သူမပဲ။
Vol. 5 Ch. 102
'ကျန့်'အိမ်တော် ပြန်လည်ငြိမ်သက်သွားပြီးနောက် သခင်ကြီး'ကျန့်'က သူရဲ့လူတွေကို ရှောင်လျိုရဲ့ အလောင်းကို သင်္ချိုင်း၌ သွားပစ်ဖို့နဲ့ သက်သေများကို အစောင့်များဆီ ပို့ဖို့ ညွန်ကြားခဲ့တယ်။
သခင်ကြီး'ကျန့်'သည် အသက်သုံးဆယ်ကျော်သာရှိသေးပေမဲ့ အလွန်ဝမ်းနည်းပူဆွေးမှုကြောင့် ထူးထူးခြားခြား အသက်ကြီးပုံပေါ်နေ၏။ သူ့မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှုက အသက်ငါးဆယ်ကျော်လူတစ်ယောက်လို ဖြစ်စေ၏။
"ကျေးဇူးတင်ပါတယ် မိန်းကလေး!"
ဖြစ်ပျက်ခဲ့တာကို သူမ မသိသော်လည်း အရာရှိ'ဝမ်' ရုတ်တရက်ရောက်ရှိလာခြင်းသည် ဒီမိန်းကလေးနဲ့ သက်ဆိုင်တာ ခံစားမိတယ်။
ရှီရူက “သခင်ကြီး၊ ဒီမိန်းကလေးက သခင်မလေးရဲ့ သူငယ်ချင်းပါ။ သခင်မလေးက မိန်းကလေးရဲ့ အိမ်မက်ထဲ လာလည်ပြီး အိမ်မက်ထဲ သခင်လေးပိုင်ယုနဲ့ ရှောင်လျိုတို့ကို သံသယရှိတယ်လို့ ပြောခဲ့တာ။”
သခင်ကြီး'ကျန့်' အံ့သြသွား၏။ "ဒီမိန်းကလေးက မင်းအာရဲ့ သူငယ်ချင်းလား?"
အရင်က သူမကို ဘာလို့ မတွေ့ဖူးတာလဲ?
"တကယ်တော့ ကျွန်မက သခင်မလေး'ကျန့်'ရဲ့ သူငယ်ချင်း မဟုတ်ပါဘူး။" လုရှန်း တိုးတိုးလေးပြောတယ်။ "ဒါပေမယ့် သူက ငါ့အိမ်မက်ထဲကို လာလည်တယ်။ သူသေဆုံးသွားချိန် ကျွန်မ သူမအနားက ဖြတ်သွားမိလို့ ဖြစ်နိုင်တယ်။”
သူမက သရဲတစ္ဆေတွေကို မြင်နိုင်ပြီး သူတို့နဲ့ ဆက်သွယ်နိုင်သည်ဟု ပြောလိုက်ရင် သခင်ကြီး'ကျန့်' ယုံမှာ မဟုတ်ဘူး။
"ငါ့သမီးလေးက ငါတို့ထက် မင်းအိမ်မက်ထဲ အလည်လာဖို့ ပိုလိုလားတယ်။ သူမ အလွန်စိတ်ပျက်သွားလို့ဖြစ်ရမယ်။” သခင်ကြီး'ကျန့်' မျက်ရည်များ ဝဲတက်လာတယ်။
“သခင်မလေးက သခင်ကြီးတို့ သူမကို အရမ်းမလွမ်းပဲ အဆင်ပြေအောင်နေကြဖို့ တောင်းဆိုခဲ့တယ်။”
“ဟူး…”
သခင်ကြီး'ကျန့်' ခေါင်းယမ်းပြီး သက်ပြင်းချတယ်။ "ဘာပဲဖြစ်ဖြစ် မင်းအာကို သတ်တဲ့ လူသတ်သမားကို ရှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
လုရှန်း ခေါင်းယမ်းတယ်။ "ဒါဆို ကျွန်မ အရင်ပြန်လိုက်ပါဦးမယ်။”
“မိန်းကလေး နေပါဉီး!"
