ပါရာဂွန်သွေးကို ကနဦးစုပ်ယူခြင်း
Vol. 75 Ch. 1044
တောင်ပင်လယ်လောကသားများမှာ သူတို့လောကအပြင်တွင် ဖြစ်ပျက်နေသောအရာအား ဘယ်နည်းနှင့်မျှ မသိကြပေ။
ကိုးပင်လယ်နတ်လောကထဲရှိ တောင်တန်းနှစ်တန်းကြားတွင် ကန်ရေများသည် အကာအကွယ်အပေါ်၌ စုဝေးလာကြသည်။ တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခုက အသံမထွက်ဘဲ နေအိမ်အတွင်းမှ လမ်းလျှောက်ထွက်လာသည်။
မန်ဟိုသည် ဤပုဂ္ဂိုလ်ကို စောစောက အာရုံရခဲ့ပြီးဖြစ်၍ ထိုကောင်လေး လမ်းလျှောက်ထွက်လာသည်ကို မြင်လျှင် မျက်နှာအမူအရာတစ်ချက် ပြောင်းမသွားပေ။ ကောင်လေးက အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်ထင်ရပြီး တည်ကြည်သောမျက်နှာထားကို ဆင်မြန်းထားသည်။ သူက လမ်းလျှောက်ထွက်လာလျှင်ချင်း လက်ယှက်၍ မန်ဟို့ကို အရိုအသေပေးသည်။
“ဘယ်လောက် အံ့ဖွယ်ကောင်းတဲ့ ရုပ်သေးရုပ်လဲ” မန်ဟိုက ကောင်လေးထံသို့ လျှောက်သွားရင်း ရေရွတ်လိုက်သည်။ ကောင်လေးသည် ရှားပါးသော အရောင်စိုစိုကျောက်စိမ်းတုံးတစ်တုံးမှ ထွင်းထုခံထားရပုံပေါ်သည်။
မန်ဟိုက ရုပ်တုအပေါ်သို့ လှမ်းဖိချသည်။ ချက်ချင်းပင် ရုပ်သေးထိန်းချုပ်ဂါထာတစ်ပုဒ်က သူ့စိတ်ထဲတွင် ပေါ်လာ၏။
“ဒီကျင့်ကြံခြင်းဂူက ကိုးပင်လယ်နတ်လောကမှာ အကောင်းဆုံးဖြစ်ရမယ်” သူက တွေးသည်။ “ဒီလိုနေရာတစ်နေရာကပဲ ဒီလိုရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားဖို့ ထိုက်တန်မှာ။ ငါ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တွေကို ရယူဖို့လိုတိုင်း သူ့ကို လွှတ်လိုက်ဖို့ပဲ လိုတော့တယ်
“ဒါ့အပြင် သူ့မှာ အဆင့် ၇ အင်မော်တယ်နဲ့ ညီမျှတဲ့ အတိုက်အခိုက်စွမ်းရည်ရှိတဲ့ပုံပဲ”
မန်ဟိုမှာ အလွန်ကျေနပ်နေတော့သည်။ ဤကျင့်ကြံခြင်းဂူသည် သူ နေထိုင်ခဲ့ဖူးသော ကျင့်ကြံခြင်းဂူတိုင်းထက် သာ၏။ ရေကန်မှာ ရေတံခွန်မှ ရေဖြည့်ပေးနေသည်ဖြစ်စေ၊ မဖြည့်ပေးသည်ဖြစ်စေ၊ ပြာလဲ့ကြည်လင်နေမြဲပင်။ ထိုမျှသာကမ ရေကန်သည် တကယ်တမ်း ရေချိုမဟုတ်ဘဲ ပင်လယ်ရေငန်များ ပြည့်နေခြင်းဖြစ်၏။
“ဘယ်လောက် စဉ်းစားတတ်လိုက်သလဲ” သူက ပြောပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ကာ ချက်ချင်းပင် မိစ္ဆာကျင့်ကြံသူ ၃၃ ယောက်အား သူ့သိုလှောင်အိတ်ထဲမှ ပျံထွက်၍ ရေကန်ထဲ ပလုံခနဲ ကျသွားစေသည်။
