← Chapters

ငါ့ကို ရန်မစနဲ့

Vol. 75 Ch. 1040

ငါ့ကို ရန်မစနဲ့

Vol. 75 Ch. 1040

လင်းယွင်ကျစ်မှာ မန်ဟို၏စကားလုံးများကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသွားသည်။ သူ့အနောက်ရှိ ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားများလည်း မျက်လုံးပြူးလျက် ကြည့်နေကြသည်။ ဖန်းတုံးအာလည်း ပါးစပ်အဟောင်းသား။

ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများမှာလည်း ပါးစပ်အဟောင်းသားဖြစ်ကုန်ပြီး စိတ်နှလုံး ချာချာလည်သွားကြသည်။ ထိုအခြင်းအရာအားလုံးက မျန်ဟိုပြောလိုက်သော ပင်လယ်စာဆိုသည့် စကားလုံးကြောင့်ပင်။

တစ်ဆက်တည်းမှာပင် ပတ်၀န်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများ၏ မျက်နှာများ နီရဲသွားပြီး သူတို့၏ အသတ်အဖြတ်စိတ်ဆန္ဒတို့က ကိုးပင်လယ်နတ်လောကအတွင်းတွင် မုန်တိုင်းကြီးအသွင်ပြောင်းရင်း တဟုန်ထိုး မြင့်တက်သွားသည်။

"သူက ငါတို့ကို ပင်လယ်စာလို့ တကယ်ကြီး ခေါ်ရဲတယ်လား။ သူ့ကို သတ်မှဖြစ်မယ်"

"သူ့ကို အခုချက်ချင်းသတ်ပစ်စမ်း။ ငါ ကျင့်ကြံသူတစ်ယောက်ကို မစားရတာကြာပြီ။ ငါ သူ့ကို အခုစားချင်တယ်" ဟိန်းဟောက်သံများက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသည်။

မန်ဟိုက အေးစက်စက် ရယ်လိုက်ပြီး သူ၏ အမူအရာသည် ပြောင်းလဲခြင်းမရှိပေ။ သူက ထိုစကားလုံးများကို တမင်တကာ ပြောလိုက်ခြင်းဖြစ်သည်။ သူ ယဉ်ယဉ်ကျေးကျေး စကားပြောလျှင်လည်း မိစ္ဆာကျင့်ကြံသူများက သူ့ကို သတ်ရန်မလိုအပ်သည့် မိတ်ဆွေအဖြစ် မြင်မည်မဟုတ်ကြောင်း သူ ယုံကြည်သည်။

သူတို့ သူ့ကို မုန်းပြီး သတ်ချင်နေသည့် အကြောင်းအရင်းက မည်သို့ပင်ဖြစ်စေ ဖြေရှင်း၍ရမည့်ပုံမပေါ်ပေ။ ထို့ကြောင့် သူတို့ကို ပြန်တွန်းလှန်နိုင်ခြင်းမရှိမှတော့ စကားလုံးများကို သူ့လက်နက်အဖြစ် အသုံးချမည်ဖြစ်သည်။

တစ်ခါတစ်ရံ စကားလုံးများ၏ စွမ်းအားက ကျင့်ကြံခြင်းအခြေခံထက် ပို၍အစွမ်းထက်၏။

ဥပမာ မိစ္ဆာကျင့်ကြံသူများကို ပင်လယ်စာဟင်းဟု ခေါ်လိုက်ခြင်းက မည်သူမှ လုပ်ရဲမည့်အရာမဟုတ်ပေ။ အမှန်တွင် ကိုးပင်လယ်နတ်လောက၏ သမိုင်းရာဇ၀င်များကြောင့် ၎င်းက မိစ္ဆာကျင့်ကြံသူများကို ခေါ်ရန် ဘယ်သူမှ မတွေးဖူးသည့် အသုံးဖြစ်သည်။ သို့သော် မန်ဟိုက ထိုသို့ပြောလိုက်ပြီး စကားလုံးများက လူတိုင်းကြားရသည်အထိ ပဲ့တင်ထပ်သွားသည်။

တချို့အခြေအနေများတွင် စကားတစ်ခွန်း သို့မဟုတ် စကားလုံးတစ်လုံးကပင် အခြေအနေကို ပြောင်းလဲပစ်နိုင်၏။

