ဒုတိယလှိုင်း
Vol. 91 Ch. 1282
စစ်မြေပြင်က အလွန်ကျယ်ပြန့်တယ်။ အမှောင်ပြာမြို့နဲ့၎င်းရဲ့ပတ်ဝန်းကျင်က နတ်ဆိုးစစ်တပ်နဲ့အမှောင်ပြာမြို့နတ်ဘုရားတွေရဲ့စစ်မြေပြင်ဖြစ်တယ်။
နတ်ဆိုးစစ်တပ်က အရေအတွက်တဖြည်းဖြည်းလျော့လာတာကို လီဖူချန်းက သတိပြုမိခဲ့တယ်။
အစက နတ်ဆိုးစစ်တပ်ရဲ့အရေအတွက်က အမှောင်ပြာမြို့နတ်ဘုရားတွေထက် အများကြီးပိုမြင့်တယ်။ အခု ၎င်းက အမှောင်ပြာမြို့နတ်ဘုရားတွေရဲ့တစ်ဝက်အောက်သာ ရှိတော့တယ်။
နတ်ဆိုးစစ်တပ်က ဒီလောက်မြန်မြန်သေဆုံးသွားရတဲ့အကြောင်းရင်းကတော့ အမှောင်ပြာမြို့ရဲ့နတ်ဘုရားတွေက အားကောင်းပြီး တစ်ချိန်တည်းမှာ ရန်သူနှစ်ယောက်သုံးယောက်လောက်အထိ တိုက်ခိုက်နိုင်တာကြောင့်တော့ မဟုတ်ဘူး။
အဓိကအကြောင်းရင်းကတော့ နတ်ဆိုးစစ်တပ်မှာ အဆင့်၁နဲ့အဆင့်၂နတ်ဆိုးတွေရဲ့အရေအတွက်က အများဆုံးရှိလို့ပါပဲ။ သူတို့ရဲ့အရေအတွက်က အမှောင်ပြာမြို့ရဲ့သာမန်နတ်ဘုရားတွေနဲ့အစစ်အမှန်နတ်ဘုရားတွေထက် အဆဒါဇင်များစွာပိုတယ်။
ဒါပေမယ့် အဆင့်၃နတ်ဆိုးတွေကနေစပြီး အရေအတွက်က သိသိသာသာလျော့ကျလာတယ်။
အဆင့်၄နတ်ဆိုးတွေက အမှောင်ပြာမြို့ရဲ့ဆန်းကြယ်နတ်ဘုရားတွေနဲ့ အရေအတွက်အတူတူပါပဲ။
အဆင့်၅နတ်ဆိုးတွေက အမှောင်ပြာမြို့ရဲ့ပိုင်နက်နတ်ဘုရားတွေရဲ့တစ်ဝက်အောက်သာ ရှိတယ်။
ဒီလိုနဲ့ အချိန်ကြာလာတာနဲ့အမျှ အမှောင်ပြာမြို့ရဲ့နတ်ဘုရားတွေက အသာစီးရလာတယ်။
"နတ်ဆိုးစစ်တပ်ကို အနိုင်ယူဖို့က ပြဿနာတစ်ခုမဟုတ်ဘူး" လီဖူချန်းက သူ့ရာသူ ပြောလိုက်တယ်။
နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် နတ်ဆိုးစစ်တပ်က အက်ကြောင်းထဲသို့ ပြန်ဆုတ်ခွာသွားခဲ့တယ်။
ဒါပေမယ့် နတ်ဆိုးစစ်တပ်က ကိုးဆယ်ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့တယ်။ ပြန်ဆုတ်သွားတာတွေက အဆင့်၃နတ်ဆိုးနဲ့အထက်တွေပါပဲ။ အဆင့်၁နဲ့အဆင့်၂နတ်ဆိုးအများစုက သေဆုံးသွားခဲ့ပြီး နတ်ဘုရားကမ္ဘာရဲ့ပြောင်းလဲမှုအတွက် အာဟာရတွေ ဖြစ်လာခဲ့တယ်။
အမှောင်ပြာမြို့ထဲမှာ လူတိုင်းက ကျယ်လောင်စွာ ဟစ်ကြွေးနေကြတော့တယ်။
သူတို့ နိုင်သွားပါပြီ။
