အပိုင်းအခြားမရှိသော
Vol. 159 Ch. 2221
ထိုမြေပုံကိုမြင်ရမှပင် နတ်ဆိုးလောက မည်မျှကြိးကြောင်းကို ရှီမာယူယူ သိလိုက်ရတော့သည်။ လူနေထိုင်သည့်နေရာများကိုလည်း လူသားလောက ကဲ့သို့ပင် နယ်မြေများပိုင်းခြားထားသည်။ သို့သော် လူသားလောကမှာကဲ့သို့ အတွင်းပိုင်းဒေသနှင့် အပြင်ဒေသဟူ၍ခွဲခြားထားခြင်းမဟုတ်ပေ။ သူတို့သည် တစ္ဆေနယ်မြေတွင်ရှိသည့် ဝိညာဉ်နယ်မြေနှင့်အသူရာငရဲကဲ့သို့လည်းမဟုတ် ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့တွင် ရှေးဘဝရှိခဲ့သကဲ့သို့ထင်ရသည်။ သို့သော် အဆင်စေပြေရန်အတွက် ထိုအရာကို ကျောရိုးဟုခေါ်ဆိုကြသည်။
ထို့ကြောင့်ပင်နတ်ဆိုးလောကသည် နတ်ဆိုးဘုရင်၏ အုပ်စိုးမှုအောက် တွင် အမြဲတစေရှိခဲ့သည်။
ရှီမာယူယူရေတွက်ကြည့်ရာ နတ်ဆိုးလောကတွင် ကျောရိုးထောင်ချီရှိ သည်။ ဝူလင်းယူတွင် လက်အောက်ငယ်သား တစ်ထောင်ပင်မပြည့်ပေ။ သူ ရင်ဆိုင်နေရသည့် အခြေအနေကို တွေးလိုက်ချိန်တွင် စိတ်မကောင်းဖြစ်မိ၏။
ဤကဲ့သို့ ပြင်းထန်သည့်အခြေအနေကို မကျော်ဖြတ်နိုင်လျှင် နတ်ဆိုး ဘုရင်ကိုမကျော်ဖြတ်နိုင်သရွေ့ ဤကိစ္စသည် ကိုင်တွယ်ရန်လွယ်ကူမည် မဟုတ်ပေ။ တော်ဝင်မျိုးနွယ်တချို့မှာ ရပ်တည်နေဦးမည်ဖြစ်သည်။
သို့သော် ထိုအရာတစ်ခုတည်းကပင် ခက်ခဲနေပြီဖြစ်သည်။ မဟုတ်လျှင် ဝူလင်းယူကို နှစ်ပေါင်းများစွာ ခေါင်းကိုက်စေမည်မဟုတ်ပေ။
ဝူလင်းယူမှာ အားကောင်းသော နတ်ဆိုးသားရဲများ၏ ဝိုင်းခြင်းကိုခံနေရ သည်။ နတ်ဆိုးလောကကို အုပ်စိုးသည့် နတ်ဆိုးဘုရင်တစ်ပါးအနေနှင့် သူ့ လက်ထဲတွင် ထိုကဲ့သို့စွမ်းအားရှိသည်။ သူတို့ ဆန့်ကျင်ကြသည့်အချိန်တွင် မည်သူနိုင်မည် မည်သူရှုံးမည်ကို မသိနိုင်ပေ။ ထို့အပြင် မိုလော့သည် ထိုစဉ်က ဝိညာဉ်လောကကို ထိခိုက်စေသည့်လူ၏ လျှို့ဝှက်နည်းလမ်းကိုသုံးပြီး မွေးဖွား လာခြင်းဖြစ်သဖြင့် သူ့ကိုကိုင်တွယ်ရန် မလွယ်ကူလောက်ပေ။
