← Chapters

နက်ရှိုင်းသောအဓိပ္ပာယ် ရှိသလော

Vol. 196 Ch. 2801

နက်ရှိုင်းသောအဓိပ္ပာယ် ရှိသလော

Vol. 196 Ch. 2801

အရှင်ဟောင်ထျန်းသည် အလျှော့ပေး၍ ဦးညွှတ်ကာ သူ့ကိုယ်သူ ဒွန်ဟောင်အင်ပါယာနန်းတော်ထံတွင် အညံ့ခံခဲ့သည်။

ထိုစကားကို ပြောလိုက်သည့်အချိန်မှစ၍ ဟောင်ထျန်းကလန်သည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ အုပ်ချုပ်မှုအောက်သို့ ရောက်သွားပြီး ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဟောင်ထျန်းကလန်နှင့် အရှင်ဟောင်ထျန်းအပေါ် အမိန့်ပေးခွင့် ပေးလိုက်သည့် အဓိပ္ပာယ်ပင်။

ဟောင်ထျန်းမြို့အတွင်းမှ ကျင့်ကြံသူများသည် ထို နတ်ဘုရားကဲ့သို့ ပုဂ္ဂိုလ်ကို ကြည့်လိုက်ကြ၏။ ရီဖူရှင်းနှင့် တိုက်ပွဲတစ်ခုသည် အရှင်ဟောင်ထျန်းကို ဒွန်ဟောင်အင်ပါယာနန်းတော်ထံတွင် လက်အောက်ခံစေလိမ့်မည်ဟု သူတို့ မည်သို့မှ ခန့်မှန်းနိုင်ခဲ့လိမ့်မည်မဟုတ်ဟု သူတို့ တွေးလိုက်ကြသည်။ အရှင်ဟောင်ထျန်းသည် ရီဖူရှင်းကို အလွန်ကြောက်ရွံ့နေသည်။

တစ်ခါက ရီဖူရှင်းကို သူ၏နယ်မြေတွင် တိုက်ခိုက်ခဲ့သော မဟာအင်ပါယာများသည် ယခုတွင် သူ့ကို မယှဉ်နိုင်တော့သည်လော။

ထိုကျော်ကြားသောလူငယ်သည် ရှေးခေတ်မှ ကြီးကျယ်မြင့်မြတ်သူများကို အနိုင်ယူခဲ့လေသည်။ ရီဖူရှင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဒွန်ဟောင်တိယွမ်သည် မဟာအင်ပါယာလေးပါးကို အညံ့ခံရန် ဖိအားပေးလိုနေကြောင်း သူသိ၏။ သို့သော် ထိုမျှလောက်နှင့် သူ့ကို တားဆီးရန် လုံလောက်မည်လော။

ဤနေရာသည် သူတို့၏နယ်မြေဖြစ်လျှင်ပင် သူက လက်လျှော့ရန် အနည်းငယ် အင်တင်တင်ဖြစ်နေသည်။

ကောင်းကင်ထဲတွင် ဝှေ့ယမ်းနေသော တုတ်အရိပ်များ ပြည့်နှက်နေ၏။ ရီဖူရှင်းသည် ဘယ်တုန်းကမှ တိုက်ခိုက်မှုကို မရပ်ခဲ့ပေ။ သူသည် အရှင်ဟောင်ထျန်းဘက်သို့ ပြင်းထန်စွာရိုက်ချလိုက်၏။ သို့သော် ထိုအခိုက်တွင် လွန်စွာ ‌တောက်ပသော နတ်အလင်းတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။ ပြင်းထန်သော နတ်စွမ်းအားမုန်တိုင်းတစ်ခုသည် သူရှိနေသောနေရာကို လွှမ်းခြုံသွားသည်။ ထိုမုန်တိုင်းထဲတွင် မဟာလမ်းစဉ်၏ စွမ်းအား,အားလုံး ချုပ်နှောင်ခံလိုက်ရ၏။ ယင်းမုန်တိုင်းထဲ၌ အခြားစည်းမျဉ်းစွမ်းအားများ မတည်ရှိနိုင်ပုံပင်။

