အကြိုအဆင့်
Vol. 91 Ch. 1274
ကြယ်လေးလုံးဆေးနတ်ဘုရားပြိုင်ပွဲမတိုင်ခင် သုံးရက်ကြာသေးတယ်။ လိုင်အန်က သူတို့သုံးယောက်ကို စိတ်အေးအေးထားဖို့၊ မစိုးရိမ်ဖို့ ပြောခဲ့တယ်။
အရိုးသားဆုံးပြောရရင် စစ်ထူတန်းချိုက်က အစိုးရိမ်ဆုံးပဲ။ သူက အရင်ပြိုင်ပွဲမှာ ပါဝင်ခဲ့တယ်ဆိုပေမယ့် ပြိုင်ပွဲနီးကပ်လာတဲ့အခါမှာ မစိုးရိမ်တဲ့ဘယ်သူရှိလို့လဲ။
ရွှယ်ယွဲ့လဲ စိုးရိမ်တယ်၊ သူမက ယခင်ပြိုင်ပွဲမှာ အဆင့်၄၉လေ။
ဒီအဆင့်က သေချာပေါက်မနိမ့်ပါဘူး၊ ဒါကြောင့် ဒီပြိုင်ပွဲမှာလဲ အဆင့်၄၉ထက် နိမ့်ကျလို့မရပါဘူး။
သူတို့နှစ်ယောက်နဲ့ယှဉ်ရင် လီဖူချန်းက အလွန်သက်သောင့်သက်သာပါပဲ။
ဆေးတာအိုကို သူ့အတွက် ဒုတိယဦးစားပေးကျင့်ကြံခြင်းလို့တောင် မစဉ်းစားထားဘူး။ ဒါက အပျော်သက်သက်ပါပဲ၊ တစ်ချိန်ကျရင် လက်လျော့ချင်လက်လျော့မှာပါ။
လီဖူချန်းက စားသောက်ဖို့အတွက် တစ်ယောက်တည်း ထွက်ခွာလာခဲ့တယ်။
ဆေးအစားအစာအိမ်တော်က မီးပြင်းဖိုမြို့ရဲ့အကျော်ကြားဆုံးဆေးအစားအစာစားသောက်ဆိုင်ဖြစ်တယ်။
ဆေးအစားအစာလို့ခေါ်ရတဲ့အကြောင်းရင်းကတော့ နတ်ဘုရားဆေးတွေကို အစားအသောက်ထဲ ပေါင်းထည့်ထားလို့ပဲ။ ဒီနည်းလမ်းအားဖြင့် အရသာရောအာဟာရကိုပါ ရရှိနိုင်မယ်လေ။
ဆေးအစားအစာအိမ်တော်မှာ အထပ်ကိုးထပ်ရှိတယ်။ ပထမခြောက်ထပ်ကို အများပြည်သူအတွက် ဖွင့်ထားပြီး ခုနှစ်ထပ်ကနေနဝမအထပ်ထိက သီးသန့်ပုဂ္ဂိုလ်တွေအတွက်ပါပဲ။
ကြယ်လေးလုံးအဆင့်မြင့်ရွှေရောင်ဆေးနတ်ဘုရားအနေနဲ့ လီဖူချန်းက အပေါ်တက်ဖို့ အရည်အချင်းမှီတယ်။
ဆေးအစားအစာအိမ်တော်ရဲ့ရှစ်ထပ်မြောက်မှာ ပြတင်းပေါက်ဘေးနားမှာ ထိုင်လျက် လီဖူချန်းက ဆေးအစားအစာကို စားသောက်နေတယ်။
"ဒါက တကယ်ကို ကြယ်လေးလုံးနတ်ဘုရားဆေးတွေနဲ့ ပေါင်းစပ်ထားတာပဲ၊ အရသာလဲရှိလိုက်တာလွန်ရော" လီဖူချန်းက အားရပါးရစားနေတော့တယ်။
"ရှင်ကိုး"
ခြေသံတွေနဲ့အတူ လှပတဲ့အမျိုးသမီးတစ်ယောက်က လျှောက်လာတယ်။ သူမက လီဖူချန်းကို မြင်တဲ့အခါ အတော်လေးအံ့အားသင့်သွားတယ်။
"ဘယ်လိုတောင် တိုက်ဆိုင်တာလဲ" လီဖူချန်းက ပြုံးကာ ဆက်စားသောက်နေခဲ့တယ်။
