ကျန့်အိမ်တော် (၆)
Vol. 5 Ch. 101
လူတိုင်း ထိတ်လန့်သွားကြ၏။
ကျန့်မင် သေဆုံးပြီးနောက် ငြိမ်းချမ်းစွာ အနားယူသင့်တဲ့ အကြောင်းပြချက်ကို အသုံးပြုခဲ့ကာ အလောင်းခွဲစိတ်မှုကို ပိုင်ယု တားမြစ်ခဲ့တာ အံဩစရာမဟုတ်တော့ဘူး။
လူတိုင်းရဲ့ အထင်အမြင်မှာ ပိုင်ယုက နူးညံ့သိမ်မွေ့ပြီး သန့်စင်တဲ့ သခင်ငယ်လေးဖြစ်တယ်။ သူက သခင်ကြီး'ကျန့်'ကို လေးစားပြီး ကျန့်မင်ကို ကာကွယ်တယ်။
ဒီလိုလူက သားရဲမျက်နှာရှိတဲ့ ဘီလူးတစ်ကောင်ဖြစ်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားဘူး။
ဒါက အရမ်းကြောက်စရာကောင်းတယ်။
"မင်းရူးနေလား? အရူးမ၊ ငါ မင်းကို သတ်မယ်!"
သူ့ကိုချစ်တယ်လို့ အခိုင်အမာပြောလေ့ရှိတဲ့ အမျိုးသမီးက ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ပြောခဲ့တယ်။ ဒီနေ့ သူ့ရဲ့အရာရာကို ဖော်ထုတ်မယ်လို့ မထင်ထားမိဘူး။
သူ့မျက်လုံးတွေ ဒေါသကြောင့် နီရဲလာပြီး ရှောင်လျိုကို လည်ပင်းညှစ်ဖို့ ထရပ်တယ်။
"ငါ ရူးနေပြီ! ဟားဟား!"
လည်ပင်းညှစ်ခံထားရတဲ့ ရှောင်လျို ရူးနှမ်းစွာ ရယ်တယ်။ သူမက ပိုင်ယုကို ရူးသွပ်တဲ့ အမူအရာနဲ့ ကြည့်တယ်။ သူမရဲ့ ရယ်မောသံ မျက်ရည်များနဲ့အတူပါသွားပြီး အတော်လေး သနားစရာကောင်းနေ၏။
“ကျွန်မ ရှင့်ကို အမြဲတမ်း ကာကွယ်ပေးခဲ့တယ်။ ဒါပေမယ့် ရှင်က ကျွန်မကို သေလမ်း တွန်းပို့ဖို့ မစောင့်နိုင်အောင် ဖြစ်နေတယ်ပေါ့။ ပိုင်ယု ရှင် အရမ်းရက်စက်တယ်!"
သူ့ကို ချစ်မိပြီးကတည်းက နှလုံးသားမဲ့တဲ့အရာတွေ ဘယ်နှစ်ခါလောက်တောင် လုပ်ခဲ့ရသလဲ?
တစ်ချိန်က ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ပြောခဲ့ဖူးသော သူက 'ကျန့်'မိသားစု သူ့လက်ထဲရောက်ရင် သူမကိုလက်ထပ်မယ်လို့ ကတိပေးခဲ့တယ်။
သို့သော် သူရဲ့ ချိုမြိန်တဲ့ ကတိတွေက ရိုင်းစိုင်းမှုတွေသာ ဖြစ်ပုံရတယ်။
'ကျန့်'မိသားစု ပိုင်ယု လက်ထဲရောက်တာနဲ့ သူမလည်း ကျန့်မင်လို တူညီသည့်ကံကြမ္မာနဲ့ ဆုံရမယ်ဆိုတာ သူမ ယုံကြည်တယ်။ သူမ ငြိမ်းငြိမ်းချမ်းချမ်း သေရမှာမဟုတ်ဘူး။
သူမ အရမ်းတုံးအ လွန်းတယ်။ အခုအချိန်မှ ဘာလို့နားလည်တာလဲ?
သူမ ကျန့်မင်ကို နှိမ့်ချခဲ့တယ်။ သူမကို အစ်မအရင်းလို ဆက်ဆံခဲ့တဲ့ နူးညံ့သိမ်မွေ့တဲ့ သခင်မလေးကို စွန့်လွှတ်ခဲ့တယ်။
သူမ နောင်တရနေပေမယ့် အခု ဘာများအသုံးဝင်လို့လဲ?
ရှောင်လျို လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေမဲ့ အသက်ရှူကြပ်သလိုခံစားရတယ်။မျက်ဝန်းများ ပြူးကျယ်လာတယ်။
"ငါ မင်းကို သတ်မယ်၊ မင်းကို သတ်မယ်!"
