ပျက်စီးမှု
Vol. 196 Ch. 2798
ရီဖူရှင်းက ကောင်းကင်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွား၏။ သူသည် နတ်ဓားကို ဆွဲကိုင်ထားပြီး လအလင်း ဖြာကျလာသည်။ ယင်ဓာတ်နတ်စွမ်းအားသည် ကျယ်ပြောသော အာကာပြင်ကို ချိပ်ပိတ်ထား၏။ ဗုဒ္ဓနတ်စွမ်းအားမှ ဖြစ်ပေါ်လာသော ရွှေလှံများအားလုံး ဆီးနှင်းများ ဖုံးလွှမ်းခံလိုက်ရပြီဖြစ်ပြီး ၎င်းတို့၏အရှိန်အပေါ်တွင်လည်း သက်ရောက်ခံလိုက်ရ၏။
ရီဖူရှင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရုတ်ခြည်း အကန့်အသတ်မဲ့ ဓားဖြင့် ထိုးလိုက်သည်။ လောကတစ်ခွင်လုံး အပြင်းအထန် ပြိုပျက်သွားသည်ဟု ထင်ရ၏။ အာကာပြင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်တော့ပေမည်။ နတ်ဓား၏လမ်းကြောင်းရှိ ဗုဒ္ဓနတ်စွမ်းအားလှံများအားလုံးသည် ကျိုးပျက်သွားကြသည်။ ယင်ဓာတ်နတ်စွမ်းအား အောက်တွင် ထိုလှံများသည် အလွန်စွမ်းအားနည်းသွားပုံပင်။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် သူ၏စိတ်ကို အသုံးပြုလိုက်၏။ ရွှေရောင်နတ်အလင်းသည် ကျယ်ပြောသော အာကာပြင်ကို ရုတ်ခြည်းလွှမ်းခြုံသွားသည်။ ထိုနေရာသည် ဗုဒ္ဓကုန်းမြေစက်ကွင်းဖြစ်လာသည်။
သူ့ကိုယ်ပေါ်သို့ မရေမတွက်နိုင်အောင် များပြားသော ရွှေရောင်နတ်အလင်းတန်းများ ဖြာကျလာ၏။ သူသည် သူ၏ဧရာမလက်ကြီးကို မြှောက်လိုက်ရာ ကောင်းကင်တွင် ပြည့်နှက်နေသော အလင်းသည် သူ့လက်ချောင်းများပေါ်သို့ ကျဆင်းလာ၏။ ထို့နောက်တွင် သူက လက်ချောင်းညွှန်ပြလိုက်ပြီး ပျံဝင်လာသော ရီဖူရှင်း၏နတ်ဓားကို တိုက်ခိုက်လိုက်သည်။
ထျန်ရှန်းလက်ချောင်း...
မျက်လုံးပေါင်းများစွာသည် ကောင်းကင်ထက်ရှိ တုန်လှုပ်ဖွယ်မြင်ကွင်းကို ကြည့်နေကြသည်။ ဧရာမနတ်ဘုရားနှစ်ပါးသည် စစ်နတ်ဘုရားများကဲ့သို့ဖြစ်သည်။ သူတို့သည် အင်ပါယာအဆင့်သို့ လုံးလုံးလျားလျား မရောက်ရှိသေးသော်လည်း သူတို့၏မျက်လုံးရှေ့ရှိ တိုက်ပွဲသည် စစ်မှန်သော နတ်ဘုရားများကြားမှ တိုက်ပွဲတစ်ခုကဲ့သို့ပင်။
ထိုလက်ချောင်းနှင့်အတူ လောကကြီးသည် အရောင်ကင်းမဲ့လာသည်။ ကျယ်ပြောသော ကုန်းမြေပေါ်တွင် ရွှေရောင်နတ်အလင်းဖြာကျနေပြီး ၎င်း၏လမ်းကြောင်းအတွင်းရှိ အာကာပြင်သည် ဖျက်ဆီးခံလိုက်ရ၏။ ထိုလက်ချောင်းသည် လောကကြီးကို ထက်ခြမ်းခွဲလိုနေပုံပင်။ ကောင်းကင်သည် ပိုင်းခြားခံလိုက်ရ၏။ ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ အထွတ်အထိပ်အခြေအနေတွင် သူ၏လက်ချောင်းသည် ကုန်းမြေတစ်ခုလုံးကိုပင် ထွင်းဖောက်နိုင်၏။