"သူက တကယ်ကို ထူးခြားတဲ့လူပဲ" သူမက ဟိတ်ဟန်ထုတ်တာကို နှစ်သက်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ တစ်ယောက်မှ သူမကို သတိမပြုမိတဲ့အချိန်က သူမအတွက် သက်သောင့်သက်သာအရှိဆုံးပါပဲ။
ဒါပေမယ့် အရိုးသားဆုံးပြောရရင် ဒါက တစ်ယောက်ယောက်သူမကိုဂရုမစိုက်တာကိုမြင်ဖူးတဲ့ပထမဆုံးအကြိမ်ပဲ။
လီဖူချန်းက တကယ်ကို ဂရုမစိုက်တာပါ၊ သူက ဟန်ဆောင်နေတာမဟုတ်ဘူး။
သူမရဲ့မသိစိတ်က ဘယ်တော့မှ မမှားပါဘူး။
ထိုင်ခုံတစ်ခုကို ရှာပြီးနောက် ဟွမ်ရွှယ်က လီဖူချန်းကို ရံဖန်ရံခါမှာ တစ်ချက်ကြည့်လိုက်တယ်။ သူမကို လီဖူချန်းက အတော်လေးဆွဲဆောင်ခဲ့တယ်ဆိုတာကို ဝန်ခံရမှာပဲ။
သူမက လီဖူချန်းနဲ့ပတ်သက်ပြီး သိချင်စိတ်ပြင်းပျနေတာကြောင့်ပဲ။
သိချင်စိတ်က စွဲဆောင်ခြင်းခံရဖို့ ပထမခြေလှမ်းပဲလေ။
ခြေသံတွေနဲ့အတူ နောက်ထပ်ရင်းနှီးတဲ့ပုံရိပ်တစ်ခုက ထွက်ပေါ်လတယ်။ ဒါက မူရုံဖှေးဝူပါပဲ။
သူမက လီဖူချန်းနဲ့ဟွမ်ရွှယ်တို့ကို တစ်ချိန်တည်းမှာ မြင်လိုက်ရတယ်။
"ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ" မူရုံဖှေးဝူက လီဖူချန်းဆီ လျှောက်လာတယ်။
လီဖူချန်းက ပြောလိုက်တယ်"ဆေးအစားအစာအိမ်တော်က ဒီလောက်တောင် ကျော်ကြားတာ။ ၎င်းရဲ့ဂုဏ်သတင်းကြောင့် လူတိုင်း ဒီကို ရောက်လာတယ်ထင်တယ်"
"ငါ နင့်စားပွဲမှာ ထိုင်လို့ရမလား" မူရုံဖှေးဝူက မေးလိုက်တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ရတာပေါ့၊ ငါ စားပြီးတော့မှာပဲလေ"
မူရုံဖှေးဝူက ပြောစရာစကားမရှိဖြစ်သွားရှာတယ်။
အရိုးသားဆုံးပြောရရင် ထိုလူအိုကြီးတွေကို ပါးစပ်ပိတ်စေချင်တဲ့အတွက်ကြောင့်သာ မဟုတ်ရင် သူမက အရင်စတင်မှာမဟုတ်ဘူး။
သူမမူရုံဖှေးဝူက တာအိုလက်တွဲဖော်ကို မရွေးရင်လဲ မရွေးဘူး၊ ရွေးရင်လဲ အထူးချွန်ဆုံးတစ်ယောက်ကို ရွေးချယ်မှာပါ။
လီဖူချန်းက အကောင်းဆုံးဟုတ်သလားမဟုတ်သလားတော့ မသိဘူး။ လီဖူချန်းက အလားအလာရှိတာတော့ သူမသိတယ်။
ဟွမ်ရွှယ်နဲ့ မူရုံဖှေးဝူတို့က်ို ချန်ထားလျက် လီဖူချန်းက ထွက်ခွာလာခဲ့တယ်။
လမ်းပေါ်မှာ လီဖူချန်းက ပြုံးလိုက်တယ်။
ရန်ချင်းဝူက သူ့ရဲ့တာအိုလက်တွဲဖော်ဖြစ်ဖို့ လုံလောက်သည်ထက် ပိုတယ်။
