← Chapters

ငါတို့က မလိုက်ဖက်ဘူးဟ

Vol. 74 Ch. 1034

ငါတို့က မလိုက်ဖက်ဘူးဟ

Vol. 74 Ch. 1034

လစားကောင်သည် အင်မော်တယ်အပျက်အစီးနယ်၏ကောင်းကင်ထဲသို့ တရွေ့ရွေ့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။ မန်ဟို လေလယ်တွင် ပျံဝဲနေစဉ် အင်မော်တယ်ဧကရာဇ်တန်ခိုးတို့ တဖြေးဖြေး ပြန်လည်ကျဆင်းနေသည်။ နောက်ဆုံးတွင် နိဗ္ဗာနသစ်သီးက သူ့နူဖူးထဲမှ ပြန်ဝင်လာသော် သူက သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်သည်။ သူသည် စုရန်၏ကိုယ်ပေါ်တွင် ချုပ်နှောင်မန္တန်များ စီရင်ပြီး သူမကို ချိတ်ပိတ်ကာ သိုလှောင်အိတ်ထဲ ထည့်လိုက်တော့၏။

သူမ ပျောက်ကွယ်မသွားခင် အေးစက်စက်အပြုံးအား သူမမျက်နှာပေါ်တွင် မြင်ရနိုင်သည်။ သို့သော် သူမမျက်ဝန်းထဲရှိ အံ့ဩမှုနှင့် တွေဝေရှုပ်ထွေးမှုတို့အား ဖုံးဖိမရပေ။

သို့သော် မန်ဟိုက ၎င်းကို ဂရုမစိုက်။ သူက ကြက်တူရွေးနှင့် လီလင်းအာဘက် လှည့်ကြည့်သည်။

လီလင်းအာမှာ အလိုလို အကြည့်လွှဲလိုက်မိလေသည်။ မန်ဟို့အပေါ် သူမ၏အမြင်များမှာ သူမစိတ်ထဲတွင် ကျန်ရှိနေဆဲဖြစ်ပြီး လောလောဆယ်တွင် သူမနှလုံးသားထဲ၌ တွေဝေမှုအပါအဝင် ဒွိဟဖြစ်နေသော ခံစားချက်များ ပြည့်နှက်နေသည်။

သူမသည် အတိတ်တုန်းက သူ့ကို ရိုးတွင်းခြင်ဆီထဲအထိ မုန်းတီးခဲ့ကြောင်း အလွန်သေချာ၏။ အထူးသဖြင့် သူ သူမကို အရှက်ခွဲခဲ့သောပုံစံကြောင့်ပင်။ သူတို့နှစ်ယောက် လက်ထပ်ဖို့အတွက် လူကြီးများ စီစဉ်နေကြောင်း သိလျှင် သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ လက်ထပ်မည့်အစား သေဖို့သာ ဖြစ်ခဲ့သည်။

သူမမှာ မန်ဟို့ကို ယောကျ်ားအဖြစ် လက်တွဲဖို့ စိတ်ပင်မကူးနိုင်ပေ။ သူမအတွက် ၎င်းက ရှက်လျက်နှင့် သေနေရသော အိပ်မက်ဆိုးကြီးပမာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူမသည် မင်္ဂလာပွဲမှ ထွက်ပြေးဖို့ ရွေးချယ်ခဲ့၏။ မှန်ပါသည်၊ သူမ ရှောင်ပြေးနေသောလူ၏ ကယ်ခြင်းခံရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

မန်ဟိုသည် လီလင်းအာ ဒွိဟဖြစ်နေသည်ကို မြင်လျှင် သက်ပြင်းပြင်းဖွဖွချရင်း အကြည့်လွှဲလိုက်သည်။ ယခုလိုအချိန်မျိုးတွင် သူမအနေဖြင့် လီမျိုးနွယ်စုတွင် ရှိနေသင့်သည်။ ရီဖဇီ လိုက်ဖမ်းသည်ကို ခံနေရသော သူမအား တွေ့သည်နှင့် သူမ မျိုးနွယ်စုမှ ထွက်လာခဲ့ကြောင်း သူ သိလိုက်သည်။

