← Chapters

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခြင်း

Vol. 63 Ch. 877

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခြင်း

Vol. 63 Ch. 877

ရှန်ဟိုင်းသည် စည်ပင်ဝပြော၍ လူမျိပေါင်းစုံရှိသည့်အပြင် စီးပွားရေးအချက်အချာမြို့လည်း ဖြစ်၏။

သို့သော် တစ်နိုင်ငံလုံးရှိ လူများ၏အကြည့်များမှာ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်း၏မယုံနိုင်ဖွယ် ကမ်းလှမ်းမှုကြောင့် ဤမြို့အပေါ် ကျရောက်နေကြ၏။ နိုင်ငံ၏အဓိကမီဒီယာများမှာ အာရုံစိုက်နေကြသည်။ ‌ကျောက်စိမ်းနှင့်ရှေးဟောင်းပစ္စည်းတို့ကို ကြိုက်နှစ်သက်သော ပရိသတ်များနှင့် ကျောက်စိမ်းပညာရှင်များ စီးပွားရေးလုပ်ငန်းရှင်များပင်လျှင် အခြားမြို့များမှ ဤမြို့သို့ အသီးသီးရောက်ရှိနေကြ၏။

သုခဘုံစံအိမ်တွင် ယခုရက်ပိုင်းအတွင်း လာရောက်လည်ပတ်သူများ များပြားလွန်းသဖြင့် ထမင်းစားခန်း၊ အနားယူခန်း၊ ဖျော်ဖြေရေးခန်းမတို့မှာ ပြည့်ကျပ်နေချေသည်။ တည်းခိုသူအရေအတွက်မှာ များပြားလွန်းသဖြင့် အခန်းများပင်မလောက်ငချေ။

အခန်းငှားမရသည့်လူများက သုခံဘုံစံအိမ်အရှေ့တွင် ရွက်ဖျင်တဲများထိုး၍ ကျောက်စိမ်းရုပ် လာရောင်းမည့်သူများကို စောင့်နေကြသည်။

“ဘယ်သူတွေများ ဘီလျံနာသူဌေးတွေ ဖြစ်လာမှာပါလိမ့်”

ဤရက်ပိုင်းအတွင် လူတိုင်းသည် ထိုစကားကိုသာ ပြောနေကြချေသည်။

ဟောင်လဲ့သည် ယခုတွင် သုခံဘုံစံအိမ်၏ VIP အဆောက်အဦတွင် ရောက်ရှိနေပြီဖြစ်သည်။ သူမ၏နာမည်မှာ ဟိုးလေးတကျော်ကျော်ဖြစ်၍ အတော်လေးနာမည်ကြီးနေလေပြီ။ သူမက မျက်မှောင်ကြုတ်ကာ စိတ်ဖိစီးနေသောမျက်နှာအမူအရာဖြင့် အပြင်ရှိလူအုပ်ကြီးအား အချိန်အတော်ကြာ တိတ်တဆိတ် ရပ်ကြည့်နေလေသည်။

ကျွီ....

တံခါးပွင့်သွားပြီး ချီနန်က အခန်းတွင်းသို့ ပြုံးလျက် ၀င်လာသည်။ သူမက အံ့ဩမှင်သက်စွာ လှည့်ကြည့်လာသော ဟောင်လဲ့အား ပြုံးလျက်ပြော၏။ “ကဲ နာမည်ကြီးရတဲ့အရသာက ဘယ်လိုပဲ မမလဲ့လဲ့။ ပျော်ဖို့ကောင်းရဲ့လား”

