← Chapters

မျှော်လင့်ချက်မဲ့နေသော ‌ဗုဒ္ဓကုန်းမြေ

Vol. 196 Ch. 2796

မျှော်လင့်ချက်မဲ့နေသော ‌ဗုဒ္ဓကုန်းမြေ

Vol. 196 Ch. 2796

သူ၏မျက်လုံးများသည် နေမင်းနှင့် လမင်း၊ ယင်နှင့်ယန် အဖြစ် ပြောင်းလဲသွား၏။

လက်ရှိ ရီဖူရှင်းသည် စစ်မှန်သော ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

“ပြေးကြ...”

ကျယ်ပြောသော ဗုဒ္ဓကုန်းမြေတစ်ခွင်တွင် မရေမတွက်နိုင်အောင် များပြားသော လူများသည် ပြန်တိုက်ခိုက်ရန် စဉ်းစားမည့်အစား စတင်ထွက်ပြေးကြလေသည်။ ရီဖူရှင်းသည် သူ၏ကိုယ်ပိုင်နတ်စွမ်းအားကို ဖန်တီးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် သူတို့အထက်သို့ ရောက်နေပေပြီ။ ယခင်မှ ရီဖူရှင်းသည်ပင် သူတို့ကို လက်ဖြောက်တစ်ချက်ဖြင့် သတ်နိုင်ခဲ့သည်။ လက်ရှိ ရီဖူရှင်းဆိုလျှင် ပြောနေရန်ပင် မလိုချေ။

သူတို့သည် ပြေးရုံမှလွဲ၍ အခြားမည်သို့ လုပ်နိုင်ပါမည်နည်း။

ဗုဒ္ဓကုန်းမြေမဟာအင်ပါယာမှလွဲ၍ မည်သူမှ ရီဖူရှင်းကို မယှဉ်နိုင်လောက်ပေ။

ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများ ထွက်ပြေးနေကြသည်ကို မြင်လိုက်၏။ သူ၏ခန္ဓာကိုယ်သည် ဧရာမနတ်ဘုရားတစ်ပါးကဲ့သို့ လျင်မြန်စွာ ကြီးထွားလာပြီး ကောင်းကင်နှင့် နေလုံးကို ကာရံသွားသည်။ သူ၏မျက်လုံးတစ်စုံသည်လည်း နေအလင်းနှင့် လအလင်းကို ပစ်လွှတ်လိုက်၏။ ၎င်းတို့သည် အဖျက်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ၎င်းတို့၏လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို အမှုန့်ဖြစ်သွားစေ၏။

သူသည် အဝေးမှ လူများ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်လိုက်သောအခါ ပါးစပ်ကို ခပ်ကျယ်ကျယ်ဟလိုက်ပြီး နတ်လျှပ်စီးကို ထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် သန်းထောင်ချီသော နတ်လျှပ်စီးတန်းများ ကျဆင်းလာ၏။ ၎င်းတို့၏လမ်းကြောင်းအတွင်းရှိ အရာအားလုံး ဖျက်ဆီးခံလိုက်ရ၏။ ထိုလျှပ်စီးတန်းများနှင့် ထိမှန်ခံလိုက်ရသည့် ကျင့်ကြံသူတိုင်းသည် ရုတ်ခြည်းအတွင်း အသတ်ခံလိုက်ရပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ သူတို့သည် တစ်ချက်ပင် ထိမှန်မခံနိုင်ကြပေ။

“သူက ဉာဏ်အလင်းပွင့်တဲ့အဆင့်ရောက်သွားပြီး မဟာအင်ပါယာတစ်ပါး ဖြစ်လာပြီလား”

