← Chapters

ပိုးကောင်အုပ်ကြီးကို ပွက်လောရိုက်စေခြင်း

Vol. 74 Ch. 1027

ပိုးကောင်အုပ်ကြီးကို ပွက်လောရိုက်စေခြင်း

Vol. 74 Ch. 1027

းသည် မန်ဟို ပထမဆုံး မြင်ခဲ့စဉ်တုန်းကနှင့် အလွန်တရာ ကွဲပြားနေပုံပေါ်သည့် မြက်ထုကြီးတစ်ခုဖြစ်သည်။ ဤနေရာရှိ မြက်အများစုမှာ ခရမ်းရောင်ဖြစ်၏။ ၎င်းတို့က နူးညံ့ပျော့ပျောင်းစွာ ရှေ့နောက်ယိမ်းနွဲ့နေကြလေသည်။

တဝီဝီမြည်သံများက မြေပြင်တစ်လျှောက် ပျံ့လွင့်နေသော်လည်း ယင်းကလွဲ၍ အရာအားလုံး တိတ်ဆိတ်နေသည်။

ခရမ်းရောင်မြက်ပင်များကြား၌ ဆေးပင်အမျိုးမျိုးအား မြင်ရနိုင်သည်။ နေပန်းပွင့်၊ အင်မော်တယ်လမ်းပြနွယ်များအပြင် အခြားတူညီသော အပင်များလည်းရှိ၏။ ထိုအပင်များထက်ပင် ပို၍ ရှားပါးသော ဆေးပင်အမျိုးအစားတစ်ချို့လည်း ရှိလေသည်။

ဤနေရာသည် စကားလုံးများဖြင့် ဖော်ပြ၍မရလောက်အောင် တန်ဖိုးကြီးသော ဆေးဥယျာဉ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်၏။

သို့သော် မန်ဟိုမှာ ဤတိတ်ဆိတ်ငြိမ်သက်နေသောနေရာမှာ မည်သည့်ကျင့်ကြံသူမဆိုအတွက် ရတနာသိုက်ကြီးနှင့်တူသော်လည်း တကယ့်တကယ် မရေမတွက်သော ကြောက်စရာချေးပိုးထိုးမည်းမည်းကြီးများဖြင့် ဖုံးနေခြင်းဖြစ်ကြောင်း သိထား၏။

မည်းနက်နေသော မြေကြီးက တကယ်တော့ ထိုချေးပိုးထိုးများ ဖုံးနေ၍ မည်းနက်နေခြင်းဖြစ်သည်။ ၎င်းက ကြောက်စရာကောင်းလောက်အောင် ကြီးမားသော ချေးပိုးထိုးတစ်ကောင်အပေါ်တွင် တည်ရှိနေသည့်အချက်ကိုတော့ မပြောလိုပေ။

မန်ဟိုသာမဟုတ် တာအိုနယ်ပယ်ရှိ လူတစ်ယောက်ပင်လျှင် ခေါင်းနပန်းကြီးလောက်အောင် ကြောက်သွားပြီး ဤနေရာကို မဖြစ်မနေ ရှောင်ရှားရမည်ဖြစ်သည်။

မန်ဟို ခရမ်းရောင်မြက်ထုကြီးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မြက်များက အကြမ်းပတမ်း ယိမ်းနွဲ့လာပြီး မြေပြင်ရှိ တစ်ချို့နေရာများမှာ လှိုင်းကဲ့သို့ တအိအိ လှုပ်ရှားလာသယောင် ထင်ရသည်။

မန်ဟို့မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး သူက ချက်ချင်း ညာလက်ကို မြှောက်ပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ မရေမတွက်နိုင်သော ချိတ်ပိတ်အမှတ်အသားများ သူ့ပေါ်တွင် ပေါ်လာပြီး တစ်ခုပေါ်တစ်ခုထပ်ကာ သူ၏ကျင့်ကြံခြင်းအခြေခံအား လျင်မြန်စွာ ကျဆင်းသွားစေသည်။

အသက်ရှိုက်စာအနည်းငယ်လေးအတွင်း တဝီဝီမြည်သံများ ဆူညံလာ၏။ မြေကြီးအလွှာတစ်လွှာလုံး မြောက်တက်လာသည့်အလား ချေးပိုးထိုးမည်းမည်းကြီးများက လေပေါ်ပျံတက်လာကြသည်။

