← Chapters

နတ်ဘုရားစိတ်ဝိညာဉ်ချိုးဖြတ်ခြင်း

Vol. 91 Ch. 1271

နတ်ဘုရားစိတ်ဝိညာဉ်ချိုးဖြတ်ခြင်း

Vol. 91 Ch. 1271

တည်းခိုခန်းသို့ ပြန်ရောက်ပြီးနောက် လီဖူချန်းက နတ်ဘုရားဆေးလုံးတွေ သန့်စင်တာကို ရပ်တန့်ခဲ့ပြီး ဓားတာအိုကို စတင်လေ့လာခဲ့တယ်။

ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဒါဇင်က လီဖူချန်းရဲ့စိတ်မှာ ဈာန်ဝင်စားခြင်းတွေ ဖြစ်လာစေတယ်။

ဒီနေ့မှာတော့.....

"အဆုံးသတ်ဓားပုံစံ"

ကျယ်ပြောတဲ့နေရာလပ်-အချိန်ထဲမှာ လီဖူချန်းက သူ့ရဲ့ဓားကို ရှေ့သို့ ထိုးလိုက်တယ်။ နေရာလပ်-အချိန်က ချက်ချင်းပျက်စီးယိုယွင်းသွားပြီး ကြောက်စရာကောင်းတဲ့ဓားတာအိုဥပဒေသက ပျံ့နှံ့လာကာ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။

"ဒီဓားကွက်က မူလအဆုံးစွန်းခုတ်ချက်ထက်တောင် ပိုသန်မာတာပဲ"

လီဖူချန်းက ပြုံးလိုက်တယ်။

သူဖန်တီးခဲ့တဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ရှစ်ခုထဲမှာ မူလအဆုံးစွန်းဓားက အသန်မာဆုံးတိုက်ခိုက်ရေးစွမ်းအားရှိတယ်။

ဒါ့အပြင် အဆုံးသတ်ဓားပုံစံက ပြီးပြည့်စုံခြင်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုသာဖြစ်တယ်။ ၎င်းက အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုဆိုရင် စွမ်းအားက ပိုတောင်သန်မာပါလိမ့်မယ်။

နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက်....

"ကောင်းကင်ဘုံပိုက်ကွန်ပုံစံ"

ဓားချီက ဧရာမပိုက်ကွန်တစ်ခုပမာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ အရှေ့ရှိနေရာလပ်-အချိန်ကို ဓားပိုက်ကွန်က မရေမတွက်နိုင်သောအပိုင်းအစတွေအဖြစ် ဖြတ်တောက်သွားခဲ့ပြီး ဗလာနတ္ထိအဖြစ် ပျက်သုဉ်းသွားခဲ့တယ်။

…

နောက်ထပ်လအနည်းငယ်ကြာပြီးနောက် လီဖူချန်းက အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်လေးခုကို ဖန်တီးခဲ့တယ်။ ယခင်ရှစ်ခုနဲ့ပေါင်းလိုက်ရင် သူ့မှာ စုစုပေါင်းဆယ့်နှစ်ခုရှိလာပါပြီ။

ဒီအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်လေးခုစလုံးက ပြီးပြည့်စုံခြင်းအဆင့်မှာရှိပြီး တစ်ခုမှ အဆုံးစွန်းအဆင့်မှာ ရှိမ‌နေတာ စိတ်မကောင်းစရာတစ်ခုပဲ။

ဒါက နောက်ထပ်ရက်အနည်းငယ်ကြာမယ်လို့ သူက တွက်ချက်ခဲ့တယ်။

"ကောင်းကင်ဘုံဓားကြယ်ကို အရင်ကျင့်ကြံကြည့်ရအောင်"

လီဖူချန်းက မကျင့်ကြံရသေးတော့ သူ မသိဘူး။ အခု စတင်ကျင့်ကြံတော့မှ ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ကျင့်ကြံရတာ ဘယ်လောက်ခက်ခဲသလဲကို သိလာခဲ့တယ်။

