← Chapters

ပြိုင်ဘက်ကင်းဆေးတာအို

Vol. 91 Ch. 1279

ပြိုင်ဘက်ကင်းဆေးတာအို

Vol. 91 Ch. 1279

လက်‌ဗလာဆေးသန့်စင်ခြင်းပြီးနောက် ပထမနေရာကို လီဖူချန်းက တစ်ရာသုံးမှတ်နဲ့ ရခဲ့တယ်။

ဒုတိယနေရာက ကိုးဆယ့်ရှစ်မှတ်နဲ့ ဟွမ်ရွှယ်ပါပဲ။

တတိယနေရာက ကိုးဆယ့်ခြောက်မှတ်နဲ့ ယုမင်ကွမ်းပါပဲ။

စတုတ္ထနေရာက ကိုးဆယ့်ခြောက်မှတ်နဲ့ ကျိုးမင်ပါပဲ။

ပဉ္စ‌မနေရာက ကိုးဆယ့်ငါးမှတ်နဲ့ ကျန်းယန်မင်ပါပဲ။

ဆဌမနေရာက ကိုးဆယ့်ငါးမှတ်နဲ့ မူရုံဖှေးဝူပါပဲ။

…

စုစုပေါင်းအဆင့်သတ်မှတ်ချက်: ပထမနေရာကို စုစုပေါင်းရမှတ်သုံးရာလေးဆယ်မှတ်နဲ့ လီဖူချန်း။

ဒုတိယနေရာကို စုစုပေါင်းရမှတ်သုံးရာခုနှစ်မှတ်နဲ့ ဟွမ်ရွှယ်။

တတိယနေရာကို စုစုပေါင်းရမှတ်နှစ်ရာကိုးဆယ်ခြောက်မှတ်နဲ့ ယုမင်ကွမ်း။

စတုတ္ထ‌နေရာကို စုစုပေါင်းနှစ်ရာကိုးဆယ်ခြောက်မှတ်နဲ့ ကျိုးမင်။

ပဉ္စမနေရာကို စုစုပေါင်းရမှတ်နှစ်ရာကိုးဆယ့်သုံးမှတ်နဲ့ ကျန်းယန်မင်။

ဆဌမ‌နေရာကို စုစုပေါင်းနှစ်ရာကိုးဆယ့်နှစ်မှတ်နဲ့ မူရုံဖှေးဝူ။

သတ္တမနေရာကို စုစုပေါင်းနှစ်ရာရှစ်ဆယ့်ရှစ်မှတ်နဲ့ ဝူလမ်။

…

...

ဒသမနေရာကို စုစုပေါင်းရမှတ်နှစ်ရာရှစ်ဆယ်မှတ်နဲ့ ဟော်ရွှယ်ရီ။

…

...

နံပါတ်နှစ်ဆယ့်လေးနေရာကို စုစုပေါင်းရမှတ်နှစ်ရာခြောက်ဆယ်ငါးမှတ်နဲ့  ရွှယ်ယွဲ့။

ထိပ်ဆုံးခြောက်ယောက်ကို ဘေးဖယ်ထားလိုက်ရင် ဟော်ရွှယ်ရီက ဒီတစ်ကြိမ်မှာ ထူးချွန်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့တာပဲ။ သူက ယခင်ပြိုင်ပွဲမှာ နံပါတ်နှစ်ဆယ်လေးနေရာကနေ ဒီပြိုင်ပွဲမှာ နယဒသမနေရာအထိ တက်လှမ်းနိုင်ခဲ့တာလေ။ သူဒီလောက်ထိအဆင့်မြင့်တက်လာရတဲ့အကြောင်းပြချက်ကတော့ လက်ဗလာဆေးသန့်စင်ခြင်းကြောင့်ပါပဲ။

ရွှယ်ယွဲ့ကလဲ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နံပါတ်လေးဆယ့်ကိုးနေရာကနေ နံပါတ်နှစ်ဆယ့်လေးနေရာအထိ တက်လာခဲ့တယ်။

