← Chapters

ထူးဆန်းတဲ့သဘာဝဖြစ်စဉ်တွေ မကြာခဏထွက်ပေါ်လာခြင်း

Vol. 91 Ch. 1276

ထူးဆန်းတဲ့သဘာဝဖြစ်စဉ်တွေ မကြာခဏထွက်ပေါ်လာခြင်း

Vol. 91 Ch. 1276

အုန်း.....

မနီးမဝေးမှ ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခုက ထွက်ပေါ်လာတယ်။

တစ်စုံတစ်ယောက်ရဲ့ဆေးမီးပြင်းဖိုက ပေါက်ကွဲထွက်သွားခဲ့တယ်။

ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးက ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးပါပဲလေ။ ၎င်းမှာ အလွန်အမင်းသိပ်သည်းတဲ့စွမ်းအားပါဝင်တယ်၊ ဂရုမစိုက်ဘဲ ချိတ်ပိတ်ထားတဲ့ဆေးမီးပြင်းဖိုထဲမှာ ပေါက်ကွဲစေလိုက်ရင် ထွက်ပေါ်လာမယ့်စွမ်းအားက အားနည်းလိမ့်မှာမဟုတ်ဘူး။ မီးပြင်းဖိုရဲ့အဖုံးက လွင့်ထွက်သွားပြီး အရွယ်အစားအားဖြင့် မီတာဝက်ခန့်ရှိတဲ့မီးခိုးခရမ်းရောင်မှိုတိမ်တိုက်တစ်ခုက မြင့်တက်လာတာကို လီဖူချန်းက မြင်လိုက်ရတယ်။

မီးပြင်းဖိုခန်းမထဲရှိလူတိုင်းကို ‌သေးငယ်တဲ့နတ်ဘုရားစုပ်ယူခြင်းအစီအရင်တစ်ခုက ဝန်းရံထားတာ ကံကောင်းသွားတယ်။ သို့မဟုတ်ရင် စွမ်းအားက သတိကင်းမဲ့နေတဲ့အနီးဝန်းကျင်ရှိလူတိုင်းကို ဒဏ်ရာရစေဖို့ လုံလောက်တယ်။

မီးပြင်းဖိုပေါက်ကွဲမှုရဲ့သက်ရောက်ခြင်းကို ခံရပြီးနောက် အခြားယှဉ်ပြိုင်သူတွေက ပျာယာခတ်သွားပြီး သူတို့ရဲ့မီးပြင်းဖိုက ပေါက်ကွဲလုနီးပါးဖြစ်ခဲ့ရတယ်။ သူတို့အားလုံးက အတွေ့အကြုံရှိပြီး ထိန်းချုပ်မှုကို မဆုံးရှုံးခဲ့တာ ကံကောင်းသွားတယ်။ ဒါပေမယ့် သူတို့ရဲ့မီးပြင်းဖိုထဲရှိနတ်ဘုရားဆေးလုံးတွေကို သက်ရောက်သွားခဲ့ပြီး နောက်ဆုံးအရည်အသွေးက မျှော်လင့်ထားတာထက် ပိုနိမ့်ကျမယ်ဆိုတာ စိတ်ကူးယဉ်နိုင်တယ်။

ဒါပေမယ့် ဘယ်သူမှ ကို့ယ်ကိုယ်ကိုယ်အပြစ်တင်လို့မရပါဘူး၊ သူတို့ရဲ့ကံဆိုးမှုကိုပဲ အပြစ်တင်ရမှာပါ။

ဒါ့အပြင် ဆေးနတ်ဘုရားတစ်ယောက်အနေနဲ့ ကောင်းကင်ပြိုကျလာရင်တောင် တည်တည်ငြိမ်ငြိမ်ရှိတဲ့စိတ်စွမ်းအားရှိဖို့ အရေးကြီးတယ်လေ။