သူတို တုံ့ပင်မတုံပြန်နိုင်ခင် မန်ဟိုက မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ မိစ္ဆာကျင့်ကြံသူ ၃၃ ယောက်လုံး ချိတ်ပိတ်ခံလိုက်ရသဖြင့် တဖောက်ဖောက် မြည်သံများ ကြားလိုက်ရ၏။ သူတို့အားလုံးမှာ မူလအသွင်ပြန်ပြောင်းသွားကြပြီး မန်ဟို့ကို ဒေါသတကြီး အော်ဆဲနေကြတော့သည်။
“ပိတ်ထားစမ်း” သူက ငေါက်ငမ်းလိုက်သည်။ သူ့အသံသည် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွားကာ မိစ္ဆာကျင့်ကြံသူအားလုံးကို တုန်ရီသွားစေ၏။ အချိန်အနည်းငယ်ကြာသော် အရာအားလုံးတိတ်ဆိတ်သွားသည်။ မိစ္ဆာကျင့်ကြံသူများမှာ ယခုတွင် ပင်လယ်သားရဲများပုံစံပြန်ဖြစ်သွားသော်လည်း မန်ဟို့ကို စိတ်ဆိုးမာန်ဆိုး ကြည့်နေကြဆဲပင်။
အထူးသဖြင့် ဧရာမကမာခွံကြီးပင်။ ၎င်းက ယခုတွင် ဟလာပြီး သူ့ကို အဆိပ်ပြင်းပြင်းစိုက်ကြည့်နေသော မျက်လုံးတစ်စုံအား ဖော်ပြလိုက်သည်။
အင်မတန် ရက်စက်ကြမ်းကြုတ်ပုံပေါ်သော လိပ်ကြီးတစ်ကောင်လည်း ရှိသည်။
ထိုနှစ်ကောင်အပြင် ပုဇွန်ကြီးတစ်ကောင်၊ ဂဏန်းတစ်ကောင်၊ ရေနဂါးနှင့် အခြားအကောင်များရှိသည်။ မန်ဟိုက သူတို့ကို လှမ်းကြည့်နေရင်း ရုတ်တရက် ရယ်စရာအတွေးတစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။
“ရေကန်က အိုးအကြီးကြီးနဲ့ တူတယ်ဆိုတော့ ငါသာ ရေကို အပူပေးလိုက်ရင်....” သူက တံတွေး ဂလုခနဲ မြိုချပြီးနောက် ကို့ရို့ကားရားအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် စောစောက ပါးစပ်ပိတ်ထားခိုင်းခဲ့သော မိစ္ဆာကျင့်ကြံသူများက မချုပ်တည်းနိုင်တော့ဘဲ အော်ဟစ်ကြပြန်သည်။ တချို့က မန်ဟို့ကို တိုက်ခိုက်ရန်ပင် ကြိုးစားကြ၏။
မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်ကာ လက်ချောင်းကို အောက်သို့ ထိုးလိုက်ရာ သူတို့အပေါ်သို့ အလေးတုံးကြီးသက်ရောက်သွားစေသည့်အလား သူတို့အကုန်လုံးအား ပြင်းပြင်းထန်ထန် တုန်ရီလာစေသည်။ သူတို့အတွက် ရေကန်ထဲမှ ထွက်သွားရန် မဖြစ်နိုင်ရာ ထပ်မံ၍ မုန်းမုန်းတီးတီး ဆဲဆိုသံများ ထွက်လာသည်။
မန်ဟိုသည် သူတို့ကို လျစ်လျူရှုရင်း ညာလက်ချောင်းကို ဝှေ့ယမ်းကာ သူ့အင်မော်တယ်အကြောများမှ နတ်မီးတောက်အမျှင်တစ်မျှင် ထွက်လာစေလိုက်၏။ ၎င်းက ရေထဲကျသွားပြီး မျက်စိတစ်မှိတ်အတွင်း ရေများ ပလုံစီထလာတော့သည်။