လွန်စွာကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး နောက်ဆုံး တစ်နေရာတည်းတွင် ဆုံသွားကြသည်။ ၎င်းတို့ အတူတကွ ထိတိုက်သွား၏။ ရုတ်ခြည်းပင် အာကာပြင်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်လုမတတ် ဖြစ်သွားသည်။ အဖျက်လေမုန်တိုင်းတစ်ခုသည် ကုန်းမြေကို ဖြတ်သန်း ရိုက်ခတ်သွား၏။ ထိုတိုက်ခိုက်မှုသည် သူတို့၏ နတ်စွမ်းအားများကြားမှ အားပြိုင်မှုကဲ့သို့ပင်။
ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ဗုဒ္ဓနတ်စွမ်းအားမှ ဖြစ်ပေါ်လာသော ထျန်ရှန်းလက်ချောင်းသည် ပျက်စီးလာ၏။ နတ်စွမ်းအား ပြိုပျက်သွားပြီး ကြည့်နေသည့် ကျင့်ကြံသူများကို အပြင်းအထန် ရင်တုန်သွားစေ၏။ သူ ရှုံးတော့မည်လော။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ မျက်မှောင်ကြုတ်သွား၏။ ရီဖူရှင်းသည် မြင့်မားသော ကောင်းကင်ထက်တွင် ရပ်နေပြီး သူ၏မျက်လုံးများမှ တောက်ပလာသော နတ်အလင်းသည် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာကို လွှမ်းခြုံထားလေသည်။ သူသည် ကောင်းကင်နတ်ဘုရား၏ခန္ဓာကိုယ်ကို ဆီးနှင်းရေခဲဖြင့် ချိပ်ပိတ်လိုနေသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်နက်သည် ရှေ့သို့ ဆက်တိုးနေ၏။ နတ်ဓားသည် အတင်းထိုးထွက်သွားပြီး ထျန်ရှန်းလက်ချောင်းကို ကွဲအက်ပျက်စီးသွားစေ၏။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ခန္ဓာကိုယ်မှ မရေမတွက်နိုင်အောင် များပြားသော နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး ယင်ဓာတ်နတ်စွမ်းအားကို ကာရံလိုက်၏။ တစ်ချိန်တည်းမှာပင် သူက လက်အုပ်ချီလိုက်၏။ သူ၏လက်ဝါးပြင်များသည် နတ်စွမ်းအား ချိပ်ပိတ်အာကာပြင်ကို ဖန်တီးလိုက်ပြီး နတ်ဓားကို ဖမ်းလိုက်သည်။ သို့သော် ထိုစဉ်တွင် သူ၏လက်များနှင့် လက်ဝါးပြင်များသည် ယင်ဓာတ်နတ်စွမ်းအား၏ ကျူးကျော်မှုကို ခံလိုက်ရလေသည်။
ယင်ဓာတ်စွမ်းအားသည် လောကအတွင်းရှိ အခိုင်မာဆုံးအရာများကို အားနည်းသွားစေနိုင်သည်။ ထို့ကြောင့် ဗုဒ္ဓနတ်စွမ်းအားသည်ပင် ယင်ဓာတ်စွမ်းအားအောက်တွင် သိသိသာသာ အားနည်းလာပေသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး နတ်ဓားသည် လက်ဝါးပြင်ကို ပြင်းထန်စွာ ထိုးဖောက်သွားသည်။ ၎င်းသည် လက်တစ်လျှောက် ဆက်၍ထိုးဖောက်သွားပြီး လက်ကို ကွဲအက်ပျက်စီးလာစေသည်။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ မျက်နှာထားသည် အတော်ပြောင်းလဲသွား၏။ သူ အမှန်ပင် ရှုံးနိမ့်ခဲ့ပေပြီ။
ဝုန်း...
