အစုလိုက်အပြုံလိုက်သတ်ခြင်း
Vol. 159 Ch. 2216
“ရွှမ်ချုံးမျိုးနွယ်က ဒီတိုင်းပြည်မှာမရှိတော့ဘူးလား ယူယူ ဘယ်လိုသိ တာလဲ” ရှောင်ချီနှင့်တခြားသူများသည် သူမ၏အခြေအနေကို အာရုံစိုက်နေကြ သည်။ ဒီလတ်တလောမှာ သူမက ဘယ်သူနဲ့မှ အဆက်အသွယ်မရှိတာကို ဘယ်လိုလုပ် အဲလောက်သေချာနေတာလဲ။
“ဒီအတိုင်းပဲ” ရှီမာယူယူသည် အသက်ကိုခပ်ပြင်းပြင်းရှူပြီး ပြောလိုက် သည် “ခုနက သူငါ့ခန္ဓာကိုယ်ထဲဝင်သွားတုန်းက ငါတို့ကြားကဆက်သွယ်မှုက ရုတ်တရက်ကြီး ရှင်းလင်းသွားတယ်.. အဲဒီအချိန်တိုလေးမှာကို ငါ သူ့မှတ်ဉာဏ် တွေအများကြီးမြင်လိုက်ရတယ်”
ထိုမှတ်ဉာဏ်များသည် သူ ရွှမ်ချုံးဟော်ခန္ဓာကိုယ်အတွင်းသို့ ဝင်ပြီး နောက်ပိုင်းမှ မှတ်ဉာဏ်များဖြစ်သည်။ သို့သော် ထိုအရာများကို နားလည်ရန် သူမအတွက် လုံလောက်သည်။ ဥပမာဆိုလျှင် ရွှမ်ချုံးဟော်သည် လောက အထက်ပိုင်းကို ရောက်ပြီးနှင့်ပြီဖြစ်သည်။ ထိုနေရာတွင် အနက်ဝတ်လူများ၏ အမာခံလက်ကျန်လည်းရှိသေးသည်။
ထိုအရာများနှင့်ဆိုလျှင် အနည်းဆုံးတော့ သူ့ကိုမရွေ့ရှားစေဘဲ သူ၏ စွမ်းအားကို လျော့နည်းအောင်လုပ်နိုင်သည်။
အမှန်တကယ်မှာ ရွှမ်ချုံးဟော် နတ်ဘုံကိုသွားရခြင်းအကြောင်းအရင်း သည် ထိုနေရာတွင်နေသည့် အနက်ဝတ်လူများကို လက်လျော့လိုက်ခြင်း ကြောင့်ဖြစ်သည်။ ထို့အပြင် သူ၏လက်ရှိပန်းတိုင်မှာ သူမဖြစ်ရာ ရွှမ်ချုံးဟော် ကိုလေ့ကျင့်ပေးရန်လည်းမလိုတော့ပေ။ ထို့ကြောင့် အနာဂတ်တွင် ရှေးဟောင်း တိုင်းပြည်ကို ထိခိုက်အောင်လုပ်တော့မည်မဟုတ်ပေ။
အနက်ဝတ်လူများနှင့် ချီဝိညာဉ်များကို နတ်ဘုံသို့ပြန်ခေါ်သွားလျှင် ထို နေရာတွင် မည်သို့ဖြစ်လာမည်မှာ လက်ရှိတွင် သူမစိုးရိမ်ရမည့်အရာမဟုတ် ပေ။
“ယူယူ အရင်ဆုံး ကုစားလိုက်ဦး ပြီးတော့ နလန်ထူပြီးရင် တခြားကိစ္စ တွေလည်းစောင့်နေတယ်” အိပ်မက်လေး ပြောလေသည်။
“ငါ့အတွက် အရေးမကြီးပါဘူး ချန်ကျိုး.. ဒီသတင်းကို သွားသတင်းပို့ပေး ပါဦး” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ” ချန်ကျိုးသည် အနက်ဝတ်လူများအပေါ်ထားရှိသည့် သူမ၏ အမုန်းတရားများကိုသိသည်။ နောက်ကျသွားလျှင် သူတို့ ထပ်ထွက်သွားနိုင် သည်။ ထို့ကြောင့် သူမ သူ့ကိုတည်နေရာများ ပြောလိုက်သည်နှင့် သူထွက်သွား ခဲ့သည်။
သူသည် အမြန်ထွက်သွားမှသာ စောစောပြန်လာပြီး သူမကို ကာကွယ် နိုင်မည်ဖြစ်သည်။