အပြီးပြည့်စုံဆုံး ဥပမာကတော့ ဤအခိုက်အတန့်ဖြစ်သည်။ ကိုးပင်လယ်နတ်လောက၏ မိစ္ဆာကျင့်ကြံသူမဟုတ်သူများမှာ ထူးဆန်းသော မျက်နှာအမူအရာဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေကြသည်။ ပုံမှန်အားဖြင့် သူတို့သည် မိစ္ဆာကျင့်ကြံသူများအား တစ်ဂိုဏ်းသားများအဖြစ် မြင်ကြသော်လည်း ယခုတော့ သူတို့ကို ကြည့်သောအခါ ပင်လယ်စာအကြောင်း မတွေးမိဘဲ မနေတော့ပေ။

"လိမ်ပြီးရင်း လိမ်နေတော့တာပဲ" ရှေးဆန်သောအသံကြီးက ဒေါသတကြီး အော်ဟစ်သည်။ အသတ်အဖြတ်စိတ်ဆန္ဒတို့ တဖွေးဖွေးလှုပ်လာကာ မန်ဟို့ထံသို့ ပြေး၀င်လာသော လက်ကြီးအသွင် ပြောင်းလဲသွား၏။

ကြည့်ရသရွေ့ ထိုလက်ကြီးသည် တစ်မြေလုံးကို ရစရာမရှိအောင် ချေမွပစ်နိုင်ပုံရသည်။ ၎င်း ကျဆင်းလာသည်နှင့် လေထုသည် ကြေမွသွားပြီး သဘာ၀နိယာမတို့ ပြိုကွဲသွား၏။ မိုးကောင်းကင်၏ အမျက်ဒေါသက ကျရောက်လာနေပုံရရာ လင်းယွင်ကျစ်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ဤအခိုက်အတန့်တွင် သက်ပြင်းချသံ ခပ်သဲ့သဲ့ ကြားလိုက်ရပြီး အဘွားအိုတစ်ဦး လေလယ်တွင် ပေါ်လာသည်။ သူမက လက်ကြီးထံသို့ လက်ချောင်းတစ်ချောင်းကို ဝှေ့ရမ်းလိုက်ရာ လက်ကြီးအား ပြိုကွဲသွားစေ၏။ ၎င်းက ဧရာမလက်တံကြီးအသွင် ပြောင်းလဲသွားလေသည်။ ခပ်အုပ်အုပ်သည်းသံကြီးတစ်သံ ပဲ့တင်ထပ်လာသော်လည်း လက်တံက ပျောက်ကွယ်မသွားပေ။ ထိုအစား ၎င်းက အဘွားအိုကို ရှောင်ဖယ်ပြီး မန်ဟို့ထံသို့ ဆက်လက်ဦးတည်သွား၏။

အဘွားအိုက ဤတစ်ခေါက်တွင် ကြားမ၀င်ပေ။ သူမက စကားပြောရုံသာ ပြောလိုက်၏။ "လုံလောက်ပြီ ဂိုဏ်းတူမောင်လေးဝူ။ မန်ဟို ဘယ်လောက်အရေးကြီးလဲဆိုတာ နင်သိသားပဲ။ ငါတို့ရဲ့ဆက်ဆံရေးကို ဖျက်စီးရအောင် ငါ့ကို တွန်းအားမပေးနဲ့"

သူမ စကားပြောလိုက်စဉ် နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းက ဘွားခနဲ ပေါ်လာသည်။ မည်သည့်ရုပ်ခန္ဓာကိုယ်မှ မတည်ရှိသော်လည်း တာအိုနယ်ပယ်အရှိန်အဝါက ပြင်းထန်သောဖိအားကို ထုတ်လွှတ်နေ၏။ အရှိန်အဝါ၏ ခြောက်လန့်နေသော သဘာ၀က ထင်ရှားလေသည်။

