← Chapters

၁၁၂မှတ်

Vol. 91 Ch. 1277

၁၁၂မှတ်

Vol. 91 Ch. 1277

ယုမင်းကွမ်းက ဘာအမူအရာမှ မဖော်ပြပါဘူး။ သူ့အတွက်တော့ ဒါက ပုံမှန်လုပ်ဆောင်ချက်တစ်ခုပါပဲ။

ဒါပေမယ့် ဒီလူသစ်လေးတွေကို ဖိနှပ်နိုင်အုံးမယ်လို့တော့ ယုမင်ကွမ်းက ခံစားမိနေသေးတယ်။

အခု ဒီလူသစ်သုံးယောက် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ကြည့်ဖို့ အချိန်ပဲ။

ယုမင်ကွမ်းရဲ့မျက်လုံးတွေက အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်၊ ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်၊ ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းတို့အပေါ်  ကျရောက်လာတယ်။

…

ခရမ်းရောင်သွေးအလင်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားတယ်။ လူတိုင်းက တစ်ချက်ကြည့်လိုက်တယ်၊ သူတို့ရဲ့နှလုံးခုန်သံက ပိုမြန်ဆန်လာတာကို ခံစားလာရတယ်။

အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်က သူ့ရဲ့ဆေးကို စုဆောင်းပြီးပါပြီ။

"အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်၊ အဆင့်၉အခက်အခဲခရမ်းသွေးတိုက်ပွဲဆေး၊ အဆုံးစွန်းအဆင့်၈၊ ၉၇မှတ်"

ခရမ်းသွေးတိုက်ပွဲဆေး၊ အဆင့်၉အလယ်အလတ်အခက်အခဲ။

"ဘာ၊ ၉၇မှတ်လား။ ကောင်းကင်ဘုံဆေးဆန်းကြယ်နတ်ဘုရားနဲ့ အတူတူပဲပေါ့"

"မယုံနိုင်စရာပဲ၊ မယုံနိုင်စရာပဲ"

"ဒီလူသစ်က အတော်လေးကြမ်းတာပဲ"

လူတိုင်းက အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကို ထိတ်လန့်တကြား ကြည့်လိုက်တယ်။

"ဟီးဟီး၊ ကြည့်ရတာ ငါပဲ ယုမင်ကွမ်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့ပုံပဲ" ကျိုးမင်က ဂုဏ်ယူနေတော့တယ်။

ကျွိ ကျွိ ကျွိ ကျွိ.....

ကျိုးမင်က ပျော်လို့မဝသေးခင် ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်က သူမရဲ့ဆေးကိုလဲ စုဆောင်းခဲဲ့တယ်။

အဆုံးမဲ့ငှက်မြင်ကွင်းတွေက ထွက်ပေါ်လာပြီး ငှက်အော်သံတွေက မြည်တမ်းလာတယ်။ ငှက်တွေရဲ့အလယ်ဗဟိုမှာ ဧရာမရောင်စုံငှက်တစ်ကောင်ကို ကြည့်ရတာ အလွန်အမင်းမြင့်မြတ်ထည်ဝါနေတယ်။

ငှက်တစ်ရာရှိခိုးဖီးနစ်ဆေး။

"ဖီးနစ်ဆေးဆန်းကြယ်နတ်ဘုရားဟွမ်ရွှယ်၊ အဆင့်၉အခက်အခဲငှက်တစ်ရာရှိခိုးဖီးနစ်ဆေး၊ အဆုံးစွန်းအဆင့်၉၊ ၉၉မှတ်"

ငှက်တစ်ရာရှိခိုးဖီးနစ်ဆေး၊ အဆင့်၉အဆင့်မြင့်အခက်အခဲ။

အုန်း.....

