ထိုအချိန်က…
Vol. 159 Ch. 2213
ထိုအချိန်က သူမသည် ကောင်းကင်ဂိုဏ်းမှလူများနှင့်လိုက်ပါကာ တိမ် ပင်လယ်မြို့သို့ ပြိုင်ပွဲဝင်ရန်လာခဲ့သည်။ သူမ ဤနေရာသို့ရောက်သည်နှင့် အဂ္ဂိရတ်အသင်းမှ ဗုဒ္ဓမှိုအခိုးခံရသည်ကိုကြားခဲ့ပြီး တစ်မြို့လုံး နိုးနိုးကြားကြား ရှိနေသည့်အချိန်ဖြစ်သည်။ မိုဒိဆန်းသည် နောက်မှအလိုက်ခံရပြီး သူမအခန်း ထဲထိရောက်လာကာ ဗုဒ္ဓမှိုကို သူခိုးသွားကြောင်း သိခဲ့ရသည်။ သို့သော် သူမ သည် အဂ္ဂိရတ်အသင်းထဲတွင်နေကာ ထုတ်မပြခဲ့ပေ။
သူ ရူးမိုက်သည့်လုပ်ရပ်များ မလုပ်ရန်အတွက် သူမသည် အဂ္ဂိရတ် အသင်း ဆီသို့သွားကာ ဗုဒ္ဓမှိုကို ကူညီပြီးယူပေးခဲ့သည်။ ဤအရေးကြီးသည့် ခြံဝန်းတွင် သူမ ရွှမ်ချုံးဟော်ကို ပထမဆုံးအကြိမ်တွေ့ခဲ့သည်။
ထိုနှစ်က…
ဆေးဥယျာဉ်အပြင်ဘက်တွင် အတားအဆီးတစ်ခုရှိနေခဲ့ပြီး လေဟာနယ် ထဲတွင် ပရိယာယ်များသည့် အတက်အကျများရှိခဲ့သည်။ သူမသည် ဟိန်းသံ လေးကိုခေါ်ထုတ်ပြီး သူနှင့်ပေါင်းစပ်ကာ ရိုးရှင်းစွာပင်လျှောက်ဝင်လာခဲ့သည်။
အတားအဆီးရှိနေ၍ ထိုနေရာတွင် အစောင့်အကြပ်မရှိသောကြောင့် ရှီမာယူယူသည် အလွယ်တကူပင်ဝင်ခဲ့သည်။
“ဆေးဥယျာဉ်ထဲက ပန်းခင်းအသေးသုံးခုမြောက်ကိုဝင်ပြီးရင် အဲဘေးမှာ ဝိညာဉ်အပင်တစ်ပင်ရှိတယ် သစ်ပင်အောက်ကနေ အရှေ့ကိုဆယ်လှမ်းလှမ်းရ မယ်” သူမသည် လျှောက်ရင်းနှင့် ရေရွတ်ကာ နောက်ဆုံးတွင် နူးညံ့သည့် မြေ နေရာသို့ရောက်လာလေသည်။
မြေဆီလွှာသည် အသစ်ပြင်ထားသည်မှာမကြာသေးသဖြင့် လတ်ဆတ် နေတုန်းပင်ဖြစ်သည်။ သူမသည် မိုဒိဆန်းပြောသည့်အတိုင်း နှစ်ကြိမ်မျှတူး လိုက်ရာ ကျောက်စိမ်းသေတ္တာတစ်လုံးကိုတွေ့ခဲ့သည်။ သူမသည် သေတ္တာကို ဝိညာဉ်စေတီအတွင်းထည့်ကာ မိုဒိဆန်းကိုပေးခဲ့သည်။
သူမ ထလိုက်သောအခါ ဘေးမှဆေးပင်တစ်ပင်သည် မြေဆီလွှာများဖြင့် ဖုံးအုပ်နေသည်ကို မြင်လိုက်ရသည်။ သူမ သွားပြီး မြေဆီလွှာကိုခါချကာ ဆေး ပင်၏ သစ်ရွက်များကို သုတ်ပေးလိုက်သည်။
“ဒီနေရာက ဗုဒ္ဓမှိုစိုက်ခဲ့ဖူးတဲ့ နေရာပဲ” နွေးထွေးသောအသံတစ်သံသည် အနောက်မှထွက်လာသည်။
ရှီမာယူယူ လန့်သွားကာ လှည့်ကြည့်လိုက်ရာ ရုတ်တရက် ဘီးတပ် ကုလားထိုင်ပေါ်တွင်ထိုင်နေသည့် အမျိုးသားတစ်ယောက်သည် သူမကို ပြုံးပြ နေသည်ကို မြင်လိုက်ရသည်။
ကြည့်နေသည်ဟုဆိုသော်လည်း သူ့မျက်လုံးများသည် ဗဟိုချက်မရှိ သဖြင့် မျက်လုံးပြဿနာရှိသူဖြစ်နိုင်သည်။