အကြောင်းရင်းကို လွယ်လွယ်ကူကူပင် ခန့်မှန်းနိုင်သည်။ ရွှေလမ်းငွေလမ်းဖောက်၊ မဟာမိတ်ဖွဲ့မည့်ပွဲကို ထည့်တွက်လျှင် လီလင်းအာလည်း သူ့နည်းတူ မျိုးနွယ်စုမှ ထွက်ပြေးလာခဲ့ကြောင်း သက်‌သေထူသည်။ တခြားအဖြေလည်း မရှိပေ။

ဤအခိုက်အတန့်တွင် ကြက်တူရွေးက ချောင်းဟန့်လိုက်သည်။ “ဟိုဟိုလေး မင်း ဘာလို့ သူများလင်မယားကိစ္စမှာ ဝင်ပါရတာတုန်း” ၎င်းက ဂုဏ်ယူမာန်တက်နေသောလေသံဖြင့် ပြောသည်။ “အဲ့ဒါ ငါ သခင်ငါးရဲ့ ချစ်ရတဲ့ ကိုယ်လုပ်တော်လေးလေ။ သခင်ငါး သူ့ကို မကြောက်ဘူးကွ။ ဒီတိုင်း သူ အခွံထဲက ထွက်လာအောင် လုပ်နေရုံသက်သက်ပဲ

“ကဲ အခုတော့ မင်းက သူ့ကို မောင်းထုတ်လိုက်ပြီ… အိုင်းရား ထားလိုက်ပါတော့။ စိတ်ထဲထည့်မနေတော့။ ငါတို့နှစ်ယောက် ဖူးစာမပါဘူးနဲ့ တူပါတယ်”

လောလောဆယ်တွင် ချေးပိုးထိုးအကောင်ငါးရာက မန်ဟို့ကို ပတ်၍ ပျံဝဲနေပြီး ၎င်းတို့၏တောင်ပံခတ်များက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသည်။ ထို့ကြောင့် မန်ဟိုသည် အင်မော်တယ်ဧကရာဇ်တန်ခိုးတို့ကို ထုတ်လွှတ်မနေတော့သည့်တိုင် ရန်မစသင့်သောလူတစ်ယောက်ဆိုသည့် ခံစားချက်ကို ပေးစွမ်းနေဆဲဖြစ်သည်။

ချေးပိုးထိုးတစ်ကောင်၏ ကျောပေါ်တွင် အန္တရာယ်များသော‌ အေးစိမ့်မှုကို ထုတ်လွှတ်နေသည့် သရဲမျက်လုံးတစ်လုံးစီ ရှိသည်။ ပိုးကောင်များကိုယ်တိုင်၌ကား ခံစားချက်မဲ့သောမျက်လုံးများ ရှိရာ ကြမ်းကြုတ်သောအရှိန်အဝါတစ်ခုကို ဖြေးဖြေးချင်း ပျံ့လွင့်လာစေသည်။

ဤချေးပိုးထိုးများကို မြင်လျှင် ရှေးဟောင်းနယ်ပယ်ပညာရှင်များပင် ကြောက်လန့်သွားရလိမ့်မည်။

မန်ဟိုက လီလင်းအာကို ပြန်ကြည့်ကာ မေးသည်။ “ဆိုတော့ ဟိုလိပ်အိုကြီးရော ထွက်သွားပြီလား”

လီလင်းအာ မဖြေနိုင်ခင် ကြက်တူရွေး၏ခြေချင်းဝတ်တွင် ချိတ်နေသော ခေါင်းလောင်းပုံစံနှင့် အသားဂျယ်လီခေါင်းလောင်းက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ “အဲ့ဘိုးတော်ကြီးက လုံးဝအကျင့်ပျက်နေတာ။ အဆုံးအစွန်အထိကို ယုတ်မာတယ်။ သေချင်းဆိုးနဲ့ သေသင့်တဲ့ ဘိုးတော်ကြီး။ အဲ့ဘိုးတော်ကြီးကို ပြောင်းလဲပစ်မယ်လို့ ငါ သခင်သုံး သစ္စာဆိုတယ်။ အဲ့လိပ်ဘိုးတော်ကြီးက ငါ့ကို ခါထုတ်ပြီး တစ်ယောက်တည်း ပြေးသွားတာလေ

