← Chapters

အစောင့်အကြပ်တင်းကြပ်ခြင်း

Vol. 159 Ch. 2223

အစောင့်အကြပ်တင်းကြပ်ခြင်း

Vol. 159 Ch. 2223

သူတို့သုံးယောက်သည် မြို့ထဲသို့ဝင်ခဲ့ကြသည်။ တခြားသူများ၏ အာရုံ စိုက်ခြင်းကိုမခံရစေရန် သာမန်လူများကဲ့သို့ ရှုပ်ယှက်ခတ်နေသည့် လမ်းပေါ် သွားလာကာ ဆေးပင်တချို့ဝယ်ပြီးနောက် တည်းခိုရန်အတွက် တည်းခိုဆောင် သို့သွားလိုက်ကြသည်။

အခန်းအပြင်သို့ရောက်သည်နှင့် ရှီမာယူယူသည် သူတို့၏အသံများကို အပြင်မှမကြားရစေရန် ဝိညာဉ်အတားအဆီးတစ်ခုပြုလုပ်လိုက်သည်။

“ဒီမှာတကယ်ပဲ အစောင့်ကြပ်လိုက်တာ.. မြို့မှာ တပ်သားတွေ ဒီလိုမျိုး ကင်းလှည့်တာကိုမမြင်ဖူးဘူး” ရှီမာယူယူသည် လမ်းပေါ်တွင် ကင်းလှည့်နေ သည့် တပ်သားများအဖွဲ့မျိုးစုံကို တွေးကြည့်လိုက်သည်။ သူတို့၏ အင်အားမှာ လည်း မနိမ့်လှပေ။ တစ်မြို့လုံးကို လှည်းကျင်းနိုင်သည့် အံ့ဖွယ်အဆင့်မှာ လည်းပါကြသည်။ ဤအရာမှာ ခွဲပစ်ရန် ခက်ခဲသည့်အခြေအနေတစ်ခုဆိုသည် ကိုသူမသိသည်။

“အဲဒါတင်မဟုတ်သေးဘူး ဒီကအစောင့်တွေက ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ.. ခုနက လူတွေအများကြီး သူတို့ကိုတိုက်ခိုက်တုန်းက သူတို့ရဲ့ ကာကွယ်ရေးအစီအရင်က လုံးဝတောင်မလှုပ်ဘူး” ကျောက်စိမ်းနက်ပြောလေ သည် “ဒါဘာလို့လဲဆိုတော့ ဒီကာကွယ်ရေးအစီအရင်က ငါတို့စွမ်းအားကို အချိန်မရွေး လျော့ကျသွားစေနိုင်တယ်”

ကာကွယ်ရေးအစီအရင်သည် ဝူလင်းယူ၏လူများကို အပြင်ဘက်တွင် ဟန့်ထားနိုင်သည်။ သူတို့ကိုမနိုင်လျှင်တောင် တပ်ကူများရောက်သည်အထိ တောင့်ခံနိုင်ဆဲဖြစ်သည်။

“ကာကွယ်ရေးအစီအရင်…” ရှီမာယူယူသည် ခပ်သဲ့သဲ့ပြုံးလိုက်သည် “ငါတို့ ဒါနဲ့စလို့ရနိုင်တာပဲ”

“မင်းက သူတို့ကာကွယ်ရေးအစီအရင်ကို ဖျက်မလို့လား.. ဒါကပြောရ တာသာလွယ်တာနော်” ဟွာရှုံတို့သည် ကာကွယ်ရေးအစီအရင်ကို အရင်ကမြင် ဖူးသည်။ သူတို့တွေလည်း ကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးဖူးသည်။ သို့သော် အရာမထင်ခဲ့ပေ။ ထိုအစီအရင်ကိုချိုးဖျက်ရန် သူတို့အတွက် အမှန် တကယ်ပင်မလွယ်ကူခဲ့ပေ “တကယ် မင်းတို့နှစ်ယောက်တည်း ဒီကိုလာတာ လား.. မင်းတို့လူတွေမရှိဘူးလား.. မင်းတို့အဆက်အသွယ်ရှိတဲ့လူ မရှိဘူးလား” ရှီမာယူယူ မေးလိုက်သည်။

