← Chapters

မီးဆေးဆန်းကြယ်နတ်ဘုရားမှ တောင်းဆိုခြင်း

Vol. 91 Ch. 1284

မီးဆေးဆန်းကြယ်နတ်ဘုရားမှ တောင်းဆိုခြင်း

Vol. 91 Ch. 1284

တစ်လအကြာနေ့ရောညရောခရီးနှင်ပြီးနောက် နောက်ဆုံးမှာ လီဖူချန်းက မီးပြင်းဖိုမြို့ရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာတယ်။

မီးပြင်းဖိုမြို့မှာလဲ ကြီးမားတဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပေမယ့် အနီးဝန်းကျင်မှာ နတ်ဘုရားမျိုးနွယ်တွေ ရှိတာကို မြင်ပြီး လီဖူချန်းက စိတ်သက်သာရာရသွားတယ်၊ သူတို့က စစ်မြေပြင်ကို ရှင်းလင်းနေပုံရတယ်။

မီးပြင်းဖိုမြို့က မကျိုးပေါက်သေးဘူးဆိုတာ သိသာတယ်။

"မင်းက ဓားဆေးဆန်းကြယ်နတ်ဘုရားလီဖူချန်းပဲ"

မီးပြင်းဖိုမြို့ရဲ့လမ်းပေါ်မှာ လျှောက်နေရင်း အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က လီဖူချန်းကို သတိပြုမိခဲ့တယ်။

"ဟုတ်တယ်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

"မင်းဘာလို့ငါတို့မီးပြင်းဖိုမြို့ကို ရောက်လာတာလဲ။ မဟုတ်မှလွဲရော....." အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက ခန့်မှန်းလိုက်တယ်။

လီဖူချန်းက နောက်ထပ်ခေါင်းညိတ်လိုက်တယ်"အမှောင်ပြာမြို့က ပျက်ဆီးသွားပြီ၊ ငါ ဒီနေရာကို ထွက်ပြေးလာခဲ့တာ"

နောက်ထပ်လူတွေလူ‌တွေက လီဖူချန်းကို သတိပြုမိခဲ့တယ်။ တကယ်တော့ ကြယ်လေးလုံးဆေးနတ်ဘုရားညီလာခံက ပြီးကာစပဲ ရှိသေးတာလေ၊ လူတိုင်းက လီဖူချန်းရဲ့လွှမ်းမိုးမှုကို အမှတ်ရနေတုန်းပါပဲ။

"လီဖူချန်း၊ ငါတို့ဆေး‌မျှော်စင်ရဲ့ဒုခေါင်းဆောင်က မင်းကို ဖိတ်ခေါ်ခိုင်းလိုက်တယ်" မီးပြင်းဖိုမြို့ဆေးမျှော်စင်ရဲ့ဆန်းကြယ်နတ်ဘုရားတစ်ယောက်က လီဖူချန်းကို လာရှာခဲ့တယ်။

"ကောင်းပြီလေ"

ဆန်းကြယ်နတ်ဘုရားက သူ့ကို မီးပြင်းဖိုမြို့ရဲ့ဆေးမျှော်စင်နဲ့ ပူးပေါင်းစေချင်တယ်ဆိုတာ လီဖူချန်းက ခန့်မှန်းစရာတောင် မလိုပါဘူး။

တကယ်တော့ အမှောင်ပြာမြို့ရဲ့ဆေးမျှော်စင်က မတည်ရှိတော့ပါဘူးလေ။

ဆေးမျှော်စင်ထဲမှာ လီဖူချန်းက မီးဆေးဆန်းကြယ်နတ်ဘုရားဟော်ရွှယ်ရီကို မြင်တွေ့ခဲ့တယ်။ သူက တစ်ခုခုကို နားလည်ပုံရကာ လီဖူချန်းကို ခေါင်းညိတ်ပြလိုက်တယ်။

