← Chapters

ငါ မင်းကို မသတ်ဖို့ ကတိပေးတယ်

Vol. 75 Ch. 1038

ငါ မင်းကို မသတ်ဖို့ ကတိပေးတယ်

Vol. 75 Ch. 1038

မီးတစ်ခတ်စာသာ ကြာသေးသည်၊ မန်ဟိုသည် မိစ္ဆာကျင့်ကြံသူများ ပတ်ပတ်လည်မှ ဝိုင်းထားသည့်ကြားမှ သူ၏ပြိုင်ဘက်ကို အညှာအတာမရှိ သတ်ခဲ့လေပြီ။

ကိုးပင်လယ်နတ်လောက၏ ကျင့်ကြံသူများမှာ အထိတ်တလန့် ကြည့်နေကြပြီး မိစ္ဆာကျင့်ကြံသူများ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ လူတိုင်းသည် မန်ဟို၏ လျှပ်စီးလိုတိုက်ကွက်ကြောင့် အံ့အားသင့်နေကြ၏။

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ကိုးပင်လယ်နတ်လောကဂိုဏ်းသားတစ်ဦး ကိုးပင်လယ်နတ်လောက၌ပင် အတိုက်ခိုက်ခံရပြီး အသတ်ခံရသည်မှာ အတိုင်းထက်အလွန် ရှားပါးသည်။ ကျီမျိုးနွယ်စု၏ သူလျှိုများ တာအိုဆရာအစည်းအရုံးသုံးခုအကြားတွင် ပုန်ကန်သောင်းကျန်းခဲ့စဉ်တုန်းကပင် ရုန့်ရင်းဆန်ခတ် ဖြစ်ရုံသာ ဖြစ်ခဲ့၏။

မန်ဟို့အတွက်မူ သူသည် သဘောတရားအရ နဝမပင်လယ်နတ်လောက၏ ဂိုဏ်းသားတစ်ဦးဖြစ်သော်လည်းပဲ ကျန်ကျင့်ကြံသူများမှာ သူ့ကို အသိအမှတ်မပြုရသေးသည့်အပြင် အပြင်လူအဖြစ် သတ်မှတ်ထားသေးသည်။

သူ့လုပ်ရပ်က ရက်စက်ပြီး အသက်ကို နုတ်ခဲ့သည်။ ထို့နောက် သူက သွေးအမှုန်အမွှားများကို ခါထုတ်ခဲ့ရာ ကိုးပင်လယ်နတ်လောက၏ကျင့်ကြံသူများအား ဆွံ့အမှင်သက်နေစေတော့သည်။

မန်ဟို လှည့်၍ စကားပြောလိုက်သောအခါ သူ၏စကားလုံးများသည် ရှိရှိသမျှ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။ မိစ္ဆာကျင့်ကြံသူများနှင့် သာမန်ဂိုဏ်းသားနှစ်ဖွဲ့လုံး ကြားလိုက်ကြရပြီး ၎င်းတို့အတွင်းရှိ လွှမ်းမိုးကြီးစိုးနေသော မာနကို ခံစားလိုက်ကြရသည်။

၎င်းတို့သည် နိယာမများနှင့် စည်းမျဉ်းဥပဒေများကို သွေဖယ်ဖို့သာမက မိုးကောင်းကင်ကိုပင် အာခံရန် ရည်ရွယ်နေ၏။ ထိုအခိုက်အတန့်တွင် လူတိုင်းကား မန်ဟို့အပေါ် လေးလေးနက်နက် အထင်ကြီးမိသွားကြလေပြီ။

တစ်ချိန်တည်းမှာပင် ဒေါသတကြီးဟိန်းဟောက်လိုက်သံကြီးအား အဝေးမှ ကြားလိုက်ရသည်။ မန်ဟိုသည် ချဉ်းကပ်လာနေသော အနက်ဝတ်အဘိုးကြီးကို ကြည့်နေစဉ် မျက်လုံးများ အေးစက်လျက်ရှိ၏။ ထိုအဘိုးကြီးက ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လျက် ဒေါကြီးမောကြီးဖြင့် လျှောက်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဧရာမပုံရိပ်ကြီးတစ်ခုအား သူ့အနောက်တွင် မြင်ရနိုင်သည်။

