နတ်ဘုရားအစီအရင်ချိုးဖြတ်ခြင်း
Vol. 91 Ch. 1281
လီဖူချန်းနောင်တရတာ တစ်ခုကတော့ သူက အကြီးစားနဂါးအင်းကွက်ရွှေသတ္တုကြောကို အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေနဲ့ မဖလှယ်ခဲ့တာပဲ။
ဒါက အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်သောင်းထရီလီယံလေ။ ဒီအဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်သောင်းထရီလီယံနဲ့ဆိုရင် သူက သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကုန်ဆုံးမှာနဲ့ဩပတ်သက်ပြီး စိုးရိမ်စရာအကြောင်းမရှိတော့ပါဘူး။
ဒါပေမယ့် အခုမှ နောင်တရလို့လဲ အသုံးမဝင်ပါဘူးလေ။
လီဖူချန်းက နတ်ဆိုးအမှတ်တစ်ဘီလီယံကျော်ကို စုဆောင်းပြီးတဲ့အခါမှာ အမှောင်ပြာမြို့ရဲ့နတ်ဘုရားအစီအရင်က နောက်ဆုံးမှာ ချိုးဖြတ်သွားခဲ့တယ်။
၎င်းကို နတ်ဘုရားကမ္ဘာရဲ့ဥပဒေသက ဝန်းရံထားတဲ့အခါမှ နတ်ဘုရားအစီအရင်က ၎င်းရဲ့အကြီးမားဆုံးသက်ရောက်မှုကို ဖော်ထုတ်နိုင်တာပါ။
အခုပြဿနာကတော့ အမှောင်ပြာမြို့ရဲ့ပိုင်နက်က အသူတရာချောက်နက်ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေကလဲ ပါးလွှာနေခဲ့ပြီလေ။
ဒါက နတ်ဘုရားအစီအရင်ရဲ့လည်ပတ်မှုမှာ ချို့ယွင်းချက်တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်။
ဒီအချိန်မှာ အဆင့်၆နတ်ဆိုးအနည်းငယ်က ရုတ်တရက် ထွက်ပေါ်လာပြီး ပူးပေါင်းကာ နတ်ဘုရားအစီအရင်ကို ချိုးဖြတ်လာခဲ့တယ်။
အမှောင်ပြာမြို့က အဆင့်၃နတ်ဘုရားမြို့တစ်ခုဖြစ်ပြီး ကမ္ဘာနတ်ဘုရားတစ်ယောက်က စောင့်ကြပ်နေတာ ကံကောင်းသွားတယ်။
သို့မဟုတ်ရင် နတ်ဘုရားအစီအရင်ရဲ့ကာကွယ်မှုမရှိတဲ့အခါ အဆင့်၆နတ်ဆိုးတစ်ယောက်နဲ့တင် အမှောင်ပြာမြို့ကို ရိတ်သိမ်းဖို့ လုံလောက်တယ်။
နတ်ဘုရားအစီအရင်မရှိတော့တာကြောင့် အမှောင်ပြာမြို့က နတ်ဆိုးစစ်တပ်ရဲ့အရှေ့မှာ ပေါ်ထွက်လာခဲ့တယ်။
ဟိန်းသံ....ဟိန်းသံ....ဟိန်းသံ.... မရေမတွက်နိုင်တဲ့နတ်ဆိုးတွေက မြို့နံရံတွေပေါ် ပျံသန်းတက်လာပြီး အမှောင်ပြာမြို့ရဲ့နတ်ဘုရားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။
အုန်း....အုန်း....
