၀ ၏ ၀န်းရံခြင်း ခံထားရလေပြီ။

အပင် ၉၉ ပင်မှ သူသည် ကိုင်းဆက်၍ ပြိုင်ဘက်ကင်း ဆေးပင် ၁၀၀၀၀၀ အား ဖန်တီးနိုင်ခဲ့၏။

ဆေးဝါးတာအိုဌာနမှ ဆေးဝါးပညာရှင်များ အပါအ၀င် ဖန်မျိုးနွယ်၀င်များမှာ အံ့အားသင့်နေကြလေသည်။ သူတို့မြင်ရသည့်အရာမှာ ဒဏ္ဍာရီကဲ့သို့ အရာမျိုးဖြစ်သည်။ ၎င်းက တာအိုကို စောင့်ကြည့်နေရသကဲ့သို့အရာမျိုး၊ အမှိုက်အား နတ်ပစ္စည်းတစ်ခုအဖြစ် ဖန်တီးနေသကဲ့သို့ အရာမျိုးဖြစ်သည်။

သို့သော် ဘယ်သူမှ စကားမပြောကြပေ။ သူတို့သည် ဟောဟဲလှိုက်လျက်သာ ကြည့်နေကြ၏။ တစ်စုံတစ်ယောက် ဆေးဖော်စပ်နေသည်ကို နှောင့်ယှက်ခြင်းက အကြီးလေးဆုံးသော တားမြစ်ချက်ဖြစ်ပြီး ယခုတွင် မန်ဟိုက ဆေးဝါးတာအိုတွက် စိတ်ရောကိုယ်ပါ နစ်မြုပ်နေသည်ကို ထည့်တွက်လျှင် ဖန်မျိုးနွယ်၀င်အားလုံးမှာ တိတ်ဆိတ်နေကြသည်။ သူတို့သည် သူ့အား မနှောင့်ယှက်လိုပေ။ သို့သော် သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားနေမှု၊ ရှုးသွပ်လုနီးပါးဖြစ်နေမှုတို့ဖြင့် ပြည့်နှကိနေစ။

မန်ဟိုက မျက်လုံးများ ပိတ်လိုက်ပြီးနောက် တခဏကြာသော် ပြန်ဖွင့်လိုက်သည်။ စူးရှသော အလင်းရောင်အား ၎င်းတို့တွင် မြင်ရနိုင်ပြီး သူက လက်နှစ်ဖက်လုံးကို ဆန့်တန်း၍ လက်ချောင်းများကို စုစည်းလိုက်သည်။

"ပင်လယ်" သူက ဟိန်းဟောက်လိုက်၏။

စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို ၀န်းရံထားသော ဆေးပင်တစ်သိန်းက တစ်စစီ ပြိုကွဲသွားသည်။ အရွက်များ၊ အကိုင်းအခက်များအားလုံးမှာ ခြောက်ကပ်သေဆုံးသွားသည့်တိုင်အောင် ဖြစ်ညစ်ခံနေရသည့်အလား ကြေမွသွားလေသည်။

ထိုမြင်ကွင်းက လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။ သို့သော် ဆေးဝါးတာအိုတွင် စူးရှသော အသိရှိသည့် ကျင့်ကြံသူများမှာမူ ချက်ချင်း အံ့ဩမှင်သက်သွားကြ၏။

လေတစ်ချက်က ဆေးပင် ၁၀၀၀၀၀ ၏ အကြွင်းအကျန်များဖြစ်သော အမှုန့်များကို စုစည်းရင်း တိုက်ခတ်လိုက်ရာ ဆေးပင် ၁၀၀၀၀၀ ၏ အရည်မှဖြစ်ပေါ်လာသော မြစိမ်းရောင်ပင်လယ်တစ်စင်းကိုသာ ချန်ရစ်ခဲ့သည်။