၎င်းတို့က ပျံတက်လိုက်လျှင်ချင်း တဝေါဝေါ အော်မြည်နေသော လေမုန်တိုင်းကြီးအသွင်ပြောင်းသွားသည်။ ၎င်းတို့၏ ပစ်မှတ်ကား ပျံဝဲနေသော မန်ဟိုမှလွဲ၍ တခြားမဟုတ်ပေ။

သူ့ကိုယ်ပေါ်ရှိ တစ်စုံတစ်ခုက ၎င်းတို့အား အတိုင်းထက်အလွန် ရန်လိုအောင် လှုံ့ဆော်လိုက်သယောင်ပင်

မန်ဟို မျက်နှာပျက်သွားသည်။ သူ့မှာ ဤချေးပိုးထိုးများ ထိုကဲ့သို့ တုံ့ပြန်တတ်သည်ကို မေ့လျော့သွားခဲ့၏။ ကျင့်ကြံခြင်းအခြေခံအဆင့်မြင့်လေလေ၊ ၎င်းတို့က ပို၍ ရန်လိုလေလေ ဖြစ်သည်။ ဤအခိုက်အတန့်တွင် မန်ဟိုမှာ ပထမဆုံးတစ်ခေါက် ဤနေရာသို့ လာခဲ့စဉ်တုန်းကထက် များစွာ အစွမ်းထက်နေလေပြီ။ တခဏစဉ်းစားပြီးနောက် မန်ဟိုသည် သူ သိပ်နီးကပ်မနေသည့်တိုင် ချေးပိုးထိုးများ သူ့ကို အာရုံခံနိုင်ခြင်းမှာ ပုံမှန်သာဖြစ်ကြောင်း သုံးသပ်လိုက်၏။

သူ၏ အတွေးရထား ဤနေရာသို့ ရောက်သောအခါ မန်ဟိုက ချက်ချင်း နောက်ဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကျင့်ကြံခြင်းအခြေခံကို စဦးချီဖွဲ့စည်းမှုအဆင့်နှင့် ညီမျှသည့်တိုင်အောင် ချိတ်ပိတ်၍ ဖိနှိပ်လိုက်သည်။ ထို့ထိတိုင် ချေးပိုးထိုးများက ရပ်တန့်မသွားဘဲ ပို၍ပင် များပြားလာရာ မန်ဟို့ကို ခေါင်းနပန်းကြီး၍ ချာချာလည်သွားစေသည်။

"သူတို့ ငါ့ကို အခဲမကြေသေးတာများလား" သူက တအံ့တဩဖြင့် ကပျာကယာ နောက်ဆုတ်လိုက်သော်လည်း ၎င်းတို့က မုန်းတီးစက်ဆုပ်နေသော မျက်လုံးနီနီကြီးများဖြင့် သူ့နောက်ဆက်လိုက်နေသည်။

"တစ်ခုခု‌တော့ မှားနေပြီ" သူက ရင်တဒိန်းဒိန်းခုန်လျက် တွေးလိုက်သည်။ သူ၏ ယခင်အတွေ့အကြုံကို အခြေခံ၍ ဝေးသင့်သလောက် ဝေးဝေးနေလျှင် ၎င်းတို့က ဆက်လိုက်လာမည်မဟုတ်ပေ။

သူ့မျက်နှာရိပ်ခနဲ ဖြစ်သွားစဉ် ချေးပိုးထိုးများက နီးကပ်သထက် နီးကပ်လာနေသည်။ ရုတ်တရက် ချေးပိုးထိုးအကုန်လုံး၏မျက်လုံးများက သူ့ပေါ်တွင်မဟုတ်ဘဲ သူ့သိုလှောင်အိတ်ကို စူးစိုက်နေခြင်းဖြစ်ကြောင်း သူ သတိထားမိလိုက်၏။

ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူက ပါးစပ်အဟောင်းသားနှင့် သူ၏ နတ်ဘုရားအာရုံကို သိုလှောင်အိတ်ထဲသို့ အလျင်အမြန် ပို့လွှတ်လိုက်သည်။ သို့သော် ထူးထူးခြားခြားမရှိပေ။ သူ ပထမဆုံး ဤနေရာသို့ ရောက်လာခဲ့စဉ်တုန်းက ဖမ်းခဲ့သောအုပ်စုထဲမှ ချိတ်ပိတ်သင်္ကေတများဖြင့် ချုပ်နှောင်ခံထားရ၍ နိုးမလာသေးသော နောက်ဆုံးလက်ကျန်ချေးပိုးထိုးတော့ ရှိသည်။

"ဒီအရာကြောင့်များလား" သူက ချေးပိုးထိုးကို ကပျာကယာထုတ်၍ လာနေသော ပိုးကောင်အုပ်ကြီးထံ ပစ်ပေါက်လိုက်သော်လည်း ၎င်းတို့က ရပ်တန့်မသွားကြပေ။

"ဒီကောင်တွေ ဘာလို့ ဒီလိုဖြစ်နေကြတာတုန်း" သူက မျက်နှာပျက်သွားပြီး ညာလက်ကို မြှောက်ကာ သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်အား ပြန်တက်လာစေသည်။ သူ၏ အင်မော်တယ်အကြောစွမ်းအားတို့ လာနေသော ချေးပိုးထိုးများထံသို့ ပြေးထွက်သွားစဉ် သူက ၎င်းတို့ကို တိုက်ခိုက်တော့သည်။ တဖောင်းဖောင်း မြည်သံများ ပဲ့ထင်ထပ်သွားပြီး ချေးပိုးထိုးများ အတုံးအရုံးသေကုန်ကြသည်။ သို့သော် တချို့က သူ၏နတ်ဘုရားစွမ်းအင်များကြောင့် ဒဏ်ရာရရုံသာရပြီး မသေကြပေ။ အမှန်တွင် ဤအခြင်းအရာက ၎င်းတို့ကို ပို၍ပင် စိတ်တိုသွားစေပြီး သူ့ကို အသည်းအသန် တိုက်ခိုက်ကြတော့သည်။ ထိုမျှသာမက အင်မော်တယ်နယ်ပယ်နှင့် ရှေးဟောင်းနယ်ပယ်နှင့်ညီမျှသော ချေးပိုးထိုးများပင် ပျံတက်လာသည်ကို သူ မြင်လိုက်ရသည်။ သူ့မှာ ရင်ဒိန်းခနဲ ခုန်သွားတော့သည်။

"မဖြစ်တော့ဘူး။ ငါ့သိုလှောင်အိတ်ထဲမှာ သူတို့ကို ဆွဲဆောင်နေတဲ့ အရာတစ်ခုရှိရမယ်။ ဒါပေမယ့် အဲ့ဒါက ဘာတုန်း" သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူ့သိုလှောင်အိတ်ထဲရှိ အရာအားလုံးကို ချိတ်ပိတ်ကာ ၎င်းတို့၏ အရှိန်အဝါအား ဖြာထွက်မသွားအောင် ဟန့်တားလိုက်သည်။ တစ်ချိန်တည်းမှာပင် နောက်ဆုတ်လိုက်၏။ နောက်ဆုံးတွင် သူသည် လက်စွပ်တစ်ခုအား ချိတ်ပိတ်လိုက်ရာ ရုတ်တရက် ချေးပိုးထိုးအားလုံး ပျံသန်းနေရာမှ ရပ်တန့်သွားကြသည်။ ၎င်းတို့က တစ်စုံတစ်ခုကို ရှာနေသည့်အလား ဟိုဟိုသည်သည် ပျံသန်းရင်း အင်မတန်မှ စိတ်တိုနေသည့်အလားပင်။

မန်ဟိုသည် ဤအခြင်းအရာကို မြင်သောအခါ ဇောချွေးများ ပြန်လာ၏။ နောက်ဆုံးတွင် ချေးပိုးထိုးများက ဆေးပင်ဥယျာဉ်ထဲသို့ ပြန်လည်ပျံသန်းသွားကြပြီး မြေကြီးပေါ်တွင် ပြန်၀ပ်သွားကြလေသည်။

