မတူညီသောလူတစ်ဦး
Vol. 5 Ch. 105
“ဒီနေ့ မင်းငါ့ကို ဘာလို့လာရှာတာလဲ?”
လုကျန့် သူ့တပည့်နဲ့ ဒီအကြောင်းအရာကို ဆက်မပြောချင်တာမို့ ခေါင်းစဉ်ပြောင်းလိုက်တယ်။
“ဆရာ၊ ဆရာက မင်းသားဖြစ်နေပြီ။ ဆရာ့မှာ လူအင်အားအများကြီးရှိလား?"
"ဘာလို့ အဲ့လို မေးတာလဲ?”
လုကျန့်က သူမကို မသင်္ကာစွာ ကြည့်နေ၏။
“တပည့်က ဆိုင်ကို စားသောက်ဆိုင်အဖြစ် ပြုပြင်မွမ်းမံချင်ပေမယ့် ဘယ်မှာရှာရမှန်းမသိဘူး။ ကူညီပေးလို့ရမလား?"
သူမက ဒီနေရာနဲ့ မရင်းနှီးတာမို့ လူတွေ ဘယ်မှာရှာရမှန်းမသိ ဖြစ်နေ၏။
လုကျန့် သူမကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးဆိုတယ်။ “လိပ်စာနဲ့ အသေးစိတ်ပုံစံ ချန်ထားခဲ့။”
လုရှန်းရဲ့ မျက်လုံးများ တောက်ပသွားပြီး သူမပြင်ဆင်ထားသည့် ပစ္စည်းများကို အမြန်ထုတ်ယူတယ်။
လုကျန့် ကောက်ကိုင်ပြီး ကြည့်တယ်။ “မင်း စားသောက်ဆိုင် ဖွင့်ချင်တာလား?”
သူ့တပည့်ရဲ့ အချက်အပြုတ်ကျွမ်းကျင်မှုက တကယ်ကောင်းတယ်။ စားသောက်ဆိုင်ဖွင့်ချင်တယ်ဆိုတာကတော့ သူ မမျှော်လင့်ထားဘူး။
"ကျွန်မမှာ ရွေးချယ်စရာမှ မရှိပဲ။" လုရှန်း သက်ပြင်းချရင်းဆိုတယ်။ “ဒီတပည့်နဲ့ ဆရာက အဆင့်အတန်းမတူဘူး။ ဆရာက မြင့်မြတ်ပြီး တန်ခိုးကြီးတဲ့ တတိယမင်းသားပါ။ ဒီတပည့်က လယ်လုပ်သူလေးတစ်ယောက်ပါ။ ပိုက်ဆံမရှာရင် မိသားစုကို ဘယ်လိုထောက်ပံ့မလဲ?”
အခု သူတို့သည် ဆရာတပည့်များဖြစ်ပေမဲ့ ပြုစုပျိုးထောင်ဖို့ မိသားစုနှင့် ဆွေမျိုးများ ရှိကြသည်။ ဒါက သူတို့တာဝန်ဖြစ်သည်။
"စကားမစပ် မင်းအသက် ၁၆ နှစ်မလား?”
“ဒီခေတ်မှာ အိမ်ထောင်ပြုကြတယ်။ နှစ်နှစ်အတွင်း အိမ်ထောင်မပြုရင် မင်းဟာ လှည့်ဖျားသူ ဖြစ်လိမ့်မယ်။”
“တပည့် ၁၆ နှစ်ပဲရှိသေးတယ်။ ဘာ အလျင်လိုနေတာလဲ?” လုရှန်း အေးစက်စက်နှာခေါင်းရူံ့တယ်။ “ဒါ့အပြင် တပည့်က ဒီခေတ်က မဟုတ်ဘူး။”
"ဆရာတို့ ကျေးလက်ဓလေ့ထုံးစံတွေကို လိုက်နာရမယ်။"
လုကျန့်က သူ့ဘာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး လိုချင်ရင် ထည့်သောက်ဖို့ သူမကို အချက်ပြတယ်။
လုရှန်း မသောက်ချင်ကြောင်း အမူအရာနဲ့ လက်ကိုယမ်းကာ ငြင်းဆန်တယ်။
“ဆရာ့ မျက်နှာကို နေ့တိုင်းမြင်ခဲ့တော့ တခြားဘယ်သူမှ မျက်လုံးထဲမဝင်တော့တာ သိလာတယ်။”
"တကယ်လား?" လုကျန့်မျက်ခုံးပင့်ပြီး "သခင်'ချူ'ကို မင်းမကြိုက်တော့ဘူးလား?”