သူတို့က နတ်ဆိုးစစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တယ်။
လူတိုင်းက အလွန်စိတ်လှုပ်ရှားနေတော့တယ်။
ဒါက အသက်ရှင်ခွင့်ရခြင်းရဲ့စိတ်လှုပ်ရှားမှုပဲ။
ဒါက ကြီးမားတဲ့တိုက်ပွဲတစ်ခုကို အနိုင်ရခြင်းရဲ့စိတ်လှုပ်ရှားမှုတစ်ခုပဲ။
ဒါပေမယ့် စိတ်လှုပ်ရှားမှုပြီးနောက် သူတို့က အမှန်တရားကို လက်ခံရအုံးမှာပဲ။
အမှောင်ပြာမြို့ရဲ့ဆုံးရှုံးမှုက ပြင်းထန်လွန်းပါတယ်။
သာမန်နတ်ဘုရားနဲ့အစစ်အမှန်နတ်ဘုရားတွေရဲ့လေးဆယ်ရာခိုင်နှုန်းက သေဆုံးသွားခဲ့တယ်။ စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့တစ်ဝက်နီးပါးက သေဆုံးသွားခဲ့တယ်။ ဆန်းကြယ်နတ်ဘုရားနဲ့ပိုင်နက်နတ်ဘုရားတွေက သေကျေပျက်ဆီးမှုနည်းခဲ့တယ်။ ကမ္ဘာနတ်ဘုရားတွေကတော့ အဆင်ပြေပါတယ်။
"တောက် ခွေးမသားနတ်ဆိုးတွေ၊ ငါ့ကလန်က လုံးဝပျက်ဆီးသွားပြီ"
"ငါ့ရဲ့ညီလေးနဲ့ညီမလေးတွေ၊ သူတို့က သာမန်နတ်ဘုရားတွေပဲ""
လူတိုင်းက အံကြိတ်ကာ မဖော်ပြနိုင်လောက်တဲ့သောကဝေဒနာကို ခံစားနေရတယ်။
"အကြီးအကဲလီ"
လမ်းပေါ်မှာ လီဖူချန်းက လုခန်းနဲ့ ဆုံတွေ့ခဲ့တယ်။
လီဖူချန်းက မေးလိုက်တယ်"လုကလန်အခြေအနေဘယ်လိုလဲ"
လုကလန်က အမှောင်ပြာမြို့ရဲ့ထိပ်တန်းကြယ်ငါးလုံးဂိုဏ်းတစ်ရာထဲကတစ်ခုဖြစ်တယ်။ သူတို့မှာ ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်ရှိပြီး အတော်လေးအားကောင်းတယ်။
ဒါပေမယ့် နတ်ဆိုးစစ်တပ်နဲ့ ရင်ဆိုင်ရတဲ့အခါ ကြယ်ငါးလုံးကလန်တွေမဆိုနဲ့၊ ကြယ်ခြောက်လုံးကလန်တွေကတောင် ဘာာမှမတတ်နိုင်ပါဘူး။
လုခန်းက ခါးသီးစွာ ပြုံးကာ ပြောလိုက်တယ်"သေကျေပျက်စီးမှုတွေက အရမ်းများတယ်။ အရေအတွက်အတိအကျကိုတော့ ငါတို့တွေ ရေတွက်နေတုန်းပဲ"
တစ်ခဏစကားပြောပြီးနောက် နှစ်ယောက်သား လမ်းခွဲသွားခဲ့တယ်၊ ဒီအချိန်မှာ ဘယ်သူမှ စကားပြောချင်စိတ်မရှိပါဘူးလေ။
"အချိန်ရှိတုန်း ငါ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ကို အဆင့်မြှင့်တင်ရမယ်"
လီဖူချန်းဖန်တီးခဲ့တဲ့အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဆယ့်နှစ်ခုလုံးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိထားပြီး လက်ရှိမှာ အဆုံးစွန်းအဆင့်ဆီ မြင့်တက်လာနေတယ်။