မန်ဟိုက လေလယ်တွင် ပျံဝဲနေသည်။ သူ့မှာ နဖူးမှ ချွေးများကိုပင် မသုတ်အားဘဲ သိုလှောင်အိတ်ထဲရှိ လက်စွပ်ကို ကြည့်လိုက်၏။ ဤသည်က မကြာသေးမီက ရီဖဇီထံမှ ရရှိခဲ့သော လက်စွပ်ဖြစ်သည်။

"ဒီအရာကြောင့်လား။ ဒါမှမဟုတ် အထဲက အရာကြောင့်လား" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် လက်စွပ်ကို ထုတ်လိုက်သည်။ သူသည် ၎င်းကို ရရှိခဲ့စဉ်တုန်းက သာမန်ကာလျှံကာသာ စစ်ဆေးကြည့်ခဲ့၏။ ၎င်းက တကယ်တော့ သိုလှောင်လက်စွပ်ဖြစ်ပြီး ဖွင့်ဖို့ အလွန်တရာအားကောင်းသော နတ်ဘုရားအာရုံကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။ မန်ဟိုမှာ အင်မော်တယ်အပျက်အစီးများနယ်တွင် ရောက်နေသည့်အတွက် ဤနေရာမှ မထွက်နိုင်မချင်း ၎င်းကို မဖွင့်သေးရန် စဉ်းစားထားခဲ့၏။ သို့သော် ယခုတော့ နတ်ဘုရားအာရုံများစွာကို သုံးရမည်ဆိုလျှင်တောင်မှ ဖွင့်ဖို့ အချိန်ကျလာလေပြီ။

မန်ဟို မြင်ခဲ့ဖူးသည့် သိုလှောင်အမျိုးအစားရတနာအများစုမှာ သိုလှောင်အိတ်များသာ ဖြစ်သည်။ ဤသည်မှာ ယခုလို သိုလှောင်လက်စွပ်မျိုးကို သူ ပထမဦးဆုံး မြင်ဖူးခြင်းပင်။ သူက လက်စွပ်ကို လက်ချောင်းတစ်ချောင်းအား စွပ်ပြီးနောက် နတ်ဘုရားအာရုံ ပို့လွှတ်လိုက်သည်။

သူ့နတ်ဘုရားအာရုံမှာ ဇက်ကြိုးလွှတ်ပေးလိုက်သော မြင်းတစ်ကောင်သဖွယ် လက်စွပ်ထဲသို့ အရူးအမူး စုပ်ယူခံလိုက်ရသည်။ တခဏကြိုးစားပြီးနောက် မန်ဟိုမှာ ထပ်၍ တောင့်မခံနိုင်တော့သည့်အလား ခံစားလိုက်ရသည်။

"ဒီလက်စွပ်က သဘာ၀နိယာမနဲ့ ကျင့်ကြံစနစ်တွေ ကွဲပြားနေတဲ့ တခြားလောကကမလို့ ငါ အဲ့ဒါကိုဖွင့်ဖို့ နတ်ဘုရားအာရုံအများကြီး သုံးစွဲနေရတာများလား" သူက မျက်မှောင်ကြုတ်လျက် ဆေးလုံးတစ်ချို့ထုတ်စားပြီးနောက် လက်စွပ်ကို နောက်တစ်နာရီကြာ ထပ်ဖွင့်ကြည့်လိုက်သည်။ နောက်ဆုံးတော့ လက်စွပ်ထဲသို့ နတ်ဘုရားအာရုံများစွာ ထည့်ပြီးနောက်တွင် ချွတ်ခနဲ အသံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

ထို့နောက် လက်စွပ်ထဲရှိ အရာအားလုံးမှာ သူ၏မျက်လုံးထဲတွင် မြင်သာလာ၏။ တခဏကြည့်ပြီးနောက်တွင် သူ၏ မျက်လုံးများမှာ စူးရှတောက်ပလာတော့သည်။

