အဝင်နဲ့အထွက်
Vol. 159 Ch. 2214
သူ့နောက်ကျောရှိ ရှီမာယူယူ၏ ညာဘက်လက်သည် တင်းကြပ်အောင် ဆုပ်သွားလိုက် ပြေလျော့သွားလိုက်ဖြင့် သူမ၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ် နေရသည်။
ရွှမ်ချုံးဟော်က သူမကို သဘောကျတာလား။ ဒါက သူမ ထင်တောင် ထင်မထားဘူး။ နောက်ဆုံးတစ်ယောက် တွေ့တုန်းက သူအပြုအမူမှားသွားတာ ကလွဲရင် သူတို့နှစ်ယောက်က အရင်ကလိုမျိုးဘာမှ ကွာခြားသွားတာမျိုးမရှိပါ ဘူး။ သူမသည် သူ့ကိုမိတ်ဆွေကောင်း တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကာ သူ့ အတွင် တခြားအတွေးများရှိလိမ့်မည်ဟု ထင်မထားပေ။
သူမ နောက်ထပ်ထင်မထားသည်မှာ သူသည် သူမ၏ သေဆုံးမှုကြောင့် ယခုလိုဖြစ်သွားရသည်။
သူမ၏ မျက်နှာထား မပြောင်းလဲသည်ကို ကြည့်ပြီး ရွှမ်ချုံးဟော် ဆက် ပြောလေသည် “သူ အသက်သစ်ပေါင်အောက်မှာ ဘာတာအိုကို သင်ခဲ့လဲမင်း သိလား”
ရှီမာယူယူသည် သူ နောက်ပြောလာမည့်စကားများကို မျှော်ရင်းနှင့် စိုက် ကြည့်လိုက်သည်။ သူ့ကို မမေးလျှင်တောင် ပြောမည်မှန်း သူမသိသည်။ အကြောင်းမှာ သူသည် သူမကိုအနိုင်ယူပြီး အပြစ်မကင်းစိတ်ခံစားစေလိုကာ သူမကို တိုက်ခိုက်ချင်၍ဖြစ်သည်။
“စိတ်ဆန္ဒမဲ့ခြင်း” ရွှမ်ချုံးဟော်သည် ဆက်ပြောလေသည် “ငါက သူ့ခန္ဓာကိုယ်ထဲမှာရှိနေလို့လားပဲ.. သူ့မှာ ဘာဆန္ဒမှမရှိသရွေ့ ငါက သူ့ချိပ်စည်း ကို ချိုးဖျက်ရင်တောင် သူ့ကိုမသေစေမချင်း ဘာမှဖြစ်လာမှာမဟုတ်ဘူး.. ကံကောင်းလို့ သူ့မှာ ဆန္ဒတွေရှိနေတယ်”
ရှီမာယူယူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရာ သူမ၏ လက်သည်းများသည် လက်ဖဝါးအတွင်းသို့နစ်ဝင်သွားသည်။ သူမသည် သူ့ကို ဒေါသတကြီးပြောလိုက်သည် “မင်းက သူအားအနည်းဆုံးအချိန်မှာ သူ့စိတ်နဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်တာပဲ”