မန်ဟိုက ချောင်းဟန့်ပြီးနောက် ရှုက်ကိုးရှက်ကန်းဆိုသည်။ “မင်းတို့ တိုးတိုးမနေရင် ငါ မင်းတို့ကို ပြုတ်ပြီး ဟော့ပေါ့လုပ်စားမှ အဆိုးမဆိုနဲ့”
သူ့စကားလုံးများနှင့် ကန်ရေများ လျင်မြန်စွာ ပူလာသည့်အချက်က မိစ္ဆာကျင့်ကြံသူများကို တုန်ရီလာစေသည်။ သူတို့က မန်ဟို့ကို မုန်းမုန်းတီးတီး မကြည့်တော့ဘဲ ... ကြောက်လန့်တကြား ကြည့်နေကြလေပြီ။
မိစ္ဆာကျင့်ကြံသူများ ငြိမ်ကျသွားသည်ကို မြင်လျှင် မန်ဟိုက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း နတ်မီးတောက်အဆီအနှစ်မျှင်အား ပြန်နုတ်ယူလိုက်သည်။ ရေအပူချိန်သည် ချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွား၏။
“ဒီလိုမှပေါ့” သူက စိတ်အားထက်သန်စွာ ပြောသည်။ “လိမ်လိမ်မာမာနေ ခိုင်းတဲ့အတိုင်းလုပ်။ မင်းတို့က ငါ့အပေါ် အကြွေးတင်ပြီး ပြန်မှမဆပ်နိုင်တာ။ ဒါ့ကြောင့် မင်းတို့ကိုယ်မင်းတို့ ငါ့ဆီရောင်းလိုက်ရတာပဲ။ ကဲ အခု မင်းတို့ကိုယ်မင်းတို့ ဘယ်လိုရောင်းရမလဲ သင်ပေးဖို့ ဆရာတစ်ယောက် ခေါ်ပေးမယ်” ထိုသို့ပြောပြီး သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကြက်တူရွေးသည် အနက်ရောင်အလင်းတန်းထဲမှ ပျံထွက်လာ၏။
စက်သေနတ်ပစ်သကဲ့သို့ စကားသံများနှင့်အတူ ခေါင်းလောင်းသံအား တချွင်ချွင် ကြားလိုက်ရသည်။
“သခင်ငါး ထွက်လာပြီကွ။ ငါကိုယ်တော် သခင်ငါး အဲဒီသိုလှောင်အိတ်ထဲ ဘယ်တော့မှ ပြန်မဝင်ဘူးလို့ ကျိန်တယ်။ သခင်ငါး လွတ်ပြီ။ သခင်ငါး.... အီး” သခင်ငါးသည် လက်သီးလက်မောင်းတန်း ဟစ်ကြွေးနေရင်းတန်းလန်း ရေကန်ထဲရှိ မိစ္ဆာကျင့်ကြံသူများကို ငုံ့ကြည့်လိုက်၏။
အသားဂျယ်လီခေါင်းလောင်းလည်း ဒေါသတကြီး ဟိန်းဟောက်နေရင်းတန်းလန်း ကြက်တူရွေး တိတ်ဆိတ်သွားသည်ကို သတိထားမိလိုက်သည်။ ၎င်းလည်း မိစ္ဆာကျင့်ကြံသူများကို ငုံ့ကြည့်လိုက်သည်။
အသားဂျယ်လီမှာ တခဏတိတ်ဆိတ်နေပြီးသော် စိတ်လှုပ်ရှားလာပြီး ပြောတော့သည်။ “ငါတို့ ရေအတူချိုးရမှာလား” ၎င်းကား အတူဝင်ချိုးချင်နေသည့်အလားပင်။
ကြက်တူရွေးက အခြေအနေကို ကြည့်ရင်း တစ်ပတ်ပျံသန်းပြီးနောက် အော်ဟစ်လိုက်သည်။ “သောက်ပိန်း။ သူ ဟော့ပေါ့ပြုတ်နေတာ မမြင်ဘူးလား။ သူတို့က ရေချိုးနေတာမဟုတ်ဘူးကွ။ သောက်ကျိုးနည်းတဲ့မှ ဘာလို့ ဒီပင်လယ်စာတစ်ကောင်မှာမှ အမွှေးမရှိရတာလဲ”