အားလုံးသည် စိတ်ထဲတွင် အံ့အားသင့်တုန်လှုပ်နေကြသည်။ သူတို့သည် စိတ်ပျက်အားငယ်မှုနှင့် အလွန်စိတ်လှုပ်ရှားတုန်လှုပ်မှုကို ခံစားလာရသည်။ ရီဖူရှင်း၏မျက်လုံးများသည် နေနှင့်လအဖြစ် ပြောင်းလဲသွားပြီး သူသည် ပါးစပ်အတွင်းမှနေ၍ နတ်လျှပ်စီးများကို ပစ်လွှတ်နိုင်၏။ ထို့အပြင် သူသည် ဧရာမကြီးအဖြစ်လည်း ပြောင်းလဲနိုင်ပေသည်။ သူတို့ မြင်နေရသော ရီဖူရှင်းသည် နတ်ဘုရားတစ်ပါးပင်။

သူသည် ဉာဏ်အလင်းပွင့်သည့် အဆင့်သို့ရောက်ကာ မဟာအင်ပါယာများ၏လမ်းစဉ်ပေါ်သို့ ခြေချနိုင်ခဲ့ပြီလောဟု တွေးတောမိနေသည်။

ရီဖူရှင်းသည် သူတို့ရင်ထဲမှ ခန့်မှန်းမှုများကို ဂရုမစိုက်ပေ။ သူ ကောင်းကင်ထဲတွင် ခြေဆောင့်လိုက်သည်။ ရုတ်ခြည်းပင် ဧရာမခြေရာကြီး ကျဆင်းလာ၏။ ထိုခြေရာကြီး မြေပေါ်သို့ ရောက်သွားသောအခါ ဗုဒ္ဓကုန်းမြေ၏ အဆောက်အဦးအားလုံး ပြိုကျပျက်စီးသွားသည်။ ကျင့်ကြံသူများစွာသည် ခြေဖြင့်နင်းခံရကာ သေဆုံးသွားကြသည်။ သူ့ခြေထောက်၏ အားသည် နတ်တောင်ကုန်းတစ်ခု ကျဆင်းလာသကဲ့သို့ မြေကြီးကို ဖိနှိပ်သွားသည်။

သူသည် ယခင်က ရှေးဟောင်းနတ်ဘုရားကလန်ငါးခု ရီအင်ပါယာနန်းတော်သို့ ကျုးကျော်လာသကဲ့သို့ ကောင်းကင်ကို လျှောက်၍ ဖြတ်သန်းနေသည်။ သူသည် အနိုင်ယူ၍မရနိုင်သူတစ်ယောက်ကဲ့သို့ ရှေ့သို့သွားနေ၏။ သူ့ကို မည်သူမှ မတားဆီးနိုင်ပေ။ သေဆုံးမှုများသာ အဆက်မပြတ် ဖြစ်ပေါ်နေလေသည်။

ဗုဒ္ဓကုန်းမြေ၏ အဓိကတိုက်ခိုက်သူများ ထွက်ပေါ်လာပြီး အော်ဟစ်လိုက်ကြသည်။

“မဟာအင်ပါယာကို သွားခေါ်ကြ”

“မဟာအင်ပါယာက သီးခြား ကျင့်ကြံနေတုန်းပဲလား”

တုန်လှုပ်တကြီး အော်လိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထိုအသံများထဲတွင် အကြောက်တရားများ ပါနေသည်။ ထိပ်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သူများ၊ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးများကို ဖြတ်ကျော်ခဲ့ပြီးသူများနှင့် ယခင်က ဗုဒ္ဓကုန်းမြေမဟာအင်ပါယာနှင့်အတူ ရီအင်ပါယာနန်း‌တော်ကို တိုက်ခိုက်ခဲ့သော ကျင့်ကြံသူများသည်ပင် ယခုတွင် တွန်စွာတုန်လှုပ်ချောက်ချားနေကြပြီဖြစ်သည်။

သူတို့သည် ဤတစ်ခေါက် လက်စားချေရန် ရောက်လာသော ရီဖူရှင်းကို သူတို့ အနိုင်မယူနိုင်ဟု ခံစားနေရသည်။ သူသည် ပြိုင်ဘက်ကင်း ကောင်းကင်နတ်ဘုရားတစ်ပါးပင်။

