အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ
Vol. 91 Ch. 1278
အဓိကရွေးချယ်ခြင်းအဆင့်ပြီးနောက် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲက စတင်လာခဲ့တယ်။
သံသယရှိစရာမလို၊ ရမှတ်တစ်ရာတစ်ဆယ့်နှစ်မှတ်နဲ့အတူ လီဖူချန်းက အဓိကရွေးချယ်ခြင်းအဆင့်ရဲ့အဆင့်၁ဖြစ်ခဲ့တယ်။
ဒုတိယ၊ ကိုးဆယ့်ကိုးမှတ်နဲ့ဟွမ်ရွှယ်။
တတိယနေရာ၊ ကိုးဆယ့်ခုနှစ်မှတ်နဲ့ယုမင်ကွမ်း။
စတုတ္ထနေရာ၊ ကိုးဆယ့်ခုနှစ်မှတ်နဲ့ကျိုးမင်။
ပဉ္စမနေရာ၊ ကိုးဆယ့်ခြောက်မှတ်နဲ့ကျန်းယန်မင်။
ဆဌမနေရာ၊ ကိုးဆယ့်ခြောက်မှတ်နဲ့မူရုံဖှေးဝူ။
သတ္တမနေရာ၊ ကိုးဆယ့်ငါးမှတ်နဲ့ဝူလမ်။
…
နံပါတ်၁၅၊ ကိုးဆယ့်သုံးမှတ်နဲ့ဟော်ရွှယ်ရီ။
…
နံပါတ်၃၃၊ ကိုးဆယ်မှတ်နဲ့ရွှယ်ယွဲ့။
ရှေ့ဆက်သွားလေ၊ တစ်မှတ်ပဲကွာတဲ့သူတွေ ပိုများလေပဲ။
ဟော်ရွှယ်ရီနဲ့ရွှယ်ယွဲ့က သုံးမှတ်သာကွာပေမယ့် ကြားမှာ ဆယ့်ရှစ်ယောက်ရှိတယ်။
စစ်ထူတန်းချိုက်ကတော့ ထိပ်ဆုံးတစ်ရာရဲ့အပြင်ဘက်ကို ရောက်သွားတာ အသေအချာပါပဲ။
ရှစ်ဆယ့်ခြောက်မှတ်က မနိမ့်ပေမယ့် ဒါက ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံလေ၊ ကျွမ်းကျင်သူတွေ များလွန်းပါတယ်။
"အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို နှစ်ပိုင်းခွဲထားတယ်။ ပထမပိုင်းက သတ်မှတ်ထားတဲ့ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးကို သန့်စင်ဖို့ပဲ။ ဒုတိယပိုင်းက သတ်မှတ်ထားတဲ့ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးကို လက်ဗလာနဲ့ သန့်စင်ဖို့ပဲ။ အဓိကရွေးချယ်ခြင်းအဆင့်မှာလိုပဲ ပထမပိုင်းနဲ့ဒုတိယပိုင်းအတွက် အမှတ်ပြည့်က တစ်ရာမှတ်ဖြစ်တယ်။ အဓိရွေးချယ်ခြင်းအဆင့်ရဲ့အမှတ်တွေပါ ပေါင်းထည့်ပြီး စုစုပေါင်းရမှတ်ကို တွက်ချက်ရမယ်။ စုစုပေါင်းရမှတ်အများဆုံးကတော့ ဒီနှစ်ရဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံရဲ့ချန်ပီယံပေါ့"
"နတ်ဘုရားဆေးကို လက်ဗလာနဲ့ သန့်စင်ရမှာလား၊ ဒီအခက်အခဲက အတော်လေးမြင့်တာပဲ"
"မီးပြင်းဖိုမရှိရင် တစ်ယောက်မှ အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးကို သန့်စင်နိုင်မှာမဟုတ်လောက်ဘူး"