“ငါ သခင်သုံးက ကရုဏာရှင်ကြီးလုပ်ပြီး သူ့ကို သနားတောင် သနားခဲ့တဲ့အပြင် အကြံတွေ အများကြီးပေးခဲ့ရတာ။ သခင်သုံး သိပ်စိတ်ဆိုးတယ်။ အရှက်မရှိတဲ့ ဘိုးတော်ကြီး။ သုံးစားမရတဲ့ဟာကြီး။ အယုတ်တမာကောင်ကြီး” အသားဂျယ်လီ ဆဲဆိုနေစဉ် ၎င်းမှာ မှီခိုရာဂိုဏ်းချုပ်ကို စိတ်ဆိုးနေပြီး မတရားခံခဲ့ရသည်ဟု ခံစားနေရကြောင်း သိသာသည်။

အသားဂျယ်လီ မြည်တွန်တောက်တီးနေသည်ကို နားထောင်ရင်း ကြက်တူရွေးက ဝင်ပြောသည်။ “သွေးထွက်အောင် မှန်တယ်။ အဲ့ဒီလိပ်မသားကြီးက လွန်လွန်းတယ်။ လီးလိုပဲ” သို့သော် ကြက်တူရွေးက ၎င်း၏ ပို၍မြင့်မားသော ရည်မှန်းချက်ကို ကြေညာသည်။ “နောက်တစ်ခေါက် သူ့ကို တွေ့ရင် ငါ ကိုယ်တော်သခင်ငါး ဘယ်လောက်စွမ်းလဲ သူ သိသွားအောင် လုပ်မယ်။ သူ့ကို ငါ့ရဲ့ကိုယ်လုပ်တောအဖြစ် ပြောင်းပစ်မယ်”

မန်ဟိုက ဂေါက်သီးနှစ်ကောင်ကို လျစ်လျူရှုရင်း ရိပ်ခနဲ အနီးနားရှိ ချေးပိုးထိုးတစ်ကောင်အပေါ် ဆင်းကာ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူသည် ဘေးဘီဝဲယာကို ကြည့်ပြီးနောက် လီလင်းအာကို ပြန်ကြည့်ကာ လည်ချောင်းရှင်းလိုက်၏။

“တာအိုရောင်ရင်းလီ” သူက ပြောသည်။ “ငါတို့နှစ်ယောက်ကြားမှာ အတိတ်တုန်းက နားလည်မှုတချို့ လွဲခဲ့တယ်ထင်တယ်…”

လီလင်းအာက သူ့ကို မော့ကြည့်သည်။ ‘နားလည်မှုလွဲသည်’ ဆိုသော စကားလုံးက သူမကို များစွာ တွေးလိုက်မိစေသည်။ အထူးသဖြင့် မန်ဟို့လက်ဝါးများ။ သူမမှာ ထိုအကြောင်းတွေးမိလျှင် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်ဆဲပင်။ တွေးရင်း တင်ပါးပင် ထုံကျင်ကိုက်ခဲလာသလို ခံစားလိုက်ရ၏။

“ဒါမဲ့ ငါ မင်းကို ကယ်ပေးခဲ့တယ် မဟုတ်လား” မန်ဟိုက ဆက်ပြောသည်။ “ဆိုပေမယ့်လည်း မင်း ငါ့အပေါ် အကြွေးနည်းနည်း တင်နေသေးတယ်…”

လီလင်းအာ မျက်မှောင်ကြုတ်သွားသည်။ “အဲ့ ဒါ က နင် ငါ့ကို အကြွေးစာချုပ် အတင်း ရေး ခိုင်း ခဲ့ လို့ လေ” သူမက တစ်လုံးချင်း ပြန်ပြောသည်။

“ဟုတ်ပါတယ် မှန်ပါတယ်။ ကဲပါလေ ဘယ်လိုလုပ်လဲဆိုတာ အရေးမကြီးဘူး။ ငါတို့ ပြောနေတာ ကံကြွေးအကြောင်းမလို့ မင်း သေချာပေါက် ငါ့အပေါ် အကြွေးတင်တုန်းပဲ” ဤစကားကြောင့် ဖြစ်ပျက်သွားသော လီလင်းအာ၏အမူအရာကို မြင်လျှင် သူက ကပျာကယာ ထပ်ပြောလိုက်သည်။ “ဒါပေမဲ့ မစိုးရိမ်ပါနဲ့ မင်း ငါ့ကို ပြန်ပေးဖို့ မလိုတော့ပါဘူး”

မန်ဟို့အကျင့်စရိုက်အရ သူ့အတွက် ဤစကားလုံးများကို ပြောရန် အတော်လေး အားထုတ်လိုက်ရသည်။

