အသူတရာချောက်နက်ကျူးကျော်ခြင်း
Vol. 91 Ch. 1280
အသူတရာချောက်နက်က နတ်ဘုရားကမ္ဘာရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။
နတ်ဘုရားကမ္ဘာက ယန်ဆိုရင် အသူတရာချောက်နက်က ယင်ဖြစ်တယ်။
နတ်ဘုရားကမ္ဘာက ယင်ဆိုရင် အသူတရာချောက်နက်က ယန်ဖြစ်တယ်။
အသူတရာချောက်နက်ကျူးကျော်ခြင်းက နှစ်ပေါင်းများစွာမှာ တစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်သာ ဖြစ်ပေါ်တယ်။ ဒါပေမယ့် အချိန်တိုင်းမှာ နတ်ဘုရားကမ္ဘာက ဒုက္ခများစွာကို ကြုံတွေ့ခဲ့ရတယ်။ မျိုးနွယ်စုအမျိုးမျိုးရဲ့လူဦးရေက အနည်းဆုံးအဆရာအနည်းငယ် လျော့ကျလာတယ်။
အမှောင်ပြာမြို့အနီးမှာ ဧရာမအပေါက်တစ်ခုက ဖြစ်ပေါ် လာတယ်။ ကြောက်စရာကောင်းတဲ့အသူတရာချောက်နက်ဥပဒေသနဲ့အသူတရာချောက်နက်စွမ်းအားက လိမ့်တက်လာပြီး ဒီနယ်မြေထဲရှိနတ်ဘုရားကမ္ဘာဥပဒေသကို ပြောင်းလဲသွားစေခဲ့တယ်။
ဟိန်းသံ......
ပထမဆုံးပြေးထွက်လာတာက မရေမတွက်နိုင်တဲ့အဆင့်၁အသူတရာချောက်နက်နတ်ဆိုးတွေပါပဲ။
ဒါက အဆင့်နိမ့်ဆုံးအသူတရာချောက်နက်နတ်ဆိုးဖြစ်တယ်။ သူတို့မှာ သာမန်နတ်ဘုရားတစ်ယောက်ရဲ့ခွန်အားသာရှိပေမယ့် သူတို့က ကြီးမားတဲ့အသူတရာချောက်နက်စွမ်းအားပမာဏတစ်ခုကို သယ်ဆောင်ထားတယ်။ အစစ်အမှန်နတ်ဘုရားတစ်ယောက်က ဒီအသူတရာချောက်နက်စွမ်းအားနဲ့ ထိတွေ့မိတဲ့အခါ သူတို့က တိုက်စားခံရပြီး အသူတရာချောက်နက်နတ်ဆိုးစွမ်းအားအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားပေလိမ့်မယ်။
အဆင့်၁နတ်ဆိုးပြီးနောက် အဆင့်၂နတ်ဆိုး၊ ပြီးနောက် အဆင့်၃နတ်ဆိုး၊ အဆင့်၄နတ်ဆိုး။
ဝင်ပေါက်က ကြီးမားလွန်းကာ တစ်ခဏအတွင်းမှာ မရေမတွက်နိုင်လောာက်တဲ့အသူတရာချောက်နက်နတ်ဆိုးတွေက ပြေးထွက်လာတယ်။
အုန်း အုန်း အုန်း.....
အမှောင်ပြာမြို့အပြင်ဘက်မှာ မရေမတွက်နိုင်လောက်တဲ့အသူတရာချောက်နက်နတ်ဆိုးတွေက အမှောင်ပြာမြို့ရဲ့နတ်ဘုရားအစီအရင်ကို တိုက်ခိုက်နေတယ်။
အမှောင်ပြာမြို့ရဲ့နတ်ဘုရားအစီအရင်က ကြယ်ခြောက်လုံးနတ်ဘုရားအစီအရင်တစ်ခုဖြစ်ပြီး ကမ္ဘာနတ်ဘုရားတွေကတောင် မချိုးဖြတ်နိုင်တာ ကံကောင်းသွားတယ်။ အစီအရင်ကို ချိုးဖြတ်ဖို့ဆိုရင် နတ်ဘုရားအစီအရင်ရဲ့စွမ်းအင်ကို ကုန်ဆုံးအောင် လုပ်ရမယ်၊ ဒါမှမဟုတ် နတ်ဘုရားအစီအရင်ထဲမှာ ပြဿနာတွေကို ဖြစ်ပေါ်စေရမယ်။
"ဒီလှိုင်းက......"