"ပြီးပြည့်စုံခြင်းအဆင့်နတ်ဘုရားဆေးလုံးကို သန့်စင်ဖို့တောင် ခက်ခဲမှာ"
လူတိုင်းက ပြောဆိုနေကြတော့တယ်။
"လက်ဗလာနဲ့ ဆေးလုံးတွေ သန့်စင်တာလား" လီဖူချန်းက အတော်လေးစိတ်ဝင်စားသွားတယ်။
ဆေးမီးပြင်းဖိုမရှိရင် နတ်ဘုရားဆေးလုံးရဲ့အရည်အသွေးက အကြီးအကျယ်လျော့ကျသွားပါလိမ့်မယ်။
လီဖူချန်းက ယခင်က လက်ဗလာနဲ့ ဆေးလုံးတွေ မသန့်စင်ဖူးပါဘူး၊ ဒါကြောင့် သူက အဆုံးစွန်းအဆင့်နတ်ဘုရားဆေးတစ်လုံးကို သန့်စင်နိုင်သလားတော့ သူ မသိဘူး။
အကြီးအကဲက လည်ချောင်းရှင်းလိုက်တယ်"ပထမပိုင်းက ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးဖြစ်တဲ့ဆန်းကြယ်သွေးဆေးကို သန့်စင်ဖို့ပဲ။ ယခင်က လူတိုင်း ဆန်းကြယ်သွေးဆေးကို သန့်စင်ခဲ့ပြီးပြီးဖြစ်မယ်လို့ ငါ ထင်တယ်"
ဆန်းကြယ်သွေးဆေးက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို အကြီးအကျယ်ပြန်ဖြည့်ပေးနိုင်တယ်။
လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်တယ်။
ဆန်းကြယ်သွေးဆေးက သန့်စင်ရတာ မခက်ခဲပါဘူး၊ ၎င်းက အဆင့်၅အခက်အခဲနတ်ဘုရားဆေးသာ ဖြစ်တယ်။
ဒါပေမယ့် ဆန်းကြယ်သွေးဆေးကို လျော့မတွက်ပါနဲ့။ အဆင့်မြင့်ဆန်းကြယ်သွေးဆေးက သန့်စင်ရတာ အလွန်ခက်တယ်။ အထူးသဖြင့် အဆုံးစွန်းအဆင့်ဆန်းကြယ်သွေးဆေးပဲ။ သန့်စင်ခြင်းအခက်အခဲက အဆင့်၉အခက်အခဲနတ်ဘုရားဆေးထက် မနိမ့်ကျပါဘူး။
ဆန်းကြယ်သွေးဆေးကို သန့်စင်ခြင်းက အဆင့်မြင့်မားတဲ့ဆေးတာအိုအတတ်တစ်ခုကို လိုအပ်တယ်။
တစ်စုံတစ်ယောက်ရဲ့ဆေးတာအိုအတတ်က အနည်းငယ်ကင်းမဲ့နေရင် အဆင့်မြင့်ဆန်းကြယ်သွေးဆေးကို သန့်စင်ဖို့က မဖြစ်နိုင်ပါဘူး။
လီဖူချန်းက ယခင်က ဆန်းကြယ်သွေးဆေးကို သန့်စင်ခဲ့ပါတယ်၊ ဒါကြောင့် သူက ၎င်းနဲ့ ရင်းနှီးကျွမ်းဝင်ပါတယ်။
သူ သိထားတာအရ ဆန်းကြယ်သွေးဆေးက ပေါက်ကွဲထွက်ဖို့ လွယ်တယ်၊ အကြောင်းကတော့ ဆန်းကြယ်သွေးဆေးမှာ စွမ်းအင်ပါဝင်မှုများလို့ပဲ။ ဒါက ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ပြန်ရစေနိုင်တဲ့သန့်စင်တဲ့စွမ်းအင်ဖြစ်ပြီး တစ်ယောက်ယောက်က သူတို့ကို သင့်တင့်လျောက်ပတ်စွာ မထိန်းချုပ်ရင် ပေါက်ကွဲမှုက အလွန်အမင်းအားကောင်းပေလိမ့်မယ်။