ရီဖူရှင်း၏ အရိပ်နှင့်နေ စွမ်းအားသည် ချုပ်နှောင်ခံလိုက်ရပြီး တုတ်ရိုက်ချက်များသည်လည်း နှေးကွေးလာသည်။ သူ ခေါင်းမော့၍ ဒွန်ဟောင်တိယွမ်ကို ကြည့်လိုက်၏။ သူမထံမှနေ၍ တောက်ပသော အလင်းတန်းများ ဖြာကျနေသည်ကိုသာ တွေ့လိုက်ရ၏။ ထိုအလင်းတန်းများသည် ထုတ်ဖော်ခြင်း နတ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းပင်။

ဤတစ်ခေါက်တွင် ဒွန်ဟောင်တိယွမ်သည် ဧကရီတစ်ပါးအဖြစ် ပြောင်းလဲသွားပုံပင်။ သူမသည် ယခင်ကထက် ပို၍ သန်မာနေလေသည်။ သူမသည်လည်း ဤနှစ်များအတွင်း၌ အချည်းနှီးအချိန်ကုန်သွားစေခြင်း မဟုတ်ကြောင်း ထင်ရှား၏။ သူမသည်လည်း ကြီးမားသောပြောင်းလဲမှုတစ်ခုနှင့် ကြုံခဲ့ရပြီဖြစ်သည်။

ဝုန်း...

ရီဖူရှင်းက အရှေ့သို့ အတင်းတိုး လျှောက်လိုက်သည်။ ထုတ်ဖော်ခြင်းနတ်စွမ်းအားသည် ထူးကဲသော်လည်း ရီဖူရှင်းကို မည်သို့မှ မချုပ်နှောင်နိုင်ပေ။ ထို့ကြောင့် သူ ရှေ့သို့ ဆက်လျှောက်သွားသည်။ ထို့အပြင် အဖျက်တိုက်ခိုက်မှုများသည်လည်း မရပ်တန့်လိုက်ပေ။ ဒွန်ဟောင်တိယွမ်သည် ထိုအခြင်းအရာကို မြင်သောအခါ ထုတ်ဖော်ခြင်းနတ်စွမ်းအားကို အဆုံးစွန်ထိ ထုတ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဒွန်ဟောင်တိယွမ် ပတ်ပတ်လည်ရှိ ကောင်းကင်ဒေသမှ ထိပ်သီးကျင့်ကြံသူများ၏ကိုယ်ပေါ်တွင် နတ်စွမ်းအား ထွက်ပေါ်လာကြသည်။ သူတို့သည် ရီဖူရှင်းဆီသို့ ပျံဆင်းသွားကြသည်။

“ရီဖူရှင်း... ကျွန်မရဲ့ အဖေက ရှင့်ကို မသတ်ခဲ့တာ အတိတ်ကကိစ္စတွေကြောင့်ပဲ။ ဒါပေမဲ့ အဲဒါက ရှင် ကောင်းကင်ဒေသရဲ့ ကုန်းမြေတစ်ခုပေါ်မှာ ဒီလို စော်ကားမော်ကား ပြုမူလို့ရတယ်ဆိုနဲ့ အဓိပ္ပာယ်မဟုတ်ဘူး”

