← Chapters

အဆီတုံးကြီးတစ်ခု

Vol. 159 Ch. 2222

အဆီတုံးကြီးတစ်ခု

Vol. 159 Ch. 2222

ရှီမာယူယူသည် နှင်းခဲစန္ဒာမြို့သို့ တိုက်ရိုက်မသွားပေ။ ထိုနေရာမှ အခြေ အနေသည် ကောင်းလှသည်မဟုတ်ပေ။ ထို့ကြောင့် ဦးတည်ရာမဲ့သွားနေလျှင် လည်း ကောင်းသည့်အရာမဟုတ်ပေ။ သူတို့သည် နှင်းခဲစန္ဒာမြို့အနီးမှ မထင် မရှားမြို့တစ်မြို့သို့သွားလိုက်ကြသည်။ ထိုနေရာသည် နှင်းခဲစန္ဒာမြို့နှင့်အလွန် နီးကပ်သည်။ သို့သော် နီးလွန်းသောကြောင့်ပင် နှင်းခဲစန္ဒာမြို့၏ အရင်းအမြစ် များကို မရသဖြင့် မဖွံ့ဖြိုးလှပေ။ သို့သော် ထိုသို့ဆိုလျှင်တောင် သူတို့အရင်က မြင်ဖူးသည့် နေရာတချို့ထက်တော့ သာသေးသည်။

“အဲဒါကြောင့် နှစ်ဖက်လုံးက ဒီနေရာအတွက် တိုက်ခိုက်နေကြတာကိုး.. ခြေချလိုက်တာနဲ့ ကွာခြားမှုကိုခံစားလို့ရတယ်” ရှီမာယူယူသည် ခံစားချက်ပါပါ ပြောလေသည်။

နှင်းခဲစန္ဒာတောင်ရိုးတွင် စိမ်းလဲ့သောတောင်များနှင့် ကြည်လင်သောရေ ရှိကာ ပုလ္လင်ငယ်ပေါ်တွင် ထိုင်ရင်းနှင့်ပင် များစွာသောသတ္တုကြောများကို မြင် ခဲ့ရသည်။ အရင်းအမြစ်မရှိသည့် နတ်ဆိုးလောကအတွက်ကတော့ ထိုနေရာ သည် အဆီတဝင်းဝင်းဖြစ်နေသည်။

“သတင်းစုံစမ်းဖို့ မြို့ထဲကိုဝင်ရအောင်” သူတို့ရောက်နေသည့်နေရာသည် မြို့နှင့် အနည်းငယ်အလှမ်းဝေးနေသေးသည်။ ထို့ကြောင့် တိတ်တိတ်ဆိတ် ဆိတ် ဖြတ်သွားရမည်။

သို့သော် မြို့ထဲသို့မဝင်ခင် မြို့အပြင်တွင် အသိအကျွမ်းအဟောင်းများနှင့် တွေ့ကြလေသည်။ အသိအကျွမ်းအဟောင်းကို အလွန်ပင် စိမ်းသက်သက် ကြည့်လိုက်လေသည်။

ဘာကျားဇီသည် ဤတစ်ကြိမ်တွင် သူမ၏ကံကြမ္မာမှာ ကြေကွဲဖွယ် ကောင်းပြီး အဖမ်းခံရလိမ့်မည်ဟု ထင်ထားသည်။ ထိုတင်သာမကဘဲ သူမ သည် ဟွာရှုံအတွက် ဝန်ထုပ်ဝတ်ပိုးဖြစ်စေကာ အရှင်၏ကိစ္စများအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ မိုလာ့သည် တပ်စုကြီးကို ပို့လွှတ်လိုက်ရာ သူမ သည် မျိုးနွယ်နှင့်အရှင်တို့အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ်မခံနိုင်ပေ။ ဤအချိန် တွင် သူမသာ အဖမ်းခံလိုက်ရပါက သူမကိုယ်တိုင်သတ်သေလိုက်သည်က ပို ကောင်းလိမ့်မည်။ သူမသည် နောက်မှလိုက်လာသော လူများသည် ဝိုင်းလိုက် ကြသည်ကို မြင်လိုက်ရသည်။ ထိုလူများသည် အညှာတာမဲ့ကြသည်။ သူတို့၏ အင်အားမှာလည်း သူမထက်ပင် အားကောင်းကြသဖြင့် သူမ စိတ်ဓာတ်ကျမိ သည်။ ယနေ့အတွက် နည်းလမ်းမှာတစ်ခုသာရှိတော့သည် “ငါတို့ရောက်တာနဲ့ အစားအသောက်တွေ့ရမယ်လို့ ထင်မထားဘူး.. အဲလိုဆိုမှတော့ ပန်းလေး မင်း ယဉ်ကျေးနေဖို့မလိုတော့ဘူး”

