← Chapters

နှုတ်ဆက်ပါတယ် ယန်အာ

Vol. 109 Ch. 1525

နှုတ်ဆက်ပါတယ် ယန်အာ

Vol. 109 Ch. 1525

ရာသီဥတုဖောက်ပြန်မှုကြောင့် သေဆုံးသွားခဲ့သောအရာအားလုံး... ‌အေးခဲသေဆုံးနေကြသည်ဖြစ်စေ၊ ရေနစ်သေဆုံးနေကြသည်ဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ၊ သေမျိုးများဖြစ်စေ၊ တိရိစ္ဆာန် သို့မဟုတ် အပင်များပင် ဖြစ်နေစေကာမူ.... အကုန်လုံး အသက်ပြန်သွင်းခံလိုက်ကြရသည်။

အလောင်းများ ပျောက်သွားခဲ့လျှင်တောင်မှ .... ဘာမှမရှိသည့်အဖြစ်မှ အကောင်အထည်လိုက် အသက်ပြန်ဝင်လာကြသည်။

ကြေမွနေသော အဆောက်အဦးများ၊ ပြိုကျနေသောတောင်များသည် မျက်စိတစ်မှိတ်အတွင်း ပကတိအတိုင်း ပြန်ဖြစ်လာကြ၏။ မြေပြင်အားလုံး .... ယခင်အတိုင်း ပြန်ဖြစ်ကုန်ကြလေပြီ။

လူတစ်ယောက် တာအိုအား ရရှိလျှင် ထို့လူအောက်ရှိ အရာအားလုံး အဆင့်တက်ကြလိမ့်မည်ဆိုသော ရှေးဆိုရိုးရှိသည်။ ယခုလည်း ကောင်းကင်ချုပ်နှောင်မန္တန်ကြောင့် ထိုသို့ဖြစ်နေချေပြီ။ သေခြင်းတရား၏ မရဏနယ်မြေအတွင်း၌ ရှင်သန်ခြင်းကား ပြန်လည်ထမြောက်လာခဲ့ပြီဖြစ်သည်။

အရာအားလုံး အကောင်းအတိုင်းပြန်ဖြစ်နေသဖြင့် ပထမမြေထုတွင် ထစ်ချုန်းသံများ ဆူညံနေသည်။ အာကာပြင်ဂြိုဟ်နှင့် လောကပါလနတ်မင်း၏ကြယ်တာရာကောင်းကင်ရှိ မြေထုအားလုံးလည်း တုန်ခါနေကြ၏။ ကမ္ဘာအားလုံး၊ လောကအားလုံး၊ ဖုန်အားလုံး၊ အရာအားလုံး တုန်ခါနေကြသည်။

ကျင့်ကြံသူအားလုံး၊ မျိုးစိတ်အားလုံး၊ သက်ရှိအားလုံး၊ ဖြစ်တည်မှုအားလုံး အံ့ဩခြင်းကြီးစွာဖြင့် တုန်လှုပ်ကုန်ကြသည်။

ကျင်ယွင်ရှန်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ရှကျုံတုံး တုန်ယင်နေသည်။ ပိုင်ဝူချိန်၏မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်နေ၏။

ဂိုဏ်းချုပ်မှာ မှင်သက်နေပြီး ကျန်အနှစ်သာရ ၉ ခု ကျင့်ကြံသူအားလုံးလည်း အံ့ဩခြင်းလှိုင်းတံပိုးများကြောင့် ကြက်သေသေနေကြသည်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ပထမမြေထုအား ဒူးထောက်ရှိခိုးလိုစိတ်များ ဖြစ်ပေါ်လာကြ၏။ ထိုနေရာ၌ အာကာပြင်ကျယ်စကြဝဠာထက် သာလွန်မြင့်မြတ်သော တစ်စုံတစ်ခု မွေးဖွားလာနေသည့်အလားပင်။