သူ အောင်မြင်သွားတာနဲ့ သူ့ခွန်အားက အဆအနည်းငယ်တိုးလာပါလိမ့်မယ်။ သူက အာဂျီလို အဆင့်၅နတ်ဆိုးတစ်ယောက်နဲ့ ဆုံတွေ့တဲ့အခါ တစ်ယောက်ချင်း အနိုင်ယူနိုင်ပါလိမ့်မယ်။
တစ်လအတွင်းမှာ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဆယ့်နှစ်ခုက အဆုံးစွန်းအဆင့်သို့ တစ်ခုပြီးတစ်ခု ချိုးဖြတ်သွားခဲ့တယ်။
သူက နောက်ထပ်ချိုးဖြတ်မှုကို ပြုလုပ်နိုင်ရင် ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုဖြစ်လာပါလိမ့်မယ်။
…
အမှောင်ပြာမြို့အရှင်ရဲ့အိမ်တော်မှာ ကမ္ဘာနတ်ဘုရားငါးယောက်က ဆွေးနွေးနေကြတယ်။
ကမ္ဘာနတ်ဘုရားငါးယောက်မှာ အမျိုးသားက လေးယောက်၊ အမျိုးသမီးက တစ်ယောက်ရှိတယ်။
"ဒါက နတ်ဆိုးစစ်တပ်ရဲ့ငါတို့ကိုစမ်းသပ်တဲ့ပထမလှိုင်းပဲ။ ဒုတိယလှိုင်းကတော့ ရင်ဆိုင်ရတာ လွယ်မှာမဟုတ်ဘူး" ပြောနေတဲ့သူက အပြာရောင်ဝတ်ရုံနဲ့ သက်လတ်ပိုင်းအရွယ်ဖြစ်တဲ့ အမှောင်ပြာမြို့အရှင်အမှောင်ပြာကမ္ဘာနတ်ဘုရားပဲ။
မီးခိုးရောင်ချပ်ဝတ်ကမ္ဘာနတ်ဘုရားရွှေကျောက်တုံးက ပြောလိုက်တယ်"အသူတရာချောက်နက်က အပြည့်အဝပြင်ဆင်ထားပေမယ့် ငါတို့က မဟုတ်ဘူး။ ဟိုကောင်တွေ ပြန်ရောက်လာရင်တော့ အသူတရာချောက်နက်က ငါတို့ကို အသာစီးယူနိုင်မှာမဟုတ်တော့ဘူး"
ကမ္ဘာနတ်ဘုရားတော်တော်များများက နတ်ဘုရားဟင်းလင်းပြင်မှာ ရှ်ိပြီး နတ်ဘုရားကမ္ဘာသို့ ပြန်ရောက်လာဖို့ အချိန်လိုအပ်တယ်။
"ဟုတ်တယ်၊ ဒီအတောအတွင်း ငါတို့တွေ ထိန်းထားရမယ်" အမျိုးသမီးကမ္ဘာနတ်ဘုရားခါရီနာက ခေါင်းညိတ်လိုက်တယ်။
သူတို့က အဆင့်၆အောက်နတ်ဆိုးတွေကို ဂရုမစိုက်ပါဘူး။
သူတို့စိုးရိမ်တာက အဆင့်၆နတ်ဆိုးတွေ ပိုထွက်ပေါ်လာမှာကိုပဲ။ အဲဒီလိုဆိုရင် သူတို့ငါးယောက်က ထိန်းထားနိုင်မှာမဟုတ်တော့ဘူး။
သူတို့က မထိန်းနိုင်ရင် သူတို့က သေချာပေါက်ပြန်ဆုတ်ရမယ်၊ သေတဲ့အထိ တိုက်ခိုက်မှာမဟုတ်ဘူး။
ဒါက သူတို့လုပ်ချင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။
…
အား.....
