အသက်နှစ်တစ်ထောင်
Vol. 91 Ch. 1273
"အသက်နှစ်ခြောက်ထောင်၊ ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရထက် နှစ်တစ်ထောင်ပဲ ပိုကြီးတယ်"
"အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားအပါအဝင်ဆိုရင် အသက်နှစ်တစ်သောင်းအောက်သုံးယောက်ရှိနေပြီ"
"ဆန်းကြယ်နတ်ဘုရားတွေမှာ သန်းတစ်ရာကနေသန်းနှစ်ရာအထိ သက်တမ်းရှိတယ်။ နှစ်တစ်သောင်းအောက်လူတွေက ငယ်ရွယ်လွန်းပြီး ကြောက်စရာကောင်းလွန်းတယ်။ အနာဂတ်မှာ သူတို့တွေ ဘယ်အဆင့်အထိ ရောက်မလဲကို စိတ်ကူးယဉ်ဖို့ ခက်ခဲတယ်"
"ကြယ်ခြောက်လုံးဆေးနတ်ဘုရားအဆင့်ကတော့ ပြေးမလွတ်တော့ဘူး"
"ကြယ်ခြောက်လုံးဆေးနတ်ဘုရား.....ကမ္ဘာနတ်ဘုရားတွေကတောင် သူတို့နဲ့ မိတ်ဆွေဖြစ်ချင်မှာ"
"အခြားသူတွေနဲ့နှိုင်းယှဉ်ရတာ တကယ်ကို အသည်းယားစရာပဲ။ ငါက ဒီနှစ်ပဲ အသက်ရှစ်သောင်းရှိနေပြီ၊ ငါ အကြိုအဆင့်ကို ကျော်ဖြတ်နိုင်မလားတောင် မသိတော့ဘူး"
"မယှဉ်နိုင်ဘူး၊ မယှဉ်နိုင်ဘူး။ လူတိုင်းက ပါရမီရှင်ဆိုရင် ပါရမီရှင်ဆိုတာ ဘာတန်ဖိုးရှိတော့မလဲ"
လူတိုင်းက ဆွေးနွေးနေကြကာ အတော်လေးဆူညံနေတော့တယ်။
"တောက်ပအလင်းမြို့၊ အကန့်အသတ်မဲ့ဆေးနတ်ဘုရားကျန်းယန်မင်၊ ဒီနှစ်အသက်နှစ်ခုနှစ်ထောင်၊ နောက်တစ်ယောက်"
လူတိုင်းက အံ့အားသင့်လို့တောင် မပြီးသေးပါဘူး၊ နောက်ထပ်အသက်တစ်သောင်းအောက်ဆေးတာအိုပါရမီရှင်တစ်ယောက်က ထွက်ပေါ်လာခဲ့တယ်။
"ဒီနှစ်ရဲ့ဆေးနတ်ဘုရားညီလာခံက ဘာဖြစ်နေတာလဲ"
လူတိုင်းက လုံးဝကို အာစေးမိနေသလို ဘာပြောရမှန်းတောင် မသိတော့ဘူး။
အခုဆိုရင် ဒီငါးယောက်က လူတိုင်းရဲ့စိတ်ဝင်စားမှုကို ရရှိထားပါပြီ။ သူတို့ကတော့ ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်း၊ အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်၊ ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်၊ စိတ်ဝိညာဉ်ဆေးဆန်းကြယ်နတ်ဘုရားမူရုံဖှေးဝူနဲ့အကန့်အသတ်မဲ့ဆေးနတ်ဘုရားကျန်းယန်မင်။