ဟွာရှုံနှင့် ကျောက်စိမ်းနက်တို့သည် သူမ၏ စကားများကိုကြားသောအခါ တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး ခေါင်းညိတ်ကြလေသည်။

“ငါတို့က လူတွေကိုချန်ထားခဲ့ကြတာ.. ဒါပေမဲ့ သူတို့ကလည်း အရမ်းကြီး အားမကောင်းပါဘူး” ဟွာရှုံပြောလေသည်။

“ငါရောပဲ” ကျောက်စိမ်းနက် ပြောလေသည်။ “ဒါပေမဲ့ အရှင့်လူတချို့က နောက်မဆုတ်ကြသေးဘူး.. သူတို့ အင်အားကလက်ခံနိုင်စရာတော့ရှိပါတယ်”

“လက်ခံနိုင်လောက်တယ်ဟုတ်လား” ရှီမာယူယူသည် နှာခေါင်းကို ထိ လိုက်သည် “သူတို့က မင်းစကားကိုနားထောင်ကြလား” ကျောက်စိမ်းနက်နှင့် ဟွာရှုံတို့သည် ခေါင်းခါကြလေသည်။ ထိုလူများသည် သူတို့၏လက်အောက် ငယ်သားမဟုတ်သောကြောင့် သူတို့စကားကိုနားထောင်ကြမည်မဟုတ်ပေ။

“ယူယူ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ” ကာကွယ်ရေးအစီအရင်သည် လူ တချို့တိုက်ခိုက်သည်လောက်နှင့် မကျိုးနိုင်ရာ ဘာအသုံးဝင်တော့မည်နည်း။ ထို့ကြောင့် သူတို့သည် ဤအကြံကို စိတ်ထဲတွင်မထည့်တော့ပေ။

“ကာကွယ်ရေးအစီအရင်ကိုတော့ မဖျက်ဆီးချင်ဘူး.. ကာကွယ်ရေး အစီ အရင်က ဘယ်လိုပုံစံရှိလဲဆိုတာ အရင်ကြည့်ချင်တယ်”

“ကာကွယ်ရေးအစီအရင်က အရင်စချင်တာလား.. အစီအရင်အကြောင်း တွေ သိတယ်ပေါ့” ဟွာရှုံမေးလိုက်သည်။

“ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်တာနဲ့ သူ့ဖွဲ့စည်းပုံကို လေ့လာလို့ရတယ်” ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိပြောလေသည်။

သူမသည် အစီအရင်များကို အမြဲတစေ‌အောင်နိုင်ခဲ့သည်။ တစ္ဆေလောက ရှိ လျှို့ဝှက်ဂိုဏ်းအတွင်လည်း များစွာလေ့လာခဲ့သည်။ သူမသည် ရှေးဟောင်း အစီအရင်များကိုပါ လေ့လာခဲ့သဖြင့် ဤအပိုင်းတွင်တော့ ယုံကြည်မှုရှိသည်။

သို့သော် နတ်ဆိုးကောင်းကင်ဝံပုလွေမျိုးနွယ်မှ အဘိုးကြီးသည် ကာကွယ်ရေးအစီအရင်ကို သာမန်လူတွေအတွက် ထားခဲ့မည်မဟုတ်ပေ။ သူမ ၏လက်ထဲတွင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်တချို့ရှိနေရာ သူတို့ထွက်လာသည် နှင့် သူမ ပေါ်ပေါက်သွားနိုင်သည်။ ထိုအခါတွင် သူမရောက်နေသည့်သတင်းကို ဝူလင်းယူရသွားနိုင်သည်။ သူသာ တာဝန်များကိုထားခဲ့ပြီး သူမဆီသို့လာပါက သူ၏အစီအစဉ်များကို အနှောင့်အယှက်ဖြစ်စေပြီး သူ့ကိုဒုက္ခပေးသလိုဖြစ်သွား နိုင်သည်။