ပုံရိပ်သည် ဘလိတ်ဓားတမျှ ချွန်မြနေသော ခြေသည်းလက်သည်းများဖြင့် မဟူရာပင်လယ်နဂါးတစ်ကောင်၏ပုံရိပ် ဖြစ်သည်။ ၎င်း၏ နှုတ်ခမ်းမွှေးရှည်ရှည်များက မျောလွင့်လျက်ရှိကာ သွေးအေးသောမျက်လုံးများဖြင့် မန်ဟို့ကို စိုက်ကြည့်နေသော ၎င်း၏ပုံပန်းသွင်ပြင်အား အတိုင်းထက်အလွန် ကြမ်းကြုတ်နေစေသည်။ လေပြင်းတစ်ချက်က ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို နှောင့်ယှက်ရင်း တိုက်ခတ်သွားသည်။

အဘိုးကြီးမှာမူ နဖူးပေါ်တွင် အနက်ရောင်ငါးကြေးခွံ ရှိနေသည့်အချက်မှအပ ပထမဆုံးတစ်ချက်ကြည့်လိုက်လျှင် ကျင့်ကြံသူတစ်ဦးနှင့်တူသည်။ ထိုမျှသာမက လိမ်ကောက်နေသော အနက်ရောင်ချိုကြီးနှစ်ခုက သူ့အား ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပုံပေါ်စေသော အလင်းရောင်တို့ကို ဖြန့်ကျက်လျက် သူ့ခေါင်းထိပ်မှ ထိုးထွက်နေသည်။

“မင်း အဆင်အခြင်မရှိတဲ့ လူရမ်းကားကောင်။ ရာရာစစ ကိုးမပင်လယ်နတ်လောကမှာ ရဲရဲတင်းတင်း ပြုမူရဲတယ်လား” သူက ရှေးဆန်ပြီး မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံကြီးဖြင့် ပြောသည်။ သူ့အသံသည် မန်ဟို့အပေါ် ဖိနှိပ်ချလိုက်သော ဧရာမဖိအားကြီးအသွင် ပြောင်းသွား၏။

ပို၍ပင် အံ့ဩဖွယ်ကောင်းသည်မှာ မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးက သူ့ကို လှည့်ပတ်နေခြင်းပင်။

“အကြီးအကဲ ဟိုက်ရှန်း”

“ဂါဝရပြုပါတယ် အကြီးအကဲ ဟိုက်ရှန်း” အဘိုးကြီး၏ရောက်ရှိလာမှုက မိစ္ဆာကျင့်ကြံသူများအား ချက်ချင်း တက်ကြွသွားစေပြီး အကုန်လုံးအရိုအသေပေးလိုက်ကြသည်။ အဘိုးကြီးက သူတို့ကို အဖက်မလုပ်ဘဲ မန်ဟို့ကိုသာ အာရုံစိုက်ထားသည်။ သူ ချဉ်းကပ်လာနေစဉ် သူသည် မန်ဟိုနှင့် တစ်မိုးအောက်ထဲတွင် မနေနိုင်သကဲ့သို့ အသတ်အဖြတ်စိတ်ဆန္ဒနှင့်အတူ ရိုးတွင်းခြင်ဆီထဲမှ စိမ့်ထွက်လာပုံရသော အမုန်းတရားတို့က သူ့ကို ဝန်းရံထားသည်။