မန်ဟိုက လည်ချောင်းရှင်းပြီးနောက် အသားဂျယ်လီကို ခေါ်လိုက်သည်။ “ဒီလူတွေအကုန်လုံးက လူယုတ်မာတွေပဲ။ ရေကြည့်ချင်လည်း ရေကြည့် သုံးကောင်ရှိတယ်။ ငါ သူတို့ကို မင်း လူတွေကို ပြောင်းလဲပေးတဲ့ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံဖို့အတွက် တမင် ဖမ်းလာပေးတာ”
အသားဂျယ်လီမှာ စိတ်လှုပ်တရှား တုန်ရီလာပြီး ရေတွက်တော့သည်။ ရေတွက်ပြီးသောအခါ ၎င်းက မန်ဟို့ကို တစ်လောကလုံးတွင် စိတ်ထားအပြည့်ဝဆုံး လူတစ်ယောက်သဖွယ် လှမ်းကြည့်သည်။ အသားဂျယ်လီ၏အမြင်တွင် မန်ဟိုကဲ့သို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသော သခင်တစ်ယောက်အား တစ်ခါမှ မဆုံတွေ့ခဲ့ဖူးသယောင်ပင်။
မန်ဟိုက သူတို့နှစ်ယောက်သားမှာ မိတ်ဆွေကောင်းကြီးများအလား ပြုံးလိုက်သည်။ ထို့နောက် သူက ကြက်တူရွေးကို လှမ်းကြည့်၍ ခြိမ်းခြောက်လေသည်။
“ငါတို့ ဒီပင်လယ်စာတွေကို ရောင်းနိုင်ရင် မင်း အကျိုးအမြတ်ရမယ်။ တစ်ကောင်စီအတွက် အင်မတန်အမွှေးထူတဲ့ သတ္တဝါတစ်ကောင် ရှာပေးမယ်
“မင်း သူတို့ကို ထိန်းကျောင်းနိုင်ရင်တော့ နောက်ပိုင်း ငါ မင်းကို သုံးဆယ်ရာခိုင်နှုန်းခွဲပေးမယ်”
ကြက်တူရွေးသည် ‘အင်မတန်အမွှေးထူတဲ့’ ဆိုသော စကားလုံးကို ကြားလျှင် ချက်ချင်းဆိုသလို အလွန်စိတ်လှုပ်ရှားလာတော့သည်။ ၎င်းမှ အင်မတန်အမွှေးထူသော သတ္တဝါပေါင်းစုံကို မြင်ယောင်ရင်း သွားရည်ယိုလာတော့၏။ ၎င်းက မန်ဟို့အကြံအစည်ကို ချက်ချင်း သဘောတူလိုက်သည်။
မန်ဟိုက အသားဂျယ်လီနှင့် ကြက်တူရွေးတို့ မိစ္ဆာကျင့်ကြံသူများအား စတင်နှိပ်စက်နေကြစဉ် ၎င်းတို့အား လျစ်လျူရှုလိုက်သည်။ သူသည် ၎င်းတို့မည်မျှ “အစွမ်းထက်ကြောင်း”ထည့်တွက်လျှင် မိစ္ဆာကျင့်ကြံသူပင်လယ်စာများကို အပိုးကျိုးအောင် လုပ်ခြင်းက ၎င်းတို့အတွက် မဖြစ်နိုင်သည့်အရာမဟုတ်မှန်း ကောင်းကောင်းသိ၏။
“ပြီးတော့ ဟိုမိန်းမစုရန်ရှိသေးတယ်” သူက တွေးသည်။ “ရက်နည်းနည်းစောင့်ပြီးရင် ကြက်တူရွေးနဲ့ အသားဂျယ်လီလက်ထဲ ထည့်ပြီး ပြန်ဆုံးမခိုင်းရမယ်။ အဲဒါပြီးရင်တော့ သူ ဆက်တောင်ခံနိုင်ဦးမယ်လို့ ငါ မယုံဘူး” သူသည် စိတ်ပိုင်းဖြတ်ပြီးသည့်အခါ နေအိမ်ထဲ ဝင်ရောက်လိုက်၏။