ဒါကြောင့် ဒီအပိုင်းစမ်းသပ်မှုက ဆေးတာအိုအဆင့်သာမက စွမ်းအင်ထိန်းချုပ်နိုင်စွမ်းကိုပါ စစ်ဆေးပေးတယ်။
စွမ်းအင်ထိန်းချုပ်နိုင်စွမ်းက ပိုသန်မာလေ၊ သန့်စင်နိုင်တဲ့ဆန်းကြယ်သွေးဆေးရဲ့အရည်အသွေးက ပိုမြင့်လာလေပဲ။
ဒါက ဘာကြောင့် ကြယ်လေးလုံးနတ်ဘုရားဆေးဆရာတွေဒါမှမဟုတ်ကြယ်လေးလုံးဆေးနတ်ဘုရားတွေအားလုံးက ဆန်းကြယ်နတ်ဘုရားတွေ ဖြစ်ရတဲ့ အကြောင်းရင်းပါပဲ။
တစ်စုံတစ်ယောက်က ဆန်းကြယ်နတ်ဘုရားတစ်ယောက်မဟုတ်ရင် သူတို့က စွမ်းအင်ကို အများကြီးထိန်းချုပ်နိုင်လိမ့်မှာမဟုတ်ဘူး။
သူတို့က ထိန်းချုပ်နိုင်ရင်တောင် သူတို့က တိတိကျကျထိန်းချုပ်နိုင်လိမ့်မှာမဟုတ်ဘူး။
ပထမပိုင်းမှာ လူတိုင်းက ဆန်းကြယ်သွေးဆေးကို စတင်သန့်စင်ခဲ့ကြတယ်။
ကြောက်စရာကောင်းတဲ့စွမ်းအင်က ကူးရွှယ်ဆေးမီးပြင်းဖိုမှာ စုဝေးလာတယ်။ ဆန်းကြယ်သွေးဆေးကို အသုံးပြုဖို့ သန့်စင်တဲ့ပစ္စည်းတွေမှာ အခြေခံအားဖြင့် သန့်စင်တဲ့စွမ်းအင်ကြီးမားတဲ့ပမာဏတစ်ခု ပါဝင်တယ်။ မသန့်စင်မှုတွေကို ဖယ်ရှားပြီးနောက် သန့်စင်တဲ့စွမ်းအင်က အတူတကွစတင်စုဝေးလာတယ်။ ဒီအချိန်မှာ သန့်စင်တဲ့စွမ်းအင်ကို အတူတကွပေါင်းစပ်လို့မရပါဘူး။ အဲလိုလုပ်လိုက်ရင် တုံ့ပြန်မှုကို အလွယ်တကူဖြစ်စေပြီး မီးပြင်းဖိုကို ပေါက်ကွဲထွက်စေလိမ့်မယ်။ အဲ့အစား သူတို့ကို လမ်းညွှန်ရမယ်၊ သူတို့ကို တစ်ခုနဲ့တစ်ခု ရင်းနှီးကျွမ်းဝင်စေရမယ်။
သူတို့ရဲ့စွမ်းပကားက အလားတူလာတာနဲ့ သူတို့ကို ပေါင်းစပ်ဖို့ ကြိုးစားပြီး စွမ်းအင်အသစ်တစ်ခုဖြစ်လာနိုင်တယ်၊ ဒါက ဆန်းကြယ်သွေးဆေးရဲ့စွမ်းအင်ဖြစ်လာပါလိမ့်မယ်။
ဒီဖြစ်စဉ်က စွမ်းအင်ထိန်းချုပ်မှုဆိုင်ရာ အလွန်မြင့်မားတဲ့လိုအပ်ချက်တစ်ခုရှိတယ်။
လူတိုင်းက ဒီအပိုင်းမှာ အလွန်သတိထားရတယ်၊ သူတို့က မီးပြင်းဖိုပေါက်ကွဲသွားမှာကို ကြောက်ရွံ့လို့ပဲ။
ဒါပေမယ့် လီဖူချန်းက ဘယ်သူလဲ။ သူ့ရဲ့ဓားတာအိုပါရမီက သူ့ရဲ့ဆေးတာအိုပါရမီအထက်မှာ ရှိတယ်။
ဓားတာအိုအတွက် စွမ်းအင်ထိန်းချုပ်မှုဆိုင်ရာလိုအပ်ချက်က ဆေးတာအိုထက် ဆယ်ဆဒါမှမဟုတ်အဆတစ်ရာပိုတယ်။
ဘယ်ဓားတာအိုနတ်ဘုရားအတတ်တစ်ခုမဆို ဓားဆန္ဒနဲ့စွမ်းအင်ရဲ့ပြယုဂ်ဖြစ်တယ်။
