ကိစ္စများပြီးဆုံးသွားပြီးနောက်
Vol. 196 Ch. 2793
သန်မာသော ကျင့်ကြံသူအားလုံး ထွက်သွားပြီးနောက် ရီဖူရှင်းသည် အခြားတစ်နေရာကို လှမ်းကြည့်သည်။ ထိုနေရာသည် ရှီးချီယောင်ရှိနေသောနေရာဖြစ်သည်။
နောက်ဆုံးတိုက်ပွဲတွင် သူ့အတွက် အချိန်ဆွဲပေး၍ ကူညီခဲ့သူမှာ မည်သူဖြစ်ကြောင်း သူသိပေသည်။ အကယ်၍ ရှီးချီယောင်သာ အနောက်အင်ပါယာနှင့်တစ်သားတည်း ဖြစ်မလာခဲ့လျှင် သူသည် ဤကပ်ဘေးကို ဖြတ်ကျော်ရှင်သန်နိုင်ခဲ့မည် မဟုတ်ပေ။
အဝေးရှိ “ရှီးချီယောင်” သည်လည်း မျက်လုံးဝေ့၍ သူ့ကို လှမ်းကြည့်သည်။
ထိုအခိုက်တွင် ရှီးချီယောင်၏ ဟန်ပန်အရှိန်အဝါသည် ပြောင်းလဲနေကြောင်း ရီဖူရှင်း အာရုံခံနိုင်ပေသည်။ သူမ၏မျက်လုံးများတွင် အစောက ဝင့်ဝါမှုများ မရှိတော့ချေ။ သူမ၏ အသိစိတ်ပြန်ဝင်လာပုံပေါ်၏။ သူမ တောက်ပစွာ ပြုံးလိုက်သည်။
“ခင်ဗျား ပြန်လာပြီလား”
ရီဖူရှင်းသည် ရှီးချီယောင်ကို တီးတိုးပြောလိုက်၏။
“ကျွန်မပြန်လာတာက နှုတ်ဆက်ဖို့ပါ”
ရှီးချီယောင်သည် တောက်ပစွာပြုံးလိုက်၏။ သူမသည် ထွက်သွားရမည်ကို စိတ်မရှိသည့်ပုံပင်။ အနောက်အင်ပါယာသည် သူမ နှုတ်ဆက်နိုင်ရန် သူတို့၏အသိစိတ်ကို သူမအား ထိန်းချုပ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ရီဖူရှင်းက အနည်းငယ် ခေါင်းငုံ့လိုက်၏။ သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းမှု ထွက်ပေါ်လာ၏။ သူနှင့် ရှီးချီယောင်သည် တိုက်ပွဲကြီးတစ်ခုထဲတွင် ပထမဆုံး တွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က ရှေးဟောင်းနတ်ဘုရားကလန်များနှင့် ပဋိပက္ခများ ဖြစ်နေပြီဖြစ်သည်။ ရှီးချီယောင်သည် ထိုတိုက်ပွဲအတွင်း၌ သူ့ကို အနိုင်မယူခဲ့ဘဲ သူ့အကြောင်းကို စိတ်ဝင်စားလာခဲ့သည်။ နောက်တွင် သူတို့သည် မဟာမိတ်များ ဖြစ်လာခဲ့သည်။ သူတို့သည် သူတို့၏မဟာမိတ်အကြောင်းနှင့် ကျင့်ကြံခြင်းအကြောင်းကိုသာ ပြောခဲ့ကြသော်လည်း ရှီးချီယောင်သည် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ခဲ့ပေသည်။
သို့သော် ဤအရေးကြီးသောတိုက်ပွဲအတွင်း၌ မျှော်လင့်ချက်အကင်းမဲ့နေဆုံးအချိန်တွင် ရှီးချီယောင်သည် သူ့ကို ကယ်ရန်အတွက် သူမကိုယ်သူမ စတေးခဲ့လေသည်။
“တခြားနည်းလမ်း မရှိတော့ဘူးလား”
ရီဖူရှင်း မေးလိုက်၏။
“ရှင် အဲဒီလိုပြောရင် ကျွန်မရဲ့ ဘိုးဘေးက ကျွန်မကို နှုတ်ဆက်စကားပြောဖို့တောင် အခွင့်အရေးပေးမှာ မဟုတ်တော့ဘူး”
ရှီးချီယောင်က ရယ်၍ ပြောလိုက်၏။ သူမ၏မျက်ဝန်းများအတွင်း၌ တောက်ပသောအပြုံးတစ်ခု ရှိနေဆဲပင်။ သူမနှင့် အနောက်အင်ပါယာတွင် တစ်ယောက်သာ ရှင်သန်နိုင်ပေသည်။ သူမသည် ဆုံးဖြတ်ခဲ့ပြီးပေပြီ။ ထို့ကြောင့် သူမသည် အနောက်အင်ပါယာအတွက် လမ်းဖယ်ပေးမည်ဖြစ်သည်။
