တခြားသူတွေထက်ရက်စက်တယ်
Vol. 159 Ch. 2215
သူမ၏ မီးနဂါးသည် ထိုကဲ့သို့အပြုအမူဖြင့် ဖျက်ဆီးခံလိုက်ရသည်ကို ရှီမာယူယူ မအံ့ဩတော့ပေ။
သူမ၏လက်ရှိအင်အားသည် ဧကရာဇ်ချင်းဒေါင်၏ စွမ်းအားကိုစုပ်ယူ ထားခြင်းကြောင့် နားမလည်နိုင်လောက်အောင် တဟုန်ထိုးတိုးတက်လာသည် ဟု ဆိုနိုင်သည်။ ဧကရာဇ်အဆင့်သို့ မတက်နိုင်သေးလျှင်တောင် အလှမ်းမဝေး တော့သည့်အဆင့်ဖြစ်သည်။
ပြောဖို့မလိုရန်အောင်ပင် ရှောင်ဟု၏စွမ်းအားကိုပါ ထပ်ပေါင်းလိုက်သော အခါ ငှက်ပေါက်စ၏ အင်အားမျှအားမကြီးလျှင်တောင် ဧကရာဇ်တစ်ပါးကို ခေါင်းကိုက်စရာဖြစ်စေသည်။
သို့သော် သူသည် သူမ၏မီးနဂါးကို ထိုအတိုင်းပင် ဝါးမျိုသွားခဲ့သည်။
သေချာသည်မှာ ထိုနတ်ဆိုးစွမ်းအားသည် နှစ်ပေါင်းသောင်းချီ နေထိုင် လာခဲ့သော စွမ်းအားဖြစ်သည်။ ထိုစွမ်းအားသည် ရွှမ်ချုံးဟော်၏ ခန္ဓာကိုယ်နှင့် အပြည့်အဝမပေါင်းစည်းရသေးသော်လည်း အားကောင်းနေပြီဖြစ်သည်။
ထိုအချိန်တွင် သူမ၏အင်အားသည် သူ့ကိုမယှဉ်နိုင်သည်ကို သိလိုက်ရာ အရိပ်မည်းနှင့် တခြားသူများကို ခေါ်ထုတ်တော့မည်အပြုတွင် ရွှမ်ချုံးဟော် သည် သူမရှေ့တွင်ပေါ်လာလေသည်။ အင်အားကြီးတစ်ခုသည် သူမကို လှုပ်မရ အောင်ချုပ်ထားလေသည်။
အရိပ်မည်း၊ ဟွမ်နှင့် ချန်ကျိုးတို့ထွက်လာလျှင်တောင် သူ့ကိုရှင်းနိုင်မည် မဟုတ်ပေ။ ထိုအကြောင်းအားသိလိုက်ချိန်တွင် သူတို့ကိုခေါ်ရန် လက်လျော့ လိုက်သည်။ ထိုအဖြစ်အပျက်များသည် စက္ကန့်ပိုင်းအတွင်းဖြစ်သွားခြင်းပင်။
ရွှမ်ချုံးဟော်သည် သူမ၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထား ပီး မျက်နှာကိုနောက်လက်တစ်ဖက်ဖြင့် ကိုင်ကာ ရေရွတ်လေသည် “အဲဒါ ကြောင့် ဒီလိုမျက်နှာနဲ့ သူ့ကိုဆွဲဆောင်ပြီး သူ့ကိုရူးသွပ်အောင်လုပ်ထားတာကိုး သူ မလုပ်ရဲရင် ငါ သူ့အတွက်လုပ်ပေးလိုက်မယ်”
ထိုသို့ပြောပြီးနောက် သူငုံ့ကာ သူမကိုနမ်းရန်ဟန်ပြင်လေသည်။
