← Chapters

လိမ်လည်ခြင်း။

Vol. 5 Ch. 103

လိမ်လည်ခြင်း။

Vol. 5 Ch. 103

“မင်းတို့ အရင်သွားနှင့် ငါ နောက်ကျမှ လိုက်ခဲ့မယ်။”

လုရန် မုရန်ရဲ့ လက်ကို ဆွဲဖယ်လိုက်ပြီး တံတားဆီ လျှောက်လာခဲ့သည်။

လင်းဂျန် လုရန်ရဲ့ နောက်ကျောကို စူးစူးစိုက်စိုက်ကြည့်ပြီး စဉ်းစားပြီးနောက် ယုရန်နဲ့ မုရန်ကို ကြည့်ပြီး "ညီအစ်ကို'လု' ထွက်သွားတာအလျင်လိုတယ်။ အရေးပေါ်ကိစ္စ တစ်ခုခုဖြစ်မှာ စိုးမိတယ်။ ငါတို့ ဘာလို့ သူ့အနောက် မလိုက်ရမှာလဲ?”

“ကောင်းပြီ!” မုရန် ခေါင်းညိတ်လိုက်သည်။

ယုရန်လည်း အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

"သွားကြရအောင်။"

လင်းဂျန် ဦးဆောင်ပြီး တံတားဆီကို လျှောက်လာခဲ့သည်။

တံတားကိုဖြတ်ပြီး ခဏကြာလမ်းလျှောက်ပြီးနောက် ‘သစ်ရွက် ၁၀၀၀ တည်းခိုခန်း’ ဆိုသည့် စကားလုံးကို လုရှန်း မြင်လိုက်ရသည်။

သူမ ပြုံးလျက် ဝင်တော့မည်အချိန် လုရန်ရဲ့အသံ အနောက်မှ ထွက်လာခဲ့သည်။

“အားရှန်း!”

လုရှန်း ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် လုရန် လျှောက်လာတာကို တွေ့လိုက်ရသည်။ လုရန် သံသယစိတ်ဖြင့် မေးမြန်း၏။ "မင်းဒီမှာ ဘာလုပ်နေတာလဲ?”

“အစ်ကို ဒီတည်းခိုခန်းက ဟောင်ရန်မြို့ရဲ့ အကောင်းဆုံးတည်းခိုခန်းလို့ ကြားမိတယ်။ ဒီနေ့ ကိစ္စတချို့ဖြေရှင်းပြီးတော့ တချက်လာကြည့်ဖို့ စိတ်ကူးထားတာ။”

သူမရဲ့ လေသံသည် တည်ငြိမ်ပြီး အပြစ်မရှိပုံပေါ်၏။

လုရန် ဒီစကားကိုကြားတော့ ၈၀% ယုံကြည်သွားတော့သည်။

မကြာသေးခင်က လုရှန်းမြို့ကို မကြာခဏ လာတတ်သည်။ သူမ အရင်က ဒီနေရာကို မရောက်ဖူးတာမို့   စပ်စုတာ မအံ့ဩမိဘူး။

"အစ်ကို ဘာလို့ ဒီရောက်နေတာလဲ?”

“သူငယ်ချင်းတွေနဲ့ ရေကန်ဘက်သွားမလို့။ မင်းကို တွေ့လိုက်လို့ ရောက်လာတာ။”

“မင်းတို့ တစ်ယောက်နဲ့တစ်ယောက် အသိတွေလား?”

လင်းဂျန် နှစ်ယောက်သားကို အံ့သြစွာ ကြည့်နေလေသည်။

လုရှန်း မော့ကြည့်လိုက်တယ်။ သူ့ကို မြင်တော့ မျက်မှောင်ကြုတ်သွားမိသည်။

မုရန်က လုရှန်းကို ကြည့်ပြီး သူ့မျက်လုံးတွေ တောက်ပသွားတယ်။

မုရန် လုရန်ကို ညင်သာစွာ ပုတ်ပြီး မျက်လုံးတဖက်မှိတ်ပြလိုက်သည်။ “ညီအစ်ကို'လု' မင်းမှာ လုပ်စရာရှိတယ်လို့ ပြောပြီး ငါတို့ကို လှည့်စားခဲ့တယ်။ အဆုံးသတ်မှာ မင်းက အလှလေးနဲ့ တွေ့ဖို့ တိတ်တဆိတ် ထွက်သွားတာပဲ။”

“ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ?”