ပြတ်သားသောအသံသည် ကျောက်စိမ်းနက်၏ မျက်လုံးထဲမှ မျှော်လင့် ချက်များကို လင်းလက်သွားစေသည်။ သူမ ခေါင်းလှည့်ကြည့်ရာ အသားစား ပန်းဘုရင်ကိုမြင်လိုက်သဖြင့် ပြုံးပြလိုက်သည်။

“ယူယူ တကယ်ပဲ မင်းပဲ” ကျောက်စိမ်းနက်၏ မျက်လုံးများလက်သွား သည်။ ယနေ့တွင် သူမ ဇာတ်သိမ်းပြီဟုထင်ထားပြီး အသက်ရှင်ရန် လမ်းစ ဖော်ပေးမည့်လူပေါ်လာလိမ့်မည်ဟု ထင်မထားပေ။

ပန်းပွင့်ဖတ်များသည် သူမဘေးသို့ပျံလာကာ သူမခုန်တက်လိုက်သည်နှင့် ပွင့်ဖတ်သည် သူမကို ရှီမာယူယူဘေးသို့ ပို့ပေးလေသည်။

သူမနောက်သို့ လိုက်ကြသူများကိုတော့ အသားစားပန်းဘုရင်နှင့် အိပ်မက်လေးတို့ရှိသောကြောင့် စိတ်ပူရန်ပင်မလိုတော့ပေ‌ “ယူယူ ဒီကို ဘာလို့လာတာလဲ” ကျောက်စိမ်းနက်သည် သူမမျက်လုံးကိုပင် သူမမယုံနိုင် တော့ပေ။ ရှီမာယူယူသည် နတ်ဆိုးလောကသို့ရောက်လာခဲ့သည်။

သူမ အရမ်းအလုပ်များနေတယ်လို့ သူတို့သတင်းရထားတာမဟုတ်ဘူး လား။ လူသားလောကက ကိစ္စတွေကို ဖြေရှင်းပြီးသွားတာလား။ ဒီကိုရောက်မှ တော့ ဘာလို့အရှင့်ကိုသွားမရှာတာလဲ။

ရှီမာယူယူသည် သူမ၏ တောက်ပသောမျက်လုံးများကို မြင်သောအခါ ပြုံးပြီး ပြောလိုက်သည် “ငါအခုပဲ နတ်ဆိုးလောကကိုရောက်တာ.. ရှင်းစရာ ကိစ္စလေးတွေရှိလို့ ဒီကိုအရင်လာလိုက်တာရယ်”

“မင်း ဒီကိုရောက်လာလို့ ကံကောင်းသွားတာ မဟုတ်ရင်တော့ ငါ ဒီနေရာ ကိုပေးလိုက်ရတော့မှာ” ကျောက်စိမ်းနက်သည် ပျော်ရွှင်စွာပြောလေသည်။