မီးပြင်းဖိုခန်းမတစ်ခုလုံးက ပွက်လောရိုက်လာတော့တယ်။

ဒိုင်လူကြီးတွေကတောင် ဟွမ်ရွှယ်ကို ထိတ်လန့်တကြားကြည့်လိုက်ကြတယ်။

"သူမက တကယ်ကို ဟွမ်ကလန်ရဲ့ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ပဲ"

"၉၉မှတ်။ ဒီအမှတ်က မထွက်ပေါ်လာတာ နှစ်များစွာ ကြာပြီ"

"ဒီနှစ်ရဲ့နံပါတ်တစ်နေရာက အပြောင်းအလဲဖြစ်တော့မယ်ထင်တယ်"

"ဒါ ဟုတ်တယ်....."

"ဟွမ်ကလန်က ဟွမ်ကလန်ပါပဲလေ။ ဟွမ်ကလန်ရဲ့အဖွဲ့တိုင်းက အံ့မခန်းတော့ မဖြစ်လောက်ဘူးလို့ ငါ ထင်ထားတာ။ အခု ကြည့်ရသလောက် ဒီတစ်ယောက်က ပိုတောင် အံ့မခန်းဖြစ်ပုံပဲ....."

ဒိုင်တွေက ဆွေးနွေးနေခဲ့တယ်။

"၉၉မှတ်လား....ဟမ်"

မူရုံဖှေးဝူက သူမရဲ့လှပတဲ့နှုတ်ခမ်းလေးကို ကိုက်လိုက်တယ်၊ သူမက နည်းနည်းတော့ မပျော်မရွှင်ဖြစ်သွားခဲ့တယ်။

"စိတ်ဝင်စားစရာပဲ"

ယုမင်ကွမ်းရဲ့မျက်နှာအမူအရာက ရှုပ်ထွေးနေတော့တယ်။ သူ ၉၇မှတ်ရတုန်းက ဟွမ်ရွှယ်က သူ့ကို မော့ကြည့်ရလိမ့်မယ်လို့ သူ မျှော်လင့်ထားခဲ့တာ။ သူမက ၉၉မှတ်ကို တိုက်ရိုက်ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါက အဆင့်၉အဆုံးစွန်းနတ်ဘုရားဆေးနော်.....သူက ရံဖန်ရံခါမှပဲ အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးကို သန့်စင်နိုင်တာ။ ကံတရားကြောင့်များလား။

"ကံကောင်းသွားတာပဲ ဖြစ်မှာပါ"

ကျိုးမင်က အနည်းငယ်လက်မခံနိုင်ဘူးဖြစ်နေတယ်။ သူက အဆုံးစွန်းအဆင့်၈ခရမ်းသွေးဆေးကို သန့်စင်နိုင်တာကတင် သူ့ရဲ့ကံကောင်းမှုက လုံလောက်နေပါပြီ။ တစ်ဖက်လူက အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးလုံးကို အချိန်တိုင်း သန့်စင်နိုင်မယ်လို့တော့ သူ မယုံကြည်ပါဘူး။

ကံကောင်းတာတွေဘာတွေ ထားလိုက်ပါ၊ ဟွမ်ရွှယ်ရဲ့အဆင့်က ယုမင်ကွမ်းထက် မနိမ့်ကျဘူးဆိုတာတော့ အားလုံးက ဝန်ခံရမှာပဲ။ သူမက ဒီအဆင့်ကို အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် သူမက ဒီနှစ်ရဲ့ချန်ပီယံဖြစ်လာမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

"အခု အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဘယ်လိုအလှည့်အပြောင်းတွေ ရှိလာမလဲဆိုတာ ကြည့်ရတာပေါ့"

လူတိုင်းက နောက်လာမယ့်အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွေကို မျှော်လင့်စောင့်‌စားနေတော့တယ်။

