ထွက်ပြေးခြင်း
Vol. 91 Ch. 1283
နတ်ဆိုးစတိုးဆိုင်ကို ရောက်ရှိပြီးနောက် လီဖူချန်းက သူဖလှယ်ချင်တဲ့ပစ္စည်းတွေကို စတင်ရွေးချယ်ခဲ့တယ်။
ပထမက ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပါပဲ။
သာမန်အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ဈေးမကြီးပါဘူး၊ နတ်ဆိုးအမှတ်တစ်ဘီလီယံပဲ လိုအပ်တယ်။
ပျမ်းမျှအဆင့်က ၁.၅ဘီလီယံ၊ ထူးကဲအဆင့်က ၂ဘီလီယံ။
ပြီးပြည့်စုံခြင်းက ပိုဈေးကြီးပြီး ၅ဘီလီယံရှိကာ အဆုံးစွန်းအဆင့်က ၁၀ဘီလီယံရှိတယ်။
သာမန်အလယ်ဆင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအတွက်ကတော့ ၎င်းက ၃ဘီလီယံသာရှိပြီး ပြီးပြည့်စုံခြင်းအဆင့်နိမ့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကိုတောင် မယှဉ်နိုင်ပါဘူး။ ပျမ်းမျှအဆင့်က ၅ဘီလီယံ၊ ထူးကဲအဆင့်က ၈ဘီလီယံ၊ ပြီးပြည့်စုံခြင်းအဆင့်က ၂၀ဘီလီယံနဲ့ အဆုံးစွန်းအဆင့်က ၄၀ဘီလီယံရှိတယ်။
လီဖူချန်းက နတ်ဆိုးအမှတ်တွေ စုဆောင်းထားတဲ့အဓိကအချက်ကတော့ အဆုံးစွန်းအလယ်ဆင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ဖလှယ်ဖို့ပါပဲ။
အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ကောင်းပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ခွန်အားနဲ့ အလွန်နီးကပ်ပြီး သူ့ခွန်အားအပေါ် ကြီးမားတဲ့မြှင့်တင်မှုတစ်ခုကို မဖြစ်စေနိုင်ပါဘူး။ အဆုံးစွန်းအလယ်ဆင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကတော့ မတူပါဘူး။ စွမ်းအားအရ ၎င်းက ပျမ်းမျှအဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ယှဉ်နိုင်တယ်။ နတ်ဘုရားစွမ်းအားသုံးစွဲမှုအရ ၎င်းက အလယ်ဆင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအဆင့်မှာသာရှိပြီး အဆင့်မြင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအဆင့်မှာ မရှိပါဘူး။
လီဖူချန်းမှာ ဆန်းကြယ်နတ်ဘုရားစွမ်းအားအများကြီးရှိပေမယ့် သူက ဒါကို မဖြုန်းတီးချင်ပါဘူး။
တုံ့ဆိုင်းမနေဘဲ လီဖူချန်းက ၄၀ဘီလီယံကို သုံးကာ အဆုံးစွန်းအလယ်ဆင့်ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့အနက်ရောင်ဓားတစ်ချောင်းနဲ့ ဖလှယ်ခဲ့တယ်။
ဒီဓားကို ကောင်းကင်ဘုံခွဲဖြာလို့ ခေါ်တယ်။
ဓားကိ ဓားအိမ်မှ ထုတ်လိုက်တဲ့အခါ ဓားချီက ပေါက်ကွဲထွက်လာတယ်။ လီဖူချန်းက ဟင်းလင်းပြင်ထဲမှာ အနက်ရောင်အက်ကြောင်းတစ်ခုကို မြင်လိုက်ရတယ်။