ဤအရှိန်အဝါသည် အဘွားအိုနှင့် လင်းယွင်ကျစ်တို့၏ အရှိန်အဝါနှင့် ပေါင်းစည်းသွားကာ ကြောက်ခန်းလိလိ စွမ်းအားတစ်ရပ်အား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေရင်း န၀မပင်လယ်၏ ပတ်ပတ်လည်ကို တဖွေးဖွေး လှုပ်သွားစေသည်။

နတ်ဘုရားအာရုံစီးကြောင်း ပေါ်လာသည်နှင့် တစ်ပြိုင်တည်းဆိုသလို ဒုတိယနတ်ဘုရားအာရုံစီးကြောင်းကလည်း ကိုးပင်လယ်နတ်လောကအတွင်းထဲမှ ထွက်လာ၏။ ဤနတ်ဘုရားအာရုံက ရက်စက်ခက်ထန်မှုကို ထုတ်လွှတ်နေပြီး မိစ္ဆာချီတို့ ပြည့်၀နေလေသည်။ ဤသည်က တာအိုနယ်ပယ်မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိသာထင်ရှား၏။

သို့သော် ထိုနတ်ဘုရားအာရုံက ဝူဆိုသော ကျင့်ကြံသူ၏ နတ်ဘုရားအာရုံနှင့် ပူးပေါင်းလိုက်ပြီးနောက်တွင်ပင် အဘွားအို၏အဖွဲ့နှင့် မယှဉ်နိုင်သေးပေ။

သို့သော် အခြေအနေက ဤရွေ့ဤမျှနှင့် မပြီးသေး။ တာအိုနယ်ပယ်အရှိန်အဝါပေါ်လာသည်နှင့်တစ်ပြိုင်နက် နောက်ထပ် တာအိုနယ်ပယ်အရှိန်အဝါများလည်း မတူညီသော အရပ်မျက်နှာနှစ်ဖက်မှ ပေါ်လာသည်။ တဖွေးဖွေး လှုပ်နေသာ စွမ်းအင်စီးကြောင်းများက အဖွဲ့လေးဖွဲ့၏အင်အားကို ဖော်ပြနေ၏။

လက်တံကြီးက လေလယ်တွင် ရပ်သွားသည်။

ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားအားလုံးမှာ မျက်နှာအမူအရာအမျိုးမျိုးဖြင့် စောင့်ကြည့်နေကြ၏။ မိစ္ဆာကျင့်ကြံသူ သို့မဟုတ် မိစ္တာကျင့်ကြံသူမဟုတ်သော ကျင့်ကြံသူများမှာ ယခုလိုမြင်ကွင်းမျိုးကို မျက်မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ဖူးပေ။

တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေသော ဂိုဏ်းသားတစ်ချို့လည်း ရှိသည်။ သိသိသာသာပင် သူတို့သည် န၀မပင်လယ်နတ်လောကရှိ အမျိုးမျိုးသောအင်အားစုများအကြားက ရှုပ်ထွေးသောပက်သက်မှုများကို သိထားပြီးသူများဖြစ်၏။

မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူ နည်းနည်းပါးပါးသာ စမ်းသပ်ရသေးသည်၊ ကိုးပင်လယ်နတ်လောက၏ နက်နဲမှုနှင့် အင်အားက ပေါ်လွင်လာခဲ့လေပြီ။

"သူတို့မှာ တာအိုနယ်ပယ်ပညာရှင်ခုနစ်ဦးရှိတာပဲ။ ယုံတောင်မယုံနိုင်ဘူး။ တာအိုဆရာအစည်းအရုံးသုံးခုထဲက တစ်ခုဖြစ်ဖို့ သေချာပေါက် ထိုက်တန်ပါပေတယ်" မန်ဟို့စိတ်နှလုံး တုန်ရီနေ၏။ ယခုတွင် သူသည် အဘွားအို ကိုယ်စားပြုသောအဖွဲ့က ကိုးပင်လယ်နတ်လောကတွင် အင်အားအကြီးဆုံးဖြစ်ကြောင်း မြင်လိုက်ရ၏။ ထိုအဖွဲ့က သူ့ကို ဂိုဏ်းသားအဖြစ် လက်ခံရန် တိုက်တွန်းခဲ့သော အဖွဲ့လည်းဖြစ်သည်။

