← Chapters

တစ်ချက်ပြီးတစ်ချက် ထိုးနှက်ခြင်း

Vol. 63 Ch. 869

တစ်ချက်ပြီးတစ်ချက် ထိုးနှက်ခြင်း

Vol. 63 Ch. 869

မပြောပလောက်‌သော အငြိုးလေးတစ်ခုကို ကလဲ့စားချေတတ်ခြင်းက ထန်ရှု၏ အကျင့်စရိုက်မဟုတ်။ သူသည် အ‌သေးအဖွဲကိစ္စများကို ဂရုစိုက်တတ်သူလည်းမဟုတ်ပေ။ ယနေ့ညရန်ပုံငွေအခမ်းအနားမှ အရေးမပါလောက်သော မတော်တဆမှုဖြင့် ဝမ်မြောင်ထန်အား ဆက်သွယ်နေစရာမလို။ သူ၏အတန်းဖော်သာမက သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်သူ ဟူချင်းစုန့်သည် မြောင်ချင်းလဲ့ကြောင့် စိတ်ခံစားနေရသဖြင့် ဤကိစ္စကို လက်လွှတ်မပေးလိုခြင်း‌ဖြစ်ပေသည်။

ဤအခိုက်အတန့်တွင် သူသည် ဖုန်းမှစပီကာကိုပင် ဖွင့်ထားပြီးဖြစ်သည်။

တစ်ဖက်မှ ဖုန်းကိုင်လိုက်သံကြားလိုက်ရပြီး‌ မြောင်၀မ်ထန်၏အသံ ထွက်ပေါ်လာသဖြင့် ထန်ရှု ပြုံးလိုက်၏။ “မတွေ့တာကြာပြီနော် အစ်ကိုကြီး၀မ်။ ဘယ်ရောက်နေလဲဗျ”

“ညီလေးထန် ရှားရှားပါးပါး မင်းဘက်က စခေါ်လို့ပါလား” မြောင်၀မ်ထန်က ခပ်ဟဟရယ်လျက် ဖြေသည်။ “ငါ အခုအလုပ်လေးရှိလို့ အပြာရောင်မြို့မှာကွ။ နောက်ရက်နည်းနည်းကြာရင်တော့ ရှန်ဟိုင်းကို ပြန်ဖြစ်မယ်”

“ဪ။ ကျွန်တော် အရေးကြီးပြောစရာလေးရှိလို့။ ဒါပေမဲ့ ရှန်ဟိုင်းကို ပြန်လာတော့မှာဆိုတော့ ထားလိုက်ပါ။ ကျွန်တော် စောင့်နေမယ်လေ။ ပြန်လာမှ ပြောကြတာပေါ့” ထန်ရှုက ပြုံး၍ ပြောသည်။

“မစောင့်နဲ့။ အရေးကြီးတယ်ဆို.... အခုပြောလိုက်စမ်းပါ” မြောင်၀မ်ထန်က အလောတကြီး ပြော၏။

ထန်ရှုက တခဏ တမင်တကာ တွန့်ဆုတ်နေဟန်ဖမ်းလိုက်သည်။ ထို့နောက် သက်ပြင်းချ၍ ပြော၏။ “ကောင်းပါပြီ။ ‌အစ်ကိုမြောင်သိချင်တယ်ဆိုရင် ပြောပြပါ့မယ်။ မြောင်ချင်လဲ့က ခင်ဗျားရဲ့တူ,မလား။ ကျွန်‌တော် ဒီနေ့ သူ့ကို တွေခဲ့တယ်”

မြောင်၀မ်ထန်က ကျယ်လောင်စွာ ရယ်၍ ဆို၏။ “သူ့ကို ဘယ်လိုမြင်လဲကွ ညီလေးထန်။ အားရရဲ့လား”

“အင်း အားရလောက်ပါတယ်” ထန်ရှုက အားတင်းပြုံး၍ ပြောသည်။ “သူ့မိသားစုအပေါ် အပျက်တရားနဲ့ကပ်ဘေးဒုက္ခရောက်စေမယ့် လူမျိုးပဲ။ ကျွန်တော်တောင် ဒီနေ့ ကိုယ်တွေ့ကြုံခဲ့ရတယ်”

