← Chapters

နိုင်ငံရေးအရ လက်ထပ်ခြင်း၏ ပဋိပက္ခ

Vol. 195 Ch. 2777

နိုင်ငံရေးအရ လက်ထပ်ခြင်း၏ ပဋိပက္ခ

Vol. 195 Ch. 2777

ဘုံခြောက်ခု၏ စစ်ပွဲပြီးနောက်တွင် လောကအတွင်း၌ ယာယီငြိမ်းချမ်းရေးရနေသည်။ ဘုံအသီးသီးမှ ကျင့်ကြံသူများသည် မကြာ မကြာဆိုသလို ပဋိပက္ခများ ဖြစ်စေကြသော်လည်း မည်သည့်ပရမ်းပတာအခြေအနေမှ ဖြစ်မလာစေပေ။ အင်ပါယာအဆင့် အင်အားစုများကသာ စစ်ပွဲအခြေအနေကို မပြောင်းလျှင် ထိုသူတို့သည် စည်းလုံးမှုမရှိသော လူစုလူဝေးတစ်ခုသာ မဟုတ်ပါလား။

ရီဖူရှင်းသည် ထိုအချိန်အတွင်း၌ ကျင့်ကြံခြင်းကို အချိန်မပေးခဲ့ပေ။ ထိုအစား သူသည် ဘုံများအကြားမှ တည်နေရာများဝင်ပေါက်ကို အကြိမ်ကြိမ်ဖွင့်၍ စီဝေ့ကြယ်ကောင်းကင်နှင့် မဟာဒေသကိုးခုတို့မှ ကျင့်ကြံသူများကို နတ်ဘုရားကုန်းမြေသို့ ဖိတ်ခေါ်လိုက်ပြီး သူတို့ကို ကုန်းမြေပေါ်သို့ ခေါ်ဆောင်ခဲ့သည်။ ထို့ကြောင့် ထိုကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံခြင်းအတွက် နတ်ဘုရားကုန်းမြေသို့ ဝင်ခွင့်ရခဲ့ကြသည်။

သူတို့သည် ကျင့်ကြံခြင်းအရင်းအမြစ်များအတွက် အခြားပိုသန်မာသော ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်လောက်အောင် စွမ်းအားမကြီးသော်လည်း ဤကုန်းမြေပေါ်ရှိ ဝိညာဉ်ချီ၏သိပ်သည်းမှုသည် အခြားဘုံများထက် ပိုများပေသည်။ နတ်ဘုရားကုန်းမြေပေါ်ရှိ ဝိညာဉ်ချီသည် အဆက်မပြတ် တိုးပွား၊ ပြန့်ကားလာသဖြင့် မူလဘုံ၏ ရှာဖွေတွေ့ထားပြီးသော ဒေသများအားလုံးကိုပင် တဖြည်းဖြည်း လွှမ်းခြုံသွားပြီဖြစ်သည်။ မဟာလမ်းစဉ်၏ ဒေသ(၃၀၀၀)မှ ကျင့်ကြံသူများသည်ပင် လောက၏ ထိုအပိုင်းမှ ပြောင်းလဲမှုများကို သတိပြုမိခဲ့ကြပြီးဖြစ်သည်။

အဆုံးတွင် မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိပေ။ ထိုပြောင်းလဲမှုများသည် ကံကြမ္မာဗုဒ္ဓ၏ ရှေ့ဖြစ်ဟောကိန်းနှင့် ဆိုင်၊ မဆိုင်ကို သူတို့ မသေချာပေ။

ထိုနေ့တွင် ဖန့်ကိုင်သည် ရီအင်ပါယာနန်းတော်မှ လူများဆီသို့ သတင်းကြီးတစ်ခု သယ်ဆောင်လာသည်။ ထိုသတင်းနှင့်ပတ်သတ်သည့် အတင်းအဖျင်းများသည် ဘုံခြောက်ခု၏ စစ်ပွဲမတိုင်ခင်ကပင် ပျံ့နှံ့နေပြီးဖြစ်သည်။