လီဖူချန်းက ချက်ချင်း သတိပြုမိသွားတယ်။ လျှပ်တစ်ပြက်အတွင်း သူက တည်းခိုခန်းမှ ထွက်လာပြီး မြို့နံရံတွေဆီ ရောက်ရှိလာခဲ့တယ်။
လက်ရှိအချိန်မှာ နတ်ဘုရားများစွာက မြို့နံရံတွေပေါ်မှာ စုဝေးနေကြတယ်။
"ဒါက အသူတရာချောက်နက်ကျုးကျော်ခြင်းပဲ။ ဒါတွေက အသူတရာချောက်နက်နတ်ဆိုးတွေပဲ"
"တောက်၊ အသူတရာချောက်နက်က မကျူးကျော်လာတာ နှစ်ပေါင်းမရေမတွက်များစွာ ရှိပြီ။ အခုမှ ဘာလို့ ကျူးကျော်ရတာလဲ"
"မကြောက်ကြနဲ့၊ ငါတို့ကို ကြယ်ခြောက်လုံးနတ်ဘုရားအစီအရင်က ကာကွယ်ထားပေးတယ်။ သူတို့က ဝင်နိုင်မှာမဟုတ်ဘူး"
"သူတို့တွေ ဘယ်တော့မှ မဝင်နိုင်ဘူးလို့ မင်း ထင်နေတာလား"
"အဆင့်ခြောက်အသူတရာချောက်နက်နတ်ဆိုးတစ်စုထွက်ပေါ်လာရင် သူတို့က ကြယ်ခြောက်လုံးနတ်ဘုရားအစီအရင်ကို ချိုးဖြတ်နိုင်တယ်"
လူတိုင်းက အပူတပြင်းဆွေးနွေးနေကြတော့တယ်။
"အသူတရာချောက်နက်ကျူးကျော်ခြင်းလား။ အသူတရာချောက်နက်နတ်ဆိုးလား" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
တောက်ပနတ်ဘုရားကမ္ဘာမှာ လီဖူချန်းက အသူတရာချောင်နက်နဲ့ တိုက်ရိုက်ထိတွေ့ခဲ့ပေမယ့် သူက အသူတရာချောက်နက်နတ်ဆိုးတွေကို မမြင်ခဲ့ပါဘူး။ သူ သိတာကတော့ နတ်ဘုရားတွေကို အသူတရာချောက်နက်စွမ်းအားက ကျုးကျော်ခဲ့ရင် သူတို့က အသူတရာချောက်နက်နတ်ဆိုးတွေအဖြစ် ပြောင်းသွားတယ်ဆိုပဲ။
"အနေအထားက မကောင်းတော့ဘူး"
လီဖူချန်းက အရူးတစ်ယောက်မဟုတ်ပါဘူး။ အသူတရာချောက်နက်က ကျူးကျော်လာမှတော့ သူတို့မှာ ယုံကြည်ချက်အချို့ ရှိရပါမယ်။