ပထမရှ်ိမှတော့ ဒုတိယဆိုတာ ရှိလာမှာပေါ့။

ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး နောက်ထပ်ယှဉ်ပြိုင်သူတစ်ယောက်ရဲ့မီးပြင်းဖိုက ပေါက်ကွဲထွက်သွားတယ်။ သူမရဲ့မျက်လုံးတွေက နီရဲသွားပြီး သူမက မျက်ရည်ကျလုနီးပါးဖြစ်ခဲ့တယ်။

လူတိုင်းက ဒီတစ်ခါမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှန်း သိသာတယ်၊ တစ်ယောက်ကိုမှ မသက်ရောက်ခဲ့ပါဘူး။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး တစ်ယောက်ယောက်က နတ်ဘုရားဆေးလုံးကို သိပ်သည်း‌နေခဲ့တယ်။

နတ်ဘုရားဆေးလုံးကို သိပ်သည်းပြီးနောက် ဆေးလုံးကို စုဆောင်းဖို့ အချိန်ပါပဲ။

ဒါပေမယ့် ဖြစ်စဉ်က ထင်သလောက် မရိုးရှင်းပါဘူး။

ဆေးနတ်ဘုရားတစ်ယောက်ရဲ့ဆေးတာအိုအဆင့်အတန်းက ဒီအပေါ်မှာ မူတည်ပါလိမ့်မယ်။

"သိပ်သည်းစမ်း"

မီးဆေးဆန်းကြယ်နတ်ဘုရားရွှယ်ရီက ဆေးလုံးကို စတင်သိပ်သည်းခဲ့တယ်။

သူက အဆင့်၉သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးလျှံဆေးကို သန့်စင်ခဲ့တာလေ။

ဒီဆေးလုံးက နတ်ဘုရားမီးလျှံနဲ့ မဆက်စပ်ပေမယ့် မီး‌တာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားကို ကြီးမားစွာ ပြန်ရစေနိုင်တယ်။ ဒါ့အပြင် ဆေးအဆိပ်က အလွန်နည်းပြီး ရေရှည်သုံးစွဲဖို့အတွက် သင့်တော်တယ်။

သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးလျှံဆေးက အရောင်အားဖြင့် သန့်စင်တဲ့ခရမ်းရောင်ရှိပြီး နီလာခရမ်းတစ်ခုနဲ့ တူတယ်။

နီလာခရမ်းနဲ့တူတဲ့သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးလျှံဆေးက ဖြစ်ပေါ်လာတာနဲ့ ဟွမ်ရွှယ်က စိတ်သက်သာရာရသွားတယ်။ အရောင်အရ သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးလျှံဆေးရဲ့အရည်အသွေးက မဆိုးပါဘူး။ ၎င်းက အနည်းဆုံးအဆုံးစွန်းအဆင့်၂ဒါမှမဟုတ်အဆုံးစွန်းအဆင့်၃တောင် ရှိနိုင်တယ်။

ဒါပေမယ့် ဟော်ရွှယ်ရီက ဒီမျှနဲ့ မကျေနပ်ပါဘူး။ သူက ချိတ်ပိတ်တစ်ခုကို ပြုလုပ်ကာ ‌ဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်ခဲ့တယ်။

ဆေးတာအိုဥပဒေသအမျှင်တန်းတစ်ခုက ဆေးချီအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးဆေးလုံးနဲ့ ပေါင်းစပ်သွားခဲ့တယ်။

သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးဆေးလုံးထဲမှာ ခရမ်းရောင်မီးလျှံတစ်ခုက ထွက်ပေါ်လာတယ်။

"အဆင့်၂ဆေးအတတ်၊ မဆိုးဘူးပဲ"

ဒိုင်စားပွဲမှာ ဒိုင်တစ်ယောက်က ဟော်ရွှယ်ရီရဲ့ဆေးနတ်ဘုရားအတတ်ကို မြင်တွေ့ခဲ့ပြီး ခေါင်းညိတ်လိုက်တယ်။

ဆေးနတ်ဘုရားအတတ်တွေက သာမန်နတ်ဘုရားအတတ်တွေနဲ့ မတူပါဘူး။ သူတို့ကို အဆင့်ကိုးဆင့်ခွဲထားပြီး အဆင့်တစ်က အနိမ့်ဆုံးဖြစ်ကာ အဆင့်ကိုးက အမြင့်ဆုံးဖြစ်တယ်။

