← Chapters

နတ်စစ်ပွဲ

Vol. 195 Ch. 2784

နတ်စစ်ပွဲ

Vol. 195 Ch. 2784

ကျဆင်းလာသော ဟောင်ထျန်းမဟာလက်ဖဝါးချိပ်စည်းများတွင် ဟောင်ထျန်းနတ်စွမ်းအား ပါဝင်ပြီး ၎င်းတို့သည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသည်။ လက်ဖဝါးချိပ်စည်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရီအင်ပါယာနန်းတော်တစ်ခွင်လုံးမှ ကျင့်ကြံသူများသည် နတ်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းသည် ဟောင်ထျန်းဖိအားပင်။ ၎င်းသည် မွန်းကျပ်ဖွယ်ဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်များ ပေါက်ထွက်တော့မတ် သူတို့၏သွေးများ ဆူပွက်လာပေသည်။ အကယ်၍ သူတို့သာ မဟာလက်ဖဝါးချိပ်စည်းအတွင်းရှိ နတ်စွမ်းအား ထိမှန်ခံရလျှင် မည်သို့ဖြစ်သွားမည်ကို သူတို့ မတွေးဝံ့ကြပေ။

သူတို့သည် ဟောင်ထျန်းနတ်လက်ဖဝါးကို လုံးဝမခံနိုင်ပေ။

ထိုစဉ် ရီအင်ပါယာနန်းတော်တစ်ခွင်လုံး၌ တောက်ပသော နတ်အလင်း လင်းလက်လာသည်။ ရွှေရောင်နတ်အလင်း ပြန့်ကားလာပြီး အံ့အားသင့်ဖွယ် အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် နတ်ဂီတသံတစ်သံသည် ကောင်းကင်ထဲတွင် ပြည့်နှက်သွားသည်။ ရီအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်တွင် လူတစ်စုထွက်ပေါ်လာ၏။ ထိုစွမ်းအားကြီးကျင့်ကြံသူအုပ်စုသည် သူတို့၏ အသွေးအသားခန္ဓာများကို အသုံးပြု၍ နတ်အစီအရင်တစ်ခုကို တိုက်ရိုက် ဖန်တီးလိုက်သည်။ သူတို့သည် ရီအင်ပါယာနန်းတော်၏ ကွဲပြာသော ဦးတည်ရာများတွင် ရပ်နေကြပြီး သူတို့၏ခန္ဓာကိုယ်များအနောက်တွင် စစ်နတ်ဘုရားပုံရိပ်များ ထွက်ပေါ်လာကာ နယ်မြေတစ်ခွင်လုံးကို လွှမ်းမိုးထားသည်။

စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ...

ရီအင်ပါယာနန်းတော်မှ လူအားလုံး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ထိုရောက်ရှိလာသူများသည် စွန့်ပစ်ခံကလန်မှ စွမ်းအားကြီးကျင့်ကြံသူများဖြစ်သည်။ သူတို့ကို စွန်ပစ်ခံကလန်၏ အကြီးအကဲများကို ဦးဆောင်လာပြီး စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူအယောက်(၃၆၀)သည် ထို မဟာစစ်ပွဲအစီအရင်ကို ဖန်တီးထားလေသည်။ လူအများအစုသည် အကူအညီပေးရန်အတွက်ဖြစ်ပြီး အမှန်တကယ် စွမ်းအားကြီးကျင့်ကြံသူများမှာ အကြီးအကဲအဆင့်ရှိသူများ ဖြစ်သည်။

ဤအကြိမ်တွင် အကြီးအကဲအားလုံး ထွက်လာခဲ့ကြ၏။ ပြင်ပကိစ္စများတွင် ဝင်ပါလေ့မရှိကြသော စွန့်ပစ်ခံကလန်၏ အကြီးအကဲများသည် လွန်စွာရှေးကျသည်ဟု ထင်ရသည်။ သို့သော် သူတို့သည်လည်း ဤတစ်ခေါက်တွင် ထွက်လာကြလေသည်။ ဤကိစ္စသည် စီဝေ့အင်ပါယာနန်းတော်၏ ကိစ္စသာ မဟုတ်ပေ။ စွန့်ပစ်ခံကလန်နှင့်လည်း တစ်နည်းတစ်ဖုံ ပတ်သတ်နေသည်။