ဒွန်ဟောင်တိယွမ်သည် သူ့ကို အေးစက်စွာ အော်ပြောလိုက်၏။ သူမ၏အသံသည် ဟင်းလင်းပြင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ သူမ၏အသံ လွင့်ပြယ်သွားသောအခါ သူမဘေးမှ ထိပ်သီးကျင့်ကြံသူတစ်ယော်သည် လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက်ကို ကိုင်၍ ရှေ့သို့ ထွက်လာသည်။ ၎င်းသည် အလွန်ကြီးမားသော နတ်ဘုရားနှုတ်ပိတ်ခေါင်းလောင်းဖြစ်သည်။ ၎င်းထံမှနေ၍ ကြောက်မက်ဖွယ် နတ်စွမ်းအားတစ်ခု ထွက်နေလေသည်။ အထူးသဖြင့် ထိုလူ၏ နတ်စွမ်းအားအောက်တွင် မဟာအင်ပါယာအဆင့်လက်နက်၏ အရှိန်အဝါသည် မယုံနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းနေသည်။

ဝုန်း...

တုန်လှုပ်ဖွယ် အသံများ ထွက်ပေါ်လာပြီး နတ်ဘုရားနှုတ်ပိတ်ခေါင်းလောင်းသည် နတ်အလင်းတန်းများကို ဆက်တိုက် ထုတ်လွှတ်လိုက်သည်။ နတ်အလင်းတန်းတစ်ခုစီတိုင်းသည် ကြီးမားသော နတ်‌ခေါင်းလောင်းတစ်ခုစီအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းအပေါ်သို့ ကျဆင်းလာကြသည်။ ၎င်းတို့သည် ရီဖူရှင်းကို မြှုပ်နှံလိုနေသည်။

ရီဖူရှင်း ခေါင်းမော့၍ ၎င်းတို့ကို ကြည့်လိုက်၏။ ထို့နောက် ယင်ဓာတ်နတ်စွမ်းအား ထွက်ပေါ်လာ၏။ ဟင်းလင်းပြင်ထက်မှ ကျဆင်းလာသော ခေါင်းလောင်းပုံရိပ်များသည် ရေခဲ၏ တားဆီးမှုကို ခံလိုက်ရသဖြင့် အောက်သို့ ဆက်ဆင်းလာရန် ခက်ခဲသွားသည်။ ထို့နောက်တွင် မဟာအင်ပါယာအဆင့်လက်နက်သည် မဟာနတ်အရှိန်အဝါကို သယ်ဆောင်၍ သတ်ဖြတ်ရန် ကျဆင်းလာသည်။ ၎င်း၏စွမ်းအားသည် ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံထားပြီး ရီဖူရှင်းကို တစ်ခါတည်း နှစ်မြှုပ်ပစ်ရန် ကြံရွယ်နေ၏။

ရီဖူရှင်း ဝှေ့ယမ်းနေသော နတ်တုတ်သည် အထက် ကောင်းကင်သို့ ပင့်ရိုက်လိုက်၏။ ကောင်းကင်ထဲတွင် တုတ်အရိပ်များ ပြည့်နှက်သွားသည်။ ရီဖူရှင်း လက်ထဲမှတုတ် ပျံထွက်သွားသောအခါ ကျယ်လောင်သော ထိခတ်သံများ ထွက်ပေါ်လာ၏။ နတ်တုတ်သည် အဆက်မပြတ် ကြီးမားလာပြီး နတ်ဘုရားနှုတ်ပိတ်ခေါင်းလောင်းအတွင်းသို့ ပျံဝင်သွားသည်။

ဒုန်း...

ကြောက်မက်ဖွယ် အသံတစ်သံ ထွက်ပေါ်လာပြီး နတ်ဘုရားနှုတ်ပိတ်ခေါင်းလောင်းမှနေ၍ အတုမဲ့ အဖျက်မုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။ မဟာအင်ပါယာအဆင့်လက်နက်သည် နောက်သို့ လွင့်ထွက်သွားသည်။ နတ်တုတ်သည်လည်း ရီဖူရှင်း၏လက်အတွင်းသို့ ပြန်ရောက်သွားသည်။

ထိုပူးတွဲတိုက်ခိုက်မှုများအောက်တွင် ရီဖူရှင်း၏ အရှင်ဟောင်ထျန်းအပေါ် တိုက်ခိုက်မှုသည် နှောင့်ယှက်ခံလိုက်ရလေသည်။