ဆေးမျှော်စင်ရဲ့ဧည့်ခန်းထဲမှာ ဆေးမျှော်စင်ဒုခေါင်းဆောင်ကျောက်ရှန်းယန်က ပြောလိုက်တယ်"တကယ်‌တော့ ဆေးမျှော်စင်အားလုံးက မိသားစုတစ်စုတည်းပါပဲ။ ‌ငါတို့ဆေးမျှော်စင်ရဲ့ခေါင်းဆောင်က ခရမ်းတိမ်ဆေးနတ်ဘုရားဆရာသခင်ပဲ။ မင်းအနေနဲ့ ဘာမှ ဖိအားဖြစ်နေစရာမလိုဘူး။ လွတ်လွတ်သာနေ"

ကျောက်ရှန်းယန်က ဒီလိုပြောလာမှတော့ လီဖူချန်းက မငြင်းပယ်တော့ပါဘူး။

ဒီလိုနဲ့ လီဖူချန်းက ဟော်ရွှယ်ရီလို မီးပြင်းဖိုမြို့ရဲ့အဆင့်နိမ့်အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့တယ်။

"အကြီးအကဲလီ၊ မင်းမှာ နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတွေ ရှိသေးလား။ ငါ့ချမ်ကလန်က ဆေးလုံးတစ်သောင်းကို အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံနဲ့ ဝယ်ယူဖို့ ဆန္ဒရှိတယ်"

ချမ်ကလန်က မီးပြင်းဖိုမြို့ရဲ့အဆင့်၆ကလန်တွေထဲကတစ်ခုဖြစ်ပြီး အဆင့်နိမ့်ကမ္ဘာနတ်ဘုရားတစ်ယောက်က ကလန်ကို စောင့်ကြပ်နေတယ်။

ဒီနေ့မှာ ချမ်ကလန်ရဲ့အဆင့်မြင့်အကြီးအကဲတစ်ယောက်က ရောက်ရှိလာတယ်။

နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးက အဆင့်မြင့်ကြယ်လေးလုံးသာမန်နတ်ဘုရားဆေးလုံးတွေထဲမှာ ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်ဖို့ ကူညီပေးတဲ့ အကောင်းဆုံးနတ်ဘုရားဆေးလုံးတွေထဲကတစ်ခုဖြစ်တယ်။ ယေဘုယျအားဖြင့် ဆန်းကြယ်နတ်ဘုရားတစ်ယောက်မှာ နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးကို အသုံးပြုဖို့ အခွင့်အရေးသုံးခုရှိတယ်။ တစ်စုံတစ်ယောက်က သုံးကြိမ်တိတိကြိုးစားပြီးနောက် မချိုးဖြတ်နိုင်ရင် သူတို့အနေနဲ့ အနာဂတ်မှာ အချိန်အတော်ကြာတဲ့အထိ ချိုးဖြတ်ဖို့က မဖြစ်နိုင်တော့ဘူး။

ဒါကြောင့် အရည်အသွေးမြင့်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတွေကို သူက လိုအပ်တယ်။ နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးရဲ့အရည်အသွေးက ပိုမြင့်လေ၊ ချိုးဖြတ်ဖို့ အခွင့်အရေးက ပိုမြင့်လေပဲလေ။

မီးပြင်းဖိုမြို့ထဲမှာ လီဖူချန်းက နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတွေကို သန့်စင်ရာမှာ နံပါတ်၂ဆိုရင် သူတို့က နံပါတ်၁လို့ ပြောရဲတဲ့သူအများကြီးမရှိပါဘူး။ ကြယ်ငါးလုံးဆေးနတ်ဘုရားတွေကတောင် မပြောရဲပါဘူး။

ဒါကြောင့် လီဖူချန်းက မီးပြင်းဖိုမြို့ကို ရောက်ရှိလာတာကို သိပြီးနောက် ချမ်ကလန်ကို ဆေးလုံးတွေအတွက် ချက်ချင်းလူလွှတ်ခဲ့တယ်။ သူတို့ပေးတဲ့ဈေးနှုန်းက အ‌တော်လေးရက်ရောပါတယ်။

ပုံမှန်အနေအထားမှာ သာမန်အဆင့်နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးတစ်လုံးက အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်သိန်းကျသင့်တယ်။ ပျမးမျှဆင့်က အဆင့်မြင့်နတ်ဘုရားကျောက်တုံးငါးသိန်းကျသင့်တယ်။ ထူးကဲအဆင့်က နှစ်သန်း၊ ပြီးပြည့်စုံခြင်းအဆင့်က ဆယ်သန်းနဲ့ အဆုံးစွန်းအဆင့်က အနည်းဆုံးသန်းငါးဆယ်ကျသင့်တယ်။