ဒါပေမယ့် လူတိုင်းရဲ့မျက်လုံးတွေက လီဖူချန်းအပေါ်မှာပဲ။

လီဖူချန်းက တကယ်ကို ထူးချွန်ပြောင်မြောက်လွန်းပါတယ်။

သူက ဒီပြိုင်ပွဲရဲ့နံပါတ်တစ်နေရာကို ရရှိခဲ့ရုံသာမက ကြီးမားတဲ့အသာစီးနဲ့အတူ ရရှိခဲ့တာပဲ။

အတိတ်မှာ ပထမနေရာက ဒုတိယနေရာထက် တစ်မှတ်ဒါမှမဟုတ်နှစ်မှတ်သာ ပိုမြင့်တယ်၊ အများဆုံးသုံးမှတ်ဒါမှမဟုတ်လေးမှတ်ပေါ့။

ဒါပေမယ့် ဒီပြိုင်ပွဲမှာ လီဖူချန်းက ဟွမ်ရွှယ်ထက် သုံးဆယ့်သုံးမှတ် ပိုမြင့်တယ်။

သူက နေဆိုရင် အခြားသူတွေက ကြယ်ဖြစ်သွားရပေလိမ့်မယ်။

"ဒီပြိုင်ပွဲက ကြောက်စရာကောင်းလွန်းတယ်လို့တော့ ငါ ပြောနိုင်တယ်။ ဒီပြိုင်ပွဲရဲ့ထိပ်ဆုံးလေးယောက်က ယခင်ပြိုင်ပွဲတွေရဲ့နံပါတ်တစ်နေရာကို ရဖို့ ခွန်အားရှိတယ်။ အထူးသဖြင့် ဟွမ်ရွှယ်ပဲ။ လီဖူချန်းကလွဲပြီး သူမရဲ့အမှတ်က နှစ်သန်းချီကြာ မြောက်ပိုင်းနယ်မြေမှာ အကောင်းဆုံးပဲ"

"ဓားနတ်ဘုရားလီဖူချန်းက နောက်ထပ်ပြိုင်ပွဲနှစ်ကြိမ်မှာ ဆက်ပါဝင်အုံးမယ်ဆိုရင် သူက ပထမနေရာကို သုံးကြိမ်ဆက်တိုက်ရမှာ အသေအချာပဲ"

"ဟုတ်တယ်"

လူတိုင်းက ပြောဆိုဆွေးနွေးနေကြပြီး သူတို့ရဲ့ခံစားချက်တွေက မြင့်တက်လာတော့တယ်။

"သူက ထူးချွန်လွန်းတယ်။ သူက ငါ ထင်ထားတာထက် ဆယ်ဆပိုထူးချွန်တာပဲ။ ဒီကောင်က ငါ့ရဲ့တာအိုလက်တွဲဖော်ဖြစ်လာရင်လဲ မဆိုးပါဘူး" မူရုံဖှေးဝူက တွေးလိုက်တယ်။

"ဒင်းက ဘယ်‌‌နေရာက လာတာလဲ" ဒါက တစ်‌စုံတစ်ယောက်နဲ့ပတ်သက်ပြီး ဟွမ်ရွှယ်သိချင်လွန်းတဲ့ ပထမဆုံးအကြိမ်ပဲ။ အတိတ်မှာ သူမက ဆေးတာအိုကိုပဲ စိတ်ဝင်စားခဲ့တာ။

ကျိုးမင်က လက်သီးကို တင်းကျပ်စွာ ဆုပ်ကာ ဝှေ့ယမ်းလိုက်တယ်"နောက်တစ်ကြိမ်ကျရင် ငါ ပထမ‌နေရာအတွက် သေချာပေါက် တိုက်ခိုက်ရမယ်။ ထားလိုက်တော့၊ ဒုတိယနေရာလဲ အဆင်ပြေပါတယ်"

သူက လီဖူချန်းကို ကြောက်တယ်။ ဒီလူက မွန်းစတားတစ်ကောင်ပဲ။

ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက တရားဝင်အဆုံးသတ်သွားပါပြီ။ နောက်တော့ ဆုလာဒ်ကို စတင်ဖြန့်ဝေ‌ခဲ့တယ်။