သူမ ဝူလင်းယူ၏ လက်ရှိအခြေအနေကို တွေးမိသည်နှင့် ဤအတော အတွင်းတွင် အဖော်ပြုပေးရန် သူ မည်မျှအချိန်ပေးခဲ့ရသည်ကို သူမ တွေးပင် မတွေးနိုင်တော့ပေ။ အထူးသဖြင့် သူ တစ္ဆေလောကတွင် ကြာရှည်စွာနေခဲ့သည့် အချိန်များပင်ဖြစ်သည်။ ရံဖန်ရံခါတွင် သူ ကိစ္စများဖြေရှင်းရန် ပျောက်သွား တတ်သော်လည်း ဤအခြေအနေကို စဉ်းစားမိချိန်တွင် အခက်အခဲများကို မည်မျှဖြတ်ကျော်ခဲ့ကြောင်းကို တွေး၍ပင်မရပေ။
နှင်းခဲစန္ဒာမြို့သည် နှင်းခဲစန္ဒာတောင်ရိုး၏ အကြီးဆုံးမြို့ဖြစ်သည်။ နှင်းခဲ စန္ဒာတောင်ရိုးတွင် ရတနာများ အပြည့်အလျှံများပြားခြင်းကြောင့် နှစ်ဦး နှစ်ဖက်မှာ အရေးကြီး တိုက်ခိုက်နေကြခြင်းပင်။ နတ်ဆိုးလောကသည် ကျတ်တီးမြေဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့နေရာမျိုးသည် နှစ်ဦးလုံး ထိန်းချုပ် ချင်ကြသည့်နေရာများဖြစ်ကြသည်။ ဤနေရာကို လက်အောက်သို့ ဆွဲသွင်းနိုင်လျှင် သူတို့၏လက်ရှိအင်အားကို ကြီးမားစေမည်ဖြစ်သည်။ နှစ်ဖက် လုံးမှာ တူညီသောအတွေးရှိကြရာ မိုလော့သည် ဤနေရာတွင်စောင့်ကြပ်ရန် နှင့် ဝူလင်းယူတို့လုသွားမည်ကို ကာကွယ်ရန်အတွက် လူအများအပြား စေလွှတ်ခဲ့သည်။
ဤနေရာအတွက်နှင့် နှစ်ဖက်အကြားတွင် တိုက်ပွဲများစွာဖြစ်ခဲ့သည်။ ဝူလင်းယူသည် အခါပေါင်းများစွာ လူလွှတ်ပြီးတိုက်ခိုက်ခဲ့သော်လည်း မအောင် မြင်ခဲ့ပေ။
“နှင်းခဲစန္ဒာမြို့မှာ ခန့်အပ်ထားတဲ့သူက နတ်ဆိုးဝံပုလွေမျိုးနွယ်ခေါင်း ဆောင်ပဲ” ရှီမာယူယူပြောလိုက်သည် “အဲဒီမျိုးနွယ်ခေါင်းဆောင်က အရမ်းအား ကောင်းတယ်လို့ပြောကြတယ်.. လင်းယူပို့လိုက်တဲ့လူတွေလည်း တိုက်ခိုက်ခံ လိုက်ရတယ် သူ့ကိုသွားတွေ့ကြမယ်.. စိတ်ဝင်စားမယ့်ဟာကို အရင်စုဆောင်း လိုက်ကြတာပေါ့.. ဒီမျိုးနွယ်ခေါင်းဆောင်မရှိရင် နတ်ဆိုးဝံပုလွေမျိုးနွယ်ကို ဖြေရှင်းဖို့လွယ်သွားမယ်” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ရှင်းပြလေ၏။
“ဒီသတင်းကို ခုနက မြို့စားဆီကရတာပဲ.. ဒါသာမှန်တယ်ဆိုရင် အိပ်မက် လေး လက်စားချေဖို့မှာ ကူညီပေးနိုင်သလို ဝူလင်းယူအတွက်လည်း နေရာ ကောင်းတစ်ခုရမှာပဲ”
“ဒါပေမဲ့ ငါတို့တွေနှင်းခဲစန္ဒာမြို့ကိုသိမ်းလိုက်ရင်တောင် တော်ဝင် မျိုးနွယ်ရဲ့ သန်းချီနေတဲ့တပ်ကြီးကို မတားနိုင်ဘူးလေ” အိပ်မက်လေးသည် ထို ကိစ္စကို စိတ်ပူနေတုန်းပင်ဖြစ်သည်။