“မင်းက ဘာလို့ဒီကိုရောက်နေတာလဲ” ရှီမာယူယူ မေးလိုက်သည်။

ထိုစကားကိုကြားသောအခါ ကျောက်စိမ်းနက်၏ အပြုံးမှာ မှေးမှိန်သွား တော့သည်။

“ဟွာရှုံနဲ့ငါက သတင်းလာစုံစမ်းတာ.. နှင်းခဲစန္ဒာမြို့ကိုမရောက်ခင်မှာပဲ လူမိသွားမယ်လို့ ဘယ်သူသိထားမျာလဲ” ကျောက်စိမ်းနက်ပြောလေသည် “ဟွာရှုံဘယ်လိုဖြစ်သွားလဲမသိဘူး.. ငါတို့ လူခွဲပြီးပြေးလာကြတာ”

ဟွာရှုံထွက်ပြေးသွားသည့်ဘက်ကို ရှီမာယူယူမေးလိုက်သည်။ ဤနေရာ မှ လူများအားလုံးကို ပန်းလေးစားပြီးသွားသည်ကိုမြင်သည်နှင့် မီအာကို ခေါ် ထုတ်ကာ ပန်းလေးနှင့်အိပ်မက်လေးတို့နှင့်အတူ ဟွာရှုံအား သွားရှာရန် အမိန့် ပေးလိုက်သည်။

“လက်ရှိအခြေအနေကို ပြောပါဦး..”

မီအာ၊ ပန်းလေးနှင့် အိပ်မက်လေးတို့ ဟွာရှုံကိုပြန်ခေါ်လာချိန်တွင် ဘာကျားဇီသည် လက်ရှိအခြေအနေကို ပြောပြပြီးနှင့်ပြီဖြစ်သည်။ သူမ မြို့စား ၏ မှတ်ဉာဏ်ထဲမှ တွေ့ခဲ့သည်များနှင့် ခပ်ဆင်ဆင်ပေ။ သို့သော် သူမ၏ သတင်းမှာ ပိုရှင်းလင်းသည်။

ဟွာရှုံသည် ဒဏ်ရာများစွာရထားသည်။ သို့သော် အဆိုးကြီးမဟုတ်လှ ပေ။ သူသည် အိပ်မက်လေးနှင့် ပန်းလေးတို့ကိုမြင်သောအခါ အံ့ဩသွားသည်။ သို့သော် သူမ ဤနေရာသို့ရောက်နေသည်ဟု သိလိုက်သည်နှင့် မျှော်လင့်ချက် ဖြစ်သွားသည်။

“ယူယူ နတ်ဆိုးလောကကိုရောက်လာပြီဆိုတော့ အရှင့်ကိုတွေ့ပြီးပြီ လား” ဟွာရှုံမေးလိုက်သည်။

“ဟင့်အင်း ငါဒီမှာရောက်နေတာ သူမသိသေးဘူး” ရှီမာယူယူ ပြောလိုက် သည် “အရင်ကဆို သူက လက်ဆောင်တွေယူပြီး ငါ့ကိုလာတွေ့နေကျလေ.. ဒီတစ်ခေါက် ငါသူ့ကိုလာတွေ့တာဆိုတော့ သူနဲ့တွေ့ဖို့ လက်ဆောင်ယူသွားရ မှာပေါ့”

ဟွာရှုံသည် သူမ၏စကားများကို ကြားသည်နှင့် ဤနေရာသို့ သာမန်ကာ လျှံကာ လာခြင်းမဟုတ်သည်ကို သိလိုက်သည်။ သူ၏မျက်လုံးများအရောင် လက်သွားကာ ပြောလိုက်သည် “နှင်းခဲစန္ဒာမြို့ကိုလိုချင်လို့လား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒီနေရာအတွက် အကြာကြီး ခေါင်းကိုက်နေရတယ်လို့ ဘာကျားဇီပြောတယ်.. ငါလည်းအတပ်ကြီးတော့ မပြောနိုင်ဘူး.. ဒါပေမဲ့ ဝင်ကူပေးဖို့တော့ ဖြစ်နိုင်သေးတယ်”

“ဒီမှာမင်းရှိရင် အောင်မြင်မှာပါ”