အချိန်အတန်ကြာသော် ရှေးဆန်သောအသံကြီးက အေးစက်မှုနှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့အပြည့်ဖြင့် လက်တံထံမှ ပဲ့တင်ထပ်လာသည်။ "ငါတို့ သူ လူသတ်ခဲ့တာကို လျှော်ပေးနိုင်တယ်။ ဒါမဲ့ ငါ့ဂိုဏ်းသားတွေကို ပြန်ပေးပြီး မှားပါတယ်လို့ ဒူးထောက်တောင်းပန်မှ ဒီကိစ္စကို ကြေအေးပေးမယ်"

အဘွားအို မျက်မှောင်ကြုတ်သွားသည်။ အဖမ်းဆီးခံထားရသော မိစ္ဆာကျင့်ကြံသူများကို ပြန်အပ်ခြင်းက လက်ခံ၍ ရသေးသည်။ သို့သော် မှားပါသည်ဟု ဒူးထောက်ရမည့် ကိစ္စက နည်းနည်းလွန်နေသည်။ သူမ ပြန်တုံ့ပြန်တော့မည့်အချိန် မန်ဟိုက ရုတ်တရက် ရယ်လိုက်သည်။

"ကြေအေးပေးမယ်ဟုတ်လား။ န၀မပင်လယ်ကို ရောက်ကတည်းက ကျုပ်မှာ ပင်လယ်စာတွေရဲ့ အသည်းအသန် လိုက်သတ်တာခံခဲ့တယ်။ ပြီးတော့ ကျုပ် ကိုးပင်လယ်နတ်လောကကို ရောက်တော့ ပိုလို့တောင်များတဲ့ ပင်လယ်စာတွေက ကျုပ်ကို ကမှုးရှုးထိုး တိုက်ခိုက်ခဲ့ကြတယ်။ ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ ပင်လယ်စာတစ်ကောင်တောင် ရှိသေးတယ်

"ကျူပ် သူ့ကို သတ်ပြီးတော့ ပင်လယ်စာအဘိုးကြီးတစ်ယောက်က သူ့ရဲ့ ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံကို သုံးပြီး အရှက်မရှိ ကျုပ်ကို သတ်ဖို့ လုပ်ခဲ့တယ်

"အဲ့ဒါပြီးတော့ ပင်လယ်စာသေးသေးလေးတွေက ပေါင်းပြီး ကျုပ်ကို တိုက်ခိုက်တယ်လေ။ အဆုံးသတ်မှာ မထင်မှတ်ဖွယ်ကောင်းစွာနဲ့ တာအိုနယ်ပယ်ပင်လယ်စာကြီးက ကျုပ်ကို အကောက်ကြံဖို့ ကြိုးစားခဲ့သေးတယ်။ သည်းခံတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုရှိတယ်ဗျ။ ခင်ဗျားတို့ရဲ့ ဒီကိစ္စကို ဒီတိုင်းကြေအေးပေးရမယ်လို့ တွေးနေတာလား။ လီးမလို့ ကျုပ်က ကြေအေးပေးရမှာလား" မန်ဟို့စကားလုံးများက ပြတ်သားခက်ထန်ပြီး သူ့အသံက အေးစက်နေသည်။

စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်၀န်းကျင်ရှိ ဂိုဏ်းသားများ မျက်မှောင်ကြုတ်သွားသည်။ အများစုက မန်ဟိုသည် မိုးကောင်းကင်၏ အမြင့်နှင့် ကမ္ဘာမြေကြီး၏ အနက်ကို လျစ်လျူရှုထားသည်ဟု ယုံကြည်နေကြသည်။ သူ့အသံက အစွမ်းထက်သော တာအိုနယ်ပယ်ပညာရှင်တစ်ဦးနှင့် မယှဉ်နိုင်ပေ။

မိစ္ဆာကျင့်ကြံသူများမှာမူ မန်ဟို သွေးနားထင်ရောက်နေသည်ဟု ယုံကြည်နေသဖြင့် အေးစက်စက် ရယ်နေကြသည်။

"ပိတ်ထားစမ်း မင်းအနေနဲ့ စကားဝင်ပြောပိုင်ခွင့်မရှိဘူး" ရှေးဆန်သော အသံကြီးက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသည်။

