← Chapters

တစ်ခုခုကို ဘာလို့ ဖုံးကွယ်ထားရသလဲ မသိဘူး။

Vol. 5 Ch. 104

တစ်ခုခုကို ဘာလို့ ဖုံးကွယ်ထားရသလဲ မသိဘူး။

Vol. 5 Ch. 104

လင်းဂျန်ရဲ့ မျက်လုံးအရောင်လဲ့သွားပြီး နာခံစွာဖြင့် “အမှန်ပဲ။”

ဒီကမ္ဘာကြီးမှာ တိုက်ဆိုင်မှုတွေ ဒီလောက်အများကြီး ဘယ်လိုလုပ်ရှိနိုင်မှာလဲ?

လုရှန်း ‘သစ်ရွက် ၁၀၀၀ တည်းခိုးခန်း’ ကို ရောက်ရှိလာခဲ့သည်။ တတိယမင်းသားက သူငယ်ချင်းဟောင်းတစ်ယောက်အတွက် အမှားဆိုခဲ့တယ်။

သူ သူတို့ကိုပြောခဲ့ရင် ဘယ်သူ သူ့ကို ယုံကြည်မှာလဲ?

ဟုတ်တယ် ငတုံးတွေတော့ ယုံကြည်ကြလိမ့်မယ်။

ဥပမာ မုရန်နဲ့ လုရန်။

မုရန်က တောသူမိန်းကလေးသည် တတိယမင်းသားကို သိမှာမဟုတ်ဘူးလို့ ခံစားမိသည်။ ထို့ကြောင့် တတိယမင်းသားပြောတာကို ယုံကြည်သွားသည်။

လုရန် ယုံကြည်ရတဲ့အကြောင်းအရင်းက သူ့ညီမဟာ တတိယမင်းသားလိုလူကို သိလိမ့်မယ်ဆိုတာကို မယုံနိုင်လို့ပင်။

"အစ်ကို ရေကန်ခရီး မသွားဘူးလား။ သွားကြရအောင်။"

လုရှန်း မော့ကြည့်လိုက်ပြီး လုရန်ကို ပြုံးပြတယ်။

လုရန် သူ့ညီမကို ကြည့်ပြီး ခေါင်းညိတ်တယ်။

"သွားကြရအောင်။"

ယုရန် လုရှန်းကို ခေါင်းညိတ်ပြတယ်။ သူတို့ မထွက်သွားခင် တတိယမင်းသားကို အရိုအသေပြုခဲ့ကြတယ်။

လုရှန်း မသွားခင် လုကျန့်ကို စိုက်ကြည့်နေခဲ့သည်။ လုကျန့်ကတော့ သူတို့ထွက်သွားတာကို စောင့်ကြည့်နေရင်း အတွေးများလေးနက်နေခဲ့တယ်။

ဒီကလေးမ ဒေါသပြေစေဖို့ ဘာပေးရင်ကောင်းမလဲ စဉ်းစားနေပုံပင်။

“မိန်းကလေး ဒီရောက်လာမှတော့ ကျွန်တော်တို့ ဘာလို့အတူမသွားရမှာလဲ?” မုရန်က အကြံပေးတယ်။

လုရှန်း ကောင်းကင်ကိုကြည့်ဖို့ ခေါင်းမော့တယ်။ တိမ်တွေထဲ ပုန်းအောင်းနေသည့် နေမင်းကြီး တက်လာသည်ကို သိလိုက်တယ်။

ကောင်းကင်ပေါ် တိမ်ပြာပြာများထွက်ပေါ်လာတော့မည်။

ရာသီဥတု ကောင်းနေပုံရတယ်။

သို့သော် လုကျန့်ကို ဆိုင်ရဲ့ပြသာနာ ကူညီဖြေရှင်းခိုင်းဖို့ ရောက်လာတာဖြစ်လို့ ရေကန်ဆီ မသွားချင်ပါ။ ထို့ကြောင့် သူမ ခေါင်းခါယမ်းတယ်။

“မသွားဘူး။ ကျွန်မ အပြင်ထွက်တာကြာနေပြီ။ ပြန်ဖို့ အချိန်တန်ပြီ။"

မုရန် စိတ်မကောင်းစွာ ကြည့်ပြီး "ဒါဆို နောက်တကြိမ်အတွက် စောင့်နေပါ့မယ်။”

လုရှန်း ခေါင်းညိတ်ပြီး လုရန်နဲ့ စကားစမြည်ပြောပြီးနောက် ထွက်လာခဲ့တယ်။

လင်းဂျန်ရဲ့ အကြည့်များ တုန်လှုပ်နေ၏။ လူတိုင်းရဲ့အကြည့် လုရှန်းအပေါ် ကျရောက်နေစဉ် လင်းဂျန်  အဝေးက အနက်ရောင်ဝတ်စုံနဲ့လူကို ခေါင်းညိတ်ပြလိုက်တယ်။

အနက်ရောင်ဝတ်စုံနဲ့ လူက ခေါင်းညိတ်ပြတယ်။ ထို့နောက် လုရှန်း ထွက်ခွာသွားသည့် ဉီးတည်ရာဆီ လှမ်းကြည့်တယ်။