ဒါကြောင့် ဒိီမိန်းမနှစ်ယောက်က ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ သူ့နှလုံးသားကို မလှုပ်ရှားစေနိုင်ပါဘူး။
သူ့ရည်မှန်းချက်က ဓားတာအိုရဲ့အထွတ်အထိပ်ကို ရောက်ရှိဖို့ပဲ။ အချစ်ကို ဘယ်လိုလုပ် မွေ့လျော်နိုင်မှာလဲ။
တည်းခိုခန်းသို့ ပြန်လာပြီးနောက် လီဖူချန်းက ကောင်းကင်ဘုံဓားကြယ်ကို ဆက်လက်ကျင့်ကြံခဲ့တယ်။
ဒီဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို သူက ပိုကျင့်ကြံလေလေ၊ သူက ပိုသန်မာလာတယ်လို့ ခံစားရလေပါပဲ။
သူ့ရဲ့ဓားတာအိုဥပဒေသက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတယ်။ သူက ဆက်လက်တိုးတက်လာရင် ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိပါလိမ့်မယ်။
သုံးရက်က လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားပြီး ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက စတင်လာတော့တယ်။
မီးပြင်းဖိုခန်းမထဲမှာ ပါဝင်သူတစ်ထောင်ကျော်က စုဝေးလာတယ်။
လူတိုင်းက စိတ်တက်ကြွနေပြီး စိတ်လှုပ်ရှားမှုတွေ၊ စိုးရိမ်မှုတွေနဲ့ ပြည့်နေတော့တယ်။
"မြန်မြန်ကြည့်စမ်း၊ သူတို့က နတ်ဘုရားဆေးမြို့ကပဲ။ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံတိုင်းမှာ နတ်ဘုရားဆေးမြို့က ပါဝင်သူဒါဇင်ရှိတယ်လို့ ငါ ကြားတယ်"
"နတ်ဘုရားဆေးမြို့က မြောက်ပိုင်းနယ်မြေရဲ့နံပါတ်တစ်ဆေးတာအိုနတ်ဘုရားမြို့ပဲ။ သူတို့မှာ ဒီလောက်များတဲ့ဆေးတာအိုပါရမီရှင်တွေရှိတာ ပုံမှန်ပါပဲ"
လူတိုင်းက ဆွေးနွေးနေစဉ်မှာ အကြီးအကဲတစ်ယောက်က ပေါ်ထွက်လာတယ်။
"ဒီကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ စည်းမျဉ်းတွေရှိတယ်။ ကြယ်လေးလုံးနတ်ဘုရားမီးလျှံနဲ့ကြယ်လေးလုံးမီးပြင်ဖိုဆို့ကိုပဲ အသုံးပြုခွင့်ရှိတယ်။ စည်းမျဉ်းကို ချိုးဖောက်တဲ့သူတွေက အရည်အချင်းမှီမှာမဟုတ်ဘူး" အကြိီးအကဲက လူတိုင်းကို သတိပေးလိုက်တယ်။
တုံ့ပြန်တဲ့အနေနဲ့ လူတိုင်းရဲ့အမူအရာက သာမန်ပါပဲ။ ဒီစည်းမျဉ်းက အမြဲတမ်းရှိနေခဲ့တာပဲလေ၊ သူတို့က ဒါကို သိထားပြီးသားပါ။
အကြီးအကဲက ဆက်ပြောလိုက်တယ်"ဆေးနတ်ဘုရားညီလာခံအတွင်း ဆေးတာအိုအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုခွင့်မပြုဘူး။ ဒီစည်းမျဉ်းကို ဖောက်ဖျက်သူတွေလဲ အရည်အချင်းမှီမှာမဟုတ်ဘူး"