ရှီမာယူယူသည် သူ၏ ချုပ်တည်းမှုမှ ရုန်းထွက်ကာ ညာဘက်လက်ကို လှန်ကာ လက်ဖဝါးမှ ငှက်ပေါက်စ၏မီးတောက်ထုတ်ပြီး သူ့ရင်ဘတ်ဆီသို့ အညှာတာကင်းမဲ့စွာ ပစ်လိုက်သည်။ ရွှမ်ချုံးဟော်သည် လျင်မြန်စွာတုံ့ပြန် လိုက်သော်လည်း ချုပ်ထားရာမှ သူမလွတ်မြောက်သွားသည်ကို တဒင်္ဂမျှ အံ့ဩ မိလေသည်။ တစ်ချိန်တည်းလိုလိုမှာပင် သူသည် သူမကိုလွှတ်ပြီး ရင်ဘတ်ဆီ သို့လာနေသည့် တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။ သို့သော် ဘယ်ဘက် လက်မှာ ငှက်ပေါက်စကြောင့် လောင်သွားလေသည်။
ရွှမ်ချုံးဟော်သည် သူမ၏လက်ကို ဆုပ်ကိုင်ကာ အနောက်ဘက်သို့တွန်း ပြီး သူမကိုပြန်ချုပ်ထားလိုက်သည်။
“မင်း ငါ့ကိုတကယ် သတ်ချင်နေလိမ့်မယ်လို့ ထင်မထားဘူး.. ငါ သေသွား ရင် သူလည်းသေသွားမှာပဲ ရက်စက်လိုက်တဲ့မိန်းမပဲ” သူသည် သူမ၏ နားရွက် နားတွင် လေသံဖြင့်ပြောလေသည်။ သူတို့နှစ်ယောက်သည် မရှင်းမလင်းပုံ ပေါက်နေလေသည်။
ရှီမာယူယူ၏ ညာလက်မှာ မလွတ်မလပ်ဖြစ်နေကာ သူမ၏ ဘယ်ဘက် လက်သည် ချုပ်နှောင်ခြင်းမှရုန်းကာ ငှက်ပေါက်စ၏ မီးတောက်ဘုရင်ထုတ်ပြီး အနောက်မှ တိုက်ခိုက်လေသည်။
ထိုအခါမှပင် သူမသည် သူ၏ချုပ်နှောင်ခြင်းကို အမှန်တကယ် ချိုးဖောက် နိုင်သည်ကို ရွှမ်ချုံးဟော် သေချာသွားတော့သည်။
“ဒါက ပွဲပြီးမယ့်ကစားပွဲပဲ” ရွှမ်ချုံးဟော်၏ အသံသည် အဘက်ဘက်မှ ပဲ့တင်ထွက်လာသည်။ သူ့အင်အားသည် ဧကရာဇ်တစ်ပါးကဲ့သို့ မရိုးရှင်းသည့်ပုံ ပင်။ သူမသည် လေဟာနယ်များကို ကောင်းစွာနားလည်လျှင်တောင် သူ၏ တည်နေရာကို အာရုံမခံနိုင်သည့်ပုံပင်။
“ငါက သူ့အတွက် မင်းအသက်ကို ချမ်းသာပေးချင်တယ် အဲဒါကြောင့် ခဏနေရင် ငါအရမ်းသတိထားပြီးလုပ်မယ် အဲဒါကိုမင်းခံနိုင်ရည်ရှိအောင်လုပ်”
သူ့စကားမဆုံးခင်တွင် ရှီမာယူယူသည် သူမကိုဖုံးလွှမ်းသည့် အင်အား တစ်ခုကိုခံစားမိလိုက်ပြီး တစ်စုံတစ်ခုသည် သူမခန္ဓာကိုယ်အတွင်းသို့ ဝင်သွား သည်ကို ခံစားလိုက်ရသည်။ သူမသည် ခုခံသော်လည်း သူ့အင်အားကို တားမရ ပေ။
