← Chapters

လုပ်ရတာထက် ပြောရတာလွယ်တယ်

Vol. 159 Ch. 2218

လုပ်ရတာထက် ပြောရတာလွယ်တယ်

Vol. 159 Ch. 2218

ထိုတာဝန်သည် လွယ်ကူသည်ဆိုခြင်းထက် မဖြစ်နိုင်သည့်အရာပင်ဖြစ် သည်။

ကစဥ့်ကလျားကမ္ဘာက ဘယ်လိုနေရာလဲ။ ထိုနေရာသည် ဘဝများ၏ ဇစ်မြစ်ရှိသောနေရာဖြစ်ကာ ဒဏ္ဍာရီထဲတွင် တည်ရှိသည်။ ထိုကဲ့သို့နေရာမျိုး ရှိသည်ကိုပင် တော်တော်များများမသိကြပေ။

သူမသာ ပြောင်းလဲချင်ပါက သူမ၏ကိုယ်ပိုင်အားကိုသာ မှီခိုရမည်။ ယခု အချိန်တွင် သူမသည် ရွှမ်ချုံးဟော်ကိုပင် မနိုင်သေးရာ ကစဥ့်ကလျားကမ္ဘာကို ပြောင်းလဲရန်မှာမဖြစ်နိုင်ပေ။

“အကုန်လုံးကိုအခုလုပ်ပြီး ကစဥ့်ကလျားကမ္ဘာကို ပြောင်းလဲပစ်ဖို့ စီစဉ် ထားတာမဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါက ဒီအတိုင်းထင်ကြေး သက်သက်ပါပဲ.. ငါ ဒီဟာနဲ့ပတ်သက်ပြီး လုပ်နိုင်မှာပါ ဟုတ်တယ်မလား.. အခု ချိန်မှာ ငါ့မှာ အစွမ်းအစရှိသေးပေမဲ့ အနာဂတ်ကို ဘယ်သူသိမှာလဲ.. ငါသေသွား ရင်တောင်မပြောင်းလဲရင်၊ ဒီဦးတည်ချက်သာမှန်ရင် အနာဂတ်မှာ တစ်ယောက် ယောက်ကတော့ လုပ်ရင်လုပ်နိုင်မှာပဲ”

လက်ထောက်လေးသည် သူမ၏ စိတ် ဝိညာဉ်ကို လျော့ကျမသွားစေပေ “ကောင်းကင်တာအိုကို ပြောင်းလဲပစ်နိုင်ရင် တိုင်းပြည်အတွက်တော့ ကောင်း သွားတာပဲ.. အနည်းဆုံးတော့ လောကသုံးပါးက ထပ်ပြီးအုံမကြွတော့တာပေါ့.. ဒါပေမဲ့ ဒီကိစ္စကို ရင်မဆိုင်သေးနဲ့ဦး.. ဒါကအစ်မရဲ့တာဝန်မဟုတ်ဘူး”

“ငါ နားလည်ပါတယ်” ဤကိစ္စကို သူမတာဝန်ယူလိုက်ပြီး အလုပ်ထပ် များကာ ထိုကိစ္စကြောင့်ပင် ပင်ပန်းမည်ကို သူစိုးရိမ်ကြောင်းကို ရှီမာယူယူသိ သည်။

သူမသည် ထိုမျှလောက် မတုံးအပေ။

အရင်ကဆိုလျှင် သူမ၏ ဆွေမျိုးများနှင့်သူငယ်ချင်းများနှင့် ပတ်သက်ပြီး သူမတွင် ဝန်ထုပ်ဝန်ပိုးများစွာရှိခဲ့သည်။ ယခု သူမ၏မိခင်ကိုရှာတွေ့ပြီဖြစ်ကာ အနက်ဝတ်လူများ၏ကိစ္စကိုလည်း ယာယီဖြေရှင်းနိုင်ခဲ့သည်။ တခြားကိစ္စများ သည် သူမနှင့် တိုက်ရိုက်မပတ်သက်တော့ပေ။ သူမသည် အရာအားလုံးကို တာဝန်ယူလောက်သည်အထိ မတုံးအပေ။