ဟောင်လဲ့က အားတင်း၍ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ဒီလိုပွဲမျိုးသာ ဖြစ်သွားမယ်မှန်းသိရင် ကြီးကြပ်ပေးဖို့ သူဌေး ပြောခဲ့တုန်းက သဘောမတူခဲ့ပါဘူး။ မသေမချင်းရိုက်မယ်လို့ပြောရင်တောင် လျစ်လျူရှုခဲ့မှာ။ ငါ ပျော်နေတယ်ထို့ ထင်နေတာလား။ ဒါကလေ နှိပ်စက်နေသလိုပဲ။ ဒီကိစ္စက ငါ နောက်နောင်လုပ်မယ့် လုပ်ငန်းတွေကို နှောင့်ယှက်မှာ စိုးရိမ်မိတယ် သိလား။ ဘာပဲဖြစ်ဖြစ်ပါ။ နင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ ကျင်းမန်ကျွန်း ရုံးချုပ်မှာ သီးသန့်ကျင့်ကြံနေတာမဟုတ်ဘူးလား”

ချီနန်၏မျက်နှာပေါ်ရှိ အပြုံးက ပို၍တောက်ပသွားပြီး သူမက ဟောင်လဲ့အား အသာအယာ ဖက်လိုက်၏။ ထို့နောက် သူမက ပြုံးလျက်ပင် ပြောလေသည်။ “အမြဲတမ်းကျင့်ကြံနေလို့ပဲ ဘယ်ဖြစ်မလဲ ဟုတ်တယ်မလား။ အပြင်ထွက်ပြီး လေကောင်းလေသန့်လေးလည်း ရှူရမှာပေါ့။ ရှန်ဟိုင်းကို ပြန်လာတဲ့အချိန်မှာ ဒီလိုစိတ်၀င်စားစရာကိစ္စနဲ့ကြုံရမယ်လို့တော့ ထင်မထားဘူး”

“လာကြွားနေတာပေါ့ဟမ်” ဟောင်လဲ့က မျက်လုံးဝေ့၍ ခပ်ဆတ်ဆတ် ပြောလိုက်၏။

“ဘာလို့ ကြွားရမှာတုန်း” ချီနန်က ခပ်ဖွဖွပြုံး၍ ဖြေသည်။ “ကိုယ်ချင်းစာနေတာပါနော်။ ခစ်...ခစ်..ခစ်”

ဟောင်လဲ့က တခဏ တွေးပြီးနောက် ပြော၏။ “ဒါဆို ငါ သူဌေးကိုပြောပြီး နင့်ကို ဒီကိစ္စ ဦးစီးခိုင်းလိုက်မယ်လေ။ ခမ်းနားသောကံကြမ္မာလုပ်ငန်းစုကို ကိုယ်စားပြုပြီး အလုပ်လုပ်ရမှာ မခက်ခဲပါဘူး။ လူတွေကို ၁၂ ရာသီခွင်ကျောက်စိမ်းရုပ်တွေ တွေ့ရင် နင့်ကိုသွားရှာဖို့ ကြေညာလိုက်ရုံပဲ”

“ဟင့်အင်း ဟင့်အင်း”

ချီယန်၏အပြုံးမှာ အေးခဲသွားပြီး သူမက ကပျာကယာ လက်ခါ၏။ “ချစ်ဖို့ကောင်းတဲ့ မမလဲ့လဲ့။ ညီမကို အဲ့ဒီလိုမလုပ်ပါနဲ့နော်။ ပြီးတော့ ညီမမျက်နှာကို လူရှေ့ထွက်ပြဖို့ မသင့်တော်ဘူးလေ။ ပြီးတော့ သူဌေးက မမကို တာ၀န်‌ပေးခဲ့တာလေ သူဌေးရဲ့စကားကို အာမခံရဲပါဘူး။ သူဌေး ဆူတာခံရမှာပေါ့”

“ငါက တကယ်ကံမကောင်းတာပဲ။ ဟင်းးး.....” ဟောင်လဲ့က ခေါင်းခါရမ်း၍ သက်ပြင်းချလိုက်သည်။ “တကယ်ပဲ သူဌေးက ငါ့အပေါ်လွှဲချခဲ့တာပဲ”