ဒါပေမယ့် အဆုံးစွန်းအဆင့်ဆေးလုံး‌တွေမှာလဲ ကွာခြားချက်တွေ ရှိပါတယ်။ လီဖူချန်းသန့်စင်တဲ့နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးက အဆုံးစွန်းအဆင့်၉ရှိတယ်။ ဒါပေမယ့် အဆင့်မြင့်နတ်ဘုရား‌ကျောက်တုံးတစ်ဘီလီယံအထိ ရောက်ရှိဖို့က မဖြစ်နိုင်ပါဘူး။ အများဆုံးသန်းတစ်ရာဒါမှမဟုတ်သန်းနှစ်ရာလောက်ပေါ့။

ချမ်ကလန်က အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံနဲ့ ကမ်းလှမ်းတယ်ဆိုတော့ အတော်လေးရက်ရောတာပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ သူတို့က လီဖူချန်းနဲ့ မိတ်ဆွေဖြစ်ဖို့ ကြိုးစားနေတာပါပဲ။

ဘယ်လိုပဲပြောပြော အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံက ချမ်ကလန်အတွက် မများပါဘူး။

လီဖူချန်းက ပြောလိုက်တယ်"ငါ့မှာ သန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတွေပဲ ရှိတယ်။ ချမ်ကလန်က သူတို့ကို ဝယ်ယူချင်ရဲ့လား"

"သန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးလား" ချမ်ဟိုင်က မှင်တက်သွားတယ်"မင်းမှာ ဘယ်လောက်ထိ ရှိတာလဲ"

နည်းလွန်းရင်တော့ အဓိပ္ပါယ်မရှိပါဘူး။ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတိုင်းမှာ နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးသုံးလုံးရှိရမယ်လို့ ချမ်ကလန်က မျှော်မှန်းထားခဲ့တာပါ။

"တစ်သောင်းအောက်တော့မကျဘူး" လီဖူချန်းက တဲ့တိုးပဲ ပြောလိုက်တယ်။

တကယ်တော့ လီဖူချန်းမှာ နတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးသိန်းအနည်းငယ်ရှိတယ်။

"တစ်သောင်းအောက်မကျဘူးလား"

ချမ်ဟိုင်က တံတွေးမျိုချလိုက်မိတယ်၊ သူက ပြောလိုက်တယ်"ငါ့ချမ်ကလန်က အားလုံးဝယ်ချင်တယ်။ တန်ဖိုးကတော့ အကြီးအကဲလီစိုးရိမ်စရာမရှိပါဘူး။ ငါ့ချမ်ကလန်က သူတို့အားလုံးအတွက် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံပေးမယ်"

"ငါ ချမ်ကလန်ကို တစ်သောင်းပဲ ရောင်းနိုင်မယ်"

အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။ ဒါ့ပြင် လီဖူချန်းက အရူးတစ်ယောက်မဟုတ်ပါဘူး၊ သူက အင်းကွက်ခြောက်ခုသန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတွေကိုပဲ အများဆုံးပေးမှာပါ။ အင်းကွက်ခုနှစ်ခုသန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတွေကိုတော့ နည်းနည်းပဲ ပေးမှာပါ။

ဒီလိုနဲ့ လီဖူချန်းရဲ့နေရာလပ်ကျောက်တုံးမှာ နောက်ထပ်အဆင့်မြင့်ကျောက်တုံးတစ်ထရီလီယံ ရောက်ရှိလာခဲ့တယ်။

လီဖူချန်းမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးသုံးရာထရီလီယံကျော်ရှိပေမယ့် ဒါက အရေးကြီးတဲ့အချိန်ကာလတစ်ခုလေ။ နတ်ဆိုးစစ်တပ်ရှိသရွေ့ သူက ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ နတ်ဘုရားကမ္ဘာရဲ့စွမ်းအင်ကို မစုပ်ယူနိုင်ဘူးလေ။ ဒါကြောင့် နတ်ဘုရားကျောက်တုံးတွေ ပိုများလေ၊ သူ့အတွက် ပိုကောင်းလေပဲ။