ထိပ်ဆုံးဆယ်ယောက်က ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်လုံး၊ ဆေးတာအိုရတနာတစ်ခုနဲ့ ဆေးတာအိုနေရာလပ်တစ်ခုကို လက်ခံရရှိလိမ့်မယ်။

ခြားနားချက်ကတော့ ချန်ပီယံက အဆင့်မြင့်ကြယ်ငါးလုံး‌ဆေးမီးပြင်းဖိုတစ်လုံး၊ အဆင့်မြင့်ဆေးတာအိုရတနာတစ်ခုနဲ့ အဆင့်မြင့်ဆေးတာအိုနေရာလပ်တစ်ခုကို ရရှိပါလိမ့်မယ်။

ဒုတိယနဲ့တတိယအတွက်ကတော့ အလယ်ဆင့်ကြယ်ငါးလုံးဆေးမီးပြင်းဖို၊ အလယ်ဆင့်ဆေးတာအိုရတနာတစ်ခု၊ အလယ်ဆင့်ဆေးတာအိုနေရာလပ်တစ်ခု။

စတုတ္ထုကနေဒသမအထိက ကြယ်ငါးလုံးအဆင့်နိမ့်ဆေးမီးပြင်းဖိုတစ်ခု၊ အဆင့်နိမ့်ဆေးတာအိုရတနာတစ်ခုနဲ့ အဆင့်နိမ့်ဆေးတာအိုနေရာလပ်တစ်ခု။

"ပစ္စည်းကောင်းပဲ။ ဒါက တကယ်ကို အဆင့်မြင့်ကြယ်ငါးလုံးဆေးမီးပြင်းဖိုတစ်ခုဖြစ်ဖို့ ထိုက်တန်တာပဲ"

‌ဆေးမီးပြင်းဖိုကို ကြည့်ရင်း လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတော့တယ်။ ဒီဆေးမီးပြင်းဖိုက ချီတည်ရှိမှုအရ ကူးရွှယ်ဆေးမီးပြင်းဖိုထက် အဆဒါဇင်အနည်းငယ် အနည်းဆုံး ပိုသန်မာတယ်။ ‌ဒီဆေးမီးပြင်းဖိုမှာ အလွန်ဆန်းကြယ်တဲ့ဆေးတာအိုဥပဒေသတွေ ပါဝင်တယ်။

ဒီအဆင့်မြင့်ကြယ်ငါးလုံးဆေးမီးပြင်းဖိုနဲ့ဆိုရင် သူ့အနေနဲ့  ကြယ်ငါးလုံးနတ်ဘုရားဆေးလုံးတွေ သန့်စင်ရတာ အဆဒါဇင်ပိုလွယ်ကူလာပါလိမ့်မယ်။

အဆင့်မြင့်ဆေးတာအိုရတနာတစ်ခုက ကျောက်စိမ်းဆွဲပြားတစ်ခုဖြစ်တယ်။ ဆွဲပြားအတွင်းမှာပါတဲ့ဆေးတာအိုဥပ‌ဒေသက ဆန်းကြယ်ပြီး ၎င်းက အဆင့်မြင့်ကြယ်ငါးလုံးဆေးမီးပြင်းဖိုထက် ပိုသာလွန်တယ်။

ကျောက်စိမ်းဆွဲပြားရဲ့သက်ရောက်မှုက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေ သန့်စင်တဲ့အောင်မြင်မှုနှုန်းကို တိုးစေဖို့ပါပဲ။

အရိုးသားဆုံးပြောရရင် ဒီပစ္စည်းက အခြားသူတွေအတွက် တန်ဖိုးနည်းနိုင်ပေမယ့် လီဖူချန်းအတွက်‌တော့ ၎င်းက သေချာပေါက်အရမ်းအသုံးဝင်တယ်။