သူက မန်ဟို့အနားရောက်သည်နှင့် တခဏလေးပင် တွန့်ဆုတ်မနေပေ။ သူသည် ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများကို လျစ်လျူရှုရင်း ညာလက်ကို ဆန့်ထုတ်ကာ ကုတ်ခြစ်သည့်ပုံစံလုပ်လိုက်၏။ သူ့အနောက်ရှိ ပင်လယ်နဂါးက ဟိန်းရင်း သူ့ကို ဖြတ်ကာ မန်ဟို့ထံသို့ တင့်တယ်ကြော့ရှင်းစွာ ပျံသန်းသွားပြီး ၎င်း၏ခြေသည်းများဖြင့် သူ့ကို ကုတ်ခြစ်လိုက်သည်။

၎င်းက အသက်နုတ်ရန် ရည်ရွယ်ထားသော၊ သူ့ကို တစစီ စုတ်ဖြဲပစ်ဖို့ လုပ်နေသော အသေတိုက်ကွက်တစ်ကွက် ဖြစ်သည်။

ခြေသည်းများက နဝမပင်လယ်၏စွမ်းအားကို ငှားယူနိုင်သည့်အလား သဘာဝနိယာမတို့ ပါဝင်နေသယောင်ပင်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ခါလာစေသော ချုပ်နှောင်အင်းကွက်တစ်ကွက် အသွင်ပြောင်းသွားသည်။ ပင်လယ်ကြမ်းပြင်မှာ တသိမ့်သိမ့် တုန်သွားပြီး အကန့်အသတ်မဲ့လှိုင်းဂယက်များ ဖြာထွက်လာ၏။

မန်ဟိုသည် သေစေနိုင်သောအန္တရာယ်အာရုံကို ခံစားလိုက်ရသဖြင့် မျက်လုံးများ အေးစက်စက် တောက်ပသွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူက ဂီးခနဲ အော်လိုက်သော ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းကာ ပင်လယ်နဂါးထံ ပြေးဝင်သွားတော့သည်။

အတန်ကြာသော် သိမ်းငှက်နှင့် နဂါးတို့ ဝင်တိုက်၍ ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။

ထိုတိုက်ကွက်ဖလှယ်မှုက ရွှေရောင်သိမ်းငှက်အသွင်နှင့် မန်ဟိုအား သွေးတစ်လုပ် အန်လိုက်ရစေပြီး ပင်လယ်နဂါး၏ခြေသည်းများမှ ပထမဆုံးကုတ်ချက်ကို ရှောင်ရန် အမြန်နှုန်းအား မြှင့်တင်လိုက်ရစေ၏။

သူ နောက်ဆုတ်လိုက်စဉ် ပင်လယ်နဂါးက ၎င်း၏အမြှီးကြီးကို မန်ဟို့ထံ ရိုက်ချလိုက်သည်။

အမြှီးရိုက်ချက်ကျရောက်လာလျှင် မန်ဟို့အနေဖြင့် အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်ကို ပိုင်ဆိုင်ထားလင့်ကစား အသတ်မခံရလျှင်တောင်မှ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလိမ့်မည်။ ဤသည်မှာ မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးနှင့် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးထံမှ တိုက်ကွက်မဟုတ်ပါလော။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ့်တကယ် အလွန်တိုတောင်းလှသော တဒင်္ဂလေးအတွင်း ဖြစ်ပျက်သွားခြင်းပင်။ အမြီးကြီးက စွမ်းအားအပြည့်ဖြင့် မန်ဟို့ကို ရိုက်ချပေတော့မည်။ မန်ဟိုက မျက်နှာတင်းမာခက်ထန်နေလျက် ရွှေရောင်သိမ်းငှက်အသွင်မှာ လူအသွင်ပြန်ပြောင်းပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ချေးပိုးထိုးအကောင်ငါးရာက ၎င်းတို့၏ကျောများကို ဒိုင်းအဖြစ်သုံးရင်း မန်ဟို့အရှေ့တွင် ပေါ်လာသဖြင့် တဝီဝီမြည်သံများ ဆူညံသွားသည်။