"ဒါကို ကောင်းကင်ဘုံခွဲဖြာလို့ခေါ်တာ အံ့ဩစရာမရှိဘူးပဲ"
လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်၊ သူက ကောင်းကင်ဘုံခွဲဖြာရဲ့စွမ်းအားအပေါ် အလွန်ကျေနပ်မိတယ်။
ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပြီးနောက် ပိုင်နက်နတ်ဘုရားအတတ်ဖြစ်တယ်။
သူက အဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့ကောင်းကင်ဘုံဓားကြယ်ကို သင်ယူခဲ့ပြီဆိုပေမယ့် လီဖူချန်းက မကျေနပ်နိုင်ပါဘူး။
နတ်ဘုရားအတတ်တိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်အထူးပြုမှုတွေ ရှိတယ်။ အချို့က ဧရိယာတိုက်ခိုက်မှုတွေအတွက် သင့်တော်တယ်၊ အချို့က ပစ်မှတ်တစ်ခုထားတိုက်ခိုက်မှုတွေအတွက် သင့်တော်တယ်၊ အချို့က အားကောင်းပြီး အချို့က မြန်တယ်။
ကောင်းကင်ဘုံဓားကြယ်က မယုံနိုင်စရာကောင်းပေမယ့် ပြီးပြည့်စုံခြင်းတော့ မရှိပါဘူး။
နောက်ထပ်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို သင်ယူတာက ဆိုးဝါးတဲ့အရာတစ်ခုမဟုတ်ပါဘူးလေ။
သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို ဖန်တီးဖို့ဆိုတာကတော့ သူက မလုပ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူက အချိန်တိုအတွင်းမှာ မလုပ်နိုင်တာပဲ။
လီဖူချန်းရဲ့ဓားတာအိုဥပဒေသနယ်ပယ်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားပြီးပြည့်စုံခြင်းနယ်ပယ်မှာပဲ ရှိပြီး ပိုင်နက်နတ်ဘုရားနယ်ပယ်ကို မရောက်ရှိသေးပါဘူး။ သူ့ရဲ့ထိုးထွင်းသိမြင်မှုက ပိုင်နက်နတ်ဘုရားနယ်ပယ်မှာရှိပေမယ့် သူက ပိုင်နက်နတ်ဘုရားအတတ်ကို ဖန်တီးနိုင်မယ်လို့ မဆိုလိုပါဘူး။ သူတို့ရဲ့တစ်ဘဝလုံးမှာ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုကိုတောင် မဖန်တီးနိုင်တဲ့အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတွေ အများကြီးရှိတယ်။
လက်ရှိမှာ အဆုံးစွန်းအဆင့်မြင့်ဓားတာအိုနတ်ဘုရားအတတ်တွေကို ဖန်တီးခြင်းက လီဖူချန်းရဲ့အကန့်အသတ်ဖြစ်တယ်။ သူက ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးချင်ရင် နှစ်အနည်းငယ်လိုပါလိမ့်မယ်။