မန်ဟို မှန်ကွဲစတစ်စအား ပထမဆုံးရရှိခဲ့သည့်နေရာတွင် အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့် အတိုက်အခိုက်စွမ်းရည်ဖြင့် ဧရာမပုတ်သင်ဘုရင်ကြီးသည် ကျိန်းစက်နေ၏။ ရုတ်တရက် ၎င်းမှာ တုန်ရီသွားပြီး အံ့အားသင့်နေမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် ခေါင်းမော့လိုက်သည်။

ရေခဲမီးကမ္ဘာတွင် ရေခဲတောင်ဘီလူးနှင့် မီးငှက်သည် လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်တစ်လျှောက် လိမ့်ထွက်လာသော အငွေ့အသက်များကို ခံစားလိုက်ရ၍ ရုတ်တရက် ကြောက်ရွံ့ထိတ်လန့်သွားကြ၏။

စည်ကားတိုးတက်နေသော အင်မော်တယ်နတ်ဘုရားကမ္ဘာပေါ်တွင် .... ကျန်ဂိုဏ်းများအကြား၌ အထင်ရှားဆုံး၊ အရေးပါဆုံးနေရာကို သိမ်းပိုက်ထားသည့် ဂိုဏ်းတစ်ဂိုဏ်းရှိသည်။ ဂိုဏ်းသည် အင်အားကြီးမားပြီး ထိုဂိုဏ်းထဲ၌ တာအိုကောင်းကင်ဆိုသော နာမည်နှင့် ရွေးချယ်ခံအသစ်တစ်ဦး ရှိ၏။

လောလောဆယ်တွင် သူက တင်ပျဉ်ခွေလျက် တရားထိုင်နေလေသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင်‌အောင် သူ့ရင်ထဲတွင် မေးခွန်းအမျိုးမျိုး၊ ခန့်မှန်းချက်အမျိုးမျိုး ပြည့်ကြပ်နေခဲ့၏။ သို့ထိတိုင် ၎င်းက မှန်လားမှားလား သူ တစ်ခါမှ သက်သေမပြနိုင်ခဲ့ပေ။ အမှန်တွင် သူ့ခေါင်းထဲရှိ အတွေးမှာ ယုံကြည်ဖို့ရာ စိတ်ကူးယဉ်ဆန်လွန်းနေသယောင်ပင်။

သို့သော် ဤအခိုက်အတန့်၌ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ မြေထုတစ်ခုလုံး သိမ့်ခနဲတုန်သွားသည်။ ထိုမြေပြင်များရှိ နတ်ဘုရားတိုင်းသည် လုပ်လက်စအရာများကို ရပ်၍ မော့ကြည့်လိုက်ကြ၏။ သေမျိုး၊ ကျင့်ကြံသူများနှင့် တိရိစ္ဆာန်များပင် ရုတ်တရက် ရွေ့လျားနိုင်စွမ်းမရှိတော့ပုံရသည်။ တစ်ကမ္ဘာလုံး ငြိမ်သက်တိတ်ဆိတ်သွားသည်။

တာအိုကောင်းကင်မှလွဲ၍...  သူက လှုပ်နိုင်လေသည်။ ရုတ်တရက် ရင်းနှီးသောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ထွန်းလာပြီး မျက်ရည်များက သူ့ပါးပြင်တစ်လျှောက် စီးကျလာ၏။ နောက်ဆုံးတော့ သူကား ခေါင်းနောက်လှန်ကာ အားပါးတရ ရယ်တော့သည်။

မှန်သည်၊ တာအိုကောင်းကင်က ပထမတောင်ပင်လယ်၏ အက်ရှလွန်ကျင့်ကြံသူဟောင်းပင်။

နတ်ဆိုးလောကမြေထုအပေါ်တွင်လည်း အလားတူပင်။ ‌တောင်ပင်လယ်လိပ်ပြာ၏အထက်ရှိ ကောင်းကင်ဘုံ ၃၃ ဘုံ၌လည်း ထိုနည်းတူဖြစ်၏။ ကောင်းကင်ဘုံ ၃၃ ဘုံ၏အပြင်တွင် ထိုင်စောင့်နေသော မျောက်တောက်ဖန်းလည်း စိတ်နှလုံးလှုပ်ခတ်သွားသည်။

လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်တစ်ခွင်ရှိ အရာအားလုံး တသိမ့်သိမ့်တုန်ခါနေပြီး မိုးခြိမ်းသံကဲ့သို့ တဂျိန်းဂျိန်းမြည်သံများ ကြားနေရသည်။

တစ်ချိန်တည်းမှာပင် လောကပါလနတ်မင်း၏စိတ်ဆန္ဒက ၎င်း၏အမျက်ဒေါသဖြင့် အရာခပ်သိမ်းကို ကိုင်လှုပ်နေသည့်အလားပင်။ ၎င်းသည် ဒေါသထွက်နေ၏ ... ကြောက်လည်း ကြောက်နေ၏။

အရှိန်အဝါအသစ် ကြယ်တာရာကောင်းကင်ထဲ၌ ပေါ်လာခဲ့သည်ကို ခံစားလိုက်ရသဖြင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒသည် ထိတ်လန့်နေ၏။ အဆိုပါအရှိန်အဝါအသစ်သည် အာဏာအသစ်တစ်ရပ်၊ ကောင်းကင်တာအိုကို အုပ်စိုးသွားသော တာအိုတစ်ရပ်ဖြစ်သည်။

ထိုတာအိုအား ... ကောင်းကင်ချုပ်နှောင်ခြင်းတာအိုဟု ခေါ်နိုင်သည်။

ကောင်းကင်ချုပ်နှောင်ခြင်းတာအိုသည် အကန့်အသတ်မရှိ ကြီးစိုးမင်းမူနိုင်၏။ မည်သူ့ကိုမှ ၎င်းအား စော်ကားရိုင်းပျခွင့်ပြုမည်မဟုတ်ပေ။ တခြားမည်သည့်စိတ်ဆန္ဒကိုမှလည်း ၎င်းအား ပြောင်းလဲခွင့်ပေးမည်မဟုတ်။

ကောင်းကင်ချုပ်နှောင်ခြင်းတာအိုသည် .... မိုးကောင်းကင်များအား မျက်လုံးဖွင့်စေနိုင်၏။ မျက်လုံးပိတ်စေနိုင်၏။

ငါ မိုးကောင်းကင်တွေကို မျက်လုံးပိတ်စေချင်ရင် .... သူတို့ မငြင်းဆန်စေရဘူး။

ငါ တစ်ခုခုလိုအပ်တာနဲ့ မိုးကောင်းကင်မှာ ရှိနေတာ ကောင်းလိမ့်မယ်။ ငါ မလိုအပ်ရင်လည်း မိုးကောင်းကင်မှာ မရှိတာ ကောင်းလိမ့်မယ်

အာကာပြင်ကျယ်ဂြိုဟ်၏ ပထမမြေထုအပေါ်တွင် .... လူတိုင်း ပြန်လည်ရှင်သန်ထမြောက်လာကြ၏။ သို့သော် ယန်အာကတော့ .... အေးခဲနေဆဲပင်။

နောက်ဆုံးဓားချက်ပြီးသောအခါ ရတနာလေးက အင်္ကျီလက်စခါလိုက်ရာ ရုပ်တုနှင့်ဓားသည် မန်ဟို့ဆီ ပျံသန်းသွား၏။

ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများကား မတူညီတော့ပေ။ ယခင်က မျက်ဆံများ ကင်းမဲ့နေခဲ့သော်လည်း ယခုမူ ပေါ်ပေါက်လာလေပြီ။ သူသည် လောကကြီးကို လှည့်ပတ်ကြည့်လိုက်ရာ အလင်းရောင်ကို မြင်လိုက်ရ၏။ မှန်သည်၊ လောကကြီးကို သူ ဂရုမစိုက်။

