← Chapters

ဘေးအန္တရာယ်

Vol. 195 Ch. 2782

ဘေးအန္တရာယ်

Vol. 195 Ch. 2782

“ဒီတော့ ခင်ဗျားတို့က ကိုယ့်ရဲ့ ဂျူနီယာတွေကိုတောင် ပူးကပ်ဝါးမျိုပစ်မယ်ပေါ့”

ရီဖူရှင်း၏မျက်လုံးများသည် အေးစက်နေသည်။ ထိုမဟာအင်ပါယာများသည် လူများကို မလေးမစား လုပ်ခဲ့ပေသည်။

“ငါတို့ရဲ့ အသိအာရုံနဲ့ ပေါင်းစည်းနိုင်တာ သူတို့အတွက် ဂုဏ်တောင်ရှိသေးတယ်”

ဗုဒ္ဓကုန်းမြေအရှင်သခင်က အေးစက်စွာ ပြောလိုက်၏။ နတ်စွမ်းအား၏ အထောက်အပံ့ကို ရထားသဖြင့် သူ၏ အရှိန်အဝါတစ်ခုလုံး များစွာပြောင်းလဲနေပြီး မူလဗုဒ္ဓကုန်းမြေအရှင်သခင်၏ အရှိန်အဝါနှင့် လုံးဝကွဲပြားနေသည်။ ထိုအခြင်းအရာသည် အရှင်ထျန်းယန် ဝမ်ရှောင်ကို ပူးကပ်ထိန်းချုပ်ပြီးသွားသည့်နောက် ဖြစ်ပေါ်လာသည့် အခြင်းအရာနှင့် တူပေသည်။

ထိုအချိန်တွင် ကောင်းကင်ထဲတွင် နောက်ထပ်လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူမှာ ရှီးချီယောင်ပင်။ သူမသည်လည်း ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုမှဖြစ်၍ တူညီမှုအချို့ရှိလေသည်။ သူမသည် အောက်ဘက်ကောင်းကင်မှ အုပ်စိုကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“ရှင်တို့အားလုံးက ဒီလမ်းကို ရွေးလိုက်ပြီဆိုတော့ ကံကြမ္မာဗုဒ္ဓပြောခဲ့သလိုပဲ နတ်ဘုရားခေတ် ပြန်ဖြစ်လာတော့မှာပေါ့။ ရှင်တို့အားလုံး  ရှင်တို့ရဲ့ အင်ပါယာဂုဏ်ပုဒ်ကို ပြန်ရနိုင်ဖို့ အခွင့်အရေး ရမှာပါ။ ဒါပေမဲ့ ရှင်တို့က မူလအသိစိတ် မဟုတ်တော့တာတောင် ဘာလို့ အတိတ်က ရန်ငြိုးတွေကို စွဲလမ်းနေသေးတာလဲ”

သူတို့အားလုံးသည် ရှီးချီယောင်ကို ကြည့်လိုက်ကြသည်။ ရှီးချီယောင်သည်လည်း အနည်းငယ်ထူးခြားကြောင်း သူတို့သိပေသည်။ သူတို့အားလုံးသည် ရှေးဟောင်းနတ်ဘုရားကလန်များ၏ စွမ်းအားများကို အမွေဆက်ခံခဲ့ကြခြင်း မဟုတ်ပါလား။

“တကယ်လို့ သူသာ သာမန်လူတစ်ယောက်ဆိုရင် ငါရဲ့မျက်စိထဲမှာ သူက ပုရွက်ဆိတ်တစ်‌ကောင်ပဲ ဖြစ်မှာပါ။ ငါ့ကိုယ်ငါ သိက္ခာကျခံပြီး ဒီကိုလာခဲ့မှာ မဟုတ်ဘူး။ အနာဂတ်မှာ ငါက ငါရဲ့အင်ပါယာဂုဏ်ပုဒ်ကို ပြန်ရလိမ့်မယ်လို့ မင်းပြောခဲ့တယ်‌နော်။ အဲဒီတော့ ငါက ဒီလိုအန္တရာယ်တစ်ခုကို ဘယ်လိုလုပ် ဒီနေရာမှာ ချန်ခဲ့နိုင်မှာလဲ”