လုရှန်း မျက်လုံးမှိတ်လိုက်ပြီး စိတ်ပူပန်သောကရောက်တဲ့အမူအရာနဲ့ "ဟုတ်တယ်၊ သခင်လေး'ချု'က တပည့်မ မျက်လုံးထဲဖမ်းစားနိုင်ပေမဲ့ သူ့မျက်လုံးထဲ အရောက် တပည့်မက မဖမ်းစားနိုင်ဘူး။”
လုကျန့် နှာခေါင်းရူံ့တယ်။
“ကောင်းပြီ ဆရာ။ ငရဲဘုရင်က ဆရာ့ကို ရှာနေတယ်လို့ အဖြူရောင်နတ်ဘုရားက ပြောတယ်။”
လုရှန်း အတင်းအဖျင်းအမူအရာနဲ့မေးတယ် "ဆရာ၊ ဒီကိုဘာလာလုပ်တာလဲ? ငရဲဘုရင်က ဆရာ့ကိုဘာလို့ရှာတာလဲ?”
လုကျန့် သူ့ရဲ့အမူအယာကို မပြောင်းဘဲ ပြန်ပြောတယ် "လွန်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့်ပါ။ ထပ်ပြီးပြောဖို့ မထိုက်တန်ပါဘူး။”
“အိုး။”
"ဘာမှမရှိတော့ရင် တပည့် အရင်ပြန်လိုက်ပါမယ်!"
လုရှန်း မတ်တပ်ထရပ်ပြီး ထွက်သွားတော့မည့်အချိန် လုကျန့် ပြန်ဆွဲတယ်။
“ဘာဖြစ်လို့လဲ?”
လုကျန့် စားပွဲပေါ်တင်ထားသည့် ကိုယ်ပျောက်ဂါထာစာရွက်ကို ညွှန်ပြတယ်။ ”အာ... မေ့သွားတာ!"
သူမ ကိုယ်ပျောက်ဂါထာစာရွက်ကို အလျင်အမြန်ယူကာ အပြင်သို့မထွက်ခင် ကိုယ်ပေါ် ကပ်လိုက်တယ်။
တံခါးဖွင့်လိုက်စဉ် ရေပုံးသယ်လာသည့် စားပွဲထိုးတစ်ယောက် ဖြတ်သွားတယ်။
သူ အလိုလို ဖွင့် ပိတ် သွားသည့်တံခါးကို ကြည့်၏။ သူအလျင်စလို သူ့မျက်လုံးတွေကို ပွတ်သပ်ကြည့်တယ်။ တံခါး ငြိမ်သက်နေတာမြင်တော့ သူရုတ်တရက် ထင်ယောင်ထင်မှား မှားမြင်တာလားလို့ သံသယဖြစ်လာတယ်။
'ယု'အိမ်တော်၊ ခြံဝန်းထဲ။
သူ့လက်အောက်ငယ်သားဆီက သတင်းကိုကြားတော့ လင်းဂျန် ရုတ်တရက် ပြုံးတယ်။
"တကယ်ကို သူမပဲ!"
ခွေ့ချန်ရဲ့ ကိုယ်ဖော့သိုင်းက သူ့ထက်သာသည်။ လုရှန်းသာ သာမန်လူဆိုရင် သူမ လိုက်မီမှာတောင်မဟုတ်ဘူး။ သူ့အထင်က မှန်နေပုံပဲ။ လုရှန်းက အဲနေ့က သူရဲကောင်းမလေးပဲ။
သို့ပေမဲ့ သူမ ဘာလို့ဒီမှာနေရှိသလဲ။ တတိယမင်းသားနဲ့ သူမ ဆက်ဆံရေးက ဘာလဲဆိုတာ သူ မသိဘူး။
'လင်း'အိမ်တော်မှာနေတုန်းက တတိယမင်းသား နာမကျန်းဖြစ်နေပြီး ပြန်ကောင်းလာဖို့ ခက်ခဲတယ်လို့ ပြောနေသည့် အဖေဖြစ်သူရဲ့ ငိုကြွေးသံကိုကြားခဲ့သည်။
သို့သော် တတိယမင်းသား ဖျားနာနေပုံ မပေါ်ဘူး။ သူ့ခန္ဓာကိုယ်က သူ့ထက် ပိုကျန်းမာနေပုံပဲ။
အရင်က တတိယမင်းသားကို မြင်ဖူးတယ်။ တတိယမင်းသားက အမြဲတမ်းမိုက်မဲ တုံးအ ပြီး အားကိုးရာမရှိသည့်မင်းသားတစ်ပါးဆိုတာ အမှတ်ရမိတယ်။
သို့သော် ဒီနေ့ တတိယမင်းသားသည် ထူးထူးခြားခြား ငြိမ်သက်နေပုံရတယ်။ အရင်က တတိယမင်းသားနဲ့ ယှဉ်ရင် မတူညီတဲ့ လူတစ်ယောက်နဲ့ တူ၏။