ရီဖူရှင်း၏ ကြီးမားသောမျက်လုံးများသည် အဝေးရှိ ဟင်းလင်းပြင်သို့ ငုံ့ကြည့်သည်။ သူသည် ထိုနေရာသို့ မရောက်သေးသော်လည်း သူ၏မျက်လုံးများသည် ဗုဒ္ဓကုန်းမြေ၏အတွင်းကျဆုံးနေရာများကို မြင်နိုင်နေပြီဖြစ်သည်။ သူ၏မျက်လုံးများသည် နေနှင့်လ အလင်းများကို ပစ်လွှတ်လိုက်သည်။ သူ့မြင်ကွင်းအောက်ရှိ အရာအားလုံးသည် ရုတ်ခြည်းအတွင်း အမှုန့်ဖြစ်သွား၏။

ဗုဒ္ဓကုန်းမြေ၏ ထိပ်သီးများသည် မဟာလမ်းစဉ်စွမ်းအားကို ထုတ်လိုက်ပြီး ဗုဒ္ဓကုန်းမြေစက်ကွင်းကို ဖန်တီးလိုက်သည်။ ၎င်းသည် အကန့်အသတ်မဲ့ အလင်းလွှာအဖြစ် ပြောင်းလဲသွားပြီး အာကာပြင်ကို ချိပ်ပိတ်လိုက်၏။ သူတို့သည် ရီဖူရှင်း၏ခြေလှမ်းများကို တားဆီးရန် ကြိုးစားလိုက်ကြသည်။

သို့သော် ရီဖူရှင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်ကို သူတို့မြင်လိုက်ရ၏။ သူ၏ ဧရာမခြေထောက်ကြီးသည် အလင်းလွှာအပေါ် နင်းကျလာပြီး မရေမတွက်နိုင်သော အက်ကြောင်းများ ရုတ်တရက် ပေါ်ပေါက်လာလေသည်။ အလင်းလွှာ ပျက်စီးသွား၏။ သို့သော် ခြေထောက်ကြီးသည် ရပ်တန့်မသွားဘဲ ဆက်လက်နင်းကျသွားသည်။ ‌ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

ဒုန်း...

ကျယ်သောအသံကြီးတစ်သံနှင့်အတူ နတ်ဘုရားတစ်ပါး၏ ခြေရာနှင့်တူသော ထိုခြေထောက်ကြီးသည် ထိပ်သီးများစွာကို သေဆုံးသည်အထိ နင်းချေပစ်လိုက်လေသည်။ သူတို့သည် ကြောက်ရွံ့တုန်လှုပ်စွာ သေဆုံးခဲ့ရပြီး ပြန်ပင် မတိုက်ခိုက်နိုင်တော့ပေ။

“မဟာအင်ပါယာက ဘယ်မှာလဲ”

တစ်စုံတစ်ယောက်က အော်လိုက်၏။ သူတို့သည် ယဉ်ကျေးလေးစားရန်ပင် ဂရုမစိုက်နိုင်ကြတော့ပေ။ ယခုတွင် ဗုဒ္ဓကုန်းမြေသည် အကြီးမားဆုံး ဘေးအန္တရာယ်ကို ရင်ဆိုင်နေလေသည်။ ယခင်က ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် လူများကို ဦးဆောင်၍ ရီအင်ပါယာနန်းတော်သို့ သွားခဲ့သည်။ ယခုတွင်မူ သူတို့သည် ထိုအတွက် တန်ကြေးပြန်ပေးနေရပေပြီ။ မဟာအင်ပါယာသည် ယခုအထိ ပေါ်မလာသေးပေ။ သူတို့သည် ဆက်၍သာ သေဆုံးနေကြရသည်။