သူတို့သည် ရီဖူရှင်း၏ ထူးကဲလှသောပါရမီကြောင့် အနည်းငယ် စိုးရိမ်နေကြခြင်းပင်။ ရီဖူရှင်းသည် တစ်နေ့တွင် မဟာအင်ပါယာအဆင့်သို့ တက်လှမ်းနိုင်သွားပြီး သူတို့၏အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ သူ့တို့အတွက် အသက်ပြန်ရှင်လာရန်မှာ အလွန်ခက်ခဲခဲ့သည် မဟုတ်ပါလား။ သူတို့သည် လောကထဲတွင် ပြောင်းလဲမှုများ ဖြစ်လာပြီး လောကအတွင်းသို့ ပြန်လာနိုင်ရန် အခွင့်အရေးရမည့် အချိန်ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပေသည်။

သူတို့သည် အရှင်ထျန်းယန်ကဲ့သို့ မဟုတ်ပေ။

“ကြည့်ရတာ အတိတ်တုန်းက ကျဆုံးသွားခဲ့တဲ့နတ်ဘုရားတွေရဲ့ ရင်ထဲမှာလည်း အကြောက်တရားရှိတဲ့ပုံပဲ”

ရီဖူရှင်း အေးစက်စွာပြောလိုက်၏။ သူ၏လေသံထဲတွင် သရော်သည့်အရိပ်အယောင်များလည်း ပါပေသည်။ တစ်ချိန်က မဟာအင်ပါယာများဖြစ်ခဲ့သော ထိုသူများကို သူကို ကြောက်ရွံ့နေကြပေသည်။ ထို့ကြောင့် သူတို့သည် သူ့ကို သတ်ရန် ရောက်လာကြခြင်းပင်။

“မင်း ပြောချင်သလိုပြော... ဒီနေ့ အဲဒီကိစ္စအားလုံး အဆုံးသတ်သွားမှာပဲ”

တစ်ဘက်မှ အရေးမစိုက်ဟန် ပြန်ပြောလိုက်၏။ သူတို့သည် ရီဖူရှင်း၏စကားများကို အရေးမထားပေ။

“ပေါင်းစည်းတာက ဒီလောက် မမြန်နိုင်ပါဘူး...”

ရှီးချီယောင်သည် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“ရှင်တို့တွေအကုန်လုံး အဲဒါကို ဘယ်လို လုပ်ခဲ့တာလဲ”

သူမသည်လည်း ထိုသူများကဲ့သို့ပင်ဖြစ်၍ အချို့ကိစ္စများကို သိပေသည်။

“ရှင်တို့အားလုံး ဒီအဆင့်ရောက်ဖို့ ဘယ်လိုနည်းလမ်းတွေကို သုံးခဲ့ကြတာလဲ”

ရှီးချီယောင် ဆက်မေးလိုက်သည်။

ရီဖူရှင်းမှာလည်း ရှီးချီယောင်၏စကားများကို ကြားသောအခါ အံ့အားသင့်သွားသည်။ ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် မေးလိုက်လေသည်။

“ခင်ဗျားတို့အားလုံး လူသားဘုံကို သွားခဲ့တာလား”

သူသည် ထိုအကြောင်းကို သိပေသည်။

ယခင်က လူသားဘိုးဘေးသည် သူ့ထံသို့ လူတစ်ယောက်စေလွှတ်၍ ဖိတ်ခေါ်ခဲ့သည်ကို သူမှတ်မိပေသေးသည်။ ထိုစဉ်က လူသားဘုံသည် ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူအချို့ကိုလည်း သူတို့နှင့်ပူးပေါင်းရန် စည်းရုံးလိမ့်မည်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်။

သို့ဆိုလျှင် ထိုရှေးဟောင်းနတ်ဘုရားကလန်ကြီးများသည် လူသားဘုံနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ထို့အပြင် ထိုရှေးဟောင်းနတ်ဘုရားကလန်များအားလုံးတွင် မဟာအင်ပါယာဟောင်းများ ရှိကြသည်။ လူသားဘိုးဘေး၏ ကတိသည် သူတို့ကို အဆွဲဆောင်နိုင်ခဲ့ဆုံးအရာဖြစ်ပေလိမ့်မည်။

ဗုဒ္ဓကုန်းမြေအရှင်သခင်၏မျက်လုံးများထဲတွင် စူးရှသော သတ်ဖြတ်လိုက်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ နတ်စွမ်းအား ထွက်ပေါ်လာပြီး သူသည် သူ၏လက်များကို မြှောက်ကာ ကောင်းကင်ထဲရှိ ရှီးချီယောင်ကို တည့်တည့်ညွှန်ပြလိုက်သည်။ လက်ချောင်းသည် ကောင်းကင်ကို ထွင်း‌ဖောက်သွားပြီး ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရုတ်ခြည်းပင် ရှီးချီယောင်ထံသို့ ဦးတည်သွားသည်။

“ဝုန်း...”

