← Chapters

နောက်တစ်ဆင့်သာ လိုတော့သည်လော

Vol. 196 Ch. 2792

နောက်တစ်ဆင့်သာ လိုတော့သည်လော

Vol. 196 Ch. 2792

ကောင်းကင်လမ်းစဉ် ပြိုပျက်သွားပြီးနောက်တွင် ခေတ်သစ်ကျင့်ကြံခြင်းသည် ရှေးခေတ်နှင့် ကွဲပြားလာခဲ့သည်။ ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်မှ မွေးဖွားလာသူများအတွက် အင်ပါယာများ၏လမ်းစဉ်သည် ဖြတ်တောက်ခံခဲ့ရသည်။

သို့သော် ကံကြမ္မာဗုဒ္ဓသည် နတ်ဘုရားခေတ်ပြန်ရောက်လာလိမ့်မည်ဟု ပြောခဲ့၏။ ယခုတွင် လောကကြီးသည် ကြီးမားစွာ ပြောင်းလဲနေသဖြင့် အင်ပါယာများ၏လမ်းစဉ်အသစ် ပေါ်ပေါက်လာမည်လော။

ရီဖူရှင်း၏ ကောင်းကင်ကပ်ဘေးသည် အတိတ်မှ ကပ်ဘေးအားလုံးနှင့် ကွဲပြားပေသည်။ ထိုနေရာရှိ မဟာအင်ပါယာများပင် စိတ်ဝင်စားနေကြရသည်။ ရီဖူရှင်းသည် မည်သို့သော ကျင့်ကြံခြင်းလမ်းစဉ်မျိုးကို ဖွင့်လှစ်ခဲ့သနည်း။

ကြောက်မက်ဖွယ် ဗုဒ္ဓကုန်းမြေနတ်စွမ်းအားသည် နတ်လက်ချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ဖောက်ထွင်းသွား၏။ ကောင်းကင်ထက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အာကာပြင်ကို ဆုတ်ဖြဲသွားသည်။ ၎င်းသည် မဟာလမ်းစဉ်စွမ်းအား,အားလုံးကို ဖောက်ထွင်းနိုင်ပြီး ရုတ်ခြည်းအတွင်း ရီဖူရှင်းအပေါ် ကျရောက်တော့ပေမည်။

သို့သော် ထိုစဉ်တွင် ရီဖူရှင်း၏ လှမ်းကြည့်လိုက်၏။ ယခုတွင် သူ၏မျက်လုံးများသည် ကွဲပြားနေပေပြီ။ သူသည် လောကကြီးအတွင်းရှိ အရာအားလုံးကို ဖောက်မြင်နိုင်နေသကဲ့သို့ပင်။ ထို့အပြင် သူ၏မျက်လုံးထဲတွင် လောကကြီးသည် ပို၍တိကျလာပြီး၊ ပို၍နှေးလာလေသည်။ ကျင့်ကြံသူတစ်ယောက်၏ အာရုံသည် ပို၍စူးရှလာလျှင် တုံ့ပြန်နိုင်စွမ်းသည် ပို၍ မြန်လာပေသည်။ ထို့ကြောင့် သူ၏တုံ့ပြန်နိုင်စွမ်းနှင့် နှိုင်းဆာလျှင် လောကအတွင်းရှိ အရာအားလုံးသည် နှေးကွေးလာမည်ဖြစ်သည်။ ယခု ရီဖူရှင်း၏အခြေအနေသည် ထိုသို့ဖြစ်နေခြင်းပင်။

“နတ်စွမ်းအား...”