“ကျန်တဲ့သုံးယောက်လည်း ရွေးချယ်ကြပါ။ တကယ်လို့ ရှင်တို့က အညံ့မခံချင်ဘူးဆိုရင် ဒွန်ဟောင်အင်ပါယာနန်းတော်က ရှင်တို့ကို ဖိအားပေးမှာ မဟုတ်ပါဘူး။ ကိုယ့်သဘောအတိုင်း ဆုံးဖြတ်ချက်ချလို့ ရပါတယ်”

ဒွန်ဟောင်တိယွမ် ပြောလိုက်၏။ သူမ၏အသံသည် ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ သူမသည် အရှင်ယွမ်ရှစ်၊ အရှင်ဝူလျန့်နှင့် ကောင်းကင်အင်ပါယာကျန်းတို့ကို ပြောနေခြင်းပင်။ ကောင်းကင်အင်ပါယာကျန်းနှင့် အခြားသူများသည် ရီဖူရှင်းကို ငေးကြည့်လိုက်ကြသည်။ အမှန်တွင် အစောက ရီဖူရှင်းတိုက်ခိုက်နေစဉ်တွင် သူထွက်သွားနိုင်၏။ သူလုပ်ရန်လိုသည်မှာ သူ၏ထူးကဲသောအင်အားနှင့် အာကာသတံခါးတစ်ခုကို ဖွင့်လိုက်ရုံသာဖြစ်သည်။ သူ ထွက်သွားနိုင်ခဲ့၏။ သို့သော် သူ ထွက်မသွားခဲ့ပေ။

သူထွက်သွားခဲ့လျှင်လည်း သူ အခြားဘာလုပ်နိုင်မည်နည်း။ သူသည် ကောင်းကင်ဒေသတွင် ပြန်လည် ခြေကုပ်ယူနိုင်‌တော့မည် မဟုတ်ဘဲ ရီဖူရှင်း၏ လိုက်လံသတ်ဖြတ်မှုကို ထာဝရခံနေရမည်ဖြစ်သည်။

သို့မဟုတ် သူ လူသားဘုံတွင် သွားရောက်ခိုလှုံရမည်လော။

လူသားဘိုးဘေးသည် သူတို့၏ သစ္စာရှိမှုကို ဝယ်ယူကာ သူတို့ကို သူ့ထံတွင် လက်အောက်ခံခိုင်းမည်ဖြစ်သည်။ သို့သော် ထိုကိစ္စသည်လည်း လွယ်ကူမည် မဟုတ်ပေ။

ဤခေတ်တွင် အရှင်ဒွန်ဟောင်သည် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်ဟု ဆိုကြသည်။ သူသည် ရီဖူရှင်း မတိုင်ခင်က အင်ပါယာတစ်ပါးဖြစ်လာစေရန် လမ်းစဉ်ကို ဖျက်ဆီးပစ်ခဲ့သူလည်း ဖြစ်သည်။ ရှေးခေတ်တွင် အရှင်ဒွန်ဟောင်သည် လောကကြီး၏ သဘာဝစည်းမျဉ်းကို ဆန့်ကျင်သော မဟာကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူသည် အရှင်ဒွန်ဟောင်ထံမှ တစ်စုံတစ်ခုကို သင်ယူလိုပေသည်။

“ကျုပ် ဒွန်ဟောင်အင်ပါယာနန်းတော်ဆီမှာ လက်အောက်ခံချင်ပါတယ်”