မနီးမဝေးရှိ အထူးပစ္စည်းတွေနဲ့ဆောက်လုပ်ထားတဲ့မြို့နံရံတွေမှာ အဆင့်၄နတ်ဆိုးတစ်ကောင်ကြောင့် ကြီးမားတဲ့အပေါက်တစ်ခု ထွက်ပေါ်လာတယ်။ မရေမတွက်နိုင်တဲ့နတ်ဆိုးတွေက အပေါက်ထဲသို့ ပြေးဝင်လာခဲ့ကြတယ်။
ပြီးနောက် အပေါက်တွေ တစ်ပေါက်ပြီးတစ်ပေါက် ထွက်ပေါ်လာခဲ့တယ်။
"သတ်စမ်း"
ဒိအချိန်မှာ ဘယ်သူမှာမှ တစ်ခြားအတွေးတွေ မရှိတော့ဘူး။ သတ်ရမယ်။ နတ်ဆိုးစပ်တပ်ကို ဖယ်ရှားနိုင်မှ သူတို့အနေနဲ့ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုရှိလာလိမ့်မယ်။ သို့မဟုတ်ရင် သူတို့အားလုံးသေပြီး ပိုင်နက်နတ်ဘုရားကတောင် လွတ်မြောက်နိုင်လိမ့်မှာမဟုတ်ဘူး။
"ထင်ထားတဲ့အတိုင်း နတ်ဘုရားအစီအရင်က ပျက်ဆီးသွားတာပဲ"
မရေမတွက်နိုင်တဲ့နတ်ဆိုးတွေကို ရင်ဆိုင်ဖို့ လီဖူချန်းက ပြေးထွက်လာတယ်။
ဓားတစ်ချက်၊ ဓားတစ်ချက်က နတ်ဆိုးတွေအစုလိုက်အပြုံလိုက်ကို ရိတ်သိမ်းဖို့ လုံလောက်တယ်။
"နတ်ဘုရားမျိုးနွယ်၊ သေစမ်း"
အဆင့်၄နတ်ဆိုးတစ်ကောင်က လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။ သူ့ခန္ဓာကိုယ်က နတ်ဆိုးစွမ်းအားပေါက်ကွဲထွက်လာပြီး အဆုံးမဲ့အနက်ရောင်အလင်းစက်လုံးတွေက လီဖူချန်းဆီ တိုက်ခိုက်လာခဲ့တယ်။
ဒီအဆင့်၄နတ်ဆိုးက အရမ်းအားကောင်းပြီး နတ်ဘုရားမျိုးနွယ်ရဲ့ဆန်းကြယ်နတ်ဘုရားဆရာသခင်နီးပါး သန်မာတယ်။ ဒါပေမယ့် သူက လီဖူချန်းရဲ့ဓားတစ်ချက်ကို မရင်ဆိုင်နိုင်သေးပါဘူး။
ခုတ်ချက်တစ်ချက်နဲ့အတူ အနက်ရောင်အလင်းဘောလုံးနဲ့အဆင့်၄နတ်ဆိုးတို့က အတူတကွပျောက်ကွယ်သွားခဲ့တယ်။
ယေဘုယျအားဖြင့် နတ်ဆိုးတွေအများဆုံးရှိတဲ့နေရာတိုင်းကို လီဖူချန်းက ပြေးလွှားတိုက်ခိုက်နေခဲ့တယ်။
အဆင့်၅နဲ့အဆင့်၆နတ်ဆိုးတွေကလွဲပြီး သူက အခြားဘယ်သူ့ကိုမှ မကြောက်ပါဘူး။
နေ့မှ ည၊ ညမှ နေ့......