တကယ်တော့ ကျောက်စိမ်းဆွဲပြားမရှိရင် လီဖူချန်းက သန္ဓေ‌ပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်ပါသေးတယ်။ ကျောက်စိမ်းဆွဲပြားနဲ့ဆိုရင် သူ့အနေနဲ့ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေ ပိုသန့်စင်နိုင်ဖို့ အလွန်ဖြစ်နိုင်တာပေါ့။

ဒါပေမယ့် လီဖူချန်းက ပြန်ရောက်တော့မှ ဒါကို စမ်းသပ်ရမယ်။

အဆင့်မြင့်ဆေးတာအိုနေရာလပ်အတွက်ကတော့ သေချာပေါက်အလွန်အသုံးဝင်တဲ့ပစ္စည်းတစ်ခုပါပဲ။

ဆေးတာအိုနေရာလပ်မှာ ဆေးချီပါဝင်တယ်။ နတ်ဘုရားဆေးလုံးတွေ သန့်စင်တဲ့အချိန်က ပိုများပြီး နတ်ဘုရားဆေးလုံးတွေရဲ့အဆင့်က ပိုမြင့်လေလေ၊ ဆေးချီက ပိုသိပ်သည်းလေလေပဲ။ ဆေးချီက သေချာတဲ့အတိုင်းအတာတစ်ခုအထိ စုစည်းလာတဲ့အခါ ၎င်းက ဆေးတာအိုနေရာလပ်ကို အဆင့်မြင့်တင်ပေးပါလိမ့်မယ်။ ဒါပေမယ့် အထဲမှာ နတ်ဘုရားဆေးလုံးတွေ သန့်စင်တဲ့အခါ အောင်မြင်မှုနှုန်းပဲဖြစ်ဖြစ်ဒါမှမဟုတ်အရည်အသွေးပဲဖြစ်ဖြစ် မသိမသာ တိုးလာပါလိမ့်မယ်။ ဒါ့အပြင် ဆေးတာအိုနေရာလပ်က ဆေးတာအိုပစ္စည်းတွေကိုလဲ စိုက်ပျိုးနိုင်တယ်။ ဥပမာအားဖြင့် အချို့ထိပ်တန်းအဆင့်‌ဆေးတာအိုပစ္စည်းတွေကို ဆေးတာအိုနေရာလပ်ထဲမှာ စိုက်ပျိုးနိုင်ပြီး ရှင်သန်နှုန်းက အလွန်မြင့်မားတယ်။ ၎င်းက အပြင်ကမ္ဘာလို အထူးပတ်ဝန်းကျင်တစ်ခုကို မလိုအပ်ပါဘူး။

လီဖူချန်းရဲ့ဆေးတာအိုနေရာလပ်က အဆင့်မြင့်ဆေးတာအိုနေရာလပ်တစ်ခုဖြစ်တယ်။ ၎င်းက ထပ်မံအဆင့်မြှင့်တင်လာရင် ထိပ်တန်းအဆင့်ဆေးတာအိုနေရာလပ်တစ်ခု ဖြစ်လာပါလိမ့်မယ်။

အဆင့်မြင့်ဆေးတာအိုနေရာလပ်ရဲ့အားသာချက်ကတော့ ၎င်းက အလယ်ဆင့်ဆေးတာအိုနေရာလပ်ထက် အဆတစ်ရာပိုကြီးပြီး အဆင့်နိမ့်ဆေးတာအိုနေရာလပ်ထက် အဆတစ်သောင်း ပိုကြီးတယ်။

တိုတိုပြောရရင် ဒီကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံမှာ ပါဝင်ရတာ အရမ်းထိုက်တန်တယ်လို့ လီဖူချန်းက ခံစားမိတယ်။

ကြယ်လေးလုံးဆေးတာအိုညီလာခံတိုင်းက ကြီးကျယ်တဲ့လွှမ်းမိုးမှုတစ်ခုကို ဖြစ်စေပါလိမ့်မယ်။

ဒီတစ်ကြိမ်လဲ ချွင်းချက်မရှိပါဘူး။

လီဖူချန်းက နံပါတ်တစ်နေရာကို ရရှိခဲ့တာကြောင့် မရေမတွက်နိုင်တဲ့ဂိုဏ်းတွေက ချဉ်းကပ်လာခဲ့ကြတယ်။ သူတို့က ကြယ်ငါးလုံးဂိုဏ်းနဲ့ကြယ်ခြောက်လုံးဂိုဏ်းတွေပါပဲ။