ကျောက်စိမ်းနက်နှင့်ဟွာရှုံတို့သည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက် သည် “သူတို့ကို ကာကွယ်ရေးအစီအရင် အစပျိုးစေချင်ရင် လွယ်မှာမဟုတ် လောက်ဘူး.. အဲလူတွေနဲ့ ဆက်သွယ်လိုက်ရင်တောင် သူတို့အင်အားနဲ့ဆိုရင် ကာကွယ်ရေးအစီအရင်ကို အစပျိုးဖို့မလိုဘူး”

“တခြားနည်းလမ်းစဉ်းစားရအောင်” တခြားနည်းလမ်းဆိုလျှင် သူမသည် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို ထုတ်ရုံသာရှိသည်။

“ယူယူ ငါ့မှာအစီအစဉ်ရှိတယ်” အိပ်မက်လေးသည် ဝိညာစေတီထဲမှ ပြောလေသည်။

ရှီမာယူယူသည် သူမကိုခေါ်ထုတ်ပြီး ပြောလိုက်သည် “ဘာလဲ”

“ငါ လူတစ်စုလောက်ကို ထိန်းချုပ်ပြီး နှင်းခဲစန္ဒာမြို့ကိုတိုက်ခိုက်အောင် လုပ်လို့ရတယ်” အိပ်မက်လေးပြောလိုက်သည် “ငါ့ရဲ့လက်ရှိအားနဲ့ဆိုရင် အင်အားကြီးလူတချို့လောက်ကို ထိန်းချုပ်တာက ပြဿနာမရှိဘူး.. သူတို့သာ အပြင်ကလူတွေနဲ့ပူးပေါင်းလိုက်ရင် တပ်စုကြီးချည်းကပ်လာပြီလို့ ထင်သွားပြီး ကာကွယ်ရေးအစီအရင်ကို အစပျိုးလိမ့်မယ်”

ရှီမာယူယူသည် ကျောက်စိမ်းနက်နှင့် ဟွာရှုံကိုကြည့်လိုက်သည်။ ဤ အစီအစဉ်၏အနှစ်သာရမှာ သူတို့လူများ၏ အကူအညီလိုနေခြင်းပင်ဖြစ်သည်။ “အင်း.. ငါတို့နည်းလမ်းစဉ်းစားလိုက်ပါမယ်” ဟွာရှုံသည် အံကြိတ်လိုက်သည်။ သူတို့သာ ကာကွယ်ရေးအစီအရင်ကို ချိုးဖျက်နိုင်လျှင် ဤနေရာကို ယူရန်ကိစ္စ တွင် စိတ်ပူရန်မလိုတော့ပေ။

ထို့ကြောင့် သူတို့ပြန်ရောက်သည့်အချိန် အပြစ်ပေးခံရလျှင်တောင် ကြိုးစားကြည့်ရန် နည်းလမ်းရှာနိုင်မည်ဖြစ်သည်။

“ဒါဆို မင်းတို့ကိုပဲ အပ်ထားလိုက်တော့မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီကထွက်ပြီးမြို့ကိုဝင်တဲ့အချိန် သတိထားပါ”

“ဟီးဟီး တကယ်တော့ ထွက်သွားဖို့တောင်မလိုဘူး.. အထဲကို လူခေါ်လာတယ်.. သူတို့ကို ဆက်သွယ်ဖို့အစီအစဉ်မရှိရုံတင်ရယ်” ဟွာရှုံပြော လေသည် “အခုသွားကြတာပေါ့”

