သူမရှိနေတဲ့နေရာကို တမင်ဖုံးကွယ်ဖို့မလိုဘူး
Vol. 159 Ch. 2220
ဒီမြို့ရဲ့နာမည်ကဘာပါလိမ့်။ ပြီးခဲ့တဲ့တစ်ခေါက်က သူတို့တွေ သေချာ မလည်ပတ်ရသေးခင်၊ ရောက်တာနဲ့ ပစ်မှတ်ထားခံခဲ့ရတာလေ။ အိပ်မက်လေး က အဲလူတွေမြို့ကထွက်တာနဲ့ တစ်ခါတည်းရှင်းပစ်ခဲ့တာပဲ။
ဤမြို့သည် မကြီးလှပေ။ သူတို့သုံးယောက်ဝင်လိုက်ချိန်တွင် တခြားသူ များ၏ အာရုံစိုက်ခြင်းကို ချက်ချင်းပင်ခံလိုက်ရလေသည်။ သို့သော် သူတို့ကို မည်သူမှ ပစ်မှတ်မထားရဲကြပေ။
သူမသည် မည်သည့်ပုံစံမျိုးကိုမဆို အသွင်ပြောင်းနိုင်ပြီး အင်အားမှာ လည်း ပထမတန်းစားဖြစ်သည်။ သူမသည် ရုပ်ရည်လှပကာ အင်အားမှာလည်း ကောင်းနေသဖြင့် သူကို မည်သူက ရန်စရဲတော့မည်နည်း။
ရှီမာယူယူသည် သူမ၏လက်ရှိအားနှင့် တည်နေရာကိုပင် တမင်ဖုံးကွယ် မနေတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ဤကဲ့သို့နေရာလေးတစ်ခုတွင် သူမကို မည်သူမှရန်မစရဲသဖြင့် ဖုံးကွယ်ရန်လည်းမလိုပေ။
သူမသည် တည်းခိုဆောင်တွင်နေရင်းနှင့် သတင်းစုံစမ်းရန် နီရဲပျားများ ကိုလွှတ်လိုက်သည်။ ထို့နောက် အိပ်မက်လေးနှင့် ပန်းလေးကို သွားလည်ခိုင်း သည်။ သူမ အနားယူရန် အခွင့်အရေးမရလိုက်ခင်မှာပင် အိပ်မက်လေးနှင့် ပန်း လေးတို့ အပြေးပြန်လာသည်။
“ယူယူ ကိစ္စကြီးတော့ဖြစ်နေပြီ” ပန်းလေးသည် ရင်ဘတ်ကိုပုတ်ရင်းနှင့် ပြောလေသည်။
“ဘာဖြစ်တာလဲ” သူတို့ ထွက်သွားပြီး မကြာသေးခင်မှာပင် စိုးရိမ်နေ သောမျက်နှာများဖြင့် အမြန်ပြန်လာသဖြင့် ရှီမာယူယူသည် သူတို့ကိုကြည့် လိုက်၏။ နီရဲပျားများသည် မည်သည့်သတင်းမှပြန်ပို့မလာသေးပေ။
“မိုလော့က အစ်ကိုကြီးလင်းယူကိုတိုက်ဖို့ တပ်သားသန်းချီပို့လိုက်ပြီ” ပန်းလေး ပြောလေသည် “အဲဒီတပ်သားတွေက အရမ်းအားကောင်းတယ်လို့ ကြားတယ်”
“ဟုတ်တယ် အစ်ကိုကြီးလင်းယူတို့ကို အကုန်ရှင်းပစ်မယ်လို့ မိုလော့က သတင်းလွှင့်ထားတယ်.. အရင်တုန်းက အပြင်ကမ္ဘာကကိစ္စတွေကို အိပ်မက် လေးမသိခဲ့ပေမဲ့ နတ်ဆိုးတပ်ဖွဲ့အကြောင်းကိုတော့သိတယ်.. ဒီတစ်ခေါက် မိုလော့လွှတ်လိုက်တဲ့ တပ်စုကအရမ်းအားကောင်းကြတယ်” အိပ်မက်လေး သည် စိုးရိမ်တကြီးပြောလေသည်။
“အဲဒီတော့ သူတို့က လင်းယူရဲ့တည်နေရာကိုသိကြတယ်ပေါ့”
“လင်းယူက ဒီမှာမြို့တွေအများကြီးကိုတိုက်ခိုက်နေတာ.. အခု မိုလော့နဲ့ တိုက်ခိုက်နေပြီ.. ဒါပေမဲ့ သူတို့ရဲ့ပိုင်နက်က မိုလော့ထက်သေးနေတော့ သူတို့ အခြေအနေက အကောင်းဘက်မှာတော့မရှိဘူး” ပန်းလေးသည် အစောက ကြားလာသည့်သတင်းကို သူမကိုပြောပြလေသည်။
