ဂုဏ်သိက္ခာရှိရှိ သေရမည်လော
Vol. 195 Ch. 2783
“ရီဖူရှင်း... ငါ မင်းကို အသက်ရှင်နိုင်မယ့် နည်းလမ်းတစ်ခု ပေးနိုင်တယ်။ မင်း အဲဒီနည်းလမ်းကို ရွေးမှာလား”
ဗုဒ္ဓကုန်းမြေအရှင်သခင်က မေးလိုက်၏။ သူ၏အသံတွင် ထွင်းဖောက်နိုင်စွမ်းရှိသော စွမ်းအားပါဝင်ပြီး ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် နားစည်များ နာကျင်လာသည်ကို ခံစားလိုက်ရ၏။
မဟာအင်ပါယာဟောင်းသည် ဗုဒ္ဓကုန်းမြေအရှင်သခင်နှင့် ပေါင်းစည်းကာ တစ်သားတည်းဖြစ်လာပေပြီ။ သူသည် သူ၏နတ်စွမ်းအားကို ပြန်ရခဲ့၏။ သူ၏စွမ်းအားအကုန်လုံး ပြန်မရသေးသော်လည်း သူသည် အင်ပါယာအဆင့်အောက်တွင် ရောက်နေပေပြီ။
ရီအင်ပါယာနန်းတော်မှ လူများသည် ထိုအခြင်းအရာကို ခံစားနိုင်ပေသည်။ သူတို့သည် မျှော်လင့်ချက်မဲ့နေကြပြီး ကောင်းကင်ထဲရှိ ရီဖူရှင်းကို မော့ကြည့်လိုက်ကြသည်။
ယနေ့တွင် သူတို့သည် ရှောင်လွှဲ၍ မရနိုင်သော အန္တရာယ်ကို ရင်ဆိုင်ရတော့မည့်ပုံပင်။ ဤတစ်ကြိမ်တွင် သူတို့သည် အခြေအနေများကို ပြောင်းပြန်လှန်နိုင်ပါမည်လော။
“အသက်ရှင်နိုင်မယ့် နည်းလမ်းလား...”
ရီဖူရှင်းက ဗုဒ္ဓကုန်းမြေအရှင်သခင်ကို ကြည့်လိုက်၏။ လက်ရှိအခြေအနေများအောက်တွင် ဤကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ တစ်ခုသာ ရှိကြောင်း သူ ရှင်းရှင်းလင်းလင်း နားလည်ပေသည်။ မဟာအင်ပါယာအဆင့်အောက်မှ လူအားလုံးသည် ပုရွက်ဆိတ်များသာဖြစ်သည်။ သူသည် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ ခြေရင်းတွင် ဝပ်တွား၍ ဗုဒ္ဓကုန်းမြေအရှင်သခင်၏ ထိန်းချုပ်မှုကို နာခံကာ အရာအားလုံးကို လက်လွှတ်လိုက်ရမည်ဖြစ်သည်။ ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ထိုအရာကို အလိုရှိခြင်းပင်။
အမှန်တွင် အတိတ်တွင်ဖြစ်ခဲ့သော အရှုပ်အထွေးများကြောင့် ဤအခြေအနေကို ဖြေရှင်း၍မရတော့ပေ။ တစ်ဘက်ဘက်ကတော့ ပျက်သုဉ်းမှ ရပေမည်။
သို့သော် သူသည် အမှန်ပင် ခြေတစ်လှမ်း နောက်ကျခဲ့ပုံပင်။ တစ်ဘက်မှလူများသည် နောက်တစ်ဆင့်သို့ ခြေတစ်လှမ်းစောကာ ရောက်သွားခဲ့သည်။ သို့သော် ထိုသို့ရောက်ခဲ့ခြင်းမှာ လူသားဘိုးဘေးကြောင့် ဖြစ်နိုင်ပေသည်။
သို့သော် လုပ်ငန်းစဉ်သည် အရေးမကြီးပေ။ ရလဒ်ကသာ အရေးကြီးပေသည်။
ဗုဒ္ဓကုန်းမြေအရှင်သခင် စကားပြောနေစဉ်တွင် ကောင်းကင်ထဲ၌ အကန့်အသတ်မဲ့ နတ်အစီအရင်တစ်ခု ထွက်ပေါ်လာ၏။ နတ်အစီအရင်ထဲတွင် အကန့်အသတ်မဲ့ကာ အဆုံးမဲ့သော ဓားဝိညာဉ်စွမ်းအား ပါဝင်ပေသည်။ ထိုစွမ်းအားသည် နတ်ဘုရားပြစ်ဒဏ်ပေးစွမ်းအားကဲ့သို့ပင်။
