လမ်းစဉ်ကို ဖျက်ဆီးခြင်း
Vol. 195 Ch. 2789
အချိန်သည် ရပ်တန့်သွားသကဲ့သို့ပင်။ မျက်လုံးပေါင်းများစွာသည် ကောင်းကင်ထက်ကို လှမ်းကြည့်နေပြီး ကောင်းကင်ကိုလွှမ်းခြုံထားသော အဖျက်နတ်အလင်းကို ငေးကြည့်နေကြလေသည်။
အထူးသဖြင့် ရီအင်ပါယာနန်းတော်မှ စွမ်းအားကြီးကျင့်ကြံသူများသည် ပို၍ပင် အကြည့်မခွာနိုင်ဖြစ်နေကြသည်။ သူတို့သည် ထိုအဖျက်စွမ်းအား၏ အရှိန်အဟုန်ကို မခံစားနိုင်သကဲ့သို့ မှင်တက်ကာ ငေးကြည့်နေကြ၏။ သူတို့အတွက် လောကအတွင်းရှိ အရာအားလုံး လှုပ်ရှားမှု ရပ်တန့်သွားသလိုပင် ဖြစ်သည်။
ဝုန်း...
လောကထဲတွင် ခပ်အုပ်အုပ်အသံ လွှမ်းခြုံသွားပြီး ကျယ်ပြောသော ဤနေရာကို တုန်ခါသွားစေသည်။ ထိုထိခတ်မှုသည် စက်ကွင်းကို ကွဲအက်သွားစေ၏။ သူတို့သည် တိုက်ပွဲဝင်ပုံစံ ကွဲအက်ပျက်စီးသွားပြီး နတ်အလင်းပျောက်ကွယ်သွားသည်ကို တွေ့လိုက်ကြရသည်။ ရီဖူရှင်း၏ခန္ဓာကိုယ် ပျောက်ကွယ်သွား၏။
ပြီးဆုံးသွားပေပြီ။
မဟာအင်ပါယာငါးပါးနှင့် ရှေးဟောင်းနတ်ဘုရားကလန်များမှ စွမ်းအားကြီးကျင့်ကြံသူအားလုံးတို့သည် ရီဖူရှင်းတစ်ယောက် ထိုကဲ့သို့သော တိုက်ခိုက်မှုကိုခံရပြီးနောက်တွင် ဆက်၍ရှင်သန်နိုင်ရန် မဖြစ်နိုင်ဟု တွေးလိုက်ကြလေသည်။ မဟာအင်ပါယာအဆင့်အောက်မှ အရာအားလုံး ဆက်လက်တည်ရှိနိုင်မည် မဟုတ်ပေ။ သို့သော် သူတို့သည် ကောင်းကင်သို့ ဆက်၍ငေးကြည့်နေကြသည်။ ရီဖူရှင်း သေဆုံးသွားပြီးနောက်တွင် သူ့နတ်ဘုရားအုပ်စိုးလက်နက်၏စွမ်းအား ထွက်ပေါ်လာမည်လော။
သူတို့သည် ရှေးဟောင်းနတ်ဘုရားများ ဖြစ်သော်လည်း ထိုစွမ်းအားကို အလိုရှိကြပေသေးသည်။
မိုး ဆက်လက်ရွာသွန်းနေသည်။ ကောင်းကင်မှ ကျဆင်းလာသော မိုးစက်များသည် ထူးခြားစွာထက်ရှနေပြီး အလွန်လေးလံသော စိတ်ဓာတ်ကျသည့်ခံစားချက်များ ပါဝင်နေလေသည်။ ရီအင်ပါယာနန်းတော်မှ လူများစွာသည် ငိုကြွေးနေကြသည်။ သူတို့၏မျက်ရည်များသည် မိုးနှင့်အတူ ကျဆင်းနေသည်။ ရီအင်ပါယာနန်းတော်မှ လူများစွာအတွက် ရီဖူရှင်းသည် မိသားစု၊ မိတ်ဆွေတစ်ယောက်၊ စီနီယာတစ်ယောက်နှင့် သူတို့၏ယုံကြည်ရာဖြစ်ပေသည်။
ရှီးချီယောင်သည် ခုခံမှုများကို ချိုးဖျက်၍ ရီဖူရှင်းရှိနေခဲ့သောနေရာသို့ ရောက်နေပေပြီ။ သို့သော် သူမသည် ရီဖူရှင်း၏အရိပ်အယောင်ကို မမြင်ရချေ။ သူမသည် အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ်တစ်ပါးဖြစ်သော်လည်း ထိုအခိုက်တွင် သူမပါ ငိုကြွေးနေလေ၏။ သူမ၏နတ်ဓားမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါသည် သူမကို ဝါးမျိုနေပြီး သူမ၏မျက်လုံးများကို ပြောင်းလဲနေလေသည်။
ဝှစ်...