ဒီတိုက်ပွဲက တစ်ပတ်ကြာတဲ့အထိ အဆုံးမသတ်သေးပါဘူး။
အဆင့်မြင့်နတ်ဘုရားတွေက အဆင်ပြေသေးပေမယ့် သာမန်နတ်ဘုရားတွေနဲ့အစစ်အမှန်နတ်ဘုရားတွေက မရှုမလှသေဆုံးသွားခဲ့ကြတယ်။
လီဖူချန်းက အကြမ်းဖျင်း ခန့်မှန်းထားခဲ့တယ်။ အနည်းဆုံးသာမန်နတ်ဘုရားတွေနဲ့အစစ်အမှန်နတ်ဘုရားတွေရဲ့တစ်ဆယ်ရာခိုင်နှုန်းက ပျောက်ကွယ်သွားလိမ့်မယ်လို့ပေါ့။
အခြားစကားဖြင့်ဆိုရရင် အမှောင်ပြာမြို့ရဲ့လူဦးရေက တစ်ဆယ်ရာခိုင်နှုန်းနီးပါး လျော့ကျသွားမယ်ဆိုတာပဲ။
ဒါက လူဦးရေရဲ့တစ်ဆယ်ရာခိုင်နှုန်းနော်။ အမှောင်ပြာမြို့က အရမ်းကြီးမားတာကို သိရမယ်။ လူဦးရေရဲ့တစ်ဆယ်ရာခိုင်နှုန်းက အဆင့်၂နတ်ဘုရားမြို့တစ်မြို့ထက် ပိုပါတယ်။
ဒါတွေက သာမန်နတ်ဘုရားတွေ၊ အစစ်အမှန်နတ်ဘုရားတွေသာဖြစ်ပြီး အနာဂတ်မှာ လျင်မြန်စွာ ပြန်အစားထိုးနိုင်တယ်ဆိုပေမယ့် သူတို့က သက်ရှိတွေ ဖြစ်နေပါသေးတယ်။
မရေမတွက်နိုင်တဲ့အသက်တွေ ပျောက်ကွယ်နေတာကို မြင်ပြီး လူတိုင်းရဲ့နှလုံးသားက သောက၊ ဒေါသနဲ့ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာတယ်။
ဒါက အမှောင်ပြာမြို့တစ်ခုထဲမှာပဲ ဖြစ်ပျက်နေတာမဟုတ်ပါဘူး။ အမှောင်ပြာမြို့အတွင်းရှိအခြားအဆင့်၂နဲ့အဆင့်နတ်ဘုရားမြို့တွေ၊ နတ်ဘုရားရွာတွေမှာဆိုရင် အခြေအနေက ပိုတောင် ဆိုးဝါးနေတယ်။
"ကောင်းကင်ဘုံပိုက်ကွန်ပုံစံ"
ဓားချီက ဧရာမပိုက်ကွန်တစ်ခုပမာ ကြီးမားတဲ့ပိုင်နက်တစ်ခုကို ဝန်းရံသွားတယ်။ ဒီပိုင်နက်အတွင်းရှိအဆင့်၄နဲ့အဆင့်၃နတ်ဆိုးအားလုံးကို ဖြတ်တောက်သွားခဲ့တယ်။
တစ်ပတ်ကြာပြီးနောက် သူက အဆင့်၄နတ်ဆိုးတွေ ဘယ်လောက်ထိ သတ်ဖြတ်ခဲ့ပြီးသလဲဆိုတာ မသိနိုင်တော့တဲ့အထိပဲ။ သူ့ရဲ့နတ်ဆိုးအမှတ်စုဆောင်းသူကလဲ နတ်ဆိုးအမှတ်ဆယ်ဘီလီယံကျော်ကို စုဆောင်းထားပြီးနေပါပြီ။
"နတ်ဘုရားမျိုးနွယ်၊ မင်းကို သတ်မဲ့သူက ခါဗန်ရစ်ပဲ။ မင်း ဒါကို သေချာမှတ်ထား" နောက်ဆုံးမှာ အဆင့်၅နတ်ဆိုးတစ်ကောင်က လီဖူချန်းကို ပစ်မှတ်ထားလာခဲ့တယ်။
အုန်း....