သူမတွင် ထိုကဲ့သို့အယူအဆရှိသည်ကို မြင်သောအခါ လက်ထောက် လေး စိတ်အေးသွားသည်။ သူသည် သူမကို  သူတော်စင်ဂိုဏ်းတွင် ရက်အနည်း ငယ်အကြာ အနားယူစေပြီး ပြန်ခွင့်ပြုခဲ့သည်။

ရှီမာယူယူ ရှီမာမိသားစုသို့ပြန်ရောက်ချိန်တွင် ထိုနေရာ၌ လူမများလှပေ။ ပြီးခဲ့သည့်နှစ်တွင် သူတို့သည် အနက်ဝတ်လူများ၏ တည်နေရာကို ရှာနေခဲ့ကြ သည်။ သူတို့သည် အနက်ဝတ်လူများကို မုန်းတီးကြသည်။ သူတို့ကြောင့်သာ မဟုတ်လျှင် ရှီမာယူယူသည် နေရာတစ်ဖက်သို့ ရောက်သွားမည်မဟုတ်ပေ။ နောက်ပိုင်းတွင် သူတို့သည် ချန်ကျိုးဆီမှ သတင်းရပြီး အနက်ဝတ်လူများ၏ ဌာနချုပ်ကိုသိသွားကြရာ သူတို့၏ဒေါသကိုဖြေပျောက်ရန် ထိုနေရာသို့ စေလွှတ်ခဲ့ကြသည်။

ယွိခဲ့လော့သည် ရှီမာကျိဟောက်ကို စောင့်ရှောက်ရန် အိမ်တွင်နေခဲ့ပြီး ရှီမာလျူရွှမ်သည် မျိုးနွယ်ဝင်များနှင့် ထွက်သွားခဲ့သည်။ ထို့ကြောင့် ရှီမာယူယူ သည် ဘိုးဘိုးကြီးကိုတွေ့ပြီးသည်နှင့် ယွိခဲ့လော့ကို သွားတွေ့ခဲ့သည်။

“မမကြီး” ရှီမာကျိဟောက်သည် သူမဆီသို့ပြေးလာပြီး သူမ၏ ခြေထောက်ကို ဖက်လေသည်။

ယခုအချိန်တွင် သူသည် ၂ နှစ်ပြည့်ပြီဖြစ်ကာ သူမကို ၁ နှစ်ကြာမတွေ့ခဲ့ ရခြင်းဖြစ်သည်။ ကလေးငယ်များသည် အစောပိုင်းမှတ်ဉာဏ်များကို ထိန်းသိမ်း ထားလေ့မရှိပေ။ သို့သော် သူသည် သူမကို မြင်မြင်ချင်းမှတမိခဲ့သည်။

ရှီမာယူယူသ် သူ့ကိုကောက်ချီပြီး ပြောလိုက်သည် “ကျိဟောက်လေးက ဘယ်လိုလုပ် မမကြီးကိုမှတ်မိတာလဲ”

“အမေက ပုံတူကိုကြည့်တော့ ကျိဟောက်လည်းလိုက်ကြည့်တာ” ရှီမာ ကျိဟောက်၏ စကားမှာအလွန်ချောမွေ့နေကာ သူပြောချင်သည့်စကားကို လည်း ကောင်းမွန်စွာဖော်ပြနိုင်သည်။

သူ သူမကို ဘာကြောင့်မှတ်မိသလဲဆိုသည်ကို သိချင်မိသည်။ သူ့ကို ယွိခဲ့လော့ သင်ပေးထားခြင်းဖြစ်နေသည်။