အဆင့်သတ်မှတ်ချက်ပြိုင်ပွဲက အဓိကရွေးချယ်ခြင်းအဆင့်နဲ့ မတူဘူးဆိုတာ သိရမယ်။ အဓိကရွေးချယ်ခြင်းအဆင့်မှာ ကိုယ်ပိုင်နတ်ဘုရားဆေးတွေကို ရွေးချယ်နိုင်ပေမယ့် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ  သန့်စင်ဖို့အထူးနတ်ဘုရားဆေးတွေကို ရွေးချယ်ရတယ်။

"ဒီဓားတာအိုဆန်းကြယ်နတ်ဘုရားလီဖူချန်းက နတ်ဘုရားဆေးတွေ သန့်စင်တာ အတော်နှေးတာပဲ"

"အကြိုအဆင့်မှာ သူက နံပါတ်တစ်ဖြစ်ပြီး သူ့ရဲ့သန့်စင်ခြင်းအရှိန်က အခြားသူတွေထက် ပိုမြန်တာကို ငါ မှတ်မိပါတယ်"

"အကြိုအဆင့်က အကြိုအဆင့်ပဲလေ၊ အခု ဒါက အဓိကရွေးချယ်ခြင်းအဆင့်ပါပဲလေ"

"ဒါ ပုံမှန်အားဖြင့် မျှော်လင့်ချက်မရှိတာပဲ။ သူက အဆင့်၈အခက်အခဲနတ်ဘုရားဆေးပဲ ရွေးချယ်ခဲ့တာ။ နတ်ဘုရားဆေးရဲ့အရည်အသွေးက အဆုံးစွန်းအဆင့်ကိုးဆိုရင်တောင် သူက ၉၅မှတ်ပဲ ရနိုင်မှာ"

"သူ့အနေနဲ့ အဆုံးစွန်းအဆင့်ကိုးကို ရဖို့ မဖြစ်နိုင်ဘူး။ ခပ်ရှင်းရှင်းပြောရရင် သူ့မှာ ခွန်အားရှိပေမယ့် သူက ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ဖို့ အရည်အချင်းမှီမှာမဟုတ်ဘူး"

အသစ်ရောက်လာသူတွေထဲမှာ လီဖူချန်းကပဲ သူ့ရဲ့ဆေးတွေကို မပြရသေးတာပါ။ လူတိုင်းက သူ့ကိုပဲ ကြည့်နေကြတယ်။

"ဒီတစ်ခါ တကယ်ကို နှေးတာပဲ"

အစကတော့ လီဖူချန်းက ဆေးတွေကို စုဆောင်း‌တော့မှာ၊ နတ်ဘုရားဆေးတွေရဲ့အရည်အသွေးက အဆုံးစွန်းအဆင့်ရှစ်ထက်မှာ ရှိတာ ‌အသေအချာပဲ။ ဒါပေမယ့် သူက ဆေးလုံးတွေကို စုဆောင်းပြီးတဲ့အခိုက်မှာ နတ်ဘုရားနဂါးချိုးဖြတ်နယ်ပယ်ဆေးက စတင်သန္ဓေပြောင်းလာတယ်။

ဒါက ‌ပျော်စရာကောင်းတဲ့အံ့အားသင့်မှုတစ်ခုပဲ၊ လီဖူချန်းက ဒါကို ဘယ်လိုလုပ်ပြီး လက်လျော့လို့ရမှာလဲ။

ဟိန်းသံ.....

နဂါးဟိန်းသံတစ်ခုပဲ့တင်ထပ်လာပြိး အပြာရောင်နတ်ဘုရားနဂါးတစ်ကောင်က ကူးရွှယ်မီးပြင်းဖိုကို လှည့်ပတ်ကာ ဟိန်းဟောက်လိုက်တယ်။

"ဒီလိုပြင်းထန်တဲ့မြင်ကွင်းမျိုး။ ဒီနတ်ဘုရားဆေးတစ်သုတ်က အဆုံးစွန်းအဆင့်ရှစ်ထက် မလျော့နည်းလောက်ဘူး"

"ဒါက အဆင့်၈အခက်အခဲနတ်ဘုရားဆေးဖြစ်နေတာ စိတ်မကောင်းစရာပဲ။ စမှတ်က နှစ်မှတ်လောက် လျော့ကျသွားမှာ"

ဟိန်းသံ.....