အသူတရာချောက်နက်နတ်ဆိုးတွေများလွန်းကာ အဆုံးမဲ့ပါပဲ။ သူတို့က သေရမှာကို မကြောက်ပါဘူး။
ဒီအချိန်မှာ အသံတစ်ခု ထွက်လာတယ်။
"နတ်ဆိုးဆိုင်ဖွင့်ပြီ။ နတ်ဆိုးအမှတ်ကို သုံးပြီး နတ်ဆိုးဆိုင်ထဲကဘာမဆို ဝယ်ယူနိုင်တယ်"
"နတ်ဆိုးဆိုင်က ဘာလဲ။ တစ်ချက်သွားကြည့်ရအောင်"
"ငါ အရင်က ကြားဖူးတယ်၊ ဒါပေမယ့် အရင်တစ်ချက်သွားကြည့်ကြတာပေါ့"
လူတိုင်းက မြို့နံရံတွေပေါ်မှ ဆင်းကာ နတ်ဆိုးဆိုင်ရဲ့တည်နေရာကို စတင်စုံစမ်းခဲ့တယ်။
နတ်ဆိုးဆိုင်က အမှောင်ပြာမြို့ရဲ့ဗဟိုအထက် ကောင်းကင်မှာ တည်ရှိတယ်။ အဲဒါက အထပ်ခြောက်ထပ်ပါတဲ့အဆောက်အဦးတစ်ခုပါပဲ။
ခြောက်ထပ်အဆောက်အဦးက မကြီးမားဘူးလို့ ထင်ရပေမယ့် လူဘယ်လောက်ပဲဝင်ဝင်ကိစ္စမရှိဘူး၊ သူတို့အားလုံးက ပျောက်ကွယ်သွားခဲ့တယ်။
လျှပ်တစ်ပြက်အတွင်း လီဖူချန်းက နတ်ဆိုးဆိုင်ထဲသို့ ဝင်ရောက်ခဲ့တယ်။
ဝင်ရောက်ပြီးနောက် နတ်ဆိုးဆိုင်ရဲ့အတွင်းပိုင်းက ကြီးမားတဲ့နေရာလပ်ဇုန်တစ်တစ်ခုဆိုတာ လီဖူချန်းက ရှာတွေ့ခဲ့တယ်။ ဒီနေရာလပ်ဇုန်က အမှောင်ပြာမြို့ထက်တောင် ပိုကြီးတယ်။
နတ်ဆိုးအမှတ်စုဆောင်းသူကို နတ်ဆိုးအမှတ်တွေ စုဆောင်းဖို့အတွက် အသုံးပြုပြီး နတ်ဆိုးအမှတ်တွေက အသူတရာချောက်နက်နတ်ဆိုးတွေမှ လာတယ်။
နတ်ဆိုးအမှတ်စုဆောင်းသူကိုကိုင်ဆောင်ထားသူက အဆင့်၁နတ်ဆိုးတစ်ကောင်ကို သတ်တိုင်း နတ်ဆိုးအမှတ်တစ်မှတ်ကို ရလိမ့်မယ်၊အဆင့်၂နတ်ဆိုးတစ်ကောင်ကို သတ်တိုင်း နတ်ဆိုးအမှတ်တစ်ရာ၊ အဆင့်၃နတ်ဆိုးတစ်ကောင်ကို သတ်တိုင်း နတ်ဆိုးအမှတ်တစ်သောင်း......
