နတ်ဆိုးလောကသို့ပြန်ခြင်း
Vol. 159 Ch. 2219
ရှီမာယူယူသည် ခေါင်းခါလေသည်။ ဟေးဒီးစ်သည် သူမကို အချိန် အကန့် အသတ်မပေးခဲ့ပေ။
“ဘယ်တော့အထိလဲဆိုတာ သူ မပြောခဲ့ပေမဲ့ နှစ်နည်းနည်းလောက်ပဲနေ မှာပါ.. အရင်ဆုံး သမီးနတ်ဆိုးလောကကိုသွားမယ်.. အဲဒီမှာအခြေအနေ ကောင်းရင်တော့ သူတို့ကိုသွားပြန်ခေါ်မယ်.. အဆင်မပြေရင်တော့ အဲဒီမှာပဲ နည်းနည်းကြာအောင်နေရတော့မှာပေါ့.. သူတို့ ခန္ဓာကိုယ်ပုံသွင်းတာက ဘယ်လောက်ကြာမလဲဆိုတာ မသိဘူး.. အချိန်ကြာမယ်ဆိုရင် အဲဒီကိုသွားပြီး သူတို့ကိုအဖော်ပြုပေးမယ်”
သူတို့သည် သူမ၏ ကလေးနှစ်ယောက်ဖြစ်ရာ သူတို့ကြီးပြင်းလာပုံကို ကိုယ်တိုင်ကြည့်သင့်သည်။
ကြီးပြင်းလာပုံတစ်ဆင့်ချင်းစီမှာ နောက်ပြန်လှည့်၍မရပေ။ သူတို့ ကြီးပြင်းလာသည့် ၂ နှစ်ကိုပင် သူမ လွတ်သွားပြီဖြစ်ရာ နောင်တစ်ချိန်တွင် ထပ်မံလက်လွှတ်မခံနိုင်ပေ။
“အင်း စိတ်ထဲမှာ အစီအစဉ်ရှိတာတော့ ကောင်းပါတယ်”
“အမေ မမ” ရှီမာကျိဟောက်သည် သူ၏ခြေထောက်သေးသေးလေးများ နှင့်ပြေးလာရာ သူတို့၏ဝမ်းနည်းမှုများ တစ်ခါတည်းပျောက်ကွယ်သွားလေ သည်။
သည်တစ်ကြိမ်တွင် ရှီမာယူယူသည် အိမ်တွင် လပေါင်းများစွာနေထိုင် သည်။ ပြီးခဲ့သည့် လအနည်းငယ်တွင် အနက်ဝတ်လူများ၏ ဌာနချုပ်သည် ဖျက်ဆီးခံလိုက်ရသည်လား.. သို့မဟုတ် အမိန့်လက်ခံရရ၍ နတ်ဘုံသို့သွား သည်လားမသိပေ။ တိုင်းပြည်တွင် အုံကြွမှုများကိုဖြစ်စေသည့် အနက်ဝတ်လူ များသည် ရုတ်တရက်ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူသည် စဉ်းစားရင်းနှင့် အနည်းငယ်မှိုင်တွေမိသည်။ သူမသည် ကောင်းကင်ဂိုဏ်းတွင်ရှိစဉ်ကပင် အနက်ဝတ်လူများနှင့် အငြင်းပွားမှုများ စတင်ခဲ့သည်။ နှစ်ပေါင်း ၁၀၀ ကျော်ပြီးနောက် ရုတ်တရက်ပျောက်ကွယ်သွား သည်မှာ လက်တွေ့မဆန်သလိုခံစားရသည်။
သို့သော် ရွှမ်ချုံးဟော်၏ ရည်ရွယ်ချက်ကို စဉ်းစားလိုက်လျှင် အနက်ဝတ် လူများ၏ကိစ္စမှာ မပြီးနိုင်သေးသည်ကို သူမသိသည်။ သူတို့သည် သူမကို တခြားနေရာတွင် စောင့်နေခြင်းသာဖြစ်သည်။
ရှီမာလျူရွှမ်နှင့် တခြားသူများပြန်လာပြီးနောက် သူမသည် အိမ်တွင် နောက်ထပ်တစ်လနေကာ နတ်ဆိုးလောကသို့ သွားလေသည်။