သူမသည် လူမိသွားသည့်အတွက် ရှက်ရွံ့ခြင်းမရှိဘဲ မျက်စိရှေ့မှလူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ့လက်များသည် ဘီးတပ်ကုလားထိုင်၏ လက်တန်းနှစ်ဖက်တွင် တင် ထားသည်။ လှပသောမျက်နှာရှိကာ မျက်ခုံးနှစ်ဖက်ကြားမှာ ပင်ပန်းနွမ်းနယ် နေပုံပင်။
သူသည် သူမ၏ သေးငယ်သောလှုပ်ရှားမှုများကို မြင်ရသည့်အလား ရှီမာ ယူယူကို အသာကြည့်သည်။ သို့သော် သူမမြင်ရပေ။
“ရှင်က ဘယ်သူလဲ ဘယ်တုန်းကလာတာလဲ” ရှီမာယူယူသည် ခြေနှစ် လှမ်းရှေ့တိုးကာ သူ့ကို နိုးကြားစွာကြည့်လိုက်သည်။
“ငါက အမြဲတမ်းဒီမှာရှိနေတာ မင်းသတိမထားမိတာလေ” ထိုလူပြော လေသည် “မင်းငါ့ကိုရွှမ်ချုံးလို့ ခေါ်လို့ရပါတယ်”
“ရွှမ်ချုံးလား” ရှီမာယူယူသည် ခေတ္တမျှစဉ်းစားလိုက်သည်။ သို့သော် ထို နာမည်ကို မကြားဖူးသဖြင့် သူသည် မည်သူမည်ဝါဖြစ်သည်ကို သူမ မသိပေ။
“ဟုတ်တယ်” ရွှမ်ချုံးသည် ပြုံးပြီးခေါင်းညိတ်လိုက်သည်။
“ရှင်က တစ်ချိန်လုံး ဒီမှာရှိနေတာလား” ရှီမာယူယူသည် စမ်းသပ်သလို မေးလိုက်သည်။
“ဟုတ်တယ်” ရွှမ်ချုံး ဝန်ခံလေသည်။ သူမကို သူ မြင်ရသည် မမြင်ရ သည်ကို ဘာမှမပြောပေ။
“ဒီမှာဘာလုပ်နေတာလဲ”
“ဆေးပင်အနံ့ရှူနေတာ”
ဆေးပင်အနံ့ရှူတယ်ဟုတ်လား။
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဗုဒ္ဓမှိုအနံ့ရလို့ ဒီကို ရောက်လာတာမဟုတ်ဘူးလား။
“စိတ်ပူဖို့မလိုပါဘူး ငါ မင်းအကြောင်း ဘာမှမပြောပါဘူး” ရွှမ်ချုံးသည် သူမ စိုးရိမ်နေသည့်အရာကို ထောက်ပြလေသည်။
သူ တကယ် မြင်နေရတာပဲ။
မဟုတ်ဘူး သူမ စဉ်းစားနေတာကို သူ ဘယ်လိုသိတာလဲ။
သူမသည် ဤကိစ္စကို မည်သို့ဖြစ်ရှင်းရမလဲဟု စဉ်းစားပြီး သူ့ကို ကြည့် လိုက်သည်။
“မင်းကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူးလေ” ရွှမ်ချုံး ရှင်းပြလေသည်။
“ဘာလို့ ကျွန်မအတွက် လျှို့ဝှက်ထားပေးတာလဲ” ရှီမာယူယူ နားမလည် နိုင်ဖြစ်နေသည်။
“ဘာလို့လဲဆိုတော့ ငါက အဂ္ဂိရတ်အသင်းနဲ့ ဘာမှမဆိုင်လို့လေ” ရွှမ်ချုံး ပြောလေသည် “ငါက မမြင်ရတဲ့ဒုက္ခိတပဲ.. ငါဂရုစိုက်စရာဘာအကြောင်းမှမရှိ ဘူး”
“ဒါဆို ရှင်က ဒီမှာဘာလုပ်နေတာလဲ.. တကယ်ပဲဆေးပင်အနံ့ရှူနေတာ လား” သူမ မယုံပေ။
“ဘာအရောင်လဲဆိုတာကို မသိတဲ့ငါတို့လိုလူအတွက်ကတော့ အနံ့က အာရုံငါးပါးလိုပဲ အရေးကြီးတယ်” ရွှမ်ချုံးသည် လက်ချောင်းကိုယှက်ထားသည် “ငါက ကမ္ဘာကြီး ဘယ်လိုပုံစံရှိလဲဆိုတာကို မမြင်ရပေမဲ့ အနံ့ခံလို့ရတယ်လေ”
