ပါရမီရှင်တွေ စုဝေးခြင်း
Vol. 91 Ch. 1272
ဒီနှစ်ရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံကို အဆင့်၃နတ်ဘုရားမြို့ဖြစ်တဲ့မီးပြင်းဖိုမြို့မှာ ကျင်းပတယ်။
မီးပြင်းဖိုမြို့က အမှောင်ပြာမြို့မှ မိုင်တစ်ထရီလီယံအကွာမှာ ရှိတယ်၊ ဒါကြောင့် တစ်လကြာပြီးနောက် သူတို့က ထွက်ခွာလာခဲ့တယ်။
ဒါက ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ဖြစ်ပြီး အလွန်အမင်းမြန်တယ်။ လီဖူချန်းတို့သုံးယောက်အပြင် ဆေးမျှော်စင်ဒုခေါင်းဆောင်လိုင်အန်နဲ့အခြားပိုင်နက်နတ်ဘုရားတွေလဲ လိုက်ပါလာတယ်။
လီဖူချန်းနဲ့အခြားသူတွေက ဆန်းကြယ်နတ်ဘုရားသာဖြစ်ပြီး ပိုင်နက်နတ်ဘုရားတွေရဲ့အကာအကွယ်ကို လိုအပ်တယ်လေ။ တစ်ယောက်ယောက်ကို ဆုံးရှုံးခြင်းက ဆေးမျှော်စင်အတွက် လက်မခံနိုင်စရာပါပဲ။
ရက်အနည်းငယ်အတွင်းမှာ သူတို့က မီးပြင်ဖိုမြို့ကို ရောက်ရှိလာတယ်။
အဆင့်၃နတ်ဘုရားမြို့တစ်ခုအနေနဲ့ မီးပြင်းဖိုမြို့က စည်ကားနေပြီးသားဖြစ်တယ်။ အခုဆိုရင် ၎င်းက ပိုတောင် စည်ကားနေပါပြီ။
အကြောင်းကတော့ နှစ်တစ်သောင်းပြည့်တိုင်း တစ်ကြိမ်ကျင်းပတဲ့ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက စတင်တော့မှာမို့လေ။
"ဆေးမျှော်စင်တစ်ရာနဲ့ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတစ်ထောင်။ စဉ်းစားရုံနဲ့ ငါ့ကို အတော်လေးစိတ်လှုပ်ရှားစေတာပဲ"
"ဒီလောက်တောင်လား။ ပုံမှန်အားဖြင့် ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတစ်ယောက်က ကြယ်ငါးလုံးဂိုဏ်းတစ်ခုရဲ့ဧည့်သည်တစ်ယောက်ပဲ။ လက်ရှိမှာ သူတို့က တစ်ထောင်ရှိနေပြီး သူတို့အားလုံးရဲ့အသက်က နှစ်တစ်သန်းအောက်ပဲ ရှိတယ်"
"ယခင်နံပါတ်၁က ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားဆိုတာ ငါ အမှတ်ရမိပါတယ်။ ဒီတစ်ခါမှာတော့ ဘယ်သူဖြစ်အုံးမလဲမသိ"
"ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားက နှစ်နှစ်ဆက်တိုက်နံပါတ်၁ဖြစ်လာခဲ့တာ။ ဒီတစ်ကြိမ်တော့ သူက နံပါတ်၁နေရာကို သေချာပေါက် အရှုံးပေးမှာ မဟုတ်လောက်ဘူး။ တကယ်တော့ ညီလာခံသုံးကြိမ်ဆက်တိုက်နံပါတ်၁ရတာက ကြီးကျယ်ခမ်းနားတဲ့ဂုဏ်သတင်းပဲ၊ ပြီးတော့ အခြားအကျိုးအမြတ်တွေလဲ ရှိတယ်"