မြေပြင်က တုန်ခါသွားပြီး ဧရာမတွင်းချိုင့်တစ်ခုက ထွက်ပေါ်လာခဲ့တယ်။ လီဖူချန်းကို တွင်းနက်ထဲသို့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်။
လီဖူချန်းက မသေခဲ့ပါဘူး။ ဒီအဆင့်၅နတ်ဆိုးက သာမန်အဆင့်၅နတ်ဆိုးတစ်ကောင်သာဖြစ်ပြီး အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။
အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်က သူ့ကို တစ်ချက်တည်းနဲ့ မသတ်နိုင်ပါဘူး။
"အမ်"
ခါဗန်ရစ်က စိတ်ရှုပ်ထွေးသွားတယ်။ သူက အဆင့်၅နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို တစ်ချက်တည်းနဲ့ မသတ်ဖြတ်နိုင်ခဲ့ဘူးတဲ့။ နတ်ဘုရားမျိုးနွယ်က ဘယ်အချိန်တုန်းက အခုလိုပြောင်မြောက်လာတာလဲ။
တစ်ခုခုက မူမမှန်တော့ဘူး၊ သူက ယခင်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့ပြီးသားပါ။
"ပျံသန်းနဂါးခုတ်ချက်"
အနက်ရောင်ဓားချီက အနက်ရောင်ပျံသန်းနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ခါဗန်ရစ်ရဲ့ခန္ဓာကိုယ်ကို တိုက်ခိုက်ခဲ့တယ်။
ခါဗန်ရစ်ရဲ့ချီတည်ရှိမှုက ချက်ချင်း အားနည်းသွားတယ်။
လက်ရှိပျံသန်းနဂါးခုတ်ချက်က အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုရဲ့ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိထားပြီဖြစ်တယ်။ ဓားအတတ်ကို ထုတ်ဖော်လိုက်တဲ့အခါ ဓားစွမ်းပကားက နဂါးတစ်ကောင်အလား ပြင်းထန်ကြမ်းတမ်းလှတယ်။
"စပ်ကြောင်းမဲ့ခုတ်ချက်"
ပျံသန်းနဂါးခုတ်ချက်ပြီးနောက် စပ်ကြောင်းမဲ့ခုတ်ချက်က လိုက်ပါလာတယ်။ မမြင်နိုင်တဲ့ဓားချီတစ်ခုက ခါဗန်ရစ်ရဲ့ရင်ဘက်ကို ထိုးဖောက်သွားခဲ့တယ်။
"မူလအဆုံးစွန်းခုတ်ချက်"
ထို့နောက် ချက်ချင်းပဲ အနက်ရောင်ဓားချီက ရိုက်ခတ်လာပြီး အနက်ရောင်အက်ကြောင်းတွေပမာ ခါဗန်ရစ်ကို ဝါးမျိုသွားခဲ့တယ်။
"ဓားသင်္ဂြိုလ်ခြင်း"
အဆုံးမဲ့အနက်ရောင်ဓားအရိပ်တွေက ကောင်းကင်မှ ဆင်းသက်လာပြီး ခါဗန်ရစ်ရဲ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားခဲ့တယ်။
ဒါက အဆုံးသတ်မဟုတ်သေးပါဘူး။
"အဆုံးသတ်ဓားပုံစံ"
လီဖူချန်းက သူ့ရဲ့အသန်မာဆုံးအကွက်ဖြစ်တဲ့အဆုံးသတ်ဓားပုံစံကို ထုတ်ဖော်ခဲ့တယ်။
လီဖူချန်းက သူ့ရဲ့ဓားကို အရှေ့သို့ ထိုးလိုက်တယ်။ နေရာလပ်-အချိန်က ချက်ချင်းယိုယွင်းသွားတယ်။ ကြောက်စရာကောင်းတဲ့ဓားတာအိုဥပဒေသတစ်ခုက ပျံ့နှံ့လာပြီး အရာအားလုံးကို ပျက်သုဥ်းသွားစေခဲ့တယ်။
ခါဗန်ရစ်လဲ ပျက်သုဉ်းသွားခဲ့တယ်။
အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့ညီမျှတဲ့အဆင့်၅နတ်ဆိုးတစ်ကောင်က လီဖူချန်းရဲ့တိုက်ကွက်တစ်ကွက်ကိုတောင် မရင်ဆိုင်နိုင်ခဲ့ဘူး။
