← Chapters

ကျန့်အိမ်တော် (၅)

Vol. 4 Ch. 100

ကျန့်အိမ်တော် (၅)

Vol. 4 Ch. 100

ရှီဟွား လုရှန်း ခိုးယူထားတဲ့ အဝတ်အစားတွေကို သခင်ကြီး'ကျန့်'ဆီ ပေးလိုက်သည်။

အဲဒါတွေက ဝမ်းနည်းခြင်းခန်းမမှာ ပိုင်ယု ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဖြစ်တယ်။ သူတို့ကို ကြည့်ရင်း သခင်ကြီး'ကျန့်' အလွန်အမင်း ထိတ်လန့်နေ၏။

ပိုင်ယု ဘယ်လောက်တောင်ဝမ်းနည်းနေသည်ကိုကြည့်ရင်း သူ့ ခန္ဓာကိုယ်ပြိုလဲမှာကို စိုးမိခဲ့သည်။ ချစ်ရတဲ့သမီး ဆုံးရူံးလိုက်ရလို့ သူ့နှလုံးသား နာကျင်နေခဲ့ပြီး သူ့ကိုယ်သူ နှစ်သိမ့်နေဆဲ ဖြစ်သည်။

ပိုင်ယုက ဒီလိုလူသား ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။

ရှီဟွား ကြမ်းပြင်ပေါ်က အရုပ်ကို ကောက်ကိုင်လိုက်ပြီး ငွေထိုးအပ်တွေကို တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်၏။ နာမည်ကို မြင်တော့ မျက်ရည်များ စီးကျလာတယ်။

ချည်ထိုးအမွှေးအိတ်နှင့် အရုပ်တို့ကို တွဲလျက်ထားလိုက်တယ်။ အပ်ချည်အစ တူညီတယ်။

“သခင်မလေးက ရှေ့ပြေးချည်ထိုးချုပ်နည်းကို အသုံးပြုတယ်။ ရှောင်လျိုက နောက်ကျောချည်ထိုးနည်းကို သုံးတယ်။”

ရှီရူ လက်ကိုင်ပုဝါကို ထုတ်ယူပြီး ငိုတယ်။ "သခင်မလေးက ငါ့မွေးနေ့မှာ ဒီဟာကို ချုပ်ခဲ့တာ။"

သူတို့သည် ကျန့်မင်ကို ခစားသူများဖြစ်တယ်။ သို့သော် ရှောင်လျိုက ပထမအဆင့်အစေခံ၊ သူတို့က ဒုတိယအဆင့်အစေခံများ ဖြစ်တယ်။

ရှောင်လျိုသည် သာမန်အားဖြင့် သခင်မလေးရဲ့ပစ္စည်းများကို အသုံးပြုနိုင်သည်။

သို့ပေမဲ့ သူတို့ မလုပ်ရဲပေ။ သခင်မလေး၏ခွင့်ပြုချက်မရှိဘဲ ရူးသွပ်စွာ မသုံးရဲကြပေ။

“အဖေ၊ ဒါတွေအကုန်လုံး ရှောင်လျို လုပ်တာ။ မင်အာဆီကို ပေးပေးမယ်လို့ သူမ ပြောခဲ့တာ!”

ပိုင်ယုရဲ့နှလုံးသား နစ်မြုပ်မတက်ဖြစ်နေ၏။ အရင်က သူ့ကိုအရမ်းယုံကြည်ခဲ့သည့် သခင်ကြီး'ကျန့်' ဘာလို့ ရုတ်တရက်ဝင်လာသလဲ နားမလည်နိုင်အောင်ဖြစ်နေ၏။

ဒါ့အပြင် ရှီဟွားက သူတို့ရဲ့ အဝတ်အစားတွေကို ဘယ်လို ရယူခဲ့တာလဲ?

တစ်စုံတစ်ယောက် ခိုးဝင်ခဲ့တယ်ဆိုရင် သူ့လူတွေက သူ့ကို ဘာလို့ အကြောင်းမကြားတာလဲ?

ဒါ မမှန်ဘူး။ ယုတ္တိနည်းအရပြောရရင် လူတွေအများကြီးဝင်ရောက်တယ်ဆိုရင် သူ့လူတွေက သူ့ကို အကြောင်းမကြားပဲနေမှာမဟုတ်ဘူး။

သူ ကျန့်မင်ကိုသတ်ပြီး တစ်နှစ်(သို့)နှစ်နှစ်အတွင်း သခင်ကြီး'ကျန့်'ကို တိတ်တဆိတ်သတ်ဖို့ ကြံစည်ထားတာ။

အချိန်ကျရင် သူ့သမီးကို အလွန်လွမ်းဆွတ်ပြီး လွမ်းဖျားဖြင့် သေသွားတယ်လို့ လူအများကိုကြေညာမည်။

ကျန့်ရူ အသက် ၁၆ နှစ်ပြည့်ရင် ခန်းဝင်ပစ္စည်းနဲ့ အဝေးနေရာဆီ လက်ထပ်ဖို့ရန် ပို့ပစ်မယ်။ ဒီအချိန်ကျရင် 'ကျန့်'မိသားစုက သူ့အပိုင်ဖြစ်လာလိမ့်မယ်။

အခုလိုတွေဖြစ်လာမယ်လို့ သူမမျှော်လင့်ထားဘူး။ အရာအားလုံးက ချောချောမွေ့မွေ့ လည်ပတ်နေခဲ့တယ်လေ။

ဘယ်သူက သူ့ကို လှည့်စားခဲ့တာလဲ?