"ဒီတစ်ကြိမ်တော့ အနည်းငယ်ခက်ခဲလောက်မယ်။ မီးငှက်မြို့မှာ စိတ်ဝိညာဉ်ဆေးဆန်းကြယ်နတ်ဘုရားတစ်ယောက်ရှိတယ်။ သူမက ဒြပ်စင်ငါးခုဥပဒေသကို ကျင့်ကြံတယ်လို့ ပြောတယ်၊ အဲဒါက နတ်ဘုရားဆေးလုံးတွေ သန့်စင်ဖို့အတွက် အသင့်တော်ဆုံးပဲလေ"
"ဖြာထွက်အလင်းမြို့မှာ အကန့်အသတ်မဲ့ဆေးနတ်ဘုရားဆိုတာ ရှိတယ်။ သူက ယင်ယန်ဥပဒေသကို ကျင့်ကြံပြီး နတ်ဘုရားဆေးလုံးတွေ သန့်စင်ဖို့အတွက် အလွန်သင့်တော်တယ်"
မီးပြင်းဖိုမြို့ရဲ့လမ်းတွေ၊ လမ်းကြားတွေမှာ လူတိုင်းက အပူတပြင်းဆွေးနွေးနေကြတော့တယ်။
…
မီးပြင်းဖိုမြို့ရဲ့ကြီးမားတဲ့တည်းခိုခန်းတစ်ခုထဲမှာ။
ဖက်တီးတစ်ယောက်က အံကြိတ်ကာ ပြောလိုက်တယ်"ငါက အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားပဲ။ ငါ ဒီတစ်ကြိမ် နံပါတ်၁ရရမယ်"
ဆေးမီးပြင်းဖိုမြို့မှာ လူအများကြီးက သူ့ကို မသိပေမယ့် အနက်ရောင်မျှော်စင်မြို့မှာ သူက နံပါတ်၁ဆေးတာအ်ိုပါရမီရှင်ဖြစ်တယ်။ ထိပ်တန်းအဆင့်နတ်ဘုရားဆေးလုံးတွေသန့်စင်ခြင်းက သူ့အတွက် ထမင်းစားရေသောက်သလိုပါပဲ၊ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေသန့်စင်တဲ့အခါမှာတော့ သူက သေချာတဲ့အောင်မြင်မှုနှုန်းတစ်ခုရှိတယ်။
လမ်းပေါ်မှာ နတ်ဘုရားဆေးဆိုင်တစ်ခုမှာ။
လှပတဲ့အမျိုးသမီးတစ်ယောက်က ဗီရိုထဲရှိနတ်ဘုရားဆေးလုံးတွေကို လေ့လာနေတယ်။
ဒီနေရာမှာ ရေရင်းမြစ်မြို့မှလူတွေရှိရင် သူတို့က ဒီအမျိုးသမီးကို သေချာပေါက်မှတ်မိပါလိမ့်မယ်၊ သူမက ရေရင်းမြစ်မြို့ရဲ့နံပါတ်၁ဆေးပါရမီရှင်ဖြစ်တယ်။
ဒီနေ့မှာ အဆင့်၃နတ်ဘုရားမြို့တစ်ရာမှနံပါတ်တစ်ဆေးတာအိုပါရမီရှင်တွေက ဆေးမီးပြင်းဖိုမြို့ကို ရောက်ရှိလာတယ်။
နေ့လည်ခင်းမှာ လီဖူချန်းတို့အဖွဲ့က မီးပြင်ဖိုမြို့ကို ရောက်ရှိလာတယ်။
"ဘယ်လိုတောင်ကြွယ်ဝတဲ့ဆေးချီလဲ"
လီဖူချန်းက အံ့အားသင့်သွားတယ်။
လိုင်အန်က ပြောလိုက်တယ်"ဒီတစ်ကြိမ်ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံကို ပါဝင်ယှဉ်ပြိုင်မယ့်သူတွေက တစ်ထောင်လောက်ရှိတယ်။ သူတို့အားလုံးက ဆေးတာအိုပါရမီရှင်တွေပဲ။ ဒီလောက်များတဲ့ဆေးတာအိုပါရမီရှင်တွေစုဝေးနေမှတော့ ဆေးချီက မသိပ်သည်းရင်ပဲ ထူးဆန်းနေမှာ"