တိတ်ဆိတ်နေသော အာကာပြင်ထဲတွင် နူးညံသောအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ မြင့်မားသောကောင်းကင်ထက် တစ်နေရာတွင် လူတစ်ယောက်ပေါ်လာ၏။ ထိုသူမှာ ရီဖူရှင်းပင်။
သူထွက်ပေါ်လာမှုသည် လူပေါင်းများစွာကို မျှော်လင့်ချက်ရောင်ခြည်သမ်းသွားစေသည်။
သူမသေခဲ့ပေ။ ရီဖူရှင်း မကျဆုံးသွားသေးပေ။ သူသည် ဤနေရာမှာပင် ရှိနေသေးသည်။
သူသည် လောကကိုပင် အဆုံးသတ်နိုင်စွမ်းရှိသည့် တိုက်ခိုက်မှုမှ အမှန်ပင် ရှင်သန်ခဲ့လေသည်။
သို့သော် ယခုတွင် ရီဖူရှင်းသည် ယဲ့ယဲ့သာ ကျန်တော့ပေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းစီးဆင်းနေဆဲဖြစ်သော်လည်း သူ့ထံတွင် မဟာလမ်းစဉ်အရှိန်အဝါ မရှိတော့ချေ။ သူ့တစ်ကိုယ်လုံး အားနည်းနေပုံပေါ်ပြီး အချိန်မရွေးပျောက်ကွယ်သွားတော့မလို ယိုင်တိုင်တိုင်ရှိနေလေသည်။ သို့သော် အသက်အရှိန်အဝါသည် သူ့ကို ဆက်၍လွှမ်းခြုံနေ၏။ သူ၏အသက်စွမ်းအင် မပျောက်ကွယ်သွားသေးပေ။
ယခုတွင် ရီဖူရှင်းသည် လုံးဝ အားအင်ကုန်ခမ်းနေပေပြီ။ သူ့ခန္ဓာကိုယ်အတွင်းရှိ လမ်းစဉ်အားလုံးသည် ဖျက်ဆီးခံလိုက်ရပေပြီ။ မဟာလမ်းစဉ် မတည်ရှိတော့ချေ။
တစ်ချိန်တည်းမှာပင် သူသည် အလွန်ဆန်းကြယ်သောအခြေအနေနှင့် တွေ့ကြုံလိုက်ရ၏။ သူသည် လောကကြီးကို ပို၍ရှင်းရှင်းလင်းလင်း သိမြင်နိုင်လာလေသည်။ သူ၏လမ်းစဉ်များ ဖျက်ဆီးခံလိုက်ရသော်လည်း သူ၏အမြင်တွင် လောကအတွင်းရှိ စွမ်းအား,အားလုံးသည် သူ့စိတ်ထဲတွင် စွဲထင်နေပုံပေါ်ပေသည်။ ထိုစွမ်းအားများထဲတွင် တစ်ဘက်မှမဟာအင်ပါယာများ၏ နတ်စွမ်းအားများလည်း ပါဝင်ပေ၏။
လမ်းစဉ်ဆိုသည်မှာ အဘယ်နည်း။ လမ်းစဉ်ဆိုသည်မှာ လောကကြီး သက်ဝင်လည်ပတ်ရန် အခြေခံသော စည်းမျဉ်းများဖြစ်သည်။ ကျင့်ကြံသူများက လမ်းစဉ်စွမ်းအားကို သင်ယူကျင့်ကြံသောအခါ သူတို့သည် လောကကြီး၏ စည်းမျဉ်းများကို အသုံးပြုနေခြင်းဖြစ်သည်။
သို့ဆိုလျှင် နတ်စွမ်းအားဆိုသည်မှာ အဘယ်နည်း။
၎င်းသည် လောကကြီးနှင့် သီးခြားဖြစ်ပြီး စည်းမျဉ်းအသစ်တစ်ခုအောက်တွင် တည်ရှိခြင်းလော သို့မဟုတ် ကိုယ်ပိုင်စည်းမျဉ်းရှိသလော။