မီးဆေးဆန်းကြယ်နတ်ဘုရားဟော်ရွှယ်ရီကတော့ အရမ်းထူးချွန်ပေမယ့် ယခင်ညီလာခံမှာ အဆင့်၂၄သာဖြစ်တယ်။ ဒီငါးယောက်နဲ့ယှဉ်ရင် သူက မလုံလောက်ပါဘူး။
"ဟွမ်ရွှယ်၊ မူရုံဖှေးဝူ"
ယုမင်ကွမ်းက ဟွမ်ရွှယ်နဲ့မူရုံဖှေးဝူတို့ကို တစ်ချက်ကြည့်လိုက်တယ်။
သူတို့နှစ်ယောက်က အလွန်ထူးချွန်ပြီး သူ့ရဲ့ပစ်မှတ်တွေဖြစ်ဖို့ ထိုက်တန်တယ်။
သူက ဒီညီလာခံရဲ့နံပါတ်တစ်နေရာကို ရရှိခဲ့ရင် သူက သူတို့ရဲ့အာရုံကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်တယ်။
"ဒါ တကယ်ကို မယှဉ်နိုင်ဘူးပဲ။ အော် ဟုတ်တယ်၊ အကြီးအကဲလီကရော ဒီနှစ်အသက်ဘယ်လောက်ရှိပြီးလဲ" ရွှယ်ယွဲ့က မေးလိုက်တယ်။
လီဖူချန်းရဲ့ချီတည်ရှိမှုကို ကြည့်ရသလောက် သူက သေချာပေါက်အရမ်းငယ်ပေမယ့် သူက ဘယ်လောက်ငယ်ရွယ်သလဲကို ပြောဖို့ ခက်ခဲတယ်။ တကယ်တော့ ဆန်းကြယ်နတ်ဘုရားတွေရဲ့သက်တမ်းက ကြာလွန်းတယ်။ ဒီလိုကြာရှည်တဲ့သက်တမ်းနဲ့ဆိုရင် ချီတည်ရှိမှုအရ သက်တမ်းကို အတိအကျဆုံးဖြတ်ဖို့ ခက်ခဲတယ်။
ဒါပေမယ့် ရွှယ်ယွဲ့က မသိစိတ်က သူမကို ပြောပြခဲ့တယ်၊ လီဖူချန်းငယ်က ငယ်ရွယ်တယ်လို့။ သူက နှစ်တစ်သောင်းအောက်မဖြစ်နိုင်ပေမယ့် အများကြီးပိုမကြီးတာ သေချာသလောက်ပဲ။
လီဖူချန်းက ပြောလိုက်တယ်"မကြာခင်ငါတို့အလှည့်ရောက်လာမှာ။ မင်း သိပါလိမ့်မယ်"
"ကျွတ်" ရွှယ်ယွဲ့က ပြောစရာစကားမဲ့သွားတော့တယ်။ သူမက သူ့အသက်ကို မေးရုံပဲလေ၊ သူက သူမကို သံသယဖြစ်အောင်လုပ်နေတာပဲ။
ရွှယ်ယွဲ့က ဟွမ်ရွှယ်နဲ့မူရုံဖှေးဝူတို့ကို ရှက်ရွံ့စွာ ကြည့်လိုက်တယ်။
သူမက ဒီနှစ်အသက်ခုနှစ်သောင်းဆိုတော့ ငယ်ရွယ်လွန်းတယ်လို့ ထင်ခဲ့ပေမယ့် ဒီနှစ်ယောက်နဲ့ နှိုင်းယှဉ်လိုက်တော့ သူမက ချက်ချင်း မှေးမှိန်သွားခဲ့ရတယ်။