အာကာသယာဉ်ပေါ်မှ ဆင်းသက်ပြီးနောက် လူတိုင်းက နေထိုင်ဖို့အတွက် ကျော်ကြားတဲ့တည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့တယ်။
ညစာစားချိန်မှာ တည်းခိုခန်းရဲ့ပင်မခန်းမက လူတွေနဲ့ ပြွတ်သိပ်နေတော့တယ်။
"အမြန်ကြည့်စမ်း၊ အဲဒါ ငါတို့မီးပြင်းဖိုမြို့ရဲ့နံပါတ်၁ဆေးတာအိုပါရမီရှင်မီးဆေးဆန်းကြယ်နတ်ဘုရားပဲ"
"မီးဆေးဆန်းကြယ်နတ်ဘုရားက ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်တယ်လို့ ငါ ကြားတယ်။ ဒါမှန်သလား ငါ သိချင်တယ်"
"ဒါ မှန်ပေမယ့် သူက သာမန်အဆင့်နဲ့အလယ်ဆင့်နတ်ဘုရားဆေးလုံးတွေကိုပဲ သန့်စင်နိုင်တယ်"
"ဒါနဲ့တင် အံ့မခန်းဖြစ်နေပါပြီ။ တကယ်တော့ မီးဆေးဆန်းကြယ်နတ်ဘုရားက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲလေ"
လူတိုင်းရဲ့ဆွေးနွေးချက်ကို ကြားပြီးနောက် စစ်ထူတန်းချိုက်ရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။
သူလဲ ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်ခဲ့ပေမယ့် အောင်မြင်မှုနှုန်းက မမြင့်မပါဘူး၊ သူက သာမန်အဆင့်နတ်ဘုရားဆေးလုံးတွေကိုပဲ သန့်စင်နိုင်တာပါ။
ဒါက မီးဆေးဆန်းကြယ်နတ်ဘုရားနဲ့ လုံးဝမယှဉ်နိုင်တာပဲ။
"သူက အတော်လေးအံ့မခန်းပဲ"
လီဖူချန်းကလဲ ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်ခဲ့ပြီး အောင်မြင်မှုနှုန်းက တစ်ရာရာခိုင်နှုန်းပဲ။ ဒါပေမယ့် အချိန်အများစုမှာ သူက ထူးကဲအဆင့်နတ်ဘုရားဆေးလုံးတွေကိုပဲ သန့်စင်နိုင်တယ်။ ရံဖန်ရံခါမှာ သူက ပြီးပြည့်စုံခြင်းအဆင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်လိမ့်မယ်။
ဒါပေမယ့် ဒါက ကြယ်ငါးလုံးနတ်ဘုရားမီးလျှံရဲ့လုပ်ဆောင်ချက်ကြောင့်ပဲ။ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံမရှ်ိရင် လီဖူချန်းရဲ့ကြယ်ငါးလုံးနတ်ဘုရားဆေးလုံးတွေသန့်စင်နိုင်တဲ့စွမ်းရည်က တစ်ဆင့်လျော့ကျသွားပေလိမ့်မယ်။ သူက ပျမ်းမျှအဆင့်နတ်ဘုရားဆေးလုံးတွေကိုပဲ သန့်စင်နိုင်ပြီး ရံဖန်ရံခါမှာ ထူးကဲအဆင့်နတ်ဘုရားဆေးလုံးတွေကိုပဲ သန့်စင်နိုင်လိမ့်မယ်။
ဒါပေမယ့် သူ့မှာ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံရှိသလို အခြားသူတွေမှာလဲ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံတွေရှိမှာပါလေ။
