← Chapters

စစ်ထူအောင်း

Vol. 58 Ch. 801

စစ်ထူအောင်း

Vol. 58 Ch. 801

ညဉ့်နက်လာသောအခါ မြို့သည် ပြန်၍ တည်ငြိမ်လာ၏။ သို့သော် အားလုံး အိပ်မပျော်ကြပေ။ ယ‌နေ့ညတွင် အဖြစ်အပျက်များစွာ ဖြစ်ခဲ့ပေသည်။ လုလင်း သေဆုံးသွားခဲ့သည်။ ကျန်းရီ မည်သူဖြစ်ကြောင်း ပေါ်သွားခဲ့သည်။ လဲ့ချီရန် ရှုံးနိမ့်သွားခဲ့သည်။ အရှေ့ဘက် တော်ဝင်နယ်မြေမှ သူလျှိုများက လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ရှန်းစီမျိုးနွယ်စု၏ အင်အားအကြီးဆုံး ပညာရှင်က လှုပ်ရှားခဲ့သည်။

အထူးသဖြင့် လဲ့မျိုးနွယ်အကြီးအကဲ သုံးသွားခဲ့သော လက်ချောင်းက လူအားလုံးကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့သည်။ လူများစွာသည် ကြယ်ခုနစ်ပွင့် တာအိုပုံသဏ္ဌာန်အကြောင်းကို ကြားဖူး၏။ သို့သော် မည်သူမှ ၎င်းကို ကိုယ်တိုင် မမြင်ဖူးကြပေ။ ထိုကဲ့သို့ ပြောင်မြောက်ကာ လေးနက်သည့် တာအိုပုံသဏ္ဌာန်တစ်ခုကို လူသားတစ်ယောက် သိမြင်နားလည်နိုင်ပါသလော။

ကျန်းရီနှင့် ဟွမ်ဖူ‌ထောင်ထျန်းတို့သည် စစ်ထူရီရှောင်နှင့် အခြားသူများနောက်သို့လိုက်ကာ စစ်ထူအိမ်တော်သို့ သွားခဲ့၏။ သူတို့သည် စစ်ထူရီနျန်နေထိုင်သော စစ်ထူစံအိမ်လေးဘေးရှိ ရဲတိုက်တစ်ခုတွင် နေရ၏။ စစ်ထူမျိုးနွယ်သည် ကျန်းရီ၏ ရဲတိုက်ကို ကျန်းရဲတိုက်ဟူ၍ပင် ဆိုင်းဘုတ်ချိတ်ဆွဲပေးထား၏။

ကျန်းရဲတိုက်သည် စစ်ထူမျိုးနွယ်၏ အတွင်းခြံဝန်းတွင် တည်ရှိသဖြင့် သာမန်လူများ မဝင်ရောက်နိုင်ပေ။ လုပ်ကြံသူများက ထိုနေရာအထိ ဝင်ရောက်လာနိုင်လျှင်လည်း ကိစ္စမရှိပေ။ အတွင်းခြံဝန်းတွင် စစ်ထူမျိုးနွယ်၏ ပညာရှင်များနှင့် ပြည့်နှက်နေပေသည်။ ထို့ပြင် စစ်ထူမျိုးနွယ်၏ အကြီးအကဲသုံးဦးကလည်း အတွင်းခြံဝန်းကို စောင့်ကြည့်နေကြသည်။ အ‌ရှေ့ဘက် တော်ဝင်နယ်မြေမှ ပညာရှင်အိုကြီးများ ရောက်လာလျှင်ပင် သူတို့သည် ကျန်းရီကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။