သူတို့နှစ်ယောက်သည် သတင်းစုံစမ်းရန် အပြင်သွားခြင်းဖြစ်သော်လည်း တည်းခိုဆောင်၏ ဧည့်ဆောင်ခန်းမသို့ရောက်သည်နှင့် ထိုမျှအရေးကြီးသော သတင်းကို ကြားလိုက်ရလိမ့်မည်ဟု ထင်မထားပေ။
“ယူယူ အခုတော့ လက်စားချေဖို့ကို ဘေးဖယ်ထားပြီး အစ်ကိုကြီး လင်းယူကို သွားရှာလိုက်ပါ” အိပ်မက်လေး ပြောလေသည်။
ဝူလင်းယူသည် ဤကိစ္စကို ဘုရင်တစ်ပါးအသွင်ဖြင့် ထင်ပေါ်စွာပြုမူလိမ့် မည်ဟု ရှီမာယူယူထင်မထားပေ။ သို့သော် အနည်းဆုံးတော့ သူ့ကိုရှာရန်လွယ် ကူသွားချေပြီ။
“အခု သူ့ကိုတိုက်ရိုက်သွားရှာရင်လည်း အသုံးမဝင်နိုင်ဘူး” ရှီမာယူယူ သည် ခေတ္တမျှစဉ်းစားလိုက်သည် “ဒါပေမဲ့ အခုကသတင်းကို အသေးစိတ်သိဖို့ လိုတယ်.. ဧည့်ဆောင်ခန်းမထဲက အတင်းအဖျင်းတွေလောက်နဲ့ မလောက် သေးဘူး”
“ယူယူ ဘာတွေးထားတာလဲ”
“စနစ်ကျလောက်မယ့်သတင်းမျိုး ရမလားလို့ သွားကြည့်လိုက်” ရှီမာယူ ယူ ရယ်မောလိုက်သည် “ငါတို့ ပြင်ဆင်ထားရမယ်”
ထိုည မြို့စား၏အိမ်တော်တွင် မြို့စားသည် အနည်းငယ်ပင်ပန်းသလို ခံစားရလေသည်။ သူသည် လက်ထဲမှ အလုပ်များကို မပြီးသေးခင်မှာပင် အိမ် ပြန်ပြီးအိပ်လေသည်။ခဏအကြာတွင် လူသုံးယောက်သည် သူ့အခန်းဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာကြသည်။
“ယူယူ မင်းရဲ့ဆေးကတကယ်ကောင်းတာပဲ.. သူ နှစ်နှစ်ခြိုက်ခြိုက်အိပ် နေပြီ”
ပန်းလေးသည် သူတို့ကိုသတိမထားမိသည့် မြို့စားကိုကြည့်လိုက်သည်။
“ဒါက မိုလော့ရဲ့လူတွေအတွက် အထူးတလည် ဖော်စပ်ထားတာ သက် ရောက်မှုက တကယ်ကောင်းတာပေါ့.. ဒါပေမဲ့ ဒီဆေးက သူ့ကိုအိပ်ချင်ရုံပဲအိပ် ချင်စေမှာ ကျန်တာက အိပ်မက်လေးအပေါ်မှာမူတည်သွားပြီ”
“ယူယူ စိတ်ချထားလိုက် ကျန်တာကိုငါ့ကိုအပ်ထားလိုက်တော့” အိပ်မက် လေး၏ လက်များသည် လှပစွာလှုပ်ရှားလိုက်ကြပြီး အလင်းတန်းခပ်ဖျော့ဖျော့ သည် လက်ဖဝါးမှထွက်ပြီး မြို့စားခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွား လေသည်။ ထို့နောက် သူမ သူတို့ကိုပြောလိုက်သည် “သူ အခုတော့ တကယ် လှပတဲ့အိပ်မက်ထဲရောက်သွားပြီ ယူယူ အခုလာလို့ရပြီ”
ရှီမာယူယူသည် မြို့စားဘေးသို့သွားကာ သူမ၏သွယ်လျသော လက်ချောင်းများကို သူ၏နဖူးပေါ်တင်လိုက်သည်။ သူမ၏ အံ့ဖွယ်အာရုံကို အသုံးပြုကာ သူ၏အသိစိတ်ပင်လယ်ထဲသို့ဝင်ပြီး မှတ်ဉာဏ်များကိုကြည့်လိုက် လေသည်။