ထိုသို့ ဖြစ်နိုင်သည်။
“အရောင်သည် ဗလာနတ္တိဖြစ်ပြီး ဗလာနတ္တိသည် အရောင်ပင်”
“လောကထဲတွင် မည်သည့်လမ်းစဉ်မှ မရှိ”
ရှေးခေတ်မှ ကျင့်ကြံသူများသည် လမ်းစဉ်ကို လမ်းညွှန်ခဲ့ပြီးဖြစ်သည်။ သို့သော် ထိုလမ်းစဉ်ပေါ်သို့ ရောက်နိုင်ရန် မလွယ်ကူချေ။
ထိုလမ်းစဉ်သည် မရေမတွက်နိုင်သော ထူးကဲသည့်ပုဂ္ဂိုလ်များကို ရပ်တန့်ခဲ့သည်။
ထိုအကြောင်းအားလုံးသည် ရီဖူရှင်း၏စိတ်ထဲတွင် ဖြတ်သန်းသွားသည်။ ထိုအတွေးများသည် တဒင်္ဂအတွင်း ပေါ်လာခြင်းပင်။ ကောင်းကင်အင်ပါယာကျန်းနှင့် အခြားသူများသည် ရီဖူရှင်းက အသက်ရှင်နေသေးကြောင်း မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့သည် ရီဖူရှင်းကို လုံလောက်သည့် လေးစားမှုပြသပြီးဖြစ်သည်ဟု သူတို့ယုံကြည်ကြ၏။ မဟာအင်ပါယာငါးပါးသည် ရီဖူရှင်းသတ်ရန် ရောက်လာကြသည်။ အကယ်၍ ရီဖူရှင်း သေသွားလျှင်ပင် ဂုဏ်သိက္ခာရှိသော သေဆုံးခြင်းပင် ဖြစ်ပေမည်။ သို့သော် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု သူတို့ထင်ထားခဲ့သော သူသည် ယခုအထိ အမှန်ပင် အသက်ရှင်နေပေသေးသည်။
သူတို့ ရောက်လာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူတို့သည် ထိုပုရွက်ဆိတ်ကို မသတ်နိုင်သေးချေ။ မဟာအင်ပါယာများအတွက် ထိုအဖြစ်သည် သိက္ခာကျစေလေသည်။
ထိုရီဖူရှင်းသည် အမှန်ပင် အသက်ပြင်းပေသည်။
“သူ အသက်ရှင်နေတယ်”
ရှီးချီယောင်သည် ရီဖူရှင်းဘက်သို့ ကြည့်လိုက်၏။ သူမသည် အန္တရာယ်ဘေးမှ သီသီလေးလွတ်ခဲ့သလို ခံစားနေရသည်။ ဘေးအန္တရာယ်သည် ပြီးဆုံးသွားသကဲ့သို့ သူ၏လှပသောမျက်ဝန်းလေးများထဲတွင် တောက်ပသောအပြုံးတစ်ပွင့် ပေါ်လာလေသည်။
သို့သော် မဟာအင်ပါယာငါးပါးသည် ဤနေရာတွင် ရှိနေပေသေးသည်။ ရီဖူရှင်းသည် တိုက်ခိုက်မှုတစ်ခုကိုသာ မသေဘဲ တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရီဖူရှင်းသည် ဆန်းကြယ်သောအခြေအနေကို တွေ့ကြုံခံစားနေရကြောင်း သူမအာရုံခံစားမိပေသည်။
ဝုန်း...