“ဒါမှ ငါ့တူ.....နေစမ်းပါဦး။ မင်း ဘာပြောလိုက်တာ။ မိသားစုအပေါ် ကပ်ဘေးရောက်စေမယ်ဟုတ်လား။ ဘာအဓိပ္ပာယ်လဲ ညီလေးထန်” မိုဘိုင်းဖုန်းထဲရှိ မြောင်၀မ်ထန်၏လေသံမှာ ပြောင်းလဲစပြုလာသည်။

“ဟင်းးးး......” ထန်ရှုက သက်ပြင်းရှည်ကြီးချ၍ ဆက်၏။ “ကျွန်တော် တကယ်ကို ဒီအကြောင်း မပြောချင်ပါဘူးဗျာ။ ဒါပေမဲ့ ကျွန်တော်တို့က အသက်အန္တရာယ်ရှိနေတဲ့အချိန်မှာ ဘေးချင်းယှဉ် တိုက်ပွဲ၀င်ခဲ့ဖူးတဲ့ ရဲဘော်ရဲဘက်တွေမလား။ ကျွန်တော် ဖုန်းခေါ်ဖို့ တော်တော်ကြာအောင် စဉ်းစားခဲ့ရပါတယ်။ ဒါပေမဲ့...ကျုပ်ပြောလိုက်ရင်လည်း ချောက်တွန်းတယ်ထင်မှာ စိုးမိတယ်ဗျာ”

မြောင်၀မ်ထန်က အသံနေအသံထားမှာ တည်ကြည်သွားပြီး သူက လေးနက်စွာ ပြောသည်။ “မင်းပြောတဲ့အတိုင်း ငါတို့ သေရေးရှင်ရေးအခြေအနေမှာ အတူတိုက်ခဲ့ဖူးတဲ့ ရဲဘော်တွေပါ။ ဆိုတော့ မင်း ပြောချင်တာကို ပြောလိုက်”

ထန်ရှုက ‌သူ့ဘေးရှိ မု၀မ်ရင်ကို တစ်ချက်ကြည့်ကာ ဆို၏။ “အစ်ကိုမြောင် ဒီနေ့ ကိစ္စလေးတစ်ခု ဖြစ်သွားခဲ့တယ်...ကျွန်တော် အတိုချုံးပြောပြပါ့မယ်။ ရန်ပုံငွေအခမ်းအနားရဲ့ လေလံပွဲမှာဖြစ်သွားတဲ့ မတော်တဆမှုလေးပါ။ ခင်ဗျားတူဆိုတော့ ကျွန်တော်ကတော့ အကျယ်ချဲ့ပြောပြီး ‌ဗွေမယူတော့ပါဘူး။ ဒါပေမဲ့ သူက ကျွန်တော်အပြင် ကျန်းယွဲ့မင်၊ ဂူချန်းမင်နဲ့ ကျန့်ချင်းဖန်တို့ကို သွားဆွလိုက်တယ်ဗျ”

“ဒီခွေးမသားကတော့”

မြောင်၀မ်ထန်မှာ ဒေါသကြောင့် မူးဝေသွားပြီး ဆဲဆိုလိုက်၏။

“ဒေါသကိုပဲ ရှေ့တန်းမတင်လိုက်ပါနဲ့ဦး အစ်ကိုမြောင်” ထန်ရှုက သက်ပြင်းချ၍ ဆက်ပြောသည်။ “ခင်ဗျား မြောင်ဒေသက မျက်မမြင်အဘွားအိုကို သိတယ်မလား”

“ကောင်းကင်ဘုံလျှို့ဝှက်ချက်မျိုးနွယ်က မျက်မမြင်အဘွားအိုလား” မြောင်၀မ်ထန်က ရုတ်တရက် အံ့ဩမှင်သက်စွာ ရေရွတ်လိုက်၏။