ခြံဝန်းထဲတွင် ယွိခဲ့လော့သည် ရှီမာကျိဟောက်ကို စာဖတ်သင်ပေးနေ သည်။ ထို့ကြောင့် သူမဘေးရှိစားပွဲပေါ်တွင် စာအုပ်ရှိနေသည်။ ရှီမာယူယူသည် ရှီမာကျိဟောက်ကို ချီသွားကာ ယွိခဲ့လော့ကို ပြောလိုက်သည် “အမေ သမီး အိမ် ပြန်ရောက်ပြီ”

ယွိခဲ့လော့သည် သူမ၏ ကိစ္စများကို သိထားသည်မှာကြာပြီဖြစ်သည်။ သူမသည် အန္တရာယ်ကိုမသိသော်လည်း ခန့်မှန်း၍ရသည်။ သူမသည် လက်ဆန့် ထုတ်ကာ ရှီမာယူယူ၏ ခေါင်းကိုထိလိုက်သည် “သမီး ဘေးကင်းကင်းနဲ့ပြန် လာရင် ပြီးတာပါပဲ”

“အဖေကရော…”

“အနက်ဝတ်လူတွေကို သတ်ဖို့သွားတယ်” ယွိခဲ့လော့သည် သူမထိုင်ရန် ကုလားထိုင်ယူခဲ့ရန် အမိန့်ပေးလိုက်ပြီး ပြောလိုက်သည် “အနက်ဝတ်လူတွေရဲ့ ဌာနချုပ်ကို သိသွားကြတော့ အကုန်လုံးက အသက်ရှူချောင်သွားပြီ.. သူတို့ လည်း သွားဖို့တောင်မစောင့်နိုင်တော့ဘူး.. ကျိဟောက်ကြောင့်သာမဟုတ်ရင် အမေလည်း သူတို့ကိုသွားသတ်မှာပဲ”

“အမေ ဒီလိုဆိုရင် မောင်လေးလန့်သွားဦးမယ်” ရှီမာယူယဓသည် ရှီမာ ကျိဟော်၏ ကျောကိုပုတ်ပေးကာ ပြောလိုက်သည်။

“ကျိဟောက်က မကြောက်တတ်ဘူး ကျိဟောက် မမကြီးကိုကာကွယ်မှာ” ရှီမာကျိဟောက်သည် သူမ၏ရင်ခွင်ထဲသို့ တိုးဝင်လေသည်။

“သမီးအဖေက သူ့ကိုပြောထားတာလေ သူကယောက်ျားလေးမို့လို့ နောက်ဆိုရင် အစ်မကိုကာကွယ်ရမယ်တဲ့.. အဲဒါကြောင့် အခု သူကောင်းကောင်း ပြောနိုင်တာဆိုလို့ သူ့အစ်မကိုကာကွယ်မယ်ဆိုတာချည်းပဲ” ယွိခဲ့လော့သည် ပြုံးပြီး ပြောလိုက်သည်။

“ဟားဟား ကျိဟောက်က တကယ်လိမ္မာတဲ့ကော်ငလေးပဲ.. မမကို ကာကွယ်ချင်ရင် အရင်ဆုံး အဖေအမေစကားနားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင်လုပ်ရမယ် ဟုတ်ပြီလား”

“သားသိပါတယ် အခုကိုလူကြီးဖြစ်နေပြီပဲ” ရှီမာကျိဟောက်၏ အပြစ် ကင်းသော စကားများသည် သူ၏မိခင်နှင့် အစ်မဖြစ်သူကို ရယ်မောစေသည်။

ရှီမာကျိဟောက်နှင့် အတန်ကြာဆော့ကစားပြီးနောက် သူသည် သူမ ရင်ခွင်ထဲတွင် အိပ်ပျော်သွားလေသည်။ ရှီမာယူယူသည် သူ့ကို အိပ်ရာပေါ်တင် ပြီး ယွိခဲ့လော့နှင့် ထပ်မံစကားပြောလေသည်။

“အခု အနက်ဝတ်လူတွေကိစ္စကိုဖြေရှင်းပြီးသွားပြီဆိုတော့ ဒီတစ်ခေါက် အိမ်မှာကြာကြာနေမှာလား” သူမ ချက်ချင်းထွက်သွားမည်ကို ယွိခဲ့လော့ စိုးရိမ် မိသည်။

