← Chapters

လေဟုန်ခွင်းလောကရှိ နတ်မီးလျှံစမ်းသပ်ပွဲ

Vol. 75 Ch. 1042

လေဟုန်ခွင်းလောကရှိ နတ်မီးလျှံစမ်းသပ်ပွဲ

Vol. 75 Ch. 1042

ဝတ်ပြုကျောင်းထဲတွင် လေညင်းလေးတစ်ချက်မှ တိုက်ခတ်မနေသော်လည်း ဤအခိုက်အတန့်တွင် မန်ဟိုမှာ လေမုန်တိုင်းကြီးတစ်လုံး သူ့နှလုံးသားကို တိုးဝှေ့ဝင်ဆောင့်ကာ အံ့ဩခြင်းလှိုင်းတံပိုးများ ထကြွလာစေသည့်အလား ခံစားလိုက်ရသည်။ ထစ်ချုန်းသံများက သူ့စိတ်ထဲတွင် ပြည့်နှက်နေကာ သူ့အား အတော်လေး ကြောင်တောင်တောင် ဖြစ်နေစေသည်။

“အက်ရှလွန်တွေအတွက် ပါရာဂွန်ပင်လယ်အိပ်မက်ရဲ့ အစီအစဉ်က ဘာလဲ ဘယ်သူမှ အတပ်မပြောနိုင်ဘူး...” ဘွားဘွားကိုးက ပြောသည်။ သူမအသံသည် ဝတ်ပြုကျောင်းခန်းမထဲတွင် လေပြေသဖွယ် လွင့်မျောနေ၏။

“ဒါပေမဲ့ ခန့်မှန်းလို့ ဒုက္ခရောက်သွားမှာမှ မဟုတ်တာ။ လွန်ခဲ့တဲ့ နှစ်တွေအတောအတွင်း တောင်ပင်လယ်လောကရဲ့ တာအိုဆရာအစည်းအရုံးသုံးခုဟာ အပိုင်းအစတွေကို ဆက်စပ်စဉ်းစားပြီး အဖြေလို့ခံစားလို့ရတဲ့အရာတစ်ခုကို တွေ့ရှိခဲ့တယ်။ အဲ့ဒါက အမှန်တရားနဲ့ အနီးစပ်ဆုံးလို့ ငါတို့ခံစားရတဲ့ အဖြေလေးတစ်ခုပဲ

“အက်ရှလွန်ဆိုတာ ... ပါရာဂွန်စာရင်းတစ်ခု

“အက်ရှလွန်ထဲ ဝင်ရောက်နိုင်တဲ့သူတွေဟာ နောက်ဆုံးကျ ပါရာဂွန်တစ်ဦးဖြစ်လာဖို့ အရည်အချင်းပြည့်မှီတဲ့ လူတွေပဲ

“အက်ရှလွန်ကို တောင်ပင်လယ်လောကအတွက် ပါရာဂွန်တွေကို ပျိုးထောင်ပေးဖို့ ထားရှိထားတာ” ဘွားဘွားကိုး၏မျက်လုံးများက တဖိတ်ဖိတ် တောက်ပနေပြီး သူမအသံသည် သံမဏိကိုပင် ဖြတ်တောက်နိုင်သော ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေ၏။

“ကပ်ဘေးကြီးပြီးတဲ့နောက် တောင်ပင်လယ်လောကမှာ ပါရာဂွန်အသစ်တွေ ပေါ်ပေါက်မလာတော့ဘူး။ တစ်လောကလုံးမှာ အစွမ်းထက်ဆုံးကျင့်ကြံသူအဖြစ် လူတိုင်း အသိအမှတ်ပြုကြတဲ့ ခိတိဂဗ္ဗကိုတောင် ပါရာဂွန်အဖြစ် သတ်မှတ်မရဘူး