သူမ သွေးလိုဏ်ဂူသို့ နောက်တစ်ကြိမ်ပြန်လာသည်နှင့် အတိတ်ကဖြစ်ခဲ့ သည့် အရာများကို အမှတ်ရမိသည်။ သူမသည် သူမ၏ဆရာကို ဤနေရာမှ ကယ်တင်ခဲ့ကာ ဤနေရာမှတဆင့် နတ်ဆိုးလောကကို ဝူလင်းယူနှင့်အတူ သွားခဲ့သည်။ နတ်ဆိုးလောကတွင် အရာအားလုံးကိုတွေ့ကြုံပြီးနောက် ပိုင်ကျားဇီနှင့်တခြားသူများနှင့်ပါ ရင်းနှီးခဲ့သည်။
သည်တစ်ခေါက် သူမ သွားလိုက်လျှင် မည်သို့ဖြစ်မည်ကို မသိပေ။
သူမ သွေးလိုဏ်ဂူကိုဖတ်လိုက်ချိန်တွင် နတ်ဆိုးလောကမှလူနှင့် အစောင့်တို့တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။ သူမသည် တွေ့သမျှ ကို မသတ်ချင်ပေ။ ထို့အပြင် ယခုအချိန်တွင် ဝူလင်းယူသည်နတ်ဆိုးလောက တွင်ရှိနေကာ ထိုလူများသည် သူ၏လက်အောက်ငယ်သားဖြစ်နိုင်သည်။ သူမ သည် နတ်ဆိုးလောကမှလူများ၏ စကားများကိုကြားသောအခါ သူတို့ကို တွန်းလှန်ရန် ဆုံးဖြတ်လိုက်သည်။
“ကံဆိုးလိုက်တာ.. ဒီမှာ တိုက်ခိုက်ရမယ်ဆိုတာသာသိရင် နတ်ဆိုး လောကမှာပဲနေပြီး ပုန်ကန်တဲ့ကောင်တွေကို ရှင်းပစ်လိုက်ပါတယ်”
မိုလော့ရဲ့လူတွေ…
သူမ၏ မျက်လုံးများအရောင်လက်သွားပြီး လေထဲတွင် မီးနဂါးပေါ်လာ ကာ လျင်မြန်စွာပင် နတ်ဆိုးမျိုးနွယ်ဆီသို့ အလျင်အမြန်ပျံသွားလိုက်သည်။ မီးနဂါးပျံထွက်သွားသည်နှင့် သူမအရှေ့တွင် ဓားအဖြစ် ပုံသဏ္ဍာန်စုစည်းပြီး မီးနဂါးနောက်လိုက်သွားလေသည်။
ဖန်မိသားစုမှလူများသည် နောက်ထပ်တောင့်ခံရန်မဖြစ်နိုင်တော့ပေ။ ဤ တိုက်ပွဲသည် ရက်ပေါင်းများစွာကြာနေပြီဖြစ်သည်။ သို့သော် သည်တစ်ခေါက် နတ်ဆိုးမျိုးနွယ်မှာ များပြားလှကာ မည်မျှပင် သတ်စေကာမူ သတ်၍မကုန်နိုင် ပေ။ ထိုအစား သူတို့ ခြေကုန်လက်ပမ်းကျလာသည်။
သူတို့ရှုံးတော့မည်ဟု ထင်လိုက်သည့်အချိန်တွင် မီးနဂါးတစ်ကောင်သည် အနောက်မှထွက်လာကာ သူတို့အပေါ်မှပျံသွားပြီး နတ်ဆိုးမျိုးနွယ်မှ လူတစ် ဝက်ကျော်ကို လောင်ကျွမ်းလိုက်သည်။ ထိုမီးနဂါးနောက်မှ ဓားရှည်ငယ်လေး များသည် နတ်ဆိုးမျိုးနွယ်များ၏ မျက်ခုံးကြားမှ ထိုးဖောက်ထွက်သွားလေ သည်။ ဓားငယ်များတွင်ပါဝင်သည့် စွမ်းအားသည် သူတို့ကို အစိတ်စိတ်အမွှာမွှာ ဖြိုခွဲလိုက်လေသည်။