“ဒီမှာ ငါတို့နှစ်ယောက်လုံး အဆင်မပြေနေမှတော့ ဘာလို့တစ်ယောက်ကို တစ်ယောက် ခက်ခဲအောင် လုပ်နေတော့မှာတုန်း။ ငါတို့မျိုးနွယ်စုက မဟာမိတ်လိုချင်တော့ ငါတို့နှစ်ယောက်ကို စတေးချင်နေကြတာပဲ။ အခု ငါတို့ ပက်ပင်းတိုးရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက နှစ်ယောက်လုံး မင်္ဂလာမဆောင်ချင်လို့ ထွက်ပြေးလာကြတာ သိသာနေတာပဲမဟုတ်လား

“ဒါကြောင့် ငါတို့နှစ်ယောက်က တစ်လှေတည်းသမားတွေလို့ထင်တယ်” မန်ဟို ဆက်ပြောနေစဉ် တောက်ပသောအလင်းရောင်က သူ့မျက်လုံးများတွင် ပေါ်လာသည်။ “ဒီမှာကွာ ငါ မင်းကို ကယ်ခဲ့တယ်။ ငါက တော်တော်လေး ချောတော့ မိန်းကလေးတော်တော်များများ ငါ့ကြိုက်တာလည်း နားလည်ပါတယ်။ ဥပမာဆို စောစောက ငါ ဖမ်းလိုက်တဲ့ ကောင်မလေးပေါ့။ သူလည်း ငါ့ကို အပိုင်ကြံဖို့ ကြိုးစားခဲ့ပေမယ့် ငါ ငြင်းလိုက်တယ်လေ။ အဲ့ဒါနဲ့ ငါ့အပေါ် မကောင်းကြံတော့တာပဲ။ ခွင့်လွှတ်လို့မရတဲ့ဟာမျိုးတွေပေါ့” မန်ဟိုက ရှက်ပင်မရှက်ဘဲ ခပ်တည်တည် ပြောနေသည်။ စုရန် သူ့စကားကို မကြား၍တော်သေးသည်။ မဟုတ်လျှင် သူမမှာ အော့နှလုံးနာလွန်း၍ သွေးအန်မိလိမ့်မည်။

“ဒါကြောင့်…” သူက လေးလေးနက်နက် ဆက်ပြောသည်။ “တာအိုရောင်ရင်းလီ၊ ငါ့ခံစားချက်တွေကို ဘယ်လိုအခြေအနေမျိုးမှာမှ မင်း ယိမ်းယိုင်အောင် မလုပ်နိုင်ဘူး။ ငါ့ပြောတာ ယုံ၊ ငါတို့နှစ်ယောက်ကြားမှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ငါ မင်းကို တွဲဖို့လည်း စိတ်ကူးမရှိဘူး။ ဒါ့အပြင် ငါက လက်ထပ်ပြီးသားလေ။ ဆိုတော့ ငါတို့နှစ်ယောက်က … တကယ်ပဲ မလိုက်ဖက်ပါဘူး”

ဤစကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ကြက်တူရွေးမှာ ကြောင်ကြည့်နေသည်။ အသားဂျယ်လီက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ လီလင်းအာမှာတော့ ပါးစပ်အဟောင်းသား။ သူမမှာ ဤကဲ့သို့ မျက်နှာတစ်ချက်မပျက်ဘဲ မိမိကိုယ်ကို အမွှန်းတင်နေသောလူမျိုးအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။

“နင်” သူမက မျက်လုံးအဝိုင်းသားနှင့် အော်လိုက်သည်။

“တကယ်ပြောတာ” မန်ဟိုက ဂရုတစိုက် နောက်တစ်လှမ်းဆုတ်ရင်း ပြောသည်။ “ငါတို့နှစ်ယောက်က မလိုက်ဖက်ဘူးဟ။ တာအိုရောင်ရင်းလီ စောစောက ငါ တန်ခိုးတွေပြနေတဲ့ ပုံရိပ်က သေချာပေါက် မင်းကို စွဲမက်စေခဲ့လိမ့်မယ်။ ဒါပေမဲ့ မင်းကိုယ့်ကိုယ်ကို ထိန်းချုပ်ရမယ်နော်။ ငါ့ကို ကြွေမသွားနဲ့

“မိန်းကလေးတွေဆိုတာ ဘဝမှာ ဂုဏ်သိက္ခာရှိရှိ နေတတ်အောင် သင်ယူရတယ်။ ငါတို့က … တကယ် မလိုက်ဖက်တာပါကွာ”