သူမ၏ဆံနွယ်ရှည်များ ဝဲလွင့်သွားပြီး ကျဆင်းနေသော မိုးစက်များ ပိုသိပ်သည်းလာသည်။ ၎င်းတို့သည် ကောင်းကင်မှ ဆက်လက်ကျဆင်းနေကြသည်။ ရှီးချီယောင်ထံမှနေ၍ မဟာအင်ပါယာတစ်ပါး၏ အရှိန်အဝါ ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် မိုးစက်ကန့်လန်ကာအနောက်တွင် ပျောက်ကွယ်သွားသည်။
ရှီးချီယောင်သည် ရီဖူရှင်းဆီ လှမ်းကြည့်လိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် မျက်ရည်စများ တွဲခိုနေ၏။ သို့သော် သူမသည် ပြုံးနေသည်။ သူမ ချီတုံချတုံဖြစ်နေ၏။ သို့ရာတွင် သူမသည် သူ့ကို နောက်ဆုံးအကြိမ်ကြည့်နေသကဲ့သို့ နီးကပ်မှုကို ခံစားလိုက်ရ၏။
ထို့နောက် သူမ မျက်လုံး မှိတ်လိုက်လေသည်။ သူမတစ်ကိုယ်လုံးသည် နတ်ဓားနှင့် တစ်သားတည်း ဖြစ်သွား၏။ သူမ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ ထိုမျက်လုံးများသည် ကွဲပြားသွားပေပြီ။ သူမသည် လောကကြီးကို အထင်သေးဟန်ဖြင့် ကြည့်နေသကဲ့သို့ ထိုမျက်လုံးများထဲတွင် ဝင့်ဝါမှုအချို့ ရှိနေသည်။
ကောင်းကင်အင်ပါယာကျန်းနှင့် အခြားသူများအားလုံးသည် ရှီးချီယောင်၏ အရှိန်အဝါအတွင်းမှ ပြောင်းလဲမှုများနှင့် ကိုယ်နေဟန်ပန် ပြောင်းလဲမှုများကို ခံစားလိုက်ရ၏။ ရှီးချီယောင်သည် ယခင်က ရှီးချီယောင် မဟုတ်တော့ကြောင်း သူတို့သိပေသည်။
အနောက်အင်ပါယာနန်းတော်၏ တည်ထောင်သူ အနောက်အင်ပါယာသည်လည်း ပြန်လည်ရှင်သန်လာပေပြီ။
“ဒီအရူးကတော့...”
ရှီးချီယောင် ပြောလိုက်၏။ သို့သော် သူမ မည်သူ့အကြောင်းကို ပြောနေကြောင်း မသိရပေ။
မိုးစက်များမှနေ၍ စက်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုနယ်မြေကို လွှမ်းခြုံသွား၏။ မိုးစက်ကန့်လန့်ကာထဲတွင် မိုးစက်များသာ ရှိတော့ပြီး ရီဖူရှင်း မရှိတော့ပေ။
မိုးစက်တစ်စက်စီတိုင်းသည် နတ်စွမ်းအားမှ ဖြစ်ပေါ်လာသည်ဟု ထင်ရသည်။
ကောင်းကင်အင်ပါယာကျန်းနှင့် ဗုဒ္ဓကုန်းမြေ၏ မဟာအင်ပါယာတို့ပတ်ပတ်လည်တွင် အလင်းလွှာတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် သူတို့၏ခန္ဓာကိုယ်များကို လွှမ်းခြုံသွား၏။ သို့သော် မိုးစက်များ ဆက်လက် ကျဆင်းနေသဖြင့် အလင်းလွှာပေါ်တွင် အချိုင့်ကလေးများ ဖြစ်ပေါ်လာ၏။ ထို့နောက်တွင် အလင်းလွှာ၏အချို့နေရာများသည် ဖောက်ထွင်းခံလိုက်ရ၏။
အချိန်အတိုင်းအတာတစ်ခုပေးလိုက်လျှင် မိုးသည် ကျောက်တုံးကို တိုက်စားနိုင်သည်။ ထိုမိုးစက်များသည် ဗုဒ္ဓကုန်းမြေနတ်စွမ်းအားဖြင့် ဖန်တီးထားသော ခုခံမှုများကို ဖောက်ထွင်းနိုင်ပေသည်။
“အနောက်အင်ပါယာ...”