ဖန်မိသားစုကို အကြမ်းပတမ်းတိုက်ခိုက်နေသည့် နတ်ဆိုးမျိုးနွယ်ဝင်များ သည် ထိုအတိုင်းပင် အရှင်းခံလိုက်ရတော့သည်။ ဖန်မိသားစုမှာ ထိတ်လန့် သွားကြလေသည်။ ရှီမာယူယူ ပျံလာပြီး သူတို့ကိုကြည့်လိုက်၏။ သူတို့အင်္ကျီမှ သင်္ကေတကိုမြင်သောအခါ ဖန်မိသားစုမှလူကို ဤနေရာတွင် တွေ့ရလိမ့်မည် ဟုထင်မထားပေ။
“ကူညီပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ” ဖန်မိသားစုခေါင်းဆောင် သည် ရှီမာယူယူကို ကျေးဇူးတင်ကြောင်း ဖော်ပြလေသည်။
“ဖြတ်သွားရင်းနဲ့ ကူညီလိုက်တာပါ” ရှီမာယူယူ ပြောလိုက်သည်။
“သခင်မလေးရဲ့ နာမည်ကိုသိလို့ရမလား.. ကျွန်တော်တို့ အပြင်ထွက်ရင် သေချာလေး ကျေးဇူးဆပ်ချင်လို့ပါ”
“မလိုပါဘူး ရှင်တို့က ကျွန်မဆရာရဲ့မျိုးနွယ်ဝင်ပဲ အဲဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ရှင်တို့ကိုကယ်သင့်တာပဲ.. ကျွန်မမှာလုပ်စရာကိစ္စလေးတွေရှိသေးလို့ သွားလိုက်ပါဦးမယ်” ပြောပြီးနောက် ရှီမာယူယူသည် သွေးလိုဏ်ဂူအတွင်းထဲ သို့ ပျံဝင်သွားလိုက်လေသည်။
ဖန်မိသားစုမှလူများသည် သူမ၏ကျောပြင်ကိုကြည့်ပြီး သူမ၏ သရုပ်မှန် ကိုခန့်မှန်းနေကြသည်။ သူတို့ထဲက သိတဲ့လူတွေထဲက ဖန်မိသားစုနဲ့ ဆက်စပ် ပြီး အင်အားကြီးတဲ့လူက ဘယ်သူဖြစ်မလဲ။
“အဲဒါ ရှီမာယူယူပဲ” တစ်စုံတစ်ယောက်သည် သူမကို မှတ်မိကာ သူမ၏ ကျောပြင်မှအော်ပြောလေသည် “ရှီမာယူယူ ဟုတ်လား သေချာရဲ့လား”
“ဟုတ်တယ် သူမပဲ သူမကဆရာဦးလေးရှင်းရဲ့တပည့်ပဲ”
“သူမက အဲလောက်စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားဘူး.. အဲဒါက မြင့်မြတ်တဲ့အဆင့်ကိုရောက်နေပြီမဟုတ်ဘူးလား သူမက အသက်ဘယ် လောက်ရှိပြီလဲ”
“အရင်ဆုံးပြန်ပြီး သတင်းလွှင့်ကြတာပေါ့.. အားလုံး ကောင်းကောင်း နား ထားလိုက်ကြ.. ငါတို့တွေ နတ်ဆိုးမျိုးနွယ်လက်ထဲမှာ အများကြီးဆုံးရှုံးလိုက်ရ တာဆိုတော့ ခဏနဲ့မပြန်နိုင်ကြသေးဘူး”
“ဟုတ်ကဲ့”