အထဲတွင် ပစ္စည်းများစွာရှိပြီး ကြည့်လိုက်လျှင်ချင်း မန်ဟိုမှာ ဘယ်တစ်ခုက ချေးပိုးထိုးများကို ဤမျှ ရန်လိုစွာ ပြုမူစေကြောင်း မသိနိုင်ပေ။ သူသည် ဆေးလုံးများဖြစ်နိုင်ကြောင်း တွေး၍ သူ လိုက်ဖမ်းနေစဉ် ရီဖဇီ စားခဲ့သော ဆေးလုံးများကို သတိရလိုက်၏။ သို့နှင် သူကား ဆေးလုံးတစ်လုံးပြီးတစ်လုံးကို ထုတ်ကာ ဆေးဥယျာဉ်ထဲရှိ ချေးပိုးထိုးများအား လှမ်းကြည့်နေတော့သည်။

သူ့အနေဖြင့် ဆေးနာမည်တစ်ခုကိုမှ မသိသော်လည်း သူ၏ ဆေးဝါးတာအိုအပေါ် အခြေခံ၍ ၎င်းတို့ကို နားလည်ရန် တခဏမျှသာ ကြာလိုက်သည်။ ရလဒ်က သူ့အား ပိုပို၍ စိတ်နှလုံးတုန်လှုပ်သွားစေ၏။

ဤဆေးလုံးများအား န၀မတောင်ပင်လယ်ပေါ်တွင် တည်ရှိသည်နှင့် မတူကွဲပြားသော ဆေးဝါးပညာစနစ်ကို သုံးရင်း ဖော်စပ်ထားသည့်အတွက် မန်ဟိုမှာ အတန်ငယ် တွေးသွားသည်။ သိုလှောင်လက်စွပ်အား မွှေနောက်ပြီးနောက်တွင် သူသည် ဖယောင်းတိုင်တစ်တိုင်အား တွေ့လိုက်၏။

"ဖယောင်းတိုင်တစ်တိုင်။ ဒါက ငါ ရှာနေတဲ့ အရာများလား" ဖယောင်းတိုင်ကို ငါးရောင်ခြယ်အလင်းက ၀န်းရံထားသည်။ သို့သော် သူ ၎င်းအား သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သောအခါ ချေးပိုးထိုးများက ဘာမှမတုံ့ပြန်ပေ။

သူက မျက်မှောင်ကြုတ်သွားပြီး အမွှေးတိုင်အား ရှုလိုက်သည်။ သူ ၎င်းကို တစ်ချက်သာ ရှုလိုက်ပါသော်လည်း ထိုအခိုက်အတန့်တွင် သူ၏ အင်မော်တယ်အကြောများမှာ ပြင်းပြင်းထန်ထန် လှုံ့ဆော်ခံလိုက်ရသည့်အလား ထကြွလာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ကိုယ်ထဲရှိ အင်မော်တယ်အကြောအားလုံးက လည်နေလေပြီ။

"ဒါ ဘယ်လို အမွှေးတိုင်မျိုးလဲ" သူက တွေးလိုက်သည်။ တစ်ချက်ရှူတာတောင် ငါ့ကျင့်ကြံခြင်းအခြေခံကို ဆူပွက်လာစေတယ်" သူက သူ့ကိုယ်သူ နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီး အချိန်တိုလေးအတွင်း သူ၏ ကျင့်ကြံခြင်းအခြေခံသည် အဆများစွာ မြင့်တက်သွားခဲ့ကြောင်း ပြောနိုင်လိုက်၏။

သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် အမွှေးတိုင်ကို ကြည့်ပြီး ၎င်းအား အဖိုးထိုက်ရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်သည်။

"အမွှေးတိုင်တွေဆိုတာ မီးထွန်းရမှာ။ သူ့ကို ငါ မီးထွန်းလိုက်ရင် ဘာဖြစ်သွားမလဲမသိဘူး" သူ့နှလုံးမှာ တုန်ရီနေသော်လည်း ထိုကဲ့သို့ စမ်းသပ်မှုမျိုးကို လုပ်ဆောင်ရမည့် အချိန်မဟုတ်ပေ။ သူက အလွန်ကျေနပ်နေသော ဟန်ပန်ဖြင့် အမွှေးတိုင်အား သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်သည်။