ကောင်းကင်အင်ပါယာကျန်းက ပြောလိုက်၏။ သူ၏အဖြေသည် လွန်စွာပြတ်သား၏။ လောကကြီးသည် ခန့်မှန်း၍ မရနိုင်ပေ။ ဤလောကထဲတွင် ခင်မင်ရင်းနှီးမှု မရှိပေ။ ကိုယ်ကျိုးသာ ရှိပေသည်။ သူတို့အတွက် အရာအားလုံးသည် ရည်ရွယ်ချက်တစ်ခုသာ ရှိပေသည်။ ထိုရည်ရွယ်ချက်မှာ လမ်းစဉ်ကို ထပ်မံသက်သေပြရန်နှင့် အတိတ်က သူတို့နှစ်‌ပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့သော ပလ္လင်များပေါ်တွင် ပြန်ထိုင်နိုင်ရန် ဖြစ်သည်။

သူတို့သည် ထိုရည်ရွယ်ချက်အတွက် အရာအားလုံးကို ရင်းနိုင်ပေသည်။

အခြားမဟာအင်ပါယာနှစ်ပါးသည် အဘယ်သို့ ကောင်းကင်အင်ပါယာကျန်း၏ အတွေးကို နားမလည်ဘဲ နေမည်နည်း။ အရှင်ယွမ်ရှစ်ကလည်း ပြောလိုက်၏။

“ကျုပ်က အရှင်ဒွန်ဟောင်ကို အမြဲလေးစားနေခဲ့တာပါ။ ပြီးတော့ သူနဲ့တွေ့ခွင့်တောင်းဖို့ အမြဲဆန္ဒရှိနေခဲ့တာ”

“ကျုပ်လည်း ဆန္ဒရှိပါတယ်”

အရှင်ဝူလျန့်ကလည်း ပြောလိုက်၏။ မဟာအင်ပါယာလေးပါးသည် သူတို့၏သဘောထားများကို တစ်ပါးပြီးတစ်ပါး ပြောလိုက်ကြသည်။ သူတို့သည် ရှေးဟောင်းနတ်ဘုရားကလန်များသို့ ပြန်လာခဲ့သော မဟာအင်ပါယာများဖြစ်သည်။ သူတို့ မဟာမိတ်ဖွဲ့ခဲ့ခြင်းမှာ သူတို့၏ပန်းတိုင်သည် တူညီ၍ဖြစ်သည်။ ထို့ကြောင့် မဟာမိတ်ဖွဲ့ထားခြင်းသည် အ‌ထောက်အကူရစေမည်ဖြစ်၍ သူတို့အတွက် သင့်တော်ပေသည်။

ဤခေတ်သည် သူတို့၏ခေတ်မဟုတ်‌တော့သည် မဟုတ်ပါလား။ သူတို့သည် အချိန်တစ်ခုအထိ ခေါင်းငုံ့နေရပေမည်။ အရာအားလုံးသည် သူတို့မဟာအင်ပါယာအဆင့်သို့ ပြန်ရောက်သွားအထိ စောင့်နိုင်ပေသည်။

ဒွန်ဟောင်တိယွမ်သည် အောက်ရှိ ‌ရှေးဟောင်အင်ပါယာများကို ကြည့်သည်။ သူမ၏မျက်နှာထားသည် ရေခဲတမျှအေးစက်နေဆဲပင်။ ထို့နောက် သူမ၏မျက်လုံးများသည် ရီဖူရှင်းကို ထပ်မံကြည့်လိုက်ပြီး ပြောလိုက်၏။

“ရှင်သွားနိုင်တယ်... ပြီးတော့ ရှင် ကောင်းကင်ဒေသကို ထပ်ရောက်လာခဲ့ရင် ဒီတစ်ခေါက်လို ဖြစ်မယ် မထင်နဲ့”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို စိုက်ကြည့်လိုက်၏။ သူ့ရှေ့တွင် ကျင့်ကြံသူများစွာ ရှိနေသော်လည်း သူရှုံးလိမ့်မည်ဟု သူမထင်ပေ။ လက်ရှိတွင် သူ၏ခုခံမှုသည် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သဖြင့် မဟာအင်ပါယာအဆင့်အောက်က မည်သူမှ သူ့ကို မထိနိုင်လောက်ပေ။ ထိုရှေးဟောင်အင်ပါယာအနည်းငယ်ပင် ထိုသို့ မလုပ်နိုင်ခဲ့ချေ။