လက်ရှိ ရီအင်ပါယာနန်းတော်တွင် စီဝေ့အင်ပါယာနန်းတော်နှင့် စွန့်ပစ်ခံကလန်တို့ ပါဝင်ပေသည်။ တစ်ဖွဲ့က စည်ပင်တိုးတက်လျှင် တစ်ဖွဲ့လည်း လိုက်ပါ တိုးတက်လာမည်ဖြစ်သည်။ အကယ်၍ တစ်ဖွဲ့က ပျက်စီးသွားလျှင်တော့ ကျန်တစ်ဖွဲ့လည်း အတူပျက်စီးသွားပေလိမ့်မည်။

ထို စွမ်းအားကြီး စစ်ပွဲအစီအရင်ထဲတွင် နတ်အလင်းသည် သိမ်မွေ့စွာ တောက်ပနေသည်။ ၎င်းအစီအရင်ကို အင်ပါယာအဆင့် ရှေးဟောင်းလက်နက်များအပေါ် အခြေခံထားခြင်းပင်။ ထို့နောက် နတ်စွမ်းအားထွက်ပေါ်လာ၏။ ၎င်းသည် ကောင်းကင်နှင့် နေလုံးကို ကာရံသွားပြီး ရီအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်ကို ဖုံးလွှမ်းသွား၏။

ဟောင်ထျန်းနတ်လက်ဖဝါးချိပ်စည်းများလည်း ကျဆင်းလာပြီး လောကကြီးကို ဖျက်စီးပစ်တော့မလို ခပ်အုပ်အုပ် ထစ်ချုန်းသံများကို ထုတ်လွှတ်လိုက်သည်။ နတ်အလင်းအလွှာသည် ရုတ်ခြည်းကွဲအက်လာပြီး တစ်စစီပျက်စီးသွားသည်။ သို့သော် ထိုစဉ်တွင် ရောက်ရှိလာသော ရှေးခေတ်မှ ပုဂ္ဂိုလ်များသည် ကောင်းကင်ထက်သို့ တွန်းလိုက်ကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျယ်လောင်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။ ဟောင်ထျန်းကလန်ခေါင်းဆောင်သည် မြင့်မားသော ကောင်းကင်ထက်တွင် ရပ်နေပြီး စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကို သူ၏နတ်မျက်လုံးများနှင့် ငေးကြည့်နေသည်။ ရှေးဟောင်းကလန်တစ်ခုသည် ထိုသို့လုပ်နိုင်စွမ်းရှိမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ သူတို့သည် သူတို့၏အသွေးအသားဖြင့် စစ်ပွဲအစီအရင်တစ်ခုကို ဖန်တီးခဲ့ပြီး သေမည်ကို မကြောက်ရွံ့ခဲ့ကြပေ။

သို့သော် ထိုလုပ်ဆောင်ချက်အားလုံးသည် အချည်းနှီးသာ။

စွန့်ပစ်ခံကလန်သည် နတ်ဘုရားများ၏ စွန့်ပစ်မှုကို ခံခဲ့ရသော ကလန်တစ်ခုသာ။ သူတို့သည် နတ်ဘုရားအစစ်အမှန်တစ်ပါးကို မည်သို့ ခုခံနိုင်မည်နည်း။

နတ်ဘုရားများကဲ့သို့ ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး ရှေးဟောင်းနတ်ဘုရားများ၏ပုံရိပ်များ ကြေမွသွားသည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူအားလုံး နတ်စွမ်းအား၏ အားကောင်းသောဖိအားကို ခံလိုက်ကြရ၏။

နတ်စွမ်းအား၏ ပဲ့တင်မှုအောက်တွင် အစီအရင်အောက်မှ စွန့်ပစ်ခံကလန်မှ စွမ်းအားကြီးကျင့်ကြံသူများစွာသည် သွေးအန်သွားကြပြီး သူတို့၏ခန္ဓာကိုယ်များ ကောင်းကင်ထက်မှ ပြုတ်ကျသွားကြလေသည်။ သူတို့သည် ဆက်၍ တောင့်မခံနိုင်တော့ဘဲ နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်းပင်။