အစိမ်းရောင်ပင်လယ်က မန်ဟို့ကို ၀န်းရံပြီး လှိုင်းများဖြင့် သက်၀င်လှုပ်ရှားနေသည့်အလား အရပ်လေးမျက်နှာသို့ တုန်ခါလှိုင်းများအား ဖြာထွက်သွားစေသည်။ ၎င်းမှာ ပင်လယ်ရေအစစ်အလားပင်။ အကန့်အသတ်မရှိတိုင်အောင် မကျယ်ပြန့်သော်လည်း အမှန်တကယ် ပင်လယ်တစ်စင်းဖြစ်၏။

အပင်နှင့်အသီးအရွက်ပင်လယ်က မန်ဟို့ပတ်ပတ်လည်တွင် မရပ်မနားလည်ပတ်နေသည်။ မန်ဟိုက လက်နှစ်ဖက်လုံးကို ဆန့်တန်းကာ ၎င်းတို့အား အောက်သို့ ပြင်းပြင်းထန်ထန် ဖိချလိုက်၏။

"ခဲစမ်း"

ဂျိန်းခနဲထစ်ချုန်းသွားစဉ် အပင်နှင့်အသီးအရွက်ပင်လယ်သည် စတင်ဆူပွက်လာပြီး အထဲသို့ စုခဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် မန်ဟို၏အရှေ့တွင် ဧရာမအရည်လုံးကြီးအသွင် ပြောင်းသွား၏။

ထိုအခိုက်အတန့်တွင် မန်ဟို၏ အင်မော်တယ်အကြောများက စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်သွားသည်။ ကောင်းကင်ဘုံ ၃၃ ခု ပေါ်လာပြီး အင်မော်တယ်နယ်ပယ်ပါရာဂွန်၏ လျှို့ဝှက်မှော်အစွမ်း ထုတ်လွှတ်ခံလိုက်ရသည်။ ချက်ချင်းပင် သူ၏ အင်မော်တယ်အကြောအားလုံးက နတ်မီးတောက်အင်မော်တယ်အကြောများအဖြစ် အသွင်ပြောင်းသွား၏။

နတ်မီးတောက်အင်မော်တယ်အကြော ၁၂၃ သည် စွမ်းအားတို့ဖြင့် ပြည့်လျှံနေရာ နတ်မီးတောက်အလင်းတန်း ၁၂၃ တန်းအား အရည်စက်လုံးထံသို့ ပြေး၀င်သွားစေသည်။

အလင်းတန်းများက တစ်ခုနှင့်တစ်ခုပေါင်းစည်းသွားပြီး အနှစ်သာရစွမ်းအားက မန်ဟို့ထံမှ ဖြာထွက်လာသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး ချွေးသီးများက သူ့မျက်နှာတွင် ထွက်လာသည်။ သူက မျက်လုံးများ၌ ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ တောက်ပနေလျက် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ကာ အရည်စက်လုံးအား ကျွမ်းကျင်စွာ ကိုင်တွယ်လိုက်၏။

အရည်စက်လုံးသည် အသည်းအသန်ဆူပွက်လာ၏။ ဖောင်းကြွမှုနှင့် ကျွံ၀င်မှုတို့က ၎င်း၏မျက်နှာပေါ်တွင် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများ တလက်လက် တောက်ပလာသည်။ ၎င်း၏ အတွင်း၌ ကမ္ဘာမြေကြေမွ၍ မိုးကောင်းကင် ပြိုကွဲသွားစေသော စွမ်းအားတစ်ရပ် တည်ရှိနေသည့်အလားပင်။

၎င်းသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့်ပုံပေါ်သော်လည်း မန်ဟိုက ၎င်းကို အဆက်မပြတ် ဖိနှိပ်ထား၏။

အရည်စက်လုံးမှ ပဲ့တင်ထပ်လာသော ထစ်ချုန်းသံများမှာ အများ၏ အာရုံစိုက်ရာ ဖြစ်နေလေသည်။

မန်ဟို ဖိနှိပ်နေသည်နှင့်အမျှ စက်လုံးသည် သေးငယ်သထက် သေးငယ်လာပြီး လက်သီးဆုပ်အရွယ်ထိ ရောက်သွား၏။