“လှေက ဒီမှာ။ သွားကြရအောင်။"

အနက်ရောင်ဝတ်စုံနဲ့လူက ထွက်သွားပြီးနောက် လင်းဂျန် ပြုံးပြီး ပြောတယ်။

သူတို့ သင်္ဘောပေါ်တက်ပြီး ရေကန်ထဲလည်ပတ်ကြတယ်။

လုရှန်းရဲ့ ထိုးထွင်းသိမြင်မှု အမြဲမှန်ကန်နေခဲ့သည်။ သူမ ထွက်သွားပြီး သိပ်မကြာခင် သူမကို စောင့်ကြည့်နေသလို ခံစားရတယ်။

သူမ ကိုယ်ပျောက်ဂါထာစာရွက်ကို မကပ်ခင် လမ်းသွယ်တချို့ဆီ တမင် ဉီးတည်သွား၏။

ခဏကြာတော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ယောကျာ်းတစ်ယောက် သူမ အရှေ့ပေါ်လာသည်။

“ထူးဆန်းတယ်။ သူမ အခု ဒီမှာရှိနေတုန်းပါ။”

ထိုလူက မျက်မှောင်ကြုတ်ပြီး ရှုပ်ယှက်ခတ်နေသော ပတ်ပတ်လည်ကို ကြည့်တယ်။

သူ့တွင် လူသတ်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိတာကို မြင်လိုက်ရတော့ လုရှန်း သူနဲ့ ရန်ဖြစ်ဖို့ စိတ်မဝင်စားတော့ပေ။

လမ်းကြားက မထွက်ခင်အထိ ထိုယောကျာ်းကို စောင့်ကြည့်နေခဲ့တယ်။

လုရှန်း 'သစ်ရွက် ၁၀၀၀ တည်းခိုခန်း'သို့ ပြန်လာခဲ့သည်။ သူမဝင်လာတော့ ထောင့်တစ်နေရာမှာ လုကျန့်တစ်ယောက်ထဲ လက်ဖက်ရည်သောက်နေတာကို တွေ့လိုက်ရတယ်။

ဆိုင်ရှင်နဲ့ အလုပ်များနေသော စားပွဲထိုးအနည်းငယ်ကလွဲလို့ အခြားဧည့်သည် မရှိပါ။

သူမ ဝင်လိုက်တာနဲ့ လုကျန့် မော့ကြည့်တယ်။

သူ၏ ချောမောတဲ့ မျက်နှာပေါ်မှာ ပူပန်သောကရောက်နေသည့် အမူအရာတစ်ခု ပေါ်ထွက်လာတယ်။

သူ ဘာပေးရင်ကောင်းမလဲ?

သူမတ်တပ်ထရပ်ပြီး ဒုတိယထပ်ဆီ တက်သွား၏။ လုရှန်းလည်းအနောက်က အမြန်လိုက်လာတယ်။

သူမ အလျင်လိုနေတာကြောင့် စားပွဲထိုး အပေါ် မတော်တဆ ချော်ကျလုနီးပါးဖြစ်သွား၏။

ကျေးဇူးတင်ဖို့ကောင်းတာက သူမမှာ ခိုင်မာသည့် အခြေခံအုတ်မြစ်ရှိပြီး သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းနိုင်ခဲ့တယ်။

စားပွဲထိုး ခေါင်းကုတ်ရင်း ဘေးသို့လှည့်ပတ်ကြည့်တယ်။

လုကျန့် သူမဆီ ကူရာမဲ့သည့်အကြည့်ဖြင့် ပြန်လှည့်ကြည့်တယ်။ သူ ခေါင်းခါယမ်းရင်း သစ်သားလှေခါးပေါ် ဆက်တက်သွားတယ်။

အခန်းတံခါးဖွင့်လိုက်ပြီး တံခါးဝတွင်ရပ်ကာ လုရှန်း ဝင်လာတာကို စောင့်နေတယ်။

အတန်ကြာ စဉ်းစားပြီးနောက် အသံလုံဂါထာစာရွက်ထုတ်ကာ တံခါးပေါ်ကပ်လိုက်သည်။

လုရှန်း ဝင်လာတော့ ကိုယ်ပျောက်ဂါထာစာရွက် ပြန်ခွာကာ "ဆရာ၊ ဒီနေ့ ရည်ရွယ်ချက်ရှိရှိ တမင်လုပ်တာမလား?”

ဒီအဖိုးအိုက သူရဲ့ လက်ရှိ ဝိသေသလက္ခဏာနဲ့ သူမရဲ့အကြောင်းကို မစဉ်းစားခဲ့ပေ။ သူက အခြားသူများရှေ့မှာ နိမ့်ကျတဲ့ကိုယ်ရေးအကျဉ်းကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို မသိဘူး။

ဒီလူအိုကြီးသည် သူနဲ့ သူမကြားက လက်ရှိအဆင့်အတန်းကို မစဉ်းစားဘူး။ အခြားသူများ ရှေ့ခပ်နိမ့်နိမ့်နေဖို့ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ မသိဘူး။

All Chapters