ထိုစဉ် လှပသော ရွှေရောင်နတ်အလင်းတန်းတစ်ခုသည် ဗုဒ္ဓကုန်းမြေရှိ စေတီတစ်ခုမှနေ၍ ထွက်ပေါ်လာ၏။ ၎င်းသည် လွန်စွာတောက်ပနေပြီး ကောင်းကင်ကို အလင်းပေးနေသည်။ ၎င်းအလင်းမှနေ၍ ဗုဒ္ဓနတ်စွမ်းအား ထွက်ပေါ်လာ၏။ ၎င်းသည် လွန်စွာထက်ရှပေသည်။

“မဟာအင်ပါယာ ရောက်လာပြီ”

ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများသည် နောက်ဆုံးတွင် မျှော်လင့်ချက်ရောင်ခြည်တန်းတစ်ခုကို မြင်လိုက်ရပေပြီ။ စိတ်ပျက်အားငယ်နေရသည့် ထိုအခိုက်တွင် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်အလင်းဖြစ်သည်။ ယခုတွင် ထိုမဟာအင်ပါယာ ထွက်ပေါ်လာပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် နောက်ဆုံးကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်မိလိုက်သကဲ့သို့ပင်။

ဝုန်း...

ကြောက်မက်ဖွယ် ဗုဒ္ဓနတ်စွမ်းအားသည် လက်ချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး စေတီကို ထိုးဖောက် ထွက်လာသည်။ ၎င်းသည် မဖျက်စီးနိုင်လောက်အောင် ထက်ရှသော ဓားသွားတစ်ခုကဲ့သို ရီဖူရှင်းထံ ပျံဝင်သွားသည်။ ထိုလက်ချောင်းသည် ကောင်းကင်နတ်ဘုရားတစ်ပါး၏ လက်ချောင်းဖြစ်သည်။ နတ်စွမ်းအားသည် ကောင်းကင်ကို ဆုတ်ဖြဲသွား၏။ ၎င်းသာ ရီဖူရှင်းကို ထိမှန်သွားလျှင် သူ၏ခန္ဓာကိုယ်သည်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည် မဟုတ်လော။

မျက်လုံးပေါင်းများစွာသည် ထိုလက်ချောင်းကို လိုက်ကြည့်နေကြပြီး ၎င်းသည် ရီဖူရှင်းကို သတ်နိုင်ရန် သို့မဟုတ် အနည်းဆုံး သူ့ကိုထိခိုက်အောင်လုပ်နိုင်မည်ဟု မျှော်လင့်နေကြသည်။

ရီဖူရှင်းမှ ပြောင်းလဲသွားသော ကောင်းကင်နတ်ဘုရားသည် ပျံဝင်လာသော လက်ချောင်းကို စိုက်ကြည့်နေ၏။ သူသည် ၎င်းကို မကာရံလိုက်ပေ။ ဗုဒ္ဓနတ်စွမ်းအားမှ ဖြစ်ပေါ်လာသော နတ်လက်ချောင်းသည် သူ၏ကြီးမားသောခန္ဓာကိုယ်ကို ထိမှန်သွားပြီး ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာစေသည်။ ၎င်းအသံသည် သတ္တုထိခတ်သံကဲ့သို့ပင်။

“အဲဒါက ကိုယ့်ကိုယ်ကို သတ်သေတာပဲ”

လူများစွာသည် ရီဖူရှင်းကို ငေးကြည့်နေ၏။ သူသည် ထိုလက်ချောင်းကို မကာလိုက်ပေ။

သို့သော် ထို့နောက်တွင် သူ၏မျက်လုံးများ ကျုံ့သွား၏။ ရီဖူရှင်း၏ နတ်ဘုရားကဲ့သို့ခန္ဓာကိုယ်ကြီးကို ငေးကြည့်မနေသည့် မျက်လုံးတစ်လုံးပင် မရှိပေ။

ထိုနတ်ဘုရားကဲ့သို့ ခန္ဓာကိုယ်ကြီးသည် အနည်းငယ် တုန်ခါသွား၏။ အားလုံးထင်ထားသကဲ့သို့ လက်‌ချောင်းသည် သူ့ကို ထွင်းဖောက်ကာ အစိတ်စိတ်အမွှာမွှာဖြစ်အောင် မလုပ်နိုင်ခဲ့ချေ။