မန်ဟိုသည် လင်းယွင်ကျစ်ဘေးတွင် ရပ်နေသည့်တိုင် အသံ၏ တုန်ခါလှိုင်းများ‌ကြောင့် သွေးတို့က သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာသည်။ သို့သော် သူက ရက်စက်ခက်ထန်သော အမူအရာဖြင့် ခေါင်းနောက်လှန်ရင်း ရယ်လိုက်သည်။

"ကျုပ်က ပြောခွင့်မရှိဘူး ဟုတ်စ

"ကျုပ်က ဖန်မျိုးနွယ်စုရဲ့ အိမ်ရှေ့မင်းသား။ အနာဂတ်မှာ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမယ့်ကောင်။ ဖန်မျိုးနွယ်စုမှာ‌ ခေါင်းဆောင်ကြီးယန်ရှီနဲ့အတူ‌ မြေခေါင်းဆောင်ကြီး ဖန်ရှုတောက်ရှိတဲ့အပြင် ပထမမျိုးဆက်ခေါင်းဆောင်ကြီးလည်း ရှိတယ်။ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက အရှေ့အောင်ပွဲဂြိုလ်တိုက်ပွဲမှာ ကြက်ကလေး ငှက်ကလေး သတ်သလိုမျိုး တာအိုနယ်ပယ်ပညာရှင်တွေကို သတ်ပစ်ခဲ့တာ။ ခင်ဗျားက ကျုပ်ကို ဒူးထောက်စေချင်တယ်တဲ့လား။ အဲ့ဒါက ဖန်မျိုးနွယ်စုတစ်စုလုံးကို ခင်ဗျားကို ဒူးထောက်ခိုင်းလိုက်တာနဲ့ အတူတူပဲ။ ကျုပ်ဒူးထောက်ရင်တောင်မှ ခင်ဗျား လက်ခံရဲသလား"

သူ့အသံက နားအားလုံးထဲတွင် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားသည်။ ထိုရှေးဆန်သော အသံ၏ ပိုင်ရှင်ပင်လျှင် လူကိုယ်တိုင် ‌မပေါ်လာဘဲ တံခါးပိတ်ကျင့်ကြံနေသည့်တိုင် ဆွံ့အသွားသည်။

သူသည် မန်ဟို့ကို အဖက်မလုပ်ဘဲ နေနိုင်သော်လည်း ဖန်မျိုးနွယ်စုကိုတော့ အဖက်မလုပ်ဘဲ နေမရပေ။ အထူးသဖြင့် ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်း‌ဆောင်ကြီးက အရှေ့အောင်ပွဲဂြိုလ်၏ စစ်ပွဲတွင် အင်အားပြသခဲ့ပြီး ကျီမျိုးနွယ်စုကိုပင် ဆုတ်ခွာသွားစေခဲ့သောကြောင့်ဖြစ်သည်။ သူက မည်ကဲ့သို့နှိုင်းယှ‌ဉ်နိုင်မည်နည်း။

ဤတာအိုနယ်ပယ်ပညာရှင်သည် ပထမမျိုးဆက်ခေါင်းဆောင်ကြီးတိုက်ခိုက်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ပြီး ၎င်းက သူ့ကို ခေါင်းနပန်းကြီးစွာဖြင့် စိတ်နှလုံး ချာချာလည်‌စေခဲ့သည်။ ရုတ်တရက် ပထမမျိုးဆက်ခေါင်းဆောင်ကြီးနှင့် ပက်သက်သော ဒဏ္ဍာရီများက သူ့စိတ်ထဲတွင် ပေါ်‌ပေါက်လာ၏။

ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီးသည် ကျီတျန်းနှင့်ခေတ်ပြိုင်၊ ရက်စက်ကြမ်းကြုတ်သော ပညာရှင်မျိုးဆက်မှဖြစ်သည်။ ဒဏ္ဍာရီများအရ သခင်ကျီ ကောင်းကင်ဖြစ်‌လာသော မဟာစစ်ပွဲကြီးတွင် ဖန်မျိုးနွယ်စု၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက န၀မတောင်ပင်လယ်တစ်ခုလုံးအား သွေးတို့ စွန်းစေခဲ့သော နံပါတ်တစ်လူသတ်သမားဖြစ်ခဲ့သည်။