ဆေးနတ်ဘုရားအတတ်အမျိုးအစားအများကြီးတော့ မရှိပါဘူး။ အရည်အသွေးတိုးစေတဲ့ဆေးနတ်ဘုရားအတတ်၊ အောင်မြင်မှုနှုန်းကိုတိုးစေတဲ့ဆေးနတ်ဘုရားအတတ်၊ သန္ဓေပြောင်းနှုန်းကိုတိုးစေတဲ့ဆေးနတ်ဘုရားအတတ်ဆိုပြီး ရှိတယ်။

ယေဘုယျအားဖြင့် ဆေးနတ်ဘုရားတွေက ဆေးရဲ့အရည်အသွေးကို တိုးစေဖို့ ဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်ကို အများဆုံးအသုံးပြုကြတယ်။

ဒါပေမယ့် ဆေးနတ်ဘုရားတွေရဲ့ဆေးသန့်စင်ခြင်းနတ်ဘုရားအတတ်အများစုက အဆင့်၁သာရှိတယ်။ အနည်းငယ်မှာသာ အဆင့်၂ရှိတယ်။ အဆင့်၁အောက်မှာတော့ အဆင့်လို့တောင်သတ်မှတ်လို့မရတဲ့တာတွေ ရှိပါသေးတယ်။

သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးလျှံဆေးလုံးရဲ့အရည်အ‌သွေးက အနည်းငယ်တိုးလာတာကို မြင်ပြီး ဟော်ရွှယ်ရီက အရမ်းကျေနပ်သွားတယ်။ သူက ဆေးလုံးတွေ စုဆောင်းဖို့ စတင်ခဲ့တယ်။

ဒါက အရေးကြီးဆုံးအဆင့်ပါပဲ။ အမှားတစ်ခုဖြစ်သွားတာနဲ့ အကျိုးဆက်က အကြီးအကျယ်ပျက်ဆီးပေလိမ့်မယ်။

ဒီအချိန်မှာ တစ်စုံတစ်ယောက်က သူရဲ့ဆေးလုံးကို ပေးလိုက်တယ်။

"အနီရောင်ကျောက်စိမ်းဆေးနတ်ဘုရားဟွမ်ဟုန်၊ အဆင့်၅အခက်အခဲနတ်ဘုရားဆေးကြက်သွေးရောင်နှလုံးသားဆေး၊ အဆုံးစွန်းအဆင့်၂၊ ၈၂မှတ်"

ဒါက အဓိကရွေးချယ်ခြင်းရဲ့အမှတ်စနစ်ပါပဲ။

အဆင့်၅အခက်အခဲနတ်ဘုရားဆေး၊ စမှတ်က ရှစ်ဆယ်ဖြစ်တယ်။ အဆင့်တစ်အဆုံးစွန်းနတ်ဘုရားဆေးကို သန့်စင်ခြင်းက တစ်မှတ်ရစေပြီး အဆင့်၂အဆုံးစွန်းနတ်ဘုရားဆေးကို သန့်စင်ခြင်းက နှစ်မှတ်ရစေတယ်။ အခြားစကားဖြင့်ဆိုရရင် ပုံမှန်အခြေအနေအောက်မှာ ဒီဟွမ်ဟုန်က ရှစ်ဆယ့်ကိုးမှတ်သာ ရရှိနိုင်တယ်၊ သူမက သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးကို မသန့်စင်နိုင်ခဲ့ရင်ပေါ့။

"ကျောက်စိမ်းဆေးနတ်ဘုရားလီလု၊ အဆင့်၆အခက်အခဲနတ်ဘုရားဆေးလုံးကျောက်စိမ်းနတ်ဘုရားဆေးလုံး၊ အဆင့်၄အဆုံးစွန်းအဆင့်၊ ၈၆မှတ်"