ဖြောင်း

အမြီးကြီး ချေးပိုးထိုးဒိုင်းကို ရိုက်ချလိုက်သည့်အခါ ဒိုင်းသည် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီးနောက် အပိုင်းငါးရာပြိုကွဲသွား၏။ သို့သော် ရိုက်ချက်ကြောင့် ပြိုကွဲသွားသည့်တိုင် .... ရိုက်အားမှာ ချေးပိုးထိုးများအကြား မျှခံလိုက်ရသဖြင့် တစ်ကောင်မှ အသက်မဆုံးရှုံးလိုက်ရပေ။

ချေးပိုးထိုးများ၏ အကူအညီဖြင့် မန်ဟိုက မီတာသုံးထောင်ခန့် ဆုတ်လိုက်သည်။ ပုံရိပ်ယောင်ပင်လယ်နဂါးက ဒုတိယအကြိမ် တိုက်ခိုက်ရန် ပြင်နေသဖြင့် သူသည် ညာလက်ကို ဝှေ့ယမ်းရင်း ချေးပိုးထိုးအကောင်ငါးရာအား သူ့ထံ ပျံသန်းလာစေလိုက်၏။

တိုက်ကွက်၏အမြန်နှုန်းက နဝမပင်လယ်နတ်လောက၏ဂိုဏ်းသားများအား ပင့်သက်ရှိုက်မိလိုက်စေသည်။ သူတို့သည် အင်မော်တယ်နယ်ပယ်ကျင့်ကြံခြင်းအခြေခံဖြင့် မန်ဟိုက ရှေးဟောင်းနယ်ပယ်အကြီးအကဲတစ်ဦး၏ တိုက်ကွက်ကို ပြန်တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အနက်ဝတ်အဘိုးကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ပို၍ပင် အားကောင်းလာသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ရှေ့တက်လာသည်။

မန်ဟိုက အသက်ဝဝရှူသွင်းရင်း အဘိုးကြီးကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ ထိုလူ၏ ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံက သာမန်မဟုတ်ပေ။ ထို့အပြင် သူတို့သည် ပင်လယ်အောက်တွင်သာ ရှိသေး၏။ အပြင်တွင်ဆိုလျှင် ထိုလူကား ပို၍ပင် အစွမ်းထက်လိမ့်မည်။

မန်ဟိုသည် သူသာ သူ၏နိဗ္ဗာနသစ်သီးများကို အောင်အောင်မြင်မြင် စုပ်ယူလိုက်လျှင် သူ့အင်မော်တယ်နယ်ပယ်ကျင့်ကြံခြင်းအခြေခံ၏ အံ့မခန်းလိလိစွမ်းအားက သူ့ကို တန်ပြန်တိုက်ခိုက်နိုင်လောက်အောင် သန်မာသွားစေမည်ဟု ခန့်မှန်းထား၏။ သို့သော် .... ထိုအခြေအနေက သူ့ကျင့်ကြံခြင်းအခြေခံကို နဝမပင်လယ်မှ ဖိနှိပ်မထားသည့်အချိန်တွင်သာ ဖြစ်နိုင်သည်။

သူ့မျက်လုံးများက လင်းလက်သွားပြီး အဘိုးကြီးထံမှ ဖိအား သူ့အပေါ် ဖိနှိပ်နေစဉ် သူသည် အေးစက်စက် နှာမှုတ်ကာ နောက်မဆုတ်ပေ။ ထိုအစား ရှေ့တစ်လှမ်းတက်ပြီးနောက် ဩဇာအပြည့်ပါသော လေသံဖြင့် ပြောလိုက်သည်။ “ရဲတင်းတယ်တဲ့လား