ဆန်းကြယ်သွေးဆေးရဲ့စွမ်းအင်က ဖြစ်ပေါ်လာပြီးနောက် လီဖူချန်းက ဆေးကို စတင်သိပ်သည်းခဲ့တယ်။ ဆန်းကြယ်သွေးဆေးဖြစ်တည်စပုံစံတွေက မီးပြင်းဖိုထဲမှာ စတင်ထွက်ပေါ်လာတယ်။
"အမ်၊ နောက်ထပ်သန္ဓေပြောင်းနတ်ဘုရားဆေးလား"
လီဖူချန်းက ဆေးလုံးတွေကို သိမ်းဆည်းတော့မယ့်အခိုက်မှာ စုစည်းထားတဲ့ဆေးချီက စတင်ပြောင်းလဲလာတယ်။ ဒီပြောင်းလဲမှုက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေရဲ့လက္ခဏာပါပဲ။
လီဖူချန်းရဲ့ဆေးသန့်စင်ခြင်းအရှိန်က မြန်တယ်၊ ဒါပေမယ့် ယုမင်ကွမ်းရဲ့ဆေးသန့်စင်ခြင်းအရှိန်ကလဲ မနှေးပါဘူး။
ယုမင်ကွမ်းက အထွတ်အထိပ်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်ပြီး လီဖူချန်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာ ဖြစ်တယ်။
ယုမင်ကွမ်းက ဆေးလုံးကို သိမ်းတော့မယ့်အခိုက်မှာ မီးပြင်းဖိုထဲရှိဆေးချီက ပြောင်းလဲလာတာကို သူက သတိပြုမိခဲ့တယ်။
"ဒါက သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးပဲ"
ယုမင်ကွမ်းရဲ့အမူအရာက ပျော်ရွှင်သွားတယ်။
အစက သူက လက်လျော့ဖို့ ပြင်ဆင်ထားခဲ့တယ်။ တကယ်တော့ သူနဲ့လီဖူချန်းကြားကွာဟချက်က ကြီးမားလွန်းပြီး လိုက်မီဖို့ ခက်ခဲတယ်။
ဒါ့အပြင် လီဖူချန်းမရှိရင်တောင် ဟွမ်ရွှယ်ကို အနိုင်ယူဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။
ဒါပေမယ့် အခု မျှော်လင့်ချက်တွေ ပြန်ဖြစ်တည်လာပြီ။
သူက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်သရွေ့ သူက လီဖူချန်းကို အနိုင်ယူဖို့ မျှော်လင့်ချက်ရှိပါသေးတယ်။
တစ်၊ နှစ်၊ သုံး......
လီဖူချန်းက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေရဲ့အရေအတွက်ကို ရေတွက်နေတယ်။
ဒီတစ်ကြိမ်မှာတော့ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေအများကြီးရှိတယ်။
မြင်ကွင်းတစ်ခု ထွက်ပေါ်လာတယ်။ ယုမင်ကွမ်းဘက်မှာ အနီရင့်ရောင်အလင်းဖြာထွက်မှုတစ်ခုက ဧရာမဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ ၎င်းက ကောင်းကင်သို့ ဟိန်းဟောက်လိုက်ပြီး ကြောက်စရာကောင်းတဲ့စွမ်းပကားတစ်ခုက ဖြစ်တည်လာတယ်။
ဟိန်းသံ.....