ဒါပေမယ့် အဓိကအကြောင်းရင်းကတော့ လီဖူချန်းရဲ့ဓားတာအိုဥပဒေသအဆင့်က နိမ့်လွန်းလို့ပဲ။ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့ဓားတာအ်ိုဥပဒေသနဲ့ ကျင့်ကြံရတာ အလွန်အမင်းခက်ခဲတာ သဘာဝပါပဲ။ လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက ပိုင်နက်နတ်ဘုရားအဆင့်မှာရှိတာ ကံကောင်းသွားတယ်၊ သို့မဟုတ်ရင် ကောင်းကင်ဘုံဓားကြယ်ကို နှစ်တစ်သောင်းဒါမှမဟုတ်တစ်သိန်းထိတောင် ကျင့်ကြံနိုင်လိမ့်မှာမဟုတ်ဘူး။

တစ်လကြာပြီးနောက် ကောင်းကင်ဘုံဓားကြယ်က  ဝင်စအဆင့်မှာ မရှိသေးပါဘူး။

ကောင်းကင်ဘုံဓားကြယ်ရဲ့စွမ်းပကားကို မြင်တွေ့ဖို့က ခက်ခဲတယ်။

ဒါပေမယ့် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ချိုးဖြတ်ခဲ့တာကြောင့် ဒီနေ့ရက်တွေက သိပ်မကြာခဲ့ပါဘူး။

လိမ္မော်ရောင်နတ်ဘုရားစိတ်ဝိညာဉ်မှ ငွေနုရောင်နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့တယ်။

ငွေနုရောင်နတ်ဘုရားစိတ်ဝိညာဉ်က ငွေနုရောင်အလင်းစက်လုံးတစ်ခုနဲ့တူကာ လီဖူချန်းရဲ့စိတ်ဝိညာဉ်ပင်လယ်ရဲ့အလယ်ဗဟိုမှာ လှည့်ပတ်နေတယ်။

သူ့နတ်ဘုရားစိတ်ဝိညာဉ်ထဲရှိစိတ်ဝိညာဉ်ပင်လယ်ထဲမှာ ငွေရောင်လျှပ်စီးက ပိုက်ကွန်တစ်ခုအဖြစ် ရစ်ပတ်ယှက်နွယ်ခဲ့တယ်။

ထိုအချိန်မှာ သူ့ရဲ့အတွေးအရှိန်နဲ့ထိုးထွင်းသိမြင်မှုက ဆယ်ဆဒါမှမဟုတ်အဆဒါဇင်ကျော်ပိုတိုးတက်လာတာကို လီဖူချန်းက ခံစားမိတယ်။ အတိတ်ကသူနားမလည်နိုင်တဲ့အရာတွေကို အခုချက်ချင်း နားလည်လာခဲ့တယ်။ ယခင်က သဲလွန်စမရှိတဲ့၊ ပုံမှန်မဟုတ်တဲ့၊ မဆက်စပ်တဲ့ ဈာန်ဝင်စားခြင်းတွေက ယခု နီးနီးကပ်ကပ်ချိတ်ဆက်လာခဲ့တယ်။

လီဖူချန်းတောင် မသိလိုက်ဘဲ သူ့ရဲ့အသစ်ဖန်တီးထားတဲ့အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်လေးခုက ပြီးပြည့်စုံခြင်းအဆင့်မှ အဆုံးစွန်းအဆင့်သို့ အလိုအလျောက် ချိုးဖြတ်ခဲ့တယ်။

ဒါက အဆုံးသတ်မဟုတ်သေးပါဘူး။ မူလအဆုံးစွန်းခုတ်ချက်က အဆုံးစွန်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်မှ ထူးကဲအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်အဖြစ် ချိုးဖြတ်ခဲ့တယ်၊ သူ့နောက်မှာတော့ စပ်ကြောင်းမဲ့ခုတ်ချက်နဲ့ဓားသင်္ဂြိုလ်ခြင်းတို့ပေါ့။

နောက်ဆုံးတော့ ကောင်းကင်ဘုံဓားကြယ်က ဝင်စအဆင့်သို့ ချိုးဖြတ်လာခဲ့တယ်။

အရာအားလုံးက ရုတ်တရက်ဖြစ်ပျက်ခဲ့တာပဲ။

အရာအားလုံးက အလိုအလျောက်ဖြစ်ပျက်ခဲ့တာပဲ။

နောက်ထပ်တစ်လကြာပြီးနောက် လိုဏ်ဂူတစ်ရာဓားပိုင်နက်အပါအဝင် လီဖူချန်းကိုယ်တိုင်ဖန်တီးထားတဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေအားလုံးက ထူးကဲအဆင့်မြင့်အဆင့်ကို ရောက်ရှိလာတယ်။

ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ထရီလီယံသို့ ချက်ချင်း မြင့်တက်လာခဲ့တယ်။

"ကောင်းကင်ဘုံဓားကြယ်"

ကျယ်ပြောတဲ့နေရာလပ်-အချိန်ထဲမှာ လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ အဆုံးမဲ့ဓားအလင်းတွေက ထွက်ပေါ်လာပြီး ဟင်းလင်းပြင်မှာ ပြည့်သွားတယ်။ ထို့နောက် ကျယ်ပြောတဲ့နေရာလပ်-အချိန်က ပျက်ဆီးသွားပြီး လီဖူချန်းက ခြံဝင်းသို့ ပြန်ရောက်လာခဲ့တယ်။

"ဒါက နှစ်ဆယ်ရာခိုင်နှုန်းပဲ ရှိသေးတာ၊ စွမ်းအားက မူလအဆုံးစွန်းခုတ်ချက်ကို ကျော်လွန်နေပြိ။ ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ"

လီဖူချန်းက အံ့အားသင့်စွာ ပြောလိုက်တယ်။

လက်ရှိမှာ သူ့ရဲ့မူလအဆုံးစွန်းခုတ်ချက်က ထူးကဲအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုဖြစ်နေပါပြီ။

"ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်က တကယ်ကို ထိုက်တန်ပါတယ်။ ၎င်းက အခြားသူဟာဖြစ်နေတာ စိတ်မကောင်းစရာပဲ၊ ငါက ရှစ်ဆယ်ရာခိုင်နှုန်းထိပဲ ကျင့်ကြံနိုင်တယ်"

ဒါက စိတ်မကောင်းစရာတစ်ခုပဲလို့ လီဖူချန်းက ခံစားမိတယ်။

သူက ကောင်းကင်ဘုံဓားကို အဆုံးစွန်းအထိ ကျင့်ကြံနိုင်ရင် ပိုအားနည်းတဲ့အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအတတ်တွေနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။

တကယ်တော့ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအတတ်တွေကိုတောင် မဖန်တီးနိုင်တဲ့ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတွေအများကြီးရှိတယ်လေ။

အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတွေနဲ့ တိုက်ခိုက်တဲ့အခါ ရင်ဆိုင်ရခက်ခဲ့တဲ့တစ်ခုတည်းသောအရာက သူတို့ရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားပဲ။

ပိုင်နက်နတ်ဘုရားစွမ်းအားအမျှင်တစ်ခုမှာတောင် ကြောက်စရာကောင်းတဲ့ပိုင်နက်စွမ်းအားပမာဏတစ်ခု ပါဝင်တယ်။

လီဖူချန်းမှာ မှင်တက်စရာကောင်းတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားနဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းနှစ်ထရီလီယံမရှိရင် သူက ပိုင်နက်နတ်ဘုရားတစ်ယောက်ကိုတောင် တိုက်ခိုက်ရဲလိမ့်မှာမဟုတ်ဘူး။ ပိုင်နက်နတ်ဘုရားစွမ်းအားရဲ့သာမန်ကာလျှံကာထုတ်လွှတ်မှုတစ်ခုကတင် သူ့ကို သတ်ဖြတ်ဖို့ လုံလောက်တယ်။

"အလျင်လိုစရာမလိုဘူး။ ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ပိုင်နက်နတ်ဘုရားအဆင့်မှာရှိပြီး ငါ့ရဲ့ထိုးထွင်းသိမြင်မှုက ပိုင်နက်နတ်ဘုရားအဆင့်မှာရှိတယ်။ ငါက အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်ဖို့ သိပ်မဝေးတော့ဘူး"

သူ့မှာ အချိန်ရှိသရွေ့ သူက ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။

လီဖူချန်းက ကောင်းကင်ဘုံဓားကြယ်ကို သီးခြားကျင့်ကြံနေစဉ်မှာ ဆေးမျှော်စင်မှတစ်စုံတစ်ယောက်က ရောက်ရှိလာခဲ့တယ်။