ဒီကျောက်စိမ်းဆေးနတ်ဘုရားလီလုက ကျောက်စိမ်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်ရာမှာ အလွန်တော်မှန်း သိသာတယ်။ သူမက အဆင့်၄အဆုံးစွန်းအဆင့်ကျောက်စိမ်းနတ်ဘုရားဆေးလုံးကို သန့်စင်နိုင်ခဲ့ပြီး နောက်ထပ်လေးမှတ်ရရှိခဲ့တယ်။

"ဆေးလုံးတွေ စုဆောင်းစမ်း"

ဟော်ရွှယ်ရီက ဆေးစုဆောင်းခြင်းအတတ်ကို ထုတ်ဖော်ကာ ဆေးလုံးကို စတင်စုဆောင်းခဲ့တယ်။

ဝှစ်.....

သန့်စင်တဲ့ခရမ်းမီးလျှံတစ်ခုက လေထဲသို့ မြင့်တက်သွားတယ်။ ၎င်းကို ကြည့်ရတာ လှပတဲ့နီလာခရမ်းပန်းတစ်ပွင့်နဲ့ တူတယ်။

"သဘာဝဖြစ်စဉ်တစ်ခုရှိတာပဲ။ မဆိုးဘူး၊ မဆိုးဘူး"

ဒိုင်အနည်းငယ်က တိတ်တဆိတ်‌ ခေါင်းညိတ်လိုက်တယ်။

နတ်ဘုရားဆေးလုံးကို စုဆောင်းတဲ့အခါ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာရင် ထိုနတ်ဘုရားဆေးလုံးရဲ့အရည်အသွေးက အရမ်းကောင်းတယ်လို့ ဆိုလိုတယ်။

သဘာဝဖြစ်စဉ်က ပျောက်ကွယ်သွားတယ်။ ဟော်ရွှယ်ရီက သန့်စင်ခြင်းတစ်ရာနတ်ဘုရားဆေးလုံးကို ဘူးတောင်းတစ်ခုထဲသို့ ထည့်လိုက်တယ်။

ဒီအချိန်မှာ သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးလျှံဆေးတစ်လုံးစီမှာ ခရမ်းရောင်မီးလျှံတစ်ခုရှိပြီး အဆက်မပြတ် ယိမ်းထိုးနေတယ်။ ၎င်းကို ကြည့်ရတာ အတော်လေးထူးခြားတယ်။

ဟော်ရွှယ်ရီက ဒိုင်တွေရဲ့စားပွဲသို့ လာကာ သန့်စင်ခြင်းတစ်ရာနတ်ဘုရားမီးလျှံဆေးလုံးကို သူတို့တစ်ယောက်ချင်းစီထံ တင်ပြလိုက်တယ်။

"မီးဆေးဆန်းကြယ်နတ်ဘုရားဟော်ရွှယ်ရီ၊ အဆင့်၉အခက်အခဲသန့်စင်ခြင်းတစ်ရာမီးဆေးလုံး၊ အဆင့်၅အဆုံးစွန်းအဆင့်၊ ၉၃မှတ်"

ဟော်ရွှယ်ရီရဲ့ရမှတ်က အလွန်မြင့်တယ်။ ပြီးခဲ့တဲ့အဓိကရွေးချယ်ခြင်းအဆင့်မှာ သူက ကိုးဆယ့်တစ်မှတ်ပဲ ရရှိခဲ့တာလေ။

"ပြီးခဲ့တဲ့အဓိကရွေးချယ်ခြင်းအဆင်ရဲ့အဆင့်၂၄ဆိုတဲ့အတိုင်းပဲ။ သူက တကယ်ကို ကိုးဆယ့်သုံးမှတ်ရခဲ့တာပဲ"

"ဒီအမှတ်က ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ဖို့ မလုံလောက်ပေမယ့် အဓိကရွေးချယ်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ လုံလောက်တာထက် ပိုပါတယ်လေ"