ရီဖူရှင်း တစ်ချက်ကြည့်သည်။ ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုမှ ပြန်ရှင်သန်လာသော မဟာအင်ပါယာတစ်ပါးက တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
သူ တစ်ချက်တွေးတောလိုက်ရာ ကောင်းကင်ထဲတွင် ကြောက်မက်ဖွယ် အာကာသမုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။ ဤနေရာရှိ စည်းမျဉ်းများလည်း ထွက်ပေါ်လာပြီး ကျယ်ပြောသောအာကာပြင်ထဲတွင် မရေမတွက်နိုင်အောင် များပြားသော ဝါးမျိုအာကာနယ်ပယ်များ ထွက်ပေါ်လာ၏။ ထို့အပြင် ကြီးမားသော ဝါးမျိုဘီးဘုံးတစ်ခုလည်း ထွက်ပေါ်လာ၏။ ၎င်းသည် လောကအတွင်းရှိ အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိသည့် အာကာသတွင်းနက်တစ်ခုနှင့် တူလေသည်။
ထိုအာကာသတွင်းနက်မုန်တိုင်းကြီး၏ အပြင်ဘက်တွင် အလွန်အားကောင်းသော အာကာသစည်းမျဉ်းများ ပြည့်လျှံနေသည်။ ကောင်းကင်ထဲတွင် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအား နိုးထလာသကဲ့သို့ပင် ထင်ရသည်။ မူလက ဤနယ်မြေထဲတွင် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအား ရှိခဲ့ဖူး၏။ ဤနယ်မြေသည် တစ်ချိန်က တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ မဟော်ရာဂီအိမ်တော် တည်ရှိခဲ့သော နယ်မြေဖြစ်သည်။
ရီဖူရှင်း၏မျက်လုံးများ ပြောင်းလဲသွား၏။ သူ၏ခန္ဓာကိုယ်သည် အာကာပြင်နှင့် ပေါင်းစည်းသွားပြီး အာကာသတွင်းနက်ကြီးထဲတွင် ပျောက်ကွယ်သွားသည်။
ထိုလေမုန်းတိုင်းကြီးသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွား၏။ အာကာသတွင်းနက်ကြီးသည် မဟာလမ်းစဉ်စွမ်းအား အပါအဝင် လောကအတွင်းရှိ အရာအားလုံးကို ဝါးမျိုလိုက်သည်။ ထို့ကြောင့် ဓားဝိညာဉ်စွမ်းအားများသည် အာကာသတွင်းနက်ကြီးအတွင်းသို့ စုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။
“စိတ်ဝင်စားစရာပဲ”
ဗုဒ္ဓကုန်းမြေအရှင်သခင်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ၏ရွှေရောင်မျက်လုံးများထဲတွင် နတ်စွမ်းအားရှိနေပြီး လွန်စွာထက်ရှနေသည်။
“ရှေးခေတ်တပ်ဖွဲ့ရှစ်ဖွဲ့က မဟော်ရာဂီရဲ့ ဝိညာဉ်စွမ်းအား... ကံဆိုးတာက အခုခေတ်မှာ မဟော်ရာဂီကိုယ်တိုင် မရှိတော့တာပဲ”
သူ ပြောပြီးပြီးချင်းတွင် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ကောင်းကင်ထဲရှိ ကြောက်လန့်ဖွယ် ဝါးမျိုမုန်တိုင်းကို ဂယက်ထသွားစေ၏။ ပြန်လည်မွေးဖွားလာသော အခြားမဟာအင်ပါယာများသည်လည်း သူတို့၏ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြ၏။ ရီအင်ပါယာနန်းတော်တစ်ခွင်လုံးသည် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများနှင့် ဖုံးလွှမ်းခံထားရလေသည်။ ထို့ကြောင့် လူများသည် အမှန်ပင်မွန်းကျပ်ဖွယ်ဖိအားကို ခံစားနေကြရသည်။