အပြာရောင်နတ်ဘုရားနဂါးက ပိုရှင်းလင်းလာပြီး အစိမ်းရောင်အမွှေးရှည်တွေတောင် ကြီးထွားလာတယ်။ ၎င်းခန္ဓာကိုယ်ပေါ်ရှိကြေးခွံတွေက အများအပြားရှိကာ အသက်ရှင်နေတဲ့အလားပါပဲ။

"အဆုံးစွန်းအဆင့်ကိုး"

တစ်စုံတစ်ယောက်က ခြားနားချက်ကို မြင်နိုင်တယ်။

"အံ့မခန်းပဲ။ ၉၅မှတ်က မြင့်တယ်လို့ မပြောနိုင်ပေမယ့် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲအတွက် မျှော်လင့်ချက်တော့ ရှိတယ်"

လူတိုင်းက လီဖူချန်းအပေါ် တဖြည်းဖြည်းအကောင်းမြင်လာကြတယ်။

"အဆုံးစွန်းအဆင့်ကိုး၊ ဟမ့်"

ဟွမ်ရွှယ်ရဲ့လှပတဲ့မျက်လုံးတွေက တလက်လက်ဖြစ်နေတယ်။ အဆုံးစွန်းအဆင့်ကိုးနတ်ဘုရားဆေးလုံးတွေက သန့်စင်ရတာ မလွယ်ပါဘူး၊ ၎င်းက အဆင့်၈အခက်အခဲနတ်ဘုရားဆေးလုံးတစ်လုံးဆိုရင်တောင်မှပေါ့။

ဟိန်းသံ.....

ဒါက အဆုံးသတ်ပဲလို့ လူတိုင်းက တွေးနေစဉ်မှာ နောင်ထပ်နဂါးဟိန်းသံတစ်ခုက ထွက်လာတယ်။

ဒီတစ်ခါမှာတော့ နဂါးဟိန်းသံက ပိုတောင် ဖိနှိပ်လာတယ်။

အပြာရောင်နတ်ဘုရားနဂါးအပြင် အနက်ရောင်နတ်ဘုရားနဂါးတစ်ကောင်က ထွက်ပေါ်လာတယ်။ နတ်ဘုရားနဂါးနှစ်ကောင်ပေါ့၊ အပြာရောင်နဲ့အနက်ရောင်။ သူတို့က ပတ်ပတ်လည်မှာ ကူးခတ်ရွေ့လျားနေပြီး ဒါက ထူးခြားတဲ့မြင်ကွင်းတစ်ခုပါပဲ။

"ဘာဖြစ်နေတာလဲ"

လူတိုင်းက အံ့အားသင့်သွားကြတယ်။ သူတို့က နတ်ဘုရားနဂါးချိုးဖြတ်နယ်ပယ်ဆေးကို တစ်ကြိမ်ထက် ပိုမြင်ဖူးပေမယ့် နတ်ဘုရားနဂါးနှစ်ကောင်ကိုတော့ ဘယ်တုန်းမှ မမြင်ဖူးပါဘူး။

"စိတ်ဝင်စားစရာပဲ"

"သူက ငါ့မျက်လုံးထဲရှိတဲ့သူဆိုတဲ့အတိုင်းပဲ" မူရုံဖှေးဝူက တစ်ခုခုကို သတိပြုမိသွားတယ်။

"သ‌န္ဓေပြောင်းနတ်ဘုရားဆေးလုံး"