ဒါ့ပြင် ဒါက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ချိုးဖြတ်မှုကြောင့်ပဲ။ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က မချိုးဖြတ်ခဲ့ရင် သူ့အနေနဲ့ ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့ အနည်းဆုံးဆယ်စုနှစ်အနည်းငယ်ဒါမှမဟုတ်ရာစုနှစ်တစ်ခုအထိ ကြာလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းက ဒီလိုဖြည်းဖြည်းချင်းတိုးတက်တာကို ဆန္ဒမရှိတာတော့မဟုတ်ဘူး။ သူလဲ ပိုင်နက်နတ်ဘုရားနယ်ပယ်ကို သူ့ရဲ့ဓားတာအိုဥပဒေသနဲ့ ချိုးဖြတ်ဖို့ ဆန္ဒရှိတယ်၊ သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို ဖန်တီးဖို့ ဆန္ဒရှိတယ်။
ဒါကြောင့် သူက ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖလှယ်ဖို့ စီစဉ်ထားခဲ့တယ်၊ ဒီလိုမှ ဓားတာအိုဥပဒေသတွေကို ပိုနားလည်နိုင်မှာပါ။
ပိုင်နက်နတ်ဘုရားအတတ်တစ်ခုရဲ့တန်ဖိုးက ပိုင်နက်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် အနည်းငယ်ပိုဈေးကြီးတယ်။ သာမန်အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုက နတ်ဆိုးအမှတ်၁.၅ဘီလီယံကို လိုအပ်တယ်၊ ပျမ်းမျှအဆင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုက နတ်ဆိုးအမှတ်၂ဘီလီယံကို လိုအပ်တယ်၊ ထူးကဲအဆင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုက နတ်ဆိုးအမှတ်၂.၅ဘီလီယံကို လိုအပ်တယ်၊ ပြီးပြည့်စုံခြင်းအဆင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုက နတ်ဆိုးအမှတ်၇ဘီလီယံကို လိုအပ်တယ်၊ အဆုံးစွန်းအဆင့်ပိုင်နက်နတ်ဘုရားအတတ်တစ်ခုက နတ်ဆိုးအမှတ်၁၅ဘီလီယံကို လိုအပ်တယ်။
ဒါနဲ့ ပတ်သက်ပြီးစဉ်းစားပြီးနောက် လီဖူချန်းက ပြီးပြည့်စုံခြင်းအဆင့်တစ်ခုနဲ့အဆုံးစွန်းအဆင့်တစ်ခုကို ဖလှယ်ခဲ့တယ်။
သူက စုစုပေါင်းနတ်ဆိုးအမှတ်၂၂ဘီလီယံကို အသုံးပြုခဲ့တယ်။
ကောင်းကင်ခွဲဖြာဓားအတွက်အသုံးပြုတဲ့နတ်ဆိုးအမှတ်၄၀ဘီလီယံကိုပါပေါင်းထည့်လိုက်ရင် သူ့မှာ စုစုပေါင်းနတ်ဆိုးအမှတ်၆၂ဘီလီယံရှိတယ်။
လက်ရှိမှာ လီဖူချန်းမှာ နတ်ဆိုးအမှတ်၂၀ဘီလီယံသာ ကျန်တော့တယ်။
"ငါ ဒါတွေကို နောက်ထပ်ဖလှယ်ဖို့အတွက် သိမ်းထားရမယ်။ အခုတော့ လုံလောက်ပြီ"
လီဖူချန်းက နတ်ဆိုးစတိုးဆိုင်မှ ထွက်လာခဲ့တယ်။
…
လီဖူချန်းက ကောင်းကင်ဘုံဓားကြယ်ကို ရှစ်ဆယ်ရာခိုင်နှုန်းပြီးပြည့်စုံခြင်းအထိ ကျင့်ကြံထားခဲ့ပြီးပါပြီ၊ ဒါကြောင့် သူက ပြီးပြည့်စုံခြင်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို စတင်ကျင့်ကြံခဲ့တယ်။
ဒီပြီးပြည့်စုံခြင်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို ကောင်းကင်ဘုံကိုးခုနတ်ဘုရားဓားလို့ခေါ်တယ်။