ဟွာရှုံနှင့် ကျောက်စိမ်းနက်တို့ ထွက်သွားကြရာ ရှီမာယူယူသည် တည်းခို ဆောင်တွင် စောင့်နေခဲ့လေသည်။ အသုံးဝင်မည့်သတင်းများရလိုရငြားဖြင့် သူမသည် နီရဲပျားတချို့ကိုလွှတ်လိုက်သည်။

မကြာမီတွင် ဟွာရှုံနှင့် ကျောက်စိမ်းနက်တို့ ပြန်လာကြသည်။ သူတို့သည် ခေါင်းငိုက်စိုက်ချလာကာ သူတို့အနောက်တွင် နောက်တစ်ယောက်ပါလာ၏။

“ယူယူ ဒါကစစ်သူကြီးကျီတဲ့ သူက နှင်းခဲစန္ဒာမြို့ကိစ္စတွေကို တာဝန်ယူ ထားတယ်.. အဲလူတွေက သူ့အမိန့်ကိုနာခံကြလိမ့်မယ်” ဟွာရှုံပြောလေသည်။

ရှီမာယူယူသည် သူတို့၏မျက်နှာထားကိုမြင်လိုက်သည်နှင့် သူတို့သည် ထိုလူကို မဖျောင်းဖျနိုင်ခဲ့သည်ကို သိလိုက်ရသည်။

“ကျုပ်နာမည်ကကျီဇဲ့ပါ.. မိန်းကလေးက ဘယ်သူလဲလို့မေးလို့ရမလား” စစ်သူကြီးကျီသည် ဝင်လာကတည်းကပင် ရှီမာယူယူကို အကဲခတ်ပြီးဖြစ်လေ သည်။ သူမသည် ဟွာရှုံနှင့်တူသော်လည်း ဟွာရှုံကို အမိန့်ပေးနိုင်သည့် လူဖြစ် လိမ့်မည်ဟုထင်မထားပေ။

ဟွာရှုံနှင့် ကျောက်စိမ်းနက်တို့သည် သူမ၏သရုပ်မှန်ကို မဖော်ထုတ်ခဲ့ သည်ကို ရှီမာယူယူ သိလိုက်ရသည်။

သူမသည် ဝူလင်းယူ၏ လက်အောက်ငယ်သားဖြစ်ပါသည်ဟု ပြောချင်မိ သည်။ သို့သော် စစ်သူကြီးကျီသည် နှင်းခဲစန္ဒာမြို့တွင် အရေးကြီးကိစ္စများကို တာဝန်ယူထားသည်ဟုဆိုထားသလို ဟွာရှုံနှင့် ကျောက်စိမ်းနက်တို့ပင် ဤကဲသို့ နာခံနေရသည်ကိုပါ ထည့်ထွက်လိုက်လျှင် ဝူလင်းယူလက်အောက်ရှိ သူ့ရာထူးမှာ အတော်ပင်မြင့်နိုင်သည်။ ထို့ကြောင့် ဝူလင်းယူ၏လူ ဤနေရာသို့ ရောက်နေသည်မှာ သူ မည်သို့မသိဘဲနေမည်နည်း။

“ကျွန်မက ဘာကျားဇီရဲ့သူငယ်ချင်းပါ.. ဒီနေရာက ကာကွယ်ရေး အစီအရင်က ချိုးဖောက်ဖို့ခက်နေပြီး ရှင်တို့အတွက် ပြဿနာဖြစ်နေတယ်လို့ ပြောတယ်.. အဲဒါကြောင့် သူမကိုကူညီဖို့လိုတာပါ ကျွန်မကိုရှီယူလို့ ခေါ်လို့ရပါ တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဲအစီအစဉ်ကမဖြစ်နိုင်ပါဘူး” စစ်သူကြီးကျီသည် မစဉ်းစားဘဲနှင့် ငြင်းဆန်လိုက်သည်။ ဟွာရှုံနှင့် ဘာကျားဇီတို့နှစ်ယောက်လုံး ပူပန်သွားကြ၏။ သို့သော် သူ့ကိုကြောက်သဖြင့် နှုတ်ဆိတ်နေကြသည်။