အသက်တစ်သောင်းအောက်နဲ့ သူတို့ ဘယ်လိုတောင် ကျင့်ကြံခဲ့ပါလိမ့်။
အမှောင်ပြာမြို့၊ စစ်ထူတန်းချိုက်၊ ဒီနှစ်အသက်နှစ်နှစ်သိန်းငါးသောင်း၊ နောက်တစ်ယောက်"
(အရှေ့အပိုင်းတွေမှာပါတဲ့စန်းလန်မြို့က အမှောင်ပြာမြို့နဲ့ အတူတူပါပဲခင်ဗျာ)
မကြာမီမှာပဲ အမှောင်ပြာမြို့ရဲ့အလှည့်ရောက်လာခဲ့တယ်။
စစ်ထူတန်းချိုက်ရဲ့နာမည်က ဘယ်လိုအာရုံကိုမှ မဆွဲဆောင်နိုင်ခဲ့ပါဘူး။ သူ့လိုလူတွေက အများကြီးပဲလေ။
"အမှောင်ပြာမြို့၊ လဆေးဆန်းကြယ်နတ်ဘုရားရွှယ်ယွဲ့၊ ဒိီနှစ်အသက်ခုနှစ်သောင်းနှစ်ထောင်၊ နောက်တစ်ယောက်"
"ဒါ ပြိီးခဲ့တဲ့ပြိုင်ပွဲတုန်းက အဆင့်၄၉ရခဲ့တဲ့ လဆေးဆန်းကြယ်နတ်ဘုရားပဲ"
"မဆိုးဘူး။ ဒီမိန်းကလေးက အရမ်းအားကောင်းတာပဲ။ သူမက ဒီနှစ်ထိပ်ဆုံးနှစ်ဆယ်ထဲ ဝင်နိုင်လောက်တယ်"
ရွှယ်ယွဲ့ရဲ့ပေါ်ထွက်လာမှုက စစ်ထူတန်းချိုက်ထက် ပိုပြီးလူပြောများခဲ့တယ်။
"အခု မင်းအလှည့်ပဲ" ရွှယ်ယွဲ့က လီဖူချန်းကို ကြည့်လိုက်တယ်။
တုံ့ပြန်တဲ့အနေနဲ့ လီဖူချန်းက ခါးသီးစွာ ရယ်လျက် ရှေ့သို့ လျှောက်သွားတယ်။
"နတ်ဘုရားမြို့၊ ဘွဲ့နာမည်၊ အမည်"
"အမှောင်ပြာမြို့၊ ဓားဆေးဆန်းကြယ်နတ်ဘုရား၊ လီဖူချန်း"
ဓားဆေးဆန်းကြယ်နတ်ဘုရားဆိုတာကို လီဖူချန်းကိုယ်တိုင် အမည်ပေးခဲ့တာပဲ။
ယှဉ်ပြိုင်သူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ဘွဲ့နာမည်ရှိရတယ်လေ။
"မင်းရဲ့လက်ကို အသက်ကျောက်တုံးပေါ် တင်ထားလိုက်" စာရင်းမှတ်သူက ပြောလိုက်တယ်။
လီဖူချန်းက သူ့ရဲ့လက်ကို ထူးဆန်းတဲ့ကျောက်တုံးတစ်တုံးပေါ် တင်ထားလိုက်တယ်။
"ဘာ၊ အသက်တစ်ထောင်လား"
စာရင်းမှတ်သူက အံ့အားသင့်သွားပြီး အသက်ကျောက်တုံးမှာ ပြဿနာတစ်ခုရှိသလားလို့တောင် သံသယဝင်ခဲ့တယ်။
ဒါ မဖြစ်နိုင်ဘူး.....