လုရန် မျက်လုံးမှိတ်လိုက်ပြီး ယုရန်နဲ့ လင်းဂျန်တို့နဲ့ မိတ်ဆက်ပေးသည်။ "ဒါ ငါ့ညီမ လုရှန်း။"

“အာ!” မုရန် ရုတ်တရက် နားလည်သွားကြသည်။ "လှလိုက်တဲ့ ညီမလေး!"

"မင်္ဂလာပါ မိန်းကလေး'လု'!" ယုရန် သူမကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

လုရှန်း ခေါင်းညိတ်ပြပြီး လင်းဂျန်ကို အလိုအလျောက် လျစ်လျူရှုထားလိုက်သည်။

လင်းဂျန် စကားပြောတော့မည့်အချိန် လူတစ်ယောက် ရုတ်တရက် တံခါးမှ ထွက်လာတယ်။

ရုတ်တရက် သူ့ပါးစပ်ကိုပိတ်ပြီး ထိုလူကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

လုရှန်း တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူမ ပြန်လှည့်ကြည့်လိုက်ချိန် လုကျန့်က တည်းခိုခန်းထဲက ထွက်လာတာကို တွေ့လိုက်ရသည်။

လုရှန်း သူ့ကို မျက်တောင်ခတ်ပြီး သူ့ဆီ မလာဖို့ အချက်ပြလိုက်သည်။

သို့သော် လင်းဂျန်မှ ရှေ့လျှောက်သွားပြီး လုကျန့်ကို "လင်းဂျန်က တတိယမင်းသားကို နှုတ်ဆက်ပါတယ်။"

လင်းဂျန် ပြောလိုက်ချိန် လုရန်၊ ယုရန်နဲ့ မုရန်တို့ရဲ့ အမူအရာများ သိသိသာသာ ပြောင်းလဲသွားတော့သည် ။

သုံးယောက်သား စိုးရိမ်ထိတ်လန့်သွားကာ ရှေ့ကို လျှောက်လာပြီး စကားမပြောရဲပေ။

လုရှန်း သက်သာရာရစွာ သက်ပြင်းလေးလံစွာ ချမိသည်။ သို့သော် လုကျန့် သူတို့ကို ခေါင်းညိတ်ပြပြီးနောက် “မင်း ဒီကိုရောက်ကတည်းက ဘာလို့ မဝင်တာလဲ?”

လုရန်နဲ့ ကျန်လူတွေက ထိုစကားကို ကြားတော့ အမူအရာပြောင်းသွားလဲ၏။

လုရှန်း မကြားချင်ယောင်ဆောင်ပြီး ဘေးဘက်ကို ဆုတ်လိုက်သည်။ သူမ ခေါင်းငုံ့ကာ စကားမပြောပေ။

လုကျန့် မျက်မှောင်ကြုံ့ပြီး သူမကို စိုက်ကြည့်ကာ “ဘာလို့ ဘာမှမပြောတာလဲ?”

လုရှန်း ပြောစရာမဲ့နေ၏။

သူ့ဆရာက သူမ အကြည့်ကို မမြင်လိုက်ဘူးလား?

တောသူမလေးက တတိယမင်းသားကို ဘယ်လိုလုပ်သိနိုင်မှာလဲ?

သူမ ဆရာက သူမ သေမတတ် ဒေါသထွက်တာကို မြင်ချင်တာလား? ဒါမှမဟုတ် သူမ အစ်ကိုကို သေမတတ်ခြောက်နေတာလား?

“တတိယမင်းသား မိန်းကလေး'လု'ကို သိသလား?”

လင်းဂျန် အရဲစွန့်ကာ မေးလိုက်တယ်။

“မသိဘူး!”

လုကျန့်၏ စကားကို မစောင့်ဘဲ လုရှန်း အရင်ပြောလိုက်၏။

သို့သော် သူမရဲ့ တုံ့ပြန်မှုက အပြစ်ရှိပုံပေါ်၏။

"ဟုတ်တယ်၊ ငါ သူမကို မသိဘူး။"

ဒီတော့မှ လုကျန့် ဒီတပည့်မ ဒီကိုမလာဖို့နဲ့ ထွက်သွားဖို့ပြောနေမှန်း နားလည်လိုက်တော့သည်။

သူ သွားတင်းတင်းကြိတ်ကာ လိမ်လည်လိုက်သည်။ “ဒီမိန်းကလေးက ငါ့သူငယ်ချင်းဟောင်းနဲ့ တူနေလို့ အမှတ်မှားသွားတာ။”

All Chapters