ရတနာလေးသည် သူ့ဇနီးအား ဖြည်းညင်းစွာ ငုံ့ကြည့်ပြီး နူးညံ့ကြင်နာစွာ ပြုံး၏။ ဤအခိုက်အတန့်ကား သူ့အတွက် သူမ၏မျက်နှာလေးကို ပထမဆုံးအကြိမ် မြင်ရခြင်းဖြစ်လေသည်။

သူက ဒူးထောက်၍ သူမကို ဖက်ကာ ကျေနပ်ပျော်ရွှင်စွာ ပြုံးလိုက်သည်။ နောက်ဆုံးတော့ မျက်လုံးများပိတ်သွားပြီး သူ၏အရှိန်အဝါမှာ ပျောက်ကွယ်သွားတော့သည်။

သူ့ဝိညာဉ် ပျံထွက်လာသည်။ ၎င်းသည် ကျန်လူဝင်စားများ၏ ဝိညာဉ်အားလုံးနှင့်အတူ မန်ဟို့လက်ထဲရှိ ရုပ်တုဆီ ပျံသန်းသွားသော အလင်းတန်းတစ်တန်းဖြစ်သွား၏။ အလင်းတန်းက ရုပ်တုထဲ ဝင်ရောက်ပြီးနောက် လင်းလက်တောက်ပလာသည်။ ယခုတွင် ၎င်းကား အမှန်တကယ် ပြီးမြောက်သွားချေပြီ။

ထိုသစ်သားရုပ်တုက မန်ဟို၏နဝမမန္တန်ဖြစ်သည်။ သူ ၎င်းကို စုပ်ယူလိုက်သည်နှင့် မန္တန်ကိုးခုကို ပေါင်းစည်းနိုင်၏။

သို့ထိတိုင် မန်ဟို မပျော်ပေ။ ရတနာလေး၏အလောင်းကို ငုံ့ကြည့်နေစဉ် သူ့ရင်ထဲ၌ ပြည့်ကြပ်နေသော ခံစားချက်များကို အဓိပ္ပါယ်ဖော်ရခက်ခဲသည်။ ရတနာလေး၏အလောင်းသည် အလင်းမှုန်များအသွင်ဖြင့် လေနှင့်အတူ လွင့်မျောလာပြီး မန်ဟို့ကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းသွား၏။ သူက အစကတည်းက မန်ဟို၏တစ်စိတ်တစ်ပိုင်းဖြစ်သည် မဟုတ်ပါလော။

ရတနာလေးအနေဖြင့် ပေါင်းစည်းဖို့ ငြင်းဆန်နိုင်ခဲ့ကြောင်း မန်ဟို သိသည်။ မန်ဟိုသည် ကိုယ်အစစ်၊ သူက မန်ဟို့ကိုယ်မှ ခွဲထုတ်ခံခဲ့ရသော ကိုယ်ပွားဖြစ်၏။

ရတနာလေးသည် သူ၏ကံတရားကို အခြားသူများထိန်းချုပ်ခြယ်လှယ်နေသည်ကို မကြိုက်ပေ။ သို့ထိတိုင် အဆုံးသတ်၌ နဝမမန္တန်ကို လက်စသတ်၍ မန်ဟို့အား ကူညီဖို့ ရွေးချယ်ခဲ့သည်။

မှန်သည်၊ သူ လုပ်ခဲ့ရသည့်အကြောင်းရင်းမှာ သူ့အတွက်မဟုတ်ဘဲ .... ယန်အာအတွက်ဖြစ်ကြောင်း မန်ဟို သိလေသည်။