နတ်ဆိုးအမှတ်စုဆောင်းသူမှာ အဆင့်ခြောက်ဆင့်ရှိတယ်။ သူတို့က အဖြူရောင်နတ်ဆိုးအမှတ်စုဆောင်းသူ၊ အပြာရောင်နတ်ဆိုးအမှတ်စုဆောင်းသူ၊ ခရမ်းရောင်နတ်ဆိုးအမှတ်စုဆောင်းသူ၊ လိမ္မော်ရောင်နတ်ဆိုးအမှတ်စုဆောင်းသူနဲ့ အနီရောင်နတ်ဆိုးအမှတ်စုဆောင်းသူတို့ပါပဲ။
အဖြူရောင်နတ်ဆိုးအမှတ်စုဆောင်းသူက နတ်ဆိုးအမှတ်တစ်ထောင်သာ သိုလှောင်နိုင်တယ်။ ၎င်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်သိန်းရှိပြီး ဘယ်အစစ်အမှန်နတ်ဘုရားမဆို ၎င်းကို ဝယ်နိုင်ပါတယ်။
အစိမ်းရောင်နတ်ဆိုးအမှတ်စုဆောင်းသူက နတ်ဆိုးအမှတ်တစ်သိန်းကို သိုလှောင်နိုင်ပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသန်းတစ်ရာ ထိုက်တန်တယ်။
အပြာရောင်နတ်ဆိုးအမှတ်စုဆောင်းသူက နတ်ဆိုးအမှတ်ဆယ်သန်းကို သိုလှောင်နိုင်ပြီး အလယ်ဆင့်နတ်ဘုရားကျောက်တုံးဆယ်သန်း ထိုက်တန်တယ်။
ခရမ်းရောင်နတ်ဆိုးအမှတ်စုဆောင်းသူက နတ်ဆိုးအမှတ်တစ်ဘီလီယံကို သိုလှောင်နိုင်ပြီး အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံ ထိုက်တန်တယ်။
လိမ္မော်ရောင်နတ်ဆိုးအမှတ်စုဆောင်းသူက နတ်ဆိုးအမှတ်တစ်ရာဘီလီယံကို သိုလှောင်နိုင်ပြီး အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံ ထိုက်တန်တယ်။
အနီရောင်နတ်ဆိုးအမှတ်စုဆောင်းသူက နတ်ဆိုးအမှတ်တစ်ဆယ်ထရီလီယံကို သိုလှောင်နိုင်ပြီး အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံကို စုဆောင်းနိုင်တယ်။
နတ်ဆိုးအမှတ်တွေက အပြင်ကမ္ဘာမှာ အသုံးမဝင်ဘူးဆိုပေမယ့် နတ်ဆိုးဆိုင်မှာဆိုရင်တော့ တစ်ယောက်ယောက်က ဘာမဆို ဝယ်နိုင်တယ်။ လီဖူချန်းက စောစောက တစ်ချက်ကြည့်လိုက်သေးတယ်။ နတ်ဆိုးဆိုင်မှာ ပစ္စည်းအမျိုးအစားအများကြီးမရှိပေမယ့် တစ်မျိုးစီက အလွန်အသုံးဝင်တယ်။
ဥပမာအားဖြင့် နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ၊ နတ်ဘုရားဆေးတွေ၊ နတ်ဘုရားရုပ်သေးတွေ၊ နတ်ဘုရားအဆောင်တွေ၊ နတ်ဘုရားအတတ်တွေ၊ နတ်ဘုရားဆေးအညွှန်းတွေနဲ့ အခြားအရာများစွာပေါ့။
ဒါပေမယ့် ပစ္စည်းအမျိုးအစားက ဘာပဲဖြစ်ဖြစ် အဆင့်ပိုမြင့်လေ၊ နတ်ဆိုးအမှတ်တွေ ပိုလိုအပ်လေပဲ။ အချို့က နတ်ဆိုးအမှတ်ထရီလီယံအနည်းငယ်တောင် လိုအပ်တယ်။