ကြယ်ငါးလုံးဂိုဏ်းတွေကို ပိုင်နက်နတ်ဘုရားတွေက စောင့်ကြပ်ထားတယ်။

ကြယ်ခြောက်လုံးဂိုဏ်းတွေကို ကမ္ဘာနတ်ဘုရားတွေက စောင့်ကြပ်တယ်။

ကမ္ဘာနတ်ဘုရားတွေအတွက်ကတော့ သူတို့က သွေးစွန်းတိုက်ကြီးရဲ့အထွတ်အထိပ်မှာ ရပ်တည်နေတာပဲ။

ကြယ်ခြောက်လုံးဂိုဏ်းတစ်ခုမှဖိတ်ခေါ်ချက်က ဘယ်ကြယ်လေးလုံးဆေးနတ်ဘုရားကိုမဆို ကျေနပ်စေဖို့ လုံလောက်တယ်။

ဒါပေမယ့် ဒီအထဲမှာတော့ လီဖူချန်း မပါပါဘူး။

ကြယ်ခြောက်လုံးဂိုဏ်းတွေမှာလဲ ကွာခြားချက်တွေ ရှိတယ်။

သာမန်ကြယ်ခြောက်လုံးဂိုဏ်းတွေမှာ အဆင့်ကမ္ဘာနတ်ဘုရားတွေသာ ရှိတယ်။

ဒိီလိုကြယ်ခြောက်လုံးဂိုဏ်းတွေက သွေးစွန်းတိုက်ကြီးမှာ များစွာ ရှိတယ်။

အဆင့်မြင့်ကြယ်ခြောက်လုံးဂိုဏ်းတွေမှာတော့ သူတို့ကို စောင့်ကြပ်နေတဲ့အဆင့်မြင့်ကမ္ဘာနတ်ဘုရားတွေ ရှိတယ်။

ဒိီလိုကြယ်ခြောက်လုံးဂိုဏ်းတစ်ခုကမှ စစ်မှန်တဲ့ပင်မဂိုဏ်းတစ်ခုပါပဲ။

"လီဖူချန်း၊ မင်းက ကြယ်ခြောက်လုံးဂိုဏ်းတစ်ခုနဲ့ ပူးပေါင်းချင်ရင် ငါတို့မူရုံကလန်နဲ့ ပူးပေါင်းပါ။ ငါတို့မူရုံကလန်မှာ အဆင့်မြင့်ကမ္ဘာနတ်ဘုရားတွေရှိတယ်" မူရုံဖှေးဝူက ပြောလိုက်တယ်။

"အဆင့်မြင့်ကမ္ဘာနတ်ဘုရားလား"

"ဒါက အတော်လေးအားကောင်းပါတယ်၊ ဒါပေမယ့် ထားလိုက်ပါတော့လေ"

မူရုံကလန်က ကလန်တစ်ခုမဟုတ်ဘဲ ဂိုဏ်းတစ်ခုဆိုရင် လီဖူချန်းက စဉ်းစားမှာပါ။ ဒါပေမယ့် အခု စဉ်းစားဖို့ မလိုအပ်ပါဘူး။

မီးပြင်းဖိုမြို့မှာ ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် လီဖူချန်းနဲ့အခြားသူတွေက ထွက်ခွာလာခဲ့တယ်။

…

အမှောင်ပြာမြို့.....