“ငါက သူ့ကိုနည်းနည်းပဲ လမ်းပြပေးလိုက်တာပါ” ရွှမ်ချုံးဟော် ရယ်မော လေသည် “မင်းကြောင့်သာမဟုတ်ရင် သူက ဘယ်ကနေလာမှာလဲ.. ဘယ်က နေလာခဲ့မှာလဲ.. မင်းရဲ့သေဆုံးမှုကြောင့်သာမဟုတ်ရင် သူ့ကိုယ်သူအပြစ်မတင် သလို အားလည်းလျော့သွားမှာမဟုတ်ဘူး.. အဲဒါကိုအခွင့်အရေးယူဖို့ ငါ့အတွက် ဘယ်မှာအခွင့်အရေးရှိတော့မှာလဲ”
“ရွှမ်ချုံးဟော်အကြောင်း ပြောလို့ပြီးပြီလား.. အနက်ဝတ်လူနဲ့ ချီဝိညာဉ် တွေကရော.. ရှင်က အဲဒီမှာ ဘယ်လိုကဏ္ဍကိုယူထားတာလဲ” ရှီမာယူယူ မေး လိုက်သည်။
“သိချင်စိတ်များတဲ့ ကောင်မလေးပဲ” ရွှမ်ချုံးဟော် သက်ပြင်းချပြီး ပြော လေသည် “ဒီနေ့ ငါ့ခံစားချက်ကောင်းနေလို့ မင်းရဲ့သံသယတွေကို ကူပြီး ဖြေရှင်းပေးလိုက်မယ်.. ငါက ချီဝိညာဉ်တွေကို စီစဉ်တယ်”
“ရှင်ကလား ဘယ်လိုမျိုးလဲ” ချီဝိညာဉ်၏ ဖြစ်တည်မှုမှာ နှစ်ပေါင်း သောင်းချီပြီဖြစ်သည်။ အဲဒီတော့ ဘယ်လိုလုပ် သူစီမံတာဖြစ်မလဲ။
သူမ၏ မျက်နှာထားကိုကြည့်ပြီး ရွှမ်ချံးဟော်သည် ပို၍ပျော်ရွှင်စွာရယ် မောပြီး ပြောလိုက်သည် “ငါက သူ့ခန္ဓာကိုယ်ထဲမှာနေနိုင်သလို သူများခန္ဓာ ကိုယ်ထဲမှာလည်း နေနိုင်တယ်.. အဲတုန်းက ငါ မင်းကိုမယူလိုက်နိုင်တာ နှမြော ဖို့ကောင်းတယ်.. အဲဒါကြောင့် အပြည့်အဝအောင်မြင်တာတော့မဟုတ်ဘူး.. ဒါပေမဲ့ အဲဒါက ငါ့ကိုဒီကိစ္စတွေမလုပ်ဖို့ တားလို့မရဘူး”
မမြင်နိုင်သောအရာဝတ္ထုတစ်ခုအဖြစ် သူသည် နေရာပေါင်းများစွာကို သွားလာခဲ့ရာ ထိုနေရာများတွင် ကောင်းမွန်သည့်ဂူသင်္ချိုင်းများစွာရှိသည်ကို သူ သိသည်။ ထိုစဉ်ကလက်ခံသူကို ပြောင်းရွှေ့ခဲ့လျှင် အချိန်ပိုကြာမည်ဖြစ်သည်။
“ရွှမ်ချုံးမျိုးနွယ်က ဘိုးဘေးကြီးလား” ရှီမာယူယူသည် အတပ်ပြောလေ သည်။
“ဟုတ်တယ်.. ရွှမ်ချုံးမျိုးနွယ်ကလူတိုင်းမှာ သူ့သွေးသားရှိတယ်” ရွှမ်ချုံး ဟော်သည် အမှန်တကယ်ပင် ခံစားချက်ကောင်းနေပြီး သူမကို စိတ်ရှည်လက် ရှည်ရှင်းပြနေသည် “သူ့သွေးသားရှိတဲ့လူတွေပဲ ငါ့စွမ်းအားကို ခံနိုင်ရည်ရှိတာ.. မဟုတ်ရင် ငါက ဒီခန္ဓာကိုယ်ကို ကျပန်းရွေးတယ်လို့ ထင်နေတာလား”