အမှောင်ပြာမြို့ထဲမှာ တစ်စုံတစ်ယောက်ကို အသူတရာချောက်နက်စွမ်းအားက တိုက်စားသွားခဲ့ပြီး အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်။
တစ်စုံတစ်ယောက်က အသူတရာချောက်နက်နတ်နတ်ဆိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားတာနဲ့ ၎င်းက ပြန်မကောင်းနိုင်တော့ဘူး။ ကမ္ဘာနတ်ဘုရားတွေကတောင် ဘာမှမတတ်နိုင်ဘူး။ လုပ်နိုင်တဲ့သူအချို့ရှိပေမယ့် အသူတရာချောက်နက်နတ်ဆိုးတွေဖြစ်သွားတဲ့သူတွေက အများကြီးပဲလေ။ နည်းလမ်းတစ်ခုရှိရင်လဲ အဲဒါက အနည်းစုပဲ ဖြစ်မှာပါ။
ပတ်လည်ရှိလူတွေက အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားကို မျက်ရည်စက်လက်နဲ့ သတ်ဖြတ်ခဲ့ရတယ်။
ဒါပေမယ့် ဒါကို လက်မခံနိုင်တဲ့လူအချို့လဲ ရှိတယ်။
"သူမက ငါ့ရဲ့တာအိုလက်တွဲဖော်ပဲ။ မင်းတို့တွေ သူမကို သတ်လို့မရဘူး။ မင်းတို့တွေ သူမကို သတ်လို့မရဘူး"
လူရွယ်တစ်ယောက်က သူ့အနောက်ရှိအမျိုးသမီးအသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားကို ကာကွယ်ခဲ့တယ်။
ဖူး......
အမျိုးသမီးအသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားက အဆုံးမှာ သေသွားခဲ့တယ်။ သူမကို မြို့စောင့်ခေါင်းဆောင်ငယ်က သတ်ဖြတ်ခဲ့တယ်။ သူက အော်ပြောလိုက်တယ်"မင်း အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတစ်ယောက်ကို မြင်တာနဲ့ ဘာပဲဖြစ်ဖြစ်သတ်ရမှာပဲ"
ဒီမြင်ကွင်းက ဆက်ဖြစ်နေခဲ့တယ်။ မြို့စောင့်တွေက အမှောင်ပြာမြို့ရဲ့လမ်းတွေ၊ လမ်းကြားတွေရဲ့နေရာတိုင်းမှာ ရှိတယ်။
…
အမှောင်ပြာမြို့ရဲ့နတ်ဘုရားတွေ အားတောင် ပြန်မပြည့်သေးခင် နတ်ဆိုးစစ်တပ်ရဲ့ဒုတိယလှိုင်းက ရောက်ရှိလာတယ်။
မြို့အပြင်ဘက်မှာ နတ်ဆိုးတွေက နေရာတိုင်းမှာ ရှိတယ်။
ဒီတစ်ခါမှာတော့ အဆင့်၁နတ်ဆိုးနဲ့အဆင့်၂နတ်ဆိုးတွေက ပိုနည်းပြီး အဆင့်၃နဲ့အဆင့်၄နတ်ဆိုးတွေက ပိုများတယ်။
ဒါ့အပြင် နတ်ဆိုးစစ်တပ်ထဲမှာ အချို့ဧရာမနတ်ဆိုးတွေလဲ ရှိတယ်။
ဒီဧရာမနတ်ဆိုးတွေက မြို့နံရံတွေလောက် မြင့်မားတယ်။ သူတို့ရဲ့အရှိန်အဝါက အဆင့်တူတဲ့နတ်ဆိုးတွေထက် အဆများစွာ ပိုသန်မာတယ်။