“စိတ်မပူနဲ့ မန်ဟို” လီလင်းအာက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ “ငါ နင်နဲ့ ဝက်ထဲက တစ်ယောက်ကို ရွေးရမယ်ဆို ဝက်ပဲ ရွေးမယ်”

“အိုး တကယ်လား” မန်ဟိုက မျက်လုံးတောက်ပနေလျက် ပြောသည်။

“နင် …. မန်ဟို ငါ လီလင်းအာက ပြောတဲ့အတိုင်း လုပ်တယ်” လီလင်းအာမှာ အင်မတန် စိတ်တိုနေသည်။ မန်ဟိုက သူမကပဲ သူ့ကို ငမ်းငမ်းတက် လက်ထပ်ချင်နေသောပုံစံပေါက်အောင် လုပ်နေသည်မဟုတ်ပါလော။ အထူးသဖြင့် သူမအပြောကြောင့် စိတ်သက်သာရသွားသော မန်ဟို့ပုံစံက ရိုက်သတ်ပစ်ချင်စရာ ကောင်းနေသည်။

ထို့နောက် မန်ဟိုက အားရဝမ်းသာစွာ ရယ်သည်။ သူက ပြုံးရင်း လက်ချောင်းတစ်ချောင်းကို အနားရှိ ချေးပိုးထိုးတစ်ကောင်ထံသို့ ဝှေ့ယမ်းလိုက်သည်။

“တာအိုရောင်ရင်းလီ ၊ အခု ငါတို့ကြားက နားလည်မှုလွဲတာတွေကို ရှင်းပြီးပြီဆိုတော့ မင်းကို နှစ်သိမ့်ပေးရမှာပေါ့။ လာလာ ဒီပိုးကောင်ပေါ်မှာ ထိုင်ပါ။ ငါ မင်းကို အင်မော်တယ်အပျက်အစီးများနယ်ကနေ ဘေးကင်းကင်း ထွက်နိုင်အောင် ကူညီပေးမယ်”

လီလင်းအာမှာ ဤစကားကို ကြားလျှင် ထိန်းမနိုင်သိမ်းမရအောင် ဒေါကန်သွားပြီး မန်ဟို့ကို ကြည့်၍ အံတင်းတင်းကြိတ်ကာ ပြောသည်။ “နှစ်သိမ့်ပေးမယ်။ မန်ဟို နင် စာနာစိတ်မရှိဘဲတောင် ပြောနိုင်တယ်နော်။ နှစ်သိမ့်ပေးမယ်ဆိုတာ ဘာသဘောလဲ။ ငါ လီလင်းအာက နင့်ကို ငါ့ဘဝရဲ့အချစ်စစ်လို့ တွေးထားတယ်လို့ တကယ်ပဲ ထင်သလား။ နင် ငါ့ကို ငြင်းလိုက်လို့ နှစ်သိမ့်ပေးဖို့ လိုနေတယ်လို့ တွေးနေတာလား”

မန်ဟိုမှာ ကူကယ်ရာမဲ့နေသောအမူအရာဖြင့် ခေါင်းတဗြင်းဗြင်း ကုတ်ပြီး သက်ပြင်းချလိုက်သည်။

“ကဲ ဒါဆိုလည်း နှစ်သိမ့်ပေးမှာကို ရုတ်သိမ်းပါတယ်ဗျာ”

“နှစ်သိမ့်ပေးမှာကို ရုတ်သိမ်းတယ်ဆိုတာ ဘာသဘောလဲ” လီလင်းအာမှာ ရူးတော့မလို ခံစားလိုက်ရသည်။

“မနှစ်သိမ့်တော့ဘူး” သူက ကပျာကယာ ပြန်ပြောသည်။ “ငါ မင်းအချစ်ကို ငြင်းမိပေမယ့်၊ မင်း ငါ့အပေါ်ထားရှိတဲ့ ခံစားချက်တွေကို နင်းချလိုက်ပေမယ့်၊ မင်း အခုကစပြီး ငါ့ကို အဝေးကလေ တိတ်တိတ်လေး ခိုးကြည့်ရုံပဲ တတ်နိုင်တော့ပေမယ့် ငါ တကယ် မနှစ်သိမ့်ပေးတော့ပါဘူး။ ဟုတ်ပြီလား။ ကျေနပ်ပြီလား”