မန်ဟိုက အရည်ကို ဆက်လက်၍ မဖိနှိပ်နိုင်တော့သဖြင့် အော်ဟစ်လိုက်သည်။ "ပင်လယ်ပိုင်းဖြတ်ခြင်း"

မယုံကြည်နိုင်ဖွယ်အားတစ်ရပ်က စက်လုံး၏အတွင်းမှ ဖြာထွက်လာကာ သူ့လက်နှစ်ဖက်အား တွန်းထုတ်လိုက်သည်။ သူ့ပါးစပ်မှ သွေးများစီးကျလာပြီး သူက နောက်ဆုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် လက်သီးဆုပ်အရွယ်စက်လုံးက တိုက်ရိုက်ပေါက်ကွဲသွားလေသည်။

ဖောင်းခနဲ ပေါက်ကွဲသံကြီးက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်ကာ မရေမတွက်နိုင်သော အပင်အရည်များကို အရပ်လေးမျက်နှာသို့ လွင့်စင်ပြန့်ကြဲသွားစေသည်။ ကောင်းကင်တစ်ခုလုံးမှာ ရုတ်တရက် အပင်နှင့်အသီးအရွက်တို့၏ အစိမ်းရောင်ဖြင့် စွန်းထေးခံလိုက်ရသည်။

"သူ ကျရှုံးသွားတာလား" ထိုသည်က စောင့်ကြည့်နေသူအားလုံး၏ စိတ်ထဲတွင် ထွက်ပေါ်လာသော မေးခွန်းဖြစ်လေသည်။

"အံ့ဖွယ်" မန်ဟိုက ခေါင်းနောက်လှန်၍ သူ၏ နတ်မီးတောက် အင်မော်တယ်အကြော၏ စွမ်းအားအပြည့်အ၀ကို ထုတ်ကာ ဟိန်းဟောက်လိုက်သည်။

အရည်စက်များက တုံ့ခနဲ ရပ်သွားပြီးနောက် နောက်ပြန်ရွေ့လျားလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က ပြန်ရောက်လာခဲ့ပြီး မန်ဟို့အရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။

ဤမြင်ကွင်းက စောင့်ကြည့်နေသူအားလုံး၏ စိတ်များအား ချာချာလည်သွားစေ၏။ သူတို့သည် အရည်များ ပေါက်ကွဲသွားစဉ်တုန်းက မိုးကောင်းကင်တစ်ခုလုံး အစိမ်းရောင်း စွန်းထင်းသွားသည်ကို သေသေချာချာ တွေ့ခဲ့ရလေသည်။ သို့သော် ယခုတွင် ၎င်းက ဖီဆန်၍ နောက်ပြန်သွားနေသည်။ အရည်တို့ နောက်ပြန်သွားနေစဉ် မိုးကောင်းကင်က အရောင်ပြန်ပြောင်းလာ၏။

အံ့ဩဖွယ်ကောင်းစွာနှင့် အတူတကွ စုစည်းရင်း မန်ဟို့အရှေ့တွင် ပျံဝဲနေသော အစိမ်းရောင်ဆေးလုံးတစ်လုံး ဖြစ်လာသည်။

အားကောင်း၍ ပြင်းထန်သော ဆေးရနံ့က ဖြာထွက်လာပြီး ဆေးဝါးတာအိုဌာတာအိုတစ်ခုလုံးတွင် ပြည့်နှက်သွားသည့်အပြင် ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်အထိသို့ပင် ရောက်ရှိ၍ အရှေ့အောင်ပွဲဂြိုလ်တစ်၀က်နီးပါးတစ်လျှောက် ပျံ့နှံ့သွားလေသည်။