“ဒါဟာ သာမန်ပဲလို့ ထင်ကောင်းထင်ရလိမ့်မယ်” ဘွားဘွားကိုးက ညင်သာပျော့ပျောင်းစွာ ပြောသည်။ “ပါရာဂွန်တစ်ယောက်ဖြစ်လာဖို့က အင်မတန် ခက်ခဲတဲ့အရာတစ်ခုကိုး ။ ဒါပေမဲ့ တကယ်တော့ ... ယုတ္တိကို သွေဖယ်နေတယ်။ အဲဒီလိုအခြေအနေတစ်ရပ် ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းတွေကိုတော့ ပါရာဂွန်ပင်လယ်အိပ်မက်တစ်ယောက်ပဲ သိကောင်းသိလိမ့်မယ်”

မန်ဟို့စိတ်နှလုံး တုန်ရီသွားသည်။

“အဲ့ဒါက တာအိုဆရာအစည်းအရုံးသုံးခုနဲ့ အက်ရှလွန်ရဲ့ မူလအစပဲ” သူမက စကားပြောပြီးသည့်အခါ မန်ဟို့ကို ကြည့်သည်။ နတ်ဆရာသခင်က စကားမပြောဘဲ မျက်လုံးများပိတ်လျက် သူမဘေးတွင် ထိုင်နေသည်။

လင်းယွင်ကျစ်လည်း သက်ပြင်းခိုးချရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။

ဘွားဘွားကိုးက မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်ပြီးနောက် ဆက်ပြောသည်။ “နဝမတောင်ပင်လယ်ရဲ့ ကိုးပင်လယ်နတ်လောကက မင်း ရှေးဟောင်းနယ်ပယ်ကို ဝင်ရောက်ဖို့ တတ်နိုင်စွမ်းနိုင်သမျှ ပံပိုးပေးမယ်

“ဒါကြောင့် ဂိုဏ်းရဲ့ နေရာဒေသအားလုံးမှာ မင်းအနေနဲ့ လုပ်ပိုင်ခွင့်အာဏာရှိစေရမယ်။ ငါတို့ရဲ့ တာအိုမှော်ကျင့်စဉ်တွေအကုန်လုံး၊ အရင်းအမြစ်တွေအကုန်လုံး၊ ထိပ်ဆုံးနတ်ဘုရားစွမ်းရည်တွေအကုန်လုံးကို မင်းအတွက် ဖွင့်ထားပေးမယ်။ ဒါမဲ့ အဲဒီဟာတွေက ဒုတိယပဲ ရှိသေးတယ်။ အရေးအကြီးဆုံးက ....

“ငါတို့ မင်းအတွက် လေဟုန်ခွင်းလောကကို ဖွင့်ပေးမှာပဲ”

ဘွားဘွားကိုး လေဟုန်ခွင်းလောကကို ပြောလိုက်သည်နှင့် လင်းယွင်ကျစ်က ဖြေးဖြေးချင်း မော့ကြည့်လိုက်ပြီး နတ်ဆရာသခင်က မျက်လုံးများဖွင့်လိုက်သည်။

သူမ နာမည်ကို ဖော်ပြလိုက်လျှင်ချင်း ပြင်းထန်သောဖိအားကြီးသည် ဝတ်ပြုကျောင်းအပေါ် သက်ရောက်လာ၏။ ကြည့်ရသရွေ့ ထိုစကားလုံးများတွင် အံ့မခန်းလိလိစွမ်းအားတစ်ရပ် ပါရှိနေသယောင်ပင်။

ဘွားဘွားကိုးက အသံကိုနှိမ့်ကာ ပြောသည်။ “လေဟုန်ခွင်းလောကက တောင်ပင်လယ်လောကရဲ့ ကိုးပင်လယ်နတ်လောကတွေအတွက် သီးသန့်ဖြစ်တဲ့ နတ်မီးသျှံစမ်းသပ်ပွဲကျင်းပရာနေရာပဲ

“တောင်ပင်လယ်လောကထဲမှာ တာအိုဆရာအစည်းအရုံးသုံးခုလုံးအတွက် သက်ဆိုင်ရာကမ္ဘာတွေ ရှိတယ်

“ငါတို့ နတ်လောကအပါအဝင် ကိုးပင်လယ်နတ်လောကတစ်ခုစီတိုင်းက လေဟုန်ခွင်းလောကကို ဖွင့်ဖို့ တောင်းဆိုချက်တင်သွင်းနိုင်တယ်။ နှစ်ပေါင်းများစွာတစ်လျှောက်လုံး ငါတို့ဟာ မင်းတို့ဖန်မျိုးနွယ်စုရဲ့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးအတွက် တစ်ခါပဲ တောင်းဆိုခဲ့ဖူးတယ်