ဖိအားအများစုကို စွန့်ပစ်ခံကလန်မှ အကြီးအကဲများက ခံလိုက်ခြင်းဖြစ်သော်လည်း သူတို့၏ကျင့်ကြံခြင်းသည် ပို၍စွမ်းအားကြီးပေသည်။ ကပ်ဘေးများကို မဖြတ်ကျော်ရသေး‌သော စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများသည် အလွန်အားနည်းနေပေသေးသည်။ သူတို့သည် ထိုဖိအားကို မခံနိုင်ဘဲ သေဆုံးမှုများ ဆက်ဖြစ်နေလေသည်။

ထို့အပြင် ဟောင်ထျန်းနတ်စွမ်းအားက ဆက်၍ တိုက်ခိုက်နေသဖြင့် စွန့်ပစ်ခံကလန်၏ အချို့အကြီးအကဲများသည် စတင် သွေးအန်လာကြ၏။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် အက်ကြောင်းများ ပေါ်လာသကဲ့သို့ပင်။ သူတို့သည် အချိန်မရွေး နေရာတွင် သေသွားနိုင်ပေသည်။

ဓားဧကရာဇ်အရှင်တို့အုပ်စုသည် ထိုအခြေအနေကို မြင်လိုက်သောအခါ နတ်ဓားကိုအသုံးပြု၍ တိုက်ခိုက်လိုက်သည်။ မျက်မမြင်ထျယ်၊ ဖန်းစွင်နှင့် အခြားသူများသည်လည်း သူတို့၏လက်နက်များနှင့် ကောင်းကင်ထက်သို့ တိုက်ခိုက်လိုက်ကြလေသည်။ ရှီးချီယောင်၊ ဂူတုံးလျှိုနှင့် မဟာအင်ပါယာအဆင့်လက်နက်များကို အမွေဆက်ခံထားသူများကဲ့သို့ တိုက်ခိုက်နိုင်သော အခြားစွမ်းအားကြီးကျင့်ကြံသူအားလုံးသည်လည်း စတင် တိုက်ခိုက်လိုက်ကြသည်။

ရှားရှင်းယွန်သည်ပင် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်တွင်သာ ရှိပေသေးသည်။ သို့သော် သူမသည် မဟာအင်ပါယာတစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိထား၏။ သူမသည် အသက်ကြာပွင့်ကို နှိုးလိုက်ပြီး ကောင်းကင်ထဲတွင် မြင့်မြတ်သောကြာပွင့်တစ်ပွင့် ထွက်ပေါ်လာစေလေသည်။ ၎င်းသည် တဖြည်းဖြည်း ကြီးထွားလာပြီး ပွင့်ချပ်များ ဖူးပွင့်လာသည်။ သူမသည် ကောင်းကင်ထက်ရှိ လူအုပ်ထံသို့ ဦးတည်းသွားလိုက်၏။ သူမထံမှနေ၍ အသက်အရှိန်အဝါ အဆက်မပြတ် စီးထွက်နေလေသည်။

သို့ပင်လျှင် လူများသည် ဆက်၍ ဒဏ်ရာရနေကြပြီး ကောင်းကင်ထက်မှ ပြုတ်ကျနေကြသည်။ ထိုအဖြစ်အပျက်သည် မယုံနိုင်လောက်အောင် ကြေကွဲဖွယ်ပင်။ ထိုအချိန်တွင် ကောင်းကင်ထဲ၌ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာ၏။ ရီဖူရှင်း၏တစ်ကိုယ်လုံး ပျောက်ကွယ်သွားပြီး လောက၏ဝိညာဉ်စွမ်းအားနှင့် တစ်သားတည်းပေါင်းစည်းသွားသည်။ နတ်ဘုရားကဲ့သို့သော မဟော်ရာဂီပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်း၏ခန္ဓာကိုယ်တွင် စပါးအုံးများစွာ တွဲလောင်းဆွဲနေသည်။