“စိတ်မကောင်းမဖြစ်ပါနဲ့။ ကျွန်မက ကျွန်မဘိုးဘေးရဲ့ အသိစိတ်နဲ့ ကိုက်ညီမှုရှိတယ်လို့ သိခဲ့ရကတည်းက ကျွန်မရဲ့ကံကြမ္မာကို ဆုံးဖြတ်ပြီးသွားပါပြီ။ ဒီနေ့ကိစ္စက နည်းနည်းစောပြီး ဖြစ်သွားရုံပါပဲ”
ရှီးချီယောင်သည် စိတ်မရှိဟန်ဖြင့် ပြောလိုက်၏။
“အရေးအကြီးဆုံးတိုက်ပွဲမှာ အကူအညီဖြစ်ခဲ့တာကိုက တန်နေပါပြီ။ ပြီးတော့ ကျွန်မက အနာဂတ်မှာ ဘုံခုနစ်ခုကို အုပ်စိုးမယ့် မဟာအင်ပါယာလောင်းတစ်ပါးကို ကယ်ခဲ့တာပဲလေ။ အဲဒါက မတန်ဘူးလား”
ရှီးချီယောင် ဆက်ပြောလိုက်၏။ ရီဖူရှင်း၏စိတ်ထဲတွင် မရေမတွက်နိုင်သောအတွေးများ ပေါ်လာ၏။ သို့သော် သူမည်သို့ ပြန်ပြေရမည်ကို မသိပေ။ သူသည် အလွန်ဝမ်းနည်း၍သာနေသည်။
သူသည် အနာဂတ်မဟာအင်ပါယာတစ်ပါးဖြစ်လျှင်လည်း ဘာအရေးနည်း၊ ဘုံခုနစ်ခုကို အုပ်စိုးရမည့်သူဆိုလျှင်လည်း ဘာအရေးနည်း။ သူမသည် ထိုအရာကို မြင်နိုင်တော့မည် မဟုတ်ပေ။ သူ ဆုံးရှုံးခဲ့ရသောအရာများကို ပြန်ရနိုင်တော့မည် မဟုတ်ချေ။
“ကျွန်မက ကျွန်မရဲ့ဘိုးဘေးနဲ့ တစ်သားတည်းဖြစ်သွားတာပါ။ လုံးဝ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး”
ရှီးချီယောင် ပြောလိုက်၏။
“ကျွန်မ ရှင် ရှေ့ကိုလျှောက်လှမ်းနေတာကို ဆက်ကြည့်နိုင်ပါသေးတယ်”
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်၏။ သူသည် သူမကို ဤခွဲခွာမှုတွင် အလွန်ဝမ်းမနည်းစေလိုပေ။
“အဲဒီနေ ရောက်လာမှာပါ။ ခင်ဗျား စောင့်ကြည့်နေပါ။ အဲဒီအချိန်ကျရင် ခင်ဗျားလည်း အလည်ပြန်လာနိုင်ဖို့ အခွင့်အရေးတစ်ခု ရမှာပါ”
ရီဖူရှင်း ပြောလိုက်၏။
“ကျွန်မ ကတိပေးပါတယ်”
ရှီးချီယောင် ပြောလိုက်၏။
“အင်း... ကျွန်မ အခုသွားရတော့မှာ။ နောက်ကျမှ တွေ့ကြတာပေါ့”
“နောက်ကျမှ တွေ့ကြတာပေါ့”
ရီဖူရှင်း တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် ရှီးချီယောင်၏ ဟန်ပန်အရှိန်အဝါ တဖြည်းဖြည်း ပြောင်းလဲသွားပြီး မကြာခင်မှာပင် အခြားတစ်ယောက်၏ ဟန်ပန်အရှိန်အဝါ ဖြစ်လာလေတော့သည်။
ရှီးချီယောင် ထွက်သွားပြီဖြစ်ကြောင်း သူသိပေသည်။ အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ်သည် လောကထဲတွင် မတည်ရှိတော့ပေ။ လောကထဲ၌ အနောက်အင်ပါယာသာ ရှိပေတော့သည်။
“သူထွက်သွားပြီ”
အနောက်အင်ပါယာ ပြောလိုက်၏။
ရီဖူရှင်းသည် ထိုအကြောင်းကို သိပြီးဖြစ်သည်။ သူသည် အနောက်အင်ပါယာကိုကြည့်၍ ဦးညွှတ်လိုက်၏။