“အခု နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက်မှာတော့ ငါတို့ ဒုတိယအကြိမ်ဖွင့်ဖို့ ပြင်ပြီးသွားပြီ ... မင်းအတွက်ပေါ့

“လေဟုန်ခွင်းလောကတဲ့လား” မန်ဟိုက အတန်ငယ်အံ့ဩသွားရင်း ပြောလိုက်သည်။ သူသည် ဤတာအိုနယ်ပယ်ပညာရှင်သုံးဦးလုံး ဤကိစ္စကို လွန်စွာအလေးအနက်ထားနေကြောင်း ပြောနိုင်၏။ သို့သော် သူ့မှာ လေဟုန်ခွင်းလောကအား တစ်ခါမှ မကြားခဲ့ဖူးပေ။ ၎င်းက သူ့အတွက် အစိမ်းသက်သက်ကြီးဖြစ်သည်။

“မဟာကပ်ဘေးကြီးမတိုင်ခင်တုန်းက” ဘွားဘွားကိုးက လွမ်းဆွတ်တမ်းတစွာဖြင့် ရှင်းပြသည်။ “ပါရာဂွန်အင်မော်တယ်လောကရဲ့အောက်မှာ အဆင့်နိမ့်လောကသုံးထောင်ရှိတယ်။ ကပ်ဘေးကြီးအတောအတွင်း အဲဒီအောက်ဘုံသားတွေအကုန် ပုန်ကန်ခဲ့ကြတယ်။ စစ်ပွဲကြီးဖြစ်လာပြီး အဆုံးသတ်မှာတော့ သူတို့အားလုံး ဖျက်စီးခံခဲ့ရတယ်

“လောက ၃၃ ခုပဲ အကောင်းပကတိကျန်ခဲ့တယ်...”

“လေဟုန်ခွင်းလောကက အဆင့်နိမ့်လောကသုံးထောင်ထဲက တစ်ခုပဲ။ စစ်ပွဲကြီးအတွင်း အများဆုံးဖျက်စီးခံခဲ့ရတဲ့ သစ္စာဖောက်လောကထဲတွေထဲက တစ်ခုပေါ့။ ကျန်ရစ်ခဲ့တဲ့ အစိတ်အပိုင်းကို ပါရာဂွန်ပင်လယ်အိပ်မက်က ယူသွားခဲ့တယ်။ အခု အဲဒီနေရာမှာ နေထိုင်နေတဲ့လူတွေက အဲဒီအပြစ်သားပြည်သူတွေရဲ့ မျိုးဆက်တွေပေါ့

“နှစ်ပေါင်းများစွာတစ်လျှောက်လုံး အဆက်မပြတ် ထိန်းကျောင်းလေ့ကျင့်ပေးပြီးတဲ့နောက်မှာ သူတို့ဟာ မူလရိုးရာတော်တော်များများကို ပြန်လည်ကျင့်သုံးလာခဲ့ကြတယ်။ သူတို့က အင်မော်တယ်လောကကို လေးစားကြောက်ရွံ့ကြပြီး ကိုးပင်လယ်နတ်လောကရဲ့ နတ်မီးသျှံစမ်းသပ်ပွဲကျင်းပရာ ဖြစ်လာခဲ့တာပဲ

“အဲဒီမှာ .. အင်မော်တယ်လောက အောင်သရဖူဆောင်းခဲ့တဲခေတ်တုန်းက ဘယ်လောက်မြင့်မြတ်လဲဆိုတာ ခံစားရလိမ့်မယ်”

ဤအခိုက်အတန့်တွင် နတ်ဆရာသခင်၏မျက်လုံးများ၌ ထူးဆန်းသောအလင်းရောင်တစ်စ ပေါ်လာသည်။ လင်းယွင်ကျစ်ပင်လျှင် အတိတ်တုန်းက ဂုဏ်ကျက်သရေများကို ပြန်တမ်းတရင်း ရင်သပ်ရှုမောနေပုံရသည်။