လဲ့ထင်ဝေက လဲ့မျိုးနွယ်မှလူများအား ကျန်းရီကို ပြဿနာမရှာရန် လူအများရှေ့တွင် ကြေညာခဲ့ပြီးပေပြီ။ လုမျိုးနွယ်၏အာဏာကလည်း မျိုးနွယ်ကြီးလေးခုထပ် နိမ့်ပေသည်။ ကျန်းရီက လုလင်းကို ယှဉ်ပြိုင်ကွင်းတွင် သတ်ခဲ့ခြင်းဖြစ်၍ လုမျိုးနွယ်သည် ပေါ်‌ပေါ်ထင်ထင် ပြဿနာရှာနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီတို့ စစ်ထူအိမ်တော်၏ အတွင်းခြံဝန်းတွင် နေထိုင်နေလျှင် လုံးဝလုံခြုံမည်ဖြစ်သည်။

ကျန်းရဲတိုက်က ကြီးမား၏။ ၎င်းသည် သူတို့၏ မူလအိမ်တော်ထက်ပင် များစွာပိုကြီးပြီး အတွင်းခြံဝန်းနှင့် အပြင်ခြံဝန်းလည်း ပါပေသည်။ ဟွမ်ဖူထောင်ထျန်းက ကျွန်အစောင့်ဆယ်ယောက်ကို အပြင်ခြံဝန်းထဲတွင် နေခိုင်းလိုက်ပြီး အလှည့်ကျ ကင်းစောင့်ခိုင်းထားသည်။ ကျန်းရီ၏ ခွင့်ပြုချက် မရဘဲ မည်သူမှ အတွင်းသို့ ဝင်ခွင့်မရှိချေ။ စစ်ထူအောင်းပင် ဝင်ခွင့် မရှိချေ။

ကျန်းရီသည် အားလုံးကို ဧကရာဇ်နန်းတော်အတွင်းမှ ထုတ်ပေးလိုက်၏။ သူသည် ဖြစ်ခဲ့သောကိစ္စများကို များစွာ ရှင်းမပြလိုက်ပေ။ သူက စစ်ထူမျိုးနွယ်နှင့် ညှိုနှိုင်းခဲ့သဖြင့် သူတို့ ဤနေရာတွင် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပြီး မည်သည့်အန္တရာယ်နှင့်မျှ ထပ်ကြုံရတော့မည် မဟုတ်ဟုသာ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျန်းရီက ဟွမ်ဖူထောင်ထျန်းအား ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကို ဤသို့ ခေါ်နိုင်မည့်နည်းလမ်းတစ်ခု ရှာခိုင်းလိုက်သည်။ ယခင်က သူ၏ သူတို့နှစ်ယောက်အတွက် အစီအစဉ်မှာ သူတို့ကို နဂါးပြာမြို့သို့ သွားခိုင်းရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့အနောက်သို့ လိုက်လာလျှင် သူတို့အတွက် အန္တရာယ်ရှိ၍ဖြစ်သည်။ ယခုတွင်မူ စစ်ထူအိမ်တော်၌နေရသည်က အလွန်လုံခြုံပြီး ဤနေရာသည် ကျင့်ကြံနှုန်းကို ဆယ်ဆတိုးစေသဖြင့် သူ သူတို့နှစ်ယောက်ကို အခြားတစ်နေရာတွင် သီးခြားဆက်မနေစေလိုတော့ပေ။

ကျန့်ဝူရွှမ်းတို့နှစ်ယောက်ကို ခေါ်ရန်ကိစ္စမှာ အသေးအဖွဲလေးသာ။ ဟွမ်ဖူထောင်ထျန်း၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် သူ အမိန့်တစ်ချက် ပေးလိုက်ရုံဖြင့်ပင် ထိုနှစ်ယောက်ကို မည်သည့်အခက်အခဲမှမရှိဘဲ ခေါ်ဆောင်လာနိုင်ပေသည်။ ထို့ကြောင့် ကျန်းရီ များစွာ ဆက်မတွေးတော့ဘဲ အားလုံးကို ကောင်းကေင်းအနားယူရန် ပြောလိုက်လေသည်။ ထို့နောက် သူက သူ့အခန်းထဲသို့ ဝင်ကာ ဒဏ်ရာများကို ကုသလိုက်သည်။

ဒုတိယမြောက်နေ့၏ နံနက်နှောင်းပိုင်းတွင် ကျန်းရီသည် အသံပို့လွှတ်မှုတစ်ခုကြောင့် နိုးလာ၏။

“ညီလေးကျန်း... မြန်မြန်ထ၊ စစ်ထူအောင်းကိုယ်တိုင် လာလည်တယ်”

“စစ်ထူအောင်းလား...”

ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ ဤစစ်ထူမျိုးနွယ်ခေါင်းဆောင်က ကိုယ်တိုင်ဦးစီးဦးဆောင်ပြုသူတစ်ယောက်ဖြစ်သည်ဟု သူ တွေးလိုက်သည်။ ကျန်းရီ လျင်မြန်စွာ ထလိုက်ပြီး သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် သူသည် ဟွမ်ဖူထောင်ထျန်းနှင့်အတူ အပြင်ထွက်ကာ စစ်ထူအောင်းကို ကြိုဆိုလိုက်သည်။

စစ်ထူ‌အောင်းက အသက်(၅၀)ကျော်ပြီဖြစ်သော်လည်း အသက်(၄၀)လောက်ဟုသာ ထင်ရပေသည်။ သူ၏အသားအရည်က ဖြူဝင်း၏။ သူ့တွင် မည်သည့် မုတ်ဆိတ်မှမရှိပေ။ ထို့ပြင် သူ့တွင် စစ်ထူရီရှောင်ကဲ့သို့ နှစ်လိုဖွယ်အပြုံးရှိ၏။ ထိုအပြုံးက လူများကို သူ့အား နှစ်သက်စေပေသည်။ သူ့ဘေးတွင်မူ စစ်ထူရီရှောင်နှင့် စစ်ထူရီနျန်တို့ မောင်နှမနှစ်ယောက် ပါလာသည်။

စစ်ထူ‌အောင်းက ကျန်းရီကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သူရဲကောင်းတွေက လူငယ်တွေကနေ ဖြစ်လာတာပဲ။ ဒီအဘိုးကြီးက တူမောင်ကျန်းရဲ့ ကျော်ကြားတဲ့နာမည်ကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ကြားဖူးနေတာပါ။ အခု တူမောင်ကျန်းနဲ့ တွေ့ရပြီ။ တူမောင်ကျန်းက ဒီအဘိုးကြီးကို စိတ်မပျက်စေပါဘူး။ ရီရှောင်... နောက်ကျရင် တူမောင်ကျန်းဆီကနေ သင်ယူပါ။ မင်းမှာသာ သူ့စွမ်းရည်ရဲ့ တစ်ဝက်လောက် ရှိမယ်ဆိုရင် ငါ စစ်ထူမျိုးနွယ်ကို မင်းလက်ထဲ စိတ်ဖြောင့်ဖြောင့်နဲ့ လွှဲပေးနိုင်ပြီ”

စစ်ထူရီရှောင်က လက်ဆုပ်၍ ပြုံးကာ ပြန်ပြောလိုက်သည်။

“ကျွန်တော်က တကယ်ပဲ ညီလေးကျန်းကို မမီပါဘူး။ ကျွန်တော် အဖေ့ရဲ့ အကြံပေးချက်ကို မှတ်သားထားပါမယ်”

ထို့နောက် စစ်ထူအောင်းက ဟွမ်ဖူထောင်ထျန်းကိုကြည့်ကာ ပြောလိုက်သည်။

“ထောင်ထျန်း... ဦးလေး မင်းကို မဆူချင်ပါဘူး။ ဒါပေမဲ့ မိသားစုတစ်စုမှာ အငြိုးတွေ မရှိသင့်ဘူး။ ဒီလောကထဲမှာ သားသမီးကို မချစ်တဲ့ မိဘဆိုတာ မရှိဘူး။ မင်းရဲ့ကိုယ်ထဲမှာ ဟွမ်ဖူမျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေတယ်ဆိုတာ ပြောင်းလဲလို့မရတဲ့ အရာတစ်ခုပဲ။ တကယ်လို့ မင်း မင်းအဖေကို မကျေနပ်ဘူးဆိုရင်တောင် ဒီအတိုင်း မျိုးနွယ်ကို ပြန်သွားပြီး သူ့ကို မျိုးနွယ်ခေါင်းဆောင်ရာထူးက ချပြီး ဟွမ်ဖူမျိုးနွယ်ကို သိမ်းပိုက်လိုက်ပေါ့။ ဒါပေမဲ့... မင်း ဦးလေးဆီမှာ ငြိမ်းငြိမ်းချမ်းချမ်း နေချင်လည်း ရပါတယ်။ မင်း တစ်သက်လုံးနေမယ်ဆိုရင်တောင် ဦးလေးက ကြည်ကြည်ဖြူဖြူ လက်ခံထားမှာပါ”