သူတို့ရဲ့ဆေးလုံးတွေကိုတင်ပြပြီးဖြစ်တဲ့ယှဉ်ပြိင်သူအချို့က ဆွေးနွေးနေခဲ့တယ်။

ဟော်ရွှယ်ရီက စိတ်အခြေအနေကောင်းနေတော့တယ်။ ကိုးဆယ့်သုံးမှတ်က သူ့အနေနဲ့ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ဖို့ မလုံလောက်ဘူးဆိုတာ သူလဲ သိတယ်။ ဒါပေမယ့် သူက တိုးတက်နိုင်သရွေ့ အဆင်ပြေပါတယ်။ ဒါ့အပြင် အဆုံးသတ်မှာ ဘာဖြစ်မလဲကို တစ်ယောက်မှ မသိပါဘူးလေ။

"ခရမ်းရောင်ဆေးနတ်ဘုရားယန်ထျန်း၊ အဆင့်၉အခက်အခဲနတ်ဘုရားဆေး၊ အဆင့်၂အဆုံးစွန်းအဆင့်၊ ၉၀မှတ်"

ခရမ်းရောင်ဆေးနတ်ဘုရားယန်ထျန်းရဲ့အမူအရာက အလွန်ရုပ်ဆိုးသွားတယ်။ ပြီးခဲ့တဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ သူက အဆင့်၅ဖြစ်ပြီး ၉၅မှတ်ရခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူက မတိုးတက်လာရုံသာမက လျော့တောင် လျော့သွားတယ်။ ဒါက သူ့အနေနဲ့ လက်ခံဖို့ အလွန်ခက်ခဲစေတယ်။

ခရမ်းရောင်ဆေးဆန်းကြယ်နတ်ဘုရားယန်ထျန်းနဲ့ ယှဉ်ရင် မီးဆေးဆန်းကြယ်နတ်ဘုရားဟော်ရွှယ်ရီက ပိုအခြေအနေကောင်းတယ်လို့ ဆိုရမယ်။

နောက်ထပ်နောက်ထပ်ယှဉ်ပြိုင်သူတွေက သူတို့ရဲ့ဆေးတွေကို တင်ပြလာတာနဲ့အမျှ သူ့ရဲ့မျှော်လင့်ချက်က ပိုပိုကြီးမားလာတယ်လို့ ဟော်ရွှယ်ရီက သဘောပေါက်ခဲ့တယ်။

ယခင်ပြိုင်ပွဲမှာသူ့ထက်အဆင့်ပိုမြင့်ခဲ့တဲ့သူတွေက လက်ရှိအချိန်မှာ သူ့ထက် အမှတ်ပိုနည်းနေကြတယ်လေ။

"ဆေးမီးလျှံဆန်းကြယ်နတ်ဘုရားစစ်ထူတန်းချိုက်၊ အဆင့်၇အခက်အခဲခရမ်းမုန်လာဥရှင်သန်ဆေး၊ အဆုံးစွန်းအဆင့်၂၊ ၈၆မှတ်"

စစ်ထူတန်းချိုက်လဲ သူ့ရဲ့ဆေးကို တင်ပြခဲ့တယ်။

သူက အဆင့်၉အခက်အခဲနတ်ဘုရားဆေးလုံးကို မ‌ရွေးချယ်ခဲ့ပါဘူး၊ သူက အဆင့်၈အခက်အခဲနတ်ဘုရားဆေးလုံးကိုတောင် မရွေးချယ်ခဲ့ပါဘူး။

သူက ထိုအဆင့်အခက်အခဲဆေးလုံးတွေကို ရွေးချယ်ခဲ့ရင် သူက အမှားတစ်ခု လုပ်မိနိုင်ပြီး ချက်ချင်းဖယ်ရှားခံရလိုက်ရမယ်ဆိုတာကို သိတယ်။

ဒါကြောင့် သူက အဆင့်၇အခက်အခဲခရမ်းမုန်လာဥရှင်သန်ဆေးကို ရွေးချယ်ခဲ့တယ်။

ခရမ်းမုန်လာဥရှင်သန်ဆေးရဲ့အရည်အသွေးက မဆိုးပါဘူး။ အတိတ်မှာ သူက အဆုံးစွန်းအဆင့်၁ခရမ်းမုန်လာဥရှင်သန်ဆေးကိုသာ သန့်စင်နိုင်ခဲ့တာလေ။