ဆေးမျှော်စင်ရဲ့ပထမအထပ်၊ အကြီးအကဲညီလာခံအခန်းမှာ။

"အကြီးအကဲလီ၊ မြောက်ပိုင်းနယ်မြေမှာ နှစ်တစ်သောင်းပြည့်တိုင်းတစ်ကြိမ်ကျင်းပတဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက စတင်တော့မယ်။ မင်း ငါတို့အမှောင်ပြာမြို့ကို ကိုယ်စားပြုပြီး ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ ပါဝင်နိုင်မယ်လို့ ငါ မျှော်လင့်တယ်" ‌ဆေးမျှော်စင်ရဲ့ဒုခေါင်းဆောင်လိုင်အန်က ပြောလိုက်တယ်။

"မြောက်ပိုင်းနယ်မြေ၊ နှစ်တစ်သောင်းပြည့်တိုင်းတစ်ခါကျင်းပတဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံလား" ဒါနဲ့ပတ်သက်ပြီး လီဖူချန်းကြားဖူးတဲ့ပထမအဆုံးအကြိမ်ပဲ။

လိုင်အန်က ရှင်းပြလိုက်တယ်"သွေးစွန်းတိုက်ကြီးက အရမ်းကြီးပြီး မြောက်ပိုင်းနယ်မြေက သွေးစွန်းတိုက်ကြီးရဲ့အစိတ်အပိုင်းတစ်ခုမျှပဲ။ အဆင့်၃နတ်ဘုရားမြို့တစ်ရာရှိပြီး အဆင့်၃နတ်ဘုရားမြို့တစ်ခုစီမှာ ဆေးမျှော်စင်တစ်ခုရှိတယ်။ ဆေးတာအိုတိုးတက်စေဖို့ အလို့ငှာ မြောက်ပိုင်းနယ်မြေက ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံတစ်ခုကို ဖွဲ့စည်းထားတယ်။ အလျင်စလိုမငြင်းပယ်နဲ့အုံး။ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာပါဝင်တဲ့အတွက် အကျိုးအမြတ်တွေ အများကြီးရှိတယ်။ ပထမ၊ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံအသီးသီးမှာ ထိပ်ဆုံးဆယ်ယောက်က ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်လုံးစီရမယ်။ ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်ခုက ဘာကို ကိုယ်စားပြုသလဲဆိုတာကို မင်း သိမယ်လို့ ငါ ယုံကြည်တယ်"

"ကြယ်ငါးလုံးဆေးမီးပြင်းဖိုလား၊ ဟမ်"

ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်ခုက ဘာကို ကိုယ်စားပြုသလဲကို လီဖူချန်းက သိတယ်။

ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်ခုတောင်မရှိတဲ့ကြယ်ငါးလုံးနတ်ဘုရားဆေးဆရာသခင်တွေနဲ့ကြယ်ငါးလုံးဆေးနတ်ဘုရားတွေများစွာရှိတယ်။

ကြယ်လေးလုံးနတ်ဘုရားဆေးဆရာသခင်တစ်ယောက်မှာ ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်လုံးရှိရင် ‌‌ဆေးသန့်စင်တဲ့အောင်မြင်မှုနှုန်းက အဆအနည်းငယ်တိုးလာပြီး အရည်အသွေးမြင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်ရတာ ပိုလွယ်ကူလာပါလိမ့်မယ်။

နတ်ဘုရားဆေးဆရာသခင်‌တွေအတွက်တော့ ဆေးမီးပြင်းဖိုက သူတို့ရဲ့အသက်လိုပါပဲ၊ မရှိလို့မရပါဘူး။

လိုင်အန်က ဆက်ပြောလိုက်တယ်"ဒါ့အပြင် ထိပ်ဆုံးဆယ်ယောက်က ဆေးတာအိုအသုံးအဆောင်ပစ္စည်းတစ်ခုစီရမယ်။ ဆေးတာအိုအသုံးအဆောင်ပစ္စည်းရဲ့တန်ဖိုးက ဆေးမီးပြင်ဖိုရဲ့အထက်မှာရှိမယ်ဆိုတာတော့ သေချာတယ်။