“ဒါနဲ့ မမ ဘာလို့ သူဌေး ၁၂ ရာသီခွင်ကျောက်စိမ်းရုပ်တွေကို လိုက်စုနေတာလဲ။ တစ်ရုပ်ကို ဒေါ်လာသန်း ၁၀၀ ဆိုတော့ ဈေးက တော်တော်ကြီးတာနော်။ သူ့မှာ ငွေတွေပေါလွန်းလို့ သုံးစရာနည်းလမ်းမရှိတော့လို့များလား”

ဟောင်လဲ့က တခဏ တုံ့ဆိုင်းနေပြီးနောက် အသံကိုနှိမ့်၍ ပြော၏။ “ငါလည်း သေချာမသိဘူး။ မိုအားဝူတောင် မေးရဲတာမဟုတ်ဘူး။ နန်နန် နင် သူဌေးရဲ့အကျင့်စရိုက်ကို သိတယ်မလား။ သူကိုယ်တိုင် ပြောမပြသရွေ့ လျှောက်မမေးနဲ့”

“သိပါတယ်” ချီနန်က ခေါင်းညိတ်၍ အလျင်အမြန်ပြော၏။

“ငါသိတဲ့သူဌေးက ပိုက်ဆံကို အကြောင်းအရင်းမရှိဘဲ ဖြုန်းမှာမဟုတ်ဘူး နန်နန်ရဲ့။ ဟိုတလောက ရွှေအိုးတူးမိသွားရင်တောင်မှ‌‌ပေါ့” ဟောင်လဲ့က ပြောသည်။ “ဒီကိစ္စအတွက် ရည်ရွယ်ချက်တော့ ရှိရမယ်။ ဒါမှမဟုတ် ဒီကျောက်စိမ်းရုပ်တွေက တန်ဖိုးရှိလွန်းလို့ ဒေါ်လာသန်း ၁၀၀ ပေးရတာ တန်လို့နေမှာပေါ့”

“အင်းနော်။ သူဌေးက ဘယ်တော့မှ ရှုံးမယ့်စီးပွားရေးကို လုပ်မှာမဟုတ်ဘူး” ချီနန်က ထောက်ခံ၏။ “ဒါနဲ့ရွှေအိုးတူးမိသွားတယ်ဆို။ အဲ့ဒါကရော ဘာအဓိပ္ပာယ်လဲ”

“ဆော့လက်ဗန်ပိုင်းယားမျိုးနွယ်စုက သူဌေးနဲ့အပေးအယူလုပ်သွားတယ်လေ။ သူဌေးက သူတို့ကို ဆေးလုံး ၁၀၀ ရောင်းလိုက်တာ” ဟောင်လဲ့က ပြုံး၍ ‌ဖြေသည်။ “နင်သိလား။ သူတို့က ဆေးတစ်လုံးအတွက် ပေါင် သန်း ၂၀၀ ဒါမှမဟုတ် ကျင့်ကြံခြင်းအတွက် အသုံးဝင်တဲ့အရင်းအမြစ်တွေနဲ့လဲပြီး ၀ယ်သွားတာ”

ပေါင် သန်း ၂၀၀

အတောအတန် တန်ဖိုးကြီးသည့် ကုန်သွယ်မှုများကို တွေ့ကြုံခဲ့ဖူးသည့်တိုင် ချီနန်မှာ ထိုစကားကြောင့် အံအားသင့်သွား၏။ သူမ အတိတ်တုန်းက သင်ယူခဲ့ဖူးသော အပေးအယူများမှာ ယွမ်ဘီလီယံဂဏန်းတွင်သာ ရှိခဲ့သည်။ ပေါင် သန်း ၂၀၀ ပမာဏရှိသည့် အပေးအယူကို သူမ ကြားပင်မကြားဖူးခဲ့ချေ။