အမှတ်၈၆မှတ်ရတဲ့အပေါ် သူက အရမ်းကျေနပ်တယ်။ ဒီအမှတ်က သူ့ကို အဆင့်သတ်မှတ်ချက်ပြိုင်ပွဲသို့ ဝင်ရောက်သွားစေနိုင်တယ်လေ။

"လဆေးဆန်းကြယ်နတ်ဘုရားရွှယ်ယွဲ့၊ အဆင့်၇အခက်အခဲနှင်းကြိုးကြာဆေး၊ အဆုံးစွန်းအဆင့်၆၊ ၉၀မှတ်"

အမှတ်ကိုးဆယ်ဆိုတော့ ရွှယ်ယွဲ့ရဲ့အမှတ်က အလွန်မြင့်တယ်လို့ ဆိုရမယ်။

အရေးကြီးဆုံးကတော့ ရွှယ်ယွဲ့က အဆင့်၇အခက်အခဲနှင်းကြိုးကြာဆေးလုံးကိုသာ ရွေးချယ်ခဲ့ပေမယ့် အရည်အသွေးက အဆုံးစွန်းအဆင့်၆ရှိတယ်၊ ဒါက အလွန်မြင့်မားတဲ့အဆင့်တစ်ခုပါပဲ။

ရွှယ်ယွဲ့က ဒီရမှတ်အပေါ် ကျေနပ်ပါတယ်၊ ယခင်ပြိုင်ပွဲတုန်းက သူက ၈၉မှတ်သာ ရရှိခဲ့တာလေ။

"အဆုံးစွန်းအဆင့်၆၊ မဆိုးဘူးပဲ"

လီဖူချန်းမှာ ပတ်ဝန်းကျင်ကို လေ့လာဖို့ စွမ်းအင်ရှိပါသေးတယ်။

ရွှယ်ယွဲ့ရဲ့ရလဒ်ကို သိပြီးနောက် လီဖူချန်းက သူမအတွက် ဝမ်းသာမိပါတယ်။

ဖြောက် ဖြောက်......

ဆီးနှင်းခဲအလွှာတစ်ခုက မီးပြင်းဖိုခန်းမရဲ့မီးပြင်းဖိုတစ်ခုပတ်လည်မှာ ရုတ်တရက် ပျံ့နှံ့သွားတယ်။

"ဒါက နှလုံးသားဆေးနတ်ဘုရားဝူလမ်ပဲ၊ ဒီလိုသိပ်သည်းတဲ့ဆီးနှင်းခဲသဘာဝဖြစ်စဉ်"

"သဘာဝဖြစ်စဉ်ထွက်ပေါ်လာတာက နတ်ဘုရားဆေးအရည်အသွေးကို ဆိုလိုတယ်"

"သူက ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက အဆင့်၂ရတာ အံ့ဩစရာမရှိဘူးပဲ။ သူက မလှုပ်ရှားရင်တော့ အဆင်ပြေပါတယ်၊ သူက လှုပ်ရှားလိုက်ရင်တော့ ထိပ်လန့်တုန်လှုပ်စရာကောင်းပေလိမ့်မယ်"

လူတိုင်းက ဝူလမ်ကို ချက်ချင်း အမှတ်ရလိုက်တယ်။

ဝူလမ်ရဲ့ပါးစပ်က တွန့်သွားတယ်။ သူက ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက အဆင့်၂ဖြစ်တယ်။ ဒီတစ်ခါမှာတော့ သူက ပထမနေရာအတွက် မတိုက်ခိုက်နိုင်ရင်တောင် အနိမ့်ဆုံးထိပ်ဆုံးသုံးယောက်ထဲ ဝင်နိုင်ရမယ်။

"နှလုံးသားဆေးနတ်ဘုရားဝူလမ်၊ အဆင့်၉အခက်အခဲနတ်ဘုရားဆေး၊ အဆုံးစွန်းအဆင့်၅၊ ၉၅မှတ်"