“ဟုတ်.. ခဏလောက်နားပြီး အမေနဲ့မောင်လေးတို့နဲ့အတူ အိမ်မှာပဲ အချိန်ကုန်ဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။

မိဘနှစ်ပါးကို ကယ်တင်ပြီးကာ ယခုအချိန်တွင် မိသားစုပြန်စုစည်းနိုင်ခဲ့ ကြသည်။ အကြောင်းအရင်းမျိုးစုံကြောင့် သူတို့သည် မိသားစုအနေနှင့် အချိန် တော်တော်များများ မကုန်ဆုံးနိုင်ခဲ့ပေ။ သူမသည် နတ်ဆိုးလောကတွင် မည်မျှ ကြာအောင်နေရမည်မသိသဖြင့် ထွက်မသွားခင်တွင် အမေနှင့် မောင်လေးဖြစ် သူနှင့်အတူ အိမ်တွင်နေချင်သေးသည်။

သူမ ခြံဝန်းသို့ပြန်ရောက်သောအခါ သူမ၏အပြုံးမှာ ပျောက်ကွယ်သွား တော့သည်။ သူမ စဉ်းစားပြီး ဟေးဒီးစ်ကို ဆင့်ခေါ်လိုက်သည်။

မကြာခင်တွင် ဟေးဒီးစ်သည် သူမ၏အခန်းထဲတွင်ပေါ်လာသည်။ သူ သည် သူမ၏စိတ်အားထက်သန်သော မျက်လုံးများကိုမြင်သောအခါ သူသည် ဘာမှမပြောဘဲ ပုံရိပ်ဖမ်းကျောက်တုံးအပုံလိုက်ကို ပစ်ပေးလိုက်သည်။

“ငါ မင်းအတွက် အကုန်လုံး မှတ်တမ်းတင်ပေးထားတယ်.. ကလေးနှစ် ယောက်က ခန္ဓာကိုယ်တည်ဆောက်နေတုန်းပဲရှိသေးတယ် အချိန်ယူပြီးကြည့် လိုက်”

ထိုသို့ပြောပြီးနောက် သူသည် သူမစကားပြောခွင့်ကိုပင် မပေးဘဲ ထွက် သွားလေသည်။

“ရှင်အလုပ်များနေရင်လည်း လူလွှတ်ပြီးပေးခိုင်းလို့ရတာပဲ” ရှီမာယူယူ စောဒကတက်လေသည်။ သို့သော် ပုံရိပ်ဖမ်းကျောက်တုံးအပုံလိုက်ကို ကိုင်ကာ ကြည့်လေသည်။

ပုံရိပ်ဖမ်းကျောက်တုံးများတွင် အမှတ်အသားများလုပ်ထားသည်။ ကလေးနှစ်ယောက် ထိုနေရာသို့ သွားသည့်အချိန်ကစသည်။ သူမသည် နံပါတ် ၁ ဟုရေးမှတ်ထားသည့် ပုံရိပ်ဖမ်းကျောက်တုံးယူကာ ဝိညာဉ်စွမ်းအင်ထည့်ပြီး ကြည့်လိုက်သည်။

ထိုမှတ်တမ်းသည် ကလေးနှစ်ယောက် ရောက်ခါစ အမေကိုခေါ်ပြီး ငိုနေ ကြပုံဖြစ်သည်။ ဝူရှောင်းသောင့်၏ အသံသည် ငိုရင်းနှင့် အက်ကွဲသွားကာ ဝူချီယောင်၏ မျက်နှာသည် ခါးသက်မှုများကြောင့် နီရဲသွားသည်။

ရှီမာယူယူ၏ မျက်ရည်များသည် ချက်ချင်းကျလာသည်။

ဟေးဒီးစ် ဘာကြောင့် အလျင်စလိုပျောက်သွားသည်ကို ယခု သူမ သိလိုက်လေပြီ။ သူသာ အမြန်ထွက်မသွားလျှင် ထိုအခိုက်အတန့်များကို တွေ့ ချိန်တွင် သူ့ကိုအချေအတင်ပြောမိမည်။