အတိတ်မှာ ဒီလိုအရာတွေ ဖြစ်ပျက်ခဲ့တာရှိတယ်။
ထို့နောက် အကြီးအကဲက အဓိကအကြောင်းကို ဆက်ပြောခဲ့တယ်"ပထပဆုံးပြိုင်ရမှာက အကြိုအဆင့်ပဲ။ အဆုံးစွန်းကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်သုတ်ကို မင်းတို့တွေ အမြန်ဆုံး သန့်စင်ရမယ်။ မင်းတို့ရဲ့မြန်နှုန်းနဲ့မင်းတို့ရဲ့ဆေးလုံးအခက်အခဲအရ မင်းတို့ကို အဆင့်သတ်မှတ်ပေးမယ်။ ထိပ်ဆုံးတစ်ထောင်က ရှေ့ဆက်သွားခွင့်ရမယ်။ သန့်စင်ခြင်းအချိန်က နှစ်နာရီထက် ကျော်လို့မရဘူးနော်။ သို့မဟုတ်ရင် မင်းတို့က အဆင့်တစ်ထောင်အတွင်း ဝင်ရင်တောင် သတ်မှတ်ချက်ပြည့်မှီမှာမဟုတ်ဘူး"
ပြောရင်း အကြီးအကဲက ဘေးသို့ ဆုတ်ကာ အမှောင်ထဲမှ စောင့်ကြည့်နေခဲ့တယ်။
ချွမ်း ချွမ်း ချွမ်း.....
မီးပြင်းဖိုတွေ မြေပြင်ပေါ်ကျလာတဲ့အသံတွေ ထွက်ပေါ်လာတယ်။ လူများစွာက သူတို့ရဲ့ကြယ်လေးလုံးဆေးမီးပြင်းဖိုကို ယူထုတ်ခဲ့ကြတာလေ။
"ငါ အမှောင်ဆန်းကြယ်ဆေးလုံးကို သန့်စင်ရမယ်"
လီဖူချန်းက သူ့ရာသူပြောလိုက်တယ်။
အမှောင်ဆန်းကြယ်ဆေးလုံးက ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကြားမှာ သန့်စင်ရတာ အတော်လေးခက်ခဲတဲ့ နတ်ဘုရားဆေးလုံးတစ်ခုဖြစ်တယ်။ ၎င်းရဲ့အခက်အခဲက အဆင့်၆မှာ ရှိတယ်။
လီဖူချန်းနဲ့မတူဘဲ အခြားသူတွေအများစုကတော့ ဆန်းကြယ်ခွန်အားဆေးလုံးဒါမှမဟုတ်ဆန်းကြယ်မရီးဒီယန်ဆေးလုံးကို ရွေးချယ်ကြတယ်။
ဒီကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးနှစ်မျိုးအတွက်ကတော့ တစ်ခုက အခက်အခဲအဆင့်၂မှာရှိပြီး အခြားတစ်ခုက အခက်အခဲအဆင့်၃မှာ ရှိတယ်။
ဆေးလုံးသန့်စင်မှုစတင်တဲ့အခါ လီဖူချန်းက အမှောင်ဆန်းကြယ်ဆေးလုံးအတွက်လိုအပ်တဲ့ပစ္စည်းတွေကို ကူးရွှယ်ဆေးမီးပြင်ဖိုထဲသို့ ထည့်ကာ လျင်မြန်စွာ သန့်စင်ခဲ့တယ်။
တစ်ချိန်တည်းမှာ လီဖူချန်းကလဲ လူတိုင်းကို တိတ်တဆိတ်လေ့လာနေတယ်။
"ဟီးဟီး၊ ဒါ အကြိုအဆင့်မျှပဲ။ ငါ့ရဲ့ခွန်အားကို အများကြီးထုတ်ပြစရာမလိုဘူး။ ငါ အဆင့်၅ပေါက်ကွဲဆန်းကြယ်ဆေးလုံးကို ရွေးချယ်လိုက်မယ်" အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်က သူ့ရာသူပြောလိုက်တယ်။
အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားနဲ့အတွေးတူတဲ့သူတွေ အများကြီးရှိတယ်။
အကြိုအဆင့်က အကြိုအဆင့်သာဖြစ်ပြီး ထိပ်ဆုံးတစ်ထောင်က ရှေ့ဆက်သွားနိုင်လိမ့်မယ်။ အလေးအနက်ထားဖို့ မလိုအပ်ပါဘူး။
ဒါကြောင့် ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းက အခက်အခဲအဆင့်၆ကြည်လင်ပြတ်သားခြင်းဆေးလုံးကို ရွေးချယ်ခဲ့တယ်။ ဟွမ်ရွှယ်က အဆင့်၅အခက်အခဲကြည်လင်အလင်းနတ်ဘုရားဆေးလုံးကို ရွေးချယ်ခဲ့တယ်။ မူရုံဖှေးဝူက အဆင့်၆အခက်အခဲပျံသန်းခန္ဓာကိုယ်ဆေးလုံးကို ရွေးချယ်ခဲ့တယ်။အကန့်အသတ်မဲ့ဆေးနတ်ဘုရားကျန်းယန်မင်က အဆင့်၅အခက်အခဲစိတ်ဝိညာဉ်တစ်ခုဆန်းကြယ်ဆေးလုံးကို ရွေးချယ်ခဲ့တယ်။
အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်ရဲ့သန့်စင်ခြင်းအရှိန်က အလွန်မြန်တယ်။ ပေါက်ကွဲဆန်းကြယ်ဆေးလုံးအတွက်ပါဝင်ပစ္စည်းက ဧရာမရေဝဲတစ်ခုပမာ မီးပြင်းဖိုထဲမှာ လှုပ်ရှားထကြွနေတယ်။ ဧရာမရေဝဲထဲမှာ ရေဝဲငယ်သုံးဆယ့်ခြောက်ခုပါဝင်တယ်။
အချိန်ကြာလာတာနဲ့အမျှ ရေဝဲငယ်သုံးဆယ့်ခြောက်ခုက တဖြည်းဖြည်းကျုံ့လာပြီး ပုံသဏ္ဍာန်ရလာတယ်။
ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းက ဒီနှစ်ရဲ့နံပါတ်တစ်ဖြစ်ဖို့ ထိုက်တန်တယ်။ သူ့ရဲ့သန့်စင်ခြင်းနည်းစနစ်က မထူးခြားပေမယ့် မြင့်မားတဲ့တောင်တန်းတစ်ခု၊ စီးဆင်းနေတဲ့ရေနဲ့တူတဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။ အရာအားလုံးက ချောမွေ့လွန်းပြီး အတားအဆီးတစ်ခုမှ မရှိပါဘူး။
ဟွမ်ရွှယ်ရဲ့နတ်ဘုရားဆေးလုံးသန့်စင်ခြင်းက ပိုဖိနှိပ်နိုင်တယ်။ သူမက ပါဝင်ပစ္စည်းများစွာကို မီးပြင်းဖိုထဲသို့ ပစ်ထည့်ကာ လောင်ကျွမ်းစေပြီး ပါဝင်ပစ္စည်းတွေမှ မသန့်စင်မှုတွေကို ဖယ်ရှားခဲ့တယ်။
အတိုချုပ်အားဖြင့် အသွင်အပြင်အရနှိုင်းယှဉ်ရင် ဟွမ်ရွှယ်ရဲ့နတ်ဘုရားဆေးလုံးသန့်စင်ခြင်းက အလွန်ဖိနှိပ်တယ်။ ဒါပေမယ့် အလှနဲ့စည်းချက်တွေ ပါဝင်တဲ့ဖိနှိပ်မှုပဲ။