ဒါ့အပြင် ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်တဲ့အခါကျရင်လဲ နတ်ဘုရားကျောက်တုံးကြီးမားတဲ့ပမာဏတစ်ခုကို လိုအပ်ပါတယ်။

နောက်ထပ်ဂိုဏ်းတွေကလဲ ဆေးလုံးတွေအတွက် လီဖူချန်းဆီ ရောက်ရှိလာခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာ လီဖူချန်းရဲ့သန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးအားလုံးက အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ စုစုပေါင်းလေးဆယ်ထရီလီယံရှိတယ်။

သူရောင်းချခဲ့တဲ့အခြားသန္ဓေပြောင်းနတ်ဘုရားဆေးလုံးတွေအပါအဝင် လီဖူချန်းက စုစုပေါင်းအဆင့်မြင့်နတ်ဘုရားကျောက်တုံးခြောက်ဆယ်ထရီလီယံခန့်ကို ရရှိခဲ့တယ်။

နတ်ဘုရားကျောက်တုံးတွေကြောင့် မျက်စိပိတ်မနေဘဲ လီဖူချန်းက ကောင်းကင်ဘုံကိုးခုနတ်ဘုရားဓားကို နေ့တိုင်း ကျင့်ကြံနေခဲ့တယ်။

သူ့အတွက်တော့ ဒါက အရေးကြီးဆုံးအရာပဲ။ နတ်ဘုရားကျောက်တုံးတွေရဖို့က ဘေးပန်းအလုပ်တစ်ခုသာ ဖြစ်တယ်။

ဟိန်းသံ.....ဟိန်းသံ.....ဟိန်းသံ.....

နတ်ဆိုးတွေက မီးပြင်းဖိုမြို့ဆီ ဒီရေလှိုင်းတစ်ခုအလား ပြေးဝင်လာခဲ့တယ်။

စစ်ပွဲက နောက်တစ်ကြိမ်စတင်လာပါပြီ။

"အကို၊ ထိန်းထားနိုင်သေးရဲ့လား" ဟော်မေက ဟော်ရွှယ်ရီကို ကြည့်ကာ စိုးရိမ်တကြီးမေးလိုက်တယ်။

သူမရဲ့အကိုဟော်ရွှယ်ရီက ဆေးတာအိုဥပဒေသကိုသာ အဓိကထားကျင့်ကြံခဲ့ပြီး တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ပါဘူး။ ဒါကြောင့် သူ့ရဲ့ကျင့်ကြံခြင်းက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိပေမယ့် သူက အချို့အဆင့်၄အလယ်ဆင့်နတ်ဆိုးတွေအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။

"ငါ ထိန်းထားနိုင်သေးတယ်။ ဂရုစိုက်အုံး"

ဟော်ရွှယ်ရီက သူ့ရဲ့ခွန်အားကို အဆအနည်းငယ်တိုးစေတဲ့နတ်ဘုရားဆေးတစ်လုံးကို သုံးစွဲခဲ့ပြီး နတ်ဆိုးတွေနဲ့ ဆက်တိုက်ခိုက်နေခဲ့တယ်။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ‌ဆေးရဲ့ဆိုးကျိုးတွေက ရောက်ရှိလာခဲ့တယ်။ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က တဖြည်းဖြည်းကုန်ခန်းလာပြီး သူ့ရဲ့အခြေအနေက ပိုဆိုးလာတယ်။ ဟော်မေရဲ့အချိန်မီကယ်တင်မှုကြောင့်မဟုတ်ရင် ဟော်ရွှယ်ရီက သေသွားလောက်ပါပြီ။

"အကို၊ ဟော်ကလန်ကို ပြန်ဆုတ်ကြစို့။ အဲမှာ ပိုဘေးကင်းတယ်"

ဟော်မေက အကြံပြုလိုက်တယ်။

ဟော်ရွှယ်ရီက ခေါင်းခါယမ်းလိုက်တယ်"မရဘူး၊ ဟော်ကလန်က သာမန်နတ်ဘုရားတွေ၊ အစစ်အမှန်နတ်ဘုရားတွေနဲ့ ဖွဲ့စည်းထားတာ။ ငါတို့ ပြန်ဆုတ်လို့မရဘူး"