ယုမင်ကွမ်း၊ ‌ကျိုးမင်၊ ကျန့်ယန်မင်နဲ့ အခြားသူတွေက ဒါကို မြင်နိုင်တယ်။

ယုမင်ကွမ်းက မျက်မှောင်ကြုတ်လိုက်တယ်။

ကျိုးမင်က နှုတ်ခမ်းမဲ့သွားတယ်၊ သူက ဘာမှတော့ မပြောပါဘူး။

"တစ်ယောက်ယောက်က သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးကို သန့်စင်နိုင်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး" ဒိုင်တစ်ယောက်က ရယ်လိုက်တယ်။

သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးကို သန့်စင်နိုင်တာ ကြီးမားတဲ့ကိစ္စတစ်ခုမဟုတ်ဘူး၊ ဒါပေမယ့် လီဖူချန်းရဲ့ကံက အတော်လေးကောင်းပါတယ်။

ဟိန်းသံ......

ဒါပေမယ့် နောက်ထပ်နတ်ဘုရားနဂါးတစ်ကောင်ပေါ်ထွက်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ဘူး။ ဒီတစ်ခါမှာတော့ ဒါက ငွေရောင်နဂါးတစ်ကောင်ဖြစ်ပြီး ခမ်းနားထည်ဝါတဲ့အရှိန်အဝါတစ်ခုရှိတယ်။

ဟိန်းသံ......

ထို့နောက် နောက်ထပ်ရွှေရောင်နတ်ဘုရားနဂါးတစ်ကောင်က ထွက်ပေါ်လာတယ်၊ ၎င်းက ဖိနှိပ်စိုးမိုးကာ မြင့်မြတ်ထည်ဝါတယ်။

အပြာရောင်နတ်ဘုရားနဂါး၊ အနက်ရောင်နတ်ဘုရားနဂါး၊ ငွေရောင်နတ်ဘုရားနဂါး၊ ရွှေရောင်နတ်ဘုရားနဂါး။

နတ်ဘုရားနဂါးလေးကောင်က မီးပြင်ဖိုပတ်လည်မှာ လှည့်ပတ်နေပြီး တစ်ခဏတာအတွင်း လူတိုင်းက ပြောစရာစကားမဲ့သွားတယ်။

"ဒါက....."

ဒိုင်တွေလဲ ဘာပြောရမှန်းမသိဖြစ်သွားတော့တယ်။

သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးကို သန့်စင်နိုင်တာကိုတော့ လက်ခံနိုင်ပေမယ့် သန္ဓေပြောင်းနတ်ဘုရားဆေးသုံးလုံးကို သန့်စင်နိုင်တာကတော့ ကံကောင်းမှုသက်သက်ပဲလို့ ပြောလို့မရနိုင်ပါဘူး။

ခွန်အားအလုံအလောက်မရှိဘဲနဲ့ သန္ဓေပြောင်းနတ်ဘုရားဆေးသုံးလုံးကို သန့်စင်ဖို့က မဖြစ်နိုင်ပါဘူး။

လီဖူချန်းကမီးပြင်းဖိုအဖုံးကို ဖွင့်ကာ ဆေးလုံးတွေကို စတင်စုဆောင်းခဲ့တယ်။

သူက ဆေးလုံးတွေကို စုဆောင်းလိုက်တဲ့အခါမှာ နတ်ဘုရားနဂါးလေကောင်က တဖြည်းဖြည်းပျောက်ကွယ်သွားတော့တယ်။

လီဖူချန်းက ဒိုင်စားပွဲသို့ ရောက်လာကာ ဆေးလုံးတွေကို ကမ်းပေးလိုက်တယ်။

အချိန်တစ်ခုကြာပြီးနောက် ဒိုင်တွေက ရမှတ်ကို ထုတ်ပြန်လိုက်တယ်၊‌ ကြောက်စရာကောင်းတဲ့ရမှတ်တစ်ခုပါပဲ။

"ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်း၊ အဆင့်၈အခက်အခဲနတ်ဘုရားဆေး၊ နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေး၊ အဆုံးစွန်းအဆင့်၉။ အင်းကွက်ခြောက်ခုသန္ဓေပြောင်းဆေးတစ်လုံး၊ အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းဆေးတစ်လုံး၊ အင်းကွက်ရှစ်ခုသန္ဓေပြောင်းဆေးတစ်လုံး။ ရမှတ်၁၁၂မှတ်"

အဆင့်၈အခက်အခဲနတ်ဘုရားဆေး:စမှတ်ရှစ်ဆယ့်‌ခြောက်မှတ်။ အဆုံးစွန်းအဆင့်၉အခက်အခဲ:ကိုးမှတ်။ သန္ဓေပြောင်းနတ်ဘုရားဆေးသုံးလုံးက ဆယ်မှတ်။ အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းဆေးနတ်ဘုရားဆေးလုံးက အပိုနှစ်မှတ်။ အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးက အပိုငါးမှတ်။ စုစုပေါင်းတစ်ရာတစ်ဆယ့်နှစ်မှတ်၊ ဒါက မြောက်ပိုင်းနယ်မြေရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့သမိုင်းတစ်လျှောက် အမြင့်ဆုံးရမှတ်ပဲ။

ဒီရမှတ်က လူတိုင်းကို အလွန်အံ့ဩတုန်လှုပ်စေခဲ့တယ်၊ ဒါပေမယ့် ဒီရမှတ်က မြင့်မားလွန်းတယ်လို့တော့ တစ်ယောက်မှ မခံစားရပါဘူး။

သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတစ်လုံးကို ကံကောင်းလို့ သန့်စင်နိုင်တာက ဖြစ်နိုင်တယ်ပေါ့။

သုံးလုံးဆိုရင်ရော ဘယ်လိုလဲ။

သုံးလုံးထဲမှာ အင်းကွက်ခုနှစ်ခုတစ်လုံး၊ အင်းကွက်ရှစ်ခုတစ်လုံးရှိတယ်နော်။

"ပစ္စည်းကောင်းပဲ၊ ပစ္စည်းကောင်းပဲ။ ငါ ဒါတွေကို သူ့ကိုတောင် ပြန်မပေးချင်တော့ဘူး"

အနက်ရောင်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေး၊ ငွေရောင်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေး၊ ရွှေရောင်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးတို့ကို အကဲဖြတ်ပြီးနောက် ဒိုင်တွေက လီဖူချန်းထံ ၎င်းတို့ကို အင်တင်တင်နဲ့ ပြန်ပေးခဲ့ကြတယ်။

"သံသယဖြစ်စရာတွေမရှိတဲ့ပုံပဲ"

မူရုံဖှေးဝူနဲ့အခြားသူတွေကလဲ အံ့အားသင့်သွားသွားခဲ့ရတယ်။ သူတို့ဘယ်လိုဆက်ယှဉ်ပြိုင်ရတော့မှာလဲ။ ဆယ်မှတ်တောင် ကွာဟနေပြီလေ။

"မဖြစ်နိုင်ဘူး"

ယုမင်ကွမ်းက ဒါကို လက်မခံနိုင်ပါဘူး။

သူက ပထမနေရာကို နှစ်ကြိမ်တိုင်တိုင်မရခဲ့ရင် သူက အခုလို သူ့ရဲ့စိတ်တည်ငြိမ်မှုကို ဆုံးရှုံးတဲ့ထိ ဖြစ်မှာမဟုတ်ဘူး။

သူက သုံးကြိမ်ဆက်ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ထားတာလေ၊ အခု သူ့မျှော်လင့်ချက်က ပျက်ဆီးကြေမွသွားရပြီ၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာက အနည်းငယ်မတည်မငြိမ်ဖြစ်သွားခဲ့ရလေပြီ။