“ကျုပ်က မန်ဟို နဝမပင်လယ်နတ်လောကရဲ့ သီးသန့်ဂိုဏ်းသားတစ်ဦး။ ကျုပ်ဂိုဏ်းကို ပြန်ရောက်လာတဲ့အခိုက်အတန့်မှာပဲ အငြိုးထားအတိုက်ခိုက်ခံရတယ်။ ခင်ဗျားလို အကြီးအကဲတစ်ဦးက ဘယ်သူမှားလဲ မေးဖို့ ရပ်တောင် မရပ်ဘဲ သေအောင် တိုက်ခိုက်ခဲ့တယ်။ ဒါတောင် ကျုပ်က ရဲတင်းတယ်လို့ ခင်ဗျားပြောသေးတယ်လား

“ကျုပ် သတ်ခဲ့တဲ့လူကမှ ရဲတင်းခဲ့တဲ့သူ။ ကျုပ်က ဖန်မျိုးနွယ်ဝင်၊ တာအိုဆရာအစည်းအရုံးသုံးခုလုံးရဲ့ ဂိုဏ်းသားတစ်ဦး။ သူက ကျုပ်ကို သတ်ချင်တယ်တဲ့လား။ ကျုပ် လောင်းတယ် သူက ကျီမျိုးနွယ်စုရဲ့ သူလျှိုပဲ

“သိပ်မကြာသေးတုန်းက ကျီမျိုးနွယ်စုက တာအိုဆရာအစည်းအရုံးသုံးခုထဲမှာ ပုန်ကန်ထကြွမှုတွေ ဖြစ်စေခဲ့တဲ့ သူလျှိုတွေကို လွှတ်ထားတယ်လို့ ကျုပ်ကြားထားတယ်။ အဲ့ဒီလူက ကျီမျိုးနွယ်ကျင့်ကြံသူတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်

“သူက ကျုပ်ကို မဆင်မခြင် တိုက်ခိုက်ခဲ့တဲ့အပြင် သူ့အပေါင်းအပါတွေဆီကပါ စစ်ကူတောင်းခဲ့သေးတယ်။ ကျုပ်ကို သတ်တာက သူ့ကို ကျီမျိုးနွယ်စုရဲ့ သူကောင်းပြုခံရစေလိမ့်မယ်။ ကျုပ်ကို သတ်တာက တာအိုဆရာအစည်းအရုံးတွေရဲ့ ဂုဏ်သတင်းတွေကို ညှိုးနွမ်းစေလိမ့်မယ်။ ကျုပ်ကို သတ်တာက သူ့တာဝန်ကို ပြီးမြောက်စေလိမ့်မယ်” မန်ဟို့စကားလုံးများက ဓားမြှောင်များသဖွယ် ထက်နေသည်။ သူက စကားတစ်ခွန်းပြောတိုင်း ရှေ့တစ်လှမ်းတက်ရင်း စကားလုံးများကို ကွန့်ရန် အခွင့်အရေးတိုင်းကို အသုံးချပြီး လူအများ စိတ်ဝင်စားလာအောင် လုပ်နေသည်။

ပတ်ပတ်လည်ရှိ မိစ္ဆာကျင့်ကြံသူများမှာ သူ့စကားကို ကြားလျှင်း ချက်ချင်း ဒေါကန်သွားကြပြီး စိတ်ဆိုးမာန်ဆိုး အော်ကြတော့သည်။

“မင်းးးးးးး”

“အရှက်မရှိလိုက်တာ ပေါက်ကရတွေ မပြောနဲ့”

“သူက ကျီမျိုးနွယ်စုရဲ့ သူလျှိုမဟုတ်သလို ငါတို့ကလည်း သစ္စာဖောက်တွေ မဟုတ်ဘူး” သူတို့သည် မန်ဟို့ကို နုတ်နုတ်စင်းပြီး အစိမ်းလိုက်စားပစ်ချင်သည့်အလား ဖြစ်နေကြသည်။ ဒေါသမထိန်းနိုင်သော တချို့ဆိုလျှင် လက်သီးဆုပ်၍ ရှေ့တက်လာကြလေသည်။