“အဟင်... ကျွန်တော်က ဘာလို့ ဟွမ်ဖူမျိုးနွယ်ကို လိုချင်ရမှာလဲ... သူတို့တွေက ခေါင်းမာတဲ့ ဘိုးတော်အုပ်စုတစ်စုပဲ။ နောက်ကျရင် ကျွန်တော်က ကိုယ်ပိုင်မျိုးနွယ်တစ်ခု ထူထောင်မှာပါ။ ဒါပေမဲ့ ကျွန်တော် ဦးလေးရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်”

ဟွမ်ဖူထောင်ထျန်းက ကောင်းကောင်းမွန်မွန် ပြန်ပြောနေ၏။ သူနှင့် ကျန်းရီတို့သည် စစ်ထူအောင်း၏ စွမ်းရည်ကို သိပေသည်။ အတိတ်တွင် စစ်ထူမျိုးနွယ်သည် မျိုးနွယ်ကြီးလေးခု၏ အောက်ခြေတွင် ရှိခဲ့၏။ စစ်ထူအောင်း မျိုးနွယ်ခေါင်းဆောင် ဖြစ်လာသောအခါ လေလံအိမ်ကို တည်ထောင်ခဲ့သည်။ သူသည် ပါရမီရှင်များစွာကို သိမ်းသွင်းနိုင်ခဲ့ပြီး စစ်ထူမျိုးနွယ်၏ ဩဇာအာဏာကို တိုးမြှင့်နိုင်ခဲ့သည်။ ယခုတွင် စစ်ထူမျိုးနွယ်သည် ဟွမ်ဖူမျိုးနွယ်နှင့် နန်ကုန်းမျိုးနွယ်တို့ကို ဖြတ်ကျော်ကာ နံပါတ်(၂)မျိုးနွယ် ဖြစ်လာပြီဖြစ်၍ စစ်ထူအောင်း၏ စွမ်းဆောင်နိုင်စွမ်းကို အသိအမှတ်ပြုရမည်ဖြစ်သည်။

စစ်ထူအောင်းက အားလုံးကို အထဲသို့ ဦးဆောင်ခေါ်သွား၏။ စစ်ထူရီရှောင်က လက်ဝှေ့ယမ်းလိုက်ရာ အမျိုးအသီးအခြွေအရံဆယ်ယောက်သည် အဝေးမှ လျှောက်လာ၏။ သူမတို့အားလုံးသည် အတော်လေး လှပကြ၏။ ကျန်းရဲတိုက်ထဲသို့ ရောက်သောအခါ စစ်ထူအောင်းက အိမ်ရှင်ထိုင်ခုံတွင် ထိုင်လိုက်ပြီး အမျိုးသမီးအခြွေအရံဆယ်ယောက်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်၏။

“တူမောင်ကျန်းနဲ့ ထောင်ထျန်း... ဒီအခြွေအရံဆယ်ယောက်စလုံးက ဝိညာဉ်ကျွန်တွေပဲ။ တူမောင်တို့ သူတို့ရဲ့ ဝိညာဉ်ချိပ်စည်းတွေကို ယူထားပြီး သူတို့ကို အလုပ်အကြွေးပြုခိုင်းလို့ရတယ်။ တူမောင်တို့ ဒီမှာ အေးအေးဆေးဆေး ကျင့်ကြံကြပါ။ တကယ်လို့ တစ်ခုခုလိုအပ်ရင် ရီရှောင်ကို ရှာလိုက်ပါ”