အဆင့်၉အခက်အခဲနတ်ဘုရားဆေးကို အခက်အခဲအဆင့်သုံးဆင့်ထပ်ခွဲထားတယ်၊ အဆင့်၉အခြေခံ၊ အဆင့်၉အလယ်အလတ်၊ အဆင့်၉အဆင့်မြင့်။

အဆင့်၉အခြေခံအခက်အခဲနတ်ဘုရားဆေးလုံးက ရမှတ်၈၈မှတ်နဲ့စပြီး အဆင့်၉အလယ်အလတ်အခက်အခဲနတ်ဘုရားဆေးလုံးက ရမှတ်၈၉မှတ်နဲ့စတယ်၊ အဆင့်၉အဆင့်မြင့်အခက်အခဲနတ်ဘုရားဆေးလုံးက ရမှတ်၉၀မှတ်နဲ့စတယ်။

နှင်းကြိုးကြာနတ်ဘုရားဆေးလုံးက ရမှတ်၈၉မှတ်ရထားတဲ့ အဆင့်၉အလယ်အလတ်အခက်အခဲနတ်ဘုရားဆေးလုံးဖြစ်တယ်။ ၎င်းက ရမှတ်၆မှတ်ရတဲ့အဆုံးစွန်းအဆင့်၆နတ်ဘုရားဆေးလုံးဖြစ်ကာ ကိုးဆယ့်ငါးမှတ်တိတိရရှိသွားခဲ့တယ်။

၉၅မှတ်က အလွန်မြင့်မားတဲ့ရမှတ်တစ်ခုပါပဲ။

တစ်စုံတစ်ယောက်က စမှတ်၉၀မှတ်ရှိတဲ့အဆင့်၉အဆင့်မြင့်အခက်အခဲနတ်ဘုရားဆေးလုံးနဲ့အဆင့်၆အဆုံးစွန်းနတ်ဘုရားဆေးလုံးကို သန့်စင်ရင်တောင် နောက်ဆုံးရမှတ်က ၉၆သာ ဖြစ်ပေလိမ့်မယ်။

အဆင့်၇၊ အဆင့်၈နဲ့ အဆင့်၉အဆုံးစွန်းနတ်ဘုရားဆေးလုံးတွေအတွက်ကတော့ သူတို့က အဆင့်၇အဆုံးစွန်းနတ်ဘုရားဆေးလုံးအဆင့်ကို မရောက်ရှိနိုင်တာတော့ မဟုတ်ပေမယ့် ခက်ခဲလွန်းပါတယ်။ သူက အဆင့်၇အဆုံးစွန်းနတ်ဘုရား‌ ဆေးလုံးက်ို အကြိမ်တိုင်း သန့်စင်နိုင်မယ်လို့ ဆန်းကြယ်နတ်ဘုရားယုမင်ကွမ်းကတောင် မပြောရဲပါဘူး။

ဒါပေမယ့် လူတိုင်းက ဝူလမ်နဲ့ပတ်သက်ပြီး ဆွေးနွေးနေစဉ်မှာပဲ ထူးဆန်းတဲ့သဘာဝဖြစ်စဉ်တစ်ခုက ကျန်းယန်မင်ရဲ့ဘက်မှာ ထွက်ပေါ်လာတယ်။

ဇလုံအရွယ်အစားတိမ်ခုနှစ်ခုက လေထဲသို့ မြင့်တက်လာတယ်။

"အကန့်အသတ်မဲ့ဆေးနတ်ဘုရားကျန်းယန်မင်၊ အဆင့်၉အခက်အခဲတိမ်ကိုးခုနတ်ဘုရားဆေးလုံး၊ အဆင့်၇အဆုံးစွန်းအဆင့်၊ ၉၆မှတ်"

တိမ်ကိုးခုနတ်ဘုရားဆေးလုံးလဲ အဆင့်၉အလယ်အလတ်အခက်အခဲနတ်ဘုရားဆေးလုံးပါပဲ။

"မှင်တက်စရာပဲ၊ ၉၆မှတ်၊ ဝူလမ်ထက် တစ်မှတ်ပိုမြင့်တယ်"