အဆင့်၆နတ်ဆိုးတစ်ကောင်ကို သတ်ခြင်းက နတ်ဆိုးအမှတ်တစ်ဆယ်ဘီလီယံသာ ရရှိတယ်။ နတ်ဘုရားအမှတ်ထရီလီယံအနည်းငယ်အထိ စုဆောင်းဖို့ဆိုရင် အဆင့်၆နတ်ဆိုးရာအနည်းငယ်ကို သတ်ဖြတ်ဖို့ လိုအပ်တယ်။
အဆင့်၆နတ်ဆိုးတွေက ကမ္ဘာနတ်ဘုရားတွေနဲ့ ညီမျှတယ်။
အမြန်ကြည့်ပြီးနောက် လီဖူချန်းက နတ်ဆိုးအမှတ်စုဆောင်းသူတွေကို စတင်ဝယ်ယူခဲ့တယ်။ လီဖူချန်းရဲ့ကြွယ်ဝမှုအရ သူက အဆင့်မြင့်ဆုံးအနီရောင်နတ်ဆိုးအမှတ်စုဆောင်းသူကို ချက်ချင်းဝယ်ယူနိုင်တယ်။
ဒါနဲ့ပတ်သက်ပြီး စဉ်းစားပြီးနောက် လီဖူချန်းက နတ်ဆိုးအမှတ်စုဆောင်းသူအမြောက်အများ ဝယ်ယူခဲ့တယ်။ အဆင့်တွေ အမျိုးမျိုးရှိပြီး အနာဂတ်မှာ သူက အခြားသူတွေကို လက်ဆောင်ပေးနိုင်ပါတယ်။
"တစ်ချက်စမ်းကြည့်ရတာပေါ့"
နတ်ဆိုးဆိုင်မှ ထွက်ပြီးနောက် လီဖူချန်းက မြို့နံရံတွေဆီ ရောက်ရှ်ိလာခဲ့တယ်။
လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ကြီးမားတဲ့နတ်ဆိုးအရေအတွက်တစ်ခုက ပျောက်ကွယ်သွားခဲ့တယ်။
"ဒီလိုသိပ်သည်းတဲ့အသူတရာချောက်နက်ဥပဒေသနဲ့အသူတရာချောက်နက်စွမ်းအား"
စောစောကဓားက အဆတစ်ထောင်လောက် ပိုအားနည်းလာတယ်ဆိုတာ လီဖူချန်းက သတိပြုမိခဲ့တယ်။
အကြောင်းကတော့ မြို့ရဲ့အပြင်ဘက်ကို အသူတရာချောက်နက်ဥပဒေသနဲ့အသူတရာချောက်နက်စွမ်းအားက အပြည့်အဝဝန်းရံထားလို့ပဲ။ အသူတရာချောက်နက်စွမ်းအားကလွဲပြီး ဘယ်လိုစွမ်းအင်ပုံစံမဆို အားနည်းသွားလိမ့်မယ်။
စွမ်းအားက အဆတစ်ထောင်လောက် အားနည်းသွားပေမယ့် လီဖူချန်းရဲ့ခွန်အားက အားကောင်းလွန်းပြီး ဆန်းကြယ်နတ်ဘုရားဆရာသခင်ထက် အဆအနည်းငယ်ပိုသန်မာတယ်။ သာမန်ဓားခုတ်ချက်တစ်ခုက မရေမတွက်နိုင်တဲ့နတ်ဆိုးတွေကို သတ်ဖြတ်ပါလိမ့်မယ်။
ဒါပေမယ့် အသူတရာချောက်နက်နတ်ဆိုးတွေက အရူးမဟုတ်ပါဘူး။ အဆင့်၂အထက်နတ်ဆိုးတွေက ရှေ့တောင် မတက်လာဘဲ အနောက်မှာပဲ ချန်နေခဲ့တယ်။ နတ်ဘုရားအစီအရင်ကို အမှန်တကယ်တိုက်ခိုက်နေတာက အဆင့်၁နဲ့အဆင့်၂နတ်ဆိုးတွေပါပဲ။
ဒါကြောင့် လီဖူချန်းက မရေမတွက်နိုင်တဲ့နတ်ဆိုးတွေကို တစ်ချက်တည်းနဲ့ သတ်ဖြတ်ပြီးဆိုပေမယ့် သူက နတ်ဆိုးအမှတ်များစွာကို မရခဲ့ပါဘူး။
"ဒီအတိုင်းဆက်သွားလို့မရဘူး။ အဆင့်၆နတ်ဆိုးတွေက မလှုပ်ရှားရင်တောင် အမှောင်ပြာမြို့ရဲ့နတ်ဘုရားအစီအရင်က ပျက်ဆီးသွားရလိမ့်မယ်"