ထိုမြင်ကွင်းသည် အစောက သူတို့ခံစားခဲ့ရသည့် မျှော်လင့်ချက်အမျှင်တန်းကို ဖျက်ဆီးသွားသည်။ သူတို့၏ရင်ထဲတွင် စိတ်အားငယ်မှုများ ထပ်မံပြည့်နှက်သွား၏။

ဗုဒ္ဓနတ်စွမ်းအား၏ သတ်ဖြတ်လက်ချောင်းသည် ရီဖူရှင်း၏ခန္ဓာကိုယ်ကို မထွင်းဖောက်နိုင်ခဲ့ပေ။ သူ၏လက်ရှိခန္ဓာကိုယ်သည် နတ်ခန္ဓာတစ်ခု ဖြစ်နေပြီလော။

ရီဖူရှင်းသည် အောက်ဘက်ရှိ ဗုဒ္ဓကုန်းမြေမှ စွမ်းအားကြီးကျင့်ကြံသူများကို ငုံ့ကြည့်သည်။ ထိုအကြည့်နှင့်အတူ ယင်ဓာတ်စွမ်းအားသည် အရာအားလုံးကို ချိပ်ပိတ်လိုက်၏။ သူတို့သည် သူတို့၏စိတ်ဝိညာဉ်များအတွင်းသို့ အအေးဓာတ်ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များ အေးခဲသွားပြီး သူတို့၏မဟာလမ်းစဉ်သည် ချိပ်ပိတ်ခံလိုက်ရလေသည်။ သူတို့သည် ဆက်၍ မလှုပ်ရှားနိုင်တော့ချေ။

“မဟုတ်ဘူး...”

သူတို့သည် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းမော့၍ ရီဖူရှင်းကို ကြည့်သည်။ အချို့သည် ရီဖူရှင်းကိုပင် စတင် အသနားခံကြသည်။

“မင်းက လမ်းစဉ်ပေါ်တောင် ရောက်နေပြီပဲ... ဘာလို့ သွေးချောင်းစီးအောင် လုပ်ချင်နေရတာလဲ”

“အရင်တစ်ခေါက်က မဟာအင်ပါယာ ဆုံးဖြတ်ခဲ့တာပါ။ ငါတို့မှာ ရွေးချယ်စရာ မရှိခဲ့ပါဘူး”

ယခုတွင် လောကကြီး ပြောင်းလဲလာပြီး သူတို့အားလုံး၏ ကျင့်ကြံခြင်းသည် တိုးတက်လာခဲ့သည်။ မဟာအင်ပါယာလည်း ပြန်ရှင်သန်လာခဲ့သည်။ ထို့ကြောင့် သူတို့အားလုံးသည် သူတို့ ဆက်၍တိုးတက်နိုင်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့ကြသည်။ သူတို့၏ရှေးဟောင်းအင်ပါယာ ပြန်ရှင်သန်လာပြီးနောက်တွင် ဗုဒ္ဓကုန်းမြေသည် ယခင်က မရောက်ခဲ့ဖူးသည့် အထွတ်အထိပ်နေရာတစ်ခုသို့ ရောက်ခဲ့သည် မဟုတ်ပါလား။

သို့သော် ယခုတွင် စိတ်ပျက်အားငယ်မှု ကျဆင်းလာပေပြီ။ ရီဖူရှင်းက ကောင်းကင်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပြီး သတ်ဖြတ်ရန် ရောက်ရှိလာခဲ့သည်။ ရှေးဟောင်းနတ်ဘုရားကလန်သည် တိုက်ခိုက်မှုတစ်ခုကိုပင် မခံနိုင်ခဲ့ချေ။ သူတို့၏ အမွေအနှစ်အားလုံးသည် အကြွင်းမဲ့အင်အားရှေ့မှောက်တွင် အလွန်အားနည်းလာပေသည်။ ၎င်းသည် လုံးဝအသုံးမဝင်ပေ။