လူသားဘုံ၏ ကိုယ်စားပြု တိဟောက်သည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ မင်းသမီး ဒွန်ဟောင်တိယွမ်ကို လက်ဆက်ရန် ကမ်းလှမ်းခဲ့သည်။ တိဟောက်သည် လူသားဘုံနှင့် ကောင်းကင်ဒေသကြားတွင် နိုင်ငံရေးအရ လက်ထပ်မှုတစ်ခုကို ပြုလိုသည်။ စကားများသည် နတ်ဘုရားကုန်းမြေပေါ်ရှိ ကျင့်ကြံသူများအကြားတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး အုတ်အော်သောင်းတင်း ဖြစ်သွားစေ၏။

ဘုံခြောက်ခုလုံးသည်လည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြသည်။ မဟာအင်ပါယာများအပါအဝင် အင်ပါယာနန်းတော်တိုင်းသည် ထိုကိစ္စကို စောင့်ကြည့်နေကြသည်ဟု ကောလာဟလများက ဆိုကြသည်။

အချို့သတင်းများက မဟာအင်ပါယာများသည် နိုင်ငံရေးအရ လက်ထပ်ရန် ကမ်းလှမ်းမှု၏ ရလဒ်ကို သိရှိနိုင်ရေးအတွက် ကောင်းကင်ဒေသရှိ ဒွန်ဟောင်အင်ပါယာနန်းတော်သို့ သွားနေကြပြီဟု ဆိုကြသည်။

အကယ်၍ ထိုနိုင်ငံရေးအရ လက်ထပ်ခြင်းသာ အမှန်ဖြစ်လာလျှင် ထိုအဖြစ်သည် ခေတ်သစ်တစ်ခေတ်ကို ဆောင်ကျဉ်းလာပေလိမ့်မည်။

ရီဖူရှင်းသည် ထိုသတင်းကို ကြားရသောအခါ အံ့အားသင့်သွားသည်။ ရီအင်ပါယာနန်းတော်အတွင်းမှ အရေးပါသူအားလုံးသည် ထိုသတင်းကို ကြားပြီးပြီးချင်း အစည်းအဝေးတစ်ခု လုပ်လိုက်ကြသည်။ သူတို့အားလုံးသည် ထိုကိစ္စအပေါ် အာရုံစိုက်ထားကြသည်။ သို့သော် သူတို့ထဲမှ အချို့သည် ထိုကိစ္စနှင့် သိပ်မဆိုင်ပေ။ သို့ရာတွင် ထိုသတင်း၏ ရိုက်ခတ်မှုသည် အလွန်ကြီးသည် မဟုတ်ပါလား။

ရီဖူရှင်းသည် ရီအင်ပါယာနန်းတော်၏ ကောင်းကင်လှေကားအောက်ရှိ မြေပြင်ကို ကြည့်သည်။ ဤဘက်သို့ လာနေကြသည့် လူများစွာကို မြင်ရလေသည်။  သတင်းစကားများ ပျံ့သွားပြီဖြစ်ကြောင်း သူချက်ချင်း သိရှိလိုက်သည်။

“အားလုံးပဲ အဲဒီကိစ္စကို ကြားပြီးကြပြီမလား”

ရီဖူရှင်း မေးလိုက်သည်။

“ကြားပြီးပါပြီ”

အားလုံးသည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

“ခင်ဗျားတို့ အဲဒီကိစ္စကို ဘယ်လိုထင်ပါသလဲ”

ရီဖူရှင်း မေးခွန်းထုတ်လိုက်၏။ သူတို့သည် ယခင်က လူသားဘုံနှင့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများနှင့် ပဋိပက္ခတစ်ခု ရှိခဲ့ဖူးပေသည်။ အကယ်၍ နိုင်ငံရေးအရ လက်ထပ်ခြင်းကိစ္စသာ အမှန်ဖြစ်လာခဲ့လျှင် ရီဖူရှင်းနှင့် ရီအင်ပါယာနန်းတော်အတွက် ကောင်းသောကိစ္စမဟုတ်ချေ။