“အဲဒီသန်းချီနေတဲ့ တပ်သားတွေကို အမိန့်ပေးဖို့က အခက်တွေ့ဆုံးဖြစ် နေတာ.. သူတို့အောက်က တပ်သားတွေက အရေအတွက်များဖို့ရုံတင်ပဲ.. ငါတို့ ရှင်းရမယ့်လူက ပိုအားကောင်းတဲ့လူတွေပဲ.. အောက်ကတပ်သားတွေကို အမိန့် မပေးနိုင်ဘူးဆိုရင် စိတ်ပူဖို့မလိုပါဘူး” ရှီမာယူယူ ခွဲခြမ်းစိတ်ဖြာလေသည်။
“အမှန်ပဲ… ဒါပေမဲ့ မိုလော့ရဲ့လက်အောက်မှာ လူတွေအရမ်းများနေတာ.. အားကောင်းတဲ့လူတွေလည်း အများကြီးပဲ အစ်ကိုကြီးလင်းယူ ခေါင်းကိုက် လည်းကိုက်လောက်တယ်” အိပ်မက်လေး ပြောလိုက်သည်။
“လင်းယူက ပြန်တိုက်ခိုက်ဖို့အတွက် စွမ်းအားမရှိတာမှမဟုတ်တာ” ရှီမာယူယူသည် စိတ်ပူမနေတော့ပေ။ တကယ်တော့ သူမသည် ဝူလင်းယူ အပေါ်တွင် အပြည့်အဝယုံကြည်မှုရှိနေသည်။ သူ မည်မျှပင် အန္တရာယ်တွေ့စေ ကာမူ သူသည် အမြဲတစေဖြေရှင်းနိုင်ခဲ့သည်။
ယခုအချိန်တွင် သူမလုပ်ရသည်မှာ ထိုကပ်ဘေးများကို ကူညီပြီးဖြေရှင်း ပေးရန်ဖြစ်သည်။
သူတို့သည် နှင်းခဲစန္ဒာမြို့ကိုသွားရန်ဆုံးဖြတ်ပြီးသဖြင့် အချိန်ဆွဲမနေ တော့ဘဲ မြေပုံပေါ်တွင် နှင်းခဲစန္ဒာမြို့၏တည်နေရာကိုရှာကာ အကွာအဝေးကို ခန့်မှန်းပြီး ပုလ္လင်ငယ်ယူကာ အလျင်စလိုသွားကြလေသည်။
ဝူလင်းယူ၏ဘက်တွင် သူလည်း နှင်းခဲစန္ဒာမြို့အတွက် အခက်တွေ့နေ သည်။
“ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့လူတွေက မိုလော့ကို စုံစမ်းလာခဲ့ကြ တာ.. အနားထပ်ကပ်သွားရင် နတ်ဆိုးကောင်းကင်ဝံပုလွေဆီမှာ မိသွားလိမ့် မယ်.. ကျွန်တော်တို့တွေ အဲနေရာကို ပစ်မှတ်ထပ်ထားပြီး လူထပ်လွှတ်မှာကို သူတို့ကြောက်တာဖြစ်မယ်… အခု အဲဒီနေရာကိုသိမ်းဖို့ဆိုတာ အရမ်းခက်လိမ့် မယ်” ကျောက်စိမ်းနက်မျိုးနွယ်၏ ခေါင်းဆောင် ဘာလန်ချီသက်ပြင်းချလေ သည်။
“အရှင် နှင်းခဲစန္ဒာမြို့ကို သိမ်းဖို့အတွက် တခြားနည်းလမ်းရှာရမယ်” ဟွာတိ သဘောတူလေသည် “ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေအတွက် ဖြစ် ဖြစ် စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်ဖြစ်ဖြစ် နှင်းခဲစန္ဒာမြို့ကိုတော့ သိမ်းကိုသိမ်း ရမယ်”