ဝိညာဉ်စွမ်းအားတိုင်းသည် မဟာအင်ပါယာအဆင့် ရှိပေသည်။ ထိုမဟာအင်ပါယာများသည် သူတို့၏အထွတ်အထိပ်အဆင့်သို့ ပြန်မရောက်ကြသေးသော်လည်း သူတို့သည် ထပ်မံနိုးထလာပြီဖြစ်ပြီး ပြန်ရှင်သန်လာပြီဖြစ်သည်။ ထို့ကြောင့် သူတို့၏ဝိညာဉ်စွမ်းအားသည် မဟာအင်ပါယာ၏ စစ်မှန်သောဝိညာဉ်စွမ်းအားကဲ့သို့ပင်ဖြစ်သည်။ ဗုဒ္ဓကုန်းမြေအရှင်သခင် ပြောသလိုပင် အကယ်၍ မဟော်ရာဂီဘုရင်သာ အသက်ပြန်ရှင်လာခဲ့လျှင် သူသည် သူတို့၏ဝိညာဉ်စွမ်းအားများကို ပြန်တွန်းလှန်နိုင်ပေလောက်မည်။ သို့သော် ယခုခေတ်တွင် မဟော်ရာဂီ မရှိတော့ပေ။ သို့ပေသည့် သူတို့ကတော့ အမှန်ပင် ပြန်အသက်ရှင်လာပြီဖြစ်သည်။
ဝုန်း...
ဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းနတ်ဘုရားပုံရိပ်သည် လက်တစ်ဘက်မြှောက်၍ ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် ဗုဒ္ဓကုန်းမြေနတ်စွမ်းအားသည် ထက်ရှသော ဓားအမျိုးမျိုးအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားသည်။ ဓားများသည် ဗုဒ္ဓကုန်းမြေအရှင်သခင်၏လက်မှ ပျံထွက်လာခြင်း မဟုတ်ပေ။ ၎င်းတို့သည် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး အရာအားလုံးကို ဝါးမျိုနိုင်သည့် အာကာသတွင်းနက်မုန်တိုင်းကြီးကို ထိုးစိုက်သွားကြသည်။
ထက်ရှသော ဓားအမျိုးမျိုးသည် ရှေးဟောင်းနတ်ဘုရား၏လက်မှ ပျံထွက်သွားခြင်းဖြစ်ပြီး အာကာသမုန်တိုင်းကို တိုက်ရိုက် ထိုးစိုက်နိုင်ပေသည်။ အာကာသတွင်းနက်ကြီးသည် ထိုဓားများကို ဝါးမျိုလိုက်၏။ သို့သော် ဓားတန်းကြီး၏ တစ်ဘက်အဆုံးသည် ရှေးဟောင်းနတ်ဘုရား၏လက်တွင်း၌ပင် ရှိပေသေးသည်။ နတ်စွမ်းအား ထွက်ပေါ်လာပြီး အာကာသတွင်းနက်ကြီးကို အရှိန်အဟုန်ဖြင့် လွှမ်းခြုံသွား၏။ ထိုနတ်စွမ်းအားသည် အာကာသတွင်းနက်ကြီးကို တစ်စစီဆုတ်ဖြဲပစ်ရန် ကြိုးစားနေသည်။
အာကာသတွင်းနက်မုန်တိုင်းကြီးသည် လိပ်တက်သွားပြီး ထစ်ချုန်းလာကာ ပျက်စီးတော့မလို ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရားပြစ်ဒဏ်ပေးခြင်းစွမ်းအားသည် မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများအဖြစ် ပြောင်းလဲသွားပြီး အာကာသတွင်းနက်မုန်တိုင်းကြီးကို ထိုးစိုက်လိုက်လေသည်။ ထိုရှေးဟောင်းနတ်ဘုရားသည် အာကာသတွင်းနက်ကြီးကို အားသုံး၍ ဖျက်ဆီးပစ်လိုနေသည်။
ဂျိန်း...ဂျိန်း...ဂျိန်း...