“အင်း သူပဲ” ထန်ရှုက ခေါင်းညိတ်၍ ပြောသည်။ “ကျွန်တော်က သူနဲ့အတော်လေးရင်းနှီးတယ်။ သူ့ဘ၀ရဲ့ နောက်ဆုံးနေ့ရက်တွေကို ကုန်ဆုံးနေတဲ့အချိန်မှာ ဂရုစိုက်ပြုစုပေးရမှာလေ။ ကျွန်တော်နဲ့ ရင်းနှီးတဲ့အဘွားလို့တောင် ပြောလို့ရတယ်။ သူ့ဆီကနေ ကံကြမ္မာကို တွက်ချက်လို့ရတဲ့ ဂမ္ဘီရအတတ်တွေကိုတောင် သင်ထားသေးတယ်။ အရမ်းတော့ မအောင်မြင်သေးပေမယ့် ကျုပ်ကိုပေးထားတဲ့ ပညာအ‌အမွေနဲ့ ကောင်းကင်ဘုံတာအိုကနေ ကောင်းကင်ဘုံလျှို့ဝှက်ချက်အချို့ကို ခိုးကြည့်လို့ရနေပြီ”‌

မြောင်၀မ်ထန်သည် ထန်ရှု၏လုပ်နိုင်စွမ်းကို ကောင်းကောင်းသိပြီး ထန်ရှု၌ ကြောက်မက်ဖွယ်ရာ အမွေအနှစ်များရှိကြောင်းလည်း သိထား၏။ မျက်မမြင်အဘွားအိုထံမှ သင်ယူထားသော စွမ်းရည်များနှင့်သာဆိုလျှင် သူမကိုပင် ကျော်တက်နိုင်သည်။ ထိုသို့ဆိုလျှင် ထန်ရှု၏ကျင့်ကြံခြင်းသည် ဂမ္ဘီရအတတ်တွင်လည်း ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိနေပေလိမ့်မည်။

အံ့ဩမှုကို မြိုသိပ်ရင်း‌ မြောင်၀မ်ထန်က အလျင်အမြန် မေးလိုက်၏။ “ကျေးဇူးပြုပြီး ဆက်ပြောပါ ညီလေးထန်”

“ကျွန်တော် ဒီနေ့ကြုံတွေ့ခဲ့ရတာကို ပြောခဲ့တယ်မလား” ထန်ရှုက သက်ပြင်းချသည်။ “ဒီနေ့ညအခမ်းအနားက တော်တော်လေး ပျင်းဖို့ကောင်းပေမယ့် ခင်ဗျားရဲ့တူက တော်တော်လေး ပွဲဆူအောင် လုပ်သွားခဲ့တယ်လေ။ ဒါကြောင့် ကျုပ်လည်း မရည်ရွယ်ဘဲ ဂမ္ဘီရအတတ်ကိုသုံးပြီး သူ့ကံကြမ္မာကို ကြည့်လိုက်မိတယ်။ မြင်လိုက်ရတာတွေက....အမလေးဗျာ”

“ဘာတွေ မြင်လိုက်ရလဲ ညီလေးထန်” မြောင်၀မ်ထန်က အလျင်အမြန် မေးသည်။ “ငါ့ကို စိတ်ပူရအောင် မလုပ်ပါနဲ့ကွာ။ ပြောစရာရှိတာ ပြောလိုက်စမ်းပါ။ မင်း ငါ့တူရဲ့အနာဂတ်ကို ကြည့်တာ ဘာမြင်ခဲ့ရလဲ”

“သူက အခြားသူတွေအတွက် အန္တရာယ်ပြဿနာဖြစ်လာစေမယ့် မကောင်းတဲ့ကြယ်တစ်စင်းပဲ။ သူ့ရဲ့လမ်း‌ကြောင်းက သွေးချောင်းစီးနေတယ်” ထန်ရှုက ပြောသည်။

“ဘာ”

အပြာရောင်မြို့သို့ ရောက်နေသော မြောင်၀မ်ထန်မှာ မယုံကြည်နိုင်မှုဖြင့် ရုတ်ချည်း သွေးဆုတ်ဖြူလျော့သွာစ၏။ သူ၏နှလုံးသားမှာ ခံနိုင်ရည်မရှိဘဲ ကြက်သီးမွေးညင်းများပင် ထသွားလေသည်။