“လေဟုန်ခွင်းလောက နတ်မီးလျှံစမ်းသပ်ပွဲအတွက် နေရာတစ်နေရာဖြစ်ပြီး ကိုးပင်လယ်နတ်လောကအတွက် အဲဒီနေရာမျိုးဖြစ်လာရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲဆိုရင် လေဟုန်ခွင်းလောက ပျက်စီးကြေမွသွားတဲ့နောက်မှာ သူ့ရဲ့အနှစ်သာရတွေက ပရမ်းပတာဖြစ်ကုန်တာကြောင့်ပဲ"

“ပရမ်းပတာဖြစ်နေတဲ့အခြေအနေကြောင့် ပတ်ဝန်းကျင်ဟာ ခွဲခြမ်းစိတ်ဖြာဖို့ အများကြီး လွယ်ကူသွားတယ်။ ဒါကြောင့် ကျင့်ကြံသူတွေအတွက် ... အဲဒီနေရာဟာ အနှစ်သာရရဲ့အထိအတွေ့ကို ခံစားဖို့ အကောင်းဆုံးနေရာပဲ” ဘွားဘွားကိုး၏အသံသည် ထူးဆန်းသောစွမ်းအားတစ်ရပ်ကို သယ်ဆောင်ရင်း မန်ဟို့နားများထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ သူ့နှလုံးအား တဒိန်းဒိန်း ခုန်လာစေသည်

“အနှစ်သာရက တာအိုနယ်ပယ်အတွက် တံခါး” သူမက ဖြေးဖြေးချင်း ဆက်ပြောသည်။ “ဒါ့အပြင် ရှေးဟောင်းနယ်ပယ်ကို လျှောက်လှမ်းနေတယ်ဆိုတာ ... အနှစ်သာရတဲ့ စဉ်ဆက်မပြတ် ထိတွေ့နေရတာမျိုး

“အထူးသဖြင့် လေဟုန်ခွင်းလောကမှာပေါ့။ လောကအနှစ်သာရကို စုပ်ယူနိုင်တဲ့အတွက် အနှစ်သာရစွမ်းအားနဲ့ ပတ်သက်တဲ့ ဉာဏ်အလင်းကို ရရှိနိုင်တယ်

“မင်းအတွက်ဆိုရင်တော့ တာအိုသစ်သီးကို တိုက်ရိုက်ဖော်ဆောင်ပြီး အဲဒီလောကရဲ့အနှစ်သာရကို သုံးရင်း ရှေးဟောင်းနယ်ပယ်ကို တိုက်ရိုက်ဝင်ရောက်နိုင်တယ်”

မန်ဟိုသည် ဤအခြင်းအရာအားလုံးကို ကြားသောအခါ ချာချာလည်သွားသည်။ သူသည် အတိတ်တုန်းက ဖြစ်ရပ်တချို့ကို ရီဖဇီ၏မှတ်ဉာဏ်မှတစ်ဆင့် သိရှိခဲ့ရသော်လည်း ယခုမူ ဘွားဘွားကိုး၏ရှင်းပြချက်များအရ လေဟုန်ခွင်းလောကအကြောင်း နားလည်လိုက်လေပြီ။

၎င်းက ... အတိတ်တုန်းက လောကတစ်ခုဖြစ်သည်။

တစ်ဝက်သာ ကျန်တော့သော်လည်း မတူညီသောလောကတစ်ခု ဖြစ်နေသေးသည်။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလာသည်။ သူ၏ရှေးဟောင်းနယ်ပယ်လမ်းစဉ်မှာ နိဗ္ဗာနသစ်သီးများနှင့် သက်ဆိုင်၏။ ယခုတွင် တာအိုသစ်သီးများကို ဖော်ဆောင်ဖို့ ထိုလောက၏အနှစ်သာရကို သုံးနိုင်ကြောင်း သိပြီဖြစ်၍ ၎င်းက သူ၏နိဗ္ဗာနသစ်သီးများကို စုပ်ယူရာတွင် အတိုင်းထက်အလွန် အသုံးဝင်မည်ဖြစ်ကြောင်း သေချာသွားလေသည်။