ဟော်ကလန်က ကြယ်ငါးလုံးကလန်တစ်ခုဖြစ်ပေမယ့် ၎င်းကို အဓိကကလန်တစ်ခုလို့ မသတ်မှတ်နိုင်ပါဘူး။ ကလန်ထဲမှာ အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ပဲ ရှိတာပါ။

"မင်းတို့နှစ်ယောက်သေစမ်း" အဆင့်၄အလယ်ဆင့်နတ်ဆိုးလေးယောက်နဲ့အဆင့်‌၄အဆင့်မြင့်နတ်ဆိုးတစ်ယောက်က တိုက်ခိုက်လာခဲ့တယ်။

ဟော်မေက အံကြိတ်ကာ ရှေ့သို့ တိုးသွားတယ်။

အုန်း......

ဟော်မေက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ပေမယ့် သူမက အဆင့်၄အလယ်ဆင့်နတ်ဆိုးလေးယောက်နဲ့အဆင့်‌၄အဆင့်မြင့်နတ်ဆိုးတစ်ယောက်အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။ သူမက လွင့်ထွက်ကာ သွေးအန်သွားခဲ့ရတယ်။

ဟော်မေက လဲကျသွားတာကို မြင်ပြီး အနက်ရောင်ဓားချီတစ်ခုက ရိုက်ခတ်လာကာ အဆင့်၄နတ်ဆိုးတွေကို ဗလာနတ္ထိဖြစ်သွားစေခဲ့တယ်။

"ဟော်ရွှယ်ရီ၊ မင်း နိုင်သေးရဲ့လား။ ဒါမှမဟုတ် ဘေးကင်းဇုန်ကို ပြန်ဆုတ်ပြီး တစ်ချက်အနားယူပါလား"

မီးပြင်းဖိုမြို့မှာ ဘေးကင်းဇုန်တွေအများကြီးရှိပြီး ၎င်းတို့ကို ကျွမ်းကျင်သူများစွာက စောင့်ကြပ်ပေးထားတယ်။

"လီဖူချန်း၊ ကျေးဇူးအများကြီးတင်ပါတယ်"

ဟော်ရွှယ်ရီက အံ့အားသင့်သွားတယ်။ လီဖူချန်းက ဆေးတာအိုမှာ အံ့မခန်းဖြစ်ရုံသာမက ဓားတာအိုမှာလဲ အံ့မခန်းပါပဲ။ ဓားတစ်ချက်က အဆင့်၄နတ်ဆိုးလေးယောက်ကို သတ်ဖြတ်ဖို့ လုံလောက်တယ်။ ဒီလိုခွန်အားက ပထမတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့အဆင့်မှာ ရှိတယ်။

"အကို၊ သူလဲ ဆေးနတ်ဘုရားတစ်ယောက်ပဲ။ ဒါပေမယ့် သူက ဘာလို့ အကိုထက် ပိုသန်မာရတာလဲ" ဟော်မေက လီဖူချန်းရဲ့ပုံရိပ်ကို အကဲဖြတ်နေခဲ့တယ်။

ဟော်ရွှယ်ရီက ခါးသီးစွာ ပြုံးလိုက်တယ်"သူက ဓားဆေးဆန်းကြယ်နတ်ဘုရားလို့ လူသိများတယ်။ သူက ဓားတာအိုကိုလဲ လေ့လာလိုက်စားမှာပါ'

ဟော်ရွှယ်ရီနဲ့ဟော်မေက သူတို့ကိုယ်သူတို့ဖိအားမပေးခဲ့ဘဲ အနားယူဖို့အတွက် ဘေးကင်ဇုန်သို့ ပြန်ဆုတ်သွားခဲ့တယ်။

နောက်ထပ်နှစ်နာရီကြာပြီးနောက် သူတို့နှစ်ယောက်က သတ်ဖြတ်ခြင်းကို ထပ်မံစတင်ခဲ့တယ်။

တစ်‌ယောက်ယောက်က ဘေးကင်းဇုန်မှာ အများဆုံးနှစ်နာရီပဲ နေခွင့်ရှိတာပါ။

အဝေးမှ လီဖူချန်းက နတ်ဆိုးတွေကို သတ်ဖြတ်နေတဲ့မြင်ကွင်းကို နှစ်ယောက်သား မြင်တွေ့ခဲ့တယ်။