လီလင်းအာမှာ ခေါင်းနောက်လှန်၍ အော်ဟစ်လိုက်တော့သည်။ သူမသည် ဆံပင်ကို နှစ်ဖက်ဖြင့် ဆုပ်ပြီး ဆောင့်ဆွဲလိုက်၏။ သွက်သွက်ခါမရူးသွားဘဲ မန်ဟိုနှင့် စကားပြောမရသည့်အလားပင်။

သူမသည် တဆတ်ဆတ် တုန်နေလျက် မျိုးနွယ်စုမှ ထွက်ခွာလာကတည်းက ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို တွေးနေပြီး နှလုံးအိမ်တွင် ဖြစ်တည်လာသော ပူဆွေးဝမ်းနည်းမှုက မျက်ရည်များအား စီးကျလာစေ၏။ သူမက ဘာမှမပြောဘဲ မျက်ရည်များ ပါးပြင်တစ်လျှောက်စီးကျနေလျက် ချေးပိုးထိုး၏ကျောပေါ်သာ ထိုင်ချလိုက်တော့သည်။

မန်ဟိုလည်း ဘာမှမပြောတော့ပေ။ ကြက်တူရွေးနှင့်အသားဂျယ်လီက တစ်ကောင်ကိုတစ်ကောင် ကြည့်ပြီး တီးတိုးတီးတိုး ပြောနေကြသည်။ ရံဖန်ရံခါက သူတို့က မန်ဟိုနှင့် လီလင်းအာကို လှမ်းကြည့်တတ်ပြီး အသားဂျယ်လီ၏အမူအရာမှာတော့ ကြောင်တိကြောင်တောင် ဖြစ်သွားတတ်၏။ ဆန့်ကျင်ဘက်တွင်မူ ကြက်တူရွေးကား အသားဂျယ်လီကို ဖြစ်ကြောင်းကုန်စင် ရှင်းပြရင်း ခရေစေ့တွင်းကျ နားလည်နေသည့်အလားပင်။

အသားဂျယ်လီက ကိုယ်ချင်းစာနေသော ဟန်ပန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်တတ်သည်။

အရာအားလုံး တိတ်ဆိတ်နေသည်။ မန်ဟို လီလင်းအာအား အဝေးသို့ လိုက်ပို့ပေးနေစဉ် ချေးပိုးထိုးများက တဝီဝီ လိုက်ပါလာကြသည်။ ချေးပိုးထိုးများကြောင့် သူတို့၏ အင်မော်တယ်အပျက်အစီးများနယ်ခရီးစဉ်မှာ ဆူးညောင့်ခလုတ်အနည်းအကျဉ်းသာ တွေ့ခဲ့ရ၏။ မန်ဟိုက တစ်ခါတရံ ဘေးဘီတဲယာကို အကဲခတ်တတ်ပြီး အင်မော်တယ်အပျက်အစီးနယ်အတွင်းရှိ သူ၏ယခင်အတွေ့အကြုံများအရ အတွင်းပိုင်းမှ ထွက်၍ နယ်စပ်ရောက်အောင် ဦးဆောင်ခေါ်သွားနိုင်လေသည်။

ရက်အနည်းငယ်ကြာသော် အင်မော်တယ်အပျက်အစီးများနယ်၏ ပြန့်ကြဲသောအပိုင်းအစများ နည်းသထ်က နည်းလာသည်။ ခပ်လှမ်းလှမ်းတွင် နယ်စပ်အား မြင်ရနိုင်ပြီး ၎င်းအလွန်တွင်တော့ ပင်လယ်တစ်စင်း ရှိနေသည်။

၎င်းက ပင်လယ်အစစ်မဟုတ်ဘဲ အလွန်ထူပိန်းသိပ်သည်းနေသည့်အတွက် အောက်သို့ အိကျလာခဲ့ကာ မြူပင်လယ်တစ်စင်းဖြစ်လာသော မြူထုကြီးဖြစ်သည်။ မန်ဟိုသည် ၎င်း၏ဟိုးအတွင်းပိုင်းထဲ၌ မြူများ အလွန်သိပ်သည်းနေသဖြင့် အစစ်အမှန်ပင်လယ်တစ်စင်း ရှိကောင်းရှိနိုင်ကြောင်း ခံစားလိုက်ရ၏