တစ်ဆယ်ရာခိုင်နှုန်းပြီးပြည့်စုံခြင်းအထိ ကျင့်ကြံပြီးတဲ့အခါကျရင် ဓားကို ဝှေ့ယမ်းတိုင်းမှာ ဓားချီနှစ်ခုကို ပေါက်ကွဲထွက်စေလိမ့်မယ်။ ဓားချီတစ်ခုစီရဲ့စွမ်းအားက ပြီးပြည့်စုံပြီး လုံးဝအားနည်းချက်မရှိပါဘူး။
နှစ်ဆယ်ရာခိုင်နှုန်းပြီးပြည့်စုံခြင်းအထိ ကျင့်ကြံပြီးတဲ့အခါ ဓားချီနှစ်ခုသာ ပေါက်ကွဲထွက်နိုင်စေပေမယ့် ဓားချီနှစ်ခုက ပိုသန်မာလာပါလိမ့်မယ်။
သုံးဆယ်ရာခိုင်နှုန်းကျင့်ကြံခြင်းက ဓားချီသုံးခုကို ပေါက်ကွဲထွက်စေလိမ့်မယ်။
…
ရှစ်ဆယ်ရာခိုင်နှုန်းမှာ သူက ဓားချီငါးခုကို ပေါက်ကွဲထွက်စေနိုင်လိမ့်မယ်။
သင်ယူသူက အများဆုံးဓားချီငါးခုထိသာ ပေါက်ကွဲထွက်စေနိုင်တာ စိတ်မကောင်းစရာတစ်ခုပါပဲ။
ဖန်တီးသူသာဆိုရင် ဓားချီကိုးခုကို ပေါက်ကွဲထွက်စေနိုင်ပြီး ဓားချီကိုးခုရဲ့စွမ်းအားက သာမန်ထက် နှစ်ဆပိုသန်မာတယ်။
ဒါက တည်ရှိမှုကိုးခုနဲ့ ရန်သူကို တိုက်ခိုက်နေတာနဲ့ အတူတူပါပဲ။ ရန်သူက မသန်မာလွန်းရင် ခုခံဖို့က မဖြစ်နိုင်ပါဘူး။
ကောင်းကင်ဘုံကိုးခုနတ်ဘုရားဓားက ပြီးပြည့်စုံခြင်းအဆင့်နိမ့်ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံဓားကြယ်ထက် ကျင့်ကြံရတာ နှစ်ဆပိုခက်ခဲတယ်။ လီဖူချန်းမှာ ကောင်းကင်ဘုံဓားကြယ်ကို ကျင့်ကြံတဲ့ အတွေ့အကြုံရှိတာ ကံကောင်းသွားတယ်။ ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက ဝင်စအခြေအနေသာ ရှိသေးပြီး အဲဒါက တစ်ဆယ်ရာခိုင်နှုန်းပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိတာနဲ့ ညီမျှတယ်။
"သွားစမ်း"
ကျယ်ပြောတဲ့နေရာလပ်-အချိန်ထဲမှာ လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အနက်ရောင်ဓားချီနှစ်ခုက ဒေါသထွက်နေတဲ့အနက်ရောင်နဂါးနှစ်ကောင်ပမာ ရိုက်ခတ်လာတယ်။
"ဒါက ငါ့လိုလူနှစ်ယောက်တိုက်ခိုက်နေတာနဲ့ အတူတူပဲ။ ဒီဓားတာအိုပိုင်နက်နတ်ဘုရားအတတ်က တကယ်ကို အားကောင်းတယ်"
လီဖူချန်းက ဂရုတစိုက် ခံစားလေ့လာခဲ့တယ်။
နောက်ထပ်နှစ်လကြာပြီးနောက် လီဖူချန်းက သုံးဆယ်ရာခိုင်နှုန်းထိ ကျင့်ကြံခဲ့တယ်၊ ဒါက အကြိုပြီးပြည့်စုံခြင်းအခြေအနေဖြစ်တယ်။
"ကောင်းကင်ဘုံကိုးခုနတ်ဘုရားဓား"
ဒီတစ်ခါမှာတော့ အနက်ရောင်ဓားချီသုံးခုက ပေါက်ကွဲထွက်လာတယ်။
ဒီနှစ်လအတွင်းမှာ ကောင်းကင်ဘုံကိုးခုနတ်ဘုရားဓားကို အကြိုပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံတာအပြင် လီဖူချန်းက အခြားအဆုံးစွန်းအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်သုံးခုကို ဖန်တီးခဲ့တယ်။