"ဒီ အမွှေးတိုင်က သေချာပေါက် သာမန်မဟုတ်ဘူး" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ကျင့်ကြံရာမှာ သုံးတဲ့ အဖိုးထိုက်ရတနာတစ်ပါး ဖြစ်လောက်မယ်" ထို့နောက် သူသည် သိုလှောင်လက်စွပ်ထဲရှိ သူ အကြိုက်ဆုံးအရာများထဲက တစ်ခုဖြစ်သော အရာကို ကြည့်လိုက်၏။ သူ့အမြင်အရ ၎င်းတို့က ချေးပိုးထိုးများအား ဆွဲဆောင်နိုင်ပုံမပေါ်ပေ။

၎င်းတို့သည် သဘာ၀နိယာမတွင် ပါ၀င်နေသော အနက်ရောင်ကျောက်တုံးများ ဖြစ်သည်။ ၎င်းတို့က အင်မော်တယ်တယ်ကျောက်စိမ်းများနှင့် များစွာတူပြီး တစ်ခုစီက လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်နှင့် အသက်ဓာတ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သိသိသာသာပင် ဤသည်မှာ အင်မော်တယ်ကျောက်စိမ်း သို့မဟုတ် ဝိညာဉ်ကျောက်တုံးနှင့်တူသော ရီဖဇီ၏ လောကမှ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တစ်ခု ဖြစ်သည်။

မန်ဟိုမှာ ၎င်း၏တန်ဖိုးကို မခန့်မှန်းနိုင်သော်လည်း ဤလက်စွပ်က မန်ဟို၏ သိုလှောင်အိတ်အားလုံးထက် များစွာ ကြီးမားသည့်အတွက် ကျောက်တုံးအတော်များများအား စုဆောင်းထားရန် နေရာရှိလေသည်။

အဆိုပါ အနက်ရောင်ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကား ဆယ်သိန်း အနည်းဆုံးရှိ၏။

မန်ဟိုက တစ်တုံးကို ထုတ်ကြည့်ပြီး သူ၏ ထင်မြင်ချက်များ မှန်ကန်ကြောင်း ပို၍ပင် သေချာသွားသည်။

သို့သော် သူ အနက်ရောင်ကျောက်တုံးအား ထုတ်လိုက်သည့်အခိုက်အတန့်တွင် ရုတ်တရက် ဆေးဥယျာဉ်ထက်ရှိ မြေပြင်မှာ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ တဝီးဝီး မြည်သံများ ဆူညံလာပြီး စောစောကထက်ပင် ပို၍များပြားသော ချေးပိုးထိုးများက လေပေါ်ပျံတက်လာကြသည်။ ၎င်းတို့က မန်ဟို့အား အငမ်းမရ လှမ်းကြည့်ပြီး‌နောက် လျင်မြန်စွာ ပျံသန်းလာကြ၏။

မန်ဟိုမှာ အလွန်တရာ ကြောက်ရွံ့ပြီး တဆတ်ဆတ် တုန်လာသည်။ သူက ဝိညာဉ်အင်မော်တယ်ကျောက်တုံး သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ပြီး နောက်ဆုတ်လိုက်သည်။

ချေးပိုးထိုးများက ဟိုဟိုသည်သည် နာရီအနည်းငယ်ကြာ ပျံသန်းနေပြီးနောက် ဆေးဥယျာဉ်ထဲသို့ မသွားချင်သွားချင်ဖြင့် ပြန်သွားကြသည်။

"ဆိုတော့ ဒါက သူတို့ကို အဲ့ဒီလို ဖြစ်စေတဲ့အရာပဲ" မန်ဟိုက ကြောက်စိတ်တို့ဖြင့် ရင်တဒိန်းဒိန်းခုန်လျက် ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကို ကြည့်ရင်း မျက်လုံးများ တလက်လက် တောက်ပလာသည်။ နောက်ဆုံးတွင် သူသည် သိုလှောင်လက်စွပ်ကို ထပ်မံ၍ ‌စစ်ဆေးကြည့်လိုက်၏။

အထဲတွင် ကျောက်စိမ်းပြားများလည်း ရှိပြီး မန်ဟိုက တစ်ခုကို ထုတ်ကြည့်ပြီးနောက် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားလေသည်။