“သူ့မှာ အခုအချိန်အထိ အန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာအောင် ကူညီပေးနေတဲ့ မှော်ပစ္စည်းတစ်ခုရှိရမယ်။ နောက်နှစ်အနည်းငယ်အထိတော့ ဘေးကင်းကင်းနေနိုင်လိမ့်မယ်” ထန်ရှုက လေးပင်စွာ ဆို၏။ “ဒါပေမဲ့ ၂၇ နှစ်ပြည့်တဲ့အချိန်ကျရင် ခင်ဗျားတို့ရဲ့မြောင်မိသားစုအပေါ် ကပ်ဘေးတွေ စုပြုံကျရောက်လိမ့်မယ်။ ကျုပ် မြောင်မိသားစုရဲ့လူသေအလောင်းတွေ နေရာတိုင်းမှာ ပျံ့ကျဲပြီး သွေးချောင်းစီးနေတာကို တွေ့ခဲ့ရတယ်။ သူ တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ရစ်ခဲ့လိမ့်မယ်။ သေခြင်းတရား လာမခေါ်သရွေ့ ကျန်ရှိသမျှ သက်တမ်းကို အထီးကျန်ထိတ်လန့်ခြောက်ခြားရင်း ကုန်ဆုံးရလိမ့်မယ်”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်...”

ချက်ချင်းဆိုသလို မြောင်၀မ်ထန်၏မျက်နှာအမူအရာမှာ သွေးမရှိတော့ချေ။ ထန်ရှု၌ထူးခြားဆန်းကြယ်သော စွမ်းရည်များရှိကြောင်း သူအကြွင်းမဲ့ယုံကြည်သည်။

သို့သော် ဤသည်ကား အဘယ်နည်းနှင့်မှ မဖြစ်နိုင်ချေ။

သူသည် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မြောင်မိသားစုမှာ ဟိုက်ချင်းပြည်နယ်တွင် အချမ်းသာဆုံး၊ အာဏာအရှိဆုံး မိသားစုဖြစ်သည်။ သူတို့၌ အာဏာ၊ လွှမ်းမိုးမှု၊ ကြွယ်၀မှု အစစအရာရာ ပြည့်စုံနေလေရာ ထိုသို့မိသားစုကြီးသည် အဘယ်အကြောင်းကြောင့် ရုတ်တရက် ပြိုကွဲသွားမည်နည်း။

ကားအတွင်း၌။

မု၀မ်ရင်သည် ထန်ရှုကို ကြောင်အအ ကြည့်ကာ အာစေးမိနေ၏။ သူမ၏မျက်၀န်းလေးများတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးနေလေသည်။ ထန်ရှု ပြောခဲ့သော အဓိပ္ပာယ်မရှိသည့် စကားများကြောင့် မြောင်၀မ်ထန်တစ်ယောက် ဤမျှ ကြောက်ဒူးတုန်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။

အချိန်အတော်ကြာပြီးနောက် မြောင်၀မ်ထန်က အနည်းငယ်တုန်ရီနေ‌သော အသံဖြင့် မေးလာ၏။ “ဒါဆို ငါ ဘာလုပ်ရမလဲ ညီလေးထန်။ ငါ့မိသားစု‌အပေါ် ကျရောက်မယ့် ကပ်ဘေးကို ဘယ်လိုမောင်းထုတ်ရမလဲ”

ထန်ရှုက ခြောက်ကပ်ကပ်ပြုံး၍ ပြောသည်။ “ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြမိလို့ ကျွန်တော်လည်း တန်ရာတန်ကြေးပေးရလိမ့်မယ်။ ဒီထက် ပိုပြောပြရင် အပြစ်ဒဏ်က ပိုကြီးသွားပြီး အမြန်ဆုံးရောက်လာလိမ့်မယ်။ ဆိုတော့ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် မကူညီနိုင်ဘူး”

မြောင်၀မ်ထန်မှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ဆို၏။ “မင်းအခု ရှန်ဟိုင်းမှာလား ညီလေးထန်။ ကျေးဇူးပြုပြီး ငါ့ကို စောင့်နေပါ။ အဲ့ဒီမှာ လူချင်းတွေ့ပြီး စကားပြောကြရအောင်”

ဖုန်းခေါ်ဆိုမှုပြီးနောက် ထန်ရှုက မိုဘိုင်းဖုန်းအား သိမ်းကာ စကားပြောရန် တွန့်ဆုတ်နေပြီး တစ်ချိန်တည်းမှာပင် ပြောလိုစိတ် ပြင်းပျနေသည့် မု၀မ်ရင်ကို ကြည့်လိုက်၏။ သူက ပြောသည်။ “ငါက မကောင်းတဲ့လူလို့ မင်းထင်လား”