“စစ်ထူမျိုးနွယ်ခေါင်းဆောင်ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ”

ကျန်းရီက ကျေးဇူးတင်စကားဆိုလိုက်ပြီး ဘေးတွင်ရပ်နေသည့် ချမ်ဝမ်ကွမ်းကို တစ်ချက်ကြည့်လိုက်၏။ ချမ်ဝမ်ကွမ်းက ကျန်းရီ၏အကြည့်ကို နားလည်သဖြင့် ခါးသက်သက်ပြုံးကာ စစ်ထူအောင်းနှင့် မောင်နှမနှစ်ယောက်ကို ဦးညွှတ်လိုက်သည်။

“စစ်ထူမျိုးနွယ်ခေါင်းဆောင်၊ အစ်ကိုရီရှောင်နဲ့ သခင်မလေးရီနျန်... ဝမ်ကွမ်းက ဆရာရီဖျောင်ဖျောင်အဖြစ် ဟန်မဆောင်ချင်ခဲ့ပါဘူး။ ကျုပ်ရဲ့ခေါင်းဆောင်က ဖိအားပေးလို့ ဟန်ဆောင်ခဲ့ရတာပါ။ အခုလို အကြာကြီး ဟန်ဆောင်ခဲ့တဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“ဟားဟားဟား...”

စစ်ထူအောင်းက လက်ခါကာ ရယ်လိုက်သည်။

“ဝမ်ကွမ်း... မင်းကလည်း ပါရမီရှင်တစ်ယောက်ပဲ။ မင်းက ငါ့လို့ အဘိုးကြီးကိုတောင် လှည့်ဖြားနိုင်တယ်ဆိုတော့ တော်တော်လေး စွမ်းဆောင်နိုင်နေပြီပဲ”

ချမ်ဝမ်ကွမ်း၏ မျက်လုံးများက အနည်းငယ် မှေးမှိန်နေပြီး စစ်ထူရီနျန်ကို မကြည့်ဝံ့ဖြစ်နေသည်ကို ကျန်းရီ မြင်လိုက်လေသည်။ ထို့ကြောင့် ကျန်းရီ ရင်ထဲတွင် သက်ပြင်းချလိုက်၏။ သို့သော် သူ အကြံတစ်ခု ရသွား၍ မျက်လုံးများ တောက်ပလာလေသည်။

“စစ်ထူမျိုးနွယ်ခေါင်းဆောင်... ဝမ်ကွမ်းက တကယ်ပဲ တော်‌တော်လေး စွမ်းဆောင်ရည်ကောင်းပါတယ်။  သူက အသက်(၁၃)နှစ်အရွယ်ကတည်းက ကောင်းကင်ကြယ်တာရာနယ်မြေမှာ သူမျိုးနွယ်ရဲ့ ကုန်သည်အဖွဲ့အစည်းကို စီမံခန့်ခွဲနိုင်နေပါပြီ။ သူက ကုန်သည်လောကမှာ ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။ အရင်တုန်းကလည်း ကောင်းကင်မိုးကြိုးမြို့မှာ ကျွန်တော် ကျွန်တွေအကုန်လုံးကို ထိန်းချုပ်ရတော့ ဝမ်ကွမ်းပဲ စီမံခန့်ခွဲပေးခဲ့တာပါ။ တကယ်လို့ စစ်ထူမျိုးနွယ်ခေါင်းဆောင်သာ စိတ်မရှိဘူးဆိုရင် ဝမ်ကွမ်းကို စစ်ထူမျိုးနွယ်ရဲ့ ကိစ္စတချို့မှာ ကူညီခိုင်းလို့ရပါတယ်။ တခြားကိစ္စတွေအတွက် ကျွန်‌တော် မပြောရဲပေမယ့် စီးပွားရေးစီမံခန့်ခွဲတဲ့နေရာမှာတော့ ဝမ်ကွမ်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပါပဲ...”

“အို့...”