“လေဟုန်ခွင်းလောကကို ဒီနေရာ ကိုးပင်လယ်နတ်လောကထဲမှာ မင်းရဲ့ နတ်မီးလျှံစမ်းသပ်ပွဲအတွက် ဖွင့်ပေးမယ်။ ဒါပေမယ့် ... လေဟုန်ခွင်းလောကက တောင်ပင်လယ်တွေရဲ့ ကိုးပင်လယ်နတ်လောကအားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ... မင်းအထဲဝင်သွားတဲ့အခါ ကျန်တဲ့ ကိုးပင်လယ်နတ်လောကတွေကလည်း သူတို့ဂိုဏ်းသားတွေကို လွှတ်လိမ့်မယ်

“သိသာပါတယ်။ သူတို့က လေဟုန်ခွင်းလောကကို ဝင်ရောက်ခွင့်ရှိနေမှတော့ အက်ရှလွန်စာရင်းဝင်တဲ့ အရည်အချင်းရှိဂိုဏ်းသားတွေ ဝင်ရောက်ဖို့အတွက်လည်း ပြင်ဆင်ကြမှာပဲ

“ဒါကြောင့် မင်း မင်းရဲ့ နတ်မီးသျှံစမ်းသပ်ပွဲအတွက် လေဟုန်ခွင်းလောကကို ဝင်ရောက်တဲ့အချိန်မှာ ... တောင်ပင်လယ်လောကက ကျန်အက်ရှလွန်စာရင်းဝင်တွေနဲ့လည်း တွေ့နိုင်ခြေများတယ်” ဤစကားလုံးများကို ပြောနေစဉ် သူမမျက်လုံးများသည် တောက်ပလင်းလက်နေ၏။

“သတ်နိုင်ရင်တော့ မင်း တောင်ပင်လယ်နတ်လောကက တခြားအက်ရှလွန်စာရင်းဝင်တွေကို သတ်နိုင်တယ်။ မသတ်နိုင်ရင်လည်း ကိုယ့်အသက်ကို ကာကွယ်ဖို့က အဓိကဆိုတာ မမေ့နဲ့”

မန်ဟိုက ဘွားဘွားကိုးကို တခဏ တိတ်ဆိတ်စွာ ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ အက်ရှလွန်ဆိုသည်မှာ .... တစ်ကောင်ကို တစ်ကောင် အမဲလိုက်ခြင်းဖြင့် သန်မာလာမည့် အဆိပ်ပြင်းပြင်းအကောင်များဖြစ်ကြောင်း သူ နားလည်သည်။ အက်ရှလွန်ထဲသို့ ဝင်သွားသည်နှင့် အသက်ဘေးအန္တရာယ်အမြောက်အမြားကို ကျော်လွှားခြင်းဖြင့်သာ အစစ်အမှန် သန်မာလာနိုင်သည်။

လောလောဆယ်တွင် တောင်ပင်လယ်လောကအနေနှင့် အကြီးမားဆုံးအင်အားတစ်ရပ်ကို လိုအပ်သည်... အစစ်အမှန်ပါရာဂွန်တစ်ဦးကို လိုအပ်နေသည်။

“ကြည့်ရတာ ပါရာဂွန်ကိုပဲ လိုအပ်တာ မဟုတ်ဘူးထင်တယ်” သူက တွေးသည်။ “တစ်ခေတ်တစ်ခါက ပါရာဂွန်အရှင်သုံးပါးဟာ အင်မော်တယ်လောကအတွက် ပေးဆပ်ခဲ့အတွက် လုံးလုံးလျားလျား မပျက်စီးသွားအောင်ပဲ ဟန့်တားနိုင်ခဲ့တယ်

“ဖြစ်နိုင်တာက ... တည်ရှိနေတဲ့ ပြဿနာအကုန်လုံးကို ဖြေရှင်းဖို့အတွက် လိုအပ်နေတာက .. ပါရာဂွန်ထက်သာတဲ့အရာများလား” မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရုတ်တရက် သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ဧရာမရုပ်တုကြီးတစ်ခုကို ဆွဲခေါ်လာသော နေကိုးစင်းနှင့် ဧရာမခေါင်းတလားကြီးတစ်ခုကို ဆွဲလာသော လိပ်ပြာကိုးကောင်းကို မြင်လိုက်၏။