လူတိုင်းရဲ့အာရုံက ကျန်းယန်မင်အပေါ် ကျရောက်နေစဉ်မှာ နောက်ထပ်သဘာဝဖြစ်စဉ်တစ်ခုက ထွက်ပေါ်လာတယ်။ မူရုံဖှေးဝူရဲ့အထက်မှာ ဆန်းကြယ်တဲ့သဘာဝဖြစ်စဉ်က တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။

"စိတ်ဝိညာဉ်ဆေးဆန်းကြယ်နတ်ဘုရားမူရုံဖှေးဝူ၊ အဆင့်၉အခက်အခဲနတ်ဘုရားဆေးလုံး၊ အဆုံးစွန်းအဆင့်၈၊ ၉၆မှတ်"

အဆင့်၉အခက်အခဲကောင်းကင်ဘုံမြေပြင်စိတ်ဝိညာဉ်ရှားပါးဆေးက အဆင့်၉အခြေခံအခက်အခဲနတ်ဘုရားဆေးဖြစ်တယ်။

"နောက်ထပ်၉၆မှတ်တစ်ယောက်"

"ဒီနှစ်ရဲ့ထိပ်ဆုံးငါးနေရာအတွက် ယှဉ်ပြိုင်ပွဲက အရမ်းပြင်းထန်မှာပဲ"

"ထိပ်ဆုံးငါးနေရာလား"

"ထိပ်ဆုံးဆယ်နေရာအတွက် ယှဉ်ပြိုင်ပွဲကလဲ အရမ်းပြင်းထန်မယ်လို့ ငါ ထင်တယ်"

"ကြည့်စမ်း၊ ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားမှာလဲ သဘာဝဖြစ်စဉ်တစ်ခုရှိနေပြီ"

"အခု၊ ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားကပဲ ဒီလူသစ်လေးတွေနဲ့ ယှဉ်နိုင်တော့မယ်"

ပြောနေရင်း လူတိုင်းက ယုမင်ကွမ်းရှိရာဦးတည်ဘက်သို့ ကြည့်လိုက်တယ်။

ယုမင်ကွမ်းက စကြာဝဠာနတ်ဘရားဆေးလုံးကို သန့်စင်နေတယ်။

စကြာဝဠာနတ်ဘုရားဆေးလုံးက အဆင့်၉အဆင့်မြင့်အခက်အခဲနတ်ဘုရားဆေးလုံးဖြစ်တယ်။

ယုမင်ကွမ်းရဲ့မီးပြင်းဖိုအထက်မှာ အပြာရောင်အလင်းမျက်နှာပြင်တစ်ခုက မြင့်တက်လာတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ၎င်းက အပြာရောင်ကောင်းကင်နဲ့ တူပြီး လူ‌တွေကို စကြာဝဠာရဲ့ပုံရိပ်ယောင်ကို ပေးစွမ်းတယ်။

"ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားယုမင်ကွမ်း၊ အဆင့်၉အခက်အခဲစကြာဝဠာဆေးလုံး၊ အဆုံးစွန်းအဆင့်၇၊ ၉၇မှတ်"

ဒိုင်တွေက ရမှတ်ကို ကြော်ငြာပေးနေစဉ်မှာပဲ လူအုပ်ကြီးက အုတ်အုတ်ကျက်ကျက်ဖြစ်သွားတယ်။

"ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားက တကယ်ကို ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားပါပဲ။ ဒီနှစ်လဲ ပထမနေရာက သူ့အိတ်ကပ်ထဲမှာပဲ ထင်တယ်"

"ပထမနေရာကို သုံးကြိမ်ဆက်တိုက်၊ ဒါက ကြီးကျယ်ခမ်းနားတဲ့ဂုဏ်ယူစရာတစ်ခုပဲ"

ရမှတ်၉၇မှတ်။ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြတယ်။

***

All Chapters