"ငါ မင်းကို အထင်ကြီးခဲ့မိတာပဲ။ ဒါမှမဟုတ် ငါ့ကိုယ်ငါ အထင်သေးခဲ့မိတာပဲ"
ခါဗန်ရစ်ရဲ့ချီတည်ရှိမှုပျောက်ကွယ်သွားတာကို အာရုံခံမိပြီးနောက် လီဖူချန်းက အတော်လေးအံ့အားသင့်သွားခဲ့တယ်။ သူက ကောင်းကင်ဘုံဓားကြယ်ကို ဖော်ထုတ်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် မလိုအပ်တော့ဘူးလို့ မမျှော်လင့်ထားခဲ့ဘူး။
ဒိီအချိန်မှာ သူက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်နိုင်ရုံသာမက သတ်ပါသတ်ဖြတ်နိုင်တာကို လီဖူချန်းက သဘောပေါက်ခဲ့တယ်။
ယှဉ်ပြိုင်ခြင်းနဲ့သတ်ဖြတ်ခြင်းက မတူညီတဲ့သဘောတရားနှစ်ခုပါပဲ။
အဆင့်၅နတ်ဆိုးတစ်ကောင်ကိုသတ်ဖြတ်ခြင်းက လီဖူချန်းကို နတ်ဆိုးအမှတ်အများကြီးမပေးခဲ့ပါဘူး၊ အဲဒါက နတ်ဆိုးအမှတ်သန်းတစ်ရာမျှပါပဲ။
သူ့ရဲ့လက်ရှိခွန်အားနဲ့ပတ်သက်ပြီး အကြမ်းဖျင်းနားလည်ပြီးနောက် လီဖူချန်းရဲ့လုပ်ဆောင်ချက်တွေက ပိုတောင် အတင့်ရဲလာတယ်။ ယခင်က သူက အဆင့်၅နတ်ဆိုးတွေရှိတဲ့နေရာကို သွားခဲတယ်။ အခု သူက နောက်ထပ်အဆင့်၅နတ်ဆိုးတစ်ကောင်ကို ရိတ်သိမ်းဖို့ အခွင့်အလမ်းတစ်ခုကို ရှာဖွေနေခဲ့တယ်။
"ဟားဟား၊ ငါ့နာမည်က အာဂျီပဲ။ နတ်ဘုရားမျိုးနွယ်၊ သေစမ်း"
အမှောင်ပြာမြို့ရဲ့အပြင်ဘက်ရှိသဲကန္တရာထဲမှာ အဆင့်၅နတ်ဆိုးတစ်ကောင်က အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့ တိုက်ခိုက်နေတယ်။
ဒီအဆင့်နိမ့်ပိုင်နက်နတ်ဘုရားက အတော်လေးပြောင်မြောက်တယ်။ သူက သူ့ရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်လိုက်တဲ့မခါ ပတ်ဝန်းကျင်ဧရိယာက အေးခဲရပ်တန့်သွားခဲ့တယ်။
ပုံမှန်အနေအထားမှာ ဆန်းကြယ်နတ်ဘုရားဆရာသခင်အယောက်တစ်ထောင်ကတောင် ပိုင်နက်နတ်ဘုရားရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားကို ခုခံနိုင်လိမ့်မှာမဟုတ်ပါဘူး။
ဒါပေမယ့် အဆင့်၅နတ်ဆိုးတစ်ယောက်က ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်မဟုတ်ပါဘူး။ အဆင့်၅နတ်ဆိုးတစ်ယောက်ရဲ့နတ်ဆိုးစွမ်းအားမှာ ပိုင်နက်စွမ်းအားမပါဝင်ပေမယ့် အဲဒါက ပိုတောင်ဖိနှိပ်နိုင်တယ်။
ပိုင်နက်နတ်ဘုရားရဲ့ပိုင်နက်နတ်ဘုရားစွမ်းအားကို ရေအဖြစ် ဖော်ပြမယ်ဆိုရင် အဆင့်၅နတ်ဆိုးတစ်ကောင်ရဲ့နတ်ဆိုးစွမ်းအားက ကျောက်တောင်တစ်ခု ဖြစ်ပေလိမ့်မယ်။
ဒါပေမယ့် အဆင့်၅နတ်ဆိုးအာဂျီရဲ့ဓားမော့က အဆင့်နိမ့်ပိုင်နက်နတ်ဘုရားကို ခုတ်ပိုင်းလာခဲ့တယ်။
သွေးတွေ အန်ထွက်သွားပြီး အဆင့်နိမ့်ပိုင်နက်နတ်ဘုရားရဲ့ခန္ဓာကိုယ်က ဓားမော့ကြောင့် နှစ်ပိုင်းပြတ်လုနီးပါးဖြစ်သွားခဲ့တယ်။
သူ့ခန္ဓာကိုယ်ထဲရှိပိုင်နက်နတ်ဘုရားစွမ်းအားရဲ့သုံးဆယ်ရာခိုင်နှုန်းက ပျက်ဆီးသွားခဲ့တယ်။
"တောက်.....ဒီအသူတရာချောက်နက်ဥပဒေသကတော့....."