လိုင်အန်ရဲ့ရှင်းပြချက်ကို ကြားပြီးနောက် ဒီ‌ဆေးနတ်ဘုရားညီလာခံမှာ ပါဝင်ဖို့ မရှိမဖြစ်လိုအပ်တယ်လို့ လီဖူချန်းက ခံစားရတယ်။

"နောက်ဆုံးအနေနဲ့ ထိပ်ဆုံးဆယ်ယောက်လုံးက ဆေးတာအိုနေရာလပ်ဇုန်တစ်ခုစီရမယ်။ ဆေးတာအိုနေရာလပ်ဇုန်မှာ ဆေးချီပါဝင်ပြီး နတ်ဘုရားဆေးလုံးတွေကို ပိုသန့်စေလေလေ၊ နတ်ဘုရားဆေးရဲ့အဆင့်က ပိုမြင့်ပြီး ဆေးချီက ပိုသိပ်သည်းလေပဲ။ ဆေးချီက သေချာတဲ့အတိုင်းအတာတစ်ခုအထိ စုစည်းလာတဲ့အခါ ၎င်းက ‌ဆေးတာအိုနေရာလပ်ဇုန်ကို အဆင့်မြှင့်တင်ပေးလိမ့်မယ်။ မင်းက နတ်ဘုရားဆေးလုံးတွေကို အထဲမှာ သန့်စင်တဲ့အခါ အောင်မြင်မှုနှုန်းဖြစ်စေဒါမှမဟုတ်အရည်အသွေးအရဖြစ်စေ မသိမသာတိုးတက်လာလိမ့်မယ်။ ဒါ့အပြင် ဆေးတာအိုနေရာလပ်ဇုန်က ‌ဆေးတာအိုပစ္စည်းတွေကို ပေါက်ဖွားစေနိုင်တယ်။ ဥပမာအားဖြင့် အချို့ထိပ်တန်းဆေးတာအိုပစ္စည်းတွေက ဆေးတာအိုနေရာလပ်ဇုန်မှာ ပေါက်ဖွားနိုင်ပြီး ရှင်သန်နှုန်းက အလွန်မြင့်တယ်။ ၎င်းက အပြင်ကမ္ဘာမှာလို အထူးပတ်ဝန်းကျင်တစ်ခုကို မလိုအပ်ပါဘူး"

"ငါ ပါဝင်မယ်"

လီဖူချန်းက ပြောလိုက်တယ်။

အကျိုးအမြတ်ဒီလောက်များမှတော့ သူက မပါဝင်စရာလား။

အခု သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ချိုးဖြတ်ခဲ့ပြီဆိုတော့ နတ်ဘုရားဆေးလုံးတွေ သန့်စင်ရတာ ပိုလွယ်ကူလာပြီး အဆင့်တစ်ခုကို ရဖို့ မခက်ခဲတော့ဘူးလို့ လီဖူချန်းက ယုံကြည်တယ်။

"မင်းအပြင် ပါဝင်မယ့်အခြားအဆင့်နိမ့်ရွှေရောင်အကြီးအကဲနှစ်ယောက်ရှိတယ်။ ပြီးရင် မင်း သူတို့နဲ့တွေ့ပြီး ရင်းနှီးအောင်လုပ်ပေါ့" လိုင်အန်က ပြောလိုက်တယ်။

လက်ရှိမှာ အမှောင်ပြာမြို့ရဲ့ဆေးမျှော်စင်မှာ အဆင့်နိမ့်ရွှေရောင်အကြီးအကဲတွေများစွာရှိတယ်၊ ဒါပေမယ့် လိုအပ်ချက်နဲ့ပြည့်စုံတာ သုံးယောက်ပဲ ရှိတယ်။

ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ ‌စည်းမျဉ်းတစ်ခုရှိတယ်၊ ပါဝင်သူတွေရဲ့အသက်က နှစ်တစ်သန်းထက် ပိုကြီးလို့မရဘူးတဲ့။

အကြောင်းကတော့ နှစ်တစ်သန်းထက် ပိုကြီးရင် တစ်စုံတစ်ယောက်ရဲ့အလားအလာက ကြီးကျယ်မှာ မဟုတ်သလို ပြုစုပျိုးထောင်ဖို့လဲ မထိုက်တန်ဘူးလို့ ဆိုလိုတယ်။