“မကြာခင်ကပဲ ကံကြမ္မာဗုဒ္ဓရဲ့ ရှေ့ဖြစ်ဟောကိန်းကြောင့် ကျင့်ကြံခြင်းလောကတစ်ခုလုံး အံ့အားသင့်သွားခဲ့ရတယ်။ အရှင်ဒွန်ဟောင်ရဲ့ အင်ပါယာကံကြမ္မာက နှစ်ငါးရာပဲ ခံလိမ့်မယ်တဲ့။ အဲဒီရှေ့ဖြစ်ဟောကိန်းသာ အမှန်ဆိုရင် သူ့မှာ အချိန်သိပ်မကျန်တော့ဘူး။ ဒီအချိန်မှာ လူသားဘုံရဲ့ လက်ထပ်ဖို့ ကမ်းလှမ်းချက်က ထိလွယ်ရှလွယ်တဲ့ ကိစ္စပဲ။ အဲဒီလိုကမ်းလှမ်းတာက လူသားဘိုးဘေးက ရှေ့ဖြစ်ဟောကိန်းရဲ့ မရေရာမှုကို ရင်ဆိုင်ဖို့ အရှင်ဒွန်ဟောင်နဲ့အတူ လက်တွဲလုပ်ဆောင်လိုတဲ့ ဆန္ဒရှိတယ်လို့ သတင်းစကားပါးလိုက်တာပဲ”

အင်ပါယာနန်က မှတ်ချက်ပြုလိုက်၏။

“ဟုတ်တယ်...”

အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်သည်။

“တကယ်လို့ အရှင်ဒွန်ဟောင်ကသာ ရှေ့ဖြစ်ဟောကိန်းအတွက် စိုးရိမ်နေရင် နိုင်ငံရေးအရ လက်ထပ်တာကနေပြီး လူသားဘုံနဲ့ မဟာမိတ်ဖွဲ့လိုက်တာက ဆိုးကျိုးထက် ကောင်းကျိုးများတယ်။ သူ တစ်ခုခုဖြစ်လာရင်‌တောင် ဒွန်ဟောင်တိယွမ်မှာ သက်ဆိုင်ရာနေရာတစ်ခု ရှိဦးမှာပဲ။ လူသားဘုံက အချိန်ကောင်းကို ရွေးလိုက်တာပဲ”

ယခင်က ဘုံခြောက်ခုသည် နှစ်ဘက်ကွဲနေခဲ့သည်။ တစ်ဘက်စီသည် မဟာမိတ်ဖွဲ့ထားခဲ့ကြသည်။ သို့သော် ထိုကဲ့သို့သော မဟာမိတ်တစ်ခုသည် နိုင်ငံရေးအရ လက်ထပ်ရာမှ ဖြစ်ပေါ်လာသော မဟာမိတ်နှင့် မယှဉ်သာပေ။

လူသားဘိုးဘေးသည် ထိုကမ်းလှမ်းချက်မှတဆင့် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

“အရှင်ဒွန်ဟောင်က အဲဒီကမ်းလှမ်းချက်ကို သဘောတူမယ်လို့ထင်လား”

ရီဖူရှင်း မေးလိုက်၏။ အားလုံးသည် ထိုမေးခွန်းကို ကြားလိုက်သောအခါ မျက်နှာထားများ တည်သွားကြသည်။

သို့သော် ထိုမေးခွန်းကို တွေးတောနေသူများမှာ သူတို့သာ မဟုတ်ပေ။ လက်ရှိတွင် ဘုံခြောက်ခုမှ ထိပ်သီးများအပါအဝင် နတ်ဘုရားကုန်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံးသည်လည်း ထိုမေးခွန်းကို တွေးတောနေကြပေသည်။