“ဟုတ်တယ် ဒီမှာမင်းရှိရင် ငါတို့အောင်မြင်မှာပဲ.. ပြန်သွားတဲ့အချိန် အပြစ်ပေးခံရမှာကိုမကြောက်တော့ဘူး”

ဟွာရှုံနှင့် ဘာကျားဇီတို့သည် သူမကိုယုံကြည်မှုအပြည့်ရှိနေသည်။ သူမ သာလုပ်ချင်ပါက မလုပ်နိုင်သည့်အရာမရှိဟု သူတို့ခံစားရသည်။

ရှီမာယူယူသည် သူမအပေါ် သူတို့ဤမျှယုံကြည်ထားကြလိမ့်မည်ဟု ထင်မထားပေ။ သူမ ပြုံးပြီးပြောလိုက်သည် “မင်းတို့နှစ်ယောက်က ဒီနေရာကို ခိုးထွက်လာကြတာလား”

သူတို့ခိုးထွက်လာတာမဟုတ်ရင် သူတို့ဘေးမှာ စွမ်းအားကြီးတဲ့ ကိုယ်ရံ တော်တွေ ဘာလို့တစ်ယောက်မှမရှိတာလဲ။ သူတို့၏ သရုပ်မှန်သည် သာမန် တော့မဟုတ်ပေ။

ဟွာရှုံနှင့် ဘာကျားဇီတို့၏မျက်နှာများသည် ရှက်သွားကြသည်။

“ယူယူ မင်းက နတ်ဆိုးလောကကို ရောက်ပြီဆိုတာကို အရှင့်ကိုမပြောခဲ့ ဘူး.. ပြီးတော့ သူ့ကိုကူပြီး နှင်းခဲစန္ဒာမြို့ကိုယူပေးချင်တယ်ဆိုတော့ ဒါတွေ အကုန်လုံးက သူ့ကိုအံ့ဩအောင်လုပ်မလို့မလား.. ငါတို့ မင်းသတင်းကို ဖုံးထား ပေးပါမယ် အဲအချိန်ကျရင် ငါတို့အတွက် စကားကောင်းကောင်းပြောပေး” ဘာကျားဇီသည် ပြုံးပြီးပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ဆိုရင်တော့ ကိစ္စမရှိပါဘူး.. မင်းရဲ့မျိုးနွယ်ဝင်တွေက မင်းကိုအပြစ်မတင်ဖို့ပဲလိုတယ်” ရှီမာယူယူသည်သူတို့ အခက်တွေ့အောင် မလုပ်ချင်ပေ။ သူငယ်ချင်းများကို ကူညီပြီးဖြေရှင်းပေးရသည်မှာ ကိစ္စမရှိလှ ပေ။

“ကျေးဇူးတင်ပါတယ် ယူယူက အကောင်းဆုံးပဲဆိုတာသိတယ်” ဘာကျားဇီသည် သူမ၏လက်ကိုကိုင်လေသည် “ငါတို့တွေ နှင်းခဲစန္ဒာမြို့ကို ဘယ်တော့သွားကြမှာလဲ”

သူတို့နှစ်ယောက်နှင့်ဆိုလျှင် ရှီမာယူယူသည် သတင်းစုံစမ်းရန် မြို့အတွင်းသို့ဝင်ရန်မလိုတော့သဖြင့် နှင်းခဲစန္ဒာမြို့သို့တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဟွာရှုံ၏ဒဏ်ရာများသည် အနည်းငယ်ပြင်းထန် သဖြင့် သားရဲပျံတစ်ကောင်ခေါ်သွားကြသည်။ ထိုမှသာ သူ လမ်းတွင် နလန်ထူ နိုင်မည်ဖြစ်သည်။