သူ့လျို့ဝှက်ချက်များ ဖော်ထုတ်မိသွားချိန်တွင် ပိုင်ယု ရှောင်လျိုကို မညှာမတာ လည်ပင်းညစ်တယ်။ သူ့ကိုတားဖို့ ဘယ်သူမှ ရှေ့တိုးမလာဘူး။ ပြောရရင် သေခြင်းတရားဟာ သခင်ကို သတ်ခဲ့တဲ့ အစေခံတစ်ယောက်အတွက် တစ်ခုတည်းသော ရလဒ်ပါပဲ။
ပိုင်ယု ရှောင်လျိုရဲ့ အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။
လူတိုင်း တုန်လှုပ်နေကြတယ်။ 'ကျန့်'မိသားစုရဲ့ အစောင့်များ သခင်ကြီး'ကျန့်'နဲ့ သူရဲ့လူတွေကို ကာကွယ်ဖို့ အမြန်ရောက်လာကြတယ်။
ပိုင်ယု အေးစက်စက်ရယ်မောတယ်။ "မှန်တယ်။ ကျုပ် ကျန့်မင်ကို သတ်ခဲ့တာ။ ကျန့်တု ခင်ဗျားက ကျုပ်ကို အသက်တိုတဲ့လူနဲ့ လက်ထပ်စေချင်နေတာ။ ကျုပ် ဘယ်လိုမှ သည်းမခံနိုင်ဘူး။”
"မင်း၊ မင်း ကျက်သရေမရှိတဲ့အကောင်!"
သခင်ကြီး'ကျန့်'ဒေါသထွက်လွန်းလို့ နောက်သို့ လဲကျသွားတော့သည်။
ပိုင်ယုရဲ့ ဖြူဖျော့တဲ့မျက်နှာပေါ် ထူးဆန်းတဲ့ အပြုံးတစ်ခုပေါ်လာတယ်။
"ဟုတ်တယ်။ ကျုပ်က ကျက်သရေမရှိတဲ့အကောင်။”
သူ ရှေ့ကို တစ်လှမ်းပြီးတစ်လှမ်းတိုးကာ လျှောက်လာပြီး အစောင့်တွေကို အလွယ်တကူ ဖယ်ရှားပစ်၏။
“မင်းကို သခင်ကြီးနဲ့ နီးခွင့်မပြုဘူး!”
ရှီဟွား ဘယ်နေရာက သတ္တိစုစည်းလိုက်သလဲမသိ သခင်ကြီး'ကျန့်'၏ ရှေ့တွင်ဝင်ရပ်လိုက်တယ်။
သို့သော် သူမရဲ့ လက်များက ထိန်းမနိုင်သိမ်းမရ တုန်ယင်နေပြီး အသံလည်းတုန်ယင်နေတယ်။
ပိုင်ယု မထီမဲ့မြင် ပြုံးပြီး လက်ထဲက ကျောက်ခဲဖြင့် အပြီးတိုင်ဖယ်ရှားဖို့လုပ်တယ်။
ထိုအချိန် သူ့ဉီးတည်ရာသို့ ကျောက်တုံး ၁ လုံးရောက်ရှိလာတယ်။ သူက ဒေါသတကြီးအော်ငေါက်လိုက်တယ်။ ”ဘယ်သူလဲ?”
“ငါ။”
လုရှန်း လက်ထဲ ဖုန်များ ခါကာ ပြုံးလျက် ထွက်လာတယ်။
“မိန်းကလေး ဘယ်တွေသွားနေတာလဲ?”
ရှီရူက သူမကိုတွေ့တော့ ဝမ်းသာအားရမေးတယ်။
ရှီရူသည် ထိုသူစိမ်းမိန်းကလေးကိုမြင်တော့ အကြောင်းတစ်ခုခုကြောင့် လုံခြုံမှုကို ခံစားရတယ်။
"ကျွန်မ ဒီမှာအမြဲရှိနေတာ!"
လုရှန်း မျက်လုံးတဖက်မှိတ် ပြလိုက်တယ်။
"မင်း ဘယ်သူလဲ?" ပိုင်ယု အေးစက်စက်မေးတယ်။
လုရှန်း ပြုံးပြီး ပြန်မဖြေ။ ထိုအချိန် လူအုပ်ရဲ့နောက်ကွယ်မှ ရုန်းရင်းဆန်ခတ်သံများ ရုတ်တရက်ကြားလိုက်ရတယ်။
သခင်ကြီး'ကျန့်'တို့ လှည့်ကြည့်တော့ အစောင့်တပ်သားတစ်စုနဲ့ စစ်ဆေးရေးမှု'ဝမ်'တို့ ဝင်လာတာကို တွေ့လိုက်တယ်။ သူတို့ ပိုင်ယုကို ဝိုင်းထားကြတယ်။
“မိန်းကလေး'လု'!"
အရာရှိ'ဝမ်' လုရှန်းကို ဦးညွှတ်ပြီး အစောင့်တွေကို လက်ဝှေ့ယမ်းပြလိုက်၏။
"သူ့ကိုခေါ်သွားကြ။"
ပိုင်ယု အံ့သြသွားတယ်။ လွတ်မြောက်ချင်ပေမဲ့ လွတ်မြောက်ဖို့ရာ လမ်းမရှိတော့။