“မမလဲ့လဲ့ ဗန်ပိုင်းယားတွေက တုံးလွန်းတာလား ဒါမှမဟုတ် ရက်ရောလွန်းတာလားဟင်။ သူတို့က ဘာလို့ ဆေးလုံးတစ်လုံးအတွက် ငွေအများကြီး ပေးရတာလဲ။ သူတို့လည်း ငွေတွေ ဖြုန်းမကုန်လို့လား”

“သူဌေး ဖော်ထားတဲ့ဆေးလုံးတွေက ဗန်ပိုင်းယားတွေအတွက် အတော်လေးအစွမ်းထက်တယ်ဆိုပဲ။ သုခဘုံကလပ်မှာ နေသွားတဲ့ ရှန်းကျန်တောင် အဲ့ဒီဆေးလုံးတွေကနေ တော်တော်လေးအကျိုးအမြတ် ရလိုက်တယ်တဲ့”

ချီနန်မှာ သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်၏။ “ဗန်ပိုင်းယားတွေက သူတို့သန်မာလာဖို့ဆို ဘာမဆို သုံးပစ်ဖို့ ၀န်မလေးဘူးနော်”

သုခဘုံစံအိမ်ဂိတ်၀တွင်။

ယန်ဖန်းချောင်နှင့် ယွဲ့လီမှာ ပြေးလာခဲ့ရသဖြင့် ဟောဟဲလိုက်နေကြ၏။ သူတို့မှာ မနက်စာ‌‌သာမက နေ့လည်စာပါ မစားခဲ့ရသလို ပူလောင်လှသော ရာသီဥတုက သူတို့ ပင်ပန်းမောဟိုက် ဆာလောင်နေစေ၏။ ယန်ဖန်းချောင်သည် သားရေအိတ်တစ်အိတ်ကိုဆွဲ၍ ယွဲ့လီနှင့်အတူ သတင်းထောက်အုပ်ကြီးကို ဖြတ်ကာ အစောင့်များဖြင့် ပြည့်ကျပ်နေသည့် သုခဘုံစံအိမ်၏ဂိတ်၀သိူ့ ရောက်လာကြသည်။

“ကျေးဇူးပြုပြီး သုခဘုံစံအိမ်ရဲ့ VIP အဖွဲ့၀င်ကတ်ကို ပြပါ”

‌အစောင့်များ၏ကပ္ပတိန်အဖြစ် ယာယီတာ၀န်ယူထားသော ကျင်းရှီက သူတို့နှစ်ယောက်ကို ကြည့်၍ အေးစက်စွာ ပြောလေသည်။

ယန်ဖန်းချောင်နှင့် ယွဲ့လီမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် မချင့်မရဲပြော၏။ “ဟို ကျွန်တော်တို့မှာ VIP ကတ် မရှိဘူးခင်ဗျ”

“အရေးမကြီးပါဘူး” ကျင်းရှီက ပြောသည်။ “ယွမ် ၂ သန်းပေးပြီး သုခဘုံစံအိမ် VIP ကတ်ကို လျှောက်လို့ရပါတယ်။ ခင်ဗျားတို့ရဲ့ ငွေကိုလည်း အဲ့ဒီကတ်ထဲမှာ သိမ်းထားပြီး သုခဘုံစံအိမ်မှာ သုံးစွဲလို့ရမှာ‌ပါ”

ယွမ် ၂ သန်းတောင်လား

ယန်ဖန်းချောင်မှာ တိတ်တဆိတ် တောက်ခေါက်လိုက်ပြီး တုပ်တုပ်မလှုပ်နေသော ကျင်းရှီကို ကြည့်လိုက်၏။ သူက ရာနှင့်ချီသော သတင်းထောက်များကို လှည့်ကြည့်ပြီးနောက် ခပ်တိုးတိုး ပြောလေသည်။ “တကယ်တော့ ကျွန်တော်တို့က ဒီကို ပစ္စည်းရောင်းဖို့ လာတာပါ။ ‌ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ ‌အထွေထွေမန်နေဂျာက ဒီသုခဘုံစံအိမ်မှာမလား။ ကျွန်တော်တို့ သူနဲ့ တွေ့ချင်လို့ပါ...”