မိုးချုန်းသံများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ရီအင်ပါယာနန်းတော်အထက်တွင် ထွက်ပေါ်လာသော လေမုန်တိုင်းများသည်လည်း တစ်ပြိုင်တည်း ပြယ်လွင့် ပျက်စီးသွားကြသည်။
သန်းထောင်ချီသော နတ်ဓားများသည် တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ လျင်မြန်စွာ ပျံဝင်သွားသည်။
ရုတ်တရက် ကောင်းကင်ထဲတွင် လွန်စွာအားကောင်းသော ဓားဝိညာဉ်စွမ်းအားတန်းတစ်ခု ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် လူလေးယောက် ထွက်ပေါ်လာ၏။ ထို စွမ်းအားကြီး ဓားသမားလေးယောက်မှာ ဓားဧကရာဇ်အရှင်၊ ရီဝူချင်း၊ ရာရာနှင့် ဓားသခင်လီဟန်တို့ဖြစ်သည်။ ဓားဧကရာဇ်အရှင်က ခေါင်းဆောင်ဖြစ်ပြီး ရီဝူချင်းတို့သုံးယောက်သည် အထောက်အပံ့များဖြစ်ကြသည်။ သူတို့သည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း သူတို့ လေ့လာကျင့်ကြံထားခဲ့သော အင်ပါယာအဆင့် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး အင်ပါယာအဆင့် နတ်လက်နက်ကို နှိုးလိုက်လေသည်။ ဓားဧကရာဇ်အရှင်ကို အဓိကဓားအစီအရင်ခေါင်းဆောင်အဖြစ်ထား၍ လေမုန်တိုင်းများအထက်တွင် ဧရာမနတ်ဓားအစီအရင်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ဓားဝိညာဉ်စွမ်းအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိခတ်သွားပြီး ဟင်းလင်းပြင်ထဲတွင် ပျက်စီးသွားကာ လောကကြီးကို တုန်ခါသွားစေသည်။
“ဟင်း...”
အေးစက်စက် နှာမှုတ်သံတစ်သံကို ကြားလိုက်ရပြီး ကောင်းကင်ထက်တွင် ဟောင်ထျန်းမဟာလက်ဖဝါးချိပ်စည်းတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ပျက်စီးနေသော ဓားဝိညာဉ်စွမ်းအားကို တိုက်ရိုက် ဖြတ်သန်းသွားပြီး ကောင်းကင်ထက်ရှိ ဓားဧကရာဇ်အရှင်နှင့် အခြားသူများကို ရိုက်ချလိုက်သည်။
သူတို့သည် ၎င်းကို ခုခံရန် ဧရာမဓားကြီးဖြင့် တွန်းလိုက်ကြသည်။ သို့သော် ဟောင်ထျန်းနတ်စွမ်းအား ထွက်လာသည့်အခိုက်မှာပင် ၎င်းသည် အရာအားလုံးကို ဖိနှိပ်ပြီးဖြစ်ပေသည်။ မဟာလက်ဖဝါးချိပ်သည်းသည် ကောင်းကင်အဖြစ် ပြောင်းလဲသွားပြီး ဟောင်ထျန်းဝိညာဉ်စွမ်းအားကို ကိုယ်စားပြုနေသည်။ ၎င်းသည် အနှိုင်းမဲ့ပင်။
ဝုန်း...