"ဒါ တကယ်ကို ကြယ်ငါးလုံးအဆင့်မြင့်မီးပြင်းဖိုတစ်ခုပဲ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

သူရရှိခဲ့တဲ့ကြယ်ငါးလုံးအဆင့်မြင့်မီးပြင်းဖိုကို တိမ်ကိုးခုလို့ ခေါ်တယ်။

နာမည်အတိုင်းပါပဲ၊ သူ ဆေးလုံးတွေ သန့်စင်တဲ့အခါတိုင်း မီးပြင်းဖိုအပြင်ဘက်မှာ တိမ်အလွှာကိုးခုဖြစ်ပေါ်လာလိမ့်မယ်။ ၎င်းကို ကြည့်ရတာ အတော်လေးဆန်းကြယ်ပြီး လှပတယ်။

ဒါပေမယ့် တိမ်ကိုးခုက အလှသက်သက်ပဲ မဟုတ်ဘူး။

ယခင်က ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်တဲ့အခါ သူက ထူးကဲအဆင့်နတ်ဘုရားဆေးလုံးတွေကိုပဲ ထုတ်လုပ်နိုင်ပြီး ရံဖန်ရံခါမှာပဲ ပြီးပြည့်စုံခြင်းအဆင့်နတ်ဘုရားဆေးလုံးတွေကို ထုတ်လုပ်နိုင်လိမ့်မယ်။

လက်ရှိမှာ သူက အဆုံးစွန်းအဆင့်နတ်ဘုရားဆေးလုံးတွေကို ထုတ်လုပ်နေတယ်။

သူတို့က အဆုံးစွန်းအဆင့်၁၊ အဆုံးစွန်းအဆင့်၂မှာ ရှိကြပြီး အဆင့်၄ကို ရောက်တာ ရှားပါတယ်။

ဒါပေမယ့် ဒါက ကြီးမားတဲ့တိုးတက်မှုတစ်ခု ဖြစ်နေပါပြီ။

ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတွေအတွက်လို့ ဆိုလိုတယ်။

ဒါ့အပြင် အဆင့်မြင့်ဆေးတာအို အသုံးအဆောင်ပစ္စည်းကျောက်စိမ်းဆွဲပြားကို ဝတ်ဆင်ထားခြင်းမရှိဘဲနဲ့ ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတစ်သုတ်တိုင်းမှာ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတစ်လုံးကို ထုတ်လုပ်နိုင်တဲ့အပေါ် လီဖူချန်းက ကျေနပ်မိတယ်။

.

သူက တိမ်ကိုးခုကို အသုံးမပြုရင် သူက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်လိမ့်မှာမဟုတ်ပါဘူး။

တိမ်ကိုးခုကို အသုံးပြုခြင်းက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတစ်လုံးကို ထုတ်နိုင်တယ်ဆိုရင် အဆင့်မြင့်ဆေးတာအိုအသုံးအဆောင်ပစ္စည်းကျောက်စိမ်းဆွဲပြားကို ဝတ်ဆင်ခြင်းက သ‌န္ဓေပြောင်းနတ်ဘုရားဆေးလုံးသုံးလုံးကို ထုတ်လုပ်ပါလိမ့်မယ်။ ဒီကျောက်စိမ်းဆွဲပြားက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေရဲ့အောင်မြင်မှုနှုန်းကို နှစ်ဆတိုးစေတယ်။

ကျောက်စိမ်းဆွဲပြာကိုယ်တိုင်းက ဒီလိုအားကောင်းတဲ့သက်ရောက်မှုရှိသလား ဒါမှမဟုတ် ၎င်းက သူ့အပေါ်ပဲ သက်ရောက်ရှိသလားကိုတော့ လီဖူချန်းက မသိပါဘူး။

ဒါပေမယ့် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတဲ့အရာကတော့ သူက ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို အဆင့်မြင့်ဆေးတာအိုနေရာလပ်ထဲမှာ သန့်စင်မယ်ဆိုရင် သူက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးလေးလုံးကို ထုတ်လုပ်ပြီး ရံဖန်ရံခါမှာ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးငါးလုံးကို ထုတ်ပါလိမ့်မယ်။

"ဒါ ဟုတ်တယ်၊ ငါ အဆင့်မြင့်ကြယ်လေးလုံးနတ်ဘုရားဆေးလုံးကို စမ်းသပ်ကြည့်ရမယ်"