မြို့ငယ်တစ်မြို့၏ မြို့စားတစ်ဦးအနေနှင့် သူသိထားသည့်သတင်းမှာ မများလှသော်လည်း အရေးကြီးသည့်သတင်းများကို သိဆဲပင်ဖြစ်သည်။ ဥပမာ ဆိုရလျှင် ပြီးခဲ့သည့်နှစ်များတွင် နတ်ဆိုးလောက၌ ဝူလင်းယူတည်ဆောက်ခဲ့ သည့် အင်အားပင်ဖြစ်သည်။ ဥပမာဆိုရလျှင် လက်ရှိတွင် သူ မည်သည့်မြို့ကို အုပ်စိုးနေသည်၊ အားကောင်းသည့်မျိုးနွယ်များ မည်သည့်နေရာတွင်ရှိသည် အစရှိသဖြင့်အကြောင်းအရာများဖြစ်သည်။ သူမသည် အိပ်မက်လေးတို့၏ မျိုးနွယ်တစ်ခုလုံးကို ချေမှုန်းပစ်ခဲ့သည့် မျိုးနွယ်စုတချို့ကို အထူးအာရုံစိုက်ခဲ့ သည်။
သူမ ပြီးသွားသည်နှင့် အံ့ဖွယ်အာရုံကို ပြန်ရုတ်သိမ်းကာ သူ၏ စာကြည့် ဆောင်သို့သွားကြီး မြေပုံရှာဖွေပြီးသည်နှင့် အိပ်မက်လေး၊ ပန်းလေးတို့နှင့်အတူ ထွက်လာခဲ့လိုက်သည်။
ပြဿနာမဖြစ်စေရန် သူမသည် မြို့မှထွက်သွားပြီး မြို့အပြင်ဘက်ရှိ လူသူကင်းမဲ့သည့်အရပ်သို့ သွားလိုက်ကြသည်။
“ယူယူ ငါတို့သွားမှာကို ဘာလို့ဒါကိုယူလာခဲ့တာလဲ” ပန်းလေးသည် သူမ လက်ထဲမှမြေပုံကိုကြည့်ပြီး ဇဝေဇဝါဖြင့်မေးလေသည်။
အရင်က ဝူလင်းယူသည် သူမကို နတ်ဆိုးလောက၏ မြေပုံတစ်ခုကို ပေးခဲ့ သည်။ သူမက ဘာလို့ဒီမြေပုံကိုယူလာတာလဲ။ ဒါက မြို့စားကို သူ့စာကြည့် တိုက်ထဲ တစ်ယောက်ယောက်ဝင်ခဲ့တယ်ဆိုတာ သတိပေးလိုက်တာပဲ။
“မြို့စားမှာ အရေးကြီးတာ ဘာမှမရှိပေမဲ့.. ဒီမြေပုံက သူ့ပိုင်ဆိုင်မှုထဲက ရတနာဖြစ်မှာပဲ.. သူသာ သိုသိုသိပ်သိပ်မနေရင် ဒီမြေပုံက သူ့လက်ထဲမှာရှိမှာ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက် မြေပုံကိုဖွင့်ကာ ပန်းလေး နှင့် အိပ်မက်လေးတို့ကိုပြလိုက်သည်။
ပန်းလေးနှင့် အိပ်မက်လေးတို့ ကြည့်လိုက်ကြသည်။ မြေပုံသည် တခြား မြေပုံများနှင့် ကွာခြားမှုမရှိသည်ကို တွေ့လိုက်ရသည်။ တောင်နှင့် မြစ်တချို့နှင့် တချို့သော အရေးကြီးသည့်မြို့များကို ညွှန်ပြထားသည်ကို တွေ့ရသည်။
“မျက်လှည့်ဆန်တာ ဒီနေရာပဲ” ရှီမာယူယူသည် လက်ချောင်းဖြင့် နေရာ တစ်နေရာကိုထောက်ပြီး မြေပုံထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်ရာ မြေပုံတစ် ခုလုံးသည် အသက်ဝင်လာသလို ဖြစ်သွားသည်။ သူမ မြေပုံပေါ် လက်ထောက် လိုက်သည့်နေရာသည် လေပေါ်မြှောက်သွားပြီး အဆတစ်ရာမျှကြီးမားသွား သည်။ ဘေးနားဝန်းရံနေသည့် မြို့ငယ်များ၏အမှတ်အသားများပါ ပေါ်လာ၏။
“ဒီစကြာဝဠာကြီးမှာ ဒီလိုပစ္စည်းမျိုးတကယ်ရှိတာလား” ပန်းလေးနှင့် အိပ်မက်လေးတို့ သက်ပြင်းချလိုက်သည်။
ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်ကို လက်ချောင်းမှထုတ်ရာမှ လက်ဖဝါး အဖြစ်ပြောင်းလိုက်ရာ ကြီးမားသောမြေပုံသည် သူတို့အရှေ့တွင် ပေါ်လောပေါ် နေလေသည်။ သူမ၏လက်ဖဝါးဖြင့် ဖုံးအုပ်ထားသော နေရာတစ်ခုလုံးကို ပုံကြီး ချဲ့လိုက်ခြင်းဖြစသည်။
“ဒီလိုမြေပုံမျိုးဘယ်လိုလုပ်ရှိနိုင်တာလဲ” ထိုအရာသည် အလွန်ပင် အံ့ဩ ဖွယ်ကောင်းလှသည်။
“ဒီမြေပုံကို အရှင်သခင်တစ်ယောက်က သူ့ချစ်သူအတွက် လုပ်ပေးခဲ့တာ လို့ ပြောကြတယ်” ရှီမာယူယူသည် ခံစားချက်ပါပါပြောလေသည် “ဒဏ္ဍာရီ တွေအရဆိုရင် အရှင်သခင်ချစ်တဲ့ အမျိုးသမီးက ကျန်းမာရေးမကောင်းတော့ သူနဲ့အတူ ကမ္ဘာအနှံ့မသွားနိုင်ဘူး.. သူရှိတဲ့နေရာကို သူ့ချစ်သူသိအောင်လို့ ဒီ မြေပုံကို သန့်စင်ခဲ့တာပဲ.. နောက်တော့ အဲအမျိုးသမီးသေသွားတယ်.. သူက လက်မလျော့သွားဘဲ သေတဲ့အထိ ဆက်သွားနေခဲ့တယ်”
“ရင်ထဲထိလောက်တဲ့ ဇာတ်လမ်းပဲ” ပန်းလေးနှင့် အိပ်မက်လေးတို့ သက် ပြင်းချလေသည်။
“နောက်ပိုင်းကျ ဒီမြေပုံက ဟိုရောက်ဒီရောက်နဲ့ နောက်ဆုံးတော့ ဒီမြို့ကို ရောက်လာတာပဲ” ရှီမာယူယူ ပြောလေသည် “ဒီမြေပုံမှာ အဲဒီမျိုးနွယ်ဝင်တွေရဲ့ တည်နေရာပါတယ်.. သူတို့ကိုအရင်ရှာကြတာပေါ့.. နောက်ပိုင်းကျ ငါတို့မှာ ဒီမြေပုံမရှိရင်တောင် သူတို့ကို ဘယ်မှာရှာရမလဲဆိုတာ သိသွားတာပေါ့”
“ဒီမြေပုံကို အစ်ကိုကြီးလင်းယူကို ပေးချင်လို့လား”
“ဟုတ်တယ် ရိုးရိုင်းရှင်းရှင်းလက်စားချေချင်တာဆိုရင်တော့ ကိစ္စမရှိဘူး ဒါပေမဲ့ အခြေအနေတွေက ဒီအဆင့်ထိရောက်လာပြီ.. မြေပုံကို သူ့ကိုပေးလိုက် တာပိုအသုံးဝင်မယ် ပြီးတော့ ဒါကငါတို့အတွက် အသုံးမလိုဘူးလေ”
အိပ်မက်လေးတို့ မျိုးနွယ်တစ်ခုလုံးကို ချေမှုန်းသွားသည့် မျိုးနွယ်ဝင်များ ၏ တည်နေရာကို ရှီမာယူယူ တွေ့ထားပြီးဖြစ်သဖြင့် သတင်းများကို မှတ်ထား ရာ မြေပုံကိုစွန့်ပစ်လိုက်၍ရသည်။
“ယူယူ အခု အစ်ကိုကြီးလင်းယူကို သွားရှာတော့မှာလား”
“မဟုတ်ဘူး ငါတို့တွေ နှင်းခဲစန္ဒာမြို့ကိုသွားမယ်”
“နှင်းခဲစန္ဒာဟုတ်လား.. အဲဒါက နတ်ဆိုးကောင်းကင်ဝံပုလွေမျိုးနွယ်ရှိတဲ့ နေရာမဟုတ်ဘူးလား.. ယူယူ အခုလက်ရှိမှာ အစ်ကိုကြီးလင်းယူရဲ့ အခြေအနေ က အကောင်းဘက်ရောက်နောတမဟုတ်ဘူး သူ့ကိုအရင်သွားကူညီသင့်တယ် လက်စားချေတာကို နောက်မှပြောကြမယ်လေ”
ရှီမာယူယူ ပြုံးလိုက်သည် “ငါတို့က သူ့ကိုသွားကူညီမှာပါ ဒါပေမဲ့ လက်စားချေဖို့ကိုလည်း နှောင့်နှေးလို့မရဘူး”
***