သူ့ကိုယ်ပွား၏ နဝမလူဝင်စားသည် မန်ဟိုချစ်ခဲ့သည်ထက် ယန်အာ့အား များစွာချစ်ခဲ့၏။

မန်ဟိုမှာ ဂူထဲတွင် အကြာမှအကြာကြီး ရပ်နေမိသည်။ နောက်ဆုံးတော့ ရတနာလေး၏အလင်းမှုန်များသည် မန်ဟိုနှင့် အပြည့်အဝတစ်သားတည်း ဖြစ်သွား၏။ ပန်းပုထုရာဓားလေးနှင့် သစ်သားရုပ်မှအပ ... ကိုယ်ပွားတည်ရှိခဲ့သော အရိပ်အယောင်အားလုံး ပျောက်ကွယ်သွားခဲ့ချေပြီ။

မန်ဟို လေပူများမှုတ်ထုတ်လိုက်မိသည်။ ယန်အာ၏ခန္ဓာကိုယ်လည်း အလင်းမှုန်များအဖြစ် တစတစပျောက်ကွယ်စပြုနေ၏။ သူမဝိညာဉ်ကား မန်ဟို့အရှေ့၌ ပျံဝဲနေသည်။

သူမသည် မှေးမှိန်ပျောက်ကွယ်နေသော သူမ၏အလောင်းနှင့် စောစောက တခြားလူတစ်ယောက် လှဲနေခဲ့သော ၎င်းဘေးရှိ ကွက်လပ်ကို ကြည့်နေ၏။ အချိန်တချို့ကြာသော် သူမက မန်ဟို့အား လှည့်ကြည့်သည်။

“ရှင့်ကို နဝမပါရာဂွန်လို့ ခေါ်သင့်လား” သူမက နူးညံ့ပျော့‌ပျောင်းစွာ မေးသည်။ “ဒါမှမဟုတ် ဆရာလို့လား။ ရတနာလေးလို့လား”

မန်ဟိုက ညာလက်ကို ဆန့်တန်းလိုက်ပြီး လက်အတွင်း၌ ဝိညာဉ်အမျှင်နှစ်မျှင် ရှိနေသည်။ တစ်မျှင်က ဟန်ပေ့နှင့်ပူးကပ်နေခဲ့သော အမျှင်။ နောက်တစ်မျှင်တွင်တော့ အတိတ်ဘဝက မှတ်ဉာဏ်များပါရှိသည်။

ဝိညာဉ်အမျှင်နှစ်မျှင်သည် တစ်မျှင်တည်းအဖြစ် ပေါင်းစည်းကာ လှပသောအလင်းမျှင်လေးပမာ ယန်အာ့ဆီ စီးဆင်းသွား၏။

“အဲဒါက မင်းရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းပဲ” မန်ဟိုက တိုးညှင်းစွာ ပြောသည်။ “အဲဒါကို စုပ်ယူလိုက်ရင် မင်းဝိညာဉ် ပြည့်စုံသွားပြီး အတိတ်ကို ပြန်မှတ်မိလိမ့်မယ်။ ငါ ဘယ်သူဆိုတာကိုလည်း ... မင်း အတိအကျမှတ်မိသွားလိမ့်မယ်”

ယန်အာသည် လှပသောအလင်းမျှင်ကို တိတ်ဆိတ်စွာကြည့်လိုက်ပြီး တည်ငြိမ်အေးချမ်းသောအပြုံးလေးက သူမမျက်နှာပေါ်တွင် လှပစွာ ပွင့်လန်းလာလေသည်။ “ပြည့်ပြည့်လေးရော ဘယ်လိုဖြစ်သွားလဲ”

“နဝမဂိုဏ်းကို ပို့ထားတယ်”

ယန်အာက ခေါင်းညိတ်၍ အဝေးကို ကြည့်သည်။ သူမ စကားထပ်မပြောခင် အချိန်အနည်းငယ်ထပ်မံကြာသွား၏။

“ဒီလူဝင်စားက ကျွန်မအတွက် လုံလောက်ပါတယ်။ အတိတ်ကို ပြန်မှတ်မိစရာလည်း လိုပါတော့မလား။ အခု ပြန်တွေးကြည့်မှ အဲဒီဘဝမှာ နောင်တတွေ အများကြီးရှိခဲ့တယ်ထင်ပါရဲ့