သူက ယခင်က ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကိုသာ သန့်စင်ခဲ့ပေမယ့် အဆင့်မြင့်ကြယ်လေးလုံးနတ်ဘုရားဆေးလုံးကို သန့်စင်တာက မတူညီတဲ့ပုံပြင်တစ်ခုပါပဲ။

နောက်ဆုံးရလဒ်က မှင်တက်စရာကောင်းတယ်။

သူက နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးကို ရွေးချယ်ခဲ့ပြီး တိမ်ကိုးခုကို အသုံးပြုတဲ့အခါမှာ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးဆယ်လုံးခန့်ကို သန့်စင်နိုင်ခဲ့တယ်။

တိမ်ကိုးခုနဲ့ကျောက်စိမ်းဆွဲပြားကို အသုံးပြုတဲ့အခါမှာ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးခုနှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သန့်စင်နိုင်ခဲ့တယ်။

ဆေးတစ်သုတ်မှာ သုံးဆယ့်ခြောက်လုံးရှိတယ်၊ ဒါကြောင့် ခုနှစ်ဆယ်ရာခိုင်နှုန်းက နှစ်ဆယ့်ငါးလုံးခန့်ရှိတယ်လို့ ဆိုလိုတယ်။

ပြီးတော့ အဲဒါက အဆင့်မြင့်ဆေးတာအိုနေရာလပ်ဆိုရင် ဆေးတစ်သုတ်လုံးက သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေနဲ့ ပြည့်ပါလိမ့်မယ်။

"ဒါတော့ မတရားများသွားပြီ"

လီဖူချန်းက ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။

ဒါ ဘယ်လိုသဘောတရားမျိုးလဲ။ သူသန့်စင်တဲ့သာမန်နတ်ဘုရားဆေးလုံးတွေက ထိပ်တန်းအဆင့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်တာနဲ့ ညီမျှတယ်လို့ ဆိုလိုတာမဟုတ်လား။

"ဒီရွှေရောင်အဆောင်က ဆေးတာအိုအတွက် သင့်တော်ပုံရတယ်"

လီဖူချန်းက ရုတ်တရက် တွေးလိုက်တယ်။

သူ့မှာ ဒီလိုအတွေးတွေ ရှိတဲ့အပေါ် အပြစ်တင်လို့မရပါဘူး။ ရွှေရောင်အဆောင်က တစ်စုံတစ်ယောက်ရဲ့ဓားတာအိုပါရမီကို တိုးတက်စေနိုင်ပေမယ့် လီဖူချန်းက ပမာဏအတိအကျကိုတော့ မသိပါဘူး။ ဒီအဆင့်အထိ ရောက်ဖို့ ရွှေရောင်အဆောင်က သူ့အတွက် အရေးကြီးပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုပါရမီကလဲ အသုံးဝင်ပါတယ်။

သူက ဓားတာအိုအမှိုက်ကောင်တစ်ယောက်ဆိုရင် သူ့မှာ ရွှေရောင်အဆောင်ရှိရင်တောင် သူက ဓားတာအိုမှာ အဝေးကြီးကို လျှောက်လှမ်းလို့ရနိုင်မှာ မဟုတ်ဘူး။

"ကိစ္စမရှိဘူး။ ရွှေရောင်အဆောင်က ငါ့အတွက် အထောက်အပံ့တစ်ခုမျှပဲ။ ငါက ရှေ့ဆက်သွားချင်ရင် ငါ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်က အရေးကြီးဆုံးပဲ"

ရွှေရောင်အဆောင်နဲ့ဆိုရင် လီဖူချန်းက ဓားတာအိုရဲ့အထွတ်အထိပ်ကို ပိုမြန်မြန်ရောက်ရှိပေလိမ့်မယ်။

ဒါပေမယ့် ရွှေရောင်အဆောင်မရှိလဲ သူက ဓားတာအိုရဲ့အထွတ်အထိပ်ကို ရောက်ရှိနိုင်လိမ့်မယ်လို့ လီဖူချန်းက ခိုင်မြဲစွာ ယုံကြည်တယ်။