သူသည် လေထဲတွင် ခြေတစ်လှမ်းလျှောက်လိုက်ပြီး ပို၍မြင့်သော အမြင့်သို့ ပျံတက်သွားသည်။ သို့သော် ရီဖူရှင်းသည် အဘယ်သို့ သူ့ကို ထိုအခွင့်ပေးနိုင်မည်နည်း။ ယင်ဓာတ်နတ်စွမ်းအားသည် သူ့ကို တိုက်ရိုက် ချိပ်မပိတ်နိုင်သော်လည်း ၎င်းသည် သူ၏အမြန်နှုန်းကို ထိခိုက်သွားစေသေးသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏အမြန်နှုန်းက တိုးတက်လာသည်။ ထိုဧရာမနတ်ခန္ဓာကြီးသည် လေကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။
လက်ရှိ ရီဖူရှင်းသည် လမ်းစဉ်မှ ဖြစ်ပေါ်လာခြင်းပင်။ သူသည် သူ၏ကိုယ်ပိုင်လောကကို တည်ဆောက်ခဲ့သည်။ သူသည် နေဖြစ်နိုင်သလို၊ လလည်းဖြစ်နိုင်၏။ ထို့အပြင် မိုးကြိုးလျှပ်စီးဖြစ်နိုင်သလို၊ လေလည်းဖြစ်နိုင်ပေသည်။
ရွှစ်...ရွှစ်...
စူးရှသောအသံများ ထွက်ပေါ်လာ၏။ ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် နတ်အလင်းအဖြစ် ပြောင်းလဲသွားပြီး လေထုကို ဖြတ်သန်းသွားသည်။ သို့သော် ရီဖူရှင်းသည် နတ်ဓားကို သယ်ဆောင်၍ ဗုဒ္ဓကုန်းမြေမဟာအင်ပါယာထံ ပျံသန်းသွားပြီး သူ၏လက်ကို ထိုးချလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်နတ်ဘုရား၏ခန္ဓာကိုယ်ကို တိုက်ရိုက်တိုက်ခိုက်လိုက်၏။
ဝုန်း...
ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီး နတ်ခန္ဓာသည် အပြင်းအထန် တုန်ခါသွားသည်။ ထို့နောက် ယင်၊ ယန်နှင့် လျှပ်စီးတို့ တစ်ပြိုင်တည်း ကျဆင်းလာသည်။ ဗုဒ္ဓနတ်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို မကာကွယ်နိုင်ခဲ့ပေ။ နတ်ဓားသည် သူ့ခန္ဓာကိုယ်ကို ထိုးစိုက်သွားပြီး အတွင်းသို့ တိုးဝင်ကာ ဧရာမ နတ်ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။
ကျယ်လောင်သော အသံကြီးနှင့်အတူ ကောင်းကင်နတ်ဘုရား၏ခန္ဓာကိုယ်သည် အစိတ်စိတ်အပိုင်းအပိုင်း ဖြစ်သွား၏။ ထိုစဉ်တွင် မရေမတွက်နိုင်အောင် များပြားသော နတ်အလင်းတန်းများသည် အရပ်မျက်နှာအနှံ့သို့ တစ်ပြိုင်တည်း ဖြာထွက်သွားကြသည်။ အချို့နတ်အလင်းများသည် ရီဖူရှင်း၏မျက်လုံးများထံသို့ပင် ပျံဝင်သွားကြသည်။
ရီဖူရှင်းသည် ၎င်းတို့ကို လုံးဝမရှောင်လိုက်ပေ။ သူ၏ကြီးမားသော မျက်လုံးများထဲတွင် နေနှင့်လတို့ ရောင်ပြန်ဟပ်နေပြီး သူသည် ပါးစပ်ဟ၍ လျှပ်စီးတန်းများ ပစ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် နတ်စွမ်းအားသည် ကောင်းကင်ကို လွှမ်းခြုံသွားပြီး ချိပ်ပိတ်လိုက်၏။
ရုတ်ခြည်းပင် အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွားသော နတ်အလင်းတန်းများလည်း တားဆီးခံလိုက်ရ၏။
“ခင်ဗျားက ထွက်ပြေးချင်သေးတာလား”
သူ၏အေးစက်စက်အသံသည် ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ သူ၏မျက်လုံးများသည် အာကာပြင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ ကောင်းကင်နတ်ဘုရား၏ ဧရာမခန္ဓာကိုယ်ကြီးသည် အပြင်းအထန် ကွဲအက်ပျက်စီးနေပြီး အဆက်မပြတ် ပျောက်ကွယ်လာနေသည်။ ထွက်ပြေးရန် ကြိုးစားခဲ့သော နတ်အလင်းတန်းအားလုံးသည် ယင်နှင့်ယန်ဓာတ်နတ်စွမ်းအား၏ တားဆီးမှုနှင့် ဖျက်ဆီးမှုကို ခံလိုက်ရလေသည်။
“ရီဖူရှင်း...”