“သူက အနက်ဝတ်လူနဲ့ချီဝိညာဉ်အကြောင်းကို အစတုန်းက မသိခဲ့ဘူး မလား.. ရှင်က သူ့ခန္ဓာကိုယ်ထဲဝင်တုန်းမှာ ရွှမ်ချုံးမျိုးနွယ်က ဘယ်လိုလုပ် ရှင့် အတွက် ဒါတွေလုပ်ပေးတာလဲ”
“အဲလောက်လွယ်နေတာမဟုတ်ဘူးလား၊ လျှို့ဝှက်မိသားစုဆိုရင်တောင် ကိုယ့်အတွက်ကိုယ် အင်အားကြီးချင်ကြတာပဲမဟုတ်လား.. ငါ ချိပ်စည်းမပိတ် မိခင်က ရွှမ်ချုံးမျိုးနွယ်က ငါ့အတွက်အလုပ်လုပ်ပေးခဲ့တယ်.. ရွှမ်ချုံးမျိုးနွယ်က ခေါင်းဆောင်တွေ သဘောတူတာနဲ့ တခြားမျိုးနွယ်တွေကို အသုံးချလို့ရတယ် အဲဒါကို ငါကဂရုစိုက်ဖို့လိုလို့လား”
သူက အချိန်တွေအကြာကြီး အစီအစဉ်ဆွဲခဲ့တာကိုး။
“ရှင်က ကျွန်မခန္ဓာကိုယ်ထဲက ဧကရာဇ်ချင်းဒေါင်ရဲ့ စွမ်းအားကိုလိုချင် တယ်.. ကျွန်မအောင်မြင်အောင် ရှင်စောင့်နေတာပဲ.. အနက်ဝတ်လူတွေနဲ့ ဘာလို့အဲလောက် အများကြီးလုပ်ခဲ့တာလဲ”
“ဟား ဟား မင်းအဲလောက် ရိုးစင်းလိမ့်မယ်လို့ ငါထင်မထားဘူး” ရွှမ်ချုံး ဟော်ရယ်မောလေသည် “ယောက်ျားသာဆိုရင် ဘယ်သူက စွမ်းအားမလိုချင် လို့လဲ.. ပြီးတော့ ငါက ရွှမ်ချုံးမျိုးနွယ်ကိုသန်မာစေချင်တာ.. အဲဒါကြောင့် ဒီခန္ဓာ ကိုယ်ကို ကျင့်ကြံဖို့ဆိုရင် အရင်းအမြစ်တွေပိုလိုလိမ့်မယ်.. ငါက ခန္ဓာကိုယ်တစ် ခုလိုချင်တယ်.. ဒါပေမဲ့ အဲခန္ဓာကိုယ်က အရည်အချင်းရှိပြီး အားသန်ရမယ်.. အားမရှိရင် ငါက သူ့ကိုဘယ်လိုလုပ်ပျိုးထောင်နိုင်မှာလဲ”
ထို့ကြောင့် အနက်ဝတ်လူများသည် အသင်းများကိုစွဲလမ်းနေသည်။ သူတို့အတွက် လူတစ်ယောက်ကို လက်ထဲတွင်ထားပြီး ကျင့်ကြံခိုင်းရသည်မှာ မလွယ်ကူပေ။
“အဲဒါကြောင့် နှစ် ၁၀၀ ကျော်လောက်ကို ဘာမှမလုပ်ခဲ့တာလား” သူမ မရှိလျှင် အသင်းမဟာမိတ်ကို ရှင်းထုတ်ရမှာ သူ့အတွက် မခက်ခဲလှပေ။ သူသည် နှစ်ပေါင်း ၁၀၀ ကျော်အောင် နှုတ်ဆိတ်နေခဲ့သည်။
“ငါက မင်းပြန်လာတာကို စောင့်နေလို့လေ ဘယ်လိုလဲ ရင်ထဲထိသွားပြီ လား”