အားလုံးသည် အဖြေကို စောင့်နေကြလေ၏။

နတ်ဘုရားကုန်းမြေပေါ်မှ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် ထိုသတင်းကို ကြားပြီးနောက်တွင် ကောင်းကင်ဒေသမှ ရောက်လာမည့် သတင်းသစ်များကို စောင့်ရင်း ထိုကိစ္စအကြောင်းကိုသာ ပြောဆိုနေကလေသည်။ အဖြေသည် မည်သို့ပင်ဖြစ်စေ နောက်ထပ်ဂယက်တစ်ခုကို ဖြစ်ပေါ်လာစေမည်ဖြစ်သည်။

အရှင်ဒွန်ဟောင်က ထိုကမ်းလှမ်းချက်ကို သဘောတူသည်၊ မတူသည်မှာ အရေးမကြီးပေ။ သူမည်သို့ပင် ရွေးချယ်သည်ဖြစ်စေ ဘုံခြောက်ခု၏အနာဂတ်ကို လမ်းကြောင်းပြောင်းသွားစေမည်ဖြစ်သည်။

အကယ်၍ အရှင်ဒွန်ဟောင်က သဘောတူခဲ့လျှင် သူတို့၏မဟာမိတ်သည် ပို၍အားကောင်းလာမည်ဖြစ်သည်။ သို့သော် သူငြင်းခဲ့လျှင် သူတို့၏မဟာမိတ်သည် ပြိုပျက်သွားမည်ဖြစ်သည်။

ကျင့်ကြံသူများစွာသည် ကောင်းကင်ဒေသနှင့် နတ်ဘုရားကုန်းမြေကို ဆက်သွယ်ထားသော ဂိတ်လမ်းကြောင်းအောက်တွင် စုဝေးနေကြ၏။ သူတို့အားလုံးသည် အဖြေကို ကြားရရန် စောင့်နေကြခြင်းပင်။ ကောင်းကင်ဒေသမှ လူများသည် အဖြေကို သိရသည်နှင့် တစ်ပြိုင်နက် သတင်းကို နတ်ဘုရားကုန်းမြေဆီသို့ ပထမဆုံး သယ်ဆောင်လာမည်ဖြစ်သည်။

တိုက်ပွဲများထဲတွင် တိုက်ခိုက်နေခဲ့ကြသည့် ကျင့်ကြံသူအားလုံးသည်လည်း ထိုအကြောင်းကို ကြားသောအခါ တိုက်ခိုက်မှုကို ရပ်တန့်ခဲ့ကြသည်။ ထိုအခြင်းအရာတစ်ခုတည်းမှပင် ထိုသတင်း၏ သက်ရောက်မှုသည် မည်မျှကြီးမားကြောင်း သိနိုင်ပေသည်။

ရီဖူရှင်း၏ မေးခွန်းကို ကြားသောအခါ အင်ပါယာနန်က ပြန်ပြောလိုက်၏။

“အရှင်ဒွန်ဟောင်က ငြင်းလိုက်လိမ့်မယ်လို့ ကျုပ်ထင်တယ်”

အင်ပါယာနန်သည် အရှင်ဒွန်ဟောင်ကို အမြဲပင် လေးစားခဲ့သည်။ အရှင်ဒွန်ဟောင်တွင် အင်ပါယာရီချင်၏ကိစ္စမှလွဲ၍ အခြားအပြစ်အနာအဆာမရှိပေ။ အင်ပါယာနန်သည် ရီဖူရှင်းနောက်သို့ လိုက်ခဲ့ပြီးနောက် ကောင်းကင်ဒေသ၏ ရန်သူဖြစ်လာသော်လည်း အရှင်ဒွန်ဟောင်သည် ကမ်းလှမ်းချက်ကို ငြင်းလိမ့်မည်ဟု သူတွေးနေဆဲဖြစ်သည်။

“ကျုပ်လည်း အဲဒီလိုပဲထင်တယ်”

အရှင်ထိုက်ရွှမ်က ပြောလိုက်၏။

“သူ ငြင်းလိမ့်မယ်”