မှုန်ဝါးဝါးအရိပ်တစ်ခု ဖျတ်ခနဲ ဖြတ်သွား၏။ ရီဖူရှင်း ထွက်ပေါ်လာပြီး ရှီးချီယောင်ကို သူမ၏မူလနေရာနှင့်အဝေးသို့ ခေါ်ဆောင်သွားသည်။

ကြောက်မက်ဖွယ်နတ်စွမ်းအားသည် ဟင်းလင်းပြင်ကိုသာ ထိုးစိုက်သွား၏။ နတ်စွမ်းအား ထိုးဖောက်ခံလိုက်ရသည့် ကောင်းကင်တွင် တွင်းကြီးတစ်တွင်းဖြစ်သွားသကဲ့သို့ပင် ထင်ရသည်။

“နောက်ဆုတ်...”

ရီဖူရှင်း ပြောလိုက်၏။ ယခင်က ရှီးချီယောင်၏စွမ်းရည်သည် ထိုသူများနှင့် တူခဲ့သည်။ သို့သော် ယခုတွင် သူမသည် ထိုသူများ၏ပြိုင်ဘက် မဟုတ်တော့ချေ။ ထိုလူများသည် ပူးကပ်ခံလိုက်ရပြီဖြစ်ပြီး အရေးပါသော ပြောင်းလဲမှု ပြီးဆုံးသွားပြီဖြစ်သည်။

ထိုသူများသည် ယခုတွင် မည်မျှသန်မာနေပြီဖြစ်ကြောင်း ရီဖူရှင်း မသိပေ။ သို့သော် ထိုသူများသည် ရီအင်ပါယာနန်းတော်အတွင်းသို့ ကျူးကျော်လာဝံ့သဖြင့် သူတို့ကို သတ်နိုင်လိမ့်မည်ဟု အလွန်ယုံကြည်မှုရှိနေပုံပေါ်လေသည်။

“အားလုံး နောက်ဆုတ်ကြ”

ရီဖူရှင်း ပြောလိုက်၏။ ရုတ်ခြည်းပင် လူများစွာ နောက်ဆုတ်သွားကြ၏။ ထိုကဲ့သို့သော တိုက်ပွဲအတွင်း၌ သူတို့ များများစားစား လုပ်နိုင်မည် မဟုတ်ကြောင်း သူတို့အားလုံး သဘောပေါက်ပေသည်။

ကျယ်ပြောသော ရီအင်ပါယာနန်းတော်သည် အလွန်ထိုင်းမှိုင်းလာသည်။ ဤနေရာသည် ကျယ်ပြောသော်လည်း ထိုအဆင့်ရှိသည့် သန်မာသောကျင့်ကြံသူများအတွက်မူ အရေးမပါပေ။ သူတို့၏တိုက်ခိုက်မှုများသည် နတ်တော်တစ်ခွင်လုံးကို တိုက်ရိုက် ဖုံးလွှမ်းနိုင်ပေသည်။

ရီဖူရှင်းတွင် အတွေးတစ်ခုရှိ၏။ ရုတ်ခြည်းပင် ကြောက်မက်ဖွယ် အင်ပါယာဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ ကောင်းကင်ထက်တွင် အစိမ်းရောင်နတ်အလင်း တောက်ပလာ၏။ တစ်ချိန်တည်းမှာပင် ရီအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်ထဲ၌ မရေမတွက်နိုင်အောင်များပြားသော သင်္ကေတများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် အလင်းကန့်လန့်ကာတစ်ခုကဲ့သို့ပင်။ ထိုသင်္ကေတအားလုံးသည် ဓားလမ်းစဉ်သင်္ကေတများဖြစ်ကြပြီး အားကောင်းသော ဓားချီဓာတ်ပါဝင်ပေသည်။