“ဟင့်အင်း။ မြောင်ချင်းလဲ့က ကောက်ကျစ်တယ်။ သူသာ ဒီအတိုင်း ဆက်ပြုမူနေမယ်ဆိုရင် နင်ပြောတဲ့အတိုင်း သူ့မိသားစုအပေါ် တချိန်ချိန် ကပ်ဘေးဆိုက်စေမှာပဲ။ ဒါပေမဲ့ နင် ဘာလို့ ဒီကိစ္စကို အရမ်းအလေးအနက်ထားနေသလဲ ငါ နားမလည်ဘူး”

ထန်ရှုမျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူက ကားပြတင်းပေါက်အပြင်ရှိ ရှုခင်းများကို ငေးကြည့်လိုက်သည်။ သူ ပြန်ဖြေချိန်တွင် သူ၏မျက်နှာအမူအရာကား လွန်စွာ အေးစက် ခက်ထန်နေချေသည်။ “ဒီညဖြစ်ခဲ့တဲ့ အသေးအဖွဲကိစ္စလေးတစ်ခုတည်းဆိုရင်တော့ ငါ ဒီလောက်ထိ ပုံကြီးချဲ့စရာမလိုဘူး။ ငါ ယွမ် သန်း ၂၀ ကုန်သွားလို့လည်းမဟုတ်ဘူး။ ငွေက ကျန့်ချင်းဖန် မင်းကို အခြားစီးပွားရေးလုပ်ငန်းနဲ့ မိတ်ဆက်ပေးခဲ့တဲ့ရအတွက် ကုန်ရကျိုးနပ်တယ်။ ဒါပေမဲ့ ‌မြောင်ချင်းလဲ့က ငါ့ညီကို စိတ်ဓာတ်ကျအောင်လုပ်ခဲ့တယ်။ စိတ်ထဲက ခံစားနေရတာကို အရက်နဲ့‌ မေ့ဖျောက်ရအောင် လုပ်ခဲ့တယ်။ အဲ့ဒီအတွက် သူ တန်ရာတန်ကြေး ပြန်ပေးရမယ်”

“နင် ဟူချင်းစုန့်အတွက် ဒါတွေအားလုံးကို လုပ်ခဲ့တာလား” မု၀မ်ရင်က မယုံသင်္ကာစွာ မေးသည်။

“အင်း” ထန်ရှုက ခေါင်းညိတ်၍ ဖြေ၏။ “မြောင်ချင်းလဲ့သာ လူတွေရဲ့ခံစားချက်ကို အရေးပေးရင် သူ လုယူသွားတဲ့ မိန်းကလေးကို ကောင်းကောင်းဆက်ဆံနိုင်လိမ့်မယ်။ အင်း ငါလဲ ဒီလိုကိစ္စမျိုး လုပ်စရာလိုမှာမဟုတ်ဘူး။ ဒါပေမဲ့ နင် သူ့အကြောင်းကို ငါ့ထက်ပိုပြီး သိပါတယ်။ သူ့လို့ သူဌေးသားမျိုးက မိန်းကလေးတစ်ယောက်ကို နှစ်နှစ်ကာကာ ခံစားချက်ရှိမှာတဲ့လား။ သူ ငါ့ညီကို စိတ်ဒဏ်ရာရအောင်လုပ်ခဲ့တဲ့အတွက် သူ့ကို တန်ရာတန်ကြေး ပြန်ပေးခိုင်းတာပဲ”

“အမှန်အတိုင်းပြောရရင် မြောင်ချင်းလဲ့ကိုသာ ဒီညမတွေ့ခဲ့ရရင် ငါ ဒီလိုလုပ်ဖြစ်မှာမဟုတ်ဘူး။ အခု တွေ့လိုက်ရတော့ အငြိုးအတေးတွေ စုပြုံသွားတာပေါ့”