ထိုစွမ်းအားသည် ဆက်ဆင်းသွားကာ သူမ၏ ဝိညာဉ်ကန်ဆီသို့သွားလေ သည်။ ဆဌဂံပုံသဏ္ဍာန်ရှိသောဝိညာဉ်ကန်ကိုမြင်သောအခါ ထိုအရာသည် ခေတ္တမျှရပ်တန့်သွားသည်။ ဝိညာဉ်ကျန်သည် အရင်က မျှော်စင်ပုံစံဖြစ်ခဲ့သော် လည်း ယခုအချိန်တွင် မျှော်စင်နှစ်ခုဖြစ်နေကာ တစ်ခုမှာ အဖြူရောင်၊ တစ်ခုမှာ အနက်ရောင်ဖြစ်သည်။ ထိုစွမ်းအားသည် ခေတ္တမျှရပ်ပြီးနောက် အဖြူရောင် မျှော်စင်ဆီသို့ တိုက်ရိုက်သွားလေသည်။
ထိုစွမ်းအား စီးဆင်းထွက်လာသည်ကို ရှီမာယူယူသည် မစဉ်းစားဘဲနှင့် ခံစားမိလိုက်သည်။ ရွှမ်ချုံးဟော်သည် ဧကရာဇ်ချင်းဒေါင်၏ စွမ်းအားကို စုပ်ယူ နေကြောင်းကို သူမသိလိုက်သည်။
“ဟမ်” အက်ကွဲနေသောအသံသည် သူမစိတ်ထဲသို့ဝင်လာသည်။ သူမ အံ့ဩသွားသည့်နောက်တွင် ဒေါသလိုက်လာသည်။
ပြိုင်ဘက်မှင်တက်သွားသည့်အချိန်တွင် ရှီမာယူယူသည် အတွင်းအား များအားလုံးကို ရွှေ့လိုက်ပြီး ဝင်ရောက်လာသည့်အင်အားကို တိုက်ခိုက်ပြီး တစ်ချိန်တည်းမှာပင် ငှက်ပေါက်စ၏မီးတောက်ဖြင့် လောင်ကျွမ်းလိုက်ရာ ရွှမ်ချုံးဟော်၏ အမှောင်စွမ်းအားသည် ပုန်းစရာနေရာမရှိတော့ဘဲ သူမ၏ ခန္ဓာ ကိုယ်မှ ထွက်ရတော့သည်။
“ဖူး”
သူမခန္ဓာကိုယ်အတွင်းမှ အင်အားများ၏ ရွှေ့ပြောင်းမှုနှင့် အမှောင်စွမ်း အားများ စွန့်ခွာခြင်းကြောင့် သူမ၏ခန္ဓာကိုယ်သည် အပြင်းအထန် ထိခိုက်မိ လေသည်။ သူမသည် ပါးစပ်နှင့်အပြည့်သွေးများ အန်ချရာ စကတ်ကိုပင် အနည်းပင် ပေကျံသွားတော့သည်။
သို့သော် သူမသည် ဤနည်းဖြင့်ရွှမ်ချုံးဟော်၏ စွမ်းအာကို ရှင်းပစ်လိုက် သည်။
သူမသည် ဟွမ်၊ အရိပ်မည်းနှင့် ချန်ကျိုးတို့ကို ခေါ်ထုတ်လိုက်သည်။ သူမ ၏သားရဲများသည်လည်း သူမကို ကာကွယ်ရန် ရောက်လာကြသည်။
သူတို့သည် ဝိညာဉ်စေတီအတွင်းရှိစဉ်ကပင် ရွှမ်ချုံးဟော်၏ စွမ်းအားကို သိသဖြင့် ထိုအခိုက်တွင် သူ့ကိုသတိရှိရှိဖြင့် ကြည့်နေကြသည်။
ရွှမ်ချုံးဟော်သည် အစောကအဖြစ်ကို ကျေနပ်အားရမှုမရှိပေ။ သူသည် ရှီမာယူယူကို စိုက်ကြည့်ပြီး ပြောလိုက်သည် “မင်းက ချင်းဒေါင်ရဲ့ စွမ်းအားကို အခုထိမစုပ်ယူရသေးဘူးလား”