နေအိမ်သည် သိပ်မကြီးလှသော်လည်း ဒုတိယအထပ်တွင် ကျောက်တံခါးတစ်ချပ် ရှိသည်။ ကျောက်တံခါးအနောက်တွင် အတော်လေးကျယ်သော အခန်းသုံးခန်းရှိလေသည်။
၎င်းတို့ကို စစ်ဆေးပြီးနောက် မန်ဟိုသည် တခဏ တစ်ယောက်တည်း ရေရွတ်နေသည်။ ထို့နောက် သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ချေးပိုးထိုးအကောင်သုံးဆယ် ပြန်ထွက်လာ၏။ အခန်းသုံးခန်းအနက် တစ်ခန်းလျှင် ဆယ်ကောင်စီ နေရာယူလိုက်စေသည်။
မန်ဟိုက ၎င်းတို့ကျောပေါ်ရှိ သရဲမျက်လုံးများကို တွေးတွေးဆဆ ကြည့်လိုက်သည်။ “စုရန် ဒီကောင်တွေကို သရဲမျက်လုံးချေးပိုးထိုးလို့ခေါ်တာ ငါ ကြားလိုက်တယ်....
“သူတို့က ဝိညာဉ်အင်မော်တယ်ကျောက်တုံးတွေကို စားရတာ ကြိုက်တယ်ဆိုတော့ သူတို့ဆန္ဒကို ဖြည့်ဆည်းပေးပြီး ... အဆုံးသတ်မှာ ဘယ်လိုသရဲမျက်လုံးမျိုး ပေါ်လာမလဲ ကြည့်ရတာပေါ့” သူသည် ယခင်ကတည်းက ယခုလိုအကြံမျိုး ရခဲ့သည့်အတွက် အံတင်းတင်းကြိတ်ရင်း ထပ်မံတုံ့ဆိုင်းမနေတော့ပေ။ သူ့မှာ ဝိညာဉ်ကျောက်တုံးများကို နှမြောသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် တစ်ခုကို လိုချင်ပါက အခြားတစ်ခုကို စွန့်လွှတ်ရသည်မဟုတ်ပါလော။
သူက ၎င်းတို့ တစ်ကောင်နှင့်တစ်ကောင် အသည်းအသန်တိုက်ခိုက်ခြင်းမပြုအောင် ချေးပိုးထိုးတစ်ကောင်ချင်းစီကို ကျောက်တုံးတစ်တုံးစီ ပစ်ပေးလိုက်သည်။ သူ့တွင် သရဲမျက်လုံး ငါးရာသာ ရှိ၍ ၎င်းတို့ တစ်ကောင်နှင့်တစ်ကောင် မတိုက်ခိုက်အောင် ကာကွယ်ချင်လေသည်။
သရဲမျက်လုံးချေးပိုးထိုးများအတွက် ဝိညာဉ်အင်မော်တယ်ကျောက်တုံးများကို စားရန် သိပ်မကြာလိုက်ပေ။ ထို့နောက် ၎င်းတို့က တုတ်တုတ်မှမလှုပ်ဘဲ ရပ်လိုက်ကြသည်။ သို့သော် ၎င်းတို့၏အရှိန်အဝါများက အားကောင်းလာပြီး ခန္ဓာကိုယ်များက ၎င်းတို့ စုပ်ယူခဲ့သော ကျောက်တုံးများမှ စွမ်းအင်များကို စုပ်ယူနေသည့်အလား သန်မာလာသည်။
တခဏ စဉ်းစားပြီးသော် သူသည် သရဲမျက်လုံးချေးပိုးထိုးများ စွမ်းအင်စုပ်ယူရန် အချိန်ယူနေရမှတော့ ရုပ်သေးကောင်လေးကို အသုံးပြုကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ သူ့ကို ဆင့်ခေါ်ပြီးသော် မန်ဟိုက ရုပ်သေးကောင်လေးအား ဝိညာဉ်အင်မော်တယ်ကျောက်တုံးတချို့ပေး၍ လိုအပ်လျှင် ထိုကျောက်တုံးများကို ချေးပိုးထိုးများထံ ကျွေးခိုင်းလိုက်သည်။ ထို့နောက် သူသည် ကျောက်သားအခန်းများမှ ထွက်လာပြီး ဒုတိယအထပ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