ကျယ်လောင်သော ထိတိုက်သံတစ်သံနှင့်အတူ အင်ပါယာအဆင့် နတ်ဓားသည် ကျဆင်းသွားပြီး ဟောင်ထျန်းမဟာလက်ဖဝါးချိပ်စည်းကို တုန်ခါသွားစေ၏။ သို့သော် အင်ပါယာအဆင့် နတ်ဓားသည်လည်း နောက်သို့ လွင့်ပျံထွက်သွားသည်။ ဓားဧကရာဇ်အရှင်တို့ လူစုသည်လည်း လွင့်ထွက်သွား၏။ သူတို့ အင့်ခနဲညည်းလိုက်ပြီး သူတို့၏ပါးစပ်မှနေ၍ သွေးများတစ်လိမ့်ချင်း စီးကျလာလေသည်။ သူတို့သည် တိုက်ရိုက် ထိမှန်ခံလိုက်ရခြင်း မဟုတ်ပေ။ နတ်စွမ်းအားအတွင်း၌ပါသည့် ဟောင်ထျန်းဝိညာဉ်စွမ်းအားက သူတို့ကို ထိခိုက်စေခဲ့ခြင်းဖြစ်သည်။
“ပိုးကောင်တွေက သစ်ပင်တစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတာပဲ”
ဟောင်ထျန်းကလန်၏ ခေါင်းဆောင်က ပြောလိုက်၏။ သူသည် တစ်ခါက အရှင်ဟောင်ထျန်းဖြစ်ခဲ့သည်။ သူ့ကိုယ်သူ ဟောင်ထျန်း- ကျယ်ပြောသောကောင်းကင်ဟု အမည်ပေးထားသဖြင့် ယခင်က သူမည်မျှ သန်မာခဲ့သည်ကို တွေးကြည့်နိုင်ပေသည်။ သူကျင့်ကြံခဲ့သော နတ်စွမ်းအားသည် ဟောင်ထျန်းနတ်စွမ်းအားဖြစ်သည်။
ယခုတွင် သူသည် စွမ်းအား အပြည့်အဝ ပြန်မရသေးသော်လည်း သူ၏ ဝိညာဉ်စွမ်းအားနှင့် နတ်စွမ်းအားကို တစ်ပြိုင်တည်း ထုတ်လွှတ်နိုင်နေပြီဖြစ်သည်။ ဓားဧကရာဇ်အရှင်တို့သည် အင်ပါယာအဆင့်လက်နက်တစ်ခုတည်းဖြင့် သူ့ကို မည်သို့ ခုခံတိုက်ခိုက်နိုင်မည်နည်း။
သူတစ်ယောက်တည်းပင် အရာအားလုံးကို သူ့ဘာသာ ရှင်းထုတ်ပစ်နိုင်ပြီး ရီအင်ပါယာနန်းတော်အတွင်းသို့ သတ်ဖြတ် ဝင်ရောက်လာနိုင်သည်။
သို့သော် သူတို့သည် အတူတကွ လာခဲ့ကြ၏။
ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်တို့ကို ကြည့်သည်။ သူသည် အနည်းငယ် မျှော်လင့်ချက်ပျက်လာ၏။ ထိုလူများသည် အပြည့်အဝ ပြန်ရှင်သန်လာပြီဟုလည်း သူတွေးလိုက်သည်။ သူတို့သည် ပြန်ရှင်လာချင်းချင်း တိုက်ရိုက် အင်ပါယာများ ဖြစ်မသွားကြသော်လည်း မဟာအင်ပါယာတစ်ဝက်များ ဖြစ်နေကြပြီဖြစ်သည်။ ထို မဟာအင်ပါယာတစ်ဝက်များသည် အခြား နတ်ဘုရားတစ်ဝက်ကျင့်ကြံသူများနှင့် မတူပေ။
အခြား နတ်ဘုရားတစ်ဝက်ကျင့်ကြံသူများတွင် လွန်စွာ အသေးစိတ်ကျပြီး သန်မာသော ကျင့်ကြံခြင်းအစွမ်းရှိလျှင်လည်း သူတို့သည် အထွတ်အထိပ်စွမ်းအားကို မထိနိုင်သေးပေ။ သို့သော် ထိုလူများသည် ယခင်က ထိုအထွတ်အထိပ်စွမ်းအားကို ခံစားခဲ့ဖူးကြသည်။ သူတို့သည် တစ်ချိန်က စစ်မှန်သော မဟာအင်ပါယာများ ဖြစ်ခဲ့ကြသည်။