အသက်ကျောက်တုံးမှာ ပြဿနာရှိတာ မဖြစ်နိုင်ဘူး။ ဒါက နတ်ဘုရားကမ္ဘာရဲ့ဆန်းကြယ်ကျောက်တုံးတစ်တုံးပဲ၊ ဒီလိုပြဿနာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။
ပြဿနာမရှိမှတော့ လီဖူချန်းက အသက်တစ်ထောင်ပဲ ရှိတယ်လို့ ဆိုလိုတယ်။
O
ဒါပေမယ့် ဒီအသက်ကျောက်တုံးက ထိပ်တန်းအဆင့်အသက်ကျောက်တုံးမဟုတ်ဘူး၊ နှစ်တစ်ထောင်အသက်ကိုပဲ ဆုံးဖြတ်နိုင်တယ်။ လီဖူချန်းက နှစ်တစ်ထောင်ထက် ကြီးချင်ကြီးမယ်ဒါမှမဟုတ်ငယ်ချင်ငယ်မယ်လို့ ဆိုလိုတယ်။
ဘာပဲပြောပြော၊ စာရင်းမှတ်သူက အံ့ဩတုန်လှုပ်ခဲ့ရတာအမှန်ပါပဲ။
ကျိုးမင်၊ ဟွမ်ရွှယ်နဲ့အခြားသူတွေထွက်ပေါ်လာတုန်းက သူက အံ့အားသင့်သွားခဲ့ပေမယ့် သူက အဲဒါကို လက်ခံနိုင်ပါသေးတယ်။ တကယ်တော့ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံစတင်ကတည်းက အသက်နှစ်တစ်သောင်းအောက်ယှဉ်ပြိုင်သူတွေ ရှိခဲ့ပါတယ်လေ။
ဒါပေမယ့် အသက်တစ်ထောင်ရှိတဲ့သူကိုတော့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။
"အမှောင်ပြာမြို့၊ ဓားဆေးဆန်းကြယ်နတ်ဘုရား၊ လီဖူချန်း။ ဒီနှစ်အသက်တစ်ထောင်၊ နောက်တစ်ယောက်"
စာရင်းမှတ်သူရဲ့အသံက မကျယ်ပေမယ့် ခန်းမတစ်ခုလုံး တိတ်တိတ်သွားခဲ့တယ်။
တိတ်ဆိတ်ပြီးနောက် ပွက်ပွက်ဆူလာတော့တယ်။
"ဘာ။ ငါ နားကြားမှားတာလား"
"အသက်တစ်ထောင်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"အသက်တစ်ထောင်ဆန်းကြယ်နတ်ဘုရား၊ အသက်တစ်ထောင်ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရား။ ဒါက ဒဏ္ဍာရီတစ်ခုပဲ"
"ဒဏ္ဍာရီတစ်ယောက် မွေးဖွားလာခဲ့ပြီပဲ"
"ကျိုးမင်၊ ဟွမ်ရွှယ်၊ မူရုံဖှေးဝူနဲ့ အခြားသူတွေနဲ့တင် လုံလောက်ပြီလို့ ထင်ထားခဲ့တာ။ ဒီလိုဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
"ဓားဆေးဆန်းကြယ်နတ်ဘုရားဆိုတဲ့နာမည်ကို မြောက်ပိုင်းနယ်မြေမှာ ချန်ထားဖို့ ကံကြမ္မာသတ်မှတ်ထားခဲ့တာပဲ။ သူ့အဆင့်က ဒီနှစ်မှာ မမြင့်မားရင်တောင်မှပေါ့"
"ဟုတ်တယ်၊ ဒီနှစ်ရဲ့ဆေးနတ်ဘုရားညီလာခံက မြောက်ပိုင်းနယ်မြေမှာ သမိုင်းတွင်ဖို့ ကံကြမ္မာသတ်မှတ်ထားခဲ့တာပဲ"
"အသက်တစ်ထောင်လား"
ဟော်ရွှယ်ရဲ့ပါးစပ်က ဟသွားပြီး အချိန်အကြာကြီးပြန်မပိတ်နိုင်တော့ပါဘူး။