အဆင့်၃နတ်ဘုရားမြို့ဆေးတာအ်ိုပါရမီရှင်တွေအနေနဲ့ ဘယ်တစ်ယောက်ကများ ကြယ်ငါးလုံးနတ်ဘုရားမီးလျှံတွေမရှိလို့လဲ။
"ဘယ်လိုလဲ။ မင်းတို့ဖိအားတွေ ခံစားရလား" လိုင်အန်က မေးလိုက်တယ်။
ရွှယ်ယွဲ့က ခေါင်းညိတ်လိုက်တယ်"မီးဆေးဆန်းကြယ်နတ်ဘုရားနဲ့ပတ်သက်ပြီး ငါသိတယ်။ သူက ယခင်ပြိုင်ပွဲတုန်းက အဆင့်၂၄ဖြစ်ပြီး တကယ်အံ့မခန်းပဲ"
လိုင်အန်က ပြောလိုက်တယ်"မင်းကိုယ်မင်း မနှိမ့်ချပါနဲ့။ ငါ့ရဲ့တောင်းဆိုချက်က မမြင့်မားပါဘူး။ မင်းက အကြိုအဆင့်နဲ့ရွေးချယ်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီး ပြိုင်ပွဲအဆင့်ကို ဝင်နိုင်သရွေ့ အဆင်ပြေပါတယ်"
ပြိုင်ပွဲအဆင့်မှာ ပါဝင်သူတစ်ရာပဲ ရှိရမယ်၊ ထိပ်ဆုံးတစ်ရာထဲ ဝင်နိုင်သူတွေပေါ့။
ထိပ်ဆုံးတစ်ရာထဲဝင်နိုင်ရင်ပင် ကြီးမားတဲ့ဂုဏ်သတင်းတစ်ခုပါပဲ။
လီဖူချန်းက ပြုံးကာ ဘာတစ်ခုမှ မပြောပါဘူး။ ထိပ်ဆုံးတစ်ရာထဲဝင်နိုင်တာက နည်းနည်းနိမ့်ပါတယ်။ သူ့ပစ်မှတ်က ထိပ်ဆုံးတစ်ဆယ်ပဲ၊ သို့မဟုတ်ရင် ကြယ်လေးလုံးဆေးနတ်ဘုရားပြိုင်ပွဲကို ပါဝင်တာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။
ညစာစားပြီးနောက် လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်အခန်းထဲသို့ ပြန်သွားခဲ့တယ်။
ကျယ်ပြောတဲ့နေရာလပ်-အချိန်ထဲမှာ လီဖူချန်းက ကောင်းကင်ဘုံဓားကြယ်ကို ဆက်လက်ကျင့်ကြံနေခဲ့တယ်။
ဘာပဲပြောပြော၊ သူက အမြဲတမ်းဓားနတ်ဘုရားတစ်ယောက်ပဲ၊ သူ့ရဲ့အဓိကကျင့်ကြံခြင်းက ဓားတာအိုပဲ။ သူ့ရဲ့ဆေးတာအိုက ဘယ်လောက်ပဲ ကောင်းကောင်း ဓာားတာအိုကျင့်ကြံရတာလောက် သူ့စိတ်နှလုံးကို မလှုပ်ရှားစေနိုင်ပါဘူး။
ဒုတိယမြောက်နေ့မှာ မီးပြင်းဖိုမြို့က ပိုတောင်သက်ဝင်လှုပ်ရှားနေတယ်။
ငါတို့တွေ မီးပြင်းဖိုမဟာခန်းမမှာ စာရင်းသွားသွင်းရအောင်" မနက်စောစောမှာ လိုင်အန်က သူတို့သုံးယောက်ကို ပြောလိုက်တယ်။
ဆေးနတ်ဘုရားပြိုင်ပွဲကို မီးပြင်းဖိုမြို့ရဲ့အလယ်ဗဟိုရှိမီးပြင်းဖိုမဟာခန်းမမှာ ကျင်းပတယ်။
မီးပြင်းဖိုမဟာခန်းမက ကြီးမားပြီး ၎င်းက လူတစ်သန်းဝင်လာရင်တောင် လူကျပ်တယ်လို့ မခံစားရစေပါဘူး။
လက်ရှိအချိန်မှာ မီးပြင်းဖိုခန်းမက ယှဉ်ပြိုင်မယ့်သူတွေကို စာရင်းသွင်းနေတယ်။