“ရှင့်မျက်လုံးတွေက ဘယ်တုန်းကမှ မမြင်ခဲ့ရဘူးလား” သူ၏ အေးချမ်း သည့် အသွင်အပြင်ကိုမြင်သောအခါ ရှီမာယူယူ လျှောက်သွားလိုက်သည်။
“တခြားလူတွေပြောသလိုဆိုရင် ငါ ၁ နှစ် ၂ နှစ်တုန်းက မြင်ရတယ်ပြော တယ်.. တစ်ချိန်လုံးကြီး ကန်းနေတာတော့မဟုတ်ဘူး.. ဒါပေမဲ့ အဲတုန်းက မှတ်ဉာဏ်တွေ ငါ့မှာမရှိတော့ဘူး” ရွှမ်ချုံးဟော် စနောက်လေသည်။
ထိုမျှငယ်ရွယ်သောကလေးသည် မမှတ်မိနိုင်ပေ။ ထိုစဉ်က ကမ္ဘာကြီးကို မြင်ခဲ့လျှင်တောင် မည်သို့မှတ်မိတော့မည်နည်း။
ထို့ကြောင့် သူသည် ကောင်းကင်ကြီး၏အရောင်ကိုမသိသလို ပန်းများ မည်သို့ရှိသည်ကိုလည်းမသိပေ။
“သမားတော်နဲ့မပြဘူးလား”
“ပြပြီးပြီ ဒါပေမဲ့ ဘယ်သမားတော်ကမှ အကြောင်းအရင်းကိုရှာမတွေ့ဘူး ငါက တစ်ချိန်လုံးမမြင်ရတာဆိုတော့ အသားကျနေပါပြီ”
“ဒါပေမဲ့ ရှင်က ကမ္ဘာကြီးကိုမမြင်ရဘူးမလား” ရှီမာယူယူ ပြောလိုက် သည် “ရှင့်ပတ်ဝန်းကျင်က ပစ္စည်းတွေကို ခွဲခြားဖို့အတွက် အံ့ဖွယ်အာရုံကို မှီခိုနေတာထက် ကမ္ဘာကြီးက ဘယ်လိုပုံစံရှိလဲ၊ ကောင်းကင်ကြီးက ဘယ်လို အရောင်ရှိလဲဆိုတာ ရှင်သိချင်တယ်”
ရွှမ်ချုံး၏ နှုတ်ခမ်းထောင့်မှအပြုံးသည် လေးနက်သွားကာ ပြောလိုက် သည် “မင်းက ငါ့လိုလူမျိုးရဲ့ အတွေးကိုတော်တော်သိတာပဲ.. မင်းလည်း ကြုံဖူး လို့လား”
နောက်ပိုင်းတွင် သူ့နာမည်မှာ ရွှမ်ချုံးမဟုတ်ဘဲ ရွှမ်ချုံးသည် မျိုးရိုး နာမည်ဖြစ်ပြီး သူ့နာမည်မှာ ကြိုးကြာနှင့်တူသည် ရွှမ်ချုံးဟော်ဖြစ်သည်။
လက်ရှိတွင်…
သူသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ပြုံးနေပြီး ထိုနေရာတွင် ရှိနေဆဲ ပင်။ သို့သော် အတိတ်ကကဲ့သို့ သန့်ရှင်းသည့်အပြုံးမရှိတော့ပေ။
“ငါတို့တွေ ထပ်တွေ့ကြပြန်ပြီ” ရွှမ်ချုံးဟော် ပြောလိုက်သည်။
အရင်က ကြားဖူးသည့် အက်ကွဲနေသည့်အသံနှင့်မတူတော့ဘဲ သည် တစ်ကြိမ်တွင် သူ၏မူရင်းအသံကို သုံးလေသည်။ သူ၏သရုပ်မှန်မှာ ပေါ်ပေါက် သွားသဖြင့် အသံတုလုပ်ရန်မလိုတော့ပေ။
“မဟုတ်ဘူး” ရှီမာယူယူသည် မှတ်ဉာဏ်ထဲမှ နိုးထလာကာ သူ့မျက်လုံး ထဲသို့ စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည် “ရှင်နဲ့ကျွန်မ ပထမဆုံးတွေ့ တာပါ အဲဒါကြောင့် ရင်းနှီးသလိုလာမလုပ်ပါနဲ့”
“ပထမဆုံးတွေ့တာလား” ရွှမ်ချုံးဟော်သည် တိုးညင်းသောအသံဖြင့် နှစ် ကြိမ်မျှရယ်မောလေသည် “ငါက ရွှမ်ချုံးဟော်မဟုတ်ဘူးလို့ မင်းထင်နေတာ လား”