မု၀မ်ရင်သည် အလျင်အမြန် နားလည်လိုက်ပြီး သူမ၏မျက်နှာလေးတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။ “အင်း အခုမှ နင်ရဲ့မိသားစု၀င်နဲ့ သူငယ်ချင်းဖြစ်ရတာ တော်တော် ကံကောင်းမှန်းသိတော့တယ်။ ငါတို့ကို ဘယ်သူမှ အနိုင်ကျင့်မှာ စိတ်ပူစရာမလိုတော့ဘူးလေ”

“ငါ တစ်ခု ပြောပြမယ်။ ငါ ဘာလို့ ကျင့်ကြံရတာလဲသိလား။ ငါချစ်ရတဲ့သူတွေကို ကာကွယ်ပေးနိုင်တဲ့ ခွန်အားရှိချင်လို့ပဲ” ထန်ရှုက ‌ခပ်ဖျော့ဖျော့ပြုံး၍ ပြောသည်။ “ဒီကမ္ဘာ ဒါမှမဟုတ် သက်ရှိတွေနေတဲ့ကမ္ဘာမှာ  စည်းကမ်းတစ်ခုပဲရှိတယ်။ အားနည်းတဲ့သူကို အားကြီးတဲ့သူက အမြဲအနိုင်ရတာပဲ။ အတုမဲ့တဲ့စွမ်းအားကို ပိုင်ဆိုင်ထားမှ ငါတို့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာ”

“နင် လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်” မု၀မ်ရင်က ခပ်ဖျော့ဖျော့ ပြောသည်။

အချိန်များကုန်လွန်သွားပြီး မနက်လေးနာရီသို့ ရောက်ရှိလာသည်။

ရှန်ဟိုင်းဆန်ကျူရီဟိုတယ်၏ အထူးသီးသန့်အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး ‌ဗ‌လတောင့်တောင့်လူလေးယောက်က အခန်းထဲသို့ အကြမ်းပတမ်း ၀င်ရောက်လာကြသည်။ သူတို့နောက်မှ ပါလာသည်ကား ဒေါသူပုန်ထနေသည့် မြောင်၀မ်ထန်ပင်။

အိပ်ခန်းအတွင်း၌ အ၀တ်ကင်းမဲ့နေသော မြောင်ချင်းလဲ့မှာ လန့်နိုးလာသည်။ အတွင်းခံသာ ၀တ်ထားသော မိန်းကလေးမှာ ‌ထိုလူလေးယောက် အခန်းတွင်းသို့ ၀င်လာသည်ကို ကြည့်ရင်း ကြောက်လန့်တကြား အော်လိုက်၏။ သူမမှာ တဆတ်ဆတ် တုန်လျက် စောင်အောက်တွင် ပုန်းနေလိုက်သည်။

“ဘာလုပ်ကြတာလဲကွ”

မြောင်ချင်းလဲ့က ကုတင်ပေါ်မှ အလောတကြီးပြေးဆင်း၍ ကြမ်းပြင်ပေါ်ရှိ အ၀တ်များအား ကောက်ကာ အလျင်အမြန်‌ ‌၀တ်လိုက်၏။ သူ ဘောင်းဘီဆွဲတင်နေစဉ် ကြမ်း မူးဝေသွားသော တမ်းလှသော လက်ဖဝါးတစ်ခုက သူ့မျက်နှာကို ရိုက်လိုက်ရာ သူ့မှာ မီတာအနည်းငယ်လွင့်ထွက်သွားပြီး ကော်ဇောပေါ်  ဖုတ်ခနဲ ကျသွားတော့သည်။

“လီးပဲကွ။ မင်း မင်း မျိုးမစစ်ကောင်။ ငါ့ဦးလေးရဲ့ အိမ်မွေးခွေးသာသာ ကောင်ကများ။ ငါ့ကို ရိုက်ရဲတယ်ပေါ့” မြောင်ချင်းလဲ့မှာ မထနိုင်သော်လည်း ဆဲဆိုလိုက်၏။

ဘိုင်း ...