ယခုအချိန်တွင် နှင်းခဲစန္ဒာမြို့သည် နိုးနိုးကြားကြားရှိနေသည်။ သို့သော် ပိတ်ပစ်လိုက်သည့်အဆင့်တော့ မရောက်သေးပေ။ နတ်ဆိုးကောင်းကင် ဝံပုလွေမျိုးနွယ်ခေါင်းဆောင်သည် ခေါင်းမာသဖြင့် သူ့ကိုမည်သူမှ ဖယ်ရှားမရ နိုင်ဟု ခံစားကြခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ရှီမာယူယူနှင့် တခြားသူများသည် မြို့အပြင်တွင် ရုပ်ပြောင်းရုပ်လွှဲလုပ် ကြသည်။ ကျောက်စိမ်းနက်သည် ဆံပင်ကိုဆေးဆိုးလိုက်ပြီး ဟွာရှုံအတွက် ပို၍ ပင်လွယ်ကူနေသည်။ သူသည် အမြဲတစေလူသားပုံစံနေခဲ့သည်။ ယခုအချိန် တွင် သူဆံပင်ရှည်အဖြစ်ပြောင်းပြီး ရှီမာယူယူပေးသည့်ဆေးစားကာ သူ၏ အငွေ့အသက်ကိုပြောင်းလိုက်ရာ မည်သူမှသူ့ကိုမမှတ်မိနိုင်တော့ပေ။

သူမကတော့ မီအာနှင့် ပေါင်းစပ်လိုက်ပြီး ဟွာရှုံနှင့်ဆင်တူသည့် အသွင် အပြင်အဖြစ် ပြောင်းလိုက်သည်။ ပန်းလေးတို့ကိုတော့ ဝိညာဉ်စေတီအတွင်း ယာယီထည့်ထားလိုက်သည်။

သူတို့သုံးယောက် မြို့အတွင်းသို့ဝင်သောအခါ သဘာဝကျကျပင် အစောင့်များသည် သူတို့ကိုမေးခွန်းမေးလေသည်။ ရှီမာယူယူသည် ဘာမှပြော ရန်ပင်မလိုပေ။ သူမသည် ဟွာရှုံနောက်မှလိုက်ပြီး သူ၏လက်အောက်ငယ်သား ကဲ့သို့ဟန်ဆောင်လိုက်သည်။

ဟွာရှုံသည် သူ၏အစ်ကိုဟွာကျင်းလောက် မစွမ်းဆောင်နိုင်သော်လည်း ပြီးခဲ့သည့်နှစ်များတွင် ခရီးသွားလာထားသဖြင့် အစောင့်များကို မည်သို့ဖြေရှင်း ရမည်ကို သိထားပြီးဖြစ်သည်။ အချိန်အနည်းငယ် သုံးလိုက်ရသော်လည်း သူတို့ သုံးယောက်သည် မြို့အတွင်းသို့ ဘေးကင်းကင်းဝင်နိုင်ကြလေသည်။ သူတို့နှစ် ယောက်သည် ရှီမာယူယူမရှိလျှင် မြို့အတွင်းသို့ ဝင်ရဲကြမည်မဟုတ်ပေ။ နှစ် ယောက်လုံးသည် ပေါ်သွားသည်နှင့် အဖမ်းခံရမည်ဖြစ်သည်။ ဘာကျားဇီသည် ကျောက်စိမ်းနက်မျိုးနွယ်၏ မင်းသမီးဖြစ်သည်။ သူမသာ အဖမ်းခံလိုက်ရပါက ဘာလျန်ချီကို ခြိမ်းခြောက်စရာဖြစ်သွားမည်။ ထိုအရာသည် သူတို့အတွက် အသေးအဖွဲ့ကိစ္ဏမဟုတ်ပေ။ အဆုံးတွင် ဘာမှဖြစ်မသွားလျှင်တောင် အရှိန်အဟုန်ကိုတော့ ထိခိုက်သွားစေလိမ့်မည်။

ရှီမာယူယူရှိသဖြင့် သူတို့နှစ်ယောက်သည် ဘာကိုမှမကြောက်တော့ပေ။

***

All Chapters