သူ စိတ်ထဲမှ တွေးလိုက်၏။ နတ်စွမ်းအားဟုခေါ်သောအရာမှာ အဘယ်နည်း။

လမ်းစဉ်ဆိုသည်လည်း အဘယ်နည်း။ လမ်းစဉ်သည် သက်ရှိအားလုံးသည် စည်းမျဉ်းများဖြစ်သည်။ သို့ဆိုလျှင် နတ်စွာအားဟူသည် အဘယ်နည်း။ ၎င်းသည် မိမိအတွက် ကိုယ်တိုင်ဖန်တီးထားသော စည်းမျဉ်းဖြစ်၏။

သူ လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်ပြီး အောက်ဘက်သို့ ဖိချလိုက်သည်။ သူသည် ဗုဒ္ဓကုန်းမြေနတ်စွမ်းအားမှ ဖြစ်ပေါ်လာသော အဖျက်လက်ချောင်းကို တိုက်ရိုက် ဖိနှိပ်လိုက်၏။

ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ခပ်အုပ်အုပ်အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ လွန်စွာထက်ရှသောအရှိန်အဝါသည် အာကာပြင်ကို ရိုက်ခတ်သွားပြီး နတ်စွမ်းအားအဖျက်မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် ကောင်းကင်တစ်ခွင်၌ သောင်းကျန်းနေ၏။ သို့သော် ထိုအဖျက်လက်ချောင်းသည် ရပ်တန့်ခံလိုက်ရပေပြီ။ ၎င်းသည် ရှေ့သို့ ဆက်မတိုးနိုင်တော့ချေ။ ရီဖူရှင်းသည် ၎င်းကို လက်ချောင်းတစ်ချောင်၏ စွမ်းအားဖြင့်ပင် တားဆီးခဲ့သည်။ ၎င်းသည် အာကာပြင်ထဲတွင် ပျက်စီးသွားသည်။ ထိုအာကာပြင်သည် ပေါက်ကွဲသွားသည်ဟု ထင်ရ၏။ ယင်းမြင်ကွင်းသည် တုန်လှုပ်ဖွယ်ပင်။

“သူက အဲဒါကို ကာလိုက်တယ်”

စွမ်းအားကြီးကျင့်ကြံသူအားလုံးသည် သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်သောအခါ ရင်တုန်သွားကြသည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း ရင်ခုန်မြန်လာကြ၏။ ရီဖူရှင်းသည် ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်တွင် ဗုဒ္ဓကုန်းမြေမှ မဟာအင်ပါယာ၏ တိုက်ခိုက်မှုကို ခုခံနိုင်လာပေပြီ။

သူတို့သည် ၎င်း၏ အဓိပ္ပာယ်ကို သိပေသည်။ ၎င်းသည် အသည်းအသန်အခြေအနေတစ်ခုတွင် ရှင်သန်ခဲ့ခြင်းပင်။

မဟာအင်ပါယာငါးပါးသည် ရီဖူရှင်းကိုသတ်ရန် ရောက်လာခဲ့သည်။ သူတို့သည် ရီအင်ပါနန်းတော်မှသူများကို မျှော်လင့်ချက်မဲ့သော အခြေအနေအတွင်းသို့ တွန်းပို့ခဲ့ပြီး ရီဖူရှင်းကိုပင် သတ်နိုင်လုနီးပါးဖြစ်ခဲ့သည်။ သို့သော် ထိုအချိန်တွင် ရီဖူရှင်းအတွက် ကောင်းကင်ကပ်ဘေး ရောက်ရှိလာခဲ့သည်။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူအများစုသည် ထို ရီဖူရှင်းအတွက်ကောင်းကင်ကပ်ဘေးသည် နံပါတ်ဘယ်လောက်မြောက် ကပ်ဘေးဖြစ်ကြောင်း မသိကြပေ။ ထို့အပြင် သူတို့သည် ရီဖူရှင်း၏ကျင့်ကြံခြင်းအဆင့် အတိအကျကိုလည်း မသိကြချေ။ ရီဖူရှင်းသည် ရန်ဟောင်အဆင့်တွင်သာ ရှိနေခဲ့သည်ဟုသာ သူတို့ သိကြသည်။