“ကျုပ်ကို ကယ်ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်”
“အဲဒါက သူ့ရဲ့ ရွေးချယ်မှု၊ သူ့ရဲ့နောက်ဆုံးဆန္ဒပါ။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး”
အနောက်အင်ပါယာ ပြောလိုက်၏။ အနောက်အင်ပါယာသည် ရှီးချီယောင်ကို အနားလည်ဆုံးဖြစ်ပေမည်။ သူသည် သူမ၏အတွေးများကို ခံစားခဲ့ရပြီး သူမ၏ရည်ရွယ်ချက်များကို နားလည်ပေသည်။
“ဘာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးခဲ့ရတာက စီနီယာပါ”
ရီဖူရှင်း ပြောလိုက်၏။ အနောက်အင်ပါယာသည် ရှီးချီယောင်နေရာ၌ အစားထိုးခဲ့သည်။ သို့သော် သူ အနောက်အင်ပါယာကို မုန်တီးရမည်လော။ သူ့ကို ကယ်ခဲ့သူမှာ အနောက်အင်ပါယာဖြစ်သည်။ ထို့အပြင် ထိုအရာသည် ရှီးချီယောင်၏ ရွေးချယ်မှုဖြစ်ပြီး သူမ၏နောက်ဆုံးဆန္ဒဖြစ်သည်။
သို့သော် အဘယ်ကြောင့် သူမသည် ထိုသို့လုပ်ကာ သူမကိုယ်သူမ စတေးခဲ့ရသနည်း။
ရီဖူရှင်း၏ အောက်သို့ ဆင်းသက်လာသည်။ သူ့အပေါ်သို့ အကြည့်များစွာ ကျရောက်လာ၏။ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူတော်တော်များများသည် အပြင်းအထန် ဒဏ်ရာရခဲ့ကြသည်။ မဟာအင်ပါယာငါးပါး၏ ပစ်မှတ်သည် ရီဖူရှင်းဖြစ်နေသဖြင့် တော်ပေသေးသည်။ သူတို့သည် ကျန်သူများကို သိပ်အရေးမစိုက်ခဲ့ချေ။ မဟုတ်လျှင် အခြေအနေသည် ဆိုးဆိုးဝါးဝါး ဖြစ်သွားပေလိမ့်မည်။
သူတို့အားလုံး ရီဖူရှင်းကို ကြည့်လိုက်၏။ သူသည် အသည်းအသန်အခြေအနေတွင် ရှင်သန်နိုင်ခဲ့သည်။ ရီဖူရှင်းသည် အဟန့်အတားများကို ဖြတ်ကျော်နိုင်ခဲ့ပေပြီ။ ထိုအရာသည် သတင်းကောင်းပင်။ သို့သော် မည်သူမှ ပျော်ရွှင်မနေပေ။ ဤတစ်ကြိမ်တွင် သူတို့ ဆုံးရှုံးမှုကြီးမားခဲ့သည်။ ရီအင်ပါယာနန်းတော်အပြင်ဘက်မှ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် မဟာအင်ပါယာငါးပါး၏လက်ချက်ဖြင့် သေဆုံးသွားကာ အမှုန့်ဖြစ်သွားခဲ့လေသည်။
“ရီအင်ပါယာနန်းတော်ကို ပြန်မယ်... ဒဏ်ရာတွေ ကုသပြီး အားပြန်ဖြည့်ရမယ်”
ရီဖူရှင်း ပြောလိုက်၏။
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
အားလုံး ဦးညွှတ်၍ ပြန်ဖြေလိုက်ကြသည်။ ထို့နောက်တွင် ရီဖူရှင်း ပျောက်ကွယ်သွားသည်။ သူသည် ဤနေရာမှ တစ်ယောက်တည်း ထွက်ခွာသွား၏။ စွမ်းအားကြီးကျင့်ကြံသူများသည် ရီဖူရှင်း၏ ဝမ်းနည်းမှုကို ခံစားနေကြရပြီး သူ သူ့ကိုယ်သူ အပြစ်တင်နေကြောင်း သိကြပေသည်။ သို့သော် မည်သူကမှ ရီဖူရှင်းကို အပြစ်မတင်ပေ။
မဟာအင်ပါယာငါးပါးသည် သတ်ဖြတ်ရန် ရောက်ရှိလာခဲ့သည်။ ရီဖူရှင်းသည် မည်သို့တတ်နိုင်ခဲ့မည်နည်း။ သူသည် နောက်ဆုံးအခိုက်တွင် မဟာအင်ပါယာငါးပါးကို ရီအင်ပါယာနန်းတော်နှင့်အဝေးသို့ ခေါ်သွားလိုခဲ့သေးသည်။