အသံပေါင်းများစွာက ပြောလိုက်၏။ ထိုအသံသည် အရပ်မျက်နှာအနှံ့က ထွက်ပေါ်လာသော ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏အသံပင်။ နတ်အလင်းတန်းများထဲတွင် သူ၏အသိစိတ်ပါရှိပုံပင်။
“မင်းနဲ့ငါက ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ကြပြီ... မင်းက ဘာလို့ ငါ့ကို ရှင်းပစ်ရမှာလဲ။ တကယ်လို့ မင်း အကူအညီလိုရင် ငါ မင်းတောင်းဆိုတာမှန်သမျှ လုပ်ပေးမှာပါ။ မင်း ပိုပြီး တိုးတက်လာချင်ရင် ငါမင်းကို အကြံဉာဏ်တွေလည်း ပေးနိုင်ပါတယ်”
အသံသည် အနည်းငယ် ထိတ်ထိတ်ပြာပြာ ဖြစ်နေသည်။ ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် ကြောက်ရွံ့နေကြောင်း သိသာပေသည်။ သူသည် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီး နောက်ဆုံးတွင် ပြန်မွေးဖွားလာခဲ့ပြီဖြစ်သည်။
သူသည် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော်လည်း ယနေ့ ဤနေရာတွင် သေရတော့မည်လော။
“ခင်ဗျားက အဆင့်မမီဘူး”
ရီဖူရှင်း၏ ခပ်ဩဩအသံသည် ကောင်းကင်တစ်ခွင်တွင် ပျံ့နှံ့သွားသည်။ သူ၏နတ်စွမ်းအားသည် ဆက်၍ ပြန့်ကားရိုက်ခတ်နေပြီး အကြွင်းအကျန်အသိစိတ်အားလုံးကို ရှင်းပစ်နေသည်။ သူသည် အရှိန်အဝါတန်းတစ်ခုကိုပင် လွတ်ထွက်သွားခွင့် မပြုခဲ့ဘဲ အားလုံးကို ရှင်းထုတ်ပစ်ခဲ့သည်။
“ရီဖူရှင်း...”