လီဖူချန်းက ဘယ်လိုလုပ်ပထမတန်းစားအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်နိုင်မှာလဲ။ သာမန်နဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဆရာသခင်တွေကတောင် လီဖူချန်းထက် နိမ့်ကျတယ်။

ခုတ်ချက်တစ်ချက်နဲ့အတူ ဧရိယာထဲရှိနတ်ဆိုးတွေအားလုံးက ဗလာနတ္ထိဖြစ်သွားခဲ့တယ်။ တစ်ယောက်မှ လီဖူချန်းအတွက် ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး။

"အံ့အားသင့်စရာပဲ" ဟော်မေရဲ့မျက်နှာက လေးစားအားကျမှုတွေနဲ့ ပြည့်သွားတယ်။

လီဖူချန်းက ဆေးတာအိုမှာ ပြိုင်ဘက်ကင်းရုံသာမက သူ့ရဲ့ဓားတာအိုကလဲ ကြောက်စရာကောင်းတယ်။

"ဒါ တကယ်ကို အံ့မခန်းပဲ" ဟော်ရွှယ်ရီက လီဖူချန်းကို လုံးဝလေးစားအားကျသွားခဲ့တယ်။

သူက ဆေးတာအိုကို နှလုံးသားတစ်ခုလုံးနစ်မြုပ်ကာ ကျင့်ကြံခဲ့ပေမယ့် သူက လီဖူချန်းက အများကြီးနိမ့်ကျတယ်။ လီဖူချန်းက ဆေးတာအိုကို ကျင့်ကြံရုံသာမက သူက ဓားတာအိုကိုလဲ ကျင့်ကြံခဲ့တယ်။ ဒါ့အပြင် ဓားတာအိုမှာ လီဖူချန်းရဲ့အောင်မြင်မှုက မယုံနိုင်လောက်အောင် မြင့်မားတယ်။

ဒီလိုလူမျိုးကိုမှ မွန်းစတားတစ်ကောင်လို့ ခေါ်ဆိုနိုင်တာပါ။

"မကောင်းတော့ဘူး၊ အဆင့်၄နတ်ဆိုးတစ်ရာကျော်က လီဖူချန်းကို ပစ်မှတ်ထားနေပြီ" ဟော်မေက ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်တယ်။

ဆန်းကြယ်နတ်ဘုရားတစ်ရာကျော်ဆိုရင် ဟော်မေက မစိုးရိမ်ပါဘူး။ အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်တဲ့လီဖူချန်းရဲ့ခွန်အားနဲ့ဆိုရင် သူ့အနေနဲ့ ဆန်းကြယ်နတ်ဘုရားတစ်ရာကျော်ကို သတ်ဖြတ်ဖို့က မလွယ်ပါဘူး။

ဒါပေမယ့် ဒီနေရာက အသူတရာချောက်နက်ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ နတ်ဘုရားတွေရဲ့ခွန်အားကို အဆတစ်ရာလောက် ကန့်သတ်ထားခဲ့တယ်။ ဒီလိုအနေအထားတစ်ခုမှာ အားကောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ကတောင် အဆင့်၄နတ်ဆိုးတစ်ရာကျော်နဲ့ တိုက်ခိုက်ရတာ ခက်ခဲတဲ့အချိန်တစ်ခု ရှိပေလိမ့်မယ်။

ဒါပေမယ့် မကြာမီမှာပဲ သူမရဲ့စိုးရိမ်မှုက အလဟဿဆိုတာ ဟော်မေက သိခဲ့တယ်။

အဆင့်၄နတ်ဆိုးတစ်ရာကျော်နဲ့ရင်ဆိုင်ရတာတောင် လီဖူချန်းက သူတို့ကို ဓားတစ်ချက်တည်းနဲ့  သတ်ဖြတ်နိုင်ခဲ့တယ်။

"ဒါက" ဟော်မေနဲ့ဟော်ရွှယ်ရီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိတယ်။