မဟော်ရာဂီဝိညာဉ်စွမ်းအားမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းပေသည့် ရှေးကျသော ကောင်းကင်နတ်ဘုရားသည် သူ၏ သွေးသံရဲရဲ ပါးစပ်ကြီးကို ဟလိုက်ပြီး ဗုဒ္ဓကုန်းမြေအရှင်သခင်နှင့် အခြားကျင့်ကြံသူများကို စတင်ဝါးမျိုလိုက်သည်။ သူ၏ပါးစပ်ကြီးသည် အရာအားလုံးကို ဝါးမျိုသွားပြီး ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားပေသည်။

တစ်လုပ်တည်းဖြင့်ပင် သူသည် ကောင်းကင်ကို ဝါးမျိုလိုက်ပြီး ထိုပုဂ္ဂိုလ်အားလုံးကို ပျောက်ကွယ်သွားစေ၏။

“ဟင်း...”

မဟော်ရာဂီပုံရိပ်မှနေ၍ အေးစက်စက် နှာမှုတ်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ၎င်းထံမှနေ၍ အလွန်တောက်ပသော နတ်အလင်းထွက်ပေါ်လာလေသည်။ အလင်းသည် တောက်ပနေပြီး ၎င်းထဲတွင် နတ်စွမ်းအား ရောယှက်နေသည်။ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာကာ မဟော်ရာဂီပုံရိပ်ကို တုန်ခါသွားစေသည်။

ဝုန်း...

ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် နတ်ဘုရားကဲ့သို့ ပုံရိပ် ပျက်စီးသွားသည်။ ကောင်းကင်ထဲတွင် ကျင့်ကြံသူအုပ်စု ပြန်ထွက်ပေါ်လာ၏။ ထိုသူများမှာ မဟာအင်ပါယာဟောင်းများဖြစ်သည်။ သူတို့ ဝါးမျိုခံလိုက်ရလျှင်လည်း ဘာအရေးနည်း။ သူတို့အားလုံးကို နတ်စွမ်းအားက ရစ်ပတ်ထားသဖြင့် သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။

သို့သော် သူတို့ ပြန်ထွက်ပေါ်လာသည့်အခိုက်တွင် ကောင်းကင်ထဲ၌ နောက်ထပ် ဧရာမမျက်နှာကြီး ထွက်ပေါ်လာ၏။ မ‌ဟော်ရာဂီမျက်နှာပင် ဖြစ်သည်။ သူသည် ကျယ်လောင်စွာ ဟိန်းလိုက်သည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဒေါသတကြီးဟိန်းသံသည် ကျင့်ကြံသူများစွာ၏ ဝိညာဉ်များကို တုန်ရင်သွားစေ၏။ ရှေးဟောင်းနတ်ဘုရားကလန်များမှ ရန်သူကျင့်ကြံသူအချို့သည် တိုက်ရိုက်လဲကျသွားကြပြီး နေရာတွင်ပင် သေဆုံးသွားသည်။ သူတို့သည် ပဲ့တင်သံများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းပင်။ ထိုဟိန်းသံတွင် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအား ပါပေသည်။

ထိုမြင်ကွင်းက မဟာအင်ပါယာများကို အနည်းငယ် အံ့အားသင့်သွားစေသည်။ ထိုအခြေအနေများအောက်တွင် သူတို့၏လူများသည် ရီဖူရှင်း၏ တိုက်ရိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသေးသည်။ ထို့ကြောင့် သူတို့၏ မျက်လုံးများထဲရှိ သတ်ဖြတ်လိုသောအငွေ့အသက်များ ပိုအားကောင်းလာသည်။ သူတို့သည် သူတို့၏မျိုးဆက်များဖြစ်သော ထိုလူများ၏ အသက်များကို ဂရုမစိုက်သော်လည်း သူတို့ရှေ့တွင် ထိုသို့သော ကိစ္စမျိုး ဖြစ်လာခြင်းမှာ မကောင်းပေ။

သူတို့ ဂရုစိုက်သည်မှာ ပုရွက်များကပင် ပြန်တိုက်ခိုက်နိုင်နေသည့် အချက်ဖြစ်သည်။ ထိုကိစ္စက သူတို့ကို အတော်လေး မကျေမချမ်းဖြစ်သွားစေသည်။