"သတ်"
နတ်ဆိုးစစ်တပ်နဲ့အမှောင်ပြာမြို့ရဲ့နတ်ဘုရားတွေက ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်။
"ကောင်းကင်ဘုံပိုက်ကွန်ပုံစံ"
အဆုံးစွန်းအဆင့်ကို ရောက်ရှိထားတဲ့ ကောင်းကင်ဘုံပိုက်ကွန်ပုံစံက ယခင်ကထက် အဆများစွာ ပိုသန်မာတယ်။
လေထဲမှာ အနက်ရောင်ဓားချီက ပိုက်ကွန်တစ်ခုအဖြစ် ယှက်ဖွဲ့သွားပြီး ယခင်ကထက်အဆအနည်းငယ်ပိုကြီးတဲ့ဧရိယာတစ်ခုကို လွှမ်းခြုံသွားခဲ့တယ်။
အသံဒါမှမဟုတ်ချီတည်ရှိမှုတစ်ခုမှ မထွက်ပေါ်လာဘဲ နတ်ဆိုးအားလုံးကို ဖြတ်တောက်သွားခဲ့တယ်။
အဆင့်၄နတ်ဆိုးတွေက လီဖူချန်းဆီ တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်လာကြတယ်။ သာမန်အဆင့်၄နတ်ဆိုး၊ အားကောင်းအဆင့်၄နတ်ဆိုးနဲ့ ထိပ်တန်အဆင့်၄နတ်ဆိုးတွေ ဖြစ်ကြတယ်။
ဒါပေမယ့် ဘာနတ်ဆိုးပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ သူတို့က အဆင့်၄ဖြစ်နေသေးသရွေ့ သူတို့က လီဖူချန်းရဲ့ဓားတစ်ချက်ကိုတောင် ရင်ဆိုင်နိုင်လိမ့်မှာမဟုတ်ဘူး။
တစ်ယောက်လာရင် သူက တစ်ယောက်သတ်မယ်။
နှစ်ယောက်လာရင် သူက နှစ်ယောက်သတ်မယ်။
တစ်ဖွဲ့လာရင် သူက တစ်ဖွဲ့လုံးကို သတ်မယ်။
အစကနေအဆုံးအထိ သူက ဓားတစ်ချက်ပဲ လိုတယ်။
လီဖူချန်းက သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ထိန်းထားနေသေးလို့၊ သို့မဟုတ်ရင် သူက သူ့ဓားကိုတောင် ဆွဲထုတ်ဖို့မလိုအပ်ပါဘူး။ နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုက ဒီအဆင့်၄နတ်ဆိုးတွေကို သတ်ဖြတ်ဖို့လုံလောက်တယ်။
ဒုတ် ဒုတ် ဒုတ်.....
လေးလံတဲ့ခြေလှမ်းတွေ။ အဆင့်၄ဧရာမနတ်ဆိုးတစ်ကောင်က သူ့ရဲ့ဧရာမပုဆိန်ကို မြှောက်ကာ လီဖူချန်းကို ခုတ်ပိုင်းခဲ့တယ်။
ဧရာမနတ်ဆိုးရဲ့နတ်ဆိုးစွမ်းအားက အားကောင်းလွန်းပြီး ထိပ်တန်းအဆင့်၄နတ်ဆိုးတစ်ကောင်ထက် အဆအနည်းငယ်ပိုသန်မာတယ်။
နတ်လုရားကမ္ဘာလိုပဲ အသူတရာချောက်နက်မှာ ခန္ဓာကိုယ်ပိုကြီးလေ၊ ခန္ဓာကိုယ်ထဲရှိနတ်ဘုရားစွမ်းအားက ပိုလေပဲ။
လီဖူချန်းက ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကိုတောင် ဖော်ထုတ်ဖို့ မလိုခဲ့ပါဘူး။ သူက ပြန်လှည့်ကာ ထိုးဖောက်လိုက်တယ်။