သာမန်ကျင့်ကြံသူများမှာမူ တွေဝေနေဟန်တူသည်။ အတော်များများက ဂိုဏ်းအတွင်းရှိ အကြီးအကဲများကို အသိပေးရန် ကျောက်စိမ်းပြားများကိုပင် ဖိပြီးကြလေပြီ။ ရုတ်ရုတ်သဲသဲဖြစ်နေခြင်းက ဂိုဏ်းအတွင်းရှိ အခြားနေရာများမှ ဂိုဏ်းသားတို့၏ အာရုံကိုလည်း ဆွဲဆောင်လိုက်ရာ ယခုတွင် အဖြစ်အပျက်ကို စပ်စုရန် ပျံလာနေကြသူများ ရှိသည်။

မန်ဟို့အမူအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်သော်လည်း စိတ်ထဲတွင် သူသည် အေးစက်စက် ရယ်နေ၏၊။ စကားစစ်ထိုးရာနှင့်ပတ်သက်လျှင် သူကား ဘယ်တော့မှ မရှုံးခဲ့ဖူးပေ။ ဇီယွင်ဂိုဏ်းတွင်လည်း မရှုံး၊ တောင်ကောင်းကင်ဂြိုဟ်တွင်သာမက ဖန်မျိုးနွယ်စုတွင်ပင် မရှုံးခဲ့ပေ။ သူ လျှာစောင်းထက်လှပုံကြောင့် လူဘယ်လောက်များများ ငြီးတွားနေမည်လဲ ပြောဖို့ရန် မဖြစ်နိုင်။

“ခင်ဗျားတို့က ကျီမျိုးနွယ်စုက မဟုတ်ရင် ကျုပ်ကို မြင်တာနဲ့ ဘာလို့တိုက်ခိုက်မှာလဲ” သူက စိတ်တိုနေသော မိစ္ဆာကျင့်ကြံသူများအကုန်လုံးကို မျက်လုံးဝေ့ကြည့်ရင်း ပြန်ပြောသည်။ ထို့နောက် သူက အနက်ဝတ်အဘိုးကြီးကို လှည့်ကြည့်ပြီး အေးစက်စက် ပြောသည်။ “ပြီးတော့ ခင်ဗျားတို့ရဲ့ အကြီးအကဲတောင် ဝင်ပါလာတယ်။ ဒါက ကြီးနိုင်ငယ်ညှင်းတဲ့ လုပ်ရပ်ပဲ။ အကြီးအကဲဟိုက်ရှန်း၊ ခင်ဗျားကြည့်ရတာ ဒီနေရာမှာ နှိပ်စက်ခန်းတစ်ခန်း ဆောက်ချင်နေပုံပဲ။ ခင်ဗျားက ကျုပ်ကို သတ်ဖို့ ခင်ဗျားရဲ့ ရှေးဟောင်းနယ်ပယ်စွမ်းအားကို သုံးချင်တာပေါ့လေ

“အဲ့ဒါ ဘာကြောင့်လဲ ....” မိစ္ဆာကျင့်ကြံသူများ၏ မျက်လုံးများ နီရဲသွားသော်လည်း သူတို့ပြန်မတုံ့ပြန်နိုင်ခင် အကြီးအကဲဟိုက်ရှန်းက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏အမူအရာသည် အတိုင်းထက်အလွန် မည်းမှောင်နေတော့သည်။ မန်ဟိုက သူ့အသံကြီး အရပ်လေးမျက်နှာတွင် ဟိန်းထွက်နေအောင် ကျယ်ကျယ်လောင်လောင် ပြောနေသည့်အတွက် အာရုံအတော်စိုက်ခံနေရလေပြီ။ အကြီးအကဲဟိုက်ရှန်းမှာ သူ့ကို တိုက်ခိုက်ချင်သော်လည်း သိသိသာသာကြီးတော့ မဖြစ်စေချင်ပေ။ ထို့ကြောင့် သူ့မှာ မန်ဟို သူ့တိုက်ကွက်နှစ်ကွက်ကို ခုခံနိုင်ခဲ့သဖြင့် တထောင်းထောင်းထနေသော အမျက်ဒေါသတို့အား တိတ်ဆိတ်စွာသာ မြိုသိပ်လိုက်ရသည်။