နောက်ထပ်ဧရာမဝံပုလွေဟိန်းသံတစ်ခု ထွက်လာတယ်။ အနက်ရောင်ဆေးဆန်းကြယ်နတ်ဘုရားကျိုးမင်ရဲ့ဆေးမီးပြင်းဖိုအထက်မှာ အနီရင့်ရောင်အလင်းဖြာထွက်မှုကနေဖြစ်တည်လာတဲ့ဧရာမဝံပုလွေတစ်ကောင်လဲ ရှိတယ်။
နောက်တော့ ကျန်းယန်မင်နဲ့မူရုံဖှေးဝူတို့ပါပဲ။
ယုမင်ကွမ်းရဲ့အမူအရာက ပြောင်းလဲသွားတယ်။ လူတိုင်း သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေ သန့်စင်ခဲ့တာလား။
လီဖူချန်းရဲ့နှိုးဆွပေးမှုကို ခံရပြီးနောက် သူအပါအဝင် လူတိုင်းက မကြုံစဖူးဆေးတာအိုခွန်အားတွေ ပေါက်ကွဲထွက်လာတာကို သူ မသိခဲ့ပါဘူး။ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးက အခြေအနေအပေါ် အများဆုံး မူတည်တဲ့အရာတစ်ခုပဲ။ တစ်စုံတစ်ယောက်ရဲ့အခြေအနေက အထွတ်အထိပ်မှာ ရှိနေတဲ့အခါ သန္ဓေပြောင်းနတ်ဘုရားတွေ သန့်စင်ရတာ ပိုလွယ်ကူလာပါလိမ့်မယ်။
ဒါပေမယ့် သန္ဓေပြောင်းနတ်ဘုရားဆေးမှာ လျို့ဝှက်ချက်တွေ အများကြီးရှိပြီး အထွတ်အထိပ်အခြေအနေမှာ ရှိဖို့က မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူး။ စိတ်သတိလစ်ဟင်းနေလျက်နဲ့ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးကို သန့်စင်နိုင်သူတွေ ရှိပါသေးတယ်။
အတိုချုပ်အားဖြင့် သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေက အရေအတွက် အတိအကျမရှိရှိပါဘူး။
အူး....
ဧရာမဝံပုလွေရဲ့အူက အလွန်ကြောက်စရာကောင်းနေပြီးသားဖြစ်ပေမယ့် နောက်တော့ ထိပ်လန့်စရာကောင်းတဲ့ကျားဟိန်းသံတစ်ခုက ထွက်ပေါ်လာတယ်။
လူတိုင်းက လှည့်ကြည့်လိုက်တယ်၊ ဟွမ်ရွှယ်ရဲ့မီးပြင်းဖိုအထက်မှာ ဧရာမအနီရင့်ရောင်ကျားတစ်ကောင်ရှိတာကို သတိပြုမိခဲ့တယ်။ ဧရာမကျားရဲ့ချီစွမ်းပကားက ထိတ်လန့်တုန်လှုပ်စရာကောင်းပြီး ဧရာမဝံပုလွေယှဉ်နိုင်တဲ့အရာမဟုတ်ပါဘူး။
"မေ့လိုက်ပါတော့"
ယုမင်ကွမ်းက စိတ်ဓာတ်ကျသွားတယ်။ လီဖူချန်းအသာထား၊ သူက ဟွမ်ရွှယ်ကိုတောင် မနိုင်ပါဘူး။ ဒီနှစ်ရဲ့နံပါတ်တစ်က သူ့အတွက်မဟုတ်ဘူးလို့ ကံကြမ္မာက သတ်မှတ်ထားပုံပဲ။
သူ့အတွက်တော့ သုံးကြိမ်ဆက်တိုက်နံပါတ်တစ်ဖြစ်ဖို့ ကံကြမ္မာမပါလာခဲ့ဘူးပေါ့။
သမိုင်းမှာ သုံးကြိမ်ဆက်တိုက်နံပါတ်ဖြစ်သူတွေ နည်းလွန်းတာ အံ့ဩစရာမရှိပါဘူး။
ဟိန်းသံ....