“ရှင်က ကျွန်မဆရာ၊ ကျွန်မ ကောင်းမွန်တဲ့ဘဝမှာ နေထိုင်ခဲ့ရတယ်။ ကျွန်မသိတာက ဒါပါပဲ” သူမသည် မျက်လုံးများအား တခဏပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်‌သောအခါ တောက်ပကြည်လင်နေ၏။ သူမက အတိတ်ဘဝ၏မှတ်ဉာဏ်များ ပါရှိသော ဝိညာဉ်အလင်းဆီ လက်ဝှေ့ယမ်းလိုက်သည်။ အလင်းကား ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ယန်အာသည် မန်ဟို့အား လက်ယှက်အရိုအသေပေး၏။

“ဒီဘဝက ပြီးဆုံးသွားပါပြီ။ ဆရာ ဆရာ့ရဲ့ကမ္ဘာကြီးကို ကျွန်မ မနှောင့်ယှက်တော့ပါဘူး။ နှစ်တွေတစ်လျှောက်လုံး ကျွန်မကို စောင့်ရှောက်ပေးခဲ့အတွက် ကျေးဇူးတင်ပါတယ်” သူမသည် မန်ဟို့အား နောက်ဆုံးအကြိမ် ကြည့်ပြီးနောက် လှည့်သွား၏။ သူမအရှေ့၌ ဘဝပြန်ဝင်စားခြင်းဝဲတစ်ဝဲ ပေါ်လာသည်။ ဝင်တော့မည့်အချိန်မှာပဲ သူမက ရုတ်တရက် ရပ်လိုက်သည်။

“ချူယွီယန်ရဲ့ ကျန်တဲ့ဇာတ်လမ်းကို ပြောမယ်လို့ ဆရာ ကျွန်မကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ ဘာဖြစ်သွားလဲ ကျွန်မ သိသွားပါပြီ” ယန်အာသည် ပြုံး၍ အသက်ဝဝရှူသွင်းလိုက်၏။ သူမက ချူယွီယန်ဇာတ်လမ်း၏ ဒုတိယအပိုင်းမှန်း နားလည်ခဲ့သည်မှာ ကြာခဲ့လေပြီ။

နောက်ဆုံးတော့ ယန်အာတဖြစ်လဲ ချူယွီယန်သည် အရာအားလုံးကို လွှတ်ချနိုင်လိုက်ပြီဖြစ်၏။ သူမ ပြောခဲ့သောစကားက မုသားမဟုတ်ပေ။ သူမ အမှန်တကယ် ကျေနပ်လေသည်။

ယန်အာသည် လွတ်လပ်ပေါ့ပါးစွာဖြင့် မန်ဟို့ကို လက်ပြကာ ဘဝပြန်ဝင်စားခြင်းဝဲထဲ ဝင်ရောက်သွားတော့၏။

သူမအတွက် ချစ်ရသောသူနှင့် ထာဝစဉ်တစ်လျှောက်လုံး ပေါင်းဖက်ဖို့ မလိုအပ်ပေ။ တစ်ဘဝလေးပေါင်းဖက်ရလျှင်ပင် သူမ ပျော်ရွှင်ကျေနပ်ပါသည်။

မန်ဟိုသည် ငေးကြောင်နေသောမျက်ဝန်းများဖြင့် ဂူထဲတွင် တိတ်ဆိတ်စွာ ရပ်နေ၏။ နဝမမန္တန် ပြီးမြောက်သွားသော်လည်း သူ လုံးဝမပျော်ပေ။ လွမ်းဆွတ်ကြေကွဲမှုက သူ့နှလုံးသားကို တင်းတင်းကြပ်ကြပ် ဖြစ်ညစ်နေသည်။