“လေဟုန်ခွင်းလောကကို ဖွင့်ဖို့ ပြင်ထားပြီးပေမယ့်” ဘွားဘွားကိုးက တည်ငြိမ်စွာ ပြောသည်။ “အကုန်လုံးအဆင်သင့်ဖြစ်ဖို့ သုံးလလိုသေးတယ်

“အဲဒီသုံးလအတွင်း ဂိုဏ်းထဲမှာ နေပြီး ရင်ဆိုင်ရတော့မယ် တိုက်ပွဲအတွက် ပြင်ထား...

“နဝမပင်လယ်ကနေ ထုတ်လွှတ်နေတဲ့ ဖိအားက ကျင့်ကြံခြင်းအရဆို မင်းအပေါ် ဖိစီးနေလိမ့်မယ်။ နေသားကျအောင် တတ်နိုင်သမျှ မြန်မြန်ကြိုးစား။ အဲဒါက မင်းအတွက် အထောက်အကူဖြစ်စေလိမ့်မယ်။ ပိုပြီးအရေးကြီးတာက ... လေဟုန်ခွင်းလောကက တစ်ဝက်ဖျက်စီးခံထားရပြီး အနှစ်သာရတွေ ပရမ်းပတာဖြစ်နေတဲ့အတွက် အဲဒီမှာလည်း တူညီတဲ့ဖိအားမျိုး ခံစားရမှာမလို့ပဲ

“နဝမပင်လယ်ရဲ့ဖိအားနဲ့ အသားကျမှ မင်းအနေနဲ့ လေဟုန်ခွင်းလောကမှာ ပုံမှန်အတိုင်း လှုပ်ရှားနိုင်လိမ့်မယ်။ အသားမကျရင်တော့ မင်း အဲဒီမှာ ခြေတစ်လှမ်းလှမ်းတိုင်း ခဲဆွဲခံထားရသလို ခံစားရလိမ့်မယ်

“ဒါ့အပြင် ငါတို့ဂိုဏ်းရဲ့ ရွှေဂိတ်ကျောက်တိုင်တွေကိုလည်း မမေ့နဲ့။ တစ်တိုင်စီတိုင်းက နတ်မီးလျှံစမ်းသပ်ပွဲတစ်ပွဲကို ကိုယ်စားပြုတယ်။ မင်း တစ်ပွဲမကျန် ဝင်ပြိုင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ လာမယ့်သုံးလအတွင်း မင်းကိုယ်မင်း သန်မာလာအောင် လေ့ကျင့်ဖို့ တတ်နိုင်သမျှ အကုန်လုပ်ကို လုပ်ရမှာနော်

“ငါ မင်းနာမည်ကို ကျောက်တိုင်တစ်တိုင်စီတိုင်းရဲ့အပေါ်မှာ မြင်ချင်တယ်။ မင်းက နဝမတောင်ပင်လယ်သမိုင်းတစ်လျှောက်လုံးမှာ ပေါ်ထွက်လာဖူးတဲ့အနက် ဒုတိယမြောက်အက်ရှလွန်ပဲ” ဘွားဘွားကိုးက လက်ကို ဝှေ့ယမ်းရင်း သိုလှောင်အိတ်တစ်အိတ်အား မန်ဟို့အရှေ့သို့ ပျံသန်းသွားစေသည်။

“အဲဒီသိုလှောင်အိတ်ထဲမှာ မင်း ငါတို့တာအိုအစည်းအရုံးတွေရဲ့ ဂိုဏ်းသားအသစ်လက်ခံခြင်းပြိုင်ပွဲအတွက် ပထမဆုပါတယ်

“အထဲမှာ ဆုလာဘ်တွေအများကြီးပဲ။ ဟုတ်တယ် အားလုံးအထဲ အဖိုးတန်ဆုံးကတော့ ...ဒုတိယအနေနဲ့ ရှေးဟောင်းအင်မော်တယ်ရတနာ။ ပထမက ... ပါရာဂွန်သွေး