ချန်ကျိုးထွက်သွားသောအခါ အိပ်မက်လေးနှင့် တခြားသူများသည် သူမ နေရန် အခန်းရှာပေးပြီး ရှောင်ချီတို့သည် သတင်းစုံစမ်းရန် ထွက်သွားကြလေ သည်။ သို့သော် သိပ်မကြာခင်တွင် သူတို့အားလုံးသည် လက်မှိုင်ကျစွာဖြင့် ပြန် လာကြသည်။
“ဘာဖြစ်လို့လဲ” ရှီမာယူယူသည် အိပ်ရာပေါ်တွင် မှီနေရင်းမေးလိုက် သည်။
“တိမ်ပင်လယ်တစ်မြို့လုံး ဘာမှမကျန်တော့ဘူး.. အဲဒီမှာဘယ်သူမှမရှိ ဘူး” ရှောင်ချီ ပြောလေသည်။
“ဘယ်သူမှမရှိဘူးလား”
ရှောင်ချီသည် ခေါင်းခါလိုက်သည် “အဲဒီမှာ အသက်အငွေ့အသက် တစ်ခု မျမရှိဘူး.. လူမပြောနဲ့ ခွေးတစ်ကောင်တောင်မရှိဘူး”
အဂ္ဂိရတ်သင်းနှင့် မဟာမိတ်အဖွဲ့ထွက်သွားရာ မြို့ထဲမှလူများလည်း ထို အကြောင်းကြောင့်ပင် ထွက်သွားခဲ့ကြသည်။ ကျန်လူများကို အနက်ဝတ်လူများ မှ ရှင်းသွားခြင်းဖြစ်မည်။
မြို့အထက်တွင် တိမ်တိုက်များရှိသဖြင့် တိမ်ပင်လယ်မြို့ဟု ခေါ်ဆိုခဲ့ကြ သည့်မြို့သည် ယခုအခါတွင် သေဆုံးနေသည့်မြို့ဖြစ်နေရာ တစ်ချိန်က စည်ကားခဲ့သည့် မြို့ကိုမြင်ခဲ့ရသူများအဖို့ ဝမ်းနည်းစရာဖြစ်နေသည်။
ရှီမာယူယူသည် ခေတ္တမျှမှင်တက်ပြီး သက်ပြင်းချကာ ပြောလိုက်သည် “သူ ဒီနေရာကို ရွေးလိုက်တာဆိုတော့ သတင်းအထွက်ခံမှာမဟုတ်ဘူး.. ဘာမှ မရှိတဲ့မြို့.. ကတကယ်ပဲ လျှို့ဝှက်ချက်တွေ ထိန်းသိမ်းနိုင်တာပဲ”
ဤနေရာသို့ လာကြသည့်လူများအားလုံးသည်လည်း ထွက်သွားကြ၏။ အပြင်ဘက်က လူတွေက ဒီအကြောင်းကို ဘယ်သူသိတော့မှာလဲ။
သူသည် တစ်မြို့လုံးကို အစုလိုက်အပြုံလိုက်သတ်ခဲ့သည်။ သူမကို ဒီ နေရာမှာ တွေ့ဖို့သက်သက်နဲ့လား။
ရှီမာယူယူသည် မျက်လုံးကိုအားလျော့စွာပိတ်ပြီး ပြောလိုက်သည် “ငါ ကောင်းသွားရင် ဒီကနေထွက်သွားရအောင်”
“ဟုတ်ပြီ”
ရက်အနည်းငယ်ကြာပြီးနောက် သူမသည် ကောင်းလုနီးပါးဖြစ်သွား သည်။ အပြင်ဘက်မှလူများသည် သူမဆီမှသတင်းရသောအခါ အနက်ဝတ်လူ များကို စတင်ရှင်းလင်းကာ သူမသည်လည်း ထိုဘာမှမရှိသည့်မြို့ထဲတွင် မနေ တော့ပေ။
သို့သော် ထွက်မသွားခင်တွင် သူမသည် ခြံဝန်းကို မီးရှို့ခဲ့သည်။ ဆေး ဥယျာဉ်အားလောင်ကျွမ်းနေသည့် မီးတောက်ကိုကြည့်ပြီး နေရောင်အောက် တွင် ဘီးတပ်ကုလားထိုင်ပေါ်တွင် တိတ်တိတ်လေးထိုင်ကာ သူမကို ပြုံးပြနေ သည့်လူကို မြင်ယောင်ကာ လက်လွှတ်လိုက်တော့လေသည်…
သူမမျက်လုံးများမှိတ်ပြီး ပြန်ဖွင့်လိုက်ချိန်တွင် မျက်လုံးများသည် ပြန် တည်ငြိမ်သွားတော့သည်။ သူမသည် အားလုံးကို ဝိညာဉ်စေတီအတွင်းထည့် ကာ ပုလ္လင်ငယ်ထုတ်ပြီး တိမ်ပင်လယ်မြို့မှထွက်လာခဲ့လိုက်တော့သည်။