သို့သော် မန်ဟိုက ယခုထက်ထိ မပြီးသေးပေ။

"စကားမစပ် ကျုပ်က ကိုးပင်လယ်နတ်လောကရဲ့ ဂိုဏ်းသားတင် မဟုတ်ဘူးနော်။ကျုပ်က အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့ရဲ့ ဂိုဏ်းသားဟုတ်သလို၊ မြင့်မြတ်သော ရေစီးဓားဂူရဲ့ ဂိုဏ်းသားလည်း ဟုတ်တယ်။ ခင်ဗျား ကျုပ်ကို လာရှုပ်လို့ ရမရကို အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့နဲ့ မြင့်မြတ်သော ရေစီးဓားဂူကိုရော မေးခဲ့သေးလား

"ခင်ဗျားက သူတို့ရဲ့ သီးသန့်ဂိုဏ်းသားဖြစ်တဲ့ ကျုပ်ကို ဒူးထောက်စေချင်တယ်တဲ့လား။ အဲ့ဒါက အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့တစ်ဖွဲ့လုံးနဲ့ မြင့်မြတ်သော ရေစီးဓားဂူတစ်ဂူလုံးကို ခင်ဗျားကို ဒူးထောက်ခိုင်းနေတာနဲ့အတူပဲ။ ကဲ ဒါဆိုရင် စောစောကလို မေးပါရစေဦး။ ကျုပ် ဒူးထောက်ရင် ခင်ဗျားလက်ခံရဲသလား"

မန်ဟို၏ စကားလုံးများ ပဲ့တင်ထပ်လာစဉ် လင်းယွင်ကျစ်က တိတ်ဆိတ်စွာ ရပ်နေ၏။ အဘွားအိုမှာမူ မသိမသာ ပြုံးနေသည်။ သူမသည် ဤကိစ္စတွင် ၀င်ပါရန် ကြံစည်ခဲ့သော်လည်း ယခုမူ ဘာမှလုပ်စရာမလိုတော့ပုံရသည်။ မန်ဟို့ကို ကြည့်နေစဉ် သူမမျက်လုံးများသည် သဘောကျမှုတို့ဖြင့် တောက်ပနေ၏။

မိစ္ဆာကျင့်ကြံသူအုပ်ကို ကိုယ်စားပြု‌သော တာအိုနယ်ပယ်ပညာရှင်အဘိုးကြီးမှာမူ တွေဝေတုံ့ဆိုင်းနေသည်။

"ခင်ဗျားတို့ ပင်လယ်စာအုပ်ကပဲ တာအိုဆရာအစည်းအရုံးသုံးခုလုံးမှာ အင်အားကြီးတဲ့ အုပ်စုလို့ ထင်နေတာလား

"ခင်‌ဗျားက ကျုပ်ကို ပြောခွင့်မရှိဘူး ထင်တယ်လား။ ကဲ ဒါဆိုရင် မေးပါရစေဦး။ ကျုပ်အပြင် ဘယ်သူက ပြောခွင့်ရှိဦးမှာလဲ

"ခင်ဗျား ကျုပ်ကို ခုချက်ချင်း ‌ဖြေရှင်းချက်မပေးဘူးဆိုရင် ဖန်မျိုးနွယ်စု၊ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့၊ မြင့်မြတ်သော ရေစီးဓားဂူနဲ့ ဒီနတ်လောကရဲ့ အကြီးပိုင်းခေါင်းဆောင်ကြီးတွေက ခင်ဗျားတို့ ပင်လယ်စာအုပ်ကို အပြတ်ရှင်းမပစ်နိုင်ဘူးလို့ ထင်သလား" မန်ဟို့စကားလုံးများက ရှင်းလင်းသထက် ရှင်းလင်းလာပြီး ပြတ်သားသထက် ပြတ်သားလာသည်။ ပတ်ပတ်လည်ရှိ ဂိုဏ်းသားများမှာ ပင့်သက်ရှိုက်နေကြပြီး မိစ္ဆာကျင့်ကြံသူများမှာ မျက်နှာပျက်နေကြသည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် န၀မပင်လယ်နတ်လောကတစ်ခုလုံး၏ အာရုံစိုက်စရာ ဖြစ်နေလေပြီ။