သူသည် သူလုပ်နိုင်သမျှ အရာအားလုံး လုပ်ခဲ့ပေသည်။
ထို့အပြင် ရီဖူရှင်းသည် အဟန့်အတားများကို မဖြတ်ကျော်နိုင်မီတွင် သေလုနီပါးဖြစ်ခဲ့သည်။ သူ မည်သည်များကို တွေ့ကြုံခဲ့ရကြောင်း မည်သူမှမသိပေ။ သို့သော် သူတို့မြင်ခဲ့ရသလိုမျိုး ရိုးရှင်းမည် မဟုတ်ကြောင်း ထင်ရှား၏။
ရီဖူရှင်းသည် သူ၏ကျင့်ကြံခြင်းနန်းတော်သို့ ပြန်သွားခဲ့သည်။ သူသည် ရီအင်ပါယာနန်းတော်ကို ချိချိနဲ့နဲ့နှင့် လှမ်းကြည့်လိုက်၏။ အမွေအနှစ်နယ်မြေ၏ အထက်ကောင်းကင်သည်ပင် ထိုးဖောက်ခံခဲ့ရသည်။ နေရာအနှံ့တွင် အက်ကြောင်းများ ရှိနေ၏။ ရှီးချီယောင်သည် ဤရီအင်ပါယာနန်းတော်ကို တည်ဆောက်ခဲ့သည်။ သူမသည် များစွာ အားစိုက်ထုတ်ခဲ့သည်။ သူသည် သူ့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်သောအခါ ပို၍ပင် ဝမ်းနည်းလာသည်။
သူနောက်လှည့်လိုက်ပြီး တောင်ကုန်းအရှေ့သို့ သွားလိုက်သည်။ ထို့နောက် သူထိုင်ချကာ မျက်လုံးမှိတ်လိုက်၏။
သူ့တွင် ဝမ်းနည်းခြင်းထက် ပို၍အရေးကြီးသော ကိစ္စများကို လုပ်ရန်ရှိပေသည်။
ကျင့်ကြံခြင်းနှင့် လက်စားချေခြင်း...
ပထမဆုံး သူသည် သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ကို သုံးသပ်ဆင်ခြင်ရမည်။
ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း တဖြည်းဖြည်း ပြန်ရောက်လာသည်။ သူတို့အားလုံးသည် သူတို့၏စံအိမ်များကို ပြန်သွားကြပြီး သူတို့၏ ဒဏ်ရာများကို ပျောက်အောင် ကုသနေကြသည်။
ဟွာဂျီယူသည် ရီအင်ပါယာနန်းတော်အထက် ကောင်းကင်တွင် ရပ်နေသည်။ သူမသည် ရီဖူရှင်းရှိနေသောနေရာသို့ လှမ်းကြည့်လိုက်၏။ သို့သော် သူမသည် သူ့ကို မနှောင့်ယှက်ခဲ့ပေ။ ထိုအစား သူမသည် အခြားတစ်နေရာကို ပြောလိုက်၏။
“သခင်...”
“သခင်မ...”
သခင်ချန်သည် ပျံသန်းလာပြီး အနည်းငယ် ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
“သခင်ချန်... ရီအင်ပါယာနန်းတော်ကို ပြန်တည်ဆောက်ဖို့ စီစဉ်ပါ”
ဟွာဂျီယူ ပြောလိုက်၏။
“ဟုတ်ကဲ့...”
သခင်ချိန် ခေါင်းညိတ်လိုက်သည်။
“နန်းတော်သခင်မူ...”
ထို့နောက် ဟွာဂျီယူသည် တာအိုဘုန်းတော်ကြီးမူကို ကြည့်လိုက်၏။ တာအိုဘုန်းတော်ကြီးမူသည် အမိန့်များကို နားထောင်ရန် ပျံသန်းလာသည်။
“အာခီမီနန်းတော်က ဆေးလုံးတွေကို ထုတ်ယူလာခဲ့ပါ။ အထူးသဖြင့် ကုသဆေးလုံးတွေကို ထုတ်ယူပြီး ဒဏ်ရာရနေတဲ့သူတွေကို ဝေမျှပေးလိုက်ပါ”
ဟွာဂျီယူ ပြောလိုက်၏။
“ပြီးတော့... ဒဏ်ရာရနေတဲ့သူတွေကိုလည်း ကုသပေးပါ”
“ဟုတ်ကဲ့ပါ သခင်မ...”