ရီဖူရှင်း၏ဘယ်ဘက်မျက်လုံးမှနေ၍ နတ်နေအလင်းထွက်ပေါ်လာပြီး သူတို့အပေါ် တိုက်ရိုက် ကျဆင်းလာသည်။ ယင်နှင့်ယန် နတ်စွမ်းအားများအောက်တွင် ဗုဒ္ဓကုန်းမြေ၏ အရေးပါသောပုဂ္ဂိုလ်များသည် တဖြည်းဖြည်း သေဆုံးကာ အမှုန့်ဖြစ်သွားကြသည်။ ပြာမှုန့်များသည် လေထဲတွင် တကွဲတပြား လွင့်မျောသွားကြလေသည်။

ဤမတိုင်ခင်က ရှေးဟောင်မဟာအင်ပါယာငါးပါးသည် ရီအင်ပါယာနန်းတော်ကို တိုက်ခိုက်ခဲ့ပြီး ရီအင်ပါယာနန်းတော် အတွင်းနှင့်အပြင်ရှိ ကျင့်ကြံသူများကို မဟာအင်ပါယာများအောက်မှ ပုရွက်ဆိတ်များကဲ့သို့ ခံစားရစေခဲ့သည်။ ရီဖူရှင်းမှာလည်း ဗုဒ္ဓကုန်းမြေမှ စွမ်းအားကြီးကျင့်ကြံသူများကို ထိုသို့ခံစားရအောင် လုပ်ခဲ့သည်။

စိတ်ပျက်အားငယ်မှု၊ စွမ်းအားမဲ့မှု...

သူတို့သည် ရီဖူရှင်းနှင့် ရင်ဆိုင်ရသောအခါ ဖျစ်ညှစ်သတ်ခံရမည့် ပုရွက်ဆိတ်များကဲ့သို့သာဖြစ်သည်။ အကြည့်တစ်ချက်သည်ပင် သူတို့ကို အမှုန့်ဖြစ်သွားစေနိုင်ပေသည်။

ဝုန်း...

ကျယ်လောင်သောအသံကြီးနှင့်အတူ စေတီသည် ကွဲအက်ပျက်စီးသွားသည်။ ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ ထွက်ပေါ်လာ၏။ သူသည် ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး သူ၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းနေကာ အာကာပြင်ကိုဖြတ်၍ ရီဖူရှင်းကို ငေးကြည့်နေလေသည်။

ယခင်တိုက်ပွဲတွင် ရီဖူရှင်းကို မသတ်နိုင်ခဲ့ခြင်းသည် အန္တရာယ်တစ်ခုကို ချန်ခဲ့သကဲ့သို့ ဖြစ်သည်။ ရီဖူရှင်းသည် ယခုအထိ မဟာအင်ပါယာမဖြစ်လာသေးသော်လည်း မဟာအင်ပါယာတစ်ပါး၏ စွမ်းရည်များကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ သူ၏မျက်လုံးများသည် နေနှင့်လ ဖြစ်လာခဲ့ပြီး သူသည် ပါးစပ်အတွင်းမှနေ၍ နတ်လျှပ်စီးများကို ထုတ်လွှတ်နိုင်ပေသည်။ ထို့အပြင် သူ၏အသွေးအသားသည် ဖျက်ဆီး၍မရပေ။ သူ၏ခန္ဓာကိုယ်သည် စစ်မှန်သော နတ်ခန္ဓာကိုယ်တစ်ခုကဲ့သို့ဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် နတ်စွမ်းအားဖြင့် ပြုလုပ်ထားခြင်းပင်။

ရီဖူရှင်း၏ ကျင့်ကြံခြင်းလမ်းစဉ်သည် သူ၏လမ်းစဉ်နှင့် ကွဲပြားပေသည်။ ရီဖူရှင်းသည် ထိုအရာကို မည်သို့လုပ်ခဲ့ခြင်းနည်း။

***

All Chapters