အသံတစ်သံက ပြောလိုက်၏။ ထိုသို့ပြောလိုက်သူသည် ကောင်းကင်ဒေသ၏ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုဖြစ်သော အနောက်အင်ပါယာနန်းတော်မှ နန်းတော်သခင်ဟောင်းဖြစ်သည်။

“လူသားဘိုးဘေးက ဒီကမ်းလှမ်းချက်ကနေပြီး အရှင်ဒွန်ဟောင်ကို ချုပ်ခြယ်ဖို့ လုပ်တာပဲ။ အဲဒါက မဖြစ်နိုင်ဘူးလို့ ကျုပ်ပြောမယ်။ အရှင်ဒွန်ဟောင်က သူ့ကို ငြင်းလိမ့်မယ်”

သူထပ်ပြောလိုက်၏။ သူ၏လေသံသည် ယုံကြည်မှုနှင့် ပြည့်နှက်နေသည်။ သူသည် ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုကို အုပ်ချုပ်ပဲ့ကိုင်ခဲ့သူဖြစ်၍ အရှင်ဒွန်ဟောင်အကြောင်းကို ကောင်းကောင်းနားလည်သည် မဟုတ်ပါလား။

လူများစွာသည် သူတို့၏အမြင်များကို ပြောလိုက်ကြသည်။ သို့သော် သူတို့အားလုံးသည် အရှင်ဒွန်ဟောင်က ငြင်းလိမ့်မည်ဟု တွေးကြပေသည်။

ရီဖူရှင်းသည် ထိုအမြင်များကို ကြားလိုက်ရသောအခါ အံ့ဩသွားသည်။ အရှင်ဒွန်ဟောင်သည် သူ၏ဩဇာတိက္ကမဖြင့် လူများစွာအပေါ် လွှမ်းမိုးနိုင်ခဲ့ပုံပင်။

“အပြင်ကိုသွားပြီး သတင်းကို စောင့်ကြတာပေါ့”

ရီဖူရှင်း ပြောလိုက်၏။ ထို့နောက်တွင် သူသည် သူ၏လူများကို ဦးဆောင်၍ ကောင်းကင်ဒေသမှ ရလဒ်ကို စောင့်ဆိုင်းရန်အတွက် ရီအင်ပါယာနန်းတော်မှထွက်ကာ အပြင်သို့သွားလိုက်လေသည်။

ကောင်းကင်ဒေသမှ လူများသည် သတင်းကို ရပြီးလောက်ပေပြီ။ သို့သော် သတင်း ဤနေရာသို့ ရောက်လာရန် အချိန်အနည်းငယ် ကြာပေလိမ့်မည်။

အချိန်အနည်းငယ် ကြာပြီး‌နောက် အဝေးမှနေ၍ ဆူဆူညံညံအသံတစ်သံကို ကြားလိုက်ရပြီး သူတို့ဆီသို့ အပြေးလာနေသည့် လူရိပ်တစ်ခုကို တွေ့လိုက်ရ၏။ ထိုစဉ် တစ်စုံတစ်ယောက်၏ အော်ပြောသံကို ကြားလိုက်ရ၏။

“သူ ငြင်းလိုက်တယ်”

ရီဖူရှင်း၏မျက်လုံးများထဲတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခု လက်သွားသည်။ ရလဒ်သည် အခြားသူများ ခန့်မှန်းထားသည့်အတိုင်း အတိအကျပင်။ အရှင်ဒွန်ဟောင်သည် လူသားဘုံ၏ နိုင်ငံရေးအရ လက်ထပ်ရန် ကမ်းလှမ်းမှုကို အမှန်ပင် ငြင်းဆိုခဲ့သည်။

သူတို့သည် ရလဒ်က ထိုသို့ဖြစ်လိမ့်မည်ကို ခန့်မှန်းထားသော်လည်း ထိုသတင်းသည် အတော်လေး သက်ရောက်မှုကြီးပေသေးသည်။