သူစကားပြောသောအခါ သူ့အသံသည် ပတ်ဝန်းကျင်ရှိ လူတိုင်းအပေါ်သို့ ဖိနှိပ်ရင်း မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွား၏။

“ဘာဖြစ်ခဲ့လဲဆိုတာ အရေးမကြီးဘူး။ ဒီနေရာက အားတိုင်းယားတိုင်း လူသတ်တာကို သည်းခံမနေဘူးကွ။ ဟေ့ကောင်တွေ သူ့ကို ဖမ်းပြီး ဂိုဏ်းခုံရုံးမှာ စီရင်ချက်ချရအောင် ခေါ်လာခဲ့” အကြီးအကဲဟိုက်ရှန်းသည် လူအုပ်ကြီးမှာ တဖြေးဖြေး ကြီးထွားလာနေသဖြင့် မန်ဟို့ကို တိုက်ခိုက်မရတော့ကြောင်း မြင်နေရ၏။ ယခုတွင် သူ့ကို မသတ်နိုင်တော့ကြောင်း သိသော်လည်း သူက အေးစက်စက် လှောင်ရယ်နေသည်။

သူက မန်ဟို့ကိုကြည့်၍ အင်္ကျီလက်စကို ခါကာ တွေးလိုက်သည်။ “ငါ မင်းကို ဒီနေ့ မသတ်နိုင်ပေမယ့် မင်း မျက်နှာမဖော်ဝံ့အောင် အရှက်ခွဲပြမယ်။ တာအိုဆရာအစည်းအရုံးသုံးခုရဲ့ ဂိုဏ်းသားတွေကြားမှာ မင်းရဲ့ဂုဏ်သတင်းက တံတွေးခွက်ထဲ မျောစေရမယ်။ ဒါ့အပြင် ဒီကိစ္စကနေတစ်ဆင့် ငါတို့ မိစ္ဆာကျင့်ကြံသူအုပ်စုနဲ့ မင်းဟာ ... မပြေငြိမ်းနိုင်တဲ့ရန်သူတွေဆိုတာ ကိုးပင်လယ်နတ်လောကထဲက အင်အားစုအကုန် သိသွားစေလိမ့်မယ်။ မိစ္ဆာကျင့်ကြံသူတွေ အရှေ့ကနေ လှုပ်ရှားပြလိုက်တာနဲ့ အကောက်ကြံလိုစိတ်တွေကို မဖုံးကွယ်နိုင်တော့ဘဲ မင်းကို ပြဿနာရှာချင်တဲ့သူတွေ ပိုပိုများလာလိမ့်မယ်

“အဲဒီအတိုင်းဆို မင်းအတွက် ကိုးပင်လယ်နတ်လောကမှာ ရန်သူတွေ များလာတာပဲ တွေ့ရလိမ့်မယ်။ မဟာအကြီးအကဲတွေနဲ့ ခေါင်းဆောင်ကြီးတွေ မင်းကို အသိအမှတ်ပြုရင်တောင်မှ သူတို့က မင်းရဲ့ တာအိုစောင့်ရှောက်သူတွေ မဟုတ်ဘူးလေ။ နောက်ဆုံးကျ မင်း ဒီမှာ သေချာပေါက် သေရမယ့်အချိန် အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်

“အဲဒါက ငါတို့ကြားမှာ ရှိတဲ့ သွေးကြွေးကို ချေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ အဲဒီလိုနည်းနဲ့မှ ငါတို့ ကိုးပင်လယ်နတ်လောကကျင့်ကြံသူတွေ မင်းရဲ့ ရွံစရာအရှိန်အဝါအငွေ့အသက်တွေကို ဖယ်ရှားနိုင်မှာ