"ငါက ပြဿနာမရှိဘူး" လီဖူချန်းက ပြောလိုက်တယ်။

မကြာမီမှာပဲ လီဖူချန်းက အဆင့်နိမ့်ရွှေရောင်အကြီးအကဲနှစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ သူတို့က လူရွယ်တစ်ယောက်နဲ့ ကြော့ရှင်းတဲ့မိန်းမပျိုလေးတစ်ယောက်ပါပဲ။

လူရွယ်ကို စစ်ထူတန်းချိုက်လို့ခေါ်တယ်။ လီဖူချန်းမရောက်ခင် သူက အမှောင်ပြာမြို့ဆေးမျှော်စင်ရဲ့နံပါတ်နှစ်ဆေးတာအိုပါရမီရှင်ဖြစ်ခဲ့တယ်။

မိန်းမပျိုကို ရွှယ်ယွဲ့လို့ခေါ်ပြီး ဆေးမျှော်စင်ရဲ့နံပါတ်တစ်ဆေးတာအိုပါရမီရှင်ပေါ့။

လက်ရှိမှာ ဘယ်သူက နံပါတ်တစ်ဖြစ်မလဲဆိုတာ မသေချာပါဘူး။

သုံးယောက်ထဲမှာ စစ်ထူတန်းချိုက်က အရင်ပြောလိုက်တယ်"အကြီးအကဲလီ၊ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ ပါဝင်သူတွေ အများကြီးရှိတယ်။ မင်း ကောင်းကောင်လုပ်ဆောင်ရမယ်၊ အကြိုပွဲကတည်းက မဖယ်ထုတ်ခံရစေနဲ့......"

ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံကို အကြိုရွေးချယ်ခြင်း၊ တရားဝင်ရွေးချယ်ခြင်းနဲ့ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခြင်းဆိုပြီး ခွဲခြားထားတယ်။

"ငါ လုပ်ရမှာပေါ့" လီဖူချန်းက ‌ပြန်ဖြေလိုက်တယ်။

ရွှယ်ယွဲ့က ပြောလာတယ်"အကြီးအကဲလီ စမ်းသပ်ချက်မှာ ပါဝင်တုန်းက သူသန့်စင်ခဲ့တဲ့အဆုံးစွန်းနတ်ဘုရားဆေးလုံးတွေကို ငါ မြင်ပြီးပြီ။ အကြိုအဆင့်ကို ဖြတ်ကျော်ဖို့က ပြဿနာတစ်ခုမဟုတ်ဘူး"

"ငါက အကြိုအဆင့်ကို ဖြတ်ကျော်နိုင်မယ်ဆိုတာ ငါလဲ ခံစားမိပါတယ်" လီဖူချန်းက ပြန်တုံ့ပြန်လိုက်တယ်။

ဒါကို ကြားပြီး ရွှယ်ယွဲ့က မေးငေါ့လိုက်တယ်။ တစ်ဖက်လူက လုံးဝကို မနှိမ့်ချဘူးပဲ။

လီဖူချန်းက ရွှယ်ယွဲ့ကို ကြည့်ကာ ပြောလိုက်တယ်"အကြီးအကဲရွှယ်ယွဲ့၊ မင်းက ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ တစ်ကြိမ်ပါဝင်ခဲ့တယ်ဆို‌တော့။ အဲ့လူ‌တွေရဲ့ဆေးတာအိုအဆင့်အတန်းက တကယ်ပဲ အလွန်မြင့်မားတာလား"

နောက်ဆုံးအကြိမ်ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ ရွှယ်ယွဲ့က အဆင့်၄၉ဆိုတာ သူ အမှတ်ရပါတယ်။ ဒီအဆင့်က မြင့်မားတယ်လို့ ပြောလို့မရပါဘူး၊ ဆုလာဒ်တွေကိုတောင် မရနိုင်ပါဘူး။

"အရမ်းမြင့်တယ်၊ အရမ်းမြင့်တယ်။ လူတစ်ယောက်တည်းက ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံသုံးခုမှာပဲ ပါဝင်နိုင်တာ ကံကောင်းသွားတယ်။ သို့မဟုတ်ရင် ဒီတစ်ကြိမ်ငါသွားသင့်သလားဆိုတာကိုတောင် စဉ်းစားရလိမ့်မယ်"