"ဒါက.." ကျောက်စိမ်းပြားတွင် အချက်အလက်များ ရေးသားထားသည်။ အနီးကပ်ကြည့်ရာတွင် ၎င်းတို့အပေါ်၌ တူညီသောစာလုံးများအား ခတ်နှိပ်ထားကြောင်း သိလိုက်ရသည်။ တစ်ခုစီတွင် သေမျိုးများ ဘဏ်တွင် ငွေထုတ်နိုင်သည့် လက်မှတ်များကဲ့သို့ မှတ်တမ်းများရှိ၏။ ၎င်းတို့ကား သတ်မှတ်ထားသော နေရာများတွင် ဝိညာဉ်‌အင်မော်တယ်ကျောက်တုံးများအား ထုတ်ယူနိုင်သော ချက်လက်မှတ်များသဖွယ် ဖြစ်လေသည်။

ကျောက်စိမ်းပြားတစ်ပြားစီက ဝိညာဉ်အင်မော်တယ်ကျောက်တုံးဆယ်သိန်းတန်ပြီး သိုလှောင်လက်စွပ်ထဲတွင် ကျောက်စိမ်းပြားတစ်ရာ‌ကျော်ကျော်ရှိသည်။ ကျောက်စိမ်းပြားများ မည်မျှအဖိုးတန်ကြောင်း အကြမ်းဖျင်းတွက်ချက်ပြီးနောက်တွင် မန်ဟို့မျက်လုံးများ နီရဲသွားသည်။ ရုတ်တရက် သူ့မှာ ရီဖဇီလာခဲ့‌သောနေရာအား အတိုင်းထက်အလွန် စိတ်၀င်စားသွားတော့သည်။

သို့သော် လောလောဆယ်တွင် သူ စိတ်အဝင်စားဆုံးက ဆေးဥယျာဉ်ဖြစ်သည်။

သူက ဆေးဥယျာဉ်ကိုကြည့်ပြီး သူ ပထမဆုံး ဤနေရာသို့ လာခဲ့စဥ်တုန်းကဲ့သို့ စိတ်အားမထက်သန်မိဘဲ မနေတော့ပေ။

"အခွင့်အရေး ရှိလာခဲ့ရင်…" သူက သိုလှောင်လက်စွပ်ကို ပွတ်၍ တွေးသည်။ သူသည် အနက်ရောင်ကျောက်တုံးများအကြောင်း တွေးသောအခါ မျက်လုံးများ တောက်ပလာတော့သည်။ ဤတစ်ခေါက်တွင် အချီကြီးပွအောင် သူ လုပ်မည်။

၎င်းသည် သူ ပထမဆုံးတစ်ခေါက်က ဆေးပင်လက်တစ်ဆုပ်စာမျှသာ ရယူနိုင်ခဲ့သော အခြေအနေနှင့် တူမည်မဟုတ်ပေ။ ဤတစ်ခေါက်တွင် သူသည် ဆေးပင်များအရရော၊ ချေးပိုးထိုးများအရပါ အကျိုးအမြတ်များအောင် လုပ်မည်ဖြစ်သည်။ ‌

အရှေ့အောင်ပွဲဂြိုဟ်မှာတုန်းက ‌‌ဆေးလုံးအကြီးအကဲ သူ့ကို ပိုးမွှားတာအိုသဘောတရား ပထမတွဲအား ပေးခဲ့ပြီး အတန်ငယ် လေ့လာထားပြီးဖြစ်၍ မန်ဟိုသည် အနက်ရောင်ချေးပိုးထိုးတစ်ချို့အား အစေအပါးအဖြစ် သွတ်သွင်းနိုင်သည်ဟု ယုံကြည်ချက်ရှိနေ၏။

"ငါ သူတို့တစ်ထောင်ကျော်လောက်ကို ငါ့ အစေခံဖြစ်အောင် လုပ်ရမယ်" သူက နှုတ်ခမ်းပါးနားသပ်ရင်း တွေးလိုက်သည်။ ထို့နောက် သူသည် ချေးပိုးထိုး တစ်‌ထောင်ကျော်အား ဝှက်ဖဲအဖြစ် ထား၍ တိုက်ခိုက်လျှင် မည်သည်နှင့် တူမည်ကိုတွေးရင်း ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။

***

All Chapters