ရှီမာယူယူသည် သွေးလိုဏ်ဂူအတွင်းဆုံးသို့သွားလိုက်သည်။ အရင်က ထိုနေရာကို ဟွာရှုံမှခေါ်လာဖူးသည်။ သူမသည် ထူထဲသော အတားအဆီးကို ထိပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်ကို ထုတ်၍အတားဆီးဆီသို့ ပြောင်းရွှေ့ လိုက်သည်။
လုံလင်လှသောအရောင်သည် အတားအဆီးအတွင်းတွင် ပွင့်သွားသည်။ သူမသည် ထပြီး ပျံဝင်သွားလိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက် သူမ လူသားလောကမှ နတ်ဆိုးလောကသို့ အပြန် တွင် ဝူလင်းယူသည် ဤကဲ့သို့ပြုလုပ်ရန် သင်ပေးထားခဲ့သည်။ သို့သော် ထို အချိန်က သူမ၏အင်အားသည် အလွန်ပင်နည်းနေခဲ့သည်။ ထိုစဉ်က အချိန် ကြာမြင့်ခဲ့သလို သူမထွက်လာသည်နှင့် အလွန်ပင် ခြေကုန်လက်ပမ်းကျခဲ့ သည်။ သည်တစ်ခေါက်တွင် အချိန်တိုအတွင်း၌ပင် ဖြတ်သွားနိုင်ခဲ့သည်။
သူမ ထွက်လာသည့်နေရာသည် ပြီးခဲ့သည့်တစ်ခေါက်က နေရာနှင့်အတူ တူပင်ဖြစ်သည်။ သူမ၏ အင်အားမှာ လုံလောက်နေပြီဖြစ်သဖြင့် ပြီးခဲ့သည့် တစ်ခေါက်ကကဲ့သို့ ရုပ်ပြောင်းရုပ်လွှဲလုပ်ရန်မလိုတော့ပေ။ သူမသည် အလင်း ရောင်ဝါကိုသိမ်းပြီး အမှောင်စွမ်းအင်ရောင်ဝါထုတ်လိုက်သည်။
သူမ စဉ်းစားကြည့်ပြီး နတ်ဆိုးလောကသားများဖြစ်သည့် ပန်းလေးနှင့် အိပ်မက်လေးကိုခေါ်ထုတ်ကာ တခြားသားရဲများကို ဝိညာဉ်စေတီအတွင်း၌ ထားခဲ့လေသည်။
“ယူယူ အခု အစ်ကိုကြီးလင်းယူကို သွားရှာတော့မှာလား” ပန်းလးမေး လိုက်သည်။
ရှီမာယူယူသည် အိပ်မက်လေးကိုကြည့်ပြီး ပြောလိုက်သည် “အရင်ဆုံး အိပ်မက်လေးအတွက် လက်စားသွားချေကြတာပေါ့”
သည်တစ်ကြိမ် နတ်ဆိုးလောကသို့လာရခြင်း၏ အဓိကအကြောင်း အရင်းမှာ အိပ်မက်လေးအတွက် လက်စားချေရန်ဖြစ်သည်။ တစ်ချိန်တည်းမှာ ပင် သူမသည် နတ်ဆိုးလောကမှအခြေအနေကို စုံစမ်းပြီး ဝူလင်းယူအတွက် အကူအညီဖြစ်လိုဖြစ်ငြား သူ့ဆီသို့ တိုက်ရိုက်သွားမည်ဖြစ်သည်။
အရေးအကြီးဆုံးကိစ္စမှာ သူမသည် မည်သည့်အောင်မြင်မှုကိုမှယူမသွား လျှင် သူ၏လက်အောက်ငယ်သားများသည် သူမကို လက်ခံမည်မဟုတ်ပေ။ သူမကို သူ၏ဇနီးအဖြစ် အသိအမှတ်ပြုလျှင်တောင် သူတို့၏စိတ်အတွင်းထဲမှ သူမကို လက်ခံမည်မဟုတ်ကြပေ။
ထို့ကြောင့် သူတို့ကို တိုက်ရိုက်သွားတွေ့သည်မှာ ကောင်းမွန်သည့် ရွေးချယ်မှုတော့မဟုတ်ပေ။