“ငါနားလည်ပါတယ်” ဝူလင်းယူသည် နှင်းခဲစန္ဒာမြို့၏အရေးပါပုံကိုသိ သည်။ သူတင်မဟုတ် မိုလော့လည်း သိထားသည်။ ထို့ကြောင့်ပင် ထိုနေရာကို သိမ်းရန်အတွက် ခက်နေခြင်းဖြစ်သည်။ သူကိုယ်တိုင်လုပ်ရန် မစဉ်းစားခဲ့ခြင်း လည်းမဟုတ်ပေ။ သို့သော် သူလှုပ်ရှားလိုက်သည်နှင့် တစ်ဖက်ကလည်း လှုပ်ရှားမည်ဖြစ်သည်။ ထို့အပြင် တော်ဝင်မျိုးနွယ်သည် မျိုးဆက်များစွာ ဆက်ခံလာသဖြင့် သူ့အင်အားမှာ ယှဉ်မရဖြစ်နေတုန်းပင်။
ထိုအချိန်တွင် အပြင်မှ နှုတ်ဆက်သည့်အသံတစ်သံထွက်လာသည်။ တစ် ချိန်တည်းမှာပဲ အနီရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ဆံပင်ငွေရောင် မျက်လုံး ငွေရောင်နှင့် ဟုန်ယွမ်သည် အပြင်မှအထဲသို့ လျှောက်ဝင်လာသည်။
“ဘုန်းတော်ကြီး” ဟွာတိနှင့် ဘာလျန်ချီတို့အပြင် အိမ်ထဲရှိ တခြားသော မျိုးနွယ်ခေါင်းဆောင်များလည်း ဟုန်ယွမ်ကို ဦးညွှတ်ကြသည်။
ဟုန်ယွမ် ခေါင်းညိတ်ပြကာ ဝူလင်းယူအား အရိုအသေပြုပြီး ပြောလိုက် သည် “နှင်းခဲစန္ဒာမြို့မှာ လှုပ်ရှားမှုရှိတယ်”
“ဘာအာရုံခံမိလို့လဲ” ဝူလင်းယူ မေးလိုက်သည်။
ဘုန်းတော်ကြီးဆိုသော်လည်း ဟုန်ယွမ်သည် လက်ထောက်လေးတို့ကဲ့ သို့ ဂမ္ဘီရသူတော်စင်နှင့် ခပ်ဆင်ဆင်ဖြစ်သည်။ သူသည် ဂမ္ဘီရဉာဏ်ရှိသော် လည်း သူ၏ဂမ္ဘီရဉာဏ်မှာ ရင်လင်းနှင့် လက်ထောက်လေးတို့လောက် အား မကောင်းလှပေ။
ဟုန်ယွမ်သည် ခေါင်းကိုအသာယမ်းလေသည် “အရင် ဂမ္ဘီရဉာဏ်နဲ့ကြည့် တုန်းက နှင်းခဲစန္ဒာမြို့က အရေးကြီးပြီးတော့ ကျုပ်တို့အောင်နိုင်မှုအတွက် အလှည့်အပြောင်းဖြစ်လိမ့်မယ်လို့ မြင်ခဲ့တယ်.. အဲဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ထိန်းချုပ်နိုင်ရမယ်လို့ပြောတာ.. ဒါပေမဲ့ အခုထပ်ပြီးကြည့်လိုက်တော့ ဘာမှ ထွက်မလာဘူး.. အဲဒီမှာပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတစ်ခုခုတော့ရှိရမယ်”
“ပုံမှန်မဟုတ်ဘူးဟုတ်လား အဲဒါကကျွန်တော်တို့အတွက် ကောင်းတာ လားမကောင်းတာလား” ဘာလျန်ချီသည် အထိတ်တလန့်မေးလေသည်။
“ဆဌဂံကိုကြည့်ရတာတော့ မဆိုးဘူးရယ်.. ဒါပေမဲ့ အဲဒီပုံမှန်မဟုတ်တာ က ဘာလဲဆိုတာကို အာရုံခံမရတော့ တန်ပြန်ဖို့အတွက် ဘာမှမလုပ်နိုင်ဘူး” ဟုန်ယွမ်သည် ခြောက်ကပ်စွာပြောလေသည်။