တာအိုဘုန်းတော်ကြီးမူသည် ဦးညွှတ်၍ ထွက်ခွာသွား၏။
“ဆရာကတော်... ကျုပ်တို့ လုပ်နိုင်တဲ့ဟာတွေ ရှိပါသလား”
ဖန်းစွင်တို့အုပ်စုက ဟွာဂျီယူထံ လျှောက်လာပြီး မေးလိုက်သည်။
“အင်း...”
ဟွာဂျီယူ ခေါင်းညိတ်လိုက်၏။ သူမ၏အကြည့်သည် အခြားတစ်နေရာသို့ ရောက်သွားပြီး လှပသောမိန်းမပျိုတစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။
သို့သော် ဟွာဂျီယူသည် သူမကို လှမ်းမခေါ်လိုက်ပေ။ ထိုအစား သူမသည် ထိုမိန်းမပျိုထံ လျှောက်သွားသည်။ ထိုမိန်းမပျိုသည် ဟွာဂျီယူကို သတိပြုမိသွားပြီး သူမ၏လှပသောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏။
“ချင်းယွမ်...”
ဟွာဂျီယူသည် ရှားရှင်းယွန်ဘေးသို့ လျှောက်သွား၏။
“အင်း...”
ရှားရှင်းယွန် ပြန်ဖြေလိုက်၏။
“ချင်းယွမ်က အသက်မဟာလမ်းစဉ်မှာ ကျွမ်းကျင်တယ်...”
ဟွာဂျီယူ ပြောလိုက်၏။
“မဟာအင်ပါယာငါးပါး ရောက်လာပြီး အပြင်ဘက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်။ အပြင်မှာ ဒဏ်ရာရနေတဲ့သူတွေ အများကြီး ရှိရမယ်။ အတူ အပြင်သွားပြီး ကြည့်ကြတာပေါ့”
“ကောင်းပါပြီ”
ရှားချင်းယောင် ခပ်ဖွဖွ ခေါင်းညိတ်လျှက် ပြန်ဖြေလိုက်သည်။
“ဖန်းစွင်၊ လင်ကလေး... မင်းတို့ လိုက်ခဲ့ပါ”
ဟွာဂျီယူ ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာကတော်...”
သူတို့အုပ်စု ခေါင်းညိတ်လိုက်ကြသည်။
“ငါလည်း သွားမယ်”
ဟွာချင်းချင်း ရောက်ရှိလာ၏။ ဟွာဂျီယူသည် သူမကို မငြင်းနိုင်ပေ။ သို့ဖြင့် သူမတို့အုပ်စုသည် အပြင်သို့ အတူတကွ သွားလိုက်ကြလေသည်။
မျက်မမြင်ထျယ်၊ အဘိုးမာ၊ ချန်ယိနှင့် အခြားသူများလည်း နောက်မှ လိုက်သွားကြသည်။ ရှေးဟောင်းနတ်ဘုရားကလန်ငါးခုသည် ပြန်ဆုတ်ခွာသွားပြီဖြစ်သည်။ သို့သော် သူတို့သည် စိုးရိမ်နေဆဲဖြစ်ပြီး သတိကြီးနေပေသေးသည်။
တစ်ချိန်တည်းမှာပင် ရီအင်ပါယာနန်းတော် အပြင်ဘက်တွင် ယူချင်းသည်လည်း နတ်ဆိုးလောကမှ စွမ်းအားကြီးကျင့်ကြံသူများကို စောင့်ကြပ်ရန် အမိန့်ပေးထားလေသည်။
သူသည် ရီအင်ပါယာနန်းတော်အထက်မှ ကောင်းကင်ကို ကာကွယ်နေ၏။
ထိုစဉ်တွင် ရီချင်းယောင်သည် ရီအင်ပါယာနန်းတော်အတွင်းသို့လာ၍ ရီဖူရှင်းကို လာရှာ၏။
နန်းတော်ထဲတွင် အခြားတစ်ယောက် ရှိနေသည်။ လင်လုံသည် အနီးတွင် တိတ်ဆိတ်စွာ စောင့်ကြပ်နေ၏။ သို့သော် သူမသည်လည်း ရီဖူရှင်းကို မနှောင့်ယှက်ပေ။
ရီဖူရှင်းသည် ကျင့်ကြံခြင်းနန်းတော်ထဲတွင် တစ်ယောက်တည်း တိတ်ဆိတ်စွာ ကျင့်ကြံနေလေသည်။ သူ့ထံမှနေ၍ အထီးကျန်ဆန်သည့် အငွေ့အသက်တစ်ခုကို ရနေသည်။
***