နောက်ပိုင်းတွင် ကလေးနှစ်ယောက်သည် တဖြည်းဖြည်း ကျင့်သားရလာ ကာ ပို၍လိမ္မာလာသည်။ သူတို့သည် ပြင်းထန်စွာမငိုတော့ပေ။ သို့သော် တစ်ခါ တရံတွင် မိခင်ကိုရှာကြရာ ထိုအရာသည် ရှီမာယူယူကို စိတ်ဆင်းရဲစေသည်။

ထိုကလေးနှစ်ယောက်ကို သူမ၏ပုံရိပ်ကို ဆုအဖြစ်ပေးမည်ဟုဆိုသည် နှင့် မည်မျှပင်ခက်ခဲစေကာမူ မငိုတော့သလိုစောဒကတည်းမတက်တော့သည် ကိုကြည့်ပြီး သူမ၏မျက်ရည်များသည် ပို၍ယောက်ယက်ခတ်လာသည်။

သူမကို သူတို့နှင့် ပေးမတွေ့သည်မှာ ဟေးဒီးစ်၏ ဆုံးဖြတ်ချက်မှန်ကန် သည်ကို သူမ သိသည်။ သူမသာ သွားလိုက်လျှင် သူတို့အနာဂတ်ကောင်းရန် အတွက်ဟု သိထားသည့်တိုင်အောင် သူတို့ ယခုလိုခံစားရသည်ကို တွန့်ဆုတ် နေမည်ဖြစ်သည်။ သူမမမြင်နိုင်မှသာ ရက်စက်နိုင်မည်ဖြစ်သည်။

နောက်ပိုင်းပုံရိပ်ဖမ်းကျောက်တုံးများထဲတွင် ကလေးနှစ်ယောက်သည် ကြီးပြင်းလာကာ ပို၍လိမ္မာလာသည်။ သို့သော် မပြောင်းလဲသောအရာမှာ သူတို့ သည် သူမကိုလွမ်းနေခြင်းပင်ဖြစ်သည်။

နောက်ဆုံးပုံရိပ်ဖမ်းကျောက်တုံးတွင် ဝူရှောင်းသောင့်သည် ရံဖန်ရံခါ လဲကျသည်ကို ကျင့်သားရနေသည်ကို သိလိုက်ရသည်။ သူမသည် လဲကျပြီး နောက် ပြန်ထကာ လက်ခုပ်တီးပြီး ဆက်ကစားလေသည်။

ရှီမာယူယူသည် အခန်းတံခါးပိတ်ကာ ပုံရိပ်ဖမ်းကျောက်တုံးများကို တစ်နေကုန်ကြည့်လေသည်။ နောက်နေ့တွင် သူမသည် ယွိခဲ့လော့ကို ပြပြီး ထပ်ငိုပြန်သည်။

“သနားစရာ ကလေးနှစ်ယောက်ပဲ” ယွိခဲ့လော့သည် သူမမျက်နှာမှ မျက်ရည်များကို သုတ်ပေးလေသည် “ဒါက ကလေးနှစ်ယောက်ရဲ့ အနာဂတ် အတွက်ဆိုတာကို မှတ်ထားရမယ်နော်”

“သမီး သိပါတယ်” သူမသည် ပုံရိပ်ဖမ်းကျောက်တုံးများကို သိမ်းလိုက် သည်။ နောက်တစ်ချိန် သူတို့ကိုလွမ်းလာလျှင် ထိုကျောက်တုံးများသည် နှစ်သိမ့်စရာတစ်ခုသာဖြစ်သည်။

“ကလေးနှစ်ယောက်ကို ဘယ်လောက်ကြာအောင် နေခိုင်းမှာလဲလို့ ဟေးဒီးစ်မပြောဘူးလား”

***

All Chapters