ဓားက မြန်လွန်းတယ်။ ဧရာမနတ်ဆိုးက သူ့ရဲ့ပုဆိန်ကို အရင်လွှဲယမ်းခဲ့ပေမယ့် ဓားနဲ့ ထိပ်တိုက်တွေ့တဲ့အခါ သူ့ပုဆိန်က မီတာအနည်းငယ်သာ ရှေ့တိုးလာခဲ့တယ်။
ဒါက ပုံမှန်အနေအထားတစ်ခုဆိုရင် သူ့ခန္ဓာကိုယ်ကို ဓားက ထိုးဖောက်သွားခဲ့ရင်တောင် ဧရာမနတ်ဆိုးက စိတ်မရှိပါဘူး။
ဒါပေမယ့် လီဖူချန်းက သူ့ရဲ့နတ်ဆိုးစွမ်းအားအားလုံးကို ဓားတစ်ချက်တည်းနဲ့ ပျောက်ကွယ်သွားစေနိုင်မယ်လို့လဲ ဧရာမနတ်ဆိုးက မမျှော်လင့်ထားခဲ့ပါဘူး။
လီဖူချန်းက သတ်ဖြတ်ရတာကို အရသာတွေ့နေတဲ့အလား စစ်မြေပြင်မှာ ဆက်လက်ရွေ့လျားနေခဲ့တယ်။
ဒီတစ်ခါမှာတော့ အဆင့်၄နတ်ဆိုးတွေက များလွန်းတယ်။ သူက မသတ်ရင် အမှောင်ပြာမြို့ရဲ့ဆန်းကြယ်နတ်ဘုရားတွေက သေကျေမှုကို ပိုခံစားရမှာပဲလေ။
အဆင့်၅နတ်ဆိုးတွေကိုတော့ ပိုင်နက်နတ်ဘုရားတွေနဲ့ချန်ထားတာ ပိုကောင်းပါတယ်လေ......
အဆင့်၅နတ်ဆိုးတစ်ယောက်ကို သတ်ဖြတ်ခြင်းက နတ်ဆိုးအမှတ်သန်းတစ်ရာသာ ရတယ်၊ ဒါက အဆင့်၄နတ်ဆိုးတစ်ရာကို သတ်ဖြတ်ခြင်းနဲ့ ညီမျှတယ်။
နှိုင်းယှဉ်ရရင် အဆင့်၄နတ်ဆိုးတစ်ရာကို သတ်ဖြတ်ခြင်းက အဆတစ်ရာပိုလွယ်တယ်။
စိတ်မကောင်းစွာ ပြောရမယ်ဆိုရင် သူက အဆင့်၅နတ်ဆိုးတွေကို လိုက်မရှာပေမယ့် အဆင့်၅နတ်ဆိုးတွေက သူ့ဆီကို ရောက်လာခဲ့တာပဲ။
အကြောင်းကတော့ သူက သိသာထင်ရှားပေါ်လွင်လွန်းနေလို့ပါပဲ။
ဒီအဆင့်၅နတ်ဆိုးရဲ့ခွန်အားက အာဂျီနဲ့ ညီမျှတယ်။
ယခင်တိုက်ပွဲတုန်းလိုဆိုရင် သူက ကောင်းကင်ဓားကြယ်ကို မထုတ်ဖော်ဘဲနဲ့ လီဖူချန်းက တစ်ယောက်ချင်းတိုက်ပွဲမှာ ရန်သူကို ရင်ဆိုင်နိုင်လိမ့်မှာမဟုတ်ဘူး။
ဒါပေမယ့် ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့အဆင့်မြင့်ဓားတာအ််ိုဆန်းကြယ်နတ်ဘုရားအတတ်၁၂ခုက အဆုံးစွန်းအဆင့်ကို ရောက်ရှိထားပြီး စွမ်းအားက အဆအနည်းငယ်တိုးလာခဲ့တယ်လေ။
"အဆုံးသတ်ဓားပုံစံ"
ဓားခုတ်ချက်ဒါဇင်က နတ်ဆိုးစွမ်းအားရဲ့ကိုးဆယ်ရာခိုင်နှုန်းကို ဖယ်ရှားပြီးနောက် လီဖူချန်းက အဆုံးသတ်ဓားပုံစံကို သုံးကာ နတ်ဆိုးကို သတ်ဖြတ်ခဲ့တယ်။
"ငါးဆယ်ဘီလီယံ၊ ခြောက်ဆယ်ဘီလီယံ......."