ပိုင်နက်နတ်ဘုရားမူဖန်က ဒေါသထွက်သွားတယ်။
ဒိီနေရာက အသူတရာချောက်နက်ပတ်ဝန်းကျင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ခွန်အားကို အကြီးအကျယ်ကန့်သတ်ခဲ့တယ်။ သို့မဟုတ်ရင် သူက အာဂျီကို မနိုင်ရင်တောင် ဒီလိုသနားစဖွယ်အခြေအနေကို ကျရောက်နေလိမ့်မှာမဟုတ်ဘူး။
"စီနီယာ၊ ငါ မင်းကို ကူညီပေးပါရစေ"
ပိုင်နက်နတ်ဘုရားမူဖန်က အသတ်ခံရတော့မယ့်အခိုက်မှာ အနက်ရောင်နဂါးဓားချီတစ်ခုက အာဂျီကို ရိုက်ခတ်လာတယ်။
"ဒါ ဘယ်သူလဲ"
အာဂျီက သူ့ရင်ဘက်ပေါ်ရှိ အက်ရာကို ကြည့်လိုက်ကာ ဒေါသတကြီး ဟိန်းလိုက်တယ်။
"ကောင်းကင်ဘုံပိုက်ကွန်ပုံစံ"
အနက်ရောင်ဓားချီက ဧရာမပိုက်ကွန်တစ်ခုပမာ အာဂျီကို ဝန်းရံသွားခဲ့တယ်။
"ထာဝရအသက်အား....."
ပိုင်နက်နတ်ဘုရားမူဖန်က သူ့လက်ချောင်းကို ဆတ်ခနဲတောက်ကာ အစိမ်းရောင်ပိုင်နက်နတ်ဘုရားစွမ်းအားကို ပစ်လွှတ်လိုက်တယ်။ ၎င်းက အာဂျီရဲ့ခန္ဓာကိုယ်ပေါ်ရှိအက်ကြောင်းကိုဖြတ်ကာ ဝင်ရောက်လာခဲ့တယ်။
ဝှစ် ဝှစ် ဝှစ်......
နောက်အခိုက်အတန့်မှာ အဆုံးမဲ့အစိမ်းရောင်အပင်တွေက ပိုင်နက်နတ်ဘုရားမူဖန်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ကြီးထွားလာခဲ့တယ်။
အပင်တွေက ပိုတောင် ထူထပ်ပေါများလာခဲ့တယ်။
ဒိီနေရာမှာ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတစ်ယောက်ဆိုရင် သူတို့က ခုခံနိုင်စွမ်းကို ဆုံးရှုံးသွားလောက်ပြီ။
ပိုင်နက်နတ်ဘုရားမူဖန်ရဲ့ထာဝရအသက်အားက ပစ်မှတ်ရဲ့အသက်အားနဲ့နတ်ဘုရားစွမ်းအားကို ချက်ချင်း နုတ်ယူသွားလိမ့်မယ်။
ဒါပေမယ့် အာဂျီက အဆင့်၅နတ်ဆိုးတစ်ယောက်ဖြစ်ပြီး သူ့ခန္ဓာကိုယ်က နတ်ဆိုးစွမ်းအားနဲ့ ပြည့်နှက်သွားတယ်။
နတ်ဆိုးစွမ်းအားလိမ့်တက်လာတဲ့အခါမှာ ပိုင်နက်နတ်ဘုရားမူဖန်ရဲ့သစ်သားတာအိုပိုင်နက်နတ်ဘုရားစွမ်းအားက ချက်ချင်းပျက်သုဉ်းကာပျောက်ကွယ်သွားခဲ့တယ်။
"ဓားသင်္ဂြိုလ်ခြင်း"
ဓားတာအိုဥပဒေသက သတ်ဖြတ်ရာမှာ အကောင်းဆုံးပါပဲ။ အဆုံးမဲ့အနက်ရောင်ဓားအရိပ်တွေက ကောင်းကင်မှ ဆင်းသက်လာပြီး အာဂျီရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့တယ်။