သူက မေးကို ‌မော့လျက် သူ၏ လွှမ်းမိုးကြီးစိုးသော အရှိန်အဝါကို ခင်းကျင်းပြသလျက် ရပ်နေသည်။

"ခင်ဗျားသိလား။ ကျုပ်က ဒီလူတွေကို အကူအညီတောင် မတောင်းခဲ့ဘူး။ ခင်ဗျား ကျုပ်ကို ဒူးထောက်လို့ ‌နောက်တစ်ခေါက် ထပ်ပြောရင် ကျုပ် ဒီကျောက်စိမ်းပြားကို ချိုးပြီး ပထမမျိုးဆက်ခေါင်ဆောင်ကြီးကို ခင်ဗျားရပ်နေတဲ့နေရာမှာတင် သတ်ခိုင်းဖို့ မဆင့်ခေါ်ဘူးလို့ ခင်ဗျားလောင်းရဲသလား" မန်ဟိုက လူတိုင်းမြင်အောင် ကျောက်စိမ်းပြားတစ်ပြားအား မြှောက်ပြလိုက်သည်။

သူ့စကားလုံးများက ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ လင်းယွင်ကျစ်နှင့် အဘွားအို၏မျက်နှာများ ရိပ်ခနဲဖြစ်သွားသည်သာမက မိစ္ဆာကျင့်ကြံသူအုပ်မှ တာအိုနယ်ပယ်ပညာရှင်နှစ်ဦးလည်း လန့်သွားကြသည်။

အခြားအင်အားစုမှ တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်မှာလည်း ထိုနည်းတူ တုန်လှုပ်သွား၏။ ဤအခိုက်အတန့်တွင် မန်ဟို၏စကားလုံးများက သူ ကိုင်ဆွဲနိုင်သည့် အစွမ်းထက်ဆုံးလက်နက်ဖြစ်လေသည်။

"ကျုပ် ပေါက်ကရလျှောက်ပြောနေတယ်လို့ ခင်ဗျားထင်မှာပေါ့။ ဒါဆိုရင် ခင်ဗျားကို ကျုပ် ရှင်းပြမယ်။ ကျုပ်ရဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးက ဒီကျောက်စိမ်းပြားကို ကိုယ်တိုင်ပေးပြီး အချိန်မရွေး ကျုပ်ဘေးမှာ ပေါ်လာမယ်လို့ ကတိပေးခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ကျုပ်က အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းရဲ့ ဆက်ခံသူဖြစ်တာမလို့ပဲ

"ကျုပ်က ဖန်မျိုးနွယ်စုမှာ ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ ဆေးလုံးသုံးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ဖူးတဲ့ ပထမဦးဆုံးလူလည်း ဟုတ်တယ်

"ဒါ့အပြင် ကျုပ်က ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့ အရာကိုလည်း လုပ်ခဲ့တယ်။ ကျူပ်ဟာ တာအိုကို ကျုပ်ဘာသာကျုပ် ခိုင်မာစေပြီး အများဆုံးဖြစ်တဲ့ အကြော ၁၂၃ ကြောကို ဖွင့်ခဲ့တယ်။

"ပြီးတော့ ကျုပ်က အက်ရှလွန်ထဲက ဆိုလည်း ဟုတ်တယ်"

မန်ဟိုက တစ်ချက်ပြီးတစ်ချက် ထုတ်ပြောပြနေသည်။ ရလဒ်အနေဖြင့် တခဏ တိတ်ဆိတ်သွားပြီးနောက် အုံးအုံးကြွက်ကြွက် ဆူညံသွားတော့သည်။ ကိုးပင်လယ်နတ်လောက တည်ရှိခဲ့သည့်တစ်လျှောက်လုံး မန်ဟိုက တာအိုနယ်ပယ်ပညာရှင်များကို ပစ်ပစ်နှစ်နှစ် ဝေဖန်ဖူးသည့် ပထမဆုံးလူဖြစ်သည်။