တစ်ချိန်တည်းမှာပင် ရီအင်ပါယာနန်းတော်ထိပ်တွင် အင်ပါယာအဆင့် နတ်ဓားတစ်ချောင်း လှည့်ပတ်နေလေသည်။ ၎င်းသည် အားကောင်းသော ဓားဝိညာဉ်စွမ်းအားဖြင့် တုန်ခါနေ၏။

ရီဖူရှင်းသည် ဤနေရာရှိ လောကနှင့် တစ်သားတည်းကျသွားသည်ဟု ထင်ရ၏။ သူ၏ဝိညာဉ်စွမ်းအားသည် ဤနယ်မြေ၏ဝိညာဉ်စွမ်းအားဖြစ်လာသည်။ ကောင်းကင်ထက်မှ သင်္ကေတများသည်လည်း အထက်ရှဆုံးနတ်ဓားများအဖြစ် ပြောင်းလဲသွားပြီး ဧရာမနတ်ဓားကြီးတစ်ချောင်းအဖြစ် လျင်မြန်စွာ ပေါင်းစည်းသွားကြလေသည်။

ထို့နောက်တွင် ရီဖူရှင်းသည် အောက်သို့ ညွှန်ပြလိုက်သည်။ ရုတ်ခြည်းပင် နတ်ဓားကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် အောက်ဘက်သို့ ကျဆင်းသွားသည်။ ၎င်းနှင့်အတူ အားကောင်းသော ဓားဝိညာဉ်စွမ်းအားကိုလည်း သယ်ဆောင်သွားသည်။

ရွှစ်...

စူးရှသောအသံက ဟင်းလင်းပြင်ကို ထိုးခွဲသွား၏။ ကြောက်မက်ဖွယ် နတ်ဓားသည် အကွာအဝေးကို တမဟုတ်ချင်း ဖြတ်ကျော်၍ ဗုဒ္ဓကုန်းမြေအရှင်သခင်ထံသို့ အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်ကျဆင်းလာလေသည်။

ထိုဓားတိုက်ကွက်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် လောကကြီးကို ဖျက်ဆီးပစ်နိုင်သော ဓားတစ်ချောင်းကဲ့သို့ မြေပြင်ကို ထက်ခြမ်းဖြစ်သွားစေသည်။ ၎င်းသည် ခက်ထန်ကာ လွှမ်းမိုးအားကြီးပြီး အာကာပြင်ကိုလည်း စုတ်ဖြဲသွားသည်။ ကောင်းကင်၏ထိုအပိုင်းတွင် မရေမတွက်နိုင်အောင်များပြားသော ဓားဝိညာဉ်စွမ်းအားတန်းများ ပြည့်နှက်သွားပေသည်။

“အင်ပါယာလက်နက်... နတ်အစီအရင်”

ရှေးဟောင်းနတ်ဘုရားကလန်များမှ သန်မာသောကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ မဟာအင်ပါယာအားလုံးသည် ဝင်ရောက်လာသော ဓားကို ကြည့်ရင်း မှင်တက်နေကြ၏။ သူတို့ ယခင်က မလာခဲ့ခြင်းသည် ထင်ထားသလိုပင် မှန်ကန်ခဲ့ပေသည်။ အကယ်၍ သူတို့သာ ယခင်က ဤနေရာကို တိုက်ခိုက်ခဲ့ပါက ထိုကဲ့သို့သော နတ်ဓားတိုက်ခိုက်မှုတစ်ခုကို သူတို့ ခုခံနိုင်လောက်မည် မဟုတ်ချေ။

နတ်စွမ်းအားမုန်တိုင်းတစ်ခုသည် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ပတ်ပတ်လည်တွင် ရုတ်တရက် ထွက်ပေါ်လာ၏။ ရုတ်ခြည်းအတွင်း ဖော်ထွင်း၍မရနိုင်သော နတ်အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွား၏။ သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ ဗုဒ္ဓကုန်းမြေနတ်စွမ်းအားသည် ကြောက်မက်ဖွယ် အလင်းကန့်လန့်ကာတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

သူ့နောက်တွင် နတ်ဘုရားတစ်ပါး ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် နတ်စွမ်းအားမုန်တိုင်းနှင့် ဗုဒ္ဓကုန်းမြေ၏ရှေးဟောင်းနတ်ဘုရားသည် အရှေ့သို့ ညွှန်ပြလိုက်ကြသည်။ ၎င်းသည် စစ်မှန်သော ကောင်းကင်နတ်ဘုရား၏ ညွှန်ပြမှုကဲ့သို့ပင် ထင်ရသည်။