ကောင်းကင်အင်ပါယာကျန်းသည် ခေါင်းမော့၍ ရှီးချီယောင်ကိုကြည့်ကာ ပြောလိုက်၏။
“ခင်ဗျားကလည်း ပြန်ရှင်သန်လာတဲ့သူဆိုတော့ ဘာလို့ ကျုပ်တို့ ရန်သူဖြစ်ရမှာလဲ။ ကျုပ်တို့အားလုံးက ကောင်းကင်ဒေသက ရှေးဟောင်းနတ်ဘုရားကလန်တွေကပဲ။ ကျုပ်တို့ရဲ့ သမိုင်းကြောင်းက နှစ်ပေါင်းမရေတွက်နိုင်အောင် ရှိခဲ့ပြီ... အခု ကျုပ်တို့ ပြန်နိုးထရှင်သန်လာကြပြီ။ ခင်ဗျား ဒီနေ့ကိစ္စမှာ ဝင်မပါသင့်ဘူး”
“ဒီကောင်မလေးက ကျုပ်နဲ့ အတော်လေး ကိုက်ညီမှုရှိတယ်”
ရှီးချီယောင် ပြောလိုက်၏။ သူမသည် သူမ၏အသိစိတ်နှင့် မဟုတ်တော့ကြောင်း ထင်ရှား၏။
“ကျုပ် အဲဒီအကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သိခဲ့တယ်။ ကျုပ်က အဲဒီနည်းအတိုင်း ပြန်မရှင်သန်လာချင်လို့ သူ စွမ်းအားကြီးလာမယ့်အချိန်ကို စောင့်နေခဲ့တာပဲ။ ဒါပေမဲ့ သူက ဒီနေ့ ကျုပ်ကို ကူညီဖို့ အဲဒီနည်းလမ်းကို သုံးခဲ့တယ်။ အဲဒီလိုဆိုမှတော့ ကျုပ်လည်း သူ့ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
“ဒါပေမဲ့ ခင်ဗျား လုပ်နိုင်လို့လား”
ကောင်းကင်အင်ပါယာကျန်းက ပြောလိုက်၏။ အနောက်အင်ပါယာ ပြန်ရှင်သန်လာရုံဖြင့် သူတို့ကို တားနိုင်မည်ဟု သူမထင်ကြောင်း ထင်ရှား၏။ ယခုအခြေအနေသည် တစ်ယောက်နှင့် ငါးယောက် ပြိုင်ရမလို ဖြစ်နေသည် မဟုတ်ပါလား။
“အဲဒါ သိပ်မကြာလောက်ပါဘူး”
အနောက်အင်ပါယာသည် ရီဖူရှင်းတစ်ယောက် ဆန်းကြယ်သောအခြေအနေနှင့် တွေ့ကြုံနေရကာ သူ၏လောကထဲတွင် လုံးဝစိတ်နစ်နေကြောင်း ခံစားနိုင်ပေသည်။ သူသည် လေထုထဲတွင် ပြည့်နှက်နေသော မိုးစက်များကိုလည်း ခံစားနိုင်၏။ သူ့ခန္ဓာကိုယ်မှ မိုးစက်များ စီးကျနေ၏။ မိုးစက်တစ်စက်စီတိုင်းတွင် လွန်စွာသန့်စင်သော နတ်စွမ်းအား ပါဝင်ပေသည်။
“ငါရဲ့ မဟာလမ်းစဉ်စွမ်းအား ဖျက်ဆီးခံလိုက်ရပြီ။ ငါ့ရဲ့ လောကကြီးအပေါ် သိမြင်နိုင်မှုက ပိုပြီး ရှင်းလင်းလာတယ်”