ကျင်းရှီ၏မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး သူက ချက်ချင်း လမ်းဖယ်ကာ ပြောသည်။ “ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပေးပါ”

ဆယ်မိနစ်ကြာသော် ကျင်းရှီသည် ယန်ဖန်းချောင်နှင့် ယွဲ့လီအား ယာယီ VIP အခန်းသို့ ခေါ်ဆောင်သွားသည်။ “ကျုပ် မန်နေဂျာဟောင်ကို အကြောင်းကြားထားပါတယ်။ မကြာခင် ရောက်လာပါလိမ့်မယ်။ အခုတော့ အနားယူလိုက်ပါဦး”

“ကျေးဇူးတင်ပါတယ်” ယန်ဖန်းချောင်နှင့် ယွဲ့လီတို့က အလျင်အမြန် ပြောလိုက်ကြသည်။

သူတို့နှစ်ယောက်လုံး အခြေခံလူတန်းစားများဖြစ်ကြ၍ ဤသို့ဇိမ်ခံအဆောက်အဦးဆီ မရောက်ဖူးကြချေ။  သူတို့မှာ စံအိမ်အတွင်း ရောက်ချိန်မှစ၍ ပါးစပ်အဟောင်းသားဖြစ်နေခဲ့ကြ၏။ ကျင်းရှီထွက်ခွာသွားသည့်အခါ စတုရန်းမီတာများစွာရှိသည့် အခန်းကျယ်ကြီးထဲတွင် သူတို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။ ယန်ဖန်းချောင်က အကောင်းစားကိတ်မုန့်များစွာ တင်ထားသော ဆိုဖာ‌ရှေ့ရှိ စားပွဲကို ကြည့်နေမိ၏။

ဂွီ....

ယန်ဖန်းချောင်၏ဗိုက်မှ အသံမြည်လာ၏။ ထို့နောက် သူက ယွဲ့လီအား ရှက်ကိုးရှက်ကန်း လှမ်းကြည့်၍ ချိတုံချတုံမေးလေသည်။ “မင်း ‌ဗိုက်ဆာလား။ စားပွဲပေါ်မှ ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေ၊ လက်ဖက်ရည်တွေရှိတယ်နော်။ ဗိုက်ဆာရင် အရင်စားထားသင့်တယ်”

ယွဲ့လီက ဆာလောင်မှုကို မြိုသိပ်ရင်း ခေါင်းခါရမ်းကာ ပြော၏။ “မစားဘဲနေကြရအောင်လား။ ငါတို့ စားလိုက်လို့ ပိုက်ဆံပေးရမယ်ဆိုရင် ငါတို့....”

ယန်ဖန်းချောင်က စိတ်ပိုင်းဖြတ်၍ သူမကိုဆွဲခေါ်ကာ ဆို‌ဖာပေါ်တွင် ထိုင်၍ ကိတ်မုန့်ပန်းကန်နှစ်ချပ်ကို ယူလိုက်သည်။ ထို့နောက် သူက စကားစဖြတ်၍ ပြော၏။ “အဆင်ပြေပါတယ်ကွ။ သူတို့ ငါ့ရဲ့‌ကျောက်စိမ်းမျောက်ရုပ်ကို ၀ယ်တဲ့ပိုက်ဆံနဲ့ ပေးလို့ရတာပဲ။ ပြီးတော့ သူတို့မ၀ယ်လည်း မင်း ဗိုက်ဆာတယ်ဆိုရင် ငါ ၀ယ်ကျွေးပါ့မယ်”

“အဲ့ဒါဆိုလည်း ...” ယွဲ့လီ၏နှလုံးသားမှာ နွေးထွေးသွားပြီး သူမက ပန်းကန်တစ်ချပ်ကိုယူ၍ တိတ်ဆိတ်စွာ စားနေလိုက်သည်။

ကျွီ....