အရှေ့အောင်ပွဲဂြိုလ်တစ်ဂြိုလ်လုံး တုန်လှုပ်သွား၏။

ဤမျှသာဆိုလျှင် ဆေးလုံးမည်မျှ အဖိုးထိုက်တန်ကြောင်း မြင်ဖို့ မလုံလောက်သေးပေ။ သို့သော် ပင်လယ်ပိုင်းဖြတ်ခြင်းဆေးလုံး ပေါ်လာသည့်အခိုက်အတန့်တွင် ရုတ်တရက် အားကောင်းသော လေပြင်းများက အရှေ့အောင်ပွဲဂြိုလ်အပေါ်ထက်ရှိ ကောင်းကင်တွင် တိုက်ခတ်သွားကာ မရေမတွက်နိုင်သော ပြစ်ဒဏ်တိမ်တိုက်များ ပေါ်ပေါက်လာသည်။

ဤသည်မှာ အစစ်အမှန် အင်မော်တယ်ပြစ်ဒဏ်မဟုတ်ဘဲ ဆေးလုံးပြစ်ဒဏ်ဖြစ်သည်။

ရှေးခေတ်မှ ယခုခေတ်တိုင်အောင် အံ့ဖွယ်ဆေးလုံးများ ပေါ်ပေါက်လာတိုင်း မိုးနှင်မြေ၏ စွမ်းအားကို လှုံဆော်၍ ထိုဆေးလုံးအား ဖယ်ရှားရန် ဆေးလုံးပြစ်ဒဏ်အား ပေါ်ပေါက်လာစေသည်။

ထိုမြင်ကွင်းက ဖန်မျိုးနွယ်၀င်အားလုံး၏ နှလုံးသားထဲတွင် ထိတ်လန့်မှုတို့ ပေါ်ပေါက်လာစေသည်။ ဖန်တယွမ်၏ မျက်လုံးများက တောက်ပနေပြီး ဖန်ယန်ရှီလည်း သိသိသာသာ စိတ်နှလုံး တုန်လှုပ်နေသည်။

ဆေးလုံးပြစ်ဒဏ်က အရှေ့အောင်ပွဲဂြိုလ်တစ်ဂြိုလ်လုံးအား တုန်ခါသွားစေသော အကန့်အသတ်မဲ့ ပြစ်ဒဏ်တိမ်တိုက်များကို စုစည်းရင်း မျက်စိတစ်မှိတ်အတွင်း ပေါ်ပေါက်လာသည်။ ကျင့်ကြံသူများ တအံ့တဩ ကြည့်နေသည့်အချိန်မှာပငိ မိုးကြိုးများ တလိမ့်လိမ့် ထနေသော တိမ်တိုက်များကြားမှ ထိုးဆင်းလာ၏။

"မလောက်လေးမလောက်စား ဆေးလုံးပြစ်ဒဏ်ကများ" မန်ဟိုက မထူးခြားနားသော အမူအရာဖြင့် ပြောလိုက်သည်။ သူသည် အင်မော်တယ်ပြစ်ဒဏ်ကို ကျော်လွှားခဲ့ပြီးဖြစ်၍ ဆေးလုံးပြစ်ဒဏ်ကား သူ့အတွက် ကြည့်ဖို့ရန်ပင် မတိုက်တန်ပေ။ မိုးကြိုးတန်းကျဆင်းလာစဉ် မန်ဟိုက လက်ကို ဆန့်တန်းလိုက်သည်။ သူ၏ အင်မော်တယ်အကြော ၁၂၃ ကြောလုံးက သွေးမိစ္ဆာမဟာမှော်သိုင်းအသွင် ပြောင်းသွား၏။