သူက အနည်းငယ်ဝမ်းနည်းမိလာတယ်။ ဒီလူတွေနဲ့ယှဉ်ရင် ဒါက သူက သာမန်လူတစ်ယောက်ပဲလို့ခံစားရတဲ့ပထမဆုံးအကြိမ်ပဲ။
"အသက်တစ်ထောင်လား"
စစ်ထူတန်းချိုက်နဲ့ရွှယ်ယွဲ့တို့ကလဲ ပြောစရာစကားမဲ့သွားတဲ့အထိ ထိတ်လန့်သွားခဲ့တယ်။
အထူးသဖြင့် စစ်ထူတန်းချိုက်ပဲ။
မီးပြင်းဖိုမြို့ကိုမလာခင် သူက လီဖူချန်းကို ယှဉ်ပြိုင်သူတစ်ယောက်အနေနဲ့ သတ်မှတ်ထားခဲ့တယ်။
အခုကြည့်ရသလောက် သူက ရူးမိုက်စွာတွေးနေခဲ့မိတာပဲ။
"ဒီကောင်လေး"
စစ်ထူတန်းချိုက်က လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိတယ်၊ မကြာမီမှာပဲ သူ့လက်သီးက ပြေလျော့သွားခဲ့တယ်။ သူက လီဖူချန်းကို ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ။
သူက အသက်နှစ်သိန်းငါးသောင်းရှိနေချိန်မှာ လီဖူချန်းက အသက်တစ်ထောင်ပဲရှိသေးတာလေ။
ဒါက အဆနှစ်ရာ့ငါးဆယ်ခြားနားမှုပဲ။
လီဖူချန်းအသက်နှစ်သိန်းငါးသောင်းကို ရောက်ရှိတဲ့အခါကျရင် သူက ကြယ်ငါးလုံးဆေးနတ်ဘုရားတစ်ယောက်ဖြစ်နေလောက်ပြီ။ စစ်ထူးတန်းချိုက်က ကြယ်ငါးလုံးဆေးနတ်ဘုရားတစ်ယောက်ဖြစ်ချင်ရင် သူက အနည်းဆုံးအသက်တစ်သန်းလိုအပ်တယ်။
ဆေးတာအိုဖြစ်စေဒါမှမဟုတ်အခြားတာအိုဖြစ်စေ၊ ရှေ့သို့ ပိုတိုးတက်လာလေလေ၊ တိုးမြှင့်ဖို့က ပိုခက်ခဲလေပဲ။
စစ်ထူတန်းချိုက်က စိတ်ပျက်အားလျော့သွားပြီး လီဖူချန်းနဲ့ မယှဉ်ပြိုင်ချင်တော့ပါဘူး။
ခြားနားချက်က ကြီးမားလွန်းတော့ ယှဉ်ပြိုင်တာက အဓိပ္ပါယ်မရှိတော့ပါဘူး။
လီဖူချန်းက အရမ်းငယ်ရွယ်တယ်ဆိုတာ သူမ သိပေမယ့် ဒီလောက်ထိငယ်ရွယ်မယ်လို့တော့ ရွှယ်ယွဲ့က မမျှော်လင့်ထားခဲ့ပါဘူး။
အသက်တစ်ထောင်ဆိုတာ ဘယ်လိုသဘောတရားလဲ။
သူမအသက်တစ်ထောင်တုန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသာ ရှိသေးတာလေ။
"ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာ သူနဲ့ယှဉ်နိုင်တာ နည်းနည်းပဲရှိမှာ" ရွှယ်ယွဲ့က တွေးလိုက်တယ်။
လီဖူချန်းက ပါရမီရှင်တစ်ယောက်လို့ ဖော်ပြလို့မရနိုင်ဘူး၊ သူက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ။
ကျင့်ကြံခြင်းအရ သူက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ။ ဆေးတာအိုအရ သူက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ။
"ဒီကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ သူ့အဆင့်က ဘာဖြစ်လာလိမ့်မလဲ"
ရွှယ်ယွဲ့က စောင့်မျှော်နေတော့တယ်။
လီဖူချန်းရဲ့ဆေးတာအိုအဆင့်က အလွန်မြင့်မားပေမယ့် ဘယ်လောက်မြင့်မားလဲဆိုတာ မသိပါဘူး။ ဒါက အခွင့်အရေးတစ်ခုပဲ။
"ဒီကောင်က ကျော်ကြားမှုကို ခိုးယူတဲ့နေရာမှာ တော်တော်တော်တာပဲ"
အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်က အလွန်မကျေမနပ်ဖြစ်သွားတယ်။
လီဖူချန်းရဲ့ပေါ်ထွက်လာမှုက သူတို့ရဲ့ကျော်ကြားမှုတွေကို ခိုးယူခဲ့တာပဲ။ လက်ရှိမှာ လူတိုင်းက လီဖူချန်းကိုပဲ ကြည့်နေတော့တယ်၊ တစ်ယောက်မှ သူ့ကို မကြည့်တော့ဘူး။
"ဟမ့်၊ သူက ငယ်ငယ်လေးပဲရှိသေးတယ်။ သူ့ရဲ့ဆေးတာအိုအဆင့်က မမြင့်မားမှာ သေချာတယ်။ ငါ ဒီတစ်ကြိမ် ပထမနေရာကို ရမှာဆိုတော့ မင်းနဲ့ တွယ်ကပ်မနေတော့ပါဘူးလေ" ကျိုးမင်က ရေရွတ်လိုက်တယ်။
အကန့်အသတ်မဲ့ဆေးနတ်ဘုရားကျန့်ယန်မင်က လီဖူချန်းကို တစ်ချက်ကြည့်လိုက်တယ်၊ သူက သိပ်တော့အာရုံမထားခဲ့ပါဘူး။
သူက ယင်ယန်ဥပဒေသကို လေ့ကျင့်ထားတာကြောင့် ဘယ်သူထက်မှ မနိမ့်ကျဘူးလို့ သူက ယုံကြည်ချက်ရှိတယ်။
သူ့ရဲ့ဆေးတာအိုနတ်ဘုရားအတတ်ဖြစ်တဲ့ယင်ယန်ဆေးသိပ်သည်းခြင်းနည်းစနစ်က သူ့ရဲ့အကြွင်းမဲ့အတတ်ပါပဲ။
နည်းနည်းငယ်တာကလွဲပြီး လီဖူချန်းမှာ သူနဲ့ ယှဉ်ပြိုင်စရာဘာရှိမလဲ။
ဒီကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံအတွက်ကတော့ သူက ပထမနေရာကို မရနိုင်ရင် ကျရှုံးမှုတစ်ခုပဲ။
"စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ"
စိတ်ဝိညာဉ်ဆေးဆန်းကြယ်နတ်ဘုရားမူရုံဖှေးဝူက လီဖူချန်းကို အကဲဖြတ်လိုက်တယ်။
လီဖူချန်းရဲ့ချီတည်ရှိမှုက တကယ်ကို ပြိုင်ဘက်ကင်းတယ်။ သူ့ရဲ့ဆေးတာအိုချီတည်ရှိမှုက သန့်စင်တယ်လို့ မသတ်မှတ်နိုင်ပေမယ့် သူ့ရဲ့ဓားတာအိုချီတည်ရှိမှုက အလွန်အမင်းသန့်စင်တယ်။
သူ့ကို ဓားဆေးဆန်းကြယ်နတ်ဘုရားလို့ခေါ်တာ အံ့ဩစရာမရှိဘူးပဲ၊ သူက ဓားတာအိုရောဆေးတာအိုကျင့်ကြံတာဖြစ်ရမယ်။
"ငါ သူ့ကို ခေါ်သွားပြီး အဲဒီလူအိုကြီးတွေရဲ့ပါးစပ်ကိုပိတ်အောင် လုပ်လို့ရနိုင်မယ်ထင်တယ်" မူရုံဖှေးဝူက သူမရာသူမ တွေးနေတော့တယ်။