"ဟားဟား။ ဟားဟား!"

ပထမတော့ နှုတ်ဆိတ်နေတဲ့ ရှောင်လျိုက ပိုင်ယုရဲ့ ဒုတိယအကြိမ်စွပ်စွဲချက်ကို ကြားချိန်တွင် ရုတ်တရယ်ရယ်မော၏။

သူမ အိပ်ရာပေါ်မှ အရှက်မဲ့စွာ ခုန်ဆင်းပြီး ပိုင်ယုရဲ့ ဗီဒိုကို ဖွင့်ဖို့ လျှောက်သွားသည်။ နောက်ပြီးတော့ အဝတ်တစ်ထည်ကို ထုတ်ကာ ပေါ့ပေါ့ပါးပါး ဝတ်လိုက်တယ်။

အမျိုးသမီးအဝတ်အစားတွေ ဖြစ်တယ်။ အချိန်အတော်ကြာ ပေါင်းသင်နေတာ မဟုတ်ရင် လက်မထပ်ရသေးသည့် ပိုင်ယုရဲ့ ဗီဒိုထဲ အမျိုးသမီးအဝတ်အစား ဘယ်လိုလုပ်ရှိနေမှာလဲ?

ဒါ့အပြင် အဝတ်အစားတွေက ရှောင်လျိုနဲ့ လုံးဝလိုက်ဖက်တယ်။ ရှောင်လျိုနဲ့ အံဝင်ခွင်ကျ ဖြစ်နေ၏။

ပိုင်ယုရဲ့ မျက်နှာက နီရဲလာ၏။ သူက မြေပြင်ပေါ်လဲကျသွားပြီး ရှောင်လျိုကို စိုက်ကြည့်နေတယ်။

သူမ သူ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ပြောခဲ့သည်။ အမှန်တကယ်ကို မိန်းမတွေကို မယုံကြည်သင့်ဘူး။

အဝတ်အစားတွေကို ဝတ်ပြီးနောက် ရှောင်လျို လျှောက်လာတယ်။ ပိုင်ယုကိုတောင်မကြည့်ပဲ သခင်ကြီး'ကျန့်'ကို လှောင်ပြောင်သည့်အပြုံးဖြင့် ကြည့်တယ်။

"ပိုင်ယု သခင်ကြီးရဲ့ အကြီးဆုံးသမီးကို လက်ထပ်ဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။ သခင်မလေးကို အသုံးမဝင်သော ရှေးရိုးဆန်တဲ့ အမျိုးသမီးတစ်ဦးလို မထီမဲ့မြင်ပြုခဲ့တာ။ သူက သခင်ကြီး'ကျန့်'တို့ မိသားစုရဲ့ ချမ်းသာမှုကိုပဲ ဂရုစိုက်တာ။”

"ပိတ်ထားစမ်း!"

ပိုင်ယုက “အဖေက သူမ လိမ်နေတာ။ မင်းအာနဲ့ ကျွန်တော်က ငယ်ငယ်တည်းက ချစ်သူတွေ၊ ချစ်နေတာကြာပြီ!"

သခင်ကြီး'ကျန့်' မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရူသွင်း၏။ ထို့နောက် ခြေထောက်မြှောက်ကာ အကာအကွယ်မဲ့နေသည့် ပိုင်ယုကို မြေပြင်ပေါ်ကန်ထုတ်လိုက်တော့သည်။

ရှောင်လျို လဲကျသွားတဲ့ ပိုင်ယုကို လျစ်လျူရှုကာ ကြည့်နေလေသည်။ သူထဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတာကို မြင်ပေမဲ့ ကူဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ။

ရှောင်လျို သခင်ကြီး'ကျန့်'ကို အပြုံးဖြင့် ကြည့်တယ်။ “သခင်ကြီး အမှန်ပဲ။ ပိုင်ယုနဲ့ ကျွန်မ ကျန့်မင်ကို အတူသတ်ခဲ့တယ်။ သူ့ကို အဆိပ်ကျွေးခဲ့တယ်။ ကျွန်မတို့ သခင်မလေးရှေ့ နာရီပေါင်းများစွာ ပရောပရီလုပ်ခဲ့ကြတယ်။ သခင်မလေး နှလုံးသား နာကျင်နေတာကို ကျွန်မတို့ ကြည့်ခဲ့ကြတယ်။ သခင်မလေး ဘာမှ မပြောနိုင်ခဲ့ဘူး။ သူမ အသက်ရူကြပ်ပြီး သေဆုံးသွားတာကို ကျွန်မတို့စောင့်ကြည့်ခဲ့တယ်။”

ရှောင်လျို ပြုံးပြန်တယ်။

သူမရဲ့ ရယ်မောသံသည် မြင့်ချည်၊ နိမ့်ချည် ရှိနေပြီး အနည်းငယ်မှားယွင်းနေခဲ့သည်။

All Chapters