သို့သော် ယခုတွင် သူ၏ကျင့်ကြံခြင်းအဆင့်သည် မည်သည့်အဆင့်ဖြစ်သွားပြီနည်း။

ယခုတွင် ရီဖူရှင်းက ကောင်းကင်အင်ပါယာကျန်းနှင့် အခြားသူများနှင့် အဆင့်တူသွားပေပြီ။ အကယ်၍ ယခင်က သူသည် လောကကြီးနှင့် တစ်သားတည်းကျခဲ့ပြီး သဘာဝသက်ရှိတစ်ယောက် ဖြစ်ခဲ့ပါက ယခုတွင် သူသည် အမှီအခိုကင်းသော နတ်ဘုရားတစ်ပါး ဖြစ်နေပေပြီ။ သူသည် လောကကြီးပေါ်တွင် မှီခိုရန်မလိုတော့ဘဲ လောကကြီးထဲတွင်လည်း လုံးဝမဝင်ဆံ့တော့ပေ။

သူသည် အမှီအခိုကင်းသူတစ်ယောက် ဖြစ်နေပြီဖြစ်သည်။

သူသည် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးနောက်တွင် လောကကြီး၏ ကန့်သတ်မှုများကို မခံရတော့ပေ။ သူသည် ဤနေရာမှ စည်းမျဉ်းများ၏အပြင်ဘက်တွင် တည်ရှိနေပေပြီ။ သူ၏အသက်သည် ထာဝရရှည်ပေလိမ့်မည်။ အကယ်၍ ဤလောကဖျက်ဆီးခံလိုက်ရလျှင်လည်း သူသေဆုံးသွားမည်မဟုတ်ချေ။

ရှေးဟောင်းနတ်ဘုရားကလန်ငါးခုမှ မဟာအင်ပါယာများသည် မျက်မှောင်ကြုတ်၍ ကောင်းကင်ထဲရှိ ရီဖူရှင်းကို ငေးကြည့်နေကြသည်။ ရှေးဟောင်းမဟာအင်ပါယာငါးပါးသည် ယနေ့တွင် ရီဖူရှင်းကို သတ်ရန်အတွက် ရောက်လာခဲ့ကြ၏။ သူတို့သည် ရီဖူရှင်းကို ပုရွက်ဆိတ်တစ်ကောင်ဟုသာ မြင်ခဲ့ကြသည်။ သို့သော် သူတို့သည် သူ့ကို မသတ်နိုင်ခဲ့ပေ။ ရီဖူရှင်းသည် အသက်ရှင်နေသေးဆဲဖြစ်ပြီး နတ်စွမ်းအားလက်ချောင်းကို ကာရံခဲ့ပေသည်။

သူသည် ရန်ဟောင်အဆင့်ကို ဖြတ်ကျော်ပြီး သူတို့အဆင့်ထိ ရောက်လာကာ ပြီးပြည့်စုံသောအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပေပြီ။

ယခုတွင် သူတို့သည် ရီဖူရှင်းကို ဆက်၍ကိုင်တွယ်နိုင်လောက်တော့မည် မဟုတ်ပေ။

“ဂုဏ်ပြုပါတယ်...”

အသံတစ်သံက ပြောလိုက်၏။ မြင့်မားသော လေထုထဲတွင် လူသားဘိုးဘေး၏မျက်နှာ ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်အစစ်သည် ဤနေရာသို့ ရောက်မလာခဲ့ပေ။ ထိုမျက်နှာသည် သူ၏အသိစိတ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် အင်ပါယာအရှိန်အဝါကတော့ ထိုနေရာကို လွှမ်းခြုံထားပေသည်။ သူက ရီဖူရှင်းကို ပြောလိုက်၏။