သွေးမိစ္ဆာခေါင်း ၁၂၃လုံးက တဟုန်ထိုး ထိုးတက်သွားသည်။ သွေးမိစ္ဆာခေါင်းများ အတူတကွ စုစည်း၍ ခေါင်းမှ ဂြိုလ်ကြီးတစ်ဂြိုလ် ထိုးထွက်နေသော ဧရာမမီတာ ၃၀၀၀ ခေါင်းကြီး‌တစ်ခေါင်းအသွင် ပြောင်းလဲသွားသဖြင့် ကောင်းကင်တစ်ခုလုံး နီစွေးသွားသည်။ ဧရာမခေါင်းကြီးက မိုးကြိုးတန်းထံသို့ ပြေး၀င်သွားသည်။

ဂျိန်းခနဲ ပေါက်ကွဲသံကြီးက ပဲ့တင်ထပ်သွားသည်။ မိုးကြိုးတန်းမှာ ခေါင်းကြီးကို ဘာမှပြန်မလုပ်နိုင်ဘဲ အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်ကို တွေ့လိုက်သဖြင့် လူတိုင်းမှာ ကြက်သေသေသွားလေသည်။ ထို့နောက် ခေါင်းကြီးက လေကိုခွင်း၍ ဆက်လက်ရွေ့လျားသွားပြီး ပြစ်ဒဏ်တိမ်တိုက်များထံသို့ ဦးတည်သွားသည်။

ပြစ်ဒဏ်တိမ်တိုက်များ … ဖျက်စီးခံလိုက်ရလေပြီ။

ထိုသို့ ဖြစ်ပျက်သောအခါ မန်ဟို့အရှေ့ရှိ ပင်လယ်ပိုင်းဖြတ်ခြက်း အံ့ဖွယ်ဆေးလုံးသည် စူးရှတောက်ပသော အလင်းရောင်များကို ဖြန့်ကျက်လျက် ကောင်းကင်သို့ ပျံတက်သွား၏။ တစ်ချိန်တည်းမှာပင် တာအိုခေါင်းလောင်းက ဘိုးဘေးစံအိမ်အပေါ်ရှိ လေလယ်တွင် ပေါ်လာပြီး အရာအားလုံးကို တုန်လှုပ်စေရင်း မြည်ဟည်းသွားတော့သည်။

၎င်း ခေါင်းလောင်းသံက တစ်ချက်နှစ်ချက်မဟုတ်ဘဲ စုစုပေါင်း ၁၈ ချက် ဖြစ်လေသည်။

ခေါင်းလောင်းသံ ၁၈ချက်က ဖန်မျိုးနွယ်၀င်အားလုံး၏ စိတ်ထဲတွင် မြည်ဟည်းနေကာ သူတို့အား လုံးလုံးလျားလျား တုန်လှုပ်နေစေသည်။

နှစ်ပေါင်းမြောက်များစွာ ကြာခဲ့သည့်တိုင်အောင်‌ ခေါင်းလောင်းကား ထိုမျှ များစွာ မမြည်ခဲ့ဖူးပေ။ ရလဒ်က ဖန်မျိုးနွယ်စု၏ လူတိုင်းအား လုံးလုံးလျားလျား အံ့ဩမှင်သက် ကျက်သေသေသွား‌စေ၏။

မန်ဟိုက ဆံပင်များ ပျံ့လွင့်နေလျက် မျက်လုံးများ တလက်လက် တောက်ပနေလျက် ဆေးလုံးအိမ်တော်၏အပြင်တွင် ရပ်နေသည်။ ပတ်ပတ်လည်ရှိ ကျင့်ကြံသူများနှင့် ဖန်မျိုးနွယ်စု၏ ဆေး၀ါးပညာရှင်များ၏ မျက်နှာများပေါ်တွင် အလွန်အကျူး လေးစားရိုသေနေသော အမူအရာများပေါ်လာပြီး သူတို့က လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်ကြသည်။

သူတို့ ခါးပြန်မတ်လိုက်သောအခါ မန်ဟိုက ဆေးလုံးအိမ်တော်မှ မထွက်သွားသေးကြောင်း မြင်လိုက်ရ၏။ ထိုအစား တတိယမြောက်ဗုံထံသို့ လမ်းလျှောက်သွားလေသည်။

***

All Chapters