"အကြိုအဆင့်စမ်းသပ်ချက်ဆိုတာ ဘာလဲ" လီဖူချန်းက မေးလိုက်တယ်။

လီဖူချန်းနဲ့ရွှယ်ယွဲ့တို့စကားအများကြီး‌ပြောတာကို စစ်ထူတန်းချိုက်က မနှစ်သက်ပုံရတယ်၊ သူက ပြောလိုက်တယ်"အကြိုအဆင့်က တစ်စုံတစ်ယောက်ရဲ့အခြေခံအုတ်မြစ်ကို စမ်းသပ်တယ်။ ပါဝင်သူတွေက အချိန်တိုအတွင်းမှာ အဆုံးစွန်းကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတစ်သုတ်ကို သန့်စင်ဖို့လိုတယ်။ အချိန်အကန့်အသတ်ကို ကျော်လွန်ရင် သူတို့က ဖယ်ထုတ်ခံရမယ်။ အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတွေကို မသန့်စင်နိုင်ရင် သူတို့က ဖယ်ထုတ်ခံရလိမ့်မယ်"

"ငါ သိပြီ"

ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်တာက တစ်စုံတစ်ယောက်ရဲ့အခြေခံကို စမ်းသပ်တာပဲ။ ဒါပေမယ့် လီဖူချန်းက ဒီအချက်အပေါ် အလွန်ယုံကြည်ချက်ရှိတယ်။ သူ့ရဲ့နတ်ဘုရားဆေးလုံးသန့်စင်တဲ့အရှိန်က အမြဲတမ်းမြန်တယ်၊ သူ ဘယ်တော့မှ မကျရှုံးဘူး။

"ငါ မင်းကို ပြောဖို့ ‌မေ့သွားတယ်။ အချိန်က နှစ်နာရီပဲ"

စစ်ထူတန်းချိုက်က ယုံကြည်ချက်ရှိတဲ့အရိပ်အယောင်ကို ထုတ်ပြလိုက်တယ်။

သူ့ရဲ့အမြင့်ဆုံးမှတ်တမ်းက အဆုံးစွန်းကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို တစ်နာရီအတွင်း သန့်စင်နိုင်တာပဲ။ ဒါကြောင့် အကြိုအဆင့်က သူ့အတွက် အရမ်းလွယ်ပါတယ်။

"နှစ်နာရီလား" လီဖူချန်းက ဘာမှမပြောပါဘူး။

သူ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်တုန်းက နှစ်နာရီတောင် မလိုပါဘူး။ အများဆုံး ဆယ့်ငါးမိနစ်ပေါ့။

ဒါ့ပြင် ဒါက အရင်တုန်းကလေ။

ရွှယ်ယွဲ့က ပြောလိုက်တယ်"အကြိုအဆင့်က မခက်ခဲဘူး၊ ခက်ခဲတဲ့အပိုင်းက ရွေးချယ်ခြင်းအဆင့်ပဲ။ ရွေးချယ်ခြင်းအဆင့်က အမှတ်စနစ်တစ်ခုအပေါ်မှာ အခြေခံတယ်။ တစ်ခါတစ်ရံ မင်း ကောင်းကောင်းလုပ်ဆောင်ပေမယ့် အခြားသူတွေက မင်းထက် ပိုကောင်းအောင်လုပ်ဆောင်ပြီး အမှတ်ပိုမြင့်သွားတာတွေ ရှိတယ်။ ဒါဆို မင်း ဖယ်ထုတ်ခံရမယ်။ ဒါကြောင့် မင်း ရွေးချယ်ခြင်းအဆင့်ကို ကျော်ဖြတ်ချင်ရင် မင်းရဲ့ခွန်အားအပြည့်ကို ဖော်ထုတ်ရမယ်၊ သတိမဲ့လို့မရဘူး"

နှစ်ယောက်လုံးရဲ့မိတ်ဆက်မှတစ်ဆင့် လီဖူချန်းက ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့အနေအထားကို အကြမ်းဖျင်းနားလည်လာတယ်။

သူ့အတွက်တော့ ဘာပြဿနာမှ မရှိပါဘူး။ နောက်ဆုံးအဆင့်အပေါ်ပဲ မူတည်ပါလိမ့်မယ်။

***

All Chapters