“မင်းက ဒီကပ်ဘေးကို ဖြတ်ကျော်ပြီး လမ်းစဉ်နဲ့ ကောင်းကင်ရဲ့တောင်းဆိုချက်တွေကို ချိုးဖျက်ခဲ့တယ်။ မင်းက နတ်ဘုရားအဆင့်ရဲ့ အဖျားအနားကို ထိတွေ့နိုင်ခဲ့ပြီး မင်းရဲ့စည်းမျဉ်းကို ဖန်တီးနိုင်ခဲ့တယ်။ တကယ်လို့ မင်းသာ နောက်တစ်ဆင့်တက်နိုင်ရင် ကောင်းကင်နဲ့ ပခုံးချင်းယှဉ်နိုင်တော့မှာပဲ”

သန်မာသောကျင့်ကြံသူများသည် လူသားဘိုးဘေး၏ စကားများကို ကြားလိုက်သောအခါ တုန်လှုပ်သွားကြသည်။ ရီဖူရှင်းသည် ကပ်ဘေးသုံးခုကို ဖြတ်ကျော်ပြီးပြီလော။

ကပ်ဘေး သုံးခုရှိပေသည်။ တတိယကပ်ဘေးကို ဖြတ်ကျော်ပြီးလျှင် မဟာအင်ပါယာတစ်ပါး ဖြစ်လာမည်လော။

သို့သော် သူ ကောင်းကင်နှင့် ပခုံးချင်းယှဉ်နိုင်ရန် နောက်တစ်ဆင့်တက်ရန်လိုသေးသည်ဟု လူသားဘိုးဘေးက ပြောခဲ့သည်။ ရီဖူရှင်းသည် တစ်ဆင့်နိမ့်နေသေးခြင်းလော။

သို့တည်းမဟုတ် ကောင်းကင်ကပ်ဘေးဟုခေါ်သော ကပ်ဘေးတွင် အခြား လူမသိသော လျှို့ဝှက်ချက် ရှိနေခြင်းလော။

လောကထဲတွင် မဟာအင်ပါယာများသည် လက်တစ်ဆုပ်စာသာ ရှိပေသည်။ သူတို့သာ ကောင်းကင်ကပ်ဘေးများ၏ အမှန်တရားကို သိကြသည်။

ထိုအချိန်တွင် ရီဖူရှင်းသည် သူ၏ကျင့်ကြံခြင်းအဆင့်ကို မသိသေးပေ။ သူ၏ကျင့်ကြံခြင်းသည် အခြားသူများနှင့် အမြဲကွဲပြားနေခဲ့သည်။ သူသည် ကပ်ဘေးနှစ်ခုကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ သို့သော် သူ၏ပြဿနာများသည် အခြားသူများနှင့် ကွဲပြားပေသည်။ သူသည် ကပ်ဘေးနှစ်ခုကို ဖြတ်ကျော်ခဲ့ပြီးနောက်တွင်ပင် ရန်ဟောင်အဆင့်တွင်သာ ရှိနေခဲ့သည်။

ယခု တတိယကပ်ဘေးကို ဖြတ်ကျော်ပြီးသောအခါ သူသည် ရန်ဟောင်အဆင့်ကို ကျော်နိုင်ခဲ့ပြီဟု ခံစားနေရသည်။ သူသည် ယခင်က သူတစ်ဆို့နေခဲ့သော အဆင့်ကို ကျော်နိုင်ခဲ့ပြီဖြစ်သည်။

ယခုတွင် သူသည် အမှီအခိုကင်းသူတစ်ယောက် ဖြစ်လာပေပြီ။ သူသည် အပြင်လောကနှင့် သီးခြားဖြစ်သွားပြီဖြစ်သည်။ သူသည် သူကိုယ်တိုင်သာဖြစ်သည်။ သူ လက်ညိုးညွှန်လိုက်လျှင် ထိုလက်ညိုးထဲ၌ သူ၏စည်းမျဉ်းသာ ပါဝင်ပေသည်။ တစ်နည်းဆိုရလျှင် စည်းမျဉ်း၏ နတ်စွမ်းအားပါဝင်ပေသည်။ သို့သော် သူသည် မဟာအင်ပါယာအဆင့်သို့ မရောက်သေးသည့်ပုံပင်။