မည်သို့ပင်ဖြစ်စေ ဤနေရာသည် ကောင်းကင်ဒေသဖြစ်ပြီး အရှင်ဒွန်ဟောင်၏နယ်မြေဖြစ်သည်။

ဒွန်ဟောင်တိယွမ် ရောက်ရှိလာပြီး ဒွန်ဟောင်အင်ပါယာနန်းတော်လည်း ဝင်ပါလာပြီဖြစ်၍ ယခုတွင် မျှော်လင့်ချက်များစွာ မကျန်တော့ပေ။

ဤတစ်ကြိမ်တွင် သူသည် ကျန်ရှိနေသော မဟာအင်ပါယာများကို မသတ်နိုင်တော့မည့်ပုံပင်။

သူ၏မျက်လုံးများမှ နေနှင့်လ ပျောက်ကွယ်သွား၏။ သို့သော် ရီဖူရှင်းသည် တည်ငြိမ်နေသည်။ သူသည် ဒွန်ဟောင်တိယွမ်ကိုကြည့်၍ ပြုံးကာ ပြောလိုက်၏။

“မင်းသမီးက မမြင်ရတာကြတော့ ပိုတောင်လှလာသလိုပဲ။ တကယ်လို့ အခွင့်အရေးသာ ရှိရင် ကျုပ် မင်းသမီးနဲ့ နှစ်ယောက်တည် စကားစမြည် ပြောချင်မိပါသေးတယ်”

ထို့နောက် သူ နောက်လှည့်၍ ဟင်းလင်းပြင်ထဲသို့ ခြေတစ်လှမ်း လှမ်းကာ ထွက်ခွာသွားသည်။

ဒွန်ဟောင်တိယွမ်၏ လှပသောမျက်လုံးများသည် ထွက်ခွာသွားသော ရီဖူရှင်းကို ငေးကြည့်နေ၏။ သူမသည် ဘာတွေးနေကြောင်း မည်သူမှ မခန့်မှန်းနိုင်ပေ။ သို့သော် ရီဖူရှင်း၏ နှုတ်ဆက်စကားများနောက်ကွယ်တွင် နက်ရှိုင်းသောအဓိပ္ပာယ်များ ရှိနေသေးသလောဟု သူတို့ မသေမချာဖြစ်နေကြသည်။

“ဗုဒ္ဓကုန်းမြေက ဖျက်ဆီးခံလိုက်ရပြီ... ပြီးတော့ အခုကစပြီး ဒွန်ဟောင်အင်ပါယာနန်းတော်က အမိန့်မရရင် ဘာမှ မလှုပ်ရှားကြပါနဲ့”

ဒွန်ဟောင်တိယွမ်သည် အောက်ဘက်ရှိ မဟာအင်ပါယာလေးပါးကို တစ်ချက်ကြည့်ကာ ပြောလိုက်ပြီး သူမ၏လူများကို ဦးဆောင်၍ ရွှေရောင်လမ်းကြောင်းဆီသို့ ပြန်သွားသည်။

ကောင်းကင်အင်ပါယာကျန်းနှင့် အခြားအင်ပါယာများသည် မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်နိုင်သည့် မျက်နှာထားပြလိုက်ကြသည်။ အရှင်ဒွန်ဟောင်သည် သူတို့ကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသည်လော။

ထိုလုပ်ရပ်သည် ဘာအဓိပ္ပာယ်နည်း။

အရှင်ဒွန်ဟောင်သည် သူတို့ကို ဒွန်ဟောင်အင်ပါယာနန်းတော်သို့ ခေါ်လာရန် ဒွန်ဟောင်တိယွမ်ကို အမိန့်ပေးလိုက်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြပေသည်။

***

All Chapters