နတ်ဘုရားအစီအရင်ကို သုံးပြီး နတ်ဆိုးတွေကို သတ်ဖြတ်တာက တကယ်ကျေနပ်စရာကောင်းပေမယ့် အဆင့်၁နဲ့အဆင့်၂နတ်ဆိုးတွေသေတဲ့အရေအတွက်က ပိုများလာတာနဲ့အမျှ သူတို့ရဲ့အသားနဲ့အရိုးတွေက ကမ္ဘာကို စတင်တိုက်စားလာခဲ့တယ်။ သူတို့ရဲ့ခန္ဓာကိုယ်ထဲရှိအသူတရာချောက်နက်စွမ်းအားက အမှောင်ပြာမြို့ရဲ့ပတ်ဝန်းကျင်ကို စတင်ပြောင်းလဲလာစေခဲ့တယ်။
ဒါက အမှောင်ပြာမြို့က အသူတရာချောက်နက်တစ်ခုအဖြစ် ပြောင်းလဲခြင်းစည်းချက်ပါပဲ။
ဒါပေမယ့် လီဖူချန်းက ဒါကို မြင်နိုင်ရင်တောင်မှ သူ့မှာ အဖြေမရှိပါဘူး။
လီဖူချန်းအသာထား၊ ကမ္ဘာနတ်ဘုရားတစ်ယောက်မှာတောင် အဖြေတစ်ခုမရှိပါဘူး။ တစ်ခုတည်းသောအဖြေကတော့ နတ်ဘုရားကမ္ဘာမှာ နတ်ဆိုးတွေ တစ်ယောက်မှ မကျန်တော့တဲ့အထိ သတ်ဖြတ်ခြင်းကို အဆက်မပြတ် ဆက်လုပ်ဖို့ပါပဲ။ ဒီလိုဆိုရင် နတ်ဘုရားကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခုက အသူတရာချောက်နက်တစ်ခုအဖြစ် ပြောင်းလဲခဲ့ရင်တောင် ၎င်းက တဖြည်းဖြည်းနဲ့ အရင်အတိုင်း ပြန်ဖြစ်လာလိမ့်မယ်။
"နတ်ဆိုးအမှတ်၃.၄၅သန်းက နည်းလွန်းတယ်"
နတ်ဆိုးအမှတ်စုဆောင်းသူထဲရှိနတ်ဆိုးအမှတ်တွေကို ကြည့်ရင်း လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
နတ်ဆိုးအမှတ်၃.၄၅သန်းက များတယ်လို့ ထင်ရပေမယ့် ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်အတွက်တော့ နည်းလွန်းပါတယ်။ ဒါ့ပြင် လီဖူချန်းရဲ့ခွန်အားက ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ထက် အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ပိုသန်မာတယ်။
အဆင့်၄နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ခြင်းက နတ်ဆိုးအမှတ်တစ်သန်းကို ပေးပါလိမ့်မယ်။
အဆင့်၄နတ်ဆိုးတွေက ဆန်းကြယ်နတ်ဘုရားတွေနဲ့ ညီမျှတယ်။
လီဖူချန်းရဲ့ခွန်အားအရ သူက ခုတ်ချက်တစ်ခုတည်းနဲ့ အဆင့်၄နတ်ဆိုးတစ်သုတ်ကို သတ်ဖြတ်နိုင်လိမ့်မယ်။
ဒါပေမယ့် လက်ရှိအနေအထားမှာ အဆင့်၃နဲ့အဆင့်၄နတ်ဆိုးတွေက နတ်ဆိုးစစ်တပ်ရဲ့အနောက်မှာ ရှိတယ်။ လီဖူချန်းနဲ့အခြားသူတွေက အဆင့်၁နဲ့အဆင့်၂နတ်ဆိုးတွေကိုသာ သတ်နိုင်တယ်။
နောက်ထပ်ရက်အနည်းငယ်အကြာအထိ လီဖူချန်းက မြို့နံရံပေါ်ရှိနတ်ဆိုးတွေကို နေ့တိုင်း သတ်ဖြတ်ခဲ့တယ်။
နတ်ဆိုးအမှတ်စုဆောင်းသူမှာ နတ်ဆိုးအမှတ်တွေ သန်းရာအနည်းငယ်အထိ တိုးလာတယ်။