သူသည် အဆင့်နှစ်ခုကြားထဲ ရောက်နေသကဲ့သို့ပင်။

သူသည် နတ်ဘုရားတစ်ဝက်အဆင့်ကို မတွေ့ကြုံခဲ့ရသော်လည်း ယခုတွင် သူ၏ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားတစ်ဝက်အဆင့်ထက်မြင့်၍ မဟာအင်ပါယာအဆင့်အောက်တွင် ရှိနေသည်ဟု ခံစားနေရလေသည်။ သူသည် ပြီးပြည့်စုံသည့် အခြေအနေတွင် ရှိနေသော်လည်း ထိုပြီးပြည့်စုံမှုကို သူမဖြတ်ကျော်နိုင်ပေ။

လူသားဘိုးဘေးပြောသကဲ့သို့ပင် အကယ်၍ သူသာ ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင် မဟာအင်ပါယာတစ်ပါးဖြစ်လာပြီး ကောင်းကင်နှင့် ပခုံးချင်းယှဉ်နိုင်ပေလိမ့်မည်။

“မင်းတို့အားလုံးမှာ အင်ပါယာတစ်ပါးဖြစ်လာနိုင်ဖို့ အခွင့်အရေးရှိကြတယ်။ ငါက ကံကြမ္မာဆိုတာကို မယုံပေမယ့် ကံကြမ္မာ‌ဗုဒ္ဓ ဟောကိန်းထုတ်ထားတဲ့ နတ်ဘုရားခေတ်ရောက်လာဖို့ မျှော်လင့်တယ်။ ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့”

လူသားဘိုးဘေးက ဆက်ပြောလိုက်၏။ သူသည် ယနေ့ပဋိပက္ခကို ရပ်တန့်လိုနေပြီး ဤမှာပင် အဆုံးသတ်လိုနေသည်။

မှော်နက်အရှင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။ ယခုတွင် သူသည် ကံကြမ္မာဗုဒ္ဓကို ယုံကြည်လာပေပြီ။ အရှင်ဒွန်ဟောင်၏ နှစ်ငါးရာအင်ပါယာကံကြမ္မာပြည့်ရန် နှစ်သိပ်မလိုတော့ပေ။ နှစ်သုံးဆယ်သာ ကျန်တော့ပေသည်။ ရီဖူရှင်းမှာလည်း အဆင့်တက်သွားပြီဖြစ်သည်။ ထိုအခြင်းအရာသည် တစ်စုံတစ်ခုကို နမိတ်ပြနေသလိုပင်။

လူသားဘိုးဘေးနှင့် အရှင်ဒွန်ဟောင်သည် ရီဖူရှင်းအား နောက်ဆုံးတစ်ဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းစေ၍ မဟာအင်ပါယာလမ်းစဉ်ပေါ်သို့ အရောက်ခံကြမည်လော။

“ဒီမှာအဆုံးသတ်မယ်ဟုတ်လား...”

ရီဖူရှင်းသည် မဟာအင်ပါယာငါးပါးကို ငုံ့ကြည့်သည်။ သူတို့သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ရန် ရောက်လာခဲ့ကြ၏။ သို့သော် ယခုတွင် လူသားဘိုးဘေးသည် သူတို့အားလုံးသည် နတ်ဘုရားများဖြစ်လာနိုင်ရန် အခွင့်အရေးရှိသည်ဟုဆိုကာ ကိစ္စများကို ဤနေရာတွင်ပင် ရပ်တန့်လိုနေသည်လော။

သို့သော် ထိုမဟာအင်ပါယာငါးပါးသည် လူသားဘုံသို့ သွားခဲ့ရမည်ဟု ရီဖူရှင်း ခန့်မှန်းခဲ့၏။ ထို့ကြောင့်သာ သူတို့သည် ယခု သူ့မျက်စိရှေ့ရှိ အဆင့်သို့ ရောက်လာကြခြင်းပင်။ သို့ဆိုလျှင် ထိုမဟာအင်ပါယာငါးပါးသည် လူသားဘိုးဘေး၏ မဟာမိတ်များဟု ဆိုနိုင်သည်။ ထို့ကြောင့် လူသားဘိုးဘေးသည် သူတို့ကို ဆက်၍ တိုက်ခိုက်စေလိုမည် မဟုတ်ပေ။