ဤနေရာကား … နဝမပင်လယ်မှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟိုသည် ချေးပိုးထိုး၏ ကျောပေါ်တွင် ရပ်နေစဉ် မျက်လုံးများ လင်းလက်တောက်ပနေ၏။ ချေးပိုးထိုးတစ်အုပ်လုံးကား နည်းနည်းလေးမှ အရှိန်မလျှော့ပေ။ သူတို့သည် အရှိန်ဆက်တင်ရင်း နယ်စပ်နှင့် နီးသထက် နီးလာ၏။

သို့သော် ဤအခိုက်အတန့်တွင် ရုတ်တရက် အရှေ့၌ လူတစ်ယောက် ဘွားခနဲ ပေါ်လာသည်။

၎င်းသည် အဖြူရောင်ဝတ်ရုံ ဝတ်ထားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ ဟင်းလင်းပြင်ထဲမှ ထွက်လာစဉ် အင်မော်တယ်အပျက်အစီးများနယ်တစ်ခုလုံး မှောင်မည်းသွားသည့်အလားပင်။ ကြယ်အလင်းရောင်များအပါအဝင် တစ်လောကလုံးသည် သူမတစ်ယောက်တည်းအပေါ်တွင် စုစည်းသွားသယောင် ထင်ရသည်။ နဝမပင်လယ်ပင်လျှင် ငြိမ်သက်သွား၏။

ဤအမျိုးသမီးကား သူမရှေ့မှောက်တွင် သဘာဝနိယာမပင်လျှင် ရပ်တန့်သွားရလောက်သည်အထိ ပြိုင်ဘက်ကင်းအစွမ်းထက်ပုံပေါ်သည်။

သူမသည် မန်ဟိုကို ကြည့်ရင်း တိတ်ဆိတ်စွာ ပျံဝဲနေ၏။

မန်ဟို့ကို မြင်လျှင်ချင်း မန်ဟို့စိတ် တုန်ခါသွားသည်။ သူသည် ချေးပိုးထိုးများအား ချက်ချင်း ရပ်တန့်စေလိုက်၏။ သို့သော်လည်း သူ့အနေဖြင့် ထိုသို့လုပ်စရာမလိုလိုက်ပေ။ ၎င်းတို့အားလုံးက တုန်ရီနေကြပြီး အမျိုးသမီးအနား မကပ်ရဲကြပေ။

“မန်ဟို ဂါဝရပြုပါတယ် စီနီယာ” သူက ကတုန်ကယင်ဖြင့် လက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ ဤအမျိုးသမီးသည် သူ့ကို အက်ရှလွန်ထဲ ထည့်သွင်းခဲ့သော ... ပါရာဂွန်အမျိုးသမီးဖြစ်၏။

ထိုအခိုက်အတန့်တွင် ကြက်တူရွေးက ပုန်းဖို့ ကြိုးစားနေသည့်အလား ခေါင်းငုံ့လိုက်ပြီး ကြောက်နေပုံပေါ်သည်။ အသားဂျယ်လီမှာ ထူးထူးဆန်းဆန်း တိတ်ဆိတ်နေပြီး ပါးစပ်ပင် မဟပေ။

လီလင်းအားသည် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးထံမှ ပျံ့လွင့်လာနေသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ချက်ချင်း ထရပ်၍ အရိုအသေပေးလိုက်သည်။

အမျိုးသမီးအကြည့်က မန်ဟိုနှင့် လီလင်းအာကို ကျော်ပြီး အသားဂျယ်လီအပေါ် ကျရောက်လာသည်။ “ငါ အတိတ်က ကိစ္စတစ်ခုကို အခုလေးပဲ သတိရလိုက်တယ်... မင်း ငါ့ကို မှတ်မိသေးလား”

အသားဂျယ်လီက တုန်ရီသွားသည်။

“မမှတ်မိဘူး” အသားဂျယ်လီ ပြန်ဖြေသောအခါ ၎င်း၏အသံမှာ ရှေးဆန်သော်လည်း ပေါ့ပါးနေသည်။ ၎င်းအသံကြားလိုက်လျှင် မန်ဟိုမှာ တစ်ခုခု မူမမှန်ကြောင်း မတွေးမိဘဲ မနေပေ။ စကားများသောအသားဂျယ်လီ စကားတစ်ခွန်းတည်းသာ ပြောသည်ကို သူ ကြားပင်မကြားခဲ့ဖူးပေ။

***

All Chapters