မရေမတွက်နိုင်အောင်များပြားသော လက်ချောင်းအလင်းတန်းများ အရှေ့သို့ ဖြာထွက်သွား၏။ ၎င်းတို့အားလုံးသည် ဗုဒ္ဓကုန်းမြေနတ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းပင်။ ထို့နောက် ညွှန်ပြထားသော လက်ချောင်းသည် ပြင်းထန်စွာ ကျဆင်းလာသည့် နတ်ဓားဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ဓားတိုက်ခိုက်မှုကို မရှောင်လိုက်ဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

သူ၏လက်ရှိအဆင့်တွင် မဟာအင်ပါယာအဆင့်အောက်မှ မည်သူမဆို ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်သည်။ သူ ဂရုမစိုက်ပေ။ မဟာအင်ပါယာအစစ်အမှန်တစ်ယောက်က အင်ပါယာလက်နက်များနှင့် နတ်အစီအရင်များကို ထုတ်လွှတ်လိုက်လျှင်လည်း သူ အဘယ့်ကြောင့် ဂရုစိုက်ရမည်နည်း။

တိုက်ခိုက်မှုနှစ်ခု အချင်းချင်း ထိခတ်သွားသည်။ ရီအင်ပါယာနန်းတော်တစ်ခွင်လုံးမှနေ၍ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ အာကာပြင်သည် စုတ်ဖြဲခံလိုက်ရပြီး အဖျက်လေမုန်တိုင်းသည် နယ်မြေတစ်ခွင်ကို ရိုက်ခတ်သွားသကဲ့သို့ပင်။ ဗုဒ္ဓကုန်းမြေနတ်စွမ်းအားသည် ဖျက်ဆီး၍မရနိုင်သော ထက်ရှသည့် နတ်စွမ်းအားဖြစ်သည်။ ၎င်းသည် ဧရာမဓားကြီးနှင့် ထိခတ်သွားစဉ်မှာပင် ၎င်းကို တိုက်ရိုက် ထိုးဖောက်သွား၏။ ဧရာမနတ်ဓားကြီးသည် အလယ်မှနေ၍ တစ်စတစ်စ ကျိုးပဲ့လာပြီး ပျက်စီးသွားသည်။

နတ်ဓား ဖျက်ဆီးခံလိုက်ရသော်လည်း ဗုဒ္ဓကုန်းမြေနတ်စွမ်းအားက ကျန်ရှိနေပေသေးသည်။

အဖျက်လေမုန်တိုင်း တကွဲတပြား ဖြစ်သွားသောအခါ ရီဖူရှင်း၏မျက်လုံးများ အလွန်မှိုင်းညို့သွား၏။ သူသည် ကောင်းကင်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်၏။ သူသည် ထိုတိုက်ခိုက်မှုမှနေ၍ တစ်ဘက်လူ၏ စွမ်းရည်ကို ခံစားနိုင်ပေသည်။ တိုက်ခိုက်လိုက်သူမှ တစ်ယောက်တည်း ဖြစ်သော်လည်း ထိုတစ်ယောက်ကပင် ဤမျှသန်မာနေပြီဖြစ်သည်။ သူ့ဘေးတွင် ထိုအဆင့်ရှိသူများ အများအပြား ရှိနေပေသေးသည်။ သူသည် ထိုသူများကို မည်သို့ တန်ပြန်တိုက်ခိုက်နိုင်မည်နည်း။

ဗုဒ္ဓကုန်းမြေအရှင်သခင်၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုဟန် အရိပ်အယောင်အချို့ရှိနေ၏။ သူတို့သည် ဤနေရာသို့ လာသည့်လမ်းတစ်လျှောက်တွင် သတ်ဖြတ်မှုများ ပြုခဲ့ပြီး သက်ရှိအားလုံးကို ရှင်းပစ်ခဲ့ပေသည်။ သို့သော် ယခုတွင် သူသည် ထိုမျှ စိတ်မရှည်ဖြစ်မနေတော့ပေ။ သူသည် မဟာအင်ပါယာတစ်ပါးဖြစ်လာနိုင်ရန် အရည်အချင်းမီသည့် ရီဖူရှင်းကဲ့သို့သော ကျင့်ကြံသူတစ်ယောက်ကို သတ်ရမည်ကို စိတ်မကောင်းဖြစ်နေလေသည်။

All Chapters