“ဟင့်အင်း” သည်တစ်ခေါက် ဧကရာဇ်ချင်းဒေါင်၏ ဂူသင်္ချိုင်းမှာ နတ်ဘုံ တွင်တည်ရှိနေသဖြင့် ရှီမာယူယူ ကံကောင်းသွားသည်။ မဟုတ်လျှင် သူသည် စက္ကန့်ပိုင်းမျှပင်တွေဝေခြင်းမရှိဘဲ သူမကို ဖျက်ဆီးပစ်လိမ့်မည်ဟု ခန့်မှန်းမိ သည်။
“မင်းက မစုပ်ယူရသေးဘဲနဲ့ ဘယ်လိုလုပ် ငါနဲ့ အနီးကပ်ဆက်သွယ်နိုင် တာလဲ.. ဘယ်လိုလုပ် ဒီနေရာကိုရှာတွေ့တာလဲ” ရွှမ်ချုံးဟော်သည် ရှီမာယူယူ ကို စိုက်ကြည့်နေသည်။ သူမသည် ချင်းဒေါင်၏စွမ်းအားကို စုပ်ယူထားခြင်း ကြောင့် ဤနေရာကိုရှာတွေ့သည်ဟု သူ အမြဲတစေတွေးထားခဲ့သည်။ ထို့အပြင် သူသည် သူမနှင့် ဆက်သွယ်မှုအပြင် သူနှင့် ချင်းဒေါင်အကြားမှ ဆက်နွယ်မှုကိုလည်း အာရုံခံမိသည်။
သို့သော် သူမ အပြည့်အဝစုပ်ယူခြင်း မပြီးမြောက်သေးလိမ့်မည်ဟု သူ ထင်မထးပေ။
သူသည် ယနေ့ သူမကိုလွှတ်ပေးရန် အစီအစဉ်မရှိပေ။ ထို့ကြောင့် သူ သူမကို ထိုကိစ္စများကို ပြောပြခြင်းဖြစ်သည်။ သို့သော် ဤအချိန်အတွင်းတွင် စွမ်းအားကို အပြည့်အဝမစုပ်ယူနိုင်ခဲ့လိမ့်မည်ဟု ထင်မထားပေ။
“အား..”
သူသည် ရှီမာယူယူကြောင့် ထိခိုက်သွားကာ နှုတ်ခမ်းထောင့်မှ သွေးစီးကျ လာသည်။ အမှောင်နဂါးကိုယ်ရံတော်တစ်ချို့သည် လေထဲမှထွက်လာပြီး သူ့ကို ဝန်းရံလိုက်ကြသည်။
ရှီမာယူယူသည် သူမ၏ပါးစပ်ထောင့်မှ သွေးများကိုသုတ်ပြီး သူ့ကိုကြည့် ကာပြုံးလိုက်သည် “ဘာလို့ မဖြစ်နိုင်ရမှာလဲ.. ရှင် စိတ်ပျက်သွားတာ ပျော်ဖို့ ကောင်းတာပဲ”
မည်သို့ပင်ဖြစ်စေကာမူ ထိုတစ်ခုတည်းကပင် သူ့အောင်မြင်သည်ကို တားနိုင်ကာ သူမကိုထိမရအောင်လည်း ပြုလုပ်နိုင်ခဲ့သည်။
“ဟးဟား မင်း ဒီနေ့မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ”
“ကျွန်မသာ ကျန်တဲ့ဂူသင်္ချိုင်းနှစ်ခုကိုမသွားရင် ရှင်ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး”