နတ်ဆိုးအမှတ်သန်းရာအနည်းငယ်က ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ၊ ကြယ်လေးလုံးနတ်ဘုရားဆေးတွေ၊ ကြယ်လေးလုံးနတ်ဘုရားရုပ်သေးတွေ၊ ကြယ်လေးလုံးနတ်ဘုရားအဆောင်တွေနဲ့ အခြားဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းများစွာကို ဝယ်ယူဖို့ လုံလောက်တယ်။
ဒါပေမယ့် ဒီပစ္စည်းတွေက လီဖူချန်းအတွက် အသုံးမဝင်ပါဘူး။
ပထမ၊ သူ့မှာ သူလိုအပ်သမျှပစ္စည်းအားလုံးရှိတယ်။
ဒုတိယ၊ သူက အားကောင်းလွန်းပြီး ဒီပစ္စည်းတွေက သူ့ခွန်အားကို မတိုးစေနိုင်ပါဘူး။
နတ်ဆိုးတွေကို နေ့တိုင်း သတ်တာအပြင် လီဖူချန်းက သူ့ရဲ့စွမ်းအင်အားလုံးကို ဓားတာအိုကို ကျင့်ကြံတဲ့အပေါ်မှာပဲ အသုံးချခဲ့တယ်။
သူ့ရဲ့သေရေးရှင်ရေးအာရုံခံနိုင်စွမ်းက အလွန်သန်မာတယ်။ အမှောင်ပြာမြို့က အကြာကြီးမထိန်းထားနိုင်ဘူးလို့ သူက ယုံကြည်တယ်။ ထိုအချိန်ကျရင် သူက သူ့ကိုယ်သူပဲ အားကိုးရမှာပါ။ ဒါကြောင့် ဒီအချိန်မှာ သူက သူ့ခွန်အားကို ဖြစ်နိုင်သမျှ မြန်မြန်တိုးချင်ပါတယ်။
"အဆင့်မြင့်ဆန်းကြယ်နတ်ဘုရား"
ဒီနေ့မှာ လီဖူချန်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်သို့ တိုးမြှင့်ခဲ့တယ်။
သူ ဒိီလောက်မြန်မြန်တိုးလာရတဲ့အကြောင်းရင်းကတော့ သန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေကြောင့်ပဲ။
အသက်နယ်ပယ်ကိုတိုးစေတဲ့ကြယ်လေးလုံးသန္ဓေပြောင်းနတ်ဘုရားဆေးလုံးငါးဆယ်ကို ဝါးမျိုပြီးနောက် သူ့ရဲ့အသက်နယ်ပယ်က ထပ်မံချိုးဖြတ်လာခဲ့ပြီး အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိလာတယ်။
အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားဖြစ်လာပြီးနောက် လီဖူချန်းရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ခြောက်ထရီလီယံအထိ ရောက်ရှ်ိလာခဲ့တယ်။
လက်ရှိမှာ သူက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့ ယှဉ်နိုင်တယ်လို့ လီဖူချန်းက ယုံကြည်တယ်။
သူက ဆန်းကြယ်နတ်ဘုရားတွေထက် အဆဘယ်လောက်ပိုသန်မာသလဲဆိုတာကို ကောင်းကင်ဘုံကပဲ သိမယ်။ ဘယ်လိုပဲပြောပြော အဆတစ်ထောင်ပိုသန်မာတာတော့ အသေအချာပါပဲ။
ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေ သူ့ကို ပူးပေါင်းတိုက်ခိုက်လာရင် သူက သူတို့ကို ခုတ်ချက်တစ်ခုတည်းနဲ့ သတ်ဖြတ်နိုင်ပါလိမ့်မယ်။