သို့သော် ရှီမာယူယူသည် ပျာမသွားပေ။ သူမသည် သဲ့သဲ့ပြုံးလိုက်သည် “မဟုတ်ပါဘူး ဒီအစီအစဉ်ကမဖြစ်နိုင်ဘူးလို့ ရှင်မတွေးဘူး.. မဟုတ်ရင် သူတို့နဲ့ လိုက်ပြီး ကျွန်မကိုတွေ့မှာမဟုတ်ဘူး.. ဒီအစီအစဉ်ကို သူတို့ကိုပြောတဲ့သူကို ရှင်က တွေ့ချင်လို့လိုက်လာတာပဲ.. ကျွန်မက ကာကွယ်ရေးအတားအစီးကို တကယ်ပဲ ချိုးဖျက်နိုင်တာလား ဒါမှမဟုတ်ရင် ချဲ့ကားပြောနေတာလားဆိုတာ သိချင်နေတာလေ ဟုတ်တယ်မလား”

ကျီဇဲသည် သူမကိုပြန်မဖြေဘဲကြည့်လိုက်သည်။

ရှီမာယူယူသည် စိတ်ထဲမထားဘဲ ဆက်ပြောလေသည် “တကယ်တော့ ကျွန်မကို ဟိုဘက်ကပို့လိုက်တာလားဆိုတာကို ရှင်စိတ်ပူဖို့မလိုပါဘူး.. ဒီအစီ အစဉ်ရဲ့ ကြိုးကိုင်နေမယ့်အင်အားစုက ကျွန်မရဲ့မရဏာသားရဲပါ.. ရှင်တို့လူ တွေက စစ်သူတွေလိုဟန်ဆောင်ပေးရုံပဲ.. ဒီအစီအစဉ်အလုပ်ဖြစ်ရင် ရှင်တို့လူ တွေအထိအခိုက်မရှိပါဘူး”

“ဒါကသမားရိုးကျအကူအညီမဟုတ်ဘူးလေ.. ဘာလို့ ကျုပ်တို့ကို ကူညီ ပေးတာလဲ” ကျိဇဲသည် သူမကိုမယုံပေ။

“ဘာလို့လဲဆိုတော့ ဒီကိစ္စပြီးတာနဲ့ ရှင်တို့ဘုရင်နဲ့တွေ့ပေးမယ်လို့ ဘာကျားဇီက ကတိပေးထားလို့ပါ” ရှီမာယူယူသည် သူ့ကိုအကြောင်းပြချက် ပေးလိုက်သည်။

သို့သော် ကျီဇဲသည် ထိုသို့မတွေးပေ။ သူတို့ဘုရင်နဲ့တွေ့ချင်နေတဲ့ ဒီမိန်းကလေးရဲ့ ရည်ရွယ်ချက်ကဘာလဲ။ သူ့စိတ်ထဲတွင် ရှီမာယူယူသည် သူတို့ ၏ အရှင်နှင့် နီးစပ်ရန်ကြိုးစားနေသည်ဟု တွေးနေသည်။

သူသည်ခေါင်းမော့ပြီး ဘာကျားဇီကို ကြည့်လိုက်သည်။ သူမ ခေါင်းညိတ် ပြသည်ကိုမြင်သောအခါ အမှန်ဖြစ်သည်ကို ရည်ညွှန်းနေသည်။ မည်သို့ပင်ဖြစ် စေ သူမသည် သူတို့၏မိဖုရားကြီးဖြစ်သည်။ ဤကိစ္စများပြီးသွားသည်နှင့် သူတို့ ၏ ဘုရင်ကိုသွားတော့မည်မှာ အမှန်ဖြစ်သည်။

***

All Chapters