“ပြီးတော့ ဘာကြောင့်လဲ သိချင်ရင်တော့... ဆိုးလွန်းတာပဲ ငါ မင်းကို ဘယ်တော့မှ ပြောပြမှာမဟုတ်ဘူး" အကြီးအကဲဟိုက်ရှန်း၏မျက်နှာက ရေခဲတမျှ အေးစက်နေပြီး သူ့မျက်လုံးများက နီရဲနေရာ မန်ဟို့အား ရင်လေးလာစေတော့သည်။

မန်ဟိုမှာ ဤအရာအားလုံး ဖြစ်ပွားနေရသည့်အကြောင်းရင်းကို ဖော်ထုတ်ဖို့ ကြိုးစားနေသေးသည်။ မည်သည့်အရာက သူနှင့် မိစ္ဆာကျင့်ကြံသူများအကြား နက်ရှိုင်းသောရန်ငြိုးတစ်ခုကို ဖြစ်ပေါ်စေခဲ့သနည်း။

“ဝိညာဉ်အင်မော်တယ်ကျောက်တုံးတွေလား။ ဒါမှမဟုတ် မိစ္ဆာချုပ်နှောင်သူမျိုးဆက်ဖြစ်နေလို့လား။ ငါ ပေါ်လာတာက တစ်ယောက်ယောက်ရဲ့ စိတ်ဝင်စားမှုကို လှုံ့ဆော်ခဲ့လို့လား။ ဖန်မျိုးနွယ်စုရဲ့  ရန်သူဟောင်းကြီးများလား” မန်ဟိုမှာ ခေါင်းကိုက်လာတော့သည်။ သူက ရှုထောင့်မျိုးစုံမှ စဉ်းစားပြီးနောက်တွင်ပင် ဦးနှောက်ခြောက်နေသေးသည်။ အကြီးအကဲဟိုက်ရှန်းစကားပြောပြီးနောက် ဂိုဏ်းသားခုနစ်ယောက်၊ ရှစ်ယောက်က အသတ်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်းတောက်လျက် မန်ဟို့ထံ ဦးတည်လာသည်။

မန်ဟို့မျက်လုံးများက အေးစက်စွာ တောက်ပသွားသည်။ သူ့အနေဖြင့် လူသတ်လက်စဖြစ်နေရာ ဆက်သတ်လည်း မထူးပေ။ သို့သော် ... အကြွေးစာချုပ်များ ရနိုင်လျှင်တော့ ပို၍ပင် ကောင်းလိမ့်မည်။

“သူတို့က ငါ့ကို မရှင်းပြမှတော့” သူက တွေးသည်။ “သူတို့မပေးနိုင်တဲ့ ငွေပမာဏအကြွေးတင်အောင် အတင်းလုပ်ရုံပေါ့

“ဒါ့အပြင် အခုလို ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို နဝမပင်လယ်နတ်လောကရဲ့ ဟိုအိုကြီးအိုမတွေ သတိမထားမိဘဲ နေမှာမဟုတ်ဘူး။ သိကို သိလိမ့်မယ်” သူ့မှာ စိတ်တိုနေပြီး မိစ္ဆာကျင့်ကြံသူများ သူ့ကို အသည်းအသန် သတ်ချင်နေသည်ကို မြင်ရခြင်းက အလွန်စိတ်ညစ်စရာကောင်းလေသည်။

“မပူနဲ့။ ငါပြောတဲ့အတိုင်း လုပ်ရင် မင်းတို့ကို သေတဲ့အထိ မရိုက်ဘူး” သူက အေးစက်စက်ပြောရင်း ဘယ်လက်ကို မြောက်လိုက်ကာ တောင်ထောင်ချီအား အပေါ်မှ အောက်သို့ ကျလာစေသည်။

***

All Chapters