တိမ်ပင်လယ်မြို့မှထွက်လာပြီးသည်နောက် သူမသည် ရှီမာအိမ်တော်ကို တိုက်ရိုက်မသွားဘဲ ဂမ္ဘီရဂိုဏ်းဆီသို့သွားလိုက်သည်။
ဂမ္ဘီရဂိုဏ်း၏ တံခါးအစောင့်များသည် ပြောင်းလဲသွားကြသည်။ သို့သော် သူမကိုသိကြပြီး သူမနှင့် သူတို့၏ဂိုဏ်းသခင်ကြားမှ ဆက်ဆံရေးကိုသိကြ သဖြင့် သူမကိုမြင်သောအခါ တလေးတစားဖြင့် ကြိုဆိုကြသည်။
“မင်းတို့ ဂိုဏ်းသခင်ဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဂိုဏ်းသခင်က တရားထိုင်နေပါတယ်” လမ်းကိုဦးဆောင်သွားသူ ပြော လေသည် “သခင်မလေးယူယူ ဘယ်အချိန်ပဲလာပါစေ ဖိတ်ဖို့ကို ဂိုဏ်းသခင် ပြောထားပါတယ်”
“သူက တရားထိုင်နေတာလား” လက်ထောက်လေးနှင့် အထွေအထူး လုပ်စရာမရှိဟု ရှီမာယူယူစဉ်းစားထားသည်။ သူ တရားကျင့်ကြံနေသဖြင့် သူ့ ကိုသွားနှောင့်ယှက်၍မရပေ “သူ့မှာအချိန်မရှိမှတော့ ငါ သူ့ကိုမနှောင့်ယှက် တော့ပါဘူး ငါ…”
“အစ်မကြီး” ရင်းနှီးသောအသံတစ်သံသည် လမ်းအဆုံးမှထွက်လာပြီး တရားကျင့်ကြံနေသေူသည် တောင်ပေါ်တွင်ရပ်ကာ သူမကိုစောင့်နေသည်။
“ငါ့ဘာသာပဲသွားလိုက်ပါတော့မယ်.. သခင်လး ကိုယ့်အလုပ်ကိုယ်သွား လုပ်ပါ” ရှီမာယူယူသည် လမ်းပြသည့်ကောင်လေးကို ပြောပြီးနောက် တောင် ပေါ်သို့တစ်ယောက်တည်းတက်သွားပြီး ကောင်လေး၏ဘေးသို့သွားကာ ပြော လိုက်သည် “မင်း တရားထိုင်နေတယ်လို့ သူတို့ပြောနေတာ”
လက်ထောက်လေး ပြုံးလိုက်သည် “တရားထိုင်တာတော့ဟုတ်တယ် အစ်မဒီကိုရောက်နေတာသိတော့ ထွက်လာခဲ့လိုက်တာ”
သူသည် တရားကျင့်နေသည်ကို မငြင်းဆန်ပေ။ သူမ ဤနေရာတွင် ရောက်နေသည်ကို သိသည်နှင့် ထွက်လာချင်သည်။
“မင်း အားကထပ်ပြီးတိုးလာပြန်ပြီ” တရားထိုင်နေစဉ်ပင် သူမ ရောက်နေ သည်ကိုသိနေသည်မှာ သူသည် သေးငယ်သောကိစ္စများကိုပင် မသိစိတ်မှ အလို လိုသိနေသည်ကို ပြသနေသည်။
“ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်ပြန်လာကတည်းက တိုးတက်လာတာပဲ” လက်ထောက်လေးသည် သူမကို ရင်လင်း၏ခြံဖြစ်ခဲ့ရာမှ ယခုအခါ သူ့ခြံဝန်း ဖြစ်နေသည့် တောင်ဆီသို့ခေါ်သွားသည်။
သူ အရင်ကအဆင်ပြေခဲ့သည်။ သို့သော် သူ့စိတ်ထဲတွင် အဖုအထစ်များရှိ နေသဖြင့် အဆင့်တက်ရန်ကြန့်ကြာနေခဲ့သည်။ ပြီးနောက် သူ ထိုစကားများကို မည်သူ့ကိုမှ မပြောခဲ့ပေ။ ရှီမာယူယူနှင့်တွေ့သောအခါ သူတို့နှစ်ယောက်ကြား မှ စကားများသည် ထိုအဖုအထစ်ကိုဖြေရှင်းပေးရာ ပြန်လာသည်နှင့် သူ၏ အင်အားမှာတိုးတက်လာခဲ့သည်။
သူတို့ ခန်းမသို့ရောက်သောအခါ ရှီမာယူယူသည် သာမန်အခင်းပေါ်တွင် ထိုင်လိုက်ပြီး သူသည် သူမဘေးတွင်ထိုင်လိုက်သည်။