“အရှင်ဒွန်ဟောင်က အဖြေတိုတိုပဲ ပေးလိုက်တယ်။ လူသားဘုံက လူတွေကို အင်ပါယာနန်းတော်ရဲ့ ဂိတ်တံခါးထဲကို ဝင်ဖို့ မဖိတ်ခေါ်ဘူးတဲ့”

တစ်စုံတစ်ယောက် အော်ပြောလိုက်သံကို ကြားရ၏။

“အရှင်ဒွန်ဟောင်က ဒီစကားတွေကို အဝေးကနေပြီး လှမ်းပြောခဲ့တာ”

“လူသားဘိုးဘေးရဲ့ တပည့်ကို ဒွန်ဟောင်အင်ပါယာနန်းတော်ထဲမှာ ခေါ်ထားဖို့ မသင့်တော်ပါဘူး။ ခင်ဗျားတို့ကို အထဲကို မဖိတ်ခေါ်တဲ့အတွက် ကျုပ်တို့ကို ခွင့်လွှတ်ပါတဲ့...”

အားလုံးသည် ရလဒ်ကို ခန့်မှန်းထားကြပြီးဖြစ်သော်လည်း အရှင်ဒွန်ဟောင်၏အဖြေကို ကြားလိုက်သောအခါ ရင်ခုန်မြန်သွားကြသည်။ သို့သော် ထိုသို့ဖြစ်သည်မှာ ဤနေရာမှ လူများသာ မဟုတ်ပေ။ နတ်ဘုရားကုန်းမြေပေါ်မှ ကျင့်ကြံသူတိုင်းသည် အရှင်ဒွန်ဟောင်၏အဖြေကို သိပြီးနောက်တွင် ထိုကဲ့သို့ ရင်ခုန်မြန်သွားကြသည်။

အရှင်ဒွန်ဟောင်သည် အသေးစိတ်အချက်အလက်များကို မမေးရသေးခင်မှာပင် လက်ထပ်ဖြစ်ပါက တိဟောက်ကို သူ့မိသားစုအတွင်း ထည့်ရလိမ့်မည်ဟု မှတ်ယူခဲ့သည်။

ထို့အပြင် သူသည် လူသားဘုံမှ ကျင့်ကြံသူများကို သူ၏အင်ပါယာနန်းတော်ထဲသို့ပင် ဝင်ခွင့်မပေးခဲ့ချေ။

နိုင်ငံရေးအရ လက်ထပ်ရန် ကမ်းလှမ်းခြင်းလော။

အရှင်ဒွန်ဟောင်၏ ထိုကိစ္စအပေါ် သဘောထားက လူသားဘုံမှ ကျင့်ကြံသူများကို ‘ မင်းတို့ မထိုက်တန်သေး ’ဟု ပြောလိုက်ခြင်းပင်။

ရီဖူရှင်းသည် နားမလည်နိုင်ဖြစ်သွားသည်။ အရှင်ဒွန်ဟောင်သည် ထိုကဲ့သို့သော် စော်ကားသည့်အဖြေတစ်ခုကို ပေးလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။ အရှင်ဒွန်ဟောင်သည် ယဉ်ကျေးပျူငှာရန် အနည်းငယ်မျှပင် မကြိုးစားခဲ့ပေ။ အရှင်ဒွန်ဟောင်က လူသားဘုံမှ လူများကို ‘မင်းတို့ လာခဲ့တဲ့ဆီပဲ ပြန်သွားလိုက်’ ဟု ပြောလိုက်သကဲ့သို့ပင်။

မှော်နက်အရှင်သည် တစ်လျှောက်လုံး မှန်ခဲ့ပုံပင်။ လူသားဘုံနှင့် ကောင်းကင်ဒေသတို့အကြားမှ ဆက်ဆံရေးသည် အားလုံးထင်ထားသကဲ့သို့ မကောင်းမွန်ချေ။

All Chapters