ကျားဟိန်းသံက ထိတ်လန့်စရာကောင်းပေမယ့် နဂါးဟိန်းသံနဲ့ ယှဉ်လိုက်တော့ ဖော်ပြဖို့ မထိုက်တန်တော့ပါဘူးလေ။
လီဖူချန်းရဲ့မီးပြင်းဖိုအထက်မှာ ဧရာမအနီရင့်ရောင်နဂါးတစ်ကောင်ရှိတယ်။ ဧရာမနဂါးက ခန္ဓာကိုယ်ပတ်လည်ရစ်ခွေနေပြီး ၎င်းရဲ့အားကောင်းတဲ့စွမ်းအားက ဧရာမကျားနဲ့ဧရာမဝံပုလွေတို့ရဲ့ချီစွမ်းပကားအားလုံးကို ဖိနှိပ်ခဲ့တယ်။
သံသယရှိစရာမလို၊ လီဖူချန်းက နံပါတ်တစ်ကို ရရှိခဲ့တယ်။ ဒီတစ်ခါမှာတော့ သူက သန္ဓေပြောင်းနတ်ဘုရားဆေးရှစ်လုံးကို သန့်စင်ခဲ့တာပဲ။
သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးက တစ်မှတ်ဆိုရင် နှစ်လုံးက သုံးမှတ်၊ သုံးလုံးက ဆယ်မှတ်၊ လေးလုံးက ဆယ့်ငါးမှတ်၊ ငါးလုံးက အမှတ်နှစ်ဆယ်၊ ခြောက်လုံးက နှစ်ဆယ့်ငါးမှတ်ရှိတယ်။
လီဖူချန်းသန့်စင်ခဲ့တဲ့ဆန်းကြယ်သွေးဆေးအားလုံးက အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးလုံးတွေပါပဲ၊ ဒါကြောင့် သူက အမှတ်ပြည့်ရရှိခဲ့တယ်။
သူက စုစုပေါင်းတစ်ရာနှစ်ဆယ့်ငါးမှတ်ကို ရရှိခဲ့တယ်။
နံပါတ်၂က ဟွမ်ရွှယ်။ သူက သန္ဓေပြောင်းနတ်ဘုရားဆေးသုံးလုံးကို သန့်စင်ခဲ့ပြီး တစ်ရာတစ်ဆယ်မှတ်ကို ရရှိခဲ့တယ်။
ကျန်ရှိသူတွေအားလုံးက အမှတ်တစ်ရာအထက်မှာ ရှိတယ်။ တစ်ရာ့သုံးမှတ်၊ တစ်ရာ့နှစ်မှတ် ဒါမှမဟုတ် တစ်ရာ့တစ်မှတ်စသဖြင့်ပေါ့။
"ဒီနှစ်ရဲ့နံပါတ်တစ်နေရာက သံသယရှိစရာမလိုဘူးပဲ"
"ဟုတ်တယ်၊ ဒါက သည်းထိတ်ရင်ဖိုစရာမရှိတဲ့ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံပဲ ဒါပေမယ့် ငါ ဒါကို ကြိုက်တယ်"
"ဒါတော့ ဟုတ်တယ်။ ငါတို့ထဲမှာ ဆေးတာအိုကြီးပွားတိုးတက်မှာကို မမြင်ချင်တဲ့သူ ဘယ်သူများမရှိလို့လဲ။ မှတ်တမ်းတွေအရဆိုရင် ရှေးခေတ်တုန်းက ဆေးတာအိုက မဟာတာအိုတွေထဲကတစ်ခု ဖြစ်ခဲ့တယ်။ ၎င်းကို အထောက်အပံ့အတွက်ရော၊ တိုက်ခိုက်ဖို့အတွက်ပါ အသုံးပြုနိုင်တယ်။ ထိုအချိန်တုန်းက ဆေးတာအိုမှာ နတ်ဘုရားဘုရင်တွေ အများကြီးပဲ။ အခုနဲ့မတူတာကတော့ ဆေးတာအိုက လုံးဝကို အထောက်အပံ့တစ်ခု ဖြစ်ပြီး နတ်ဘုရားကျောက်တုံးတွေရတဲ့အလုပ်တစ်ခုပဲ"
ဒိုင်တွေက သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြခဲ့တယ်။