စစ်ထူအောင်း၏ မျက်လုံးများ အရောင်လက်သွား၏။ သူသည်လည်း စီးပွားရေးစီမံခန့်ခွဲမှုတွင် တော်သူတစ်ယောက်ဖြစ်သည်။ စစ်ထူမျိုးနွယ်တွင် သူက သိပ်၍ အင်အားမကြီးပေ။ သို့သော် သူ၏ ပြောင်မြောက်သော စီးပွားရေးစီမံခန့်ခွဲမှုကြောင့် စစ်ထူမျိုးနွယ်သည် သူ့အုပ်ချုပ်မှုအောက်တွင် ဩဇာအာဏာတိုးလာခြင်းဖြစ်သည်။

စစ်ထူအောင်းသည် မျိုးဆက်သစ်များထဲမှ စီးပွားရေးပါရမီရှင်များကို မြေတောင်မြှောက်‌ပေးရသည်ကို အမြဲ နှစ်သက်ခဲ့၏။ သူသည် ထိုပါရမီရှင်များကို အထူးအခွင့်အရေးများပေး၍ ငှားယမ်းခဲ့၏။ ချမ်ဝမ်ကွမ်းမှာ ကျန်းရီ၏ ညီနောင်ဖြစ်သဖြင့် အဆင့်အတန်းက ပိုထူးကဲပေသည်။ စစ်ထူအောင်းက ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။

“ဝမ်ကွမ်းက ဒီလောက်တောင် စွမ်းဆောင်နိုင်မှတော့ ဒီအဘိုးကြီးက အခွင့်အရေးကို ဘယ်လက်လွတ်ခံလို့ဖြစ်မလဲ။ တကယ်လို့ ဝမ်ကွမ်းကသာ ကူညီချင်တယ်ဆိုရင် ဒီအဘိုးကြီးက သူ့ကို အာဏာကုန်လွှဲပေးထားမှာပါ။ သူသာ ကောင်းကောင်စွမ်းဆောင်နိုင်ရင် စစ်ထူမျိုးနွယ်ရဲ့ စီးပွားရေးတစ်ခုလုံးကို စီမံခန့်ခွဲလည်း ပြဿနာမရှိပါဘူး”

“အာ...”

ကျန်းရီ၊ ချမ်ဝမ်ကွမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့၏ ခန္ဓာကိုယ်များ တစ်ပြိုင်တည်း တုန်ယင်သွား၏။ ဖုန်းလန်နှင့် ချင်းယွီတို့လည်း အံ့အားသင့်သွားသည်။ ဤစစ်ထူအောင်းက အလွန်ရဲတင်းလွန်းပေသည်။ စစ်ထူမျိုးနွယ်တွင် စီးပွားရေးလုပ်ငန်း မည်မျှရှိသနည်း။ အခြားစီးပွားရေးလုပ်ငန်းများကို ဘေးဘယ်ထားလျှင်ပင် လေလံအိမ်က တစ်ရက်လျှင် ကောင်းကင်ကျောက်တုံး မည်မျှရသနည်း။ စစ်ထူအောင်းက အပြင်လူတစ်ယောက်ကို ထိုစီပွားရေးလုပ်ငန်းအားလုံးကို စီမံခန့်ခွဲခိုင်းဝံ့သလော။

ချမ်ဝမ်ကွမ်း၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီး တုန်ယင်သွား၏။ သူ၏မျက်လုံးကျဉ်းတစ်စုံကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပလာသည်။ သူသည် ကျင့်ကြံခြင်းတွင် များစွာ စိတ်မဝင်စားပေ။ သူ စိတ်ဝင်စားသည့် တစ်ခုတည်းသောအရာမှ စီးပွားရေးစီမံခန့်ခွဲမှုဖြစ်သည်။ အကယ်၍ စစ်ထူမျိုးနွယ်၏ စီးပွားရေးတစ်ခုလုံးကိုသာ သူ စီမံခန့်ခွဲခွင့်ရလျှင် သူ့ဘဝတစ်လျှောက် သင်ယူခဲ့သည်များကို ကောင်းစွာ အသုံးချနိုင်ပေလိမ့်မည်။