သူ့ရဲ့ဓားတာအိုပိုင်နက်နတ်ဘုရားစွမ်းအားက အာဂျီနဲ့ မရင်ဆိုင်နိုင်တာကို မူဖန်လဲ သိတယ်။ ဒါကြောင့် သူက လီဖူချန်းကို ကူညီဖို့အတွက် အာဂျီကို ရစ်ပတ်ဖို့ နွယ်ပင်တွေကို အဆက်မပြတ်အသုံးပြုခဲ့ပြီး လီဖူချန်းတိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းကို ထောက်ပံ့ပေးခဲ့တယ်။
"မူလအဆုံးစွန်းခုတ်ချက်"
"ပျံသန်းနဂါးခုတ်ချက်"
"ဓားသင်္ဂြိုလ်ခြင်း"
လီဖူချန်းက တိုက်ကွက်အနည်းငယ်ကို ခေါက်တုံ့ခေါက်ပြန်ထုတ်ဖော်ခဲ့ပြီး အချိန်ခဏအတွင်းမှာ အာဂျီရဲ့အရှိန်အဝါကို တစ်ဝက်ကျော်လောက် လျော့ကျစေခဲ့တယ်။
"ဒီအာဂျီက ခါဗန်ရစ်ထက် အများကြီးပိုသန်မာတာပဲ" လီဖူချန်းက သူ့ရာသူ တွေးလိုက်တယ်။
"နတ်ဆိုးချပ်ဝတ်"
နတ်ဆိုးစွမ်းအားတစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တော့တဲ့အခါမှာ အာဂျီရဲ့အရေပြားမှာ ချပ်ဝတ်အလွှာတစ်ခုက ရုတ်တရက် ကြီးထွားလာတယ်။
ချွမ်း......
လီဖူချန်းရဲ့ဓားချီက ချပ်ဝတ်အပေါ်ကို ခုတ်ချလိုက်တဲ့အခါ ၎င်းက မီးပွားတွေကိုသာ ထုတ်ဖော်ခဲ့တယ်။
"ကြည့်ရတာ ငါ ဒီဓားကွက်ကို ထုတ်ဖော်ရမယ့်ပုံပဲ"
လီဖူချန်းက သူ့ရဲ့ဓားကို ထိုးဖောက်ကာ ပတ်ချာလည်စေလိုက်တယ်၊ အဆုံးမဲ့ဓားအရိပ်တွေက လျှပ်တစ်ပြက်လက်သွားတယ်။ ထို့နောက် အာဂျီရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းခုတ်ပိုင်းခဲ့တယ်။
ဖြောက်.....
အာဂျီရဲ့မဖျက်ဆီးနိုင်တဲ့ခန္ဓာကိုယ်က တို့ဟူးပမာ ချက်ချင်းအက်ကွဲသွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ထဲရှိကျန်ရှိနေတဲ့နတ်ဘုရားစွမ်းအားက ချက်ချင်းပျက်သုဉ်းသွားခဲ့တယ်။
အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်၊ ကောင်းကင်ဓားကြယ်။
"ကောင်းကင်ဓားကြယ်၊ မင်းက လုကလန်ကလား" ပိုင်နက်နတ်ဘုရားမူဖန်က ကောင်းကင်ဓားကြယ်ကို မှတ်မိလိုက်တယ်။
လီဖူချန်းက ပြန်ပြောလိုက်တယ်"စီနီယာ၊ ငါ့မှာ လုကလန်နဲ့ ဆက်ဆံရေးအချို့ရှိတာပါ"
"ငါ သဘောပေါက်ပြီ"
ပိုင်နက်နတ်ဘုရားမူဖန်က ခေါင်းညိတ်လိုက်တယ်။ ဓားတာအိုက သတ်ဖြတ်ရာမှာ အကျွမ်းကျင်ဆုံးပဲ။ လုကလန်ရဲ့အဆင့်နိမ့်ပိုင်နက်နတ်ဘုရားက ဒီနေရာမှာရှိရင် အာဂျီက သေသွားလောက်ပြီ။