လီဖူချန်းရဲ့ပထမနေရာကို ဆုံးဖြတ်နိုင်ပြီးဆိုပေမယ့် ဒုတိယပိုင်းက ဆက်သွားနေပါသေးတယ်။ တကယ်တော့ ဒုတိယနေရာကနေတစ်ရာအထိက မဆုံးဖြတ်နိုင်သေးတာတွေ အများကြီးကျန်ရှိပါသေးတယ်။ အထူးသဖြင့် ဒုတိယနေရာကနေ နဝမနေရာအထိပေါ့၊ အဲဒါက ဆုလဒ်နဲ့ ဆက်စပ်နေပြီးတစ်ယောက်မှ လစ်လျူမရှုရဲပါဘူး။
ဆေးလုံးတွေကိုလက်ဗလာနဲ့သန့်စင်ခြင်းက ဆေးတာအိုအတတ်တွေရဲ့ကြီးမားတဲ့စမ်းသပ်မှုတစ်ခုပါပဲ။
ဒီအချိန်မှာ တီကောင်တစ်ကောင်လား ဒါမှမဟုတ် နဂါးတစ်ကောင်လားဆိုတာ တစ်ချက်ကြည့်ရုံနဲ့ အဖြေပေါ်ပါပြီ။ ဖုန်းကွယ်ဖို့ နည်းလမ်းမရှိပါဘူး။
ဖြစ်စဉ်တစ်ဝက်လောက်ရောက်နေတဲ့အချိန်မှာ လူအချို့က သူတို့ရဲ့ခေါင်းတွေကို ခါယမ်းလိုက်ကြတယ်။ ဆေးလုံးတွေကို လက်ဗလာနဲ့ သန့်စင်ခြင်း၊ အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်ဖို့ အသာထား၊ ထူးကဲအဆင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်တာကတင် တည်ငြိမ်တဲ့လုပ်ဆောင်ချက်တစ်ခုလို့ ဆိုနိုင်ပါပြီ။
မီးပြင်းဖိုကို ဆုံးရှုံးရခြင်းက သူတို့အပေါ် ကြီးမားတဲ့သက်ရောက်မှုတစ်ခုရှိတယ်။
လီဖူချန်းအတွက်ကတော့ လက်ဗလာနဲ့ဆေးလုံးတွေသန့်စင်ခြင်းက တစ်စုံတစ်ယောက်ရဲ့ဆေးတာအိုကို စမ်းသပ်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။
အဲဒါက ဓားနတ်ဘုရားနဲ့ တူတယ်၊ စစ်မှန်တဲ့ဓားနတ်ဘုရားတစ်ယောက်လိုပေါ့။ သူ့လက်ထဲမှာ ဓားမရှိရင်တောင် သူက ဓားနတ်ဘုရားတစ်ယောက် ဖြစ်နိုင်ပါသေးတယ်။
ဓားက သူတို့ရဲ့နှလုံးသား၊ စိတ်ဝိညာဉ်နဲ့ ဘဝထဲမှာ ရှိပြီးသားပဲလေ။
ပိုမယုံနိုင်ဖွယ်ရာကတော့ ဓားက နေရာတိုင်းမှာ ရှိပြီး တစ်စုံတစ်ယောက်မှာ ဓားရှိမရှိ ကိစ္စမရှိဘူးဆိုတာပဲ။
ကမ္ဘာရှိအရာအားလုံးက ဓားဖြစ်နေတာကြောင့်ပဲ။
ဒါက ဆေးနတ်ဘုရားတစ်ယောက်အတွက် အတူတူပါပဲ။ တစ်စုံတစ်ယောက်မှာ ဆေးမီးပြင်းဖိုမရှိရင်တောင် သူက ဆေးနတ်ဘုရားတစ်ယောက်ဖြစ်နေပါသေးတယ်၊ အဆင့်မြင့်နတ်ဘုရားဆေးတွေကို သန့်စင်နိုင်ပါလိမ့်မယ်။ သာမန်နတ်ဘုရားဆေးဆရာတွေ ဘယ်တော့မှ မလုပ်နိုင်တဲ့အရာတွေကို သူက လုပ်နိုင်ပါလိမ့်မယ်။
ဆေးနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ ဆေးမီးပြင်းဖိုပေါ်မှာ မှီခိုစရာမလိုပါဘူး၊ ကိုယ့်ကိုယ်ကိုယ်ပေါ်ပဲ မှီခိုရမှာပါ။