“အနက်ဝတ်လူတွေကိစ္စက ဖြေရှင်းပြီးပြီလား” သူ မေးလေသည်။
“ဟုတ်တယ်” ရှီမာယူယူသည် လက်ထောက်လေးကို အရာအားလုံး ပြော ပြလေသည်။
သူမ မပြောလျှင်တောင် သူသိလိမ့်မည်ဟု သူမိသည်။ သို့သော် သူမ သူ့ကို ပြောပြသည်။ တကယ်တော့ သူမ လာသည်မှာ စကားပြောရန် လူလာရှာ ခြင်းပင်။
“အာရုံထဲမှာ ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့တာတွေကို အခုတော့ ရှင်းလင်းသွားပြီ” လက်ထောက်လေး သက်ပြင်းချလိုက်သည်။ သို့သော် ကိစ္စ များသည် ယခုလို ကြီးထွားသွားလိမ့်မည်ဟု ထင်မထားပေ။
ထိုပစ္စည်းသည် ရှေးကျသည်ဟု သူသိခဲ့သည်။ သို့သော် ထိုပစ္စည်းသည် လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီရှိနေခဲ့လိမ့်မည်ဟု ထင်မထားပေ။ ယခုကြားမှ ပင် သူ အမှန်တကယ်ပင် အံ့ဩမိသည်။
ရွှမ်ချုံးဟော်ကိစ္စကိုတော့ နှမြောတသဖြစ်ရုံပင်။
ရှီမာယူယူ အနည်းငယ်စိတ်မအေးနိုင်သည်ကို ကြည့်ပြီး သူပြောလိုက် သည် “ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့မလိုပါဘူး.. ဒီကိစ္စက လွန်ခဲ့တဲ့ နှစ် သောင်းချီကကိစ္စပဲ အစ်မလည်းတားမရဘူး”
ထိုသို့ဆိုတောင် သူမသည် စိတ်ထဲတွင် အပြစ်မကင်းသလိုခံစားရသည်။
“နေရာနှစ်ခုကျန်သေးတယ်မလား သွားမှာလား” သူ မေးလိုက်သည်။
“ငါ့မှာ ရွေးချယ်စရာရှိသေးလို့လား” ရှီမာယူယူသည် ဆိုးသွမ်းစွာပြုံး လိုက်သည် “အဲဒီဟာက ဧကရာဇ်ချင်းဒေါင်ရဲ့ အမှောင်ဘက်အခြမ်းပဲ.. ပြီးတော့ သူ့မှာကြင်နာတတ်တဲ့ နှလုံးသားမရှိဘူး.. ငါမသွားရင် အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုလုပ်မယ်လို့ပြောတယ်.. ငါက သူတော်စင်မဟုတ်ပေမဲ့ သူများတွေရဲ့ သေရေးရှင်ရေးကို ဂရုမစိုက်ဘဲမနေနိုင်ဘူး.. ပြောဖို့တောင်မလို ဘူး သူက ငါ့ဘေးနားကလူတွေကို အရင်တိုက်ခိုက်မှာပဲ”
ဤကဲ့သို့ အခြေအနေမျိုးတွင် သူမ၌ ရွေးချယ်စရာမရှိပေ။
လက်ထောက်လေးသည် သူ၏ သဘောထားကိုသိသည်။ ထို့ကြောင့် သူမ ဤကဲ့သို့ရွေးချယ်သည်ကို သူ မအံ့ဩတော့ပေ။
“ဒါပေမဲ့ သူ ငါ့ကိုချက်ချင်းလွှတ်မပေးဘူး.. ငါ စွမ်းအားအများကြီးကို စုပ်ယူနိုင်မှတော့ ကျန်တဲ့စွမ်းအားကိုလည်း ချက်ချင်းစုပ်ယူနိုင်မှာကို သိမယ်လို့ ထင်တယ်.. သူလိုချင်တဲ့ ရလဒ်ကိုရအောင်လုပ်ဖို့ မလိုပါဘူး.. ရပါတယ် ငါ့ကို အသက်ရှူချိန်ပဲပေး” ရှီမာယူယူသည် အလွန်ပင်ပန်းနေပြီဖြစ်သည်။
လက်ထောက်လေးသည် ဘာမှမပြောဘဲ ပြုံးရုံပြုံးကာ ပြောလိုက်သည် “ကျွန်တော် အစ်မအတွက် ဗေဒင်ဖတ်ပေးမယ်”
***