ယုမင်ကွမ်း၊ ဟော်ရွှယ်ရီ၊ ဝူလမ်နဲ့ ယခင်ပြိုင်ပွဲမှအခြားထိပ်တန်းအဆင့်‌ဆေးတာအိုပါရမီရှင်တွေက ဒီပြိုင်ပွဲမှာ ထူးချွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လူသစ်လေးတွေက သူတို့ကို ကျော်ဖြတ်လာနိုင်ခဲ့တာပဲ။

အထူးသဖြင့် ဟော်ရွှယ်၊ ကိုးဆယ့်ကိုးမှတ်ရခဲ့ပြီး သူမက ယုမင်ကွမ်းကိုတောင် ကျော်ဖြတ်ခဲ့တယ်။

လီဖူချန်းကတော့ ပြောမနေပါနဲ့တော့၊ သန္ဓေပြောင်းနတ်ဘုရားဆေးသုံးလုံးကို သန့်စင်နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက်အမြင့်ဆုံးရမှတ်၁၁၂မှတ်ကို ရရှိခဲ့တယ်။

အခုဆို အနှီလီဖူချန်းရဲ့စွမ်းပကားက အခြားဆေးတာအိုပါရမီရှင်တွေအားလုံးကို လွှမ်းမိုးသွားခဲ့တယ်။ လူတိုင်းက ဒါကို အမှတ်ရနေမှာပါ၊ သူတို့မေ့ချင်ရင်တောင် မေ့လို့မရပါဘူး။

"မင်း ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ" ဟွမ်ရွှယ်က လီဖူချန်းကို မေးလိုက်တယ်။

ဟွမ်ကလန်ရဲ့နံပါတ်တစ်ဆေးတာအိုပါရမီရှင်အနေနဲ့ ဟွမ်ရွှယ်က ‌ဆေးပညာကို တကယ်ကို နှစ်သက်တယ်။ ဒါကြောင့် လီဖူချန်း ဘယ်လိုလုပ်ခဲ့တာလဲ၊ တစ်သုတ်တည်းနဲ့ သ‌န္ဓေပြောင်းနတ်ဘုရားဆေးသုံးလုံးကို  ဘယ်လိုသန့်စင်ခဲ့တယ်ဆိုတာကို သူမက တကယ်သိချင်တယ်။

လီဖူချန်းက ပြောလိုက်တယ်"ကံတရားက အဓိကပါ"

သူက ရွှေရောင်အဆောင်ကြောင့်ဆိုပြီး သူမကို အရာအားလုံးကို မပြောပြနိုင်ပါဘူး။

ဟွမ်ရွှယ်က သူမရဲ့ခေါင်းကို ခါယမ်းလိုက်တယ်" ငါ ဆေးလုံးတွေသန့်စင်လာတာ နှစ်ပေါင်းများစွာကြာပြီ၊ ဒါပေမယ့် ငါ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးသုံးလုံးကို တစ်သုတ်တည်းနဲ့ ဘယ်တုန်းကမှ မသန့်စင်နိုင်ခဲ့ဘူး။ ဒါ့ပြင် သူတို့ထဲကတစ်ခုက အင်းကွက်ခုနှစ်ခု၊ အခြားတစ်ခုက အင်းကွက်ရှစ်ခုရှိတယ်" အများဆုံး သူမက သန္ဓေပြောင်းနတ်ဘုရားဆေးနှစ်လုံးကို သန့်စင်နိုင်ရုံပေါ့၊ နှစ်လုံးလုံးက အင်းကွက်ခြောက်ခုနတ်ဘုရားဆေးလုံးတွေ ဖြစ်မှာပါ။

သူမက အင်းကွက်ခုနှစ်ခုနတ်ဘုရားဆေးလုံးတစ်လုံးကို သန့်စင်နိုင်တယ်ဆိုရင် အဲဒါက တစ်လုံးပါပဲ။