“အဲဒါက အကြောင်းအရင်းဖြစ်မယ်မထင်ဘူး ဟုတ်တယ်မလား” ရှီမာယူ ယူသည် သူ့ကိုစိုက်ကြည့်လိုက်သည် “ရှင်က သူ့ခန္ဓာကိုယ်ထဲကို အပြည့်အဝ ဝင်လို့မရဘူးဆိုတာကို သိလိုက်တယ်.. အဲဒါကြောင့် ရှင့်မှာဘာမှလုပ်စရာမရှိ တော့ဘူး.. ကျွန်မခန္ဓာကိုယ်ထဲမှာ ဧကရာဇ်ချင်းဒေါင်ရဲ့ရောင်ဝါရှိတာကို တွေး မိပြီး ရှင်က တခြားပြဿနာတွေရှာချင်တာလေ.. အဲဒါကြောင့် ရှင်က အနက် ဝတ်လူတွေကို ရေငုံနှုတ်ပိတ်ခိုင်းခဲ့တာပဲ.. ကျွန်မပြောတာမှန်တယ်မလား”
ရွှမ်ချုံးဟော်သည် ပြုံးလိုက်သော်လည်း ဘာမှမပြောပေ။ သူမ ပြောသည် မှာမှန်သည်။
သူသဘောတူသည်ကို ရှီမာယူယူမြင်သောအခါ သူမ၏အတွေးများမှာ ပို သေချာသွားကာ ဆက်ပြောလေသည် “အဲဒါကြောင့် ကျွန်မပြန်လာတဲ့အချိန်မှာ ရှင်က အနက်ဝတ်လူတွေကို လွှတ်ပြီး ပြည်မကြီးကို အရှုပ်အထွေးတွေထပ်ဖြစ် အောင်လုပ်တယ်.. ကျွန်မကို အားကောင်းအောင်လုပ်ခိုင်းသလို ဧကရာဇ်ချင်း ဒေါင်ရဲ့ ကျန်တဲ့စွမ်းအားတွေကိုလည်း စုပ်ယူခိုင်းတယ်”
“ဟုတ်တယ် မင်းပြောတာမှန်တယ်” ရွှမ်ချုံးဟော်သည် သူမ၏ ထက်မြက်မှုကို လေးစားရင်း ထောက်ခံလေသည်။
“မူစစ်ကရော.. သူ့ကိုဘာလို့ခေါ်သွားတာလဲ.. သူ့ကို ဘာလို့အမှောင်နဂါး ကိုယ်ရံတော်ဆီပေးလိုက်တာလဲ”
“ငါသာ မလှုပ်ရှားရင် ငါ့လူတွေထပ်ထွက်လာတာကို မင်းသိမှာလား.. မဟုတ်ရင် မင်းနိုးလာတာနဲ့ ပြည်နယ် ၃၂ ကိုသွားပါတော့မား” ရွှမ်ချုံးဟော် သည် ရိုင်းစိုင်းစွာပြောလေသည်။
မူစစ်ကိုဖမ်းခြင်းမှာ သူမကို ကစားပွဲထဲထည့်သွင်းရန်ဖြစ်သည်ဟု လက် ထောက်လေးပြောခဲ့သည်။ သူ ပြောသည်မှာမှန်သည်။
“အမှောင်နဂါးကိုယ်ရံတော်တွေကတော့.. သူတို့က ငါ့လူတွေလေ.. ငါက သူတို့ကို ပစ္စည်းတချို့သွားရှာခိုင်းထားတာ” ရှီမာယူယူအနည်းငယ် အံ့ဩသွား ပြီးပြုံးလိုက်သည်။ “ငါက ရွှမ်ချုံးဟော်ထဲမှာနေနိုင်တယ်.. မင်းလည်း သူများ တွေဆီမှာနေနိုင်တယ်လို့ပြောတာ.. မင်းမှာ သေခြင်းရှင်ခြင်းရှိတယ် ဒါပေမဲ့ ငါ့မှာမရှိဘူး.. ငါ နှစ်တွေဘယ်လောက်နေခဲ့လဲဆိုတာ မမျတ်မိဘူး.. ငါလုပ်ဖူးတဲ့ အလုပ်တွေက အများအများကြီးရှိတယ်”
ထို့ကြောင့် အမှောင်နဂါးကိုယ်ရံတော်ကို တည်ဆောက်ရသည်မှာ အလွန် ထူးခြားသည့်အရာတော့မဟုတ်ပေ။