“မဟုတ်ဘူးလား” ရှီမာယူယူ ပြန်မေးလေသည် “ရှင်က သူနဲ့တူတယ်လို့ ဘာလို့ထင်တာလဲ.. သူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်လို့ သူလို့ထင်သွားတာလား”
ရွှမ်ချုံးဟော်သည် လက်များကိုဖြန့်လိုက်သည် “သူ့ဝိညာဉ်.. သူ့ခန္ဓာကိုယ် ဘာလို့မဖြစ်ရမှာလဲ”
“ရှင်လုပ်နိုင်တာကို သူ မလုပ်နိုင်ဘူး.. တစ်ခုလေးတောင်မှပဲ” ရှီမာယူယူ ပြောလေသည် “ရှင် ဒီလောက်လူတွေအများကြီးသတ်ခဲ့တာ.. နှလုံးတွေအများ ကြီးစားခဲ့တာ.. လူတွေရဲ့အကြောက်တရားနောက်လိုက်ရတာကို ကြိုက်တာ.. သူများတွေရဲ့ အကြောက်တရားနဲ့ မျှော်လင့်ချက်ကင်းမဲ့တာကို ကြိုက်တာ.. ရှင်က သူမဟုတ်ဘူး”
“ဟား ဟား ဟား” ရွှမ်ချုံးဟော် ရယ်မောလေသည်။ သူ့အသံသည် နားထောင်၍ ကောင်းတုန်းပင် “သူသာ မတွေးဖူးရင် ငါက အလွယ်တကူ သူ ဖြစ်လာနိုင်မလားဆိုပြီး မင်း တွေးဖူးလား”
“ဘာအဓိပ္ပာယ်လဲ”
“ဘယ်လိုအခြေအနေနဲ့ ဘယ်အချိန်တုန်းက သူ့ကိုယ်သူ ငါ့ကိုပေးခဲ့တာ လဲဆိုတာ မင်းသိလား” ရွှမ်ချုံးဟော် သူမကို မေးလေသည်။
“မသိဘူး.. ဒါပေမဲ့ ကျွန်မသိတာကတော့ ရှင့်ရဲ့အကျပ်ကိုင်မှုနဲ့ မက်လုံး အောက်မှာ ဒါတွေဖြစ်လာတာပဲ” ရှီမာယူယူသည် အတပ်ပြောလေသည်။
“အစတုန်းက အကြာကြီးနေမှထွက်လာမလို့ပဲ.. ဒါပေမဲ့ မင်းသေသွားတဲ့ အချိန်မှာ သူ့ခန္ဓာကိုယ်ထဲက သွေးတွေက လှိမ့်တက်လာပြီး အသက်ရှူသံတွေ မတည်ငြိမ်တော့ ချိပ်စည်းကလည်း မငြိမ်နိုင်တော့ဘူး ငါလည်း အဲအခွင့်အရေး မှာ ချိပ်စည်းဖောက်ပြီး ထွက်လာလိုက်တာပဲ” ရွှမ်ချုံးဟော်သည် သူမကို စိုးရိမ် တကြီးကြည့်လေသည်။ သို့သော် တွေးဆစွာဖြင့် ရှင်းပြလိုက်သည် “အဲတုန်းက သူ့ကို ငါဘာမှမလုပ်ခဲ့ပါဘူး.. ငါက နှစ်တွေအများကြီး ငါ့ကိုလက်ခံမယ့်သူရှာ နေတာ.. သေချာပေါက် ငါ သူ့ကိုအသေမခံနိုင်ဘူးလေ ဟုတ်တယ်မလား.. ငါက သူ့ကိုအသေမခံနိုင်တဲ့အပြင် သူ့ခန္ဓာကိုယ်ထဲကစွမ်းအားကို ငြိမ်ကျသွားအောင် လည်း ကူညီခဲ့တယ်.. ဒါပေမဲ့ မင်းရဲ့သေဆုံးမှုက သူ့အတွက် ခက်ခဲခဲ့တယ်.. သူ့ အတွက် အရမ်းကိုသက်ရောက်မှုကြီးတော့ ငါက ချိပ်စည်းဖောက်လိုက်တော့ သူ့ရဲ့အရင်ဒဏ်ရာတွေနဲ့ဆိုတော့ သူ့ခန္ဓာကိုယ်က သတိမေ့သွားခဲ့တယ်”
သူမ ပညာရှိစံအိမ်တော်တွင် သေဆုံးသည်ကို မြင်ခဲ့ရသည့်အတွက် သူ ဤမျှခက်ခဲသွားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။
“သူက မင်းကိုသဘောကျတာ မင်းမသိဘူးလား.. ကိုယ်ချစ်တဲ့လူက ကိုယ့်ရှေ့မှာ သေသွားတာကိုကြည့်ရတဲ့ နာကျင်မှုက ကျွတ် ကျွတ်…”
***