မသိလိုက်မသိဘာသာနဲ့ လီဖူချန်းရဲ့နတ်ဆိုးအမှတ်တွေက ဘီလီတစ်ရာအထိ တိုးလာခဲ့တယ်။
သူတို့အထဲမှာ နတ်ဆိုးအမှတ်အများစုက အဆင့်၃နတ်ဆိုးတွေမှ လာတယ်။
အမှောင်ပြာမြို့အနီးရှိနေရာလပ်-အချိန်အနက်ပိုင်းထဲမှာ။
အမှောင်ပြာမြို့ရဲ့မြို့အရှင်ဖြစ်တဲ့ကမ္ဘာနတ်ဘုရားအမှောင်ပြာက လက်သီးတစ်ချက်ပစ်လွှတ်လိုက်တယ်။ သူ့ရဲ့ကမ္ဘာနတ်ဘုရားစွမ်းအားက လိမ့်တက်လာပြီး အမျိုးသမီးအဆင့်၆နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ခဲ့တယ်။
"မဟုတ်ဘူး၊ အီလီဇာ"
သူ့ချစ်သူသေပွဲဝင်သွားတာကို မြင်ပြီး နောက်ထပ်အမျိုးသားအဆင့်၆နတ်ဆိုးတစ်ယောက်က ရူးသွပ်သွားကာ ကမ္ဘာနတ်ဘုရားအမှောင်ပြာဆီ တစ်ဟုန်ထိုးပြေးဝင်လာတယ်။
ကမ္ဘာနတ်ဘုရားအမှောင်ပြာက နှာခေါင်းရှုံ့လိုက်တယ်။ သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ကာ လုံးဝမကြောက်ပါဘူး။
"အန်လက်၊ ပြန်လာ။ ပြန်ဆုတ်ရမယ်"
အခြားအဆင့်၆နတ်ဆိုးတစ်ယောက်က အန်လက်ကို တားဆီးခဲ့ပြီး သူ့လက်ကို ဝှေ့ယမ်းကာ နေရာလပ်-အချိန်အပေါက်တစ်ခုကို ဖန်တီးလိုက်တယ်။ ကျန်ရှိနေတဲ့အဆင့်၆နတ်ဆိုးတွေက နေရာလပ်-အချိန်အပေါက်ထဲသို့ ဝင်ရောက်သွားခဲ့တယ်။
နေရာလပ်-အချိန်အပေါက်က ပိတ်သွားခဲ့တယ်။
"မင်းတို့စောင့်နေ။ ငါတို့နတ်ဆိုးစစ်တပ်တွေ ထပ်ရောက်လာတဲ့အခါကျရင် မင်းတို့ရဲ့သေနေ့ပဲ" အန်လက်ရဲ့အသံက ပဲ့တင်ထပ်သွားတယ်။
ကမ္ဘာနတ်ဘုရားအမှောင်ပြာက ဘာတစ်ခုမှ မပြောခဲ့ပါဘူး၊ သူ့မျက်နှာက စိုးရိမ်မှုအရိပ်အယောင်တစ်ခု ဖြစ်လာတယ်။
နတ်ဆိုးစစ်တပ်ရဲ့ဒုတိယလှိုင်းက သူစိတ်ကူးထားတာထက် ပိုမြန်တယ်။ တတိယလှိုင်းက မကြာမီ ရောက်လာလိမ့်မယ်။ အမှောင်ပြာမြို့က ခုခံနိုင်အုံးမှာလား။
"သူတို့ပြန်ဆုတ်တာ မြန်လှချည်လား"
လီဖူချန်းက အတော်လေးအံ့အားသင့်သွားတယ်။
"နတ်ဆိုးစစ်တပ်ရဲ့အဆင့်၆နတ်ဆိုးတွေကြားမှာ သေကျေမှုတွေ ရှိခဲ့လို့များလား"
ဒီလိုစဉ်းစားမိတဲ့အတွက် လီဖူချန်းကို အပြစ်တင်လို့မရပါဘူး။