ဤမတိုင်ခင်က ရီဖူရှင်းသည် လူသားဘိုးဘေး၏ ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့သည်။

“လူသားဘိုးဘေးရဲ့ စကားတွေက အမိန့်တစ်ခုပါပဲ”

ရီဖူရှင်း၏ ရင်ထဲတွင် သတ်ဖြတ်လိုသောဆန္ဒများ ပြည့်နှက်နေသော်လည်း လူသားဘိုးဘေး၏စကားများကို လက်ခံခဲ့လေသည်။ လူသားဘိုးဘေး၊ အရှင်ဒွန်ဟောင်နှင့် အခြားအင်ပါယာများအားလုံးသည် ယနေ့ ဤနေရာတွင် ရှိနေကြသည်။ သူတို့သည် သူ့ကို အခွင့်အရေးပေးမည် မဟုတ်ပေ။

ထို့အပြင် သူ၏ကျင့်ကြံခြင်းအဆင့်သည် မတည်ငြိမ်သေးပေ။ သူသည် သူ၏အဆင့်ကို သေချာ မသုံးသပ်ရသေးပေ။ ထို့ကြောင့် သူသည် ထိုသူများကို ယခုလောလောဆယ်တွင် အသက်ရှင်ခွင့် ပြုထားရဦးမည်ဖြစ်သည်။

“ခင်ဗျားတို့လည်း ပြန်ပြီး ကောင်းကောင်းကျင့်ကြံကြပါ”

လူသားဘိုးဘေးသည် ရှေးဟောင်းနတ်ဘုရားကလန်များမှ မဟာအင်ပါယာငါးပါးကို ပြောလိုက်၏။ သူတို့အားလုံး ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက် သူတို့ ပြန်သွားကြလေသည်။ သူတို့သည် သတ်ဖြတ်မည့်အစီအစဉ်ကို လက်လျှော့ကာ ဤနေရာမှ ထွက်သွားကြသည်။

“ကျုပ် နတ်ဘုရားခေတ်ကို မျှော်လင့်နေပါတယ်”

လူသားဘိုးဘေး ပြောလိုက်၏။ ထို့နောက် သူ၏မျက်နှာ ပျောက်ကွယ်သွားသည်။ အရှင်ဒွန်ဟောင်သည်လည်း ရီဖူရှင်းကို ကြည့်လိုက်ပြီး ထွက်ခွာသွားသည်။

“နောက်ကျရင် မင်းဂရုစိုက်ရမယ်”

မှော်နက်အရှင်က ရီဖူရှင်းကို သတိပေးလိုက်သည်။ မဟာအင်ပါယာခြောက်ပါး၏ အသိစိတ်များ တစ်ခုပြီးတစ်ခု ထွက်ခွာသွားပေသည်။ အခြားအင်အားစုများမှ ကျင့်ကြံသူများလည်း ပြန်ဆုတ်သွားကြသည်။ မုန်တိုင်းသည် ဤကဲ့သို့ အဆုံးသတ်သွားပြီဟု ထင်ရသော်လည်း ရီဖူရှင်းသည် ဤကိစ္စကို ဤကဲ့သို့ အလွှတ်ပေးမည်မဟုတ်ကြောင်း သူတို့အားလုံး သိပေသည်။ ထို့အပြင် အရှင်ဒွန်ဟောင်၏ နှစ်ငါးရာအင်ပါယာကံကြမ္မာပြည့်ရန် နှစ်သုံးဆယ်သာ လိုတော့ပေသည်။

ထို့နောက်တွင် လောကထဲ၌ ပို၍ပင် ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။

All Chapters