အရေးကြီးဆုံးအရာမှာ... အကယ်၍ သူသာ စစ်ထူမျိုးနွယ်၏ အရေးပါသူတစ်ယောက် ဖြစ်လာလျှင် စစ်ထူရီနျန်ကို လက်ထပ်နိုင်ရန် အရည်အချင်းမီလာနိုင်ပေသည်။ သူသာ စစ်ထူမျိုးနွယ်၏ စီးပွားရေးကို စီမံခန့်ခွဲပေး၍ စစ်ထူမျိုးနွယ်ကို မရေတွက်နိုင်သော ကောင်းကင်‌ကျောက်တုံးများ ရအောင် ကူညီပေးနိုင်လျှင် စစ်ထူအောင်းသည် သူ့ကို သိမ်းသွင်းရန် သားမက်တော်ချင်တော်ပေလိမ့်မည်။

ချမ်ဝမ်ကွမ်းသည် သူက စစ်ထူမျိုးနွယ်၏ အရေးပါးသူတစ်ယောက်ဖြစ်လာပြီး စစ်ထူရီနျန်ကဲ့သို့ ပြီးပြည့်စုံသောမိန်းမပျိုလေးကို လက်ထပ်ကာ ဘဝ၏အထွတ်အထိပ်သို့ လျှောက်လှမ်းနိုင်မည့်အရေးကို တွေးကာ အလွန်စိတ်လှုပ်ရှားလာသဖြင့် ဆီးထွက်တော့မလိုပင် ဖြစ်သွားလေသည်။

ချမ်ဝမ်ကွမ်းက အလေးအနက် ဦးညွှတ်လိုက်ပြီး ခံစားချက်များ ပြည့်နှက်နေသော အသံဖြင့် ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဦးလေးစစ်ထူရဲ့ အသိအမှတ်ပြုမှုကို ကျေးဇူးအများကြီးတင်ပါတယ်။ ဝမ်ကွမ်း အသက်ကိုရင်းပြီး တာဝန်ထမ်းဆောင်ပါမယ်”

“ဟားဟားဟား...”

စစ်ထူအောင်းက လျှောက်သွားလိုက်ပြီး ချမ်ဝမ်ကွမ်းကို ခါးပြန်မတ်ခိုင်းလိုက်ကာ ပခုံးပုတ်လိုက်သည်။

“ကောင်းကောင်းလုပ် ဝမ်ကွမ်း... တကယ်လို့ မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ဆီကို တိုက်ရိုက်အစီအရင်ခံနိုင်တယ်။ မျိုးနွယ်ထဲမှာ မင်းရဲ့ စကားကို နားမထောင်တဲ့သူတွေရှိရင်၊ မင်းရဲ့အမိန့်တွေကို ဆန့်ကျင်ရဲတဲ့သူတွေရှိရင် ငါ သူတို့ရဲ့ ခြေထောက်တွေကို ချိုးပစ်လိုက်မယ်”

ဟွမ်ဖူထောင်ထျန်းက စစ်ထူအောင်း၏ လှိုက်လှဲသောမျက်နှာထားကို ကြည့်ကာ စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။ ချမ်ဝမ်ကွမ်းကို စစ်ထူမျိုးနွယ်အတွင်း ဆွဲသွင်းခြင်းက ကျန်းရီကို သူတို့နှင့် တစ်လှေတည်းစီးများ ဖြစ်သွားအောင် လုပ်လိုက်ခြင်းနှင့်အတူတူပင်။ ကျန်းရီက သံယောဇဉ်ကြီးသူတစ်ယောက်ဖြစ်သဖြင့် သူ စစ်ထူမျိုးနွယ်ထဲ မဝင်လျှင်ပင် သူတို့ကြားတွင် မိသားစုကဲ့သို့ ရင်းနှီးသည့်နှောင်ကြိုးများ ရှိနေမည်ဖြစ်သည်။

***

All Chapters