အချိန်တိုအတွင်းမှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်သို့ မြင့်တက်လာပြီးနောက် သူ့ရဲ့အသက်နယ်ပယ်က အပေါ်ယံမျှဖြစ်ပြီး အသက်ရင်းမြစ်က လုံလုံလောက်လောက် မသိပ်သည်းဘူးလို့ လီဖူချန်းက ခံစားရတယ်။ ဒါက တစ်ကြိမ်နှစ်ကြိမ်လောက်ဘဲ ဖြစ်ရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် အကြိမ်များလွန်းရင် သူ့ရဲ့အနာဂတ်ချိုးဖြတ်မှုတွေကို သက်ရောက်ပေလိမ့်မယ်။
သူ့ရဲ့ဓားတာအိုမှာ ချိုးဖြတ်မှုတစ်ခုရှိလာပြီးနောက် လီဖူချန်းက နေရာလပ်-အချိန်တာအိုကို စတင်လေ့လာခဲ့တယ်။
သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်ကို မချိုးဖြတ်ရသေးပါဘူး။ ဒါကြောင့် သူ့ရဲ့အသက်နယ်ပယ်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိရင်တောင် သူ့ရဲ့နေရာလပ်-အချိန် ဆန်းကြယ်နတ်ဘုရားစွမ်းအားကျင့်ကြံခြင်းအခြေခံက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာပဲ ရှိပါသေးတယ်။
သူက နေရာလပ်-အချိန်ဥပဒေသကို ချိုးဖြတ်နိုင်ပြီး သူ့ရဲ့နေရာလပ်-အချိန်ဆန်းကြယ်နတ်ဘုရားစွမ်းအားကျင့်ကြံခြင်းအခြေခံက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်အထိ မြင့်တက်လာရင် သူ့ရဲ့အသက်ရှင်နိုင်စွမ်းက အကြီးအကျယ်တိုးမြင့်လာပေလိမ့်မယ်။
အချိန်တွေ ကုန်ဆုံးလာပြီး အမှောင်ပြာမြို့ရဲ့ပတ်ဝန်းကျင်က လုံးဝပြောင်းလဲလာခဲ့တယ်။
ကောင်းကင်က အနီရင့်ရောင်ဖြစ်နေပြီး မြေပြင်လဲ အလားတူပါပဲ။ အပင်တွေအားလုံးက သေရင်သေ၊ မသေရင် အသူတရာချောက်နက်အပင်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက နတ်ဘုရားအစီအရင်မှ ထွက်လာပြီး နတ်ဘုရားကမ္ဘာရဲ့ဥပဒေသက အလွန်အားနည်းနေပြီး ကြောက်စရာကောင်းတဲ့အသူတရာချောက်နက်ဥပဒေသက အစားထိုးသွားတာကို ချက်ချင်း အာရုံခံမိခဲ့တယ်။
အလားတူပင် လေထဲကိုစိမ့်ဝင်ပျံ့နှံ့နေတဲ့နတ်ဘုရားကမ္ဘာရဲ့ချီကို အသူတရာချောက်နက်စွမ်းအားက အစားထိုးသွားခဲ့တယ်။
နတ်ဘုရားအစီအရင်ပျက်ဆီးသွားတာနဲ့ သူတို့စုပ်ယူနိုင်မယ့်နတ်ဘုရားကမ္ဘာရဲ့ချီပမာဏက အလွန်နည်းလာပေလိမ့်မယ်။ နတ်ဘုရားကမ္ဘာရဲ့ချီက အသူတရာချောက်နက်စွမ်းအားနဲ့ ရောနှောသွားမှာကို သူတို့က စိုးရိမ်ရလိမ့်မယ်။
အန္တရာယ်အကင်းဆုံးနည်းလမ်းကတော့ နတ်ဘုရားကျောက်တုံးတွေမှချီကို စုပ်ယူခြင်းပါပဲ။
ဒါပေမယ့် နတ်ဘုရားကျောက်တုံးတွေအများကြီး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ လူတိုင်းက လီဖူချန်းလို မဟုတ်ဘူးလေ။
***