နှိုင်းယှဉ်ရရင် မူရုံဖှေးဝူရဲ့နတ်ဘုရားဆေးလုံးတွေက ပိုတောင်အသက်ပါတယ်။ သူမက ဒြပ်စင်ငါးခုဥပဒေသကို ကျင့်ကြံထားပြီး ဒြပ်စင်ငါးခုဥပဒေသနဲ့ပေါင်းစပ်ထားတဲ့နတ်ဘုရားမီးလျှံက သူမလက်ထဲမှာ မီးလျှံစိတ်ဝိညာဉ်တစ်ခုနဲ့ တူတယ်။ ၎င်းမှာ ၎င်းရဲ့ကိုယ်ပိုင်အသက်ရှိသလိုပါပဲ။
အဆန်းကြယ်ဆုံးကတော့ အကန့်အသတ်မဲ့ဆေးနတ်ဘုရားကျန်းယန်မင်ရဲ့သန့်စင်ခြင်းနည်းစနစ်ပါပဲ။ သူက ယင်ယန်ဥပဒေသကို ကျင့်ကြံထားပြီး နတ်ဘုရားမီးလျှံကို နှစ်ပိုင်းခွဲထားတယ်။ သူ့ဘယ်လက်ထဲရှိနတ်ဘုရားမီးလျှံက ယင်ဖြစ်ပြီး သူ့ညာလက်ထဲရှိနတ်ဘုရားမီးလျှံက ယန်ဖြစ်တယ်။ မွှေနောက်ပြီးနောက် မီးပြင်းဖိုထဲမှာ အရောင်မတူတဲ့နတ်ဘုရားမီးလျှံနှစ်ခုရှိလာတယ်၊ တစ်ခုက အနက်ရောင်ဖြစ်ပြီး နောက်တစ်ခုက အဖြူရောင်ဖြစ်တယ်။ နတ်ဘုရားမီးလျှံနှစ်ခုက အမြီးနဲ့ခေါင်းချိတ်ဆက်ထားတဲ့ငါးနှစ်ကောင်နဲ့တူတယ်။ သူတို့က တစ်ကောင်နောက်တစ်ကောင်လိုက်နေပြီး မီးပြင်းဖိုထဲရှိပါဝင်ပစ္စည်းတွေက နတ်ဘုရားမီးလျှံနှစ်ခုအတွက် အာဟာရတွေဖြစ်လာတယ်။ သူတို့ကို နတ်ဘုရားမီးလျှံနှစ်ခုက ဝါးမျိုသွားခဲ့ပြီး အသန့်စင်ဆုံးအဆီအနှစ်ကို ထွေးထုတ်လိုက်တယ်။
"ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက တကယ်ကို ထိုက်တန်တယ်။ ဒီလိုစွမ်းဆောင်နိုင်သူတွေ များကြီးရှိတာပဲ။ ကြည့်ရတာ ငါ အဆင့်ကောင်းရချင်ရင် ပိုအလေးအနက်ထားရမယ့်ပုံပဲ "
လီဖူချန်းရဲ့သန့်စင်ခြင်းနည်းစနစ်က အများကြီးပိုရိုးရှင်းတယ်။ ၎င်းက မြန်ဆန်တိကျတယ်။ သူ့လက်ဝါးက မြန်လွန်းတာကြောင့် မရေမတွက်နိုင်တဲ့နောက်ဆက်တွဲပုံရိပ်တွေကို ပေါ်ထွက်စေခဲ့တယ်။ မရေမတွက်နိုင်လောက်တဲ့လက်တွေက ပါဝင်ပစ္စည်းတွေကို ရွေ့လျားစေနေသလိုပဲ။ အဲဒါက တိကျကာ ဘာအမှားတစ်ခုမှ မရှိပါဘူး။ အဲဒါက တိုက်ရိုက်ဖြစ်ကာ နှောင့်နှေးခြင်းဒါမှမဟုတ်တုံ့ဆိုင်းခြင်းတွေ မရှိပါဘူး။
"ငါ ပြီးသွားပြီ"
ဆယ့်ငါးမိနစ်အောက်မှာ တစ်စုံတစ်ယောက်က အဆုံးစွန်းကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတစ်သုတ်ကို သန့်စင်ခဲ့တယ်။
"ချောင်ရွှယ်ဆေးနတ်ဘုရားရှောင်မင်၊ အဆင့်၂အခက်အခဲရွှယ်စွမ်းအင်ဆေးလုံး၊ ကြာချိန်နှစ်ဆယ့်ငါးမိနစ်၊ အဆင့်ဒီအဆင့်မြင့်။
ချောင်ရွှယ်ဆေးနတ်ဘုရားရဲ့ဆေးသန့်စင်ခြင်းအရှိန်က အလွန်မြန်ပေမယ့် သူသန့်စင်တာက အဆင့်၂အခက်အခဲဆန်းကြယ်ခွန်အားဆေးဖြစ်တယ်။