"ဒါပေမယ့် အရာအားလုံးက သူ့ရဲ့အဆင့်အပေါ်မှာ မူတည်ပါတယ်။ သူ့အဆင့်က နိမ့်လွန်းရင် သူက အဲဒီလူအိုကြီးတွေရဲ့ပါးစပ်ကို ပိတ်လို့ရမှာမဟုတ်ဘူး။ သူက အနည်းဆုံး ထိပ်ဆုံးငါးဆယ်ထဲ ဝင်ဖို့လိုအပ်တယ်"
"ထိပ်ဆုံးတစ်ရာလဲ အဆင်ပြေပါတယ်။ တကယ်တော့ သူက ငယ်ငယ်လေးပဲရှိသေးတာလေ"
သူမက တွေးနေစဉ်မှာ မူရုံဖှေးဝူက ရုတ်တရက် ရယ်လိုက်တယ်။ ငါ ဘာတွေလိုက်တွေးနေတာလဲ။
"အသက်တစ်ထောင်အဆင့်မြင့်ကြယ်လေးလုံးရွှေရောင်ဆေးနတ်ဘုရား၊ ငါ့ဟွမ်မိသားစုရဲ့သမိုင်းမှာ ဒီလိုလူတစ်ယောက်မှ မရှိဘူး။ ဒီကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံကို လာတာ မှန်သွားပုံပဲ"
ဟွမ်ရွှယ်က လီဖူချန်းနဲ့ပတ်သက်ပြီး အတော်လေးသိချင်တယ်။ ဟွမ်ကလန်ရဲ့သွေးမျိုးဆက်အရ သူမရဲ့မသိစိတ်က အလွန်ထူးခြားကာ အားကောင်းတယ်။
လီဖူချန်းရဲ့ခန္ဓာကိုယ်က တစ်ခုခုတော့တစ်ခုခုပဲလို့ သူမက ခံစားမိတယ်။
ပထမဆုံးအကြိမ် ယုမင်ကွမ်းက ဖိအားကို ခံစားလာရတယ်။ ဒီလူတွေက သူ့ကို ခြိမ်းခြောက်နိုင်မယ်လို့ သူ မထင်ပေမယ့် ဖြစ်နိုင်ချေတော့ ရှိပါသေးတယ်။
လူတ်ယောက်က ဒီလောက်ထိ ငယ်ရွယ်နေတာ ပုံမှန်မဟုတ်တာပဲ။
ဟူး.....
အသက်ကို ရှုထုတ်ပြီးနောက် ယုမင်ကွမ်းရဲ့အမူအရာက ထူးမခြားနားဖြစ်သွားတော့တယ်။
သူက နံပါတ်တစ်နှစ်ကြိမ်ဖြစ်ခဲ့ပြီး သူ့မှာ သူ့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်ရှိတယ်။
ဒီလူတွေက ဘယ်လောက်ပဲငယ်ငယ် ဒါမှမဟုတ် သူတို့ရဲ့ဆေးတာအိုပါရမီက ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ သူက ကြောက်ရွံ့စရာမလိုပါဘူး။
သို့မဟုတ်ရင် သူ့ကို ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားလို့ ဘယ်ခေါ်တော့မလဲ။
"လာစမ်းပါ၊ မင်းတို့ရဲ့ခွန်အားကို ပြလိုက်စမ်းပါ။ ငါ့ကို စိတ်မပျက်စေကြနဲ့ပေါ့" ပထမဆုံးအကြိမ် ယုမင်ကွမ်းက စိတ်အားထက်သန်လာတယ်။ အတိတ်က သူ့မှာ ဒီလိုစိတ်လှုပ်ရှားမှုမျိုးမရှိခဲ့ပါဘူး။
အဓိကအကြောင်းကတော့ သူက အတိတ်မှာ ဘယ်လိုဖိအားတစ်ခုမှ မခံစားခဲ့ရလို့ပဲ။
လီဖူချန်းက ဘယ်လောက်ပဲ မျက်စိဖမ်းစားစရာကောင်းနေပါစေ၊ နံပါတ်တစ်နှစ်ကြိမ်ရထားတဲ့ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားအနေနဲ့ သူ့ကို တိတ်တဆိတ်စောင့်ကြည့်နေသူတွေအများကြီးရှိပါသေးတယ်။