"မိုးကြိုးတောက်ပမြို့၊ လျှပ်စီးဆေးဆန်းကြယ်နတ်ဘုရားလဲ့ရီတန်း၊ ဒီနှစ်အသက်တစ်သိန်းနှစ်သောင်း၊ နောက်တစ်ယောက်"
"နေအလင်းမြို့၊ လိပ်ပြာဆေးဆန်းကြယ်နတ်ဘုရားလီဟူတျဲ၊ ဒီနှစ်အသက်သုံးသောင်း၊ နောက်တစ်ယောက်"
"ကောင်းကင်ဘုံထာဝရမြို့၊ ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်း၊ ဒီနှစ်အသက်လေးသောင်းနှစ်ထောင်၊ နောက်တစ်ယောက်"
"သူက ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားလား"
"ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့ပထမနေရာကို နှစ်နှစ်ဆက်တိုက်ရထားသူလေ"
"အထင်ကြီးစရာပဲ၊ ဒီနှစ်ပါ ပထမနေရာကို ထပ်ရရင် သုံးခါဆက်တိုက်ပေါ့လေ"
"ဟုတ်တယ်၊ လူတစ်ယောက်တည်းက အများဆုံးသုံးခါပဲ ပါဝင်နိုင်တယ်"
"ပထမနေရာကိုသုံးခါဆက်တိုက်ရရင် ဂုဏ်ထူးဆောင်ဆေးနတ်ဘုရားကျောက်တိုင်ပေါ်မှာ သူတို့ရဲ့နာမည်ကို ထာဝရ ချန်ထားနိုင်တယ်ဆိုပဲ"
"အကျိုးအမြတ်က ဒါထက် ပိုတယ်။ ဒါပေမယ့် ပထမနေရာကို သုံးခါဆက်တိုက်ရဖို့ဆိုတာက လွယ်ကူတဲ့အရာတစ်ခုမဟုတ်ဘူး။ မြောက်ပိုင်းနယ်မြေမှာ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံကို ကျင်းပကတည်းက ပထမနေရာကိုသုံးခါဆက်တိုက်ရနိုင်သူအယောက်ကိုးဆယ်ပဲ ရှိတယ်"
ချက်ချင်းပဲ လူတိုင်းရဲ့အကြည့်က ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းပေါ်သို့ ကျရောက်လာခဲ့တယ်။
ယုမင်ကွမ်းရဲ့ပါးစပ်ထောင့်မှာ အပြုံးတွေ ရစ်ခိုနေတယ်။ ဒီတစ်ခေါက်ပထမနေရာကိုလဲ ငါပဲ ရမှာ သေချာတယ်။
"မီးပြင်းဖိုမြို့၊ မီးဆေးဆန်းကြယ်နတ်ဘုရားရွှယ်ရီ၊ ဒီနှစ်အသက်ရှစ်သောင်းရှစ်ထောင်၊ နောက်တစ်ယောက်"
"ဒါက မီးဆေးဆန်းကြယ်နတ်ဘုရားပဲ၊ ယခင်တစ်ခေါက်မှာ အဆင့်၂၄သူထားသူလေ"
မီးဆေးဆန်းကြယ်နတ်ဘုရားရဲ့ထွက်ပေါ်လာမှုက လူတိုင်းရဲ့အာရုံကို အလားတူဆွဲဆောင်ခဲ့တယ်။
"ယုမင်ကွမ်း၊ ဒီတစ်ခါကျရင်တော့ ပထမနေရာကို အလွယ်တကူရဖို့ မစဉ်းစားနဲ့" ဟော်ရွှယ်ရီက ယုမင်ကွမ်းကို ပြောလိုက်တယ်။
ယုမင်ကွမ်းက ပြောလိုက်တယ်"မင်းအဆင့်လောက်နဲ့လား"
အဆင့်၂၄၊ ဒီအဆင့်လောက်က သူ့အမြင်မှာ အရမ်းအရမ်းကို နိမ့်ကျပါတယ်လေ။