ဒီမတိုင်ခင် သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ခြောက်ထရီလီယံရှိတယ်။ ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဆယ့်နှစ်ခုကို အဆုံးစွန်းအဆင့်အထိ မြှင့်တင်ပြီးနောက် ရှစ်ထရီလီယံကို ရောက်ရှိထားခဲ့တယ်။
လက်ရှိမှာ သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ဆယ်ထရီလီယံကို ကျော်လွန်သွားပြီဖြစ်တယ်။
ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းတိုးလာတာနဲ့အမျှ လီဖူချန်းက ကောင်းကင်ခွဲဖြာဓားကို အသုံးပြုရာမှာ ပိုလွယ်ကူလာတယ်။
တတိယမြောက်လမှာ နတ်ဆိုးတတိယလှိုင်းက ရောက်ရှိလာခဲ့တယ်။
ဒီတစ်ခါမှာတော့ အဆင့်မြင့်နတ်ဆိုးတွေရဲ့အရေအတွက်က ပိုများလာတယ်။
ဒီအချိန်မှာ အဆင့်၆နတ်ဆိုးတစ်ယောက်ပိုလာတာကို လီဖူချန်းနဲ့အခြားသူတွေက မသိပါဘူး။
ယခင်က ခြောက်ယောက်ရှိပြီး တစ်ယောက်သေသွားပြီးနောက် ငါးယောက်ကျန်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ ခုနှစ်ယောက်ရှ်ိလာနေတယ်။
အဆင့်၆နတ်ဆိုးတွေထဲကတစ်ယောက်မှာ ရှေးကျပြိးအားကောင်းတဲ့ချီတည်ရှိမှုတစ်ခုရှိပြီး သာမန်အဆင့်၆နတ်ဆိုးတစ်ယောက်မဟုတ်ပါဘူး။
"အဆင့်၆အလယ်ဆင့်နတ်ဆိုးလား"
ကမ္ဘာနတ်ဘုရားအမှောင်ပြာရဲ့အမူအရာက လေးနက်သွားတယ်။
နတ်ဘုရားတွေလိုပဲ နတ်ဆိုးတွေမှာလဲ အဆင့်တွေ ရှိတယ်။
အလယ်ဆင့်အဆင့်၆အသူတရာချောက်နက်နတ်ဆိုးတစ်ယောက်က အလယ် အလယ်ဆင့်ကမ္ဘာနတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။
အမှောင်ပြာမြို့ရဲ့ကမ္ဘာနတ်ဘုရားငါးယောက်ထဲမှာ သူတစ်ယောက်သာ အလယ်ဆင့်ပိုင်နက်နတ်ဘုရားဖြစ်တယ်။
"ဒါက ရင်ဆိုင်ရတာ မလွယ်ဘူးပဲ" ကမ္ဘာနတ်ဘုရားတစ်ယောက်က စိုးရိမ်စွာ ပြောလိုက်တယ်။
သူ့ရဲ့စိုးရိမ်မှုက အကြောင်းပြချက်ရှိပါတယ်။
ဒီနေရာက အသူတရာချောက်နက်ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး နတ်ဆိုးတွေ တိုက်ခိုက်ဖို့အတွက် ပိုသင့်တော်လာတယ်။ သူတို့ရဲ့ခွန်အားကို အကြီးအကျယ်သက်ရောက်နေခဲ့တယ်။
"ငါတို့တွေ တိုက်ခိုက်ကြည့်ကြတာပေါ့"
အားလုံးထဲမှာ ကမ္ဘာနတ်ဘုရားအမှောင်ပြာကပဲ အဆင့်၆အလယ်ဆင့်နတ်ဆိုးနဲ့ ရင်ဆိုင်နိုင်တာပါ။
နတ်ဘုရားရုပ်သေးတွေကို လဲလှယ်ပြီးနောက် အမှောင်ပြာမြို့ထဲရှိနတ်ဘုရားဘုရင်အရေအတွက်က လျော့လာပေမယ့် ဒီတစ်ခါမှာတော့ အသာစီးရမှုက ယခင်ထက် နှစ်ဆပိုလာတယ်။