အိပ်မက်လေးနှင့် ပန်းလေးတို့သည် သူမ၏အတွေးကိုသိသွားကြပြီး သူမ ၏ အစီအစဉ်ကို သဘောတူကြသည်။
“ငါက အိပ်မက်လေးအတွက် အမြဲလက်စားချေပေးချင်နေတာ.. အခု ငါ့မှာ အင်အားရှိပြီဆိုတော့ လုပ်လိုက်ကြတာပေါ့” သူမသည် အိပ်မက်လေး၏ ခေါင်းကိုထိပြီး အားနာစွာဖြင့် ပြောလေသည် “မင်းအတွက် လက်စားချေပေး မယ်လို့ ငါအမြဲပြောလာပေမဲ့ အခုထိနှောင့်နှေးသွားရတယ်”
“ယူယူ ငါတို့နားလည်ပါတယ်” အိပ်မက်လေးသည် ရှီမာယူယူကို အပြစ် မတင်ပေ။ ဤနှစ်များတွင် ရှီမာယူယူ မည်သို့ကြုံတွေ့ခဲ့ရသည်ကို သူမ သိ သဖြင့် သူမအတွက် စိတ်မကောင်းဖြစ်မိသည်။ သူမကို မည်သို့အပြစ်တင်နိုင် မည်နည်း။
ဆန့်ကျင်ဘက်အနေနှင့် သူမသည် ရင်ထဲထိမိသည်။ သူမသည် ရှီမာယူ ယူ၏ သားရဲများစွာထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် ရှီမာယူယူသည် သူမ ၏ ကိစ္စကိုအမှတ်တရရှိပေးကာ အချိန်ရသည်နှင့် ဤနေရာသို့ ပြန်ခေါ်လာပေး ခဲ့သည်။
သူမသည် လက်ဆန့်ထုတ်ပြီး ရှီမာယူယူကို ဖက်ကာ ရင်ခွင်ထဲသို့ ခေါင်း ကိုနှစ်လိုက်ကာ လေသံဖြင့် ပြောလေသည် “ယူယူ ကျေးဇူးတင်ပါတယ်.. ငါ့ရဲ့ စာချုပ်သခင်က ယူယူဖြစ်နေလို့ အရမ်းပျော်ပါတယ်”
အိပ်မက်လေးသည် သူမ၏မှတ်ဉာဏ်များ ပြန်ရလာချိန်မှစပြီး ဤကဲ့သို့ ခံစားချက်များကို မပြသခဲ့ပေ။ သူမ၏ စိတ်ထဲတွင် သယ်ပိုးထားရသည့် ဝန်ထုတ်ဝန်ပိုးများကို တွေးမိသည့်အချိန်တွင် ရှီမာယူယူသည် သူမ၏ ကျောပြင်ကို ပုတ်ပေးပြီး နှစ်သိမ့်ပေးလိုက်သော်လည်း ဘာမှမပြောလိုက်ပေ။
ခဏကြာပြီးနောက် အိပ်မက်လေးသည် ခံစားချက်များကို ပြန်ရုတ်သိမ်း ကာ သူမ၏ရင်ခွင်ထဲမှထွက်ပြီး မျက်ရည်များကိုသုတ်ပစ်လေသည်။
“ငါတို့ကအခုမှရောက်တာဆိုတော့ နတ်ဆိုးလောကရဲ့အခြေအနေက ဘယ်လိုဖြစ်မလဲမသိသေးဘူး.. အခု အဲဒီမျိုးနွယ်ဝင်တွေရဲ့အခြေအနေ ဘယ်လိုရှိလဲဆိုတာကို သွားစုံစမ်းရမယ်.. ပြီးမှ တန်ပြန်အစီအမံကိုဆွေးနွေးကြ မယ်.. ဘယ်လိုလဲ”
အိပ်မက်လေးနှင့် ပန်းလေးတို့တွင် ငြင်းဆန်မှုမရှိကြပေ။ ထို့နောက် သူတို့သုံးယောက်သည် သူမ၏ အရင်မှတ်ဉာဏ်များကိုအခြေခံပြီး အနီးဆုံးမြို့ သို့သွားလိုက်ကြသည်။
***