သခင်ကြီး'ကျန့်' အိမ်ထိန်းဆီလှည့်ပြီး တီးတိုးပြောလိုက်တယ်။ ခဏကြာတော့ အိမ်ထိန်း'ကျန့်' တစ်စုံတစ်ခုနဲ့ လျှောက်လာသည်။
“မင်းရဲ့ ကြင်နာမှုကို ပြန်ဆပ်ဖို့ ငါ့အတွက် ခက်တယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့ သေးငယ်တဲ့ကျေးဇူးတင်မှုကို လက်ခံပေးပါ။”
အဖြူထည် အိတ်တစ်လုံး ဖြစ်တယ်။ အထဲမှာ ဘာရှိမှန်း မသိပေမဲ့ သူမ သိမ်းထားလိုက်သည်။
“သွားတဲ့လူက သွားပါပြီ။ သခင်ကြီး'ကျန့်' ဝမ်းနည်းမနေပါနဲ့။”
သခင်ကြီး'ကျန့်' ခေါင်းညိတ်ပြသော်ငြား အလွန်ပင်ပန်းနေပြီဖြစ်သည်။
အိမ်ထိန်းမှ လုရှန်းကို လိုက်ပို့ပေးခဲ့သည်။ လုရှန်း မြို့ကို ပြန်ရောက်ချိန်တွင် ဆိုင်အကြောင်းကို သတိရပြီး လုကျန့်ကို ရှာရန် 'သစ်ရွက် ၁၀၀ တည်းခိုခန်း'ကို အမြန်သွားဖို့လုပ်သည်။
သူမရဲ့ဆရာက အခု တတိယမင်းသားဖြစ်တယ်။ ဒီလို အသေးအမွှားကိစ္စလေးအတွက် ပြဿနာမရှိသင့်ဘူး မဟုတ်လား။
သခင်ကြီး'ကျန့်' ပေးတဲ့ ပစ္စည်းတွေကို ချုစစ်ဟန် သူမကိုအရင်ကပေးထားသည့် သေတ္တာနဲ့အတူ နေရာလွတ်လက်ကောက်ထဲ ထည့်လိုက်တယ်။
ချုစစ်ဟန်က သူမကို ပြန်ရောက်ရင် ဖွင့်ကြည့်ဖို့ပြောခဲ့တယ်။ သို့သော် သူမ ဖွင့်မကြည့်ရသေးဘူး။ ဘာတွေပါသလဲ သူမ မသိဘူး။
လုရှန်း သေတ္တာကို ကြည့်ဖို့ သူမရဲ့ X-ray အမြင်ကို အသုံးပြုချင်ခဲ့သည်။ နောက်တော့ ပြန်ရောက်မှ ကြည့်ဖို့ လုပ်လိုက်တော့သည်။
လုကျန့်ပေးတဲ့ ကျောက်စိမ်းတံဆိပ်ကို ထုတ်ပြီး ‘သစ်ရွက် ၁၀၀၀တည်းခိုးခန်း’ သွားရာလမ်းကို မေးမြန်းခဲ့သည်။
“ရှေ့က တံတားကနေ ဖြတ်သွား။”
"ကျေးဇူးတင်ပါတယ်!"
လမ်းသွားလမ်းလာကို ကျေးဇူးတင်ကြောင်းပြောပြီး လုရှန်း ရှေ့ဆက်လာခဲ့သည်။
“သူမပဲ!”
လင်းဂျန် မလှမ်းမကမ်း နေရာမှ တံတားပေါ်လျှောက်နေသည့် မိန်းကလေးကို မျက်ခုံးပင့်ကာ ကြည့်နေခဲ့သည်။
"မင်း သိလို့လား?”
ယုရန် သူ့ကို သံသယနဲ့ မေးလိုက်သည်။
“မင်း တစ်စုံတစ်ယောက်ကို သိတာလား?” မုရန် လုရန်ကို ဆွဲပြီးအပြုံးဖြင့် မေးလိုက်သည်။ “မင်း ဘာသိထားသလဲ?”
လင်းဂျန် ခေါင်းယမ်းပြီး ညင်သာစွာ ပြုံးတယ်။ “ဘာမှမဟုတ်ဘူး။”
“ညီအစ်ကို'လင်း'၊ ဒါက ညီအစ်ကို'လု'၊ ငါနဲ့ ညီအစ်ကို'ယု'တို့ရဲ့အတန်းဖော်သူငယ်ချင်း” မုရန် အပြုံးဖြင့်မိတ်ဆက်ပေးလိုက်သည်။
"လုရန်” လုရန် ခေါင်းညိတ်ပြပြီး ဖျော့တော့စွာ မိတ်ဆက်သည်။
လင်းဂျန် ခေါင်းညိတ်ရင်းဖြင့် "လင်းဂျန်!"
လုရန် တံတားဆီက ပုံရိပ်ကို ကြည့်ပြီး သူတို့ ၃ ယောက်ကို အလျင်စလိုပြောလိုက်သည်။ “ကျွန်တော့်မှာ လုပ်စရာရှိသေးလို့ အရင်ပြန်လိုက်ပါမယ်။ နောက်ကျ လာခဲ့ပါမယ်။”
သူပြောပြီးတာနဲ့ မုရန်က သူ့ကို “ဟေး! ညီအစ်ကို'လု' ငါတို့ ရေကန်ဆီ လည်ပတ်ဖို့ သွားမယ်လို့ သဘောတူထားမယ်မဟုတ်လား?”