ဟော်ရွှယ်ရီက ပြောလိုက်တယ်"ယခင်အဆင့်က ယခင်အဆင့်ပဲ။ မင်းက ယခင်အဆင့်ကို စွဲလမ်းနေရင်တော့ ဒီတစ်ခါကျရင် ပထမနေရာကို ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဒါဆိုလဲ စောင့်ကြည့်ရတာပေါ့" ယုမင်ကွမ်းက ဟော်ရွှယ်ရီနဲ့ အရေမရေအဖတ်မရေတာတွေ ပြောရတာ ပျင်းရိလွန်းပါတယ်။
"အနက်ရောင်မျှော်စင်မြို့၊ အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်၊ ဒီနှစ်အသက်ကိုးထောင်၊ နောက်တစ်ယောက် "
"ဘာ၊ အသက်ကိုးထောင်လား။ ဒါက မတရားများသွားပြီ"
"အသက်ကိုးထောင်ဆန်းကြယ်နတ်ဘုရား၊ အသက်ကိုးထောင်ကြယ်လေးလုံးရွှေရောင်ဆေးနတ်ဘုရား။ ဘယ်လိုတောင် ကြောက်စရာကောင်းတာပါလိမ့်"
အနက်ရောင်အသားအရေနဲ့ဖက်တီးထွက်ပေါ်လာမှုက လူတိုင်းကို ထိတ်လန့်သွားစေခဲ့တယ်။ သူတို့တစ်ယောက်မှ သူ့ကို အထင်မသေးရဲပါဘူး။
တကယ်တော့ အသက်ကိုးထောင်က ငယ်ရွယ်လွန်းတယ်လေ။
ဒီအချိန်မှာ ယုမင်ကွမ်းနဲ့ဟော်ရွှယ်ရီတို့ရဲ့မျက်နှာက အနည်းငယ်လေးနက်သွားတယ်။ ယုမင်ကွမ်းက အဆင်ပြေပါသေးတယ်။ ဒါက သူ့ရဲ့တတိယအကြိမ်မြောက်ကြယ်လေးလုံးဆေးနတ်ဘုရားညိီလာခံမှာ ပါဝင်ခြင်းပဲ။ လက်ရှိအချိန်မှာ အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်အနေနဲ့ သူ့ကို ခြိမ်းခြောက်ဖို့က အလွန်ခက်ခဲတယ်။ သူက အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်ရဲ့ငယ်ရွယ်မှုနဲ့ပတ်သက်ပြီး အနည်းငယ်စိတ်သက်သောင့်သက်သာမဖြစ်ရုံမျှပဲ။
မင်ကွမ်းနဲ့ယှဉ်ရင် ဟော်ရွှယ်ရီရဲ့အမူအရာက ပိုတောင်လေးနက်လာတယ်။ သူက ဒီအချိန်မှာ အသက်ရှစ်သောင်းရှစ်ထောင်ရှိပေမယ့် ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံကို တစ်ကြိမ်သာ ပါဝင်ရသေးတယ်။ နောင်ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာလဲ သူက အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်နဲ့ ထပ်တွေ့ရအုံးမှာပါ။
"သူက ငယ်ရွယ်တာကလွဲပြီး ဆေးတာအိုပါရမီတွေအများကြီးမရှိဖို့ ငါ မျှော်လင့်တယ်"
ဟော်ရွှယ်ရီက သူ့ရာသူတွေးလိုက်တယ်။
"ရေရင်းမြစ်မြို့၊ ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်၊ ဒီနှစ်အသက်ငါးထောင်၊ နောက်တစ်ယောက်"
"မဟုတ်တော့ဘူးနော်"
"နောက်ထပ်ငယ်တာရှိသေးတာလား"