သူတို့ဘက်က ကြီးမားတဲ့အဟုန်နဲ့ တိုက်ခိုက်ခဲ့ပေမယ့် ဆုံးဖြတ်ပေးတဲ့အချက်ကတော့ အဆင့်၆နတ်ဆိုးတွေနဲ့ကမ္ဘာနတ်ဘုရားတွေကြား တိုက်ပွဲပါပဲ။
ရန်သူရဲ့အဆင့်၆နတ်ဆိုးတွေကြားမှာ သေကျေမှုတွေ ရှိခဲ့ရင် သူတို့ပြန်ဆုတ်တာ ပုံမှန်ပါပဲ။
နောက်ထပ်အောင်ပွဲတစ်ခုကို ရပြီးနောက် အမှောင်ပြာမြို့ရဲ့နတ်ဘုရားမျိုးနွယ်က ပျော်ရွှင်သွားတယ်။ သူတို့က အခုဆိုရင် နတ်ဆိုးစစ်တပ်ရဲ့ကျူးကျော်မှုကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်တွေ ပိုရှိလာပါပြီ။
ဒါ့ပြင် နတ်ဆိုးစစ်တပ်နဲ့ တိုက်ခိုက်တာက ဘာအကျိုးအမြတ်မှ မရတာတော့ မဟုတ်ဘူး။ သူတို့ရရှိတဲ့နတ်ဆိုးအမှတ်တွေကို နတ်ဆိုးဆိုင်မှာ ပစ္စည်းတွေ ဖလှယ်ဖို့အတွက် အသုံးပြုနိုင်တယ်။
"ဟားဟား၊ ငါ့မှာ နောက်ဆုံးတော့ နတ်ဆိုးအမှတ်တွေ အလုံအလောက်ရှိလာပြီ။ ငါ ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားရုပ်သေးတစ်ရုပ်ကို သွားဝယ်ရမယ်" အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က အော်ပြောလိုက်တယ်။
ဒိီလိုအတွေးတွေရှိတဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့က ဒီအချိန်မှာ အနိုင်ရခဲ့တာက နတ်ဆိုးစစ်တပ်က လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့လိုပဲ။ ဒါ့အပြင် သူတို့အများစုက နတ်ဘုရားရုပ်သေးတွေကို ဖလှယ်ထားခဲ့လို့ပဲ။
အဆင့်တူတဲ့နတ်ဘုရားရုပ်သေးတစ်ရုပ်က ခွန်အားအရ သူတို့ထက် မနိမ့်ကျသလို မဖျက်ဆီးနိုင်ပါဘူး။ သေရေးရှင်ရေးအခိုက်အတန့်မှာ ၎င်းက သူတို့ကို ကာကွယ်နိုင်ပြီး ရန်သူရဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်တယ်လေ။
နတ်ဆိုးဆိုင်.......
မရေမတွက်နိုင်တဲ့လူတွေက နတ်ဆိုးဆိုင်ဆီ လျှောက်လာခဲ့ကြတယ်။
လီဖူချန်းလဲ နတ်ဆိုးဆိုင်ဆီ လျှောက်လာခဲ့တယ်။
သူ့ရဲ့နတ်ဆိုးအမှတ်က ရှစ်ဆယ်ဘီလီယံကျော််ကို ရောက်ရှိထားပြီး သူလိုချင်တဲ့ပစ္စည်းတွေနဲ့ ဖလှယ်နိုင်ပါတယ်။
***