သူက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် မျက်လုံးများ၌ စိတ်ပိုင်းဖြတ်ထားသော အရိပ်အယောင်တို့ တောက်ပနေလျက် ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် သိုလှောင်အိတ်တစ်လုံးပေါ်လာကာ သူသည် ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ အထဲ၌ ဝိညာဉ်ကျောက်တုံများနှင့် အင်မော်တယ်ကျောက်တုံးများအပြင် အမွှေးနံ့သာအိုးတစ်လုံးကို မြင်လိုက်သည်။
အမွှေးနံ့သာအိုးသည် ရှေးကျသောခံစားချက်ကို ပေးစွမ်းနေပြီး ၎င်း၏အရှိန်အဝါမှာ အချိန်အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေ၏။
“ဒီပစ္စည်းက ဘွားဘွားကိုး ပြောတဲ့ အင်မော်တယ်ရတနာဆိုတာ ဖြစ်ရမယ်” သူက တွေးလိုက်သည်။ ၎င်းကို တခဏ လျစ်လျူရှုရင်း သူက သိုလှောင်အိတ်ကို စိတ်လှုပ်တရှား မွှေနှောက်လိုက်ရာ အဖိုးတန်ဆုံးပစ္စည်းကို ရှာတွေ့သွားသည်။
ကျောက်စိမ်းပုလင်းတစ်ပုလင်း။
ပုလင်းသည် လက်သန်းတစ်ချောင်းအရွယ်သာ ရှိပြီး ... အနီရောင်အရည်စက်တစ်စက် ပါရှိသည်။ ၎င်းက ... ပါရာဂွန်သွေးမှတစ်ပါး အခြားမဟုတ်ပေ။
သူက ပုလင်းကို သိုလှောင်အိတ်ထဲမှ ဂရုတစိုက်ထုတ်ပြီးနောက် လက်ဝါးပေါ်တင်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူရင်း တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲနှင့် သူ မည်ကဲ့သို့ပထမနေရာရခဲ့ပုံကို ပြန်တွေးကြည့်လိုက်သည်။ အကြောင်းတစ်စုံတရာကြောင့် ၎င်းမှာ အလွန့်အလွန်ကြာမြင့်ခဲ့သယောင် ထင်ရသည်။
“နောက်ဆုံးတော့ ငါ ဆုကို ရပြီ။ ဒါပေမဲ့ ... ဒီသွေးက ဘယ်ပါရာဂွန်ဆီက ဖြစ်လောက်မလဲ။ အဖြူရောင်ဝတ်ရုံနှင့် ပင်လယ်အိပ်မက်လား။ အင်မော်တယ်ရှေးဟောင်းလား... ဒါမှမဟုတ် ပါရာဂွန်ကိုးတံဆိပ်များ ဖြစ်နိုင်မလား” သူက အသက်ပြင်းပြင်းရှူပြီး ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။ ပါရာဂွန်၏သွေးကို သွန်ချမည့်အစား သူသည် သူ၏နတ်ဘုရားအာရုံကို ပုလင်းထဲ ဖြေးဖြေးချင်း စေလွှတ်လိုက်၏။