“မင်းလုပ်ရဲလား မင်းမသွားရင် မင်းရဲ့ဆွေမျိုး သူငယ်ချင်းတွေနဲ့ ဒီတိုက် ကလူတွေအကုန်လုံးကို သတ်ခိုင်းလိုက်မယ်.. အကုန်လုံးသေခင် သူတို့ ဘာလို့ သေလဲဆိုတာ ပြောလိုက်မယ်.. မင်းငါနဲ့ပြိုင်လို့ရတယ်.. ဘယ်သူက ပိုအသည်း မာလည်း ကြည့်ကြတာပေါ့” ရွှမ်ချုံးဟော်သည် ပြောပြီးနောက် ဆိုးသွမ်းသော အပြုံးပြုံးလိုက်သည် “ငါ မင်းကို အဲဒီမှာစောင့်နေမယ် ငါ့ကိုစိတ်မပျက်စေနဲ့ သွားမယ်”
အမှောင်နဂါးကိုယ်ရံတော်မှလူများသည် သူ့ကိုတွဲကာ ထွက်သွားလေ သည်။ ရှီမာယူယူသည် သူ့ကိုမတားပေ။ ထိုလူများ၏အင်အားသည် မနည်းလှ ပေ။ ရွှမ်ချုံးဟော်၏ နားမလည်နိုင်သောစွမ်းအားသည် ဒဏ်ရာရထားသည့် တိုင်အောင် မည်မျှဖုံးထားနိုင်သည်ကို သူမ မသိပေ။
“ယူယူ ဘယ်လိုနေလဲ” ရှောင်ချီနှင့် အိပ်မက်လေးတို့သည် ရှီမာယူယူ အနည်းငယ် ယိမ်းယိုင်နေသည်ကို ခံစားမိသည်နှင့် အမြန်ပင် သူမကိုသွားတွဲ ကာ မြေပေါ်သို့ ဖြည်းဖြည်းချင်းချပေးလေသည်။
ရှီမာယူယူသည် အလွန်မသက်မသာဖြစ်ခြင်းကိုခံစားရလေသည်။ သူမ သည် ဆေးပင်များစွာထုတ်ပြီး စားလိုက်သည်။ သို့သော် ခန္ဓာကိုယ်မှာ စုတ်ပြဲမှု များကြောင့် နာကျင်လေသည်။ အားလုံး၏ စိုးရိမ်နေသော မျက်လုံးများကိုမြင် သောအခါ သူမသည် ကြိုးစားပြုံးပြီး သူတို့ကိုနှစ်သိမ့်ပေးလိုက်သည်။ “ငါ အခု နေလို့မကောင်းပေမဲ့ ခဏနေရင် ကောင်းသွားမှာပါ စိတ်မပူနဲ့ ငါအဆင်ပြေပါ တယ်”
“မင်း ငါတို့ကိုစောစောလေး ခေါ်ထုတ်သင့်တာ” သူမ ဒုက္ခရောက်နေ သည်ကို မြင်သည့်အချိန်တွင် ရွှေလေးပါ စိတ်မကောင်းဖြစ်လေသည်။
“ငါအမှားလုပ်မိတာပါ” ရှီမာယူယူသည် ခေါင်းခါလိုက်သည် “ဧကရာဇ် ချင်းဒေါင်းရှိရင် အားကောင်းမယ်လို့ ငါ ထင်ထားခဲ့သင့်တာ.. အခု နှစ်တွေ သောင်းချီပြီးကြာသွားတော့ ဒီအားက ဘယ်လိုလုပ်နည်းသွားနိုင်မှာလဲ.. ဒါပေမဲ့ ဒီလိုဖြစ်ပြီးသွားရင် အနည်းဆုံးတော့ ဒီတိုင်းပြည်လည်း ခဏတော့ငြိမ်သွား လိမ့်မယ်”
“အနက်ဝတ်လူတွေနဲ့ ချီဝိညာဉ်မရှိလို့လား”
“သူက သူတို့ကိုပါ အတူခေါ်သွားတာ တိုင်းပြည်တစ်ခုလုံး တပ်ဖြန့်ထား ရဲ့သားနဲ့ ရွှမ်ချုံးမျိုးနွယ်ကို ဘာလို့ရှာမရတာလဲ.. ဘာလို့လဲဆိုတော့ သူတို့က ဒီ တိုင်းပြည်မှာမရှိတော့လို့ပဲ”
***