အကြိုအဆင့်ရဲ့စည်းမျဉ်းတွေအရ အခက်အခဲအဆင့်၁ဒါမှမဟုတ်အဆင့်၂ရှိတဲ့နတ်ဘုရားဆေးတစ်လုံးကိုသန့်စင်ရင် အဆင့်ဒီကို ရပါလိမ့်မယ်၊ အခက်အခဲအဆင့်၃ဒါမှမဟုတ်အဆင့်၄ဆိုရင် အဆင့်စီ၊ အခက်အခဲအဆင့်၅ဒါမှမဟုတ်အဆင့်၆ဆိုရင် အဆင့်ဘီကို ရရှိပါလိမ့်မယ်။ အခက်အခဲအဆင့်၇ဒါမှမဟုတ်အဆင့်၈က အဆင့်အေကို ရရှိစေပြီး အခက်အခဲအဆင့်၉အထက်က အဆင့်အေ+ကို ရရှိပါလိမ့်မယ်။
နောက်ပိုင်းမှာ လူဒါဇင်ကျော်က နတ်ဘုရားဆေးလုံးတွေ သန့်စင်တာ ပြီးခဲ့ပေမယ့် သူတို့အားလုံးက အဆင့်၂နဲ့အဆင့်၃နတ်ဘုရားဆေးလုံးတွေဖြစ်တယ်။
"ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်း၊ အဆင့်၆အခက်အခဲအမှောင်ဆန်းကြယ်ဆေးလုံး၊ ကြာချန်:၂၇မိနစ်၊ ရလဒ်:အဆင့်ဘီအဆင့်မြင့်"
လီဖူချန်းရဲ့ဆေးသန့်စင်ခြင်းအရှိန်က အလွန်မြန်တယ်၊ ဒါတောင် သူက ရည်ရွယ်ချက်ရှိရှိဖိနှိပ်ထားခဲ့လို့။ သို့မဟုတ်ရင် သူက တစ်မိနစ်တောင် လိုမှာမဟုတ်ဘူး။
"ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်း၊ အဆင့်၆အခက်အခဲကြယ်လင်ပြတ်သားခြင်းဆေးလုံး၊ ကြာချိန်: သုံးဆယ့်ငါးမိနစ်၊ ရလဒ်: အဆင့်ဘီအဆင့်မြင့်"
ယုမင်ကွမ်းက အဆင့်အေကို မရရှိခဲ့ပေမယ့် သူက စိတ်မပျက်ပါဘူး။ ဒါက အကြိုအဆင့်သာ ဖြစ်ပြီး အလေးအနက်ထားဖို့ မလိုအပ်ပါဘူး။ ယေဘုယျပြောရရင် သူတို့က အဆင့်ဒီအလယ်ဆင့်ကို ရရုံနဲ့ သူတို့က အကြိုအဆင့်ကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
"ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်၊ အဆင့်၅အခက်အခဲကြည်လင်အလင်းနတ်ဘုရားဆေးလုံး၊ ကြာချိန်: ၃၅မိနစ်၊ ရလဒ်: အဆင့်ဘီအဆင့်မြင့်"
"စိတ်ဝိညာဉ်ဆေးဆန်းကြယ်နတ်ဘုရားမူရုံဖှေးဝူ၊ အဆင့်၆အခက်အခဲပျံသန်းခန္ဓာကိုယ်ဆေးလုံး၊ ကြာချိန်: မိနစ်လေးဆယ်၊ ရလဒ်: အဆင့်ဘီအဆင့်မြင့်"
"အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်၊ အဆင့်၅အခက်အခဲပေါက်ကွဲဆန်းကြယ်ဆေးလုံး၊ ကြာချိန်: ၄၁မိနစ်၊ ရလဒ်: အဆင့်ဘီအဆင့်မြင့်"
"အကန့်အသတ်မဲ့ဆေးနတ်ဘုရားကျန်းယန်မင်၊ အဆင့်၅အခက်အခဲစိတ်ဝိညာဉ်တစ်ခုဆန်းကြယ်ပြောင်းလဲခြင်းဆေးလုံး၊ ကြာချိန်: ၄၂မိနစ်၊ ရလဒ်: အဆင့်ဘီအဆင့်မြင့်"