၎င်းကြောင့် မြောင်၀မ်ထန်မှာ ပို၍ ဒေါသထွက်သွားပြီး မြောင်ချင်းလဲ့ အားယူထနေသည့်အချိန်တွင် ခါးအား ဖြတ်ကန်လိုက်၏။ သူသည် စောစောက ရိုက်ချက်၌ အားသိပ်မထည့်ခဲ့သော်လည်း ယခုကန်ချက်မှာ ပြင်းထန်လွန်းသဖြင့် မြောင်ချင်းလဲ့၏နံရိုးတချို့ပင် ကျိုးသွားလိမ့်မည်။

“မင်းရဲ့ လီးမျက်လုံးတွေကို ဖွင့်ပြီး ငါ ဘယ်သူလဲဆိုတာ ကြည့်ဦးကွ”

မြောင်၀မ်ထန်၏ဒေါသမှာ ပျောက်ကွယ်သွားသေးသည့်ပုံမပေါ်ပေ။ သူက မြောင်ချင်းလဲ့၏ဆံပင်ရှည်ကို ဆွဲကိုင်ကာ ခန္ဓာကိုယ်ကို ဆွဲထူ၍ မျက်နှာအား တဖြန်းဖြန်းရိုက်ကာ ဒေါသတကြီး မာန်မဲကြိမ်းမောင်းလိုက်၏။

မြောင်ချင်းလဲ့မှာ ကြယ်များလများ မြင်နေရပြီး ပါးစပ်မှလည်း သွေးများ ပန်းထွက်နေလေသည်။ သူသည် ကြမ်းပြင်ပေါ်၌ လဲနေလျက်နှင့်ပင် ရင်းနှီးနေသောအသံကြောင့် မျက်လုံးကို အားယူကာ ဖွင့်ကြည့်လိုက်၏။ သူ့မှာ ကြက်သီးများ တဖြန်းဖြန်း ထသွားပြီး တအံ့တဩ‌ ရေရွတ်လိုက်သည်။ “ဦး‌...ဦးလေး....ဘာလို့ ရိုက်တာလဲဗျာ...နာ..နာတယ်ဗျ။ ကျွန်တော်တော့ သေတော့မှာပဲဗျာ”

မြောင်၀မ်ထန်က သူ့အား လက်ညှိုးထိုး၍ အော်၏။ “ရိုက်တယ်...အသေတောင် သတ်ချင်နေတာ။ မင်းက တစ်ရက်တည်းနဲ့ မိသားစုလေးခုကို စော်ကားလိုက်တာပဲ ခွေးကောင်ရဲ့။ မင်းအဖေသာ သိသွားရင် မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးပြီး မင်းပါးစပ်ကို အပ်နဲ့ချုပ်ထားလိမ့်မယ်ကွ”

‘မိသားစု‌‌လေးခုကို သိက္ခာချတယ်” မြောင်ချင်းလဲ့မှာ ကြောင်အသွားသည်။ ‘ငါ ဘယ်တုန်းက မိသားစုလေးခုကို သိက္ခာချမိလို့လဲ'

“ဦးလေး အထင်မှားနေပြီ။ ကျွန်တော် အဲ့ဒီလိုမျိုး တစ်ခါမှ မလုပ်ခဲ့ဘူး”

“မင်းက ပြန်ပြောရဲတယ်ပေါ့လေ” မြောင်၀မ်ထန်က အော်၏။ “ဒါဆို ထန်ရှုက မင်းကို အကြောင်းအရင်းမရှိဘဲ ချောက်ချလိုက်တာလား”

မြောင်ချင်းလဲ့မှာ ချက်ချင်း ဤကိစ္စ၏အရင်းအမြစ်ကို နားလည်သွားတော့သည်။ မု၀မ်ရင်နှင့်ထန်ရှုကို သတိရသွားသဖြင့် သူ၏မျက်လုံးများ၌ အမုန်းတရားတို့ ဟုန်းဟုန်းတောက်သွား၏။ ထို့နောက် သူက ဒေါသတကြီး ပြန်အော်တော့သည်။ “ဘာလို့ ဦးလေးက အဲ့‌ဒီခွေးကောင်စကားကိုပဲ နားထောင်တာလဲ။ ဟုတ်တယ်။ ကျွန်တော် အဲ့ဒီထန်မျိုးရိုးကို ရန်စခဲ့တယ်။ ဒါပေမဲ့ ဘာမှအရေးမပါတဲ့ လေလံပွဲမှာ ဖြစ်သွားတာ။ မိသားစုလေးခုကို စော်ကားမိတယ်ဆိုတာ လိမ်ပြောနေတာပဲ”

ဖြောင်း...

***

All Chapters