"အသက်ငါးထောင်၊ နှစ်လေးထောင်ပိုငယ်တာပဲ။ ဒါက မယုံကြည်နိုင်စရာကောင်းတဲ့အရာပဲ"
"ဒီနှစ်ရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက ဘာမှားနေတာလဲ"
လူတိုင်းရဲ့အကြည့်က ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်အပေါ် ကျရောက်လာတယ်။
ဟွမ်ရွှယ်က အလွန်လှတယ်၊ အရမ်းတောက်ပတယ်၊ ဖီးနစ်ငှက်တစ်ကောင်လိုပဲ။ သူမရဲ့ဆွဲဆောင်မှုကို ခုံခံနိုင်ဖို့က မလွယ်လှပါဘူး။
ဒီအချိန်မှာ အမျိုးသမီးဆေးနတ်ဘုရားများစွာကို ဟွမ်ရွှယ်က ဆွဲဆောင်ခဲ့တယ်။
မနာလိုဖြစ်စရာတော့ မရှိပါဘူး။ ကွာဟချက်က ကြီးမားလွန်းတော့ မနာလိုမှုတွေ ထွက်ပေါ်လာဖို့ မဖြစ်နိုင်ဘူး၊ ကြည်ညိုလေးစားမှုတွေပါပဲ။
ယုမင်ကွမ်းနဲ့ဟော်ရွှယ်ရီတို့ကိုလဲ ဟွမ်ရွှယ်က ဆွဲဆောင်ခဲ့တယ်။
ရှားပါးတဲ့ဆေးတာအိုပါရမီရှင်တွေအနေနဲ့ အနှီလူနှစ်ယောက်ရဲ့အမြင်က အလွန်ဂျီးများတယ်။ သူတို့ရဲ့ဆေးတာအိုလက်တွဲဖော်ဖြစ်ချင်ရင် တစ်စုံတစ်ယောက်က အလွန်ထူးချွန်ရပါမယ်။
သံသယရှိစရာမလို၊ ဟွမ်ရွှယ်က အလွန်ထူးချွန်တယ်။
"နံပါတ်တစ်၊ ငါ နံပါတ်တစ် ရကိုရရမယ်။ နံပါတ်တစ်ရမှ သူမနဲ့ ထိုက်တန်မှာ" ယုမင်ကွမ်းက နံပါတ်တစ်ကို ရဖို့ ယခင်ကမဖြစ်ဖူးတဲ့အလိုဆန္ဒတို့ ထွက်ပေါ်လာနေတော့တယ်။
ဟော်ရွှယ်ရီကလဲ ဒီအတွေးပါပဲ။ သူ နံပါတ်တစ်ကို ရသရွေ့ သူက ဟွမ်ရွှယ်ရဲ့အာရုံကို သေချာပေါက်ဆွဲဆောင်နိုင်မှာပါ။
"ဒီအမျိုးသမီးက တကယ်ကို အံ့မခန်းပဲ"
လီဖူချန်းရဲ့အမြင်အားက အလွန်စူးရှတယ်။ သူ့အမြင်အရ ဟွမ်ရွှယ်ရဲ့ခွန်အားက ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားရဲ့အထက်မှာရှိတယ်။
ဒါက နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အလိုအလျောက်သိစိတ်ပါပဲ။
လက်ရှိလူတွေထဲမှာ ဟွမ်ရွှယ်အပြင် အနက်ရောင်ဆေးနတ်ဘုရားကျိုးမင်လဲ အရမ်းသန်မာပေမယ့် သူက ဟွမ်ရွှယ်ထက် အနည်းငယ်နိမ့်ကျနေသေးတယ်လို့ သူက ခံစားမိတယ်။
"မီးငှက်မြို့၊ စိတ်ဝိညာဉ်ဆေးဆန်းကြယ်နတ်ဘုရားမူရုံဖှေးဝူ၊ ဒီနှစ်အသက်ခြောက်ထောင်၊ နောက်တစ်ယောက်"
လှိုင်းတစ်ခုက မစဲသေးခင် နောက်တစ်လှိုင်းက မြင့်တက်လာပြန်တယ်။
နောက်ထပ်ငယ်ရွယ်တဲ့ဆေးတာအိုပါရမီရှင်တစ်ယောက်က ထွက်ပေါ်လာခဲ့တယ်။ ဒါ့အပြင် ဒါကလဲ အမျိုးသမီးတစ်ယောက်ဖြစ်ကာ အလားတူလှပတယ်။
***