လူတိုင်းရဲ့ဆေးသန့်စင်ခြင်းအရှိန်က အလွန်မြန်ပြီး သူတို့က အခြေခံအားဖြင့် အဆင့်အတူတူပါပဲ။ ဒါ့အပြင် ဒါက လူတိုင်းရဲ့ခွန်အားအပြည့်မဟုတ်ဘူးဆိုတာ သေချာတယ်။
နှစ်နာရီကြာပြီးနောက် ကျန်ရှိနေတဲ့ပါဝင်သူတွေကို ဖယ်ရှားခဲ့ပေမယ့် အဆင့်တစ်ခုကိုရရှိခဲ့တဲ့ပါဝင်သူတစ်ထောင်ကျော်ရှိတယ်။ ဒီအချိန်မှာ လူတိုင်းရဲ့အဆင့်က ထွက်ပေါ်လာတယ်။
လီဖူချန်းက ဆေးသန့်စင်ခြင်းကို ပထမဆုံးပြီးမြောက်သူမဟုတ်ပေမယ့် သူ့အဆင့်က နံပါတ်တစ်ဖြစ်တယ်။ အခြားသူတွေက ထိပ်ဆုံးဆယ်ယောက်ဒါမှမဟုတ်ထိပ်ဆုံးနှစ်ဆယ်ထဲမှာ ရှိတယ်။ အဆင့်တူတဲ့သူတွေက နတ်ဘုရားဆေးလုံးရဲ့အခက်အခဲနဲ့ကြာချိန်အရ စီရပါလိမ့်မယ်။
ဒါကြောင့် အဆင့်ဘီဆိုပေမယ့် ကွာဟချက်တွေ ရှိတာပဲ။
"သာမန်ပဲလုပ်တာတောင် နံပါတ်တစ်ရခဲ့တာပါလား" လီဖူချန်းက အတော်လေးပြောစရာစကားမဲ့သွားတယ်။
သူက ဒီလိုလွယ်ကူတဲ့အလုပ်တစ်ခုကို သနားစဖွယ်ကောင်းလောက်တဲ့အထိ မကျရှုံးချင်ရုံမျှပဲ။
ဒါပေမယ့် ယှဉ်ပြိုင်သူတွေက သူတို့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုရသေးမှန်း သူ သိတယ်။ အဆင့်တွေကွဲပြားတဲ့အကြောင်းရင်းကတော့ ဖုံးကွယ်ထားတဲ့ခွန်အားပမာဏအပြင် တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ဆေးသန့်စင်ခြင်းနည်းစနစ်နဲ့ ဆက်စပ်တယ်။
အချို့ဆေးသန့်စင်ခြင်းနည်းစနစ်တွေက သန့်စင်ခြင်းအရှိန်မြန်ဆန်ဖို့ သတ်မှတ်ထားပြီးသားပါ။
ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းကို ဥပမာအနေနဲ့ ကြည့်ပါ။ သူ့ရဲ့ဆေးသန့်စင်ခြင်းနည်းစနစ်က တောင်နဲ့စီးဆင်းနေတဲ့ရေပမာ အလွန်ချောမွေ့တယ်။ ဒါကြောင့် အဆင့်၆အခက်အခဲကြည်လင်ပြတ်သားခြင်းဆန်းကြယ်ဆေးလုံးကို သန့်စင်ရတာတောင် သူ့ရဲ့ဆေးသန့်စင်ခြင်းအရှိန်က အလွန်မြန်တယ်။
အတိုချုပ်အားဖြင့် အကြိုအဆင့်က ဘာမှမဟုတ်ပါဘူးလေ။ လူတိုင်းရဲ့ခွန်အားကို အဓိကရွေးချယ်ခြင်းအဆင့်မှာပဲ မြင်နိုင်တယ်။ သူတို့ရဲ့ခွန်အားအပြည့်ကို မြင်ဖို့ဆိုရင် နောက်ဆုံးအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာပဲ မြင်ရလိမ့်မယ်။
***