"ဒီလိုသတ်ဖြတ်ရတာ သိပ်ကောင်းတာပဲ" အဆင့်၄နတ်ဆိုးတစ်ရာကျော်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်ပြီးနောက် လီဖူချန်းက နတ်ဆိုးအမှတ်သန်းတစ်ရာကျော်ကို ရရှိခဲ့တယ်။

ရက်များစွာကြာ သတ်ဖြတ်မှုပြုပြီးနောက် နတ်ဆိုးစစ်တပ်က နောက်ဆုံးမှာ ပြန်ဆုတ်သွားခဲ့တယ်။

"လီဖူချန်း၊ မင်းမှာ သန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးတွေရှိသေးလား"

ဒီနေ့မှာ ဟော်ရွှယ်ရီက လာမေးခဲ့တယ်။

လီဖူချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်"မင်း အဆင့်နိမ့်ပိုင်နက်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်တော့မှာလား"

ဟော်ရွှယ်ရီက ခါးသီးစွာ ပြုံးလိုက်တယ်"အရင်တုန်းကဆိုရင်တော့ ငါ ဒီလို ‌‌ရွေးချယ်မှာမဟုတ်ဘူး။ ဒါပေမယ့် အခုတော့ မ‌တူတော့ဘူး။ ငါ အခုမချိုးဖြတ်ရင် နောက်တစ်ကြိမ်နတ်ဆိုးစစ်တပ်ရဲ့ကျုးကျော်မှုလာတဲ့အခါကျရင် အသက်ရှင်နိုင်မလားဆိုတာ မသေချာတော့ဘူး"

ဟော်ရွှယ်ရီရဲ့ကျင့်ကြံခြင်းပါရမီက အားမနည်းပါဘူး။ ပိုင်နက်နတ်ဘုရားနယ်ပယ်အသာထား၊ ကမ္ဘာနတ်ဘုရားနယ်ပယ်ကိုတောင် သူက အလွယ်တကူချိုးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် သန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်ဆေးလုံးကို သုံးစွဲပြီးရင်တော့ သူ့ရဲ့အနာဂတ်ချိုးဖြတ်ခြင်းကို သက်ရောက်ပါလိမ့်မယ်။ သက်ရောက်မှုက ရေရှည်ဖြစ်ပြီး ယာယီမဟုတ်ပါဘူး။

ဟော်ရွှယ်ရီက ဒီလိုပြောမှ‌တော့ လီဖူချန်းက ဘာပြောနိုင်မှာလဲ။

လီဖူချန်းက နတ်ဘုရား‌ဆေးတစ်လုံးကို ယူထုတ်ကာ ပြောလိုက်တယ်"ဒါက အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်နယ်ပယ်ဆေးလုံးပဲ။ ဒါက သက်ရောက်မှုကို အနည်းဆုံးထိ လျော့ကျစေနိုင်မှာပါ"

"အင်းကွက်ရှစ်ခုလား" ဟော်ရွှယ်ရီက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ဒါဆိုလဲ ငါ မင်းကို ကျေးဇူးတင်ရမှာပေါ့။ ငါ ဒါအတွက် ဘယ်လောက်ပေးရမလဲ"

အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်နယ်ပယ်ဆေးလုံးက သေချာပေါက်တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတစ်ခုပဲ။ ပုံမှန်အနေအထားမှာ လီဖူချန်းက အဲဒါကို မရောင်းပါဘူး။ ဒါကြောင့် ဟော်ရွှယ်ရီက နတ်ဘုရားကျောက်တုံးတွေ ပေးဖို့ အဆိုပြုရင် လီဖူချန်းကို စော်ကားတာပါပဲ။

"ငါ မင်းကို လက်ဆောင်ပေးတာပါ"

လီဖူချန်းက အင်းကွက်ရှစ်ခုသန္ဓေပြောင်းနတ်ဘုရားနဂါးချိုးဖြတ်ပိုင်နက်နယ်ပယ်ဆေးလုံးတွေ မကင်းမဲ့ပါဘူး။ သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အင်းကွက်ကိုးခုဆေးလုံးတောင်ရှိတာလေ။

***

All Chapters