“ရီဖူရှင်း... မင်း ဒီနေ့ ဒီမှာသေရမှာ ဂုဏ်ရှိတယ်လို့ မှတ်လိုက်”
ဟောင်ထျန်းကလန်ခေါင်းဆောင်က ပြောလိုက်၏။ သူ့အသံသည် ကောင်းကင်ထဲတွင် ပဲ့တင်ထပ်သွား၏။
ရီဖူရှင်းသည် သူတို့လက်ချက်ဖြင့် သေရမည်ဖြစ်၍ ဂုဏ်ရှိနေဦးမည်ဖြစ်သည်။ မဟာအင်ပါယာများစွာသည် ယနေ့တွင် ရီဖူရှင်းကိုသတ်ရန် ပူးပေါင်းခဲ့ကြသည်။
“မင်းက မဟာအင်ပါယာတစ်ပါးရဲ့ မျိုးဆက်ဖြစ်ပြီး မဟာအင်ပါယာတွေရဲ့ အမွေဆက်ခံသူဖြစ်လို့ အရှုံးမပေးချင်ဘူးပေါ့လေ။ ကောင်းပြီး... အဲဒါဆို ငါ ဒီနေ့ မင်းကို ဂုဏ်သိက္ခာရှိရှိ သေခိုင်းလိုက်မယ်။ မင်း အေးအေးချမ်းချမ်း အနားယူနိုင်ပါပြီ”
ဗုဒ္ဓကုန်းမြေအရှင်သခင်က ပြောလိုက်၏။ သူ၏လေသံသည် လွန်စွာအေးစက်နေပြီး စိတ်ကြီးဝင်နေသံပေါက်ပေသည်။
ရီဖူရှင်းသည် သူ၏လက်ချက်ဖြင့် သေရမည်ဖြစ်၍ ဂုဏ်ရှိ၏။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ကြီးမြတ်သော မဟာအင်ပါယာများဖြစ်၍ပင်။ သူတို့ လက်ထဲတွင် သေရသည်ပင် ဂုဏ်ရှိပေရာ သူတို့အတူတကွ ပူးပေါင်း၍ ရီဖူရှင်းကို လာသတ်ရသည်ဆိုသော အချက်သည် သူ့အတွက် မည်မျှဂုဏ်ရှိစေသည်ကို ပြောရန်ပင် မလိုပေ။
ကောင်းကင်ဒေသအတွင်းရှိ မည်သည့်သူမှ ထိုဂုဏ်ကို မရနိုင်ပေ။
သူ့ကို သတ်ခြင်းသည် သူဂုဏ်ရှိစေပေမည်။ ထိုစကားသည် မည်သို့ စိတ်ကြီးဝင်နေမှုပေနည်း။ မည်သို့သော လှောင်ပြောင်ခြင်းမျိုးနည်း။ သို့သော် ထိုလူများသည် တစ်ချိန်က မဟာအင်ပါယာများ ဖြစ်ခဲ့ဖူးသည်။ ယခုတွင် ရီအင်ပါယာနန်းတော်ထဲရှိ စွမ်းအားကြီးကျင့်ကြံသူအားလုံးသည် မွန်းကျပ်ဖွယ်ဖိအားကိုသာ ခံစားနေကြရသည်။
ဖိအားအရှိန်အဝါသည် အားလုံးကို လွှမ်းခြုံထားသည်။ ယနေ့တွင် သူတို့သတ်မည့်သူမှာ ရီဖူရှင်းတစ်ယောက်တည်းသာ မဟုတ်ပေ။ မဟာအင်ပါယာအုပ်စုသည် လူအားလုံး၏အသတ်ကို တစ်စိုးတစ်စိပင် အရေးမထားချေ။ မဟာအင်ပါယာအဆင့်အောက်မှ အရာအားလုံးသည် ပုရွက်သာသာမျှသာဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ ရှုံးနိမ့်ခဲ့လျှင် ယနေ့တွင် ဤနေရာမှ လူအားလုံးသည် သေဆုံးသွားရမည်ဖြစ်သည်။ မဟာအင်ပါယာများသည် မည်သူ့ကိုမှ အလွှတ်ပေးမည် မဟုတ်ပေ။
ရီအင်ပါယာနန်းတော်တစ်ခုလုံးသည် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သည်။