“လေဟုန်ခွင်းလောကကို မသွားခင် ပြင်းထန်တဲ့စွမ်းအားဆိုတာ ဘာလဲ ခံစားရဖို့.... မင်း အဲ့ဒါကို သုံးနိုင်တယ်

“မင်းရဲ့လမ်း ဘယ်လောက်ဝေးဝေးအထိ ဆန့်တန်းနေမလဲဆိုတာကတော့ မင်းရဲ့ကံအပေါ် မူတည်တာပေါ့လေ” ဘွားဘွားကိုးက မျှော်လင့်ချက်တို့ သိသိသာသာ ပြည့်သျှံနေသော မျက်ဝန်းများဖြင့် မန်ဟို့ကို လေးလေးနက်နက် ကြည့်သည်။

မန်ဟိုက သိုလှောင်အိတ်ကို တိတ်ဆိတ်စွာ ကြည့်ရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နောက်ဆုံးတော့ သူ့မျက်လုံးများသည် တောက်ပလင်းလက်လာပြီး သူက အိတ်ကို လှမ်းယူလိုက်၏။ ထို့နောက် ဘွားဘွားကိုး၊ နတ်ဆရာသခင်နှင့် လင်းယွင်ကျစ်တို့ကို လက်ယှက်အရိုအသေပေးလိုက်သည်။

သူသည် ကတိများမပေးသလို၊ ကျေးဇူးတင်စကားလည်း မပြောပေ။ လောလောဆယ်တွင် သူ ဘာပြောပြော အဓိပ္ပါယ်မဲ့နေလိမ့်မည်။ လက်ယှက်အရိုအသေပေးခြင်းကသာလျှင် သူ၏ရိုးသားမှုနှင့် ခိုင်မာပြတ်သားသောစိတ်ဆန္ဒကို ဖော်ပြရာရောက်သည်။

ဘွားဘွားကိုး၏မျက်လုံးများက ချီးကျူးမှုတို့ဖြင့် တောက်ပသွားပြီး နတ်ဆရာသခင်က ခေါင်းညိတ်လိုက်သည်။ လင်းယွင်ကျစ်သည် မန်ဟို့ကို သဘောကျပြီးသားလူဖြစ်ရာ အပြုံးတစ်စက သူ့မျက်နှာအပေါ်တွင် ပေါ်လာ၏။

“သွားတော့” ဘွားဘွားကိုးက ပြုံးရင်း ပြောသည်။ “အဲဒီသိုလှောင်အိတ်မှာ ကျင့်ကြံခြင်းဂူတစ်ဂူအတွက် ကျောက်စိမ်းသော့တစ်ခုလည်း ပါတယ်။ လာမယ့်သုံးလအတွင်း မင်း အဲဒီနေရာမှာ ကျင့်ကြံအားထုတ်နိုင်တယ်။ ဂိုဏ်းထဲ ဘယ်နေရာသွားသွား သုံးနိုင်တဲ့ သက်သေခံတံဆိပ်ပြားလည်း ထည့်ထားတယ်”

မန်ဟိုက ခေါင်းညိတ်လိုက်သည်။ ဤအခိုက်အတန့်တွင် နတ်ဆရာသခင်က ရုတ်တရက် ထပြောသည်။

“မိစ္ဆာကျင့်ကြံသူအုပ်စု မင်း ဖမ်းထားတဲ့ သူတို့ရဲ့ဂိုဏ်းသားတွေကို ပြန်ပေးခိုင်းတုန်းက ပြန်ပေးလိုက်ရင် ပြဿနာဖြေရှင်းပြီးသား ဖြစ်သွားမှာကို ဘာလို့ အလျှော့မပေးခဲ့တာလဲ” အဘိုးကြီး၏မျက်နှာသည် တည်နေသော်လည်း သူ့မျက်လုံးများက နက်နဲသိမ်မွေ့နေသည်။