တစ်ချိန်တည်းမှာပင် တုန်လှုပ်ဖွယ် နတ်စွမ်းအား ကျဆင်းလာသည်။ နတ်ဘုရားတစ်ပါးကဲ့သို့ ဧရာမမဟော်ရာဂီပုံရိပ်ကြီးသည် နတ်ဘုရားအုပ်စိုးလက်နက်ကို ကိုင်၍ အောက်ဘက်သို့ တိုက်ရိုက် ရိုက်ချလိုက်သည်။ ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် ကောင်းကင်နှင့်နေလုံးကို ကာရံသွားပြီး နန်းတော်ဝန်းတစ်ခွင်လုံးတွင် နတ်ဘုရားအုပ်စိုးလက်နက် ပုံရိပ်များဖြင့် ပြည့်နှက်သွားသည်။ နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုစီတွင် ပြင်းထန်သောစွမ်းအား ပါလေသည်။ ကောင်းကင်သည် အလွန်လေးလံလာပြီး ထိုနတ်ဘုရားအုပ်စိုးလက်နက်များသာ ကျဆင်းလာလျှင် လောကကြီး ပြိုလဲသွားတော့မည်ဟုပင် ထင်ရသည်။

“နတ်စွမ်းအား...”

မဟာအင်ပါယာများသည် ပိုမြင့်မြင့်သို့ ပျံတက်လိုက်ကြသည်။ နတ်စွမ်းအားသည် အလင်းလွှာတစ်ခုထဲ့သို့ စီးဝင်းသွား၏။ သို့သော် နတ်ဘုရားအုပ်စိုးလက်နက်ရောက်ရှိလာသောအခါ အလင်းလွှာသည် ကွဲအက်ပျက်စီးသွားသည်။ ကောင်းကင်ထဲတွင် ပြည့်နှက်နေသော နတ်ဘုရားအုပ်စိုးလက်နက်ပုံရိပ်များသည် သူတို့ထံသို့ ကျဆင်းလာပြီး သူတို့ကို အမှန်ပင် ဖိအားခံစားနေရစေလေသည်။

သူတို့မျက်စိထဲမှ ပုရွက်ဆိတ်များသည် သူတို့ကို ဖိအားခံစားနေစေ၏။ ထိုမြင်ကွင်းကြောင့် သူတို့ မျက်မှောင်ကြုတ်သွား၏။ သူတို့အားလုံးသည် တိုက်ခိုက်ရန် သူတို့၏လက်များကို မြှောက်လိုက်ကြသည်။ ဗုဒ္ဓကုန်းမြေနတ်လက်ဖဝါးနှင့် ဟောင်ထျန်းမဟာလက်ဖဝါးချိပ်စည်းတို့ ပျံထွက်သွားသည်။

အာကာလုံးပြည့် နတ်ဘုရားအုပ်စိုးလက်နက်ပုံရိပ်များ ကျဆင်းလာသောအခါ ဗုဒ္ဓကုန်းမြေနတ်လက်ဖဝါးမှင့် ဟောင်ထျန်းမဟာလက်ဖဝါးချိပ်စည်းတို့လညး ကွဲအက်ပျက်စီးသွားသည်။ ကောင်းကင်ထက်မှ မ‌ဟော်ရာဂီ၏ တိုက်ခိုက်မှုများသည် မရပ်တန့်ခဲ့ပေ။ နတ်စွမ်းအား၏ အထောက်အပံကို ရထားသော မြစိမ်းရောင်နတ်အလင်းသည် အကန့်အသတ်မဲ့ ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံထားသည်။ နတ်ဘုရားအုပ်စိုးလက်နက် ဆက်လိုက်ကျဆင်လားပြီး ထပ်မံ တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် ကောင်းကင်ကို တုန်ခါသွားစေသည်။ ရီအင်ပါယာနန်းတော်တစ်ခုလုံး တုန်ခါနေသည်။ ထိုတိုက်ခိုက်မှုသည် အတုမဲ့၏။

All Chapters