“လုံရွှမ်မြို့… ကျွန်မကိုဘာလို့ လူတွေခေါ်သွားတာလဲ”
“မင်းကို ခေါ်သွားတာငါမဟုတ်ဘူး.. သူက ငါတို့ကိုမတွေ့စေချင်ဘူး.. သူက သူ့ခန္ဓာကိုယ်ကို ပြန်ပိုင်ဆိုင်ဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားပြီး ဒါကို စီစဉ်ခဲ့တယ်.. ပြီးတော့ မင်းက ချင်းဒေါင်ရဲ့စွမ်းအားတွေကို စုပ်ယူဖို့အများကြီး လိုသေးတယ်လေ.. အဲဒါကြောင့် တွေ့လည်းအသုံးမဝင်ဘူး.. ငါ သူ့ကိုအပ်ထား လိုက်တော့တာ” ရွှမ်ချုံးဟော်သည် တိုးညင်းစွာပြောလေသည်။ ထိုအချိန်တွင် ရွှမ်ချုံးဟော်၏ ဆန္ဒနှင့် တွန့်ဆုတ်မှုကို ရှီမာယူယူခံစားမသိည်။ သူ၏ နှလုံးသား ကိုသုံးပြီး သူမအတွက် အချိန်ဆွဲပေးခဲ့သည်။
“တခြားမေးခွန်းရှိသေးလား”
ရှီမာယူယူခေါင်းခါလိုက်သည် “ကျွန်မက ဒီကိစ္စအတွက် အပြစ်တင်ရ မယ့်လူဆိုတော့ ရှင့်ကို သူ့ခန္ဓာကိုယ်ထဲကနေ နည်းနည်းစီထုတ်ပစ်မယ်”
သူမစိတ်ထဲမှ မေးခွန်းများအားလုံးကို ဖြေရှင်းပြီးသွားရာ သူနှင့် အပိုတွေ မပြောလိုတော့ပေ။ သူမသည် ဝိညာဉ်စွမ်းအင်စုစည်းပြီး သူ့ကိုတိုက်ခိုက်လေ သည်။
တကယ်တော့ ရွှမ်ချုံးဟော်သည် ဘီးတပ်ကုလားထိုင်မလိုခဲ့ပေ။ သူမ တိုက်ခိုက်ချိန်တွင် သူသည် ဘီးတပ်ကုလားထိုင်ကို လက်ဖြင့်ရိုက်ပြီး ပျံလိုက် ရာ ဘီးတပ်ကုလားထိုင်သည် အစိတ်အစိတ်အမွှာအမွှာဖြစ်သွားလေသည်။
ရှီမာယူယူသည် မီးနဂါးကိုအမြန်စုစည်းလိုက်သည်။ ယခုအချိန်တွင် သူမ သည် အရှိန်တဟုန်ထိုးတက်လာရာ သူမ၏ ခွန်အားမှာလည်း မကြုံစဖူး အလွန် အားကောင်လာခဲ့သည်။
“ကျွတ် ကျွတ်.. မင်းလက်ထဲမှာ မီးနတ်ဘုရားရှိလိမ့်မယ်လို့ ထင်မထား ဘူးပဲ” ရွှမ်ချုံးဟော်သည် ကာကွယ်ရေးအလွှာဖန်တီးကာ သူမ၏ မီးတောက် များကို ကာလေသည် “ကံမကောင်းစွာနဲ့ပဲ အဲဒါက မကြီးထွားသေးတော့ အခု ချိန်မှာ ငါ့အတွက် အသုံးမဝင်သေးဘူး”
သူ့လက်ဖဝါးထဲမှ အမှောင်အငွေ့အသက်တစ်ခုထွက်လာပြီး သူမ၏ မီးနဂါးကို လျင်မြန်စွာဝါးမျိုလိုက်လေတော့သည်…
***