"ဟားဟား၊ အရမ်းကောင်းတယ်။ ငါ နတ်ဘုရားရုပ်သေးတွေကို လဲလှယ်သင့်တာ ကြာပေါ့"
စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က နတ်ဘုရားရုပ်သေးတွေကို သုံးပြီး အဆင့်၃နတ်ဆိုးတစ်ယောက်ရဲ့တိုက်ခိုက်မှုလှိုင်းတွေကို ခုခံကာ အခွင့်အရေးကို အမိအရယူပြီး အဆင့်၃နတ်ဆိုးကို ဖယ်ရှားပစ်ခဲ့တယ်။ ဒါက သူ့ကို အလွန်အမင်းစိတ်ကျေနပ်သွားစေခဲ့တယ်။
"သူ့ခွန်အားက ငါနဲ့ အတူတူပဲကို အဖိုးကြီးဝူက နတ်ဆိုးအမှတ်တွေ ဘာကြောင့်ပိုရနေသလဲကို ငါက အံ့အားသင့်နေတာ။ ဒါကြောင့်ကိုး"
နတ်ဘုရားရုပ်သေးတွေက အသုံးဝင်တယ်။ စစ်မြေပြင်က ပြိုင်ဘက်ကင်းနတ်ဘုရားရုပ်သေးတွေနဲ့ ပြည့်နေတယ်။
"ဒီခွေးမသားနတ်ဘုရားတွေ၊ သူတို့က ငါတို့နဲ့ တိုက်ခိုက်ဖို့ ဒီလိုမမျှမတတဲ့နည်းလမ်းတွေကို မှီခိုနေတာပဲ"
နတ်ဆိုးတွေက ဒေါသထွက်သွားတော့တယ်။ သူတို့က နတ်ဘုရားတွေကို အထင်သေးနိုင်ပေမယ့် ဒီနတ်ဘုရားတွေမှာ နည်းလမ်းမျိုးစုံရှိတာကိုတော့ ဝန်ခံရပါမယ်။
"စောင့်ကြတာပေါ့။ အရှင်ကျီးလေ့က အဲဒီကမ္ဘာနတ်ဘုရားတွေကို ရင်ဆိုင်ပြီးတာနဲ့ ငါတို့တွေ ဒင်းတို့ကို အလွယ်တကူသုတ်သင်လို့ရပြီပဲ"
"အရှင်ကျီးလေ့က အရမ်းအားကောင်းတဲ့အဆင့်၆အလယ်ဆင့်နတ်ဆိုးတစ်ယောက်ပဲ။ သူက အသူတရာချောက်နက်ဒုတိယအလွှာကမီးခိုးရောင်ရွာမြေရိုင်းရဲ့အရှင်လို့ငါကြားတယ်"
"ပိုင်နက်တစ်ခုရဲ့အရှင်ကိုး။ အံ့ဩစရာမရှိပါဘူးလေ"
…
"စိတ်ဝိညာဉ်ရှာဖွေနိဗ္ဗာနလက်သည်း....."
နေရာလပ်-အချိန်အနက်ပိုင်းထဲမှာ ကျီးလေ့က ကမ္ဘာနတ်ဘုရားအမှောင်ပြာရဲ့လည်ပင်းကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေခဲ့ပြီး သူ့ရဲ့စိတ်ဝိညာဉ်ကို ဆွဲထုတ်ဖို့ ကြိုးစားလိုက်တယ်။
"ပေါက်ကွဲစမ်း"
ကမ္ဘာနတ်ဘုရားအမှောင်ပြာက လက်မခံလိုမှုတွေနဲ့ ပြည့်သွားတယ်။
ကျီးလေ့က အဆင့်မြင့်ပိုင်နက်နတ်ဘုရားနဲ့ နီးကပ်လောက်တဲ့အထိ အားကောင်းလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။
သူက မသေချင်ပေမဲ့လဲ သူ့ရဲ့စိတ်ဝိညာဉ်ကို ရန်သူ့လက်ထဲကို ကျရောက်သွားစေခြင်းရဲ့အကျိုးဆက်ကို ကမ္ဘာနတ်ဘုရားအမှောင်ပြာက သိတယ်။
ဒါကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်ခဲ့တယ်။
အုန်း.....
နေရာလပ်-အချိန်က တုန်ခါသွားပြီး ကျီးလေ့က လွင့်ထွက်သွားကာ သွေးတွေ အန်ထွက်သွားရတယ်။
"တောက်"
သူက တစ်ဖက်လူရဲ့စိတ်ဝိညာဉ်ကို မထိန်းချုပ်နိုင်တဲ့အတွက် ဒေါသထွက်သွားတယ်။