ဘာလို့ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ဒီလောက်ထိ ပြောင်မြောက်သလဲဆိုတာ ပိုင်နက်နတ်ဘုရားမူဖန်က နားမလည်နိုင်ပါဘူး။
ပိုင်နက်နတ်ဘုရားမူဖန်က သူနားမလည်နိုင်တဲ့အရာတွေနဲ့ပတ်သက်ပြီး စဉ်းစားဖို့ အချိန်မရှိပါဘူး။
လက်ရှိအချိန်မှာ အရေးကြီးဆုံးအရာက နတ်ဆိုးစစ်တပ်ကို အနိုင်ယူဖို့ပဲ၊ အခြားဘယ်အရာမှ ဒီလောက် အရေးမကြီးပါဘူး။
မုန်တိုင်းတစ်ခုအလား လီဖူချန်း သွားတဲ့နေရာတိုင်းမှာ နတ်ဆိုးအားလုံးကို ဖယ်ရှားသွားခဲ့တယ်။
နတ်ဆိုးစစ်တပ်ထဲမှာ အဆင့်၅နတ်ဆိုးအနည်းငယ်သာ ရှိတယ်။ အဆင့်၆နတ်ဆိုးတွေကို အမှောင်ပြာမြို့ရဲ့ကမ္ဘာနတ်ဘုရားတွေက ထိန်းထားခဲ့တယ်၊ ဒါကြောင့် လီဖူချန်းက အတားအဆီးမရှိသတ်ဖြတ်နိုင်ခဲ့တယ်။
ဒါပေမယ့် လီဖူချန်းက ကြောက်ရွံ့ခြင်းကင်းမဲ့တယ်လို့ ထင်ရပေမယ့် သူက အလွန်သတိထားနေတာပါ။
သူက သာမန်အဆင့်၅နတ်ဆိုးတွေကို မကြောက်ပါဘူး၊ ဒါပေမယ့် သူက အားကောင်းတဲ့အဆင့်၅နတ်ဆိုးတွေနဲ့ ရင်ဆိုင်တွေ့ရင်တော့ ပြန်ဆုတ်ရပါလိမ့်မယ်။
ခါဗန်ရစ်ဖြစ်စေဒါမှမဟုတ်အာဂျီဖြစ်စေ၊ သူတို့အားလုံးက သာမန်အဆင့်၅နတ်ဆိုးတွေဖြစ်ပေမယ့် အာဂျီက အဆအနည်းငယ်ပိုသန်မာတယ်။
နှစ်ဆယ်ဘီလီယံ၊ သုံးဆယ်ဘီလီယံ......
အချိန်ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းက နတ်ဆိုးဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး သူ့ရဲ့နတ်ဆိုးအမှတ်တွေက တဖြည်းဖြည်းတိုးလာနေတယ်။
သူ့တည်ရှိမှုတစ်ခုကတင် ကြီးမားတဲ့နတ်ဘုရားမျိုးနွယ်စစ်တပ်တစ်ခုနဲ့ ယှဉ်နိုင်တယ်ဆိုတာ လီဖူချန်းက မသိပါဘူး။
သူမရှိရင် အမှောင်ပြာမြို့ရဲ့အနေအထားက ဒီလောက်ထိကောင်းလိမ့်မှာမဟုတ်ဘူး။
ဒါပေမယ့် လီဖူချန်းရဲ့ခွန်အားက အလယ်ဆင့်ပိုင်နက်နတ်ဘုရားနဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေထက် ကျော်လွန်တယ်လို့တော့ မဆိုလိုပါဘူး။
ထိုအလယ်ဆင့်ပိုင်နက်နတ်ဘုရားနဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေကို အဆင့်၅နတ်ဆိုးတွေက ဝန်းရံထားတယ်လေ။
လီဖူချန်းကသာ စစ်မြေပြင်မှာ အတားအဆီးမရှိ၊ လှည့်လည်သတ်ဖြတ်နိုင်နေတာပါ။
***