ဒီတစ်ခါမှာလဲ လီဖူချန်းက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို ထပ်မံသန့်စင်ခဲ့တယ်။
ကြည့်ရတာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်ချိုးဖြတ်ပြီးနောက် သူက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို အလွယ်တကူသန့်စင်နိုင်လာပုံပဲ။
ဒီတစ်ကြိမ်မှာ လီဖူချန်းက သန္ဓေပြောင်းဆေးနှစ်လုံးကို သန့်စင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီအပိုင်းအတွက်တော့ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်ဖို့ အသာထား၊ အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးကို သန့်စင်နိုင်ဖို့ကတင် အလွန်အမင်းခက်ခဲနေပါပြီ။ လီဖူချန်းရဲ့နတ်ဘုရားဆေးလုံးအသုတ်မှာ အားလုံးက အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတွေဖြစ်ပြီး သူတို့အားလုံးက အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးလုံးတွေဖြစ်တယ်။
ဟွမ်ရွှယ်က အရမ်းထူးချွန်ပေမယ့် သူမက အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးလုံးတွေကို မသန့်စင်နိုင်ခဲ့ပါဘူး။ သူမက အဆုံးစွန်းအဆင့်၇နတ်ဘုရားဆေးလုံးတွေကိုသာ သန့်စင်နိုင်ခဲ့တယ်။
ယုမင်ကွမ်နဲ့ကျိုးမင်တို့နှစ်ယောက်လုံးက အဆုံးစွန်းအဆင့်၅။
ကျန်းယန်မင်နဲ့မူရုံဖှေးဝူတို့က အဆုံးစွန်းအဆင့်၄။
သူတို့ငါးယောက်နဲ့ ယှဉ်ရင် လီဖူချန်းက မွန်းစတားတစ်ကောင်ပါပဲ။ သူက နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်သရွေ့ သူတို့အားလုံးက အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးလုံးတွေ ဖြစ်လာပါလိမ့်မယ်။ သူက နတ်ဘုရားဆေးလုံးတွေ သန့်စင်နိုင်သရွေ့ သူက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်ပါလိမ့်မယ်။
ဒုတိယပိုင်းရဲ့လက်ဗလာသန့်စင်ခြင်းအတွက် အခက်အခဲက အလွန်အမင်းမြင့်မားပေမယ့် လီဖူချန်းက အဆုံးစွန်းအဆင့်၉နတ်ဘုရားဆေးလုံးတွေကို အလွယ်တကူသန့်စင်နိုင်ခဲ့တယ်။ သူက သန္ဓေပြောင်းနတ်ဘုရားဆေးနှစ်လုံးကိုပါ သန့်စင်နိုင်ခဲ့တယ်။ သူ့ရဲ့ဆေးတာအိုက သူတို့ထက် နည်းနည်းလေးပဲ သာလွန်တာ မဟုတ်ဘူး၊ သူက နယ်ပယ်တစ်ခုစာလောက် ပိုမြင့်နေပါပြီ။
သူတို့က ဆေးနတ်ဘုရားတွေဆိုရင် လီဖူချန်းက ဆေးနတ်ဘုရားတွေကြား ဆေးနတ်ဘုရားဖြစ်တယ်။
***