သူမက လီဖူချန်းလို သုံးလုံးစလုံးကို တစ်ခါတည်းမသန့်စင်နိုင်ပါဘူး။ တစ်လုံးက အင်းကွက်ခြောက်ခု၊ တစ်လုံးက အင်းကွက်ခုနှစ်ခု၊ တစ်လုံးက အင်းကွက်ရှစ်ခုပေါ့။

သူမသိထားတာအရ ဟွမ်ကလန်ရဲ့သမိုင်းမှာ ဟွမ်ကလန်ရဲ့တည်ထောင်သူကပဲ ဒီလိုအောင်မြင်ခဲ့တာပါ။

ဟွမ်ကလန်ရဲ့တည်ထောင်သူမှာ ထိပ်တန်းအဆင့်ဆေးတာအိုရတနာတစ်ခုရှိတယ်၊ ဒါက ဘာကြောင့် သူ အောင်မြင်နိုင်ခဲ့တယ်ဆိုတာပဲ။

ပိုင်နက်နတ်ဘုရားများစွာက အပြင်ဘက်မှာ စောင့်ကြည့်နေတာကြောင့် လီဖူချန်းက ဆေးတာအိုအသုံးအ‌ဆောင်ပစ္စည်းကို အသုံးမပြုခဲ့တာတော့ အသေအချာပါပဲ။

ဟွမ်ရွှယ်က ဆက်ပြောနိုင်တယ်"ဒါဆိုလဲ နင် ငါ့ကို အင်းကွက်ရှစ်ခုရွှေရောင်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးကို ငါ့ကို ရောင်းနိုင်မလား"

ယခင်က သူမက အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။

"ငါ့ကို ရောင်း....." မူရုံဖှေးဝူက ကြားဝင်ပြောလိုက်တယ်။

အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားဆေးလုံးက ဂရုမစိုက်တာ ဘယ်သူများရှိမှာလဲ။

ဒိုင်တွေကတောင် ၎င်းနဲ့ပတ်သက်ပြီး အင်တင်တင်ဖြစ်နေခဲ့တာပဲကြည့်လေ။

လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်"ငါတောင် ဒါကို မလေ့လာရသေးဘူး၊ မင်းတို့ကို ဘယ်လိုလုပ်ရောင်းရမှာလဲ"

ပထမ၊ သူက နတ်ဘုရားကျောက်တုံးတွေ မကင်းမဲ့ဘူး။ ဒုတိယ၊ သူလဲ သန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်နယ်ပယ်ဆေးလုံးကို‌ လေ့လာချင်တယ်။ ဒီသန္ဓေပြောင်းနတ်ဘုရားဆေးသုံးလုံးက မယုံနိုင်စရာကောင်းတယ်လို့ သူရဲ့မသိစိတ်က သူ့ကို ပြောပြခဲ့တယ်လေ။

တုံ့ပြန်တဲ့အနေနဲ့ ဒါက ဝမ်းနည်းစရာကိစ္စပဲလို့ ဟွမ်ရွှယ်နဲ့မူရုံဖှေးဝူတို့က ခံစားမိခဲ့တယ်။

ဒီသန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးက အံ့မခန်းပဲလို့ သူတို့လဲ ခံစားမိတယ်။

သာမန်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးက  ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်နိုင်ပေမယ့် အများကြီးသုံးစွဲဖို့ လိုပါတယ်။

ဒီသန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတွေထဲကတစ်လုံးမှာ ချိုးဖြတ်မှုကိုကူညီပေးနိုင်တဲ့စွမ်းရည်ရှိရင် သက်ရောက်မှုက သေချာပေါက်မှင်တက်စရာကောင်းပေလိမ့်မယ်။

အထူးသဖြင့် အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးပဲ။ ဆေးစွမ်းက ထိပ်တန်းနတ်ဘုရားဆေးတွေထက် အဆများစွာ ပိုတယ်။ ‌‌ဆေးတစ်လုံးက ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ဖို့ ကူညီပေးနိုင်လိမ့်မယ်။

***

All Chapters