ထိုအခိုက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် ပိုမြင့်သော ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ သူ၏ကိုယ်တွင်းမှ ချီဓာတ် အရှိန်အဟုန်ဖြင့် ထွက်လာပြီး အပြင်လောကသို့ စီးဆင်းသွား၏။ သူ၏သက်စောင့်ဟော်နန်းအတွင်းမှ မြစိမ်းရောင် နတ်အလင်းသည် လောက၏ ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းသွားသည်။ သူ၏ကိုယ်ပိုင်ဝိညာဉ်စွမ်းအားသည်လည်း လောကအတွင်းသို့ ပေါင်းစည်းသွားသည်။
ပြီးခဲ့သော နှစ်ပိုင်းအတွင်း၌ သူ၏ကျင့်ကြံခြင်းသည် သူ၏စွမ်းရည်များကို သိသိသာသာ တိုးတက်လာစေခဲ့၏။ သူသည် ယခင်ကထက် များစွာသန်မာလာပြီဖြစ်သည်။ သို့သော် သူသည် ရှေးဟောင်းနတ်ဘုရားကလန်များ၏ အုပ်ချုပ်သူများနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ပေ။ သူ ရင်ဆိုင်နေရသည့်သူများမှာ ပြန်ရှင်သန်လာသော မဟာအင်ပါယာများဖြစ်ပေသည်။
ထို့အပြင် ထိုပြန်ရှင်လာသော မဟာအင်ပါယာသည် တစ်ဦးတည်းမဟုတ်ချေ။
ထိုကဲ့သို့သော အခြေအနေများအောက်တွင် သူသည် ရှေးဟောင်းမဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားကို ငှားယူ၍ အမွေအနှစ်နယ်မြေအတွင်းရှိ မဟော်ရာဂီဝိညာဉ်စွမ်းအားနှင့် အပြည့်အဝပေါင်းစည်းကာ ခုခံတိုက်ခိုက်ပါမှ နိုင်,နိုင်ချေ အနည်းငယ် ရှိမည်ဖြစ်သည်။
သန်မာသောကျင့်ကြံသူအုပ်စုသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်အလား ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများထဲတွင် သရော်တော်တော် အရိပ်အယောင်များ ရှိနေသည်။ ရီဖူရှင်းသည် အရှုံးမပေးသေးဘဲ အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် ကြိုးစားနေသည်။ သူသည် အိပ်မက်,မက်နေခြင်းပင်။
“လူတွေက အမြဲတမ်း ထင်ယောင်ထင်မှားတွေ ဖြစ်နေကြတာပဲ။ သူတို့က မျှော်လင့်ချက်မဲ့နေပြီ... ဒါပေမဲ့ စိတ်ကူးယဉ်အတွေးတွေကို ဆုပ်ကိုင်ထားကြတုန်းပဲ။ ဒါက မသေခင် ရုန်းကန်တာလေးပါပဲ။ ပုရွက်ဆိတ်တစ်ကောင်က ရုန်းကန်တော့လည်း ဘာအဓိပ္ပာယ်ရှိမှာလဲ”
ဟောင်ထျန်းကလန်ခေါင်းဆောင်က ကျယ်လောင်စွာ ပြောလိုက်၏။ သူ၏အသံသည် အရေးမစိုက်သည့် အသံဖြစ်ပြီး မောက်မာနေသည်။ သူသည် ရီဖူရှင်းကို အနည်းငယ်ပင် မလေးစားချေ။ သူသည် ဟောင်ထျန်းကလန်၏ အုပ်ချုပ်သူ မဟုတ်တော့ပေ။