အချိန်အရ အဲဒါက အဆတစ်သန်းလောက် ပိုနှေးတာ တစ်ခုပဲ။

ဒါက သူ့ရဲ့ယုံကြည်ချက်ဖြစ်သလို သူက ဓားတာအိုကို ကျင့်ကြံအားထုတ်ကတည်းက ပြုစုပျိုးထောင်ခဲ့တဲ့ဓားတာအိုစိတ်တန်ခိုးစွမ်းအားပါပဲ။

"ဒိီလိုဖြစ်မယ်မှန်းသိရင် ထိပ်တန်းအဆင့်နတ်ဘုရားဆေးတွေရဲ့ပါဝင်ပစ္စည်းအချို့ကို ငါ ချန်ထားခဲ့ပါတယ်" လီဖူချန်းက ရေရွတ်လိုက်တယ်။

‌နောက်လအနည်းငယ်ကြာ လီဖူချန်းက ‌ဆေးလုံး‌တွေ သန့်စင်ရင်း ကောင်းကင်ဘုံဓားကြယ်ကို ကျင့်ကြံခဲ့တယ်။

အဓိကအားဖြင့် သူက ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးတွေနဲ့ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးတွေကို သန့်စင်ခဲ့တယ်။

လအနည်းငယ်ကြာပြီးနောက် လီဖူချန်းက အဆုံးစွန်းအဆင့်၆အထက်ရှိတဲ့ကြယ်ငါးလုံးအဆင့်နိမ့်နတ်ဘုရားဆေးလုံးတွေကို သန့်စင်နိုင်နေပါပြီ။ ဆေးအသုတ်တိုင်းမှာ ပုံမှန်အားဖြင့် သန္ဓေပြောင်းနတ်ဘုရားဆေးတစ်လုံးပါဝင်တယ်။

သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကို စုဆောင်းဖို့ သူက ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးတွေကို စုဆောင်းနေခဲ့တယ်။

လအနည်းငယ်အတွင်းမှာ သူက အဆင့်မြင့်ကြယ်လေးလုံးသန္ဓေပြောင်းနတ်ဘုရားဆေးလုံးတစ်ရာအောက်မနည်းကို စုဆောင်းခဲ့တယ်။ ဒါက အလွန်ကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုပဲ။ ဒါကို ကြယ်ငါးလုံးဆေးနတ်ဘုရားတွေအတွက်တောင် အောင်မြင်ဖို့ ခက်ခဲတယ်။ ကြယ်ခြောက်လုံးဆေးနတ်ဘုရားတွေကပဲ လုပ်ဆောင်နိုင်မယ်လို့ ယူဆထားတယ်။

ဒါပေမယ့် အသက်နယ်ပယ်ကို တိုးစေနိုင်တဲ့ ကြယ်လေးလုံးအဆင့်နိမ့်သန္ဓေပြောင်းနတ်ဘုရားဆေးလုံးအသုတ်ဒါဇင်ကျော်ကိုလဲ လီဖူချန်းက သန့်စင်ခဲ့ပြီးပါပြီ။

အသုတ်ဒါဇင်ထဲမှာ လေးဆယ်ကျော်က အသက်နယ်ပယ်ကိုတိုးစေတဲ့‌သက်ရောက်မှုကို အမွေဆက်ခံထားတယ်။

ဒါက လီဖူချန်းရဲ့ဓားတာအိုကျင့်ကြံခြင်းကို အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်ထဲသို့ အခြေချစေခဲ့တယ်။

ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၂ထရီလီယံမှ ၃.၅ထရီလီယံအထိ မြင့်တက်လာခဲ့တယ်။ သူ့ခွန်အားက အဆအနည်းငယ် ထပ်မံတိုးတက်လာခဲ့တာပေါ့။

ဒါပေမယ့် ဒီအချိန်မှာ သွေးစွန်းတိုက်ကြီးတစ်ခုလုံးကိုသက်ရောက်နိုင်တဲ့အဖြစ်အပျက်တစ်ခုက စတင်ဖြစ်ပေါ်လာခဲ့တယ်။

အသူတစ်ရာချောက်နက်က ကျူးကျော်လာခဲ့တယ်။

***

All Chapters