ထိုအရာသည် ရီဖူရှင်းစိတ်ထဲတွင် ပေါ်လာသော အတွေးတစ်ခုပင်။
“လောကထဲတွင် မည်သည့်လမ်းစဉ်မှ မရှိ”
“အရောင်သည် ဗလာနတ္တိဖြစ်၍ ဗလာနတ္တိသည် အရောင်ပင်”
ထိုအသံနှစ်သံသည် ရီဖူရှင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ သူဗုဒ္ဓဂိုဏ်းတွင် သင်ယူကျင့်ကြံနေခဲ့စဉ်က အကြွင်းမဲ့ဗုဒ္ဓသည် ကျင့်ကြံရန် အရောင်မဲ့ကောင်းကင်သို့ သွားခဲ့သည်ဟု ဗုဒ္ဓတစ်ပါးက ပြောခဲ့ဖူးသည်ကို ပြန်အမှတ်ရသွားသည်။
“အ အသာ နန္တီ အာယတန၊ ဝိညန အာနန္တီ အာယတန”
အရောင်မဲ့ကောင်းကင်၏ ပထမကောင်းကင်သည် အကန့်အသတ်မဲ့အာကာပြင်နှင့် ဆက်စပ်ရန်ဖြစ်သည်။ ဒုတိယကောင်းကင်သည် သင်၏နှလုံးသားကို အကန့်အသတ်မဲ့စေရန် ဖြစ်သည်။
အနတ္တတရား...
ကျင့်ကြံသူအားလုံးသည် ပိုင်ဆိုင်ရရန်သာ လုပ်ဆောင်ကြသည်။ သို့သော် ဗုဒ္ဓဓမ္မ၏ မဟာစည်းကမ်းသည် အနတ္တတရားကို သိမြင်အောင်လုပ်ရန်ဖြစ်သည်။
“မဟာလမ်းစဉ်က ပိတ်ဆို့ခံထားရမှတော့ လမ်းစဉ်ကို ဖျက်ဆီးရမယ်”
ရီဖူရှင်း၏စိတ်ထဲတွင် ထိုအတွေးပေါ်လာ၏။ ထို့နောက်တွင် ကပ်ဘေးတစ်ခု ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ သူ့လမ်းစဉ်ကို ဖြတ်တောက်လိုက်လေသည်။
ဝုန်း...
ရီဖူရှင်း၏မျက်နှာပေါ်တွင် နာကျင်မှု အရိပ်အယောင်များ ပေါ်လာ၏။ သူသည် လမ်းစဉ်အမျိုးမျိုးကို ကျင့်ကြံခဲ့သည်။ ကောင်းကင်အင်ပါယာကျန်းသည် လမ်းစဉ်များကို တိုက်ခိုက်မှုတစ်ခုဖြင့် ဖျက်ဆီးပစ်ခဲ့သော်လည်း လမ်းစဉ်ဝိညာဉ်စွမ်းအားများ ကျန်နေသေးပေသည်။
သို့သော် ယခုတွင် ရီဖူရှင်းသည် သူ၏လမ်းစဉ်ကို ဖျက်ဆီးပစ်လိုနေသည်။
လောကအတွင်းမှ ကျင့်ကြံသူအားလုံးသည် လမ်းစဉ်၏ ထူးကဲမှုများကိုရအောင် လုပ်ဆောင်ကြပြီး မဟာလမ်းစဉ်၏ စွမ်းအားကို ပို၍များများ လိုချင်ကြပေသည်။ သို့သော် ယခုတွင် ရီဖူရှင်းသည် သူ၏ကိုယ်ပိုင်လမ်းစဉ်ကို ဖျက်ဆီးရန် ဆန္ဒရှိနေလေသည်။