အလယ်ဆင့်ကမ္ဘာနတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က သူ့အတွက် အလွန်အသုံးဝင်တယ်။ သူက အဲဒါကို သုံးပြီး သူ့ရဲ့ကိုယ်ပိုင်ခွန်အားကို တိုးစေနိုင်သလို အကျိုးအမြတ်အချို့အတွက် အခြားတစ်ယောက်နဲ့ လဲလှယ်နိုင်တယ်လေ။
ကမ္ဘာနတ်ဘုရားအမှောင်ပြာသေဆုံးသွားတာနဲ့အတူ အခြားကမ္ဘာနတ်ဘုရားလေးယောက်က ဘာမှ မတတ်နိုင်တော့ဘဲ အမှောင်ပြာမြို့ကို စွန့်ခွာကာ ထွက်ပြေးသွားခဲ့ရတော့တယ်။
ကမ္ဘာနတ်ဘုရားတွေထွက်သွားတာနဲ့အတူ အဆင့်၆နတ်ဆိုးတွေက နောက်ဆုံးတော့ ကမ္ဘာနတ်ဘုရားအောက်တည်ရှိမှုတွေနဲ့ ရင်ဆိုင်လာနိုင်ပါပြီ။
ကြီးမားတဲ့အပေါက်တစ်ခုက ကောင်းကင်မှ ပွင့်ထွက်သွားပြီး ကြောက်စရာကောင်းတဲ့ပုံရိပ်တွေက တစ်ယောက်ပြီးတစ်ယောက် ထွက်လာတယ်။
ဒီပုံရိပ်ခုနှစ်ခုကို မြင်ပြီး လီဖူချန်းက ဆိုးဝါးတဲ့အတွေးတချို့ ဖြစ်ပေါ်သွားတယ်။
သူ့မှာ အမြင်အာရုံကောင်းမရှိရင်တောင် ဒီပုံရိပ်ခုနှစ်ခုလုံးက အဆင့်၆နတ်ဆိုးတွေဆိုတာ မြင်နိုင်ပါသေးတယ်။
အဆင့်၆နတ်ဆိုးတွေ ထွက်ပေါ်လာတဲ့အချိန်မှာ ကမ္ဘာနတ်ဘုရားတွေက မထွက်ပေါ်လာခဲ့ဘူး။ ဒါက ကိစ္စတော်တော်များများကို ရှင်းပြခဲ့တယ်။
"ပြေးတော့"
လီဖူချန်းက မဆိုင်းမတွဆုံးဖြတ်ချက်ချခဲ့ပြီး တိတ်တဆိတ်ထွက်ပြေးဖို့ နေရာလပ်-အချိန်ဥပဒေသကို ထုတ်ဖော်ခဲ့တယ်။
"ဟားဟား၊ ငါတို အလိုရှိသလောက် စားသောက်လို့ရပြီဟေ့"
အဆင့်၆နတ်ဆိုးတစ်ကောင်က ဆုတ်ကိုင်လိုက်ပြီး ပိုင်နက်နတ်ဘုရားတွေရဲ့စိတ်ဝိညာဉ်အမြောက်အများကို ဆွဲထုတ်လိုက်တယ်။
"ငါတို့ရဲ့ကမ္ဘာနတ်ဘုရားတွေရော"
လူတိုင်းက အော်လိုက်တယ်။
"ပြေးတော့ မင်းတို့တတ်နိုင်သမျှ မြန်မြန်ပြေးကြတော့"
လုကလန်ရဲ့ပိုင်နက်နတ်ဘုရားဆရာသခင်ဖြစ်တဲ့စိတ်ဝိညာဉ်ဓားပိုင်နက်နတ်ဘုရားဆရာသခင်က လုကလန်ရဲ့ပိုင်နက်နတ်ဘုရားတွေနဲ့လုကလန်ရဲ့ပါရမီရှင်ကလေးတွေကို ဦးဆောင်ကာ စတင်ထွက်ပြေးခဲ့တယ်။ အခြားလုမိသားစုကလေးတွေကိုတော့ ရွေးချယ်စရာမရှိစွာနဲ့ စွန့်ပစ်ထားခဲ့ရတယ်။
ကြယ်ငါးလုံးကလန်တွေ စတင်ထွက်ပြေးမှတော့ ကျန်ရှိနေတဲ့သူတွေက တိုက်ခိုက်ချင်စိတ်တွေ မရှိတော့ပါဘူး။
ချက်ချင်းပဲ အမှောင်ပြာမြို့ရဲ့နတ်ဘုရားမျိုးနွယ်က စတင်ပျက်ဆီးလာခဲ့တော့တယ်။
"ထွက်ပြေးချင်နေတာလား"
"အသူရာစိတ်ဝိညာဉ်ဖမ်းမှော်"