သူ့သွေး ပါရာဂွန်သွေးနှင့် ထိလိုက်လျှင်ချင်း သွေးမြူများထလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက သူ့နတ်ဘုရားအာရုံကို လွှမ်းခြုံလိုက်သည်။ သူ့မှာ အံ့အားသင့်သွားသော်လည်း တခဏတွန့်ဆုတ်နေပြီးနောက် အံတင်းတင်းကြိတ်၍ မလှုပ်မယှက်ထိုင်လိုက်သည်။
သွေးမျှင်သည် သူ့မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့ထဲ ထိုးဖောက်ဝင်ရောက်လာ၏။ ထိုအခိုက်အတန့်တွင် သူက ပါရာဂွန်သွေးအထဲမှ ထွက်မလာနိုင်အောင် ကျောက်စိမ်းပုလင်းကို ပိတ်လိုက်သည်။ ကြည့်ရသရွေ့ ထိုသွေးစက်တွင် သွေးသုံးဆယ်ရာခိုင်နှုန်းသာ ပါသယောင်ပင်။
သို့သော် ထိုသုံးဆယ်ရာခိုင်နှုန်းက သူ့ကိုယ်တစ်လျှောက် အသည်းအသန် စီးဆင်းသွားသော ကြောက်ခမန်းလိလိ စွမ်းအားတစ်ရပ်ကို ဖန်တီးခဲ့သည်။
သွေးကြောများ သူ့မျက်နှာပေါ်တွင် ဖောင်းကြွလာပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ သွေးမြူများသည် သူ့အင်မော်တယ်အကြောများထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အမျှင်သန်းပေါင်းများစွာအဖြစ် ခွဲထွက်သွားသည်။ တဖြေးဖြေး တာအိုသစ်သီးတစ်လုံး၏ ခပ်ရေးရေးစွမ်းအားသည် စတင်ဖြစ်ပေါ်လာ၏။
အချိန်အနည်းငယ်ကြာသော် ၎င်းသည် မန်ဟို့ခန္ဓာကိုယ်ထဲတွင် ပြိုကွဲသွားပြီး ဟိုဟိုသည်သည် ကူးလူးသွားသည်။
သူ့မှာ တအံ့တဩဖြင့် နိဗ္ဗာနသစ်သီးတစ်လုံးကို အလျင်အမြန် ထုတ်ကာ နဖူးထဲ ဖိထည့်လိုက်၏။ ထိုအခိုက်အတန့်တွင် သူ့ကိုယ်ထဲရှိ အမျှင်သန်းပေါင်းများစွာမှာ ၎င်းတို့၏ထွက်ပေါက်ကို တွေ့ရှိသွားသည့်အလားပင်။
သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ့အရှိန်အဝါက တဟုန်ထိုးမြင့်တက်သွားသည်။ သူ၏အင်မော်တယ်ချီအားလုံး ထုတ်လွှတ်ခံလိုက်ရသည်။ နိဗ္ဗာနသစ်သီးသည် သူ့သွေးကြောများနှင့် ချီကြောများဖြင့် တစ်သားတည်းဖြစ်လာနေသဖြင့် သူ့စွမ်းအားတို့မှာ တဖွေးဖွေး လှုပ်လာတော့သည်။
သူသာ ၎င်းကို အပြည့်အဝ စုပ်ယူနိုင်လျှင် သူသည် နိဗ္ဗာနသစ်သီးနှင့် အောင်အောင်မြင်မြင် ပေါင်းစည်းသွားပြီးပြီဟု ဆိုလိုလိမ့်မည်။ သူသည် အင်မော်တယ်နယ်ပယ်မှ တက်၍ အင်မော်တယ်ဧကရာဇ်အဆင့်တွင် တည်မြဲစွာ နေနိုင်သည်အထိ မယုံနိုင်လောက်အောင် အစွမ်းထက်သွားလိမ့်မည်ဟုလည်း ဆိုလို၏။
***