ရီအင်ပါယာနန်းတော်မှ စွမ်းအားကြီးကျင့်ကြံသူများသည် ထိုအသံကို ကြားလိုက်သောအခါ ထိုသူသည် သွေးနာထင်ရောက်နေသည်ဟု မထင်ခဲ့ကြပေ။ ထိုအသံသည် တည်ကြည်လေးနက်၍ အမှန်တရားတစ်ခုကို ဖော်ပြနေသည်ဟုသာ ထင်ခဲ့ကြသည်။ ထိုအသံသည် မဟာအင်ပါယာတစ်ပါး၏ အသံပင်။ အသံနှင့်အတူ နတ်အရှိန်အဝါလည်း ပါလာလဲ့ပေသည်။ လူများသည် ပုရွက်ဆိတ်သာသာမျှဖြစ်ပြီး သူတို့မှာမူ လောကကြီး၏ အုပ်စိုးသူများဖြစ်သည်။
ပုရွက်ဆိတ်တစ်ကောင်အနေဖြင့် ရုန်းကန်နေလျှင်လည်း မည်သည့်အဓိပ္ပာယ်ရှိမည်နည်း။
ရီဖူရှင်းသည် သူတို့ ပြန်ရှင်သန်လာပြီးနောက် သတ်လိုခဲ့သော ပထမဆုံးလူဖြစ်နိုင်၏။ သို့တည်းမဟုတ် ရီဖူရှင်းသည် ပထမဆုံး”ပြိုင်ဘက်”ဖြစ်နိုင်သည်။ ထို့ကြောင့်သာ သူတို့သည် အနည်းငယ် စကားများများ ပြောနေခြင်းဖြစ်သည်။
သူတို့သည် ရီဖူရှင်းကို အမှန်တကယ် ပြိုင်ဘက်တစ်ယောက်ဟု မမြင်သော်လည်း ရီဖူရှင်းကို အနည်းငယ်”လေးစားမှု”ပြခဲ့ပေသည်။ သူတို့၏မျက်လုံးထဲတွင် သူတို့ ရီဖူရှင်းကို သတ်ရန် အတူစုပေါင်း၍ ကိုယ်တိုင်ကိုယ်ကျ လာခဲ့ကြခြင်းမှာ ရီဖူရှင်းကို လေးစားကြောင်း ပြသခြင်းဟု မြင်ပေသည်။ ထိုအရာသည် ရီဖူရှင်း၏ ဂုဏ်ပင်။ သူသည် ဂုဏ်သိက္ခာရှိရှိ သေရပေလိမ့်မည်။
“သေလိုက်တော့...”
တည်ငြိမ်သောအသံတစ်သံက ပြောလိုက်၏။ ထိုအသံသည် ဆုံးဖြတ်ပြီးသော ရလဒ်တစ်ခုကို ကြေညာလိုက်သံတစ်သံကဲ့သို့ပင်။
ကောင်းကင်ထဲတွင် ဟောင်ထျန်းအရှိန်အဝါထွက်ပေါ်လာပြီး နယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ သူ့ခန္ဓာကိုယ်အထက်တွင် မျက်နှာတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ဟောင်ထျန်းကို ကိုယ်စားပြုပုံပင်။
ထို့နောက်တွင် ၎င်းမျက်နှာသည် ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့သော ဧရာမပုံရိပ်ကြီးအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် လက်တစ်ဘက်မြှောက်၍ အောက်ဘက်ကောင်းကင်ကို ရိုက်ချလိုက်သည်။ မရေမတွက်နိုင်အောင်များပြားသော ဟောင်ထျန်းမဟာလက်ဖဝါးချိပ်စည်းများ အပြင်းအထန် ကျဆင်းသွားသည်။ မြေပြင်သည် ကွဲအက်သွားပြီး အရာအားလုံး ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားသည်။ လက်ဖဝါးချိပ်စည်းများသည် ရီအင်ပါယာနန်းတော်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။
အရာအားလုံး ဖျက်ဆီးခံရတော့ပေမည်။