VIP အခန်းတံခါး ပွင့်လာပြီး ဟောင်လဲ့သည် ထာစရခန်းမ၏ကျွမ်းကျင်သူလေးယောက်နှင့် ၀င်ရောက်လာသည်။ ထိုကျွမ်းကျင်သူလေးယောက်မှာ ထွားကြိုင်းသန်မာပြီး အနက်ရောင်အနောက်တိုင်း၀တ်စုံများကို ၀တ်ဆင်ထားကြ၏။ ဟောင်လဲ့တို့ကို မြင်သောအခါ ယန်ဖန်းချောင်တို့သည် ကိတ်မုန့်ပန်းကန်ကို ကိုင်ထားလျက် တအံ့တဩ ထရပ်လိုက်လေသည်။ ဟောင်လဲ့က သူတို့ကို မြင်သောအခါ ပြုံး၍ နှုတ်ဆက်လိုက်၏။ “တွေ့ရတာ၀မ်းသာပါတယ်။ ငါက ခမ်းနားသော ကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ ‌အထွေထွေမန်နေဂျာ ဟောင်လဲ့ပါ။ မင်းတို့မှာ ၁၂ ရာသီခွင်ကျောက်စိမ်းရုပ်တစ်ရုပ်ရှိတယ်ဆို အမှန်ပဲလား”

ယန်ဖန်းချောင်သည် ပန်းကန်ကို အောက်ချလိုက်၏။ သူသည် တည်ကြည်သောအရှိန်အဝါကို ပိုင်ဆိုင်ထားသော ဟောင်လဲ့နှင့် အေးစက်ခက်ထန်နေသော ဗလတောင့်တောင့်လူများကြောင့် စိတ်လှုပ်ရှားနေ၏။ သို့ထိတိုင် သူက အရဲစွန့်၍ ပြန်ဖြေသည်။ “ဟုတ်ပါတယ်။ ကျွန်တော့်မှာ ကျောက်စိမ်းမျောက်ရုပ်ရှိတယ်”

“ကျေးဇူးပြုပြီး ထိုင်ပါ။ စိတ်မလှုပ်ရှားပါနဲ့” ဟောင်လဲ့က ပြုံး၍ ပြော၏။

“မင်းကို ငါ ဘယ်လိုခေါ်ရမလဲ” ဟောင်လဲ့က ပြုံးလျက် မေးသည်။

“ကျွန်တော်က ယန်ဖန်းချောင်၊ သူက ယွဲ့လီပါ” ယန်ဖန်းချောင်က အလောတကြီး ပြောလေသည်။

“ဟုတ်ပါပြီ။ မစ္စတာယန် မင်းမှာ ကျောက်စိမ်းမျောက်ရုပ်ရှိတယ်ဆို။ ငါ တွေ့ခွင့်ရှိမလား” ဟောင်လဲ့က ပြုံး၍ ပြောသည်။

ယန်ဖန်းချောင်က တုံ့ဆိုင်းနေလျက် ကျောက်စိမ်းမျောက်ရုပ်အား ချက်ချင်း ထုတ်မပေးချေ။ ထိုအစား သူက အလောတကြီး မေး၏။ “သတင်းစာထဲမှာ ခင်ဗျားတို့က ကျောက်စိမ်းရုပ်တစ်ရုပ်ကို ဒေါ်လာသန်း ၁၀၀ ပေးပြီး၀ယ်မယ်လို့ ရေးထားတယ်။ အဲ့..အဲ့ဒါ အမှန်ပဲလား။ ကျွန်တော် ကျောက်စိမ်းရုပ်ကို ပေးပြီးတော့မှ ပိုက်ဆံမပေးရင် ဘယ်လိုလုပ်မလဲ”