“ကျုပ် သူတို့ကို ပြန်ပေးလိုက်တာက သူတို့ ကျုပ်အပေါ် ထားနေတဲ့ ရန်ငြိုးတွေကို လျော့ကျသွားစေခဲ့မယ်ဆိုရင်တော့ ပြန်ပေးခဲ့မှာပါ” မန်ဟိုက ရှင်းပြသည်။ “ဒါပေမဲ့ အဲဒီလိုမဖြစ်နိုင်တာ သိသာနေမှတော့ ဘာ့ကြောင့်ပြန်ပေးနေတော့မလဲ

“အဲဒီပင်လယ်စာတွေကို ဝိညာဉ်ကျောက်တုံးတွေအတွက် ၊ အင်မော်တယ်ကျောက်စိမ်းတွေအတွက် ပြန်ရောင်းလို့ရတယ်။ ဓားစာခံအနေနဲ့လည်း သုံးလို့ရတယ်” သူက ပြုံးလိုက်သည်။

နတ်ဆရာသခင်လည်း ပြုံးရင်း ပြန်ပြောသည်။ “မင်းအနေနဲ့ ဂိုဏ်းထဲမှာ အန္တရာယ်ကင်းလိမ့်မယ်။ ဒါပေမဲ့ အပြင်ထွက်ရင်တော့ .... သတိထား။ မထင်ထားတာ တစ်ခုခုဖြစ်ရင် မင်းရဲ့တံဆိပ်ပြားကို ချိုးပစ်ဖို့ မမေ့နဲ့။ ဂိုဏ်းရဲ့ ရေမိုင် ဆယ်သိန်းအတွင်း ရှိနေသရွေ့ ငါ အသက်သုံးရှိုက်အတွင်း အကူအညီလာပေးနိုင်တယ်”

ထို့နောက် သူက မျက်လုံးများပိတ်၍ စကားဆက်မပြောတော့ပေ။ ယခုတွင် သူသည် မန်ဟို့အကျင့်စရိုက်ကို သိသွားပြီဖြစ်၍ အသိအမှတ်ပြုလိုက်လေပြီ။

မန်ဟိုက လက်ယှက်၍ အရိုအသေပေးလိုက်ပြီးနောက် ထွက်ခွာတော့မည့်အချိန် ရုတ်တရက် တုံ့ခနဲ ရပ်ကာ လူအိုကြီးသုံးယောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

“ဂျူနီယာမေးခွန်းတစ်ခု မေးချင်ပါတယ်။ ဘာအကြောင်းကြောင့် ပင်လယ်သားရဲတွေဟာ ကျုပ် နဝမပင်လယ်ကို ဝင်လိုက်တာနဲ့ တိုက်ခိုက်ခဲ့ကြတာလဲ။ ဒါ့အပြင် ကျုပ် ကိုးပင်လယ်နတ်လောကကို ရောက်တာနဲ့ မိစ္ဆာကျင့်ကြံသူတွေကြားမှာ အခုလို ပွက်လောရိုက်စေခဲ့တာလဲ။ သူတို့က ကျုပ်ကို ဘာကြောင့် အဲဒီလောက် မုန်းနေကြတာလဲ

“သူတို့ရဲ့ကျင့်ကြံအဆင့်က အရေးမကြီးတဲ့အတိုင်းပဲ။ ကျုပ်နဲ့ တစ်မိုးအောက်ထဲ မနေချင်ကြတဲ့အတိုင်း မုန်းတီးနေကြတာ။ ကျုပ် တကယ်ပဲ နားမလည်နိုင်တော့လို့ပါ။ စီနီယာတို့ ကျေးဇူးပြုပြီး ရှင်းပြပေးနိုင်မလားခင်ဗျာ” မန်ဟိုက လူအိုကြီးသုံးယောက်ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။ ဤမေးခွန်းအတွက် အဖြေကို သူ အမှန်တကယ် သိချင်လေသည်။

သူတို့ အဖြေကို မသိဘဲမနေကြောင်း သူ ယုံသည်။ ဂိုဏ်းအတွင်းရှိ သူတို့၏အဆင့်အတန်းကို ထည့်တွက်လျှင် စစချင်း ဘာမှမသိခဲ့လျှင်တောင်မှ နည်းနည်းပါးပါး စုံစမ်းလိုက်ရုံနှင့် ဖြစ်ကြောင်းကုန်စင် နားလည်ခဲ့လိမ့်မည်။

***

All Chapters