“ငါတို့တွေ လူလွှတ်ပြီးကြည့်ခိုင်းသင့်တယ်”
“ကျုပ်သွားမယ်” ဟုန်ယွမ် ပြောလေသည်။ သူသည် ဝူလင်းယူ၏ ခွင့်မပြု သည့်မျက်လုံးများကိုမြင်သောအခါ သူ၏အေးစက်နေသောမျက်လုံးများသည် နူးညံ့သွားကာ ပြောလိုက်သည် “မိုလော့က သန်းချီနေတဲ့တပ်စုကိုပို့လိုက်တယ် စစ်သူကြီးစွေ့ကလည်း လူတွေခေါ်လာပြီ.. အရှင် ဒီအချိန်မှာ ဦးဆောင်ဖို့ အရှင် ကဒီမှာပဲနေရမယ်.. ခေါင်းဆောင်တွေကလည်း ဦးဆောင်နေတဲ့လူတွေရှိတယ် ဆိုတော့ သွားလို့မရဘူး.. ဒီတစ်ခါ ကျုပ်သွားလိုက်တာ အကောင်းဆုံးပဲ”
သူ့လက်အောက်တွင် လက်အောက်ငယ်သားမရှိသဖြင့် အသင့်တော်ဆုံး ရွေးချယ်မှုပင်ဖြစ်သည်။
“ဒါပေမဲ့ ခင်ဗျားသွားဖို့ အန္တရာယ်မများလွန်းဘူးလား” ဟွာကျင်းသည် စိုးရိမ်တကြီးမေးလေသည်။ ဟုန်ယွမ်သည် မိုလော့၏ တပည့်ဖြစ်ခဲ့ဖူးသည်။ သူသာ ယခုအချိန် သူတို့စခန်းသိုသွားလိုက်လျှင် မိုလော့၏လူများသည် သူ့ကို သစ္စာ ဖောက်တစ်ယောက်ကဲ့သို့ ဆက်ဆံမည်ဖြစ်သည်။ သူထိုနေရာသို့ သွားသည်ကို သိသွားကြလျှင် သေတွင်းပို့လိုက်သကဲ့သို့မဖြစ်ပေဘူးလား။
“ကျုပ်ဘာသာကျုပ် ဟောကိန်းကြည့်ပြီးပြီ ဘာအန္တရာယ်မှမရှိဘူး.. မင်းတို့ စိတ်ပူဖို့မလိုပါဘူး” သူတို့သည် ဟုန်ယွမ်၏စကားများကိုကြားသည်နှင့် ဝင်နှောက်မည့်စကားများကို မျိုချလိုက်ကြတော့သည်။
“ဒါပေမဲ့ တစ်ယောက်တည်းသွားတာ အန္တရာယ်များသေးတယ်.. ဟွာကျင်း မင်းနဲ့အတူ လူတချို့ပါလိုက်သွားလိုက်” ဝူလင်းယူ ညွှန်ကြားလေ သည်။
“ဟုတ်ကဲ့” ဟွာကျင်းသည် နေခဲ့ပြီးတိုက်ခိုက်ချင်သော်လည်း ဘုန်းတော် ကြီးသည် ဝူလင်းယူအတွက် အရေးကြီးသဖြင့် မည်သို့ပင်ဖြစ်စေကာမူ ဟုန်ယွမ်၏ လုံခြုံရေးကို ကာကွယ်ရမည်ဖြစ်သည်။
ဟုန်ယွမ်သည် မငြင်းဆန်ပေ။ သူပြောသည်မှာ အမှန်ဖြစ်သည်။ သူဖတ် ထားသည့် ဟောကိန်းမှာ အလွန်ပင်ကြမ်းတမ်းသည်။ သို့သော် နောက်ဆုံးတွင် ရလဒ်မှာကောင်းသည်။ ထို့ကြောင့် လူတချို့ခေါ်သွားလျှင် ပိုကောင်းသည်။ ထို့ကြောင့် သူသည် အမိန့်လက်ခံပြီးနောက် ဟွာကျင်းနှင့်အတူ နှင်းခဲစန္ဒာမြို့ သို့ ထွက်ခဲ့လိုက်တော့သည်။
***