ထိုမျှသာမက သူ၏ အဆိပ်ပြင်းပြင်း စကားလုံးတို့ကို ကြားလိုက်ရသည့် မည်သူမဆို စိတ်နှလုံး တုန်လှုပ်သွားရမည်ဖြစ်သည်။

မန်ဟိုသည် စော‌စောက မိစ္ဆာကျင့်ကြံသူကို တိုက်ခိုက်ခဲ့သည့်အတိုင်း စကားလုံးများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့၏။ သူက ရှုပ်ထွေးသော ပက်သက်မှုများဖြင့် ကိုးပင်လယ်‌နတ်လောက၏ အမျိုးမျိုးသောအဖွဲ့များကြား၌ သူ၏ နေရာကို တည်မြဲအောင် လုပ်ချင်သည်။

သူသည် သာမန်ဂိုဏ်းသားများကိုသာ ကြောက်လန့်စေခြင်းမဟုတ်၊ တာအိုနယ်ပယ်ပညာရှင်များကိုလည်း ရှိန်စေချင်သည်။ သူ့စကာလုံးများတွင်လည်း စစ်မှန်သော လျှို့ဝှက်ချက်များသာ ပါရှိသည်။ တာအိုနယ်ပယ်ပညာရှင်များအနေဖြင့် သူပြောနေသည်က အမှန်ဟုတ်မဟုတ် အလွယ်တကူ စုံစမ်းစစ်ဆေးကြည့်နိုင်‌လေသည်။

သူ ဤနည်းလမ်းဖြင့် သူ့နေရာကို တည်မြဲစေလိုသည့် အကြောင်းရင်းထဲမှတစ်ခုမှာ ကိုးပင်လယ်နတ်လောကတွင် ကြာမြင့်စွာနေရန် စိတ်ကူးမထားသည့်အတွက်ကြောင့်ပင်။ ထို့ကြောင့် သူ့ကိုယ်သူ ဩဇာညောင်းအောင် လုပ်နိုင်လေလေ၊ အခြေအနေများက လွယ်ကူချောမွေ့လေလေ ဖြစ်လိမ့်မည်။ အနိုင်ကျင့်ခံရခြင်းဖြင့် စတင်မည့်အစား သူသည် ဓားကို ထုတ်၍ သူ့ကိုယ်သူ ဆူးများ ဝိုင်းနေသော ဘီလူကြီးတစ်ကောင်ပုံစံပေါ်အောင် လုပ်မည်ဖြစ်သည်။

လူများ သူ‌ပြောသည်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေအရေးမကြီးပေ။ အရေးကြီးသည့်အရာက သူသည် ဖန်မျိုးနွယ်စု၊ အင်မော်တယ်ရှေးဟောင်းတာအိုဆရာအဖွဲ့နှင့် မြင့်မြတ်သောရေစီးဓားဂူအတွက် အရေးပါသည့်လူဖြစ်ကြောင်း သိသွားစေရန်ပင်။ ထိုမျှနှင့် လုံလောက်၏။

အုံးအုံးကြွက်ကြွက် ဆူညံသံများကြားတွင် လေလယ်၏ လက်တံကြီးမှာ ပျောက်ကွယ်သွားပြီး အေးစက်စက်နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာသော်လည်း မည်သည့်စကားမှ မကြားရပေ။ မိစ္ဆာကျင့်ကြံသူအုပ်မှ တာအိုနယ်ပယ်အရှိန်အဝါနှစ်ခု ပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်တွင် ကျန်အဖွဲ့နှစ်ဖွဲ့မှ တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်လည်း မန်ဟို့ကို လေးလေးနက်နက် ကြည့်ပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

မန်ဟိုထင်ထားသည့်အတိုင်း သူ့စကားလုံးများ မှန်မမှန် အရေးမကြီးပေ။ လူတိုင်းသည် န၀မတောင်ပင်လယ်ရှိ အင်အားစုများ သူ့ကို မည်ကဲ့သို့ထောက်ခံပံပိုးပေးထားသည်လဲ မြင်သွားပြီး သူ့စကားလုံးများ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီဖြစ်သည်။

ငါ့ကို ရန်မစနဲ့

***

All Chapters