ထိုအသံသည် ထိတ်ထိတ်ပြာပြာ အော်လိုက်သံပင်။ ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ သို့သော် ရီဖူရှင်း ဂရုမစိုက်ခဲ့ပေ။ သူ၏မျက်လုံးများက ဝေ့ဝဲကြည့်လိုက်၏။ နေနတ်အလင်းသည် ထိုပုံရိပ်ကို မည်သည့်ညှာတာမှုမှ မပြဘဲ တိုက်ရိုက်လောင်ကျွမ်းပစ်လိုက်လေသည်။
ထိုရှင်းထုတ်ပစ်မှုသည် အချိန်အတော်ကြာမြင့်ခဲ့သည်။ ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာကို အခွင့်အရေး လုံးဝမပေးခဲ့ချေ။ သူသည် အရာအားလုံး အမှုန့်ဖြစ်သွားပြီး ဗုဒ္ဓကုန်းမြေမဟာအင်ပါယာ၏ အကြွင်းအကျန်တစ်ခုမှ မကျန်တော့သည်အထိ ထိုနေရာကို အပြောင်ရှင်းပစ်ခဲ့သည်။
ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် ရှေးခေတ်ကတည်းက ယခုအထိ တည်ရှိခဲ့သူဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းသည် အဘယ်သို့ သူ့ကို ပြန်မွေးဖွားလာစေရန် အခွင့်အရေးပေးနိုင်မည်နည်း။
အောက်ဘက်မှ လူများသည် ကောင်းကင်ထက်သို့ ငေးကြည့်နေကြပြီး အပြင်းအထန် ရင်တုန်နေကြလေသည်။ သူတို့သည် ရီဖူရှင်းက ဗုဒ္ဓကုန်းမြေမဟာအင်ပါယာကို ရှင်းပစ်ခဲ့သည်ကို သူတို့၏မျက်လုံးများဖြင့် ကိုယ်တိုင် မြင်ခဲ့ကြရသည်။ ထိုမြင်ကွင်းက သူတို့ကို ကြောက်ရွံ့သွားစေသည်။ ရီဖူရှင်းသည် အလွန်ရက်စက်လွန်း၏။ သူသည် အဆုံးစွန်ထိ တိုက်ခိုက်ခဲ့ပြီး မျှော်လင့်ချက်တစ်ခုပင် မပေးခဲ့ချေ။
စွမ်းအားအပြည့်အဝ ပြန်မရသေးသည့် ပြန်ရှင်သန်လာသော မဟာအင်ပါယာသည် ဤနေရာတွင် ရီဖူရှင်း၏ သတ်ဖြတ်မှုကို ခံရကာ သေဆုံးသွားပေပြီ။ ဗုဒ္ဓကုန်းမြေမဟာအင်ပါယာသည် ယခုအထိ ရှင်သန်နိုင်ခဲ့သော ပထမဆုံးသူဖြစ်သော်လည်း အသတ်ခံလိုက်ရပြီဖြစ်သည်။
ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေမဟာအင်ပါယာကို သတ်ပြီးနောက် အောက်ဘက်သို့ ငုံ့ကြည့်သည်။ သူ၏မျက်လုံးများထဲမှ ကြောက်မက်ဖွယ်နတ်အလင်း ထွက်ပေါ်လာပြီး ကျယ်ပြောသောဗုဒ္ဓကုန်းမြေတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ရုတ်ခြည်းအတွင်းမှာပင် ဗုဒ္ဓကုန်းမြေသည် နေနတ်မီးတော်အောက်တွင် ပြာမှုန့်ဖြစ်သွားသည်။ အရာအားလုံး ပြာဖြစ်သွားပြီး ပျောက်ကွယ်သွားကြသည်။
ယခုမှစ၍ ရှေးဟောင်းနတ်ဘုရားကလန်၏ ဗုဒ္ဓကုန်းမြေသည် သမိုင်းသာ ဖြစ်လာပေတော့မည်။ ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုထဲမှ နောက်တစ်ခုသည် ပြာပုံဖြစ်သွားပေပြီ။ ထျန်ယန်းမြို့တော်နှင့် နှိုင်းဆာလျှင် ဗုဒ္ဓကုန်းမြေ၏ ပျက်စီးမှုသည် ပို၍ ပြီးပြည့်စုံပေသည်။ ၎င်းသည် ပြာကျသွားပြီဖြစ်သည်။
ရီဖူရှင်းသည် ထိုကိစ္စအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် ဖျတ်ခနဲ ပျောက်သွား၏။ မျက်လုံးပေါင်းများစွာသည် သူထွက်ခွာသွားသည်ကို ကြည့်နေကြ၏။ သူတို့သည် ရင်တုန်နေကြပေသည်။
ရီဖူရှင်းသည် နောက်ထပ်ရှေးဟောင်းနတ်ဘုရားကလန်တစ်ခုသို့ သွားမည်လော။
ရီအင်ပါယာနန်းတော်မှ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ရှေးဟောင်းနတ်ဘုရားကလန် ငါးခုရှိပေသည်။
***