အချိန်တချို့ကြာသော် မန်ဟိုမှာ ခေါင်းယမ်း၍ သူ၏ခံစားချက်များအား နှလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာတွင် မြှုပ်နှံလိုက်သည်။ ဂူအပြင်သို့ သူ လမ်းလျှောက်ထွက်လာသည့်အခါ လေညင်းတစ်ချက်သည် သူ့မျက်နှာအား ကျီစယ်သွား၏။ ၎င်းက သူ့ဆံပင်များကို ပင့်မြှောက်၍ သူ့အဝတ်အစားများကို တွန်းထိုးရင်း ကြေကွဲစရာမှတ်ဉာဏ်များကို ယူဆောင်နေသည့်အလားပင်။

မန်ဟို့မျက်နှာအပေါ်၌ စိတ်ပိုင်းဖြတ်လိုက်ဟန် ပေါ်လာပြီး သူ၏မျက်လုံးများ လင်းလက်တောက်ပလာသည်။ နှစ်ပေါင်းထောင်ချီ ကျင့်ကြံအားထုတ်ခဲ့မှုနှင့် ကျော်ဖြတ်ခဲ့‌ရသော အတွေ့အကြုံအားလုံးက သူ့အား ယခင်ပို၍ မာကြောလာအောင် ပုံသွင်းထုဆစ်ပေးခဲ့သည်။

သူ့မျက်နှာသည် နုပျိုနေသော်လည်း သေသေချာချာကြည့်ပါက နှစ်ပေါင်းများစွာ တည်ရှိခဲ့သော တစ်စုံတစ်ယောက်တွင်သာ မြင်ရနိုင်သောအရာများကို မြင်ရလိမ့်မည်။ သူ့မျက်ဝန်းတစ်ဝိုက်၌ အရေးအကြောင်းတချို့ပင် ခပ်ရေးရေးပေါ်နေလေပြီ။ မန်ဟိုသည် ပြောင်းလဲမှုများအား ဖုံးကွယ်ဖို့ မကြိုးစား။

“ပြန်ဖို့ အချိန်ကျပြီ....” သူက ကောင်းကင်ပြာကြီးနှင့် တိမ်တိုက်ဖြူများကို မော့ကြည့်ရင်း တွေးသည်။ အဝေးတွင် အနီရောင်အလင်းတန်းတစ်တန်းက သူ့ဆီ ပျံသန်းလာနေ၏။ ၎င်းက သူ့အရှေ့၌ သက်ဆင်းပြီး သူ့ကို တိတ်ဆိတ်စွာ မော့ကြည့်နေသော သွေးခွေးကြီးပင်။

မန်ဟိုသည် သွေးခွေးကြီး၏အမွှေးများ ပွတ်သပ်ပေးနေပြီး သူ့မျက်ဝန်းထဲရှိ အလင်းရောင်သည် ပို၍ပြတ်သားတောက်ပလာ၏။

“နဝမမန္တန်ကို စုပ်ယူပြီးရင် မန္တန်ကိုးခုကို ပေါင်းစည်းပြီး ကြေးမီးအိမ်ကို ငြှိမ်းနိုင်လိမ့်မယ်။ ဒါဆို ငါ တန်ခိုးရှင်အဆင့်တက်နိုင်ပြီ။ အဲဒါပြီးတော့ .. အိမ်ပြန်ရမယ်” မန်ဟိုသည် ကျယ်လောင်စွာ စကားမပြောနေသော်လည်း သူ့အသံက မိုးနှင့်မြေနှင့် တစ်သားတည်းဖြစ်ကာ ကြယ်တာရာကောင်းကင်တစ်ခွင် ဟိန်းထွက်နေသယောင် ထင်ရ၏။

တောင်ပင်လယ်လိပ်ပြာကမ္ဘာထဲတွင် ခပ်သဲ့သဲ့အသံတစ်သံအား ရုတ်တရက် ကြားလိုက်ရသည်။

“ငါ ပြန်လာနေပြီ”

All Chapters