“ဟက်” ဟောင်လဲ့က ခပ်ဟဟရယ်လျက် ပြော၏။ “မောင်လေး မင်း အဲ့ဒါကို စိတ်မပူပါနဲ့။ ငါ့သူဌေးက အမြဲတမ်း ယုံကြည်စိတ်ချရပြီး စကားတည်တယ်။ မင်းယူလာတဲ့ ကျောက်စိမ်းမျောက်ရုပ်ကသာ ငါ့သူဌေးလိုချင်တဲ့ဟာမှန်ရင် ဒေါ်လာသန်း ၁၀၀ ချက်ချင်း ပေးမှာပါ။ မင်းဘေးကင်းဖို့အတွက် မင်းရဲ့ဖြစ်တည်မှုကိုတောင် ဖုံးပေးထားမှာပါ”

“တကယ်လား” ယန်ဖန်းချောင်မှာ အံ့အားသင့်သွားသည်။

“ငါတို့စကားတွေက ရွှေထက်အဖိုးတန်ပါတယ်” ဟောင်လဲ့က ခေါင်းညိတ်၍ ပြော၏။

ယန်ဖန်းချောင် အိတ်ထဲမှ ကျောက်စိမ်းမျောက်ရုပ်ကို ထုတ်ရန်ပြင်လိုက်စဉ် သူ့ဘေး၌ထိုင်နေသော ယွဲ့လီက ရုတ်တရက် မေးသည်။ “အစ်မဟောင်လဲ့။ အစ်‌မပြောတာ အခုကျောက်စိမ်းရုပ်ကို ဝယ်မယ့်လူက အစ်မရဲ့သူဌေးဆို။ ဒါပေမဲ့ ညီမ အင်တာနက်မှာ ရှာကြည့်တော့ အစ်မက ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာတဲ့”

“မင်းက ကျောင်းသူမလား” ဟောင်လဲ့က ပြုံး၍ မေး၏။ “‌အထွေထွေမန်နေဂျာဆိုတဲ့စကားလုံးနဲ့ သူဌေးဆိုတဲ့စကားလုံးက မတူဘူး။ ငါက ခမ်းနားသော ကျောက်မျက်ရတနာလုပ်ငန်းကို စီမံပေးရတဲ့ အထွေထွေမန်နေဂျာပဲ။ ပိုင်ရှင်လည်း မဟုတ်သလို သူဌေးလည်းမဟုတ်ဘူး။ အင်း မင်းတို့ကျောက်စိမ်းမျောက်ရုပ်က အစစ်ဆိုရင်တော့ သူဌေးက မင်းတို့နဲ့တွေ့မှာပေါ့”

ယွမ်လီမှာ ချက်ချင်း နားလည်သွားပြီး ရှက်ကိုးရှက်ကိုးဖြင့် ခေါင်းညိတ်လိုက်၏။

ယန်ဖန်းချောင်က ‌အိတ်ထဲမှ ကျောက်စိမ်းမျောက်ရုပ်ကို ထုတ်ကာ ဟောင်လဲ့အား ပေးသည်။ “ဒါကျောက်စိမ်းမျောက်ရုပ်ပဲ။ ကျွန်တော် ယွမ် ၂၀၀ နဲ့ ၀ယ်ခဲ့တာ”

“ယွမ် ၂၀၀ တည်းလား”

ဟောင်လဲ့မှာ ကြောင်အသွားပြီး သူမ၏မျက်လုံးများက ကျောက်စိမ်းမျောက်ရုပ်အား အချိန်အတော်ကြာ စိုက်ကြည့်နေ၏။ ထို့နောက် လှမ်းယူကာ သေချာစစ်ဆေးကြည့်လိုက်သည်။ သူမသည် ထန်ရှုဆီ၌ ရှိသော နဂါးရုပ်နှင့်ကျားရုပ်ကို မြင်ဖူးလေရာ ၁၂ ရာသီခွင်အရုပ်တစ်ရုပ်စီ၏ခေါင်းပေါ်၌ မီးခိုးရောင်အမှတ်အသားတစ်ခုရှိကြောင်း ကောင်းကောင်းသိပေသည်။

***

All Chapters