အစိမ်းရင့်ရောင်ဆံပင်နဲ့အမျိုးသမီးအဆင့်၆နတ်ဆိုးတစ်ယောက်က လက်နှစ်ဖက်နဲ့အတူ ချိတ်ပိတ်တစ်ခုကို ဖန်တီးလိုက်တယ်။ ကောင်းကင်မှာ ဧရာမမှော်အစီအရင်တစ်ခုက ထွက်ပေါ်လာတယ်။ မှောင်အစီအရင်က လည်ပတ်နေရင်း မရမတွက်နိုင်လောက်တဲ့နတ်ဘုရားမျိုးနွယ်ရဲ့စိတ်ဝိညာဉ်တွေကို ဖမ်းဆီးသွားခဲ့တော့တယ်။
အဆင့်မြင့်နတ်ဆိုးတွေကို စိတ်ဝိညာဉ်ကျင့်ကြံသူတွေလို မသတ်မှတ်နိုင်ပေမယ့် သူတို့အားလုံးက စိတ်ဝိညာဉ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တယ်။
နတ်ဘုရားမျိုးနွယ်ထဲမှာ စိတ်ဝိညာဉ်ကျင့်ကြံသူတွေကလွဲပြီး ဒီကဏ္ဍတွေမှာ တစ်ယောက်မှ သူတို့ထက် ပိုမမြင့်ပါဘူး။
သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က တုန်ခါနေတာကို ခံစားမိပြီး လီဖူချန်းရဲ့ထွက်ပြေးနှုန်းက ပိုတောင်မြန်လာတယ်။
သူက အဆင့်၆နတ်ဆိုးတွေရဲ့အာရုံကို မဆွဲဆောင်ချင်ပါဘူး။
သူ့မှာ သူ့ရဲ့ချီတည်ရှိမှုကိုဖုံးကွယ်နိုင်တဲ့စိတ်ဝိညာဉ်ပါရမီရှိတာ ကံကောင်းသွားတယ်။ သို့မဟုတ်ရင် သူ့အနေနဲ့ အာရုံမဆွဲဆောင်နိုင်ဖို့က ခက်ခဲတယ်။ တကယ်တော့ အဆင့်၆နတ်ဆိုးတစ်ယောက်ရဲ့စိတ်ဝိညာဉ်က အလွန်အားကောင်းပြီး ဝှေ့ယမ်းမှုတစ်ခုနဲ့တင် သူတို့က အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။
အချိန်ဘယ်လောက်ကြာမှန်းတောင်မသိတော့တဲ့အထိ ထွက်ပြေးပြီးနောက် သူ့ပတ်လည်မှာနတ်ဆိုးတစ်ကောင်မှ မရှိတော့တဲ့အခါကျမှ လီဖူချန်းက ရပ်တန့်ခဲ့တယ်။
"အမှောင်ပြာမြို့က ဒီလိုနဲ့ ပျက်ဆီးသွားပြီပေါ့"
လီဖူချန်းက အလွန်အကူအညီမဲ့နေတယ်။ အမှောင်ပြာမြို့ပျက်ဆီးပြီးနောက် ဆေးမျှော်စင်၊ ရွှယ်ယွဲ့နဲ့အခြားသူတွေ ဘယ်လိုဖြစ်နေမလဲဆိုတာ သူ မသိတော့ဘူး။
လီဖူချန်းက ဒါကို မစဉ်းစားချင်ပေမယ့် ဆေးမျှော်စင်က ပျက်ဆီးသွားလောက်ပြီးဆိုတာကို သူ သိတယ်။ တကယ်တော့ အလွန်နည်းပါးတဲ့သူတွေကပဲ အဆင့်၆နတ်ဆိုးခုနှစ်ယောက်လက်ထဲမှ လွတ်မြောက်နိုင်တာလေ။
ဒါပေမယ့် လီဖူချန်းမှာလဲ ရွေးချယ်စရာမရှိပါဘူး။ သူက သူ့ကိုယ်သူတောင် မကာကွယ်နိုင်တာလေ။
"ငါ သာမန်အဆင့်၃နတ်ဘုရားမြို့တွေကို သွားလို့မရဘူး။ ငါ မီးပြင်းဖိုမြို့ကို တစ်ချက်သွားကြည့်ရမယ်"
ဒါက အဆင့်၃နတ်ဘုရားမြို့တစ်ခုဆိုပေမယ့် မတူညီမှုတွေအများကြီးရှိတယ်။ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံကိုကျင်းပတဲ့ဆေးမီးပြင်းဖိုမြို့လိုနေရာတွေမှာ ကြယ်ခြောက်လုံးဂိုဏ်းတွေ အတော်အသင့်ရှိတယ်လေ။ ကမ္ဘာနတ်ဘုရားတွေလဲ အရေအတွက်တစ်ခုအထိ ရှိမှာပဲလေ။ ထိုနေရာကို သွားမှသာ အခြေချလို့ရမှာပါ။
***