သူတို့ပဲ နားလည်မှုလွှဲမှားသလားတော့ မသိဘူး၊ ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းက ပိုသန်မာလာတယ်လို့ သူတို့က ခံစားမိတယ်။ သူ့ရဲ့ဆေးတာအိုချီတည်ရှိမှုက ဆန်းကြယ်လာတယ်။
"သူတို့တစ်ယောက်မှ ရင်ဆိုင်ရတာ မလွယ်ဘူး။ ဒါပေမယ့် ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းကိုတော့ ငါက မြင့်မြင့်တွေးထားတုန်းပဲ။ အခြားသူတွေက စိန်ခေါ်သူတွေမျှပဲ"
လူအချို့က ဒီလိုတွေးခဲ့တယ်။
စာရင်းသွင်းခြင်းက ဆက်သွားနေတယ်။ နောက်ပိုင်းမှာ နောက်ထပ်မှင်တက်စရာကောင်းတဲ့ပုံရိပ်အနည်းငယ်က ထွက်ပေါ်လာခဲ့တယ်။
ယခင်ညိီလာခံမှုမှာ ထိပ်ဆုံးဆယ်ယောက်ထဲဝင်သူတွေက အသက်တစ်သောင်းအောက်ဒါမှမဟုတ်နှစ်သောင်းအောက်ရှိတယ်။
အတိုချုပ်အားဖြင့် ဒီကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက လွန်ခဲ့သောနှစ်တစ်သောင်းအတွင်းမှာ အရည်အသွေးအမြင့်ဆုံးသောညီလာခံတစ်ခုဆိုတာ အသေအချာပါပဲ။ အသက်တစ်သောင်းအောက်ရှိသူတွေအများကြီးရှိတယ်။ အတိတ်မှာ ဒီလိုတစ်ယောက်ထွက်ပေါ်လာဖို့က အရမ်းခက်ခဲတယ်။
မီးပြင်းဖိုခန်းမမှ ထွက်လာပြီးနောက် လိုင်အန်ကလဲ လီဖူချန်းရဲ့အသက်နဲ့ ပတ်သက်ပြီး သိရှိခဲ့ကာ ပြောစရာစကားမရှိတဲ့အထိ အံ့ဩတုန်လှုပ်သွားခဲ့တယ်။
ဆေးမျှော်စင်က ဒီတစ်ခါ ရတနာတစ်ခုကို ကောက်ရခဲ့တာပဲ။ အသက်တစ်ထောင်ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားတစ်ယောက်က ရှာမတွေ့နိုင်တဲ့အရာပဲလေ။
မြောက်ပိုင်းနယ်မြေတစ်ခုလုံးမှာ လီဖူချန်းတစ်ယောက်ပဲ ရှိလောက်တယ်။
"သူ့ရဲ့ဆေးတာအိုအဆင့်ကို ပုံမှန်အတိုင်း ဖော်ပြနိုင်ပါစေလို့ ငါ မျှော်လင့်တယ်"
လီဖူချန်းရဲ့ဆေးတာအိုအဆင့်နဲ့ပတ်သက်ပြီး လိုင်အန်က အနည်းငယ်သိတယ်။ လီဖူချန်းက လုကလန်ကို ထိပ်တန်းဆန်းကြယ်ချိူးဖြတ်ဆေးလုံးကို သန့်စင်ဖို့ ကူညီပေးခဲ့တယ်ဆိုတာ သူလဲ သိတယ်။
လီဖူချန်းရဲ့ဆေးတာအိုအဆင့်ကို ထိုအဆင့်မှာ ထိန်းသိမ်းနိုင်ရင် သူ့အနေနဲ့ ဆေးနတ်ဘုရားညီလာခံမှာ အဆင့်တစ်ခုရဖို့က ခက်ခဲလိမ့်မှာမဟုတ်ဘူး။
လီဖူချန်းက ငယ်ရွယ်လွန်းတာကြောင့် အမြဲတမ်